အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် ပူးတွဲကြေညာချက်
ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်
#FDC #NUCC #NUG #NUCC_NUG_Joint_Statement

Forwarded from Ayeyarwaddy Times (Nine)
ပုသိမ်မြို့က ၉ တန်းကျောင်းသူ(၄)ဦးကို NUG ကျောင်းတက်တယ်ဆိုပြီး ထောင်ဒဏ် ၅ နှစ်ချ
ဧရာဝတီတိုင်းမ်
ဧပြီလ ၁၃ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ NUG က ဖွင့်တဲ့ ကျောင်းကိုတက်ရောက်လို့ဆိုပြီး ဖမ်းဆီးခံထားရတဲ့ အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူ (၄) ဦးကို ထောင်တွင်းတရားရုံးက ဧပြီလ ဒုတိယပါတ်အတွင်းက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။
အမိန့်ချမှတ်ခံရသူတွေဟာ ပုသိမ်မြို့မှာနေထိုင်တဲ့ မလင်းလက်အောင်၊ မအေးနှင်းသူ ၊ မသော်တာမင်း နှင့် မမှူးသွဲ့စံတို့ကို ဖမ်းဆီးထားပြီး ၆ လအကြာမှာ ပုဒ်မ ၅၀ ည၊ ၅၂ က တို့နဲ့ အမိန့်ချလိုက်တာဖြစ်ပါတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
"သူတို့ ၄ ဦးလုံးအသက် ၁၈ နှစ်မပြည့်သေးတဲ့အတွက် အသက်၂၀ အထိ ရန်ကုန်တိုင်းကလူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း(ကလေးထောင်)မှာ နေဖို့အမိန့်ချလိုက်တာ၊ ထောင် ၅ နှစ်နဲ့အတူတူပဲ ကလေးတွေဆိုတော့ ခုပုသိမ်ထောင်မှာမထားတော့ဘူး"လို့ အကျဥ်းဦးစီးဌာန နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂၊ နို၀င်ဘာ ၁၁ရက်နေ့မှာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တွေက တစ်ဆင့်တယ်လီဂရမ်ကနေ ခြေရာခံပြီး စစ်ကောင်စီရဲ့ဖွင့်လှစ်တဲ့ကျောင်းကို သပိတ်မှောက်ပြီး NUG ကျောင်းကိုတက်ရောက်နေတဲ့စာရင်းကို ရရှိသွားပြီး ပုသိမ်ခရိုင်အတွင်းက ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခဲ့တဲ့ ၁၄ ဦး ထဲက မောင်သက်ကိုမင်း ၊ မောင်ကျော်မြတ်ဟိန်း ၊ မလင်းလက်အောင်၊ မအေးနှင်းသူ ၊ မ သော်တာမင်း နှင့် မမှူးသွဲ့စံ၊ တို့ကို ပုဒ်မ ၅၀ည ၊ ပုဒ်မ ၅၂က တို့ဖြင့် တရားစွဲ ကာပုသိမ်ထောင်မှာ ဖမ်းဆီးထားတာလို့ ရှေ့နေလအသိုင်းအ၀န်းကနေသိရပါတယ်။
" ကလေးတွေဆိုတော့ တယ်လီဂရမ်ဂရုလေးဖွင့်ထားပြီး နိုင်ငံရေးအကြောင်းတွေ၊ NUGကျောင်းတက်တဲ့အကြောင်းတွေပြောကြတာရှိတာပေါ့၊ ရဲက တစ်ယောက်မိသွားတော့တယ်လီဂရမ်ကနေဟန်ဆောင်ဆက်သွယ်ပြီးလိုက်ဖမ်းတာ၊ ပြန်လွှတ်ဖို့ သိန်း ၅၀ တောင်းတယ်တစ်ချို့ကိုပြန်လွှတ်ပေးတယ်၊ ၆ ဦးပဲ တရားစွဲတာ"လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ၆ ဦးအနက်ကျောင်းသူ ၄ ဦးကို အမိန့်ချမှတ်ခဲ့ပေမယ့် ငပုတောမြို့နယ်က အသက် ၁၇ နှစ်အရွယ် မောင်ကျော်မြတ်ဟိန်းနဲ့ ချောင်းသာက အသက် ၁၆ နှစ်အရွယ် မောင် သက်ကိုမင်း တို့ကိုအမိန့်မချသေးပဲ အကြမ်းဖက်ပုဒ်မ ၅၀ ည ၊ ၅၂ တွေနဲ့ရုံးထုတ်စစ်ဆေးနေဆဲလို့ ရှေ့နေအသိုင်းအ၀န်းနဲ့ နီးစပ်သူတွေထံကနေသိရပါတယ်။
#ပုသိမ်မြို့ #NUG #စာသင်ကျောင်း #အသက်မပြည့်သူ #ထောင်ချခံရ #Ayeyarwaddy_Times

လက်ခံနိုင်လောက်အောင် အားကောင်းတဲ့ စစ်ရေး အောင်ပွဲ တခုကသာ အခြေအနေတွေကို ပိုပြီး အားကောင်းလာစေမှာ ဖြစ်ပါတယ်။
မော်ရဲ့ သီအိုရီတွေနဲ့ ချိန်ထိုးကြည့်ရင်တော့ NUGဟာ ပိုမိုစနစ်ကျတဲ့ တော်လှန်ပုန်ကန်မှု အဆင့်မျိုးဆီ တက်လှမ်းဖို့ နှောင့်နှေးနေတုန်း ဖြစ်ပါတယ်။ သေချာတာက NUGအတွက် အခြေစိုက်နယ်မြေ ရရှိဖို့ ဘယ်လို အစီအမံကိုမဆို သတိကြီးကြီးနဲ့ ရေးဆွဲ အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ တချို့ကလည်း အခြေစိုက်နေရာ ခိုင်ခိုင်မာမာ ရှိသွားရင် NUGဟာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုဒဏ်ကို ပိုပြီး ခံရလိမ့်မယ်လို့ ဝေဖန် ထောက်ပြကြပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်က စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ အောက်ခြေ စစ်ပွဲတွေ အဆင့်မှာသာ အကျိုးရှိပြီး မဟာဗျူဟာ အဆင့်ထိ ပေါက်မြောက်တာမျိုး မဟုတ်တာပါပဲ။
ဒီလို ရက်စက်တဲ့ နည်းလမ်းမျိုးနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေပေမယ့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် ထိရောက် အားကောင်းတဲ့ အသာစီးရမှုမျိုး မဖော်ဆောင်နိုင်ပါဘူး။ နောက်ပြီး လေကြောင်း တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လေလေ လေတပ်ရဲ့ လေယာဉ်မှူးတွေ ခြေကုန်လက်ပန်းကျပြီး စစ်လက်နက်နဲ့ အရင်းအမြစ် ပြုန်းတီးမှုတွေ ပိုများလေလေ ဖြစ်ပါတယ်။ ခိုင်မာတဲ့ ခြေကုပ်နေရာ ရလာမှသာ လတ်တလော ကြုံနေရတဲ့ တံခါးတွေ ပိတ်သွားတော့မယ့် အချိန်လုနေရတဲ့ ပြဿနာအတွက် ကောင်းမွန်တဲ့ ဖြေရှင်းမှုဖြစ်ပြီး အချိန်တွေ ပိုဆွဲဆံ့ထားနိုင်မှာပါ။
အခုအချိန်မှာတော့ အာဏာသိမ်း စစ်အာဏာရှင်တွေနဲ့ တော်လှန်ရေး အင်အားစုတွေကြား အားပြိုင်မှုတွေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေကြပါတယ်။ ပြဿနာကတော့ အချိန်က တော်လှန်ရေး အဖွဲ့တွေဖက်မှာ ရှိမနေတာပါပဲ။ လုံခြုံတဲ့ အခြေစိုက်စခန်း ဧရိယာမျိုး ရှိလာမှသာ NUGဟာ ပိုပြီး ထိရောက်မှုရှိရှိ လှုပ်ရှားနိုင်မှာ ဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တွေနဲ့ ညှိနှိုင်းရင်း ထိုးစစ်ကို ပိုဖော်ဆောင်နိုင်မယ့် နိုင်ငံရေး မူဝါဒတွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။ အဲဒီကမှတဆင့် အာဏာရှင်ကို ဖယ်ရှားဖို့ထိ ဦးတည်သွားမယ့်၊ မော်ရဲ့ တတိယအဆင့် နည်းဗျူဟာဖြစ်တဲ့ မဟာဗျူဟာ ထိုးစစ်ဆင်မှုကို NUGနဲ့ မဟာမိတ်တွေက လက်တွေ့ အကောင်အထည်ဖော်ဖို့ ခြေလှမ်းပြင်လာနိုင်မှာ ဖြစ်ပါတယ်။
Website တွင် ကြည့်ရှုရန် >>> https://deltanewsagency.com/31114/
(ကိုရဲမျိုးဟိန်းနှင့် Lucas Myers ရေးသားပြီး Wilson Centerတွင် ဖော်ပြထားသည့် The Closing Window Problem Facing Myanmar’s Pro-Democracy Forces ဆောင်းပါးကို DNAက ခြုံငုံဘာသာပြန်သည်)
#ဆောင်းပါး #NUG #PDF
#MilitaryCoupInMyanmar
#DeltaNewsAgency

Delta News Agency
မြန်မာ့ တော်လှန်ရေး အင်အားစုတွေ ရင်ဆိုင်နေရတဲ့ အချိန်မလုံလောက်မှု ပြဿနာများ - Delta News Agency
မတ်၊ ၁၁ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ၂ နှစ် ကျော်လွန်လာတဲ့နောက် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ သေရေးရှင်ရေး အဆင့်တခုဆီ ဦးတည်လာပါတယ်။ အဓိက ဒီမိုကရေစီ အင်အားစု တခုဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ မဟာမိတ် လက်နက်ကိုင်…
PDFများတပ်စွဲထားသည့်နေရာတွင် စစ်ကောင်စီ လေကြောင်းက ခပ်နိမ့်နိမ့်မှ မပျံသန်းရဲဟု NUGပြော
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ရှိသည့်နေရာတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများကို ခပ်နိမ့်နိမ့်မှ ပျံသန်းပြီး မလုပ်
ရဲဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယနေ့ ဧပြီလ ၁၆ ရက်တွင်ပြုလုပ်သည့် ပဇီကြီးကျေးရွာ ဖြစ်စဉ် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမသတင်းဌာနသို့ ပြောသည်။
“တကယ်တမ်းPDFတွေ စိုးမိုးနေတဲ့နေရာမှာ သူတို့အဲ့လောက် နိမ့်နိမ့်ပျံသန်းပြီးတော့ ပစ်ခတ်နိုင်စွမ်းမရှိတော့ဘူးဖြစ်ပါတယ်။ ကျနော်တို့ဟာ အခု
နောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တပ်စွဲတဲ့နေရာမှာ သူတို့ အနီးကပ်အနိမ့်မပျံရဲတော့ဘဲနဲ့ ဟိုးအမြင့်ကြီးကနေပျံသန်းတော့တဲ့
အနေအထားရှိတဲ့အထိ ကျနော်တို့ အခြေအနေတွေကို ရောက်နေပြီဖြစ်ပါတယ်” ဟုဆိုသည်။
နည်းပညာမြင့်လက်နက်များမရှိသော်လည်း အချို့လက်နက်ကိရိယာများကို နေရာအချို့တွင် တပ်ဆင်ထားသည်ဟုလည်းသိရသည်။ သို့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တပ်စွဲထားနိုင်သည့်နေရာတိုင်းတွင် ထိုလက်နက် ကိရိယာများ မရှိကြောင်း ဦးနေဘုန်းလတ်ကဆိုသည်။
“ ချင်းဘက်မှာရော၊ ကရင်နီဘက်မှာရော ထိမှန်သွားပြီးတော့ မီးခိုးတန်းသွားပြီးတော့ ထွက်သွားတာမျိုးပါ။ ပိုင်ပိုင်နိုင်နိုင်ထိမှန်ပြီး ပျက်ကျတာမျိုးတွေတော့ မတွေ့ရသေးပေမယ့် ရဟတ်ယာဥ်တွေကို ထိမှန်အောင်ပစ်ခတ်နိုင်တဲ့ အနေအထားတွေရှိလာပါတယ်။ ဒါကြောင့် သူတို့ အနိမ့်ပျံပြီး စိတ်ရှိလက်ရှိ ပစ်နိုင်တဲ့အနေအထားမျိုး မရောက်ဘဲ ခပ်မြင့်မြင့်ကနေပဲ ပျံသန်းရတဲ့ အခြေအနေမျိုးပါ” ဟု ၎င်းကဆိုသည်။
လေယာဥ်ပစ်လက်နက်များ PDF များတွင် ရှိသည်ဟူသော သတင်းစကားကို စစ်ကောင်စီဘက်က ကြား၍ မဟုတ်ဘဲ မြေပြင်တွင် လက်တွေ့
ပစ်ခတ်ခံရမှုများရှိလာ၍ ယင်းသို့ အနိမ့်မှ မပျံသန်းကြောင်း ဦးနေဘုန်းလတ်က ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၁ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျေးရွာရှိပြည်သူများကို ရပ်
ဓလေ့၊ရွာဓလေ့အရ ရုံးသစ်တက် အလှူအဖြစ် နံနက်ပိုင်းတွင် ထမင်းကျွေးမွေးနေစဉ် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ခဲ့သည့်အတွက် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့်အမျိုးသမီးအများစု ပါဝင်သည့် ပြည်သူစုစုပေါင်း ၁၆၈ဦး သေဆုံးခဲ့သည်ဟု စာရင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို ရက်ရက်စက်စက်ပြုလုပ်ခဲ့သည့်အတွက် သေဆုံးသူအများအပြား ရှိခဲ့သည့်အပြင် ခြေလက်အင်္ဂါ
ဆုံးရှုံးလိုက်ရသူများနှင့် ဒဏ်ရာ အပြင်းအထန်ရရှိသူ ဦးရေမှာလည်း ဆယ်နှင့်ချီရှိနေသည်။
ထိုကဲ့သို့သောစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအပေါ်NUG၏တာဝန်ရှိသူများပြောကြားခဲ့သည့် လေယာဉ်ပစ်လက်နက်များနှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် မေးခွန်းထုတ်မှုများသည်လည်း ရှိလာသည်။
ဦးနေဘုန်းလတ်က “အခုဖြစ်သွားတဲ့နေရာက ပြည်သူတွေရှိနေတဲ့ နေရာပေါ့။ ဒီနေရာမှာကျနော်တို့ရဲ့ ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေ တပ်စွဲထားတဲ့
နေရာလည်း မဟုတ်ဘူး။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေတဲ့နေရာလည်း မဟုတ်ဘူး။ ပြည်သူတွေပဲ ရှိနေတဲ့နေရာပဲဖြစ်တယ်။ ဒီလိုနေရာမျိုးမှာတော့ သေချာတစ်ခုက ဘယ်လိုမှ လေကြောင်းရန် ပစ်ခတ်မှုကို တားဆီးနိုင်မယ့် လက်နက်ကိရိယာတွေရှိ မနေဘူးဆိုတာသေချာပါတယ်” ဟုဆိုသည်။
လက်ရှိတွင် NUG အနေဖြင့် လက်နက်တပ်ဆင်ခြင်းအပြင် လေကြောင်းရန်ကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ၊ သတင်းအချက်အလက်
မျှဝေမှုများ၊ စစ်ကောင်စီလေကြောင်းကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေသည်ဟု သိရသည်။
သုတေတနအဖွဲ့များ၏ အစီရင်ခံစာများအရ ၂၀၂၃ခုနှစ် အစပိုင်းကစတင်ပြီး လက်ရှိအချိန်ထိ နိုင်ငံအနှံ့တွင် စစ်ကောင်စီက လေကြောင်း
တိုက်ခိုက်မှုစုစုပေါင်း၂၀ ထက်မနည်း ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#လေကြောင်းတိုက်ခိုက်မှု
#ပဇီကြီးရွာ သတင်းစာရှင်းလင်းပွဲ
#NUG

မယ်စဲ့တွင် တပ်ရင်းတစ်ခုလုံး လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ကို NUG ထံ လွှဲပြောင်းပေးရန်စီစဉ်
ဧရာ၀တီတိုင်းမ်
ဇွန်လ ၂၆ ရက်
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ (၄၃၀) တပ်ရင်းမှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့သည် ကရင်နီပူးပေါင်းအဖွဲ့ထံ လက်နက်ချ အညံ့ခံခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထံ အပ်နှံရန်စီစဉ်လျှက်ရှိကြောင်း ကရင်နီ တပ်ပေါင်းစု၏ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးထံက သိရသည်။
ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် ၁၀ ရက်ကျော်ကြာတိုက်ခိုက်ခဲ့သည့် ခမရ (၄၃၀) တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်သူစိုးနှင့် ဒုတပ်ရင်းမှူး ဇာနည်အောင်တို့ တပ်ရင်းတစ်ခုလုံး ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့တွင် လက်နက်ချခဲ့ခြင်းမှာ အမှန်တကယ်ဖြစ်ကြောင်း ၎င်း၏ အတည်ပြုပြောကြားချက်အရသိရသည်။
"သူတို့(စစ်ကောင်စီ)တပ်ရင်းတစ်ခုလုံးမှာ ထိခိုက်သေဆုံးသူရယ်၊ ထိုင်းဘက်ထွက်ပြေးတဲ့သူရယ်နဲ့ ကစဉ့်ကလျား ဖြစ်နေတာ။ ခုတပ်ရင်းတစ်ခုလုံးက လက်နက်ချတာ အားလုံး ၂၁ ယောက်ပေါ့။ တပ်ရင်းမှူးတွေ ဒုတပ်ရင်း မှူးတွေဆိုတာက နောက်ဆုံး ကျန်တဲ့လူတွေပဲ။ သူတို့ကို NUG ဆီအပ်ဖို့လုပ်နေတယ်"ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇွန် ၁၃ ရက်နေ့ကတည်းကစတင်၍ ကရင်နီပူးပေါင်းတပ်များဖြစ်ကြသည့် KNU/KNLA, KNPP/KA, KNDF နှင့် အတူ ယခင်စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) အသွင်ပြောင်းထားသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး (ကလလတ-KNPLF) တပ်တို့သည် 4K တပ်ပေါင်းစုအဖြစ် ပေါင်းစည်း၍ စစ်ကောင်စီတပ်ဗျူဟာကုန်းများကို တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ၎င်းတို့၏ တပ်စခန်းကုန်းများ ကျသွားသည့်အတွက် ကရင်နီ ပူးပေါင်းအဖွဲ့များ နေရာယူထားသည့် မယ်စဲ့ နှင့် ဖားဆောင်းမြို့များသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း ကရင်နီ ပူးပေါင်းတပ်ဖွဲ့ ခေါင်းဆောင်ထံက သိရသည်။
စစ်ကောင်စီသည် ဇွန် ၂၅ ရက်နေ့တွင် ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်ထဲက ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ဒေသခံရွာသား ငါးဦးသေဆုံး ကြောင်း Free Burma Rangers အဖွဲ့ထံက သိရသည်။
ပုံစာ -4K တပ်ဖွဲ့၀င်များနှင့် လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်၏ လက်နက်များ
#ကရင်နီ #မယ်စဲ့ #4K #စစ်ကောင်စီ #တပ်ရင်း၄၃၀ #လက်နက်ချ #NUG #Ayeyarwaddy_Times

Forwarded from Mizzima
ကျောင်းသားနှင့် ကလေးပါမကျန် သတ်ဖြတ်နေသည့် စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့် ပြုခြင်းအပေါ် အံ့ဩကြောင်း NUG ထုတ်ပြန်
==================
မဇ္ဈိမ။ ။ ကျောင်းသားနှင့် ကလေးပါမကျန် သတ်ဖြတ်နေသည့် စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့် ပြုခြင်းအပေါ် အံ့ဩမိကြောင်း NUG အစိုးရအဖွဲ့က သဘောထား ထုတ်ပြန်သည်။
ဥရောပသမဂ္ဂနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်တို့၏ ပူးပေါင်းစီစဉ်မှု ဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှ စတင်၍ “Advancing Human Rights: Creating an Enabling Environment for CSOs at the Regional Level” ခေါင်းစဉ်ဖြင့် ဖိုရမ် ပြုလုပ်မည် ဖြစ်သည်။
ယင်းဖိုရမ်သို့ တရားမဝင်အကြမ်းဖက်စစ်ကောင်စီမှ ကိုယ်စားလှယ်များအား ဖိတ်ကြားထား၍ အလွန်ပင်စိုးရိမ်ပူပန်မိကြောင်း NUG က ဆိုသည်။
" ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်၌ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ခံထားရသော မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ရမည့်အစား တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စား လှယ်များ တက်ရောက်ခွင့်ရရှိနေခြင်းအပေါ် မိမိတို့အနေဖြင့်အလွန်ပင် အံ့ဩတုန်လှုပ်ရပါသည်" ဟု NUG က ဆိုသည်။
စစ်ကောင်စီသည် မြန်မာပြည်သူလူထုအပေါ် လူမဆန်သည့် ကြမ်းတမ်းရက်စက်မှုများ ကျူးလွန်လျက်ရှိပြီး၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားအရွယ်ကလေး သူငယ်များပါမကျန် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများကို ကျူးလွန်နေသည့် အဖွဲ့အစည်းဖြစ်သည်ဟု NUG က ထုတ်ပြန် သည်။
အဆိုပါဖိုရမ်သည် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အပါအဝင် ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် ခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ပြုလုပ်မည့်ဖိုရမ်လည်းဖြစ်သည်။
အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာ့ဒီမိုကရက်တစ်အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုအသိုင်းအဝိုင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို စတင်ကျင်းပရန် အဆိုပြုခဲ့သည်။
ဥရောပသမဂ္ဂနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်တို့အနေဖြင့် စစ်မှန်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ပြုလုပ်ရာ၌ မြန်မာပြည်သူလူထု၏ တရားဝင် ကိုယ်စားလှယ်များနှင့်သာ ကျင်းပပြုလုပ်ရန် တိုက်တွန်းကြောင်း NUG က ထုတ်ပြန်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဥရောပသမဂ္ဂ
#NUG
ပုံအညွှန်း- ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု တွင်သေဆုံးခဲ့သည့် ကလေးနှင့် လူကြီး ဦးရေ ၁၇၀ ကျော်အတွက် ကုသိုလ်ပြုအမျှဝေနေစဥ် (ဓာတ်ပုံ- အညာပစ်တိုင်းထောင်လေးများအဖွဲ့)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Forwarded from မြေလတ်အသံ - Myaelatt Athan
NUG ကြားကာလပညာရေးစနစ်ကို ဗကသများအဖွဲ့ချုပ်က မေးခွန်းထုတ် (ရုပ်/သံ)
မြေလတ်အသံ၊ အောက်တိုဘာ ၃၀၊ ၂၀၂၃။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလပညာရေးဟာ အစမ်းသပ်ခံဖြစ်နေတာမို့ NUG အစိုးရဟာ ပြန်သုံးသပ်သင့်နေပြီလို့ ပေါက်မြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(ဗကသ)က မေးခွန်းထုတ်လိုက်ပါတယ်။
NUG အနေနဲ့ ကြားကာလပညာရေးကို ဖော်ဆောင်နေတာဟာ ကာလတခုအထိရောက်လာပြီး မြေပြင်မှာ CDM ဆရာ၊ ဆရာမတွေနဲ့ စေတနာဝန်ထမ်းဆရာ၊ ဆရာမတွေရဲ့ ပြသနာတွေ၊ အခြေခံပညာသင်ကြားရေးပြီးပါက ဆက်လုပ်စရာမရှိတဲ့ ကျောင်းသားတွေလည်းရှိနေတာမို့ ဒီပြသနာတွေကိုဖြေရှင်းဖို့ လိုတယ်လို့ ဗကသကျောင်းသား ကိုမြတ်သူက ပြောပါတယ်။
"အဆင့်မြင့် ပညာရေး ကဏ္ဍမှာဆိုရင် နွေဦးတက္ကသိုလ်ဆိုတဲ့ အွန်လိုင်းစနစ်တွေပဲရှိသေးတယ်။ အဲ့ဒီအွန်လိုင်းစနစ်တွေမှာဆိုရင် အညာဒေသတို့ တိုင်းရင်းသားဒေသတွေပဲဖြစ်ဖြစ် ဘယ်ဒေသမှာမဆို အင်တာနက်အဆင်မပြေမှု၊ လုံခြုံရေးအဆင်မပြေမှုတွေနဲ့ တက်ရောက်ဖို့က ကျောင်းသားတွေအနေနဲ့အဆင်မပြေမှုတွေ ဖြစ်နေတယ်။ အခြေခံပညာမှာရောအဆင့်မြင့်ပညာမှာပါ လိုအပ်ချက်တွေရှိနေတယ်။ အဲ့ဒီလိုအပ်ချက်တွေကို ကျွန်တော်တို့က မေးခွန်းထုတ်ရခြင်းဖြစ်ပါတယ် "လို့ ကိုမြတ်သူကပြောပါတယ်။
အခြေခံပညာကျောင်းပြီးဆုံးထားတဲ့ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ် အရွယ်ကလေးတွေမှာလည်း ပညာရေးလမ်းစ ပျောက်ဆုံးတာတွေဖြစ်နေတယ်လို့ ကိုမြတ်သူက ပြောပါတယ်။ မြေပြင်အခြေအနေနဲ့ NUG အစိုးရရဲ့စီမံခန့်ခွဲမှုဟာ ဘယ်လောက်အထိ လစ်ဟာနေပြီလဲဆိုတာ စိစစ်သင့်နေတယ်လို့ ၎င်းကဝေဖန်ထားပါတယ်။
အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ်ညက ပေါက်မြို့နယ်မှဦ ဗကသများအဖွဲ့ချုပ်က ဦးဆောင်ကာ ကျောင်းသားလူငယ်တွေနဲ့အတူ NUG ကြားကာလပညာရေးကို ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
သတင်း - အညို၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#သတင်း #မြေလတ်သတင်း #ဘုတလင် #ဗကသများအဖွဲ့ချုပ် #NUG #ကြားကာလပညာရေး
https://youtu.be/FNfQO7phCJI

YouTube
NUG ကြားကာလပညာရေးစနစ်ကို ဗကသများအဖွဲ့ချုပ်က မေးခွန်းထုတ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလပညာရေးဟာ အစမ်းသပ်ခံဖြစ်နေတာမို့ NUG အစိုးရဟာ ပြန်သုံးသပ်သင့်နေပြီလို့ ပေါက်မြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(ဗကသ)က…

ရေတာရှည်တိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးအပါအဝင် ၄၀ ကျော်သေဟု NUG ပြော
====================
DVB
November 19, 2023
ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ထိ တွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ခလရ (၈၄) က ဗိုလ်ကြီး လှမျိုးသူ အပါအဝင် အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
#DVB #News #Photo #ပဲခူးတိုင်း #ရေတာရှည်တိုက်ပွဲ #စစ်ကောင်စီ #ဗိုလ်ကြီး #သေဆုံး #NUG
သတင်းအပြည့်အစုံ 👇👇👇

ဖြစ်သွားမယ်။ အဲဒီဘက်ကိုလည်း ကျနော်တို့ အဆင်ပြေအောင် သွားနေပါတယ်။
မေး ။ ။ အခု နွေဦးဖွံ့ဖြိုးရေးဘဏ်ဆိုတာ စစ်အာဏာသိမ်းပြီး သုံးနှစ်အတွင်းမှာ ပေါ်ပေါက်လာတယ်။ ဒီလိုပေါ်ပေါက်လာဖို့အတွက်လည်း ကျော်လွှာခဲ့ရတယ်။ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ဒါတွေကို တည်ဆောက်ခဲ့ရတယ်ဆိုတော့ အခုလက်ရှိ နွေဦးဖွံ့ဖြိုးရေးဘဏ်က ထူထောင်လာတဲ့ အတွေ့အကြုံအရ တကယ့်ရင်ဆိုင်ရမယ့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ဘာတွေလဲရှင့်။
ဖြေ ။ ။ ကျနော်တို့ဘဏ်ကို စထောင်ဖို့ plan လုပ်နေတာ ခုနှစ်လကျော်၊ ရှစ်လနီးပါးလောက် ရှိပါတယ်။ အဲဒီအချိန်လောက်မှာဆို ဘယ်သူမှ မယုံပါဘူး။ နံပါတ်တစ် ဘဏ်လိုအပ်တာကို မယုံတဲ့လူ အများကြီးပါ။ နောက်တော့ ဘဏ်ကို ဘာကြောင့်စရမလဲဆိုတာကိုလည်း သူတို့ လက်မခံနိုင်ကြပါဘူး။ အဲဒီတော့ ကျနော့်ဘက်ကလည်း ပထမပိုင်းမှာတော့ ကျနော်တို့အဖွဲ့သားတွေ ၅၇ ယောက် ရှိပါတယ်။ သူတို့နဲ့ ကျနော်တို့ ဘာဆုံးဖြတ်လိုက်လဲဆိုတော့ မယုံတဲ့လူတွေကို အချိန်ကုန်ခံ ရှင်းပြပြီးတော့ အချိန်လည်းကုန် energy drain ကို မလုပ်တော့ဘဲနဲ့ ကျနော်နဲ့ အဖွဲ့သားတွေကိုပဲ ဒီ service ကို ပေးကြရအောင်၊ ဖြစ်အောင်လုပ်ကြမယ်ဆိုပြီး အဲဒါတခု။ နံပါတ်နှစ်ကတော့ ကျနော်တို့ Talent ရှာတဲ့အခါမှာ Challenge က ဘာလဲဆိုတော့ ပုံမှန် Business စပြီးဆိုရင် ကိုယ်သိတဲ့မိတ်ဆွေ၊ ကိုယ်သိတဲ့သူငယ်ချင်းတွေနဲ့ စကြတာ။ အခုကြတော့ တော်လှန်ရေးကာလဆိုတော့ တယောက်နဲ့တယောက် ဘယ်သူကို ယုံရမလဲ မသိဘူး။ ဘယ်သူကို မယုံရဘူးလဲ မသိဘူး။ ဒါပေမဲ့ ထူးဆန်းတာက တော်လှန်ရေးမှာ အသိုင်းအဝိုင်းက တကယ့်ကို strong ဖြစ်ကြတယ်။ ယုံကြည်မှုကလည်း တကယ့်ကို တည်ဆောက်ပြီသာ ဖြစ်နေတယ်။ Reference system နဲ့ သွားတာပေါ့။ Background ကလည်း ချိတ်ပြီသား။ အဲဒါကြောင့် ကျနော်တို့ ၅၇ ယောက် - လောလောဆယ် ဘဏ်ထဲမှာ လုပ်ကိုင်နေတဲ့ ၅၇ ယောက်က တယောက်နဲ့တယောက် သိတာမဟုတ်ဘူး။ နှစ်ယောက်သုံးယောက်လောက်ပဲ ရှိတယ်။ ဒီလောက်ထိ အောင်မြင်အောင် လုပ်နိုင်တာကလည်း တော်လှန်ရေးအင်အားစုတွေကြောင့်၊ တော်လှန်ရေးကို နိုင်ချင်လွန်တဲ့ စိတ်ဓါတ်ကြောင့်ပါ။ ဒီတော့ ပြည်သူထောက်ခံမှုက ဆက်ပြီးတော့ ရှိနေမယ်ဆိုတာကို ကျနော် ယုံတယ်။ ဒီဘဏ်ကနေတဆင့်လည်း တော်လှန်ရေး ဆက်ပြီးတော့ ထောက်ပံ့နေမယ်။ တော်လှန်ရေးအလွန်ကာလမှာလည်း ဆက်ပြီးတော့ ထောက်ပံ့သွားဖို့ကိုလည်း ကျနော်တို့ဘက်က ကတိပေးပါတယ်။
#NUG #SpringDevelopmentBank #SDB #MyanmarMilitary #VOABurmese

MSI - MYANMAR SOCIETY INFORMATIONS
Photo
ခုခံတော်လှန်စစ်၏ အဆုံးသတ်တိုက်ပွဲကို ၂၀၂၄တွင် ပြည်သူအားလုံးဝိုင်းဝန်းရယူကြရန် ယာယီသမ္မတကြီးတိုက်တွန်း
==========================
မိုးသောက်
December 31, 2023
မဇ္ဈိမ။ ။ လာမည့်၂၀၂၄ခုနှစ်တွင် ခုခံတော်လှန်စစ်၏ အဆုံးသတ်တိုက်ပွဲကို ပြည်သူအားလုံး ဝိုင်းဝန်းရယူကြရန် နှစ်ကူးနိုင်ငံတော်အခြေပြမိန့်ခွန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ( NUG)၏ ယာယီသမ္မတကြီး ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်သည်။
တော်လှန်ရေးအဖွဲ့များနှင့်ပြည်သူများအနေဖြင့် နိုင်ငံရေး၊ စစ်ရေးကဏ္ဍအသီးသီးတွင် ပိုမိုခိုင်မာသည့် စုစည်းညီညွတ်မှုကိုတည်ဆောက်နိုင်ပြီး ခုခံတော်လှန်စစ်ကို အဆုံးသတ်တိုက်ပွဲဆင်နွှဲကြရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
"အကျယ်ပြန့်ဆုံးသော လူထုနိုင်ငံရေးလမ်းစဉ်နှင့်အတူ ခုခံတော်လှန်စစ်ရဲ့အဆုံးသတ်တိုက်ပွဲကို ယခုနှစ်မှာအားလုံးဝိုင်းဝန်းရယူ ကြပါစို့” ယာယီသမ္မတကြီးကပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် ပြီးခဲ့သည့်၂၀၂၂ ခုနှစ်က အဆုံးသတ်နှစ်အတွက် အဆုံးဖြတ်နှစ်ဟုကြွေးကြော်ခဲ့ပြီး ခုခံတော်လှန်စစ်ကိုဆင်နွှဲခဲ့ခြင်းဖြစ်သည်။
၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းတွင်တော်လှန်ရေးအဖွဲ့များသည် မြို့သိမ်းတိုက်ပွဲများဆင်နွှဲလာပြီး စိုးမိုးနယ်မြေများတွင် အုပ်ချုပ်ရေးစနစ်အချို့တည်ဆောက်နိုင်သည်အထိ အောင်မြင်မှုများရရှိခဲ့သည်။
NUGက ပြောသည့် စစ်ရေးအောင်မြင်မှုများတွင် တလှိုင်းပြီး တလှိုင်းလာမည်ဆိုသည့်မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇◌စစ်ဆင်ရေးလည်းပါဝင်ကြောင်း NUG က ပြောဆိုထားသည်။
အဆိုပါစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်က အရေးနိမ့်ခဲ့ပြီး တော်လှန်ရေးအဖွဲ့များအနေဖြင့် မြို့ပေါင်း ၂၀ကျော်၊ စစ်စခန်း ၄၀၀ကျော် နှင့် စစ်ကောင်စီသုံ့ပန့်များစွာရရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ အအောင်မြင်ဆုံးနှင့်လူထုစိတ်ဝင်စားမှုမြင့်တက်ခဲ့သည့် စစ်ရေးအခြေအနေများဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါရလဒ်များကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီ၏နေဝင်ချိန်ကို ရောက်ရှိရန်အချိန်တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်ကြောင်း သမ္မတကြီးကထည့်သွင်းပြောကြားခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#NUG
#နှစ်ကူးနိုင်ငံတော်အခြေပြမိန့်ခွန်

အလိုမတူဘဲစစ်မှုထမ်းနေရသည့် ရှေ့တန်းရောက်လူငယ်များကို ကူညီပေးမည်ဟု NUG ပြော
ဝေဝေ
DVB
“တကယ်တော့ စစ်မှုမထမ်းမနေရဥပဒေဆိုပြီး သတ်မှတ်ထားပြီးတော့ မတရားသဖြင့် စစ်မှုထမ်းခိုင်းတယ်၊ ဒီလိုကိစ္စရပ်တွေမှာ ကျနော်တို့ ထွက်လာနိုင်ဖို့ နည်းလမ်းတွေ ဖန်တီးထားတယ်။ အဲဒီလိုကြားထဲမှာ ရှေ့တန်းဘာညာရောက်လာခဲ့ရင် ဆက်သွယ်ပြီး ထွက်လာနိုင်ဖို့ ကျနော်တို့ လုပ်ပေးပါတယ်။ သို့သော် တခုရှိတာကတော့ ယူနီဖောင်းလည်း ဝတ်ထားတယ်၊ လက်နက်လည်း ကိုင်ထားတယ်၊ စစ်ရေးပစ်မှတ်လည်း ဖြစ်တယ်ဆိုရင်တော့ ဘယ်သူဘယ်ဝါဆိုတာ တကယ့်တိုက်ပွဲထဲမှာ ခွဲခြားဖို့ ခက်ပါတယ်။ ကျနော်တို့ဘက်ကတော့ ထွက်လာဖို့အတွက်ကို အမြဲတမ်းအခွင့်အရေးလုပ်ပေးသွားမယ်၊ ဘယ်လိုမှ အဆင့်ဆင့် ထွက်ဖို့ ကြိုးစားခဲ့တာ မအောင်မြင်ဘူး၊ စစ်မြေပြင်ရောက်တဲ့အထိ စစ်ကောင်စီရဲ့ လက်အောက်ကနေ ထွက်နိုင်ဖို့ ဖန်တီးပေးသွားမှာတွေ ရှိမယ်။”
#DVB #News #မြန်မာသတင်း #စစ်မှုထမ်း #လူငယ် #NUG
https://burmese.dvb.no/archives/650617

NUG အောက်ခြေယန္တရား ယိုယွင်းနေဟု ဒေါက်တာတေဇာစန်း ဝေဖန်
======================
Myanmar Now
May 2, 2024
NUG လက်အောက်ခံ အုပ်ချုပ်ရေး၊ လုံခြုံရေးအဖွဲ့တို့၏ အလုပ်မဖြစ်မှုများကို ဖြေရှင်းရန် တုံ့ဆိုင်းမနေသင့်ကြောင်း အထင်ကရသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက တိုက်တွန်းလိုက်သည်။
NUG ဝန်ကြီးတစ်ဦးကမူ မြို့နယ်တချို့တွင် ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကို ကိုင်တွယ်ဖြေရှင်းပေးနေသည်ဟု ပြောသည်။
ပုံစာ - ၂၀၂၁ နှစ်ဦးပိုင်းအတွင်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ဒေါက်တာ တေဇာစန်း။
#MyanmarNow #TayzarSan #NUG

Forwarded from The Irrawaddy - Burmese
လူသတ်မှုစစ်ဆေးရင်း လူထပ်သေခဲ့တဲ့ NUG ပလဖ ဖြစ်ရပ် (ရုပ်သံ)
ဘုန်းအောင်၊ ဇူလိုင် ၂၀၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တဦးဖြစ်တဲ့အသက် ၁၆ နှစ်အရွယ် ကိုမြင့်မြတ်ဦးဟာ ဇူလိုင် ၈ ရက် ညကိုးနာရီခန့်မှာ လုပ်ကြံသတ်ဖြတ်ခံ လိုက်ရပါတယ်။
ကိုမြင့်မြတ်ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပက်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတွေက သံသယရှိတယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ စိုင်နိုင်ကြီးရွာ ဒေသခံ ၃ ဦး ထက် မနည်းကို ဇူလိုင် ၁၀ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သူတွေထဲကမှ အသက် ၄၁ နှစ်အရွယ် စိုင်နိုင်ကြီးရွာသား ကိုဇော်ဝင်းဟာ ဖမ်းဆီးခံရပြီး ၂ ရက်အကြာမှာ စစ်ဆေးမေးမြန်းရင်း သတ်ဖြတ်ခံလိုက် ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
https://youtu.be/Ybpk4ZoHpxU
#ဧရာဝတီ #ပလဖ #ကိုမြင့်မြတ်ဦး #စစ်ကိုင်းတိုင်းဝက်လက်မြို့ #NUG
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

ကိုမြင့်မြတ်ဦး…

Forwarded from RFA Burmese
ဦးရည်မွန် ဆွေမျိုးတွေ အသတ်ခံရတာမရှိကြောင်း NUG ပြော
~~~
■ ဇူလိုင်လ ၂၆ ရက် ဒီကနေ့ မနက်ပိုင်းက တယ်လီဂရမ်လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ အမျိုးတော်စပ်သူ ခုနစ်ဦး သတ်ဖြတ်ခံရ တယ်ဆိုတာ သတင်းအမှားသာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။
အဲဒီဓာတ်ပုံတွေနဲ့ ပတ်သက်လို့ စိစစ်နေတယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။
"ဦးရည်မွန်ရဲ့ အမျိုးတော်စပ်သူတွေ မဟုတ်ဘူး။ သေဆုံးခဲ့သူတွေက မိသားစု တစ်စုစုကလူတွေ ဖြစ်ဖို့များ တယ်။ ဒီပုံတွေက ပုံအဟောင်းတွေလား၊ တမင် စစ်ကောင်စီဘက်က ဆိုက်ဝါးထည့်တာလား ဆိုတာကတော့ ကျွန်တော်တို့ သေချာစုံစမ်းနေပါတယ်"
ဒီနေ့မနက်က စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်လူမှုကွန်ရက်တွေမှာ NUG ကာကွယ် ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ဆွေမျိုးတွေ စာရင်းထပ်ပေးဖို့နဲ့ လောလောဆယ် ဆွေမျိုး ခုနစ်ဦးကို နန်းတွင်း စစ်ကြောရေးကို ပို့ဆောင်ပြီး ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း၊ အဲဒီအလောင်းတွေကို မန္တလေးက ၃၅ လမ်း သင်္ဂဇာ ချောင်းဘေးမှာတွေ့ရကြောင်း ရေးသားဖြန့်ဝေနေကြတာပါ။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ မိသားစုနဲ့ နီးစပ်သူတွေကတော့ ဒီဖြစ်စဉ်ဟာ မှန်ကန်မှုမရှိဘူးလို့ RFA ကို ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ တစ်ဦးကလည်း သင်္ဂဇာချောင်းဘေးမှာ ဘာရုပ်အလောင်းမှ တွေ့ရတာမျိုး မရှိဘူးလို့ RFA ကို ပြောပါတယ်။
တယ်လီဂရမ်စာမျက်နှာတွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံ ခြောက်ပုံထဲက သေဆုံးသူတွေဟာ တစ်နေရာတည်းမှာ သေဆုံးတာမျိုးမဟုတ်ဘဲ နေရာဒေသ မတူညီတာလည်း တွေ့ရပါတယ်။ အဲဒီအထဲက ဓာတ်ပုံတစ်ပုံဟာ မကွေးတိုင်း၊ ဂန့်ဂေါနယ် မြောက်ပိုင်း၊ ကျွန်းဒတ်ကျေးရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကို ဇူလိုင်လ ၁၆ ရက်နေ့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်စပ်ပြီး မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က စစ်ဆေးနေစဉ် သေဆုံးခဲ့တဲ့ ဖြစ်စဉ်က ပုံဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အခြားပုံတွေနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကို RFA အနေနဲ့ အတည်ပြုနိုင် ခြင်း မရှိပါဘူး။
ဒါနဲ့ ပတ်သက်ပြီး အသေးစိတ် သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
_________
#မန္တလေး #ဦးရည်မွန် #NUG #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…

Radio Free Asia
ဦးရည်မွန် ဆွေမျိုးတွေ အသတ်ခံရတာမရှိကြောင်း NUG ပြော
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ အမျိုးတော်စပ်သူ ခုနစ်ဦး သတ်ဖြတ်ခံရတယ်ဆိုတာ သတင်းအမှားသာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။
MSI - MYANMAR SOCIETY INFORMATIONS
ပေါ့ပေါ့ပါးပါးပြည်သူ သိစေအပ်ပါသည် စိုစ့် https://www.facebook.com/share/p/juX5r53XRWrYGJof/?mibextid=xfxF2i
မိုးကုတ်ရတနာမြေမှာ ကျောက်မျက်တူးဖော်ခွင့်လုပ်ကွက်ပေးမယ်လို့ NUG ပြော
ရန်ပုံငွေရရှိနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပက လုပ်ငန်းရှင်တွေကိုဦးတည်မယ့် မိုးကုတ်ရတနာမြေမှာ ကျောက်မျက်တူးဖော်ခွင့် လုပ်ကွက်တွေပေးဖို့ရှိနေတယ်လို့ ဒီကနေ့ ဇန်နဝါရီ ၁၅ရက်မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံ့ရေးဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောပါတယ်။
"ခေတ်အဆက်ဆက် အစုအဖွဲ့တစ်ခုတည်းကနေ ရတနာတူးဖော်ခွင့်တွေကို လက်ဝါးကြီးအုပ်ထားတာကို ပြန်တရားမျှတမှုရအောင်လုပ်မယ်။ ဒီပရောဂျက်နဲ့ပတ်သက်ပြီးလည်း ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်ရေးအဖွဲ့ကလည်း အတည်ပြုချက်ရပြီးဖြစ်သလို ဘက်ပေါင်းစုံကနေ တွက်ချက်စဉ်းစားထားတာဖြစ်ပါတယ်" လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံ့ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့က တပ်ပိုင်မြေတွေမှာ အဆင့်မီကွန်ဒိုတွေအပြင် လစဉ်ဒေါ်လာ ၁၀၀ ဝန်းကျင်ရှိရုံနဲ့ အရစ်ကျဝယ်ယူနိုင်မယ့် တန်ဖိုးသင့်တိုက်ခန်းတွေလည်း ရောင်းချသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်အထိ ဝန်ကြီးဌာနရဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေရေး စီမံချက်အစုံကနေ မြန်မာကျပ်ငွေ ၃ဘီလီယံရှာဖွေထားနိုင်ကြောင်းအပါအဝင် ဘီဘီစီရဲ့ နောက်ဆုံးရသတင်းစုစည်းချက်။
https://www.bbc.com/burmese/articles/c3gndnld248o
#ဘီဘီစီမြန်မာပိုင်း #NUG #ရန်ပုံငွေ #စီမံကိန်း #မိုးကုတ် #ရတနာမြေလုပ်ကွက်

BBC News မြန်မာ
ဇန်နဝါရီ ၁၅ရက် ထိပ်တန်းရောက်သတင်းစုစည်းချက်
အိန္ဒိယ-မြန်မာနယ်စပ်မှာရှိနေတဲ့ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်မှုအတွင်း အိန္ဒိယနိုင်ငံဘက်က မီဇိုရမ်ပြည်နယ်၊ ချန်ပိုင်ခရိုင်အတွင်း ဗုံးကျရောက်ပေါက်ကွဲတာမရှိဘူးလို့ အိန္ဒိယဘက်ခြမ်း အာသံရိုင်ဖယ်တပ်က တုံ့ပြန်လာပါတယ်။ မီ…
MSI - MYANMAR SOCIETY INFORMATIONS
Photo
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများတရားမျှတမှုရသည့်အထိပူးပေါင်းဆောင်ရွက်ကြရန် အမျိုးသမီးအဖွဲ့များတိုက်တွန်း
◾ဒေဝီ
သြဂုတ် - ၁၉
လိင်ပိုင်းဆိုင်ရာကျူးလွန်သူ ဆလိုင်းအိုက်ဇက်ခင်ကို လက်ရှိတာဝန်တွေကနေ ရပ်နားထုတ်ပယ်တာက PSHEA မူဝါဒအရ အမြင့်ဆုံးပေးနိုင်တဲ့ ပြစ်ဒဏ်ဖြစ်တယ်လို့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း နှင့်မဖွယ်မရာ ပြုမှုခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ ဗဟိုကော်မတီ၊ ဥက္ကဌနော်စူဇန်နာလှလှစိုးကပြောပါတယ်။
မူဝါဒမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်လို့ စစ်ဆေးတွေ့ရှိရရင် ပထမအကြိမ် သတိပေးတာ၊ ဒုတိယအဆင့်အ နေနဲ့ စာထုတ်သတိပေးတာ၊ နောက်ဆုံးအဆင့် ရာထူးတာဝန်တွေကနေ ထုတ်ပယ်ရမယ်လို့ပါရှိတဲ့အတွက် မူဝါ ဒအတိုင်းအရေးယူမှုပြုလုပ်တာဖြစ်ပြီး၊ဆုံးဖြတ်ချက်အပေါ် ကာယကံရှင်က ကျေနပ်မှုမရှိရင် ဥပဒေကြောင်း အရဆက်လက်လုပ်ဆောင်နိုင်တယ်လို့ဆိုပါတယ်။
“ကော်မတီကတော့အရေးယူမှုအဆင့်က အဲ့ဒါဖြစ်ပါတယ်၊ ဒီအရေးယူမှုကိုလည်း ကာယကံရှင်က အရမ်းကို ကျေနပ်တယ်။တရားမျှတမှုခံစားရတယ် လို့အကြောင်းကြားတယ်။” လို့နော်စူဇန်နာလှလှစိုးကပြောပါတယ်။
ဒါ့အပြင်ဆလိုင်းအိုက်ဇက်ခင်က လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန်ရာထူးနဲ့ ပြည်ထောင်စုဝန် ကြီးချုပ်ရုံးအကြံပေးရာထူးယူထားပြီး၊ယင်းတာဝန်တွေကနေ အရေးယူမှုပြုမပြုဆိုတာကိုလည်း သူက လူဝင်မှုကြီးကြပ်ရေးဌာန တွဲဖက်အတွင်းဝန် ရာထူးက ထွက်ထားတာကြာပြီဖြစ်ပေမယ့် ပြည်ထောင်စုရုံးဝန်ကြီးချုပ်ရုံး အကြံပေးရာထူးကတော့ ယူထားခြင်းမရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“လူဝင်မှုကြီးကြပ်ရေးဌာန တွဲဖက်အတွင်းဝန်ကတော့ သူတောင်းထွက်ထားတာကြာပါပြီ။အလုပ်တွေ မနိုင်လို့ အတွက်ကြောင့် ထွက်ထားတယ်ဆိုတော့ သူ့ရဲ့ထွက်စာကိုတော့လက်ခံပြီးသားလို့သိရပါတယ်၊ ပြည်ထောင်စုရုံး ဝန်ကြီးချုပ်ရုံး အကြံပေးကတော့ တခါမှမရှိခဲ့ဘူးပါဘူး။ကျွန်မလည်း confirm ထားပြီးပါပြီ၊ ဒီရာထူးမျိုး တစ်ခါ မှ မရှိခဲ့ဘူး”လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် နစ်နာသူနဲ့ သက်သေတွေကို အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာရိုဒင်းက တွေ့ဆုံမေးမြန်းနေပြီးကာယကံရှင်ရဲ့ တောင်းဆိုမှု လိုလားမှုပေါ်မူတည်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက် လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ နော်စူဇန်နာလှလှစိုးကပြောပါတယ်။
အပြည့်အစုံဖတ်ရန် - https://tinyurl.com/4h4zhtnb
ဓာတ်ပုံ - Salai Isaac Khen (Facebook)
#ဆလိုင်းအိုက်ဇက်ခင်
#လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု
#pshea
#NUG
#honestinformation

HI Burma
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများတရားမျှတမှုရသည့်အထိပူးပေါင်းဆောင်ရွက်ကြရန် အမျိုးသမီးအဖွဲ့များတိုက်တွန်း
“ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုအဆုံးသတ်ဖို့တိုက်နေတဲ့ တော်လှန်ရေးမှာ ခြေမမကောင်းရင်ခြေမ၊ လက်မ မကောင်းရင်လက်မ၊ ဘယ်လောက်ပဲကိုယ်နဲ့ရင်းနှီးသူဖြစ်ပါစေ အမှားကိုကျူးလွန်ရင်တာဝန်ခံရမယ်ဆိုတဲ့ အလေ့အထကိုအခုကတည်းက…
MSI - MYANMAR SOCIETY INFORMATIONS
Photo
ပဲခူးရိုးမမှာ လူ ၅ ဦး အသတ်ခံရမှုကို စစ်ဆေးဖို့ တော်လှန်ရေးအင်အားစုတွေ NUG ထံ တိုင်ကြား
ပဲခူး၊ ဩဂုတ် ၃၀၊ ၂၀၂၄။
ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်က လူ ၅ ဦးကို သာယာဝတီခရိုင်တပ်ရင်း အမှတ် ၁ တပ်ရင်းမှူး သတ်တာနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေး ပဲခူးတိုင်းအနောက်ခြမ်းမှ မြို့နယ်ပကဖ၊ ပအဖနဲ့ ကျောင်းသားသမဂ္ဂအပါအဝင် တော်လှန်ရေးအင်အားစု ၃၀ ကျော်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ဩဂုတ် ၃၀ ရက် ဒီနေ့မှာ တိုင်ကြားစာပေးပို့ခဲ့ပါတယ်။
ဩဂုတ်လအတွင်းမှာ ပဲခူးရိုးမပေါ်ကို ဇီးကုန်းမြို့နယ်၊ ဘော်ဘင် - ကံကြီးကျေးရွာက အမျိုးသား ၅ ဦး ကျွဲဆွဲသွား(သစ်ဆွဲ)စဉ် သာယာဝတီခရိုင်တပ်ရင်း အမှတ် ၁ တပ်ရင်းမှူး ဗိုလ်မိုးကြိုးကြီးက ဖမ်းဆီးစစ်ဆေးပြီး ပျူစောထီးလို့ဆိုကာ သတ်လိုက်တာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ တရားမျှတမှုပေါ်ပေါက်အောင် စစ်ဆေးဖော်ထုတ်အရေးယူပေးပါလို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက ငြိမ်းချမ်းကိုကို၊ ရဲလင်းကို၊ ဦးစန်းအောင်၊ ကိုပီကေနဲ့ ကိုတင်မောင်အေးတို့ ၅ ဦးဖြစ်ပြီး ပဲခူးရိုးမထဲ သစ်ဆွဲရန် ဇူလိုင် ၂၀ ရက်မှာ ဘော်ဘင်ကျေးရွာကနေ စတင်ထွက်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ကျေးရွာက စတင်ထွက်လာချိန်မှာ စုစုပေါင်း ၆ ယောက်ထွက်လာတာဖြစ်ပြီး သစ်ဆွဲပြီးပြန်အလာ လမ်းတဝက်မှာ အချင်းချင်းစကားများရန်ဖြစ်ရာကနေ အောင်သူထက် ဆိုသူကို ကျန် ၅ ဦးက သတ်ပစ်ခဲ့တယ်လို့ ဘော်ဘင်ကျေးရွာဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် ကျန် ၅ ဦးကို သာယာဝတီခရိုင်တပ်ရင်း အမှတ် ၁ တပ်ရင်းမှူး ဗိုလ်မိုးကြိုးကြီးက ပဲခူးရိုးမပေါ်မှာ ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
အသတ်ခံရသူ ၅ ဦးထဲမှ မိသားစုဝင်တဦးက “အောင်သူထက်ကို သတ်ခဲ့တာ မှန်ပါတယ်။ လူသတ်မှုနဲ့ ပတ်သက်ပြီး ဥပဒေအရ အပြစ်ပေးတာကို ခံယူမယ်ဆိုပြီး သစ်တွေနဲ့အတူ နေအိမ်ကိုပြန်လာချိန်မှာ ပဲခူးရိုးမအခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးတာကို ခံခဲ့ရတာပါ။” လို့ ပြောပါတယ်။
ဘော်ဘင်ရွာသား ၅ ဦး အသတ်မခံရခင်မှာ မိသားစုထံ ဖုန်းဆက်သွယ်ကာ သူတို့ကို တပ်ရင်းမှူး ဗိုလ်မိုးကြိုးကြီးက ခေါ်ယူတွေ့ဆုံတဲ့အတွက် သွားရောက်တွေ့ဆုံမှာဖြစ်ပြီး မကြာခင်မှာ သစ်တွေနဲ့အတူပြန်လာခဲ့မယ်လို့ ပြောပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
အဆိုပါ ဘော်ဘင်ရွာသား ၅ ဦးကို သတ်ခဲ့တာဟာ မှန်ကန်ကြောင်း ဗိုလ်မိုးကြိုးကြီး ကိုယ်တိုင်က မြေလတ် အသံသတင်းဌာနကို အတည်ပြုပါတယ်။
“သူတို့အချင်းချင်းသတ်ဖြတ်မှုကို PDF က သတ်ပါတယ်ဆိုပြီး သတင်းလွှင့်စွပ်စွဲ လိမ်လည်ပြောဆိုမှုကြောင့် အပြစ်ပေးအရေးယူရတာပါ။ ကျနော်တို့မှာ ထောင်တွေ၊ တန်းတွေ မရှိဘူးလေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဲဒီအချိန်တုန်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ရင်းမှူးကို တင်ပြမှုရှိခဲ့ပါတယ်။ ဒါ့အပြင် အခုသေဆုံးသူတွေဟာ ပျူစောထီးတွေဖြစ်တယ်ဆိုတာ အချက်အလက်တွေရှိပါတယ်။” လို့ သူက ပြောပါတယ်။
သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းတာဝန်ခံ ကိုလူအေးက ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာဟာ စစ်တပ်ထောက်ခံသူများတဲ့ကျေးရွာဖြစ်ပြီး ပျူစောထီးသင်တန်းတက်ထားသူ ၅၀ ဦးခန့်ရှိတာမှန်ပေမယ့် အခု အသတ်ခံရသူ ၅ ဦးက ပျူစောထီးမဟုတ်ဘူးလို့ ဆိုပါတယ်။
“အဲလို ပြောတိုင်း တရွာလုံးကို ပျူစောထီးလို့ ပြောလို့မရဘူး။ PDF ကို အန္တရာယ်ပေးတဲ့ သူတွေလို့ ပြောလို့မရဘူး၊ ပျူစောထီးရဲ့ လူပ်ရှားမှု စစ်ကြောင်းသတင်းကို PDF ကို ပေးပို့နေသူတွေရှိတယ်။ အခု သေဆုံးသူတွေက ပျူစောထီးမဟုတ်သလို ပျူစောထီးစစ်သင်တန်းတက်ထားသူတွေလည်း မဟုတ်ပါဘူး” လို့ သူက ပြောပါ တယ်။
အထက်ပါ အမှုနဲ့ပတ်သက်လို့ မြေလတ်အသံသတင်းဌာနက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာမှာ အမှုမှန်ပေါ်ပေါက်ပါက ဥပဒေနဲ့အညီအရေးယူသွားမယ်လို့ ဆိုပါ တယ်။
“ဖြစ်စဉ်ကိုသိတာ သိပ်မကြာသေးတဲ့အတွက် ကာယကံရှင်တွေကို တိုက်ရိုက်မေးမြန်းမှုတွေ လုပ်နေရပါတယ်။ စုံစုံလင်လင်သိရရင် အတည်ပြုပြောလို့ ရပါတယ်။ ဖြစ်စဉ်အမှန် ပေါ်ပေါက်လာရင်တော့ ကာယကံရှင်တွေဆန္ဒနဲ့ ဥပဒေနဲ့အညီပဲ အရေးယူဆောင်ရွက်မှုကို လုပ်ပါမယ်။” လို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
လက်ရှိမှာ အသတ်ခံရသူတွေထဲက မိသားစုဝင်တချို့ဟာ နေရပ်ကနေ တိမ်းရှောင်နေကြပြီး အမှုမှန်ပေါ်ပေါက် ရေးကို မျှော်လင့်နေတယ်လို့ သိရပါတယ်။
သတင်း - ခန့်အောင်၊ စာတည်း - ဟယ်ရီ၊ လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #ဇီးကုန်းမြို့ #သာယာဝတီခရိုင် #တပ်ရင်းမှူး #NUG #လူသတ်မှု

မဲဆောက်က သက်ငယ်မုဒိမ်းမှုကို အရေးယူဖို့ လူတစ်ထောင်ကျော် NUG ထံ တောင်းဆို
~~~
■ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ဖြစ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုကို ထိရောက်စွာ ချက်ချင်း အရေးယူပေးဖို့ လူပေါင်း တစ်ထောင်ကျော်ကနေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အိတ်ဖွင့်ပေးစာ ပေးပို့ လိုက်ပါတယ်။ နယ်ပယ်အသီးသီးက လူပေါင်း ၁၆၇၉ ဦးက စုစည်းပြီး အိတ်ဖွင့်ပေးစာတစ်စောင်ကို စက်တင်ဘာလ ၁၀ ရက်နေ့က ပို့ခဲ့တာပါ။
၂၀၂၃ ခုနှစ် ဧပြီလမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်ကို NLD ပါတီရဲ့ တွံတေးမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် အသက် ၆၀ အရွယ် ဦးအောင်မင်းဆိုသူက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့လို့ မိခင်ဖြစ်သူက NUG အစိုးရ ဆီမှာ တိုင်ကြားထားတာပါ။
အခုအမှုမှာ တရားခံလို့ စွပ်စွဲခံထားရတဲ့ ဦးအောင်မင်းဆိုသူကို မဲဆောက်မှာ ဖမ်းမိခဲ့ပေမဲ့ ပြန်လည်လွတ်မြောက် သွားတယ်လို့ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။
နစ်နာသူတွေအနေနဲ့ တရားမျှတမှုရဖို့ ကြာမြင့်စွာ စောင့်ဆိုင်းနေရပြီး အခုထိ တရားခံကိုလည်း ပြန်ဖမ်းမမိတဲ့ အပြင် လွတ်မြောက်သွားတဲ့အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု အရေးယူမှု မရှိတာကြောင့် အခုလို တောင်းဆိုရတဲ့အထိ ဖြစ်လာတာလို့ တောင်းဆိုမှုမှာ ပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော့်အနေနဲ့ကတော့ တရားခံကိုပြန်မဖမ်းနိုင်ရင်တောင်မှ ဘာ့ကြောင့်လွတ်သွားသလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိသလဲ၊ ဘယ်သူတွေကို ဘယ်လိုအရေးယူ ပြစ်ဒဏ်ပေးမှာလဲ။ ကျူးလွန်တဲ့ တရားခံကိုရော ဘယ်လိုပြန်လည်အရေးယူဖမ်းဆီးမှာလဲ စတဲ့ တရားမျှတမှုတွေကို ပြည်သူတစ်ယောက်အနေနဲ့ သိချင်ပါတယ်၊ လိုချင်ပါတယ်။ ဒါကြောင့် ပါဝင်လက်မှတ်ထိုး တောင်းဆိုရခြင်းဖြစ်ပါတယ်”
အခင်းဖြစ်ပွားခဲ့တဲ့ နေရာဟာ ပြည်ပနိုင်ငံထဲမှာ ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းပိုင်းမှာ အားနည်းချက်နဲ့ အခက်အခဲတွေ ရှိခဲ့တယ်လို့ စက်တင်ဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ “ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များ” သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ တာဝန်ရှိ သူတွေကတော့ ပြောပါတယ်။
ဦးအောင်မင်းကို ကလေးမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၇ နဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ တရားခံပြေးအမှုနဲ့ပါ ပူးတွဲအမှုဖွင့်လှစ်ထားပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့ အဲဒီသတင်းစာရှင်းလင်းပွဲ မှာ NUG တရားရေးဝန်ကြီးဌာန အတွင်းဝန် ဦးဂျိုးဇက်က ပြောပါတယ်။
“တရားခံကို သူ့ရဲ့ နေရိပ်လိပ်စာ တွံတေးနဲ့ ဖမ်းဝရမ်း လုပ်ထားတာဖြစ်တယ်။ နိုင်ငံကျော်ပြီးတော့ သူ့ကို ဖမ်းဖို့ အတွက် လတ်တလော မဖြစ်နိုင်ပါဘူး။ မြန်မာပြည်ရဲ့ NUG စိုးမိုးထိန်းချုပ်နယ်မြေအတွင်း လာတာနဲ့ သူ့ကို ဖမ်းပစ်လိုက်လို့ရပါတယ်”
လူတစ်ထောင်ကျော်ရဲ့ သဘောထား အိတ်ဖွင့်ပေးစာမှာတော့ တရားမျှတမှုကို ချက်ချင်းဖော်ဆောင်ပေးဖို့ ကလေးငယ်နဲ့ မိသားစုကို အကာအကွယ်ပေးဖို့၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိဖို့ အပြင် ကလေးသူငယ် ကာကွယ်ရေးဆိုင်ရာ အစီအမံတွေ ခိုင်မာအားကောင်းဖို့နဲ့ ဘက်စုံကူညီပေးဖို့တွေကို တောင်းဆိုထားပါ တယ်။
နစ်နာသူ ကလေးငယ်ဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လို့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီး မဲဆောက်မှာ နေထိုင်နေတဲ့ တက္ကသိုလ် ဆရာမတစ်ဦးရဲ့ သမီးငယ်လည်း ဖြစ်ပါတယ်။
_________
ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်ရှိ မြန်မာနိုင်ငံသားများနေထိုင်သည့် အိမ်ရာတစ်ခုအား ၂ဝ၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
#သက်ငယ်မုဒိမ်း #အရေးယူရန်တောင်းဆို #NUG #မဲဆောက် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

မဲဆောက်မြို့မှာ ၂၀၂၃ ခုနှစ်က ဖြစ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုကို ထိရောက်စွာ ချက်ချင်း အရေးယူပေးဖို့ လူပေါင်း တစ်ထောင်ကျော်က NUG ကို အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။