MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
မော်လမြိုင်PDFနှင့် မကွေးPDFတို့ ပူးပေါင်းကြောင်း ကြေငြာ

ဧရာဝတီတိုင်းမ်။
ဇွန်လ ၁၅ရက်။

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မကွေး)တို့ ဘုံသဘောတူညီချက် ၇ချက်ဖြင့် ယနေ့ပူးပေါင်းလိုက်ကြောင်း မော်လမြိုင်PDFက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

#မွန် #မကွေး #PDF
#Ayeyarwaddy_Times
မင်္ဂလာပါ။
တိုင်းရင်းသားညီအကိုသွေးချင်းများခင်ဗျာ။
ဒီမိုကရက်တစ်လူငယ်ကောင်စီမှ ကြိုဆိုပါတယ်။
မြန်မာ့နိုင်ငံရေးပုံဖေါ်မှုဟာ ယခုဆိုလျှင် ဖက်ဒရယ်ဒီမိုကရေစီစနစ် အကောင်အထည်ဖေါ်လျှက်ရှိပါတယ်။ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖေါ်ဆောင်ဖို့ရာ ပြည်တွင်းရှိ တိုင်းရင်းသားများ၏ အခွင့်အရေးကလည်း အင်မတန်မှ အရေးပါပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးကြရမှာဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေတည်၍ ဖွဲ့စည်းထားသည့် ဒီမိုကရက်တစ်လူငယ်ကောင်စီအနေဖြင့် ဖွဲ့စည်းမည့် တိုင်းရင်းသားရေးရာကော်မတီသို့ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါရစေ။

အသင်းဝင်အဖြစ်လျှောက်ထားရန်
https://docs.google.com/forms/d/1dWo_Jwg2H6iLwoZttNn6oczyPvthmgqv9Wq6pLy0fgM/edit

အသေးစိတ်သိရှိလိုပါက -
www.democraticyouthcouncil.org သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

ဒီမိုကရက်တစ်လူငယ်ကောင်စီ

#တိုင်းရင်းသားရေးရာ
#ကချင် #ကယား #ကရင#ချင်း
#ဗမ#မွန် #ရခိုင် #ရှမ်း #တိုင်းရင်းသားမျိုးနွယ်စု
မွန်ပြည်နယ်၊ ချောင်းဆုံအနောက်ပိုင်းရပ်ကွက် NLD ရုံး ဖောက်ခွဲခံပြီး၊ ရုံးတစ်ခုလုံး ပျက်ဆီးသွား

HTY Information (နိုဝင်ဘာ ၁၃ ရက်)

မွန်ပြည်နယ်၊ ချောင်းဆုံအနောက်ပိုင်းရပ်ကွက်ရှိ NLD ရုံးသည် ယနေ့ မနက်သန်းခေါင်ယံ ၁၂:၁၇ ဝန်းကျင်တွင် ဖောက်ခွဲခံခဲ့ရပြီး၊ ရုံးတစ်ခုလုံး ရစရာမရှိအောင် ပျက်ဆီးကာ အနီးအနားရှိ ပြည်သူ့နေအိမ်အချို့လည်း ပျက်ဆီးမှုရှိခဲ့သည်ဟု သိရသည်။

အဆိုပါ NLD ရုံးသည် ရဲစခန်းအရှေ့တွင် တည်ရှိသော်လည်း၊ ပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွါးပြီးချိန်တွင် ရဲစခန်းဘက်မှ စစ်ဆေးမှု၊ စုံစမ်းမှု၊ လှုပ်ရှားမှုများ မရှိဟု မြို့နေပြည်သူတစ်ဦးမှ HTY Info သို့ပြောသည်။

“ညသန်းခေါင်အချိန်ဖြစ်တာပါ။ ပေါက်ကွဲသံမကြားခင် မီးဖြတ်ချလိုက်တယ်။ နောက်တော့အသံအကျယ်ကြီးကြားတာပဲ။ အိမ်တွေတောင်တုန်တယ်။ ပေါက်ပွဲသံထွက်လာပီး ၂ မိနစ် လောက်ကြာတော့ မီးပြန်လာတယ်” ဟု ၎င်းမှ ပြောသည်။

လတ်တလောတွင် လမ်းပိတ်ထားပြီး၊ အသွားအလာပိတ်ထားသည်ဟု သိရသည်။ ပေါက်ကွဲမှုဖြစ်စဉ်တွင် ပြည်သူထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဟုလည်း သိရှိရပါသည်။

#ဓာတ်ပုံ_ပေးပို့
#ချောင်းဆုံ
#မွန်
#NLD
#HTY_Information
နိဂုံးမလှတဲ့ ၅/ စစ်ဗိုလ်ချုပ် (ရုပ်သံဆောင်းပါး)

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၄။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)နဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) စစ်တိုင်း ၂ ခုရဲ့ တိုင်းမှူးဟောင်း၊ လာအိုသံအမတ်ကြီးတဖြစ်လဲ ဗိုလ်ချုပ်မြတ်သက်ဦးဟာ အခုလထဲမှာပဲ စစ်တရားရုံးနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပါတယ်။

စစ်ကောင်စီက ဗိုလ်ချုပ် မြတ်သက်ဦးကို ပြီးခဲ့တဲ့နှစ်ဇွန်လမှာ စစ်ဘက်ရာထူးဖြစ်တဲ့ ရတခတိုင်းမှူးကနေ အနားပေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့ဆောင်ကာ လာအိုနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့တာပါ။ ဒါပေမယ့် အမှုဟောင်းတွေပေါ်လာလို့ နိုဝင်ဘာလနောက်ဆုံးအပတ်မှာပဲ လာအိုသံ အမတ်အဖြစ်ကနေ နေပြည်တော်ကို ပြန်လည်ခေါ်ဆောင်ကာ စစ်တရားရုံးနဲ့စစ်ဆေးပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းမှူးအဆင့်အထိ မြှောက်စားခဲ့ပေမယ့် နောက်ဆုံးမှာ ထောင်ဒဏ်နဲ့သာ အဆုံးသတ်ခဲ့ရတဲ့ အညာသားစစ်ဗိုလ်ချုပ်တဦးအကြောင်း ပြောပြပေးမှာဖြစ်ပါတယ်။

ဆောင်းပါး - ရင်ငြိမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#မွန် #အရှေ့တောင်တိုင်းစစ်ဌာနချုပ် #မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် #ဗိုလ်ချုပ်မြသက်ဦး #ဆောင်းပါး #အသံလွှင့်ဆောင်းပါး #ရုပ်သံ

https://youtu.be/yk-CgnHo1dQ
Forwarded from RFA Burmese
မွန်ပြည်လွတ်မြောက်ရေးတပ်သားသစ်တွေ သင်တန်းဆင်း
~~~
■ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A) ရဲ့ အခြေခံစစ်သင်တန်း အခမ်းအနားကို ဩဂုတ်လ ၆ ရက် ဒီနေ့ KNU တပ်မဟာ (၆) နယ်မြေထဲမှာ လုပ်ခဲ့တာဖြစ်ပါတယ်။

အပတ်စဉ်သုံးခုပေါင်း သင်တန်းဆင်းတာဖြစ်ပြီး စစ်အင်အားအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ M.L.A တပ်ဘက်က ပြောဆိုတာ မရှိပါဘူး။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ လူမျိုးကြီးဝါဒ ပျက်သုဉ်းရေး ဆက်လက်တိုက်ပွဲဝင်သွားဖို့ရှိတယ်လို့ မွန်ပြည်လွတ်‌‌မြောက်ရေးတပ်တော် (M.L.A) ဒုစစ်ဦးစီးချုပ် နိုင်မာဃက RFA ကိုပြောပါတယ်။

"အပတ်စဉ်သုံးလေးငါး မဆင်းခင်ကတည်းက ကော့ဘိန်းတိုက်ပွဲမှာလည်း စစ်အာဏာရှင်ပျက်သုဉ်းရေးတိုက်ပွဲဝင်ခဲ့တယ်။ ရှေ့ဆက်လည်း တိုက်ပွဲဝင်နိုင်ဖို့ ကျွန်တော်တို့ ဆက်ကြိုးစားနေတယ်၊ တခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီးတိုက်ပွဲဝင်ဖို့တွေလည်း ရှိပါတယ်"

မွန်ပြည်လွတ်‌‌မြောက်ရေးတပ်တော်(M.L.A) ခေါင်းဆောင်တွေဟာ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဆီမှာ စစ်ပညာတွေ သင်ယူခဲ့တာပါ။

အဲဒီနောက်၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှာ မွန်ပြည်နယ်မှာ ပြန်လည်အခြေချပြီးနောက် မွန်ပြည်လွတ်‌‌မြောက်ရေးတပ်တော် (M.L.A) ကို တည်ထောင်ထားတာဖြစ်ပါတယ်။

ဒီနေ့သင်တန်းဆင်းပွဲကို TNLA နဲ့ KNDO က ဗိုလ်မှူးကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။
______
#မွန် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…