MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ကြားမှာ KNU-KNLAအပါ မဟာမိတ်အဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ် (ရုပ်/သံ)

မြေလတ်အသံ၊ သြဂုတ် ၁၉၊ ၂၀၂၃။

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ကြားက နယ်မြေအချို့မှာ KNU-KNLA တပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့တွေက နယ်မြေရှင်းလင်းရေးနဲ့ စစ်ဆေးရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

သြဂုတ် ၁၈ ရက်မှာ KNU-KNLA ‌အပါအဝင် ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သနက်ပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Inntakaw ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သိမ်ဇရပ် ပကဖ နဲ့ စုပေါင်းမဟာမိတ်အဖွဲ့တွေက လုပ်ဆောင်ခဲ့ကြတာပါ။

"နယ်မြေစိုးမိုးရေး စစ်ဆေးရေးတွေကို ကျနော်တို့ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းကြားပေါ့၊ ဝေါနဲ့ သိမ်ဇရပ်မှာ လုပ်တာ၊ ပြည်သူတွေလည်း လိုက်နာကြပါတယ်။ ကျနော်တို့ စစ်ဆေးရေးကို မနက်ကနေ နေ့ခင်း ၃ နာရီလောက်အထိ လုပ်ခဲ့တယ်" လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲ့ဒီနယ်မြေမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ မရှိပေမဲ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က သွားရောက်တိုက်ခိုက်တာရှိနေပြီး စစ်ကောင်စီဘက်က ခံစစ်အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျိုက်ထို၊ သိမ်ဇရပ်၊ စစ်တောင်းမြစ်တဘက်ကမ်းအထိ မဟာမိတ်အဖွဲ့တွေက နယ်မြေစိုးမိုးမှုတွေ လုပ်ထားနိုင်ပြီလို့လည်း သိရပါတယ်။

သတင်း - တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#ပဲခူးတိုင်း #မွန်ပြည်နယ် #နယ်မြေစိုးမိုးမှု #စစ်ဆေး #PDF #ရုပ်သံသတင်း
https://youtu.be/rLbxevAXXXI
စခန်းသိမ်းတိုက်ပွဲတွေအတွက် အသေခံတပ်သား ၂၂ ဦး ရွေးချယ်နိုင်ခဲ့ (ရုပ်/သံ)

မြေလတ်အသံ၊ စက်တင်ဘာ ၉၊ ၂၀၂၃။

အာဏာသိမ်း စစ်ကောင်စီကို အရိုးကြေကြေ အရေခမ်းခမ်း အသေခံပြီး တိုက်ခိုက်သွားမယ်လို့ သန္နိဌာန်ချကာ သခင်ဒေါင်းညိုတပ်ဖွဲ့က PDF ရဲဘော် ၇၂ ယောက်ဟာ ကွန်မန်ဒိုပြောက်ကျားနည်းစနစ်ပိုင်း သင်တန်းကို မကြာသေးခင်ကပဲ တောတွင်းတနေရာမှာ တက်ရောက်ပြီးစီးခဲ့ပါတယ်။

သင်တန်းသား ရဲဘော်၇၂ ယောက်ထဲမှာ အမျိုးသမီးရဲဘော် ၁၂ ယောက်လည်း ပါဝင်ပြီး အဲ့ဒီထဲက အသေခံ အထူးကွန်မန်ဒိုရဲဘော် ၂၂ ယောက်ကို ရွေးချယ်နိုင်ခဲ့ပါတယ်။

အသေခံ ကွန်မန်ဒို ၂၂ ယောက်ထဲမှာတော့ အမျိုးသမီးရဲဘော် ၂ ယောက်ပါဝင်ပါတယ်။ အဲ့ဒီ ၂၂ ယောက်စလုံးဟာ အသေခံတပ်သားလို့ ခံယူထားကြပြီး အာဏာရှင်စနစ်ကို အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် ရည်ရွယ်ထားကြတယ်လို့ သင်တန်းမှူးဖြစ်သူက ဆိုပါတယ်။

ဒီသင်တန်းဟာ အရင်သင်တန်းတွေနဲ့ မတူဘဲ လိုအပ်လာရင် ဖောက်ခွဲရေးပိုင်းမှာ အသက်သေစေနိုင်တဲ့အထိ ဖြစ်လာနိုင်သလို အသေခံ အထူးကွန်မန်ဒိုရဲဘော် ၂၂ ယောက်ဟာလည်း ဒီအတွက် အဆင်သင့်ဖြစ်နေပြီး မြို့သိမ်းတိုက်ပွဲတွေကို အရှိန်မြှင့်ဖော်ဆောင်ဖို့နဲ့ ကနဦးမှာ သူတို့အတွက် အနီးဆုံးရန်သူတွေ ဖြစ်ကြတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ဖို့ ဦးတည်ထားတာဖြစ်ပါတယ်။

အင်တာဗျူး - ဒိန်းဂျား၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#သတင်း #ရုပ်သံ #အသေခံ #တပ်သား #သင်တန်းဆင်း #ရဲဘော် #အင်တာဗျူး #သခင်ဒေါင်းညို #PDF
https://youtu.be/3zD9zdpoMyM
Forwarded from TGI Anti-Coup Team
ရှမ်းတောင် 1005 တပ်ရင်းရဲ့ YouTube channel လေးဖွင့်ထားကြောင်းသိရပါတယ် အခြားသောငွေဝင်နိုင်မယ့်နည်းလမ်းလေးမို့ သီချင်းတွေဝင်နားထောင် Subscribe ဝင်လုပ်ပြီး ငွေရဖို့ကူညီနိုင်ပါတယ် သီချင်းအသစ်လေးတင်ထားတာကိုတော် အတော်ကြိုက်နေလို့ Stream ပေးကြပါဦး 💪

https://youtu.be/zHg-IIMRFZs?si=8IWF_rv-31u1XHj9
ဒီပဲယင်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၅ ဦးသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရ (ရုပ်/သံ)

ဒီပဲယင်း၊ အောက်တိုဘာ ၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ပေါ်စခန်းကနေ တောင်ဘက်ကို ထွက်လာတဲ့ စစ်ကြောင်းဟာ ‌စက်တင်ဘာ ၃၀ ရက်ညနေပိုင်းမှာ ပျံကျကျေးရွာနဲ့ ဘုရားထွက်ကျေးရွာအကြားမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA ဆီက သိရပါတယ်။

ညနေ ၅ နာရီဝန်းကျင်ကနေ ၆ နာရီကျော်အထိ တိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ၁၅ ဦးခန့် သေဆုံးသလို ၁၀ ဦးအထက် ဒဏ်ရာရခဲ့တယ်လို့ BNRA ပြောရေးဆိုခွင့်ရှိသူ ကိုဆာန်က ပြောပါတယ်။

"တိုက်ပွဲချိန်က ၁ နာရီလောက် ကြာခဲ့တယ်။ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီးတော့ ၁၀ ဦးအထက်ဒဏ်ရာရရှိသူတွေ ရှိတယ်။ တိုက်ပွဲဖြစ်ချိန် ၅ နာရီ ၅၀ လောက်မှာ Mi 35 ၁ စီးနဲ့ ၁၀ မိနစ်လောက် လာပစ်တာမှာ ကျနော်တို့ဘက်က ပြန်ပစ်လို့ Mi 35 လှည့်ပြန်သွားတယ်။" လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို BNRA အမှတ်-၁ ရတနာသိင်္ဃစစ်ကြောင်းကနေဦးစီးပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA၊ ရွှေဘိုခရိုင်တပ်ရင်း ၁၂ နဲ့ ဒေသအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

သတင်း - ဒိန်းဂျား၊ တည်းဖြတ် -ငြိမ်းဇော်

#မြေလတ်အသံ
#ဒီပဲယင်း #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #ထိခိုက် #စစ်သား #PDF #ရုပ်သံသတင်း
https://youtu.be/O16mYOqQz1A
Forwarded from Ayeyarwaddy Times (Xero Zero One)
ကနီတွင် စစ်ကောင်စီ သင်္ဘော ၇ စီးထပ်မံသိမ်းဆည်းရမိပြီး ၄ ရက်အတွင်း သင်္ဘော ၉ စီး အထိ သိမ်းဆည်းနိုင်ခဲ့ကာ စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင် သေဆုံး

ဧရာဝတီတိုင်းမ်
(ကနီ)၊ နိုဝင်ဘာလ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်း တစ်နေရာတွင် သောင်တင်နေသည့် စစ်ကောင်စီသင်္ဘော ၇ စီးနှင့် သင်္ဘောပေါ်တင်ဆောင်လာသည့် ကားများကိုပါ ပြီးခဲ့သည့် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်‌နေ့ နံနက် ၈ နာရီ ဝန်းကျင်က KLG ၊ PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ချင်းတွင်း မြစ်ကမ်းဘေးတစ်နေရာတွင် သောင်တင်နေသည့် စစ်ကောင်စီသင်္ဘော ငါး စီးနှင့် လာရောက်စစ်ကူလာသည့် တွဲသင်္ဘော နှစ် စီးကို နိုဝင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများသည့်အတွက် သင်္ဘောများကိုစွန့်ခွာကာ မုံရွာ(နမခ)သို့ ထွက်ပြေး သွားကြောင်း သိရသည်။

" ၆ ရက်နေ့နေ့လယ်မှာ မုံရွာ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ တွဲသင်္ဘောတွေနဲ့ သောင်တင် နေတဲ့သင်္ဘော ငါးစီးပေါ်က စစ်သားတွေကိုလာခေါ်တယ်။ သူတို့ကို(စစ်ကောင်စီ)တင်ပြီး သောင်တင်တဲ့ သင်္ဘောတွေနားကခွာသွားတယ်။ လာခေါ်တဲ့ သင်္ဘောနှစ်စီးပါ သောင်တင် နေလို့ ကျွန်တော်တို့အဖွဲ့နှင့် မဟာမိတ်အဖွဲ့များ ဝိုင်းဝန်းပစ်ခတ်ကြတယ်။ ပူးပေါင်း တိုက်ခိုက်မှုကြောင့် အသေများတယ်ဗျ" ဟု ကျောက်လုံးကြီး KLG PDF တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီထောက်ပို့ သင်္ဘော ခုနစ် စီးကိုသိမ်းနိုင်ခဲ့ပြီး‌နောက် အဆိုပါသင်္ဘောပေါ်မှ ဒီဇယ်ပေပါ ၁၀၀ ခန့်၊ သစ်လုံးရေ ၂၀၀ ခန့်၊ ကား သုံး စီး၊ ဆိုင်ကယ် ငါး စီး၊ စက်ဘီး တစ် စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီထောက်ပို့ သင်္ဘောများမှာ ဟုမ္မလင်းမြို့နယ်ဘက်မှ ထောက်ပို့ ပြန်လာသည့် သင်္ဘောများဖြစ်ပြီး လေးရက်တာကာလအတွင်း သင်္ဘော ကိုးစီး အထိသိမ်းနိုင်ခဲ့ပြီး တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၄ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်အတွင်း စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင် ထိခိုက်သေဆုံးခဲ့ကြောင်းလည်း KLG PDFထံက သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအား ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ KLG PDF(ကျောက်လုံးကြီး)၊ ယင်းမာပင်ခရိုင် တပ်မဟာ၊ BNRA၊ BLDF၊ ULF တပ်ပေါင်းစု၊KG အဖွဲ့၊ဘိုးတော်နီအဖွဲ့ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - KLG PDF

#ကန#စစ်ကောင်စီထောက်ပို့သင်္ဘော၉စီး #သိမ်းဆည်းရမိ #စစ်ကောင်စီတပ်သား၃၀ဝန်းကျင်သေဆုံး #PDF #Ayeyarwaddy_Times
မံစီတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ ကလေးအပါအဝင် ၆ ဦးခန့်သေဆုံး
=====================

DVB
February 18, 2024

“ရွာသားတွေ ပိတ်မိနေတာတွေ အများကြီးပဲ။ ရွာ ရဲ့ ၃ မိုင်ပတ်လည်အထိ ဘယ်သူမှဝင်လို့ မရဘူး။ စာသင်ကျောင်းတွေ၊ အိမ်တွေ ပျက်စီးကုန်တယ်လို့ သိရတယ်။ စစ်တပ်က တိုက်လေယာဉ်နဲ့ တအုံးအုံး အကြိမ်ရေ ၃၀ တောင် မကလောက်ဘူး၊ လာကြဲနေတာ။ ကလေး ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး သေတယ်လို့ ပြောကြတယ်။ လူမှုကူညီရေးအသင်းကကားတွေလည်း မဝင်ရဲဘူး၊ တိုက်ပွဲကပြင်းထန်နေတာ။ အဲနားကနီးတဲ့ ရွာတွေ တောတွေထဲ ပုန်းနေရပါတယ်” လို့ ကူညီဆောင်ရွက်နေသူတဦးက ပြောပါတယ်။

#DVB #News #Photo #ကချင်ပြည်နယ် #မံစီ #KIA #PDF #စစ်ကောင်စီ #တိုက်ပွဲပြင်းထန် #သေဆုံး

သတင်းအပြည့်အစုံ 👇👇👇
လက်ရှိတွင် ကောလင်းမြို့ကို ပြန်ရရှိလိုက်ပြီဖြစ်သည့် စစ်ကောင်စီတပ်သည် မော်လူးမြို့နှင့် ရွှေပြည်အေးမြို့တို့ကိုလည်း ပြန်လည်သိမ်းပိုက်ရယူရန် ကြိုးစားလာနေခြင်းဖြစ်သည်ဟု…..

ဖေဖော်ဝါရီ 21, 2024

သတင်းအပြည့်အစုံကို http://tinyurl.com/3a355b2k ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

#BNI #mmpeacemonitor #MPM #MilitaryCoupInMyanmar #ကောလင်း #PDF #KIA

Twitter>>>https://twitter.com/mmpeacemonitor
Instagram>>>https://www.instagram.com/mmpeacemonitor/
Youtube>>>https://tinyurl.com/dh83ufdb
Facebook>>>https://www.facebook.com/mmpeacemonitor/

ပုံစာ - အင်းတော်ဒေသ ရှေ့တန်းတစ်နေရာမှာမြင်တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်းဖြစ်သည်)
စစ်ကောင်စီအောက် စစ်မှုမထမ်းလိုသူ ၅၆ ဦး ကျောက်ဆည်ခရိုင် တပ်ရင်း ၂ မှာစစ်သင်တန်းတက် (ရုပ်/သံ)

ကျောက်ဆည်၊ မတ် ၁၃၊ ၂၀၂၄။

စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူ ၅၆ ဦး စစ်သင်တန်းတက်ရောက်နေကြတယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် ကျောက်ဆည်ခရိုင် တပ်ရင်း ၂ ဆီက သိရပါတယ်။

စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေကို အတည်ပြုလက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ ရန်ကုန်နဲ့မန္တလေးတိုင်းတွေက လူငယ်တွေဟာ PDF အနေနဲ့တိုက်ပွဲဝင်လိုကြောင်း ဆက်သွယ်လာလို့ ခေါ်ယူခဲ့ရတယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ စခန်းမှူး ကိုရင်ငြိမ်း က ပြောပါတယ်။

ဆက်သွယ်လာသူတွေထဲက အမျိုးသား လူငယ် ၅၁ ဦးနဲ့ အမျိုးသမီးငယ် ၅ ဦးကို အခြေခံစစ်ပညာသင်တန်းအဖြစ် မတ် ၆ ရက်ကစတင်ပြီး ၄၅ ရက်ကြာ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီကို တော်လှန်လိုတဲ့ လူငယ်တွေ ထပ်မံရောက်ရှိလာလို့ ယခင်ရှိပြီးသား တပ်ဖွဲ့ဝင်အင်အားနဲ့ပေါင်းပါက များပြားလာလို့ နေထိုင်စားသောက်ရေးနဲ့ လက်နက်တပ်ဆင်ရေးမှာ ထောက်ပံ့ကူညီပေးနေကြပေမယ့် အခက်ခဲတွေကတော့ ရှိနေဆဲလို့ သိရပါတယ်။

ဝမ်းရေးပြသနာတွေနဲ့ မိသားစုအရေးကိစ္စတွေကြောင် တော်လှန်ရေးမှာ ပါဝင်ဖို့နှောင့်နှေးခဲ့ကြပေမယ့် မြို့ရွာတွေမှာ နေထိုင်လို့မရအောင် စစ်ကောင်စီဘက်က ဖိအားပေးလာတဲ့အခါမှာ တော်လှန်ရေးအဖွဲ့တွေထံကို လာရောက်ပူးပေါင်းကြတယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ ဆီလာရောက်ပူးပေါင်းသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စစ်မှုထမ်းဥပဒေကို လက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီးနောက် ပြည်သူ့စစ်မှုထမ်း ပထမအသုတ်ကို လာမယ့်သင်္ကြန်အပြီးမှာ စတင်သွားမှာဖြစ်ပြီး အပတ်စဉ်တခုကို လူ ၅၀၀၀ နှုန်း၊ တနှစ် လူ ၆၀၀၀၀ စစ်မှုထမ်းဖို့ ဆင့်ခေါ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

စစ်မှုထမ်းဥပဒေအရ အမျိုးသားဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

စစ်မှုမထမ်းဆောင်ဖို့အတွက် အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်သူတွေနဲ့ စစ်မှုမထမ်းနိုင်အောင် ကြိုးပမ်းသူတွေကို အနည်းဆုံးထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

သတင်း - ကျော်ကြီး၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#ကျောက်ဆည် #PDF #ပြည်သူ့စစ်မှုထမ်းဥပဒေ #စစ်သင်တန်း #သတင်း

https://youtu.be/L_osFsN0MZs
ရှေ့တန်းစခန်းတနေရာမှာ တိုက်ပွဲမရှိတဲ့အချိန် အပျင်းပြေ သီချင်းဆိုနေကြတဲ့ ဆော PDF ရဲဘော်များ (ရုပ်/သံ)

ယော၊ မတ် ၁၇၊ ၂၀၂၄။

ယောဒေသ၊ ဆောမြို့နယ်၊ ရှေ့တန်းစခန်းတနေရာမှာ မတ်၁၅ရက်က ဆော PDF ရဲဘော်တွေ တိုက်ပွဲမရှိတဲ့အချိန် အပျင်းပြေ သီချင်းဆိုနေကြတာဖြစ်ပါတယ်။

သီဆိုရာမှာ ရှိရာပစ္စည်းတွေကိုတူရိယာအဖြစ်တီးခတ်ရင်း တော်လှန်ရေးသီချင်းတွေကို သီဆိုခဲ့တာလို့ ဆော PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#ဆောမြို့ #PDF #ရဲဘော် #သီချင်း #ရုပ်သံသတင်း

https://youtu.be/QCfZe_QOV4M
သင်တန်းဆင်း PDF ရဲဘော်တွေကို ဝမ်းသာကြိုဆိုကြတဲ့ မိသားစုနဲ့ ပြည်သူတွေ (ရုပ်/သံ)

ယင်းမာပင်၊ မတ် ၂၅၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ စစ်ရေးဌာနက ပြုလုပ်ခဲ့တဲ့ အထူးတိုက်ခိုက်ရေးသင်တန်းဆင်း ကျားသစ်နက်တပ်မတော်က PDF ရဲဘော်တွေကို မိသားစုဝင်တွေနဲ့ ပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ သင်တန်းဟာ ၃ လတာကြာမြင့်ပြီး တပ်ရင်းအသီးသီးက PDF ရဲဘော် ၂၀၀ ဦး တက်ရောက်ကာ မတ် ၂၂ ရက်က သင်တန်းဆင်းခဲ့တာလို့ ကျားသစ်နက် တပ်မတော်ရဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

သင်တန်းဆင်း PDF ရဲဘော်တွေကို မိဘတွေ၊ မိသားစုဝင်တွေနဲ့ ဒေသခံ ပြည်သူတွေက ဝမ်းပမ်းတသာနဲ့ ပန်းကုံးစွပ်တာ သပြေပန်းတွေပေးတာ လက်ခုပ်တီးအားပေးကြတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

သတင်း - ခန့်အောင်၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#ယင်းမာပင် #PDF #သင်တန်းဆင်း #ပြည်သူ #ကြိုဆို

https://youtu.be/g0E3S6W1kAI
မကွေး PDF ရဲမေတွေက သိုင်းပညာကိုသင်ယူပြီး ပြန်လည်လေ့ကျင့်ပေးနေ (ရုပ်/သံ)

မကွေး၊ မေ ၃၀၊၂၀၂၄။

မကွေးတိုင်း၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးခရိုင်ကွပ်ကဲရေးရုံးက PDF ရဲမေတွေဟာ သူတို့တတ်ထားတဲ့ မြန်မာ့သိုင်းပညာကို ပြန်လည်သင်ကြားပေးနေတယ်လို့ အဲ့ဒီတပ်ရင်းက သိရပါတယ်။

မကွေးခရိုင်ကွပ်ကဲရေးရုံးက ဆရာမ ၃ ဦးဟာ လိုင်ဇာမြို့နယ်မှာ သိုင်းပညာကို သင်ယူခဲ့တာဖြစ်ပြီး တပ်ရင်းမှာရှိတဲ့ ရဲဘော်တွေကို သင်တန်းအပတ်စဥ် ၁ နဲ့ ၂ ကို ပြန်လည် သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

"စစ်ပညာသာမကဘဲ ကိုယ်ခံပညာကိုပါ လက်ဆင့်ကမ်းသင်ကြားပေးသွားမှာပါ။ သင်တန်းမှာ စိတ်ဓာတ် တက်ကြွဖို့၊ အမြင်ဆန်းဖို့နဲ့ လိုအပ်ရင် ခုခံကာကွယ်ဖို့အတွက် အဓိကရည်ရွယ်ပြီး ဒီပညာကို သင်ခဲ့တာပါ" လို့ ဆရာမ ဂျူရီ ကပြောပါတယ်။

မြန်မာ့သိုင်းပညာ အမျိုးအစားများစွာ ရှိတဲ့အထဲက ရှောင်နည်း၊ တိမ်းနည်း၊ ဗန်တို၊ ဗန်ရှည်၊ ၆၃ မောင်း စတဲ့ အခြေခံသိုင်းပညာတွေကို လေ့လာသင်ယူခဲ့ပြီး တပ်ဖွဲ့က ရဲဘော်တွေကို ပြန်လည်သင်ကြားပေးတယ်လို့ ဆိုပါတယ်။

သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် -ငြိမ်းဇော်

#မြေလတ်အသံ
#မကွေး #PDF #ခရိုင်ကွပ်ကဲရေး # စစ်သင်တန်း #သိုင်းပညာ #လက်ဆင့်ကမ်းသင်ကြား

https://youtu.be/Y6Kwk4LNqFc
ပဲခူးရိုးမမှာ PDF အမျိုးသမီးတွေဦးဆောင်ပြီး တပ်ရိက္ခာအတွက် သီးနှံများစိုက်ပျိုး (ရုပ်/သံ)

အုတ်ဖို၊ ဇွန် ၉၊ ၂၀၂၄။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ တပ်ဖွဲ့ပိုင်နယ်မြေအတွင်း ဇွန်လအစောပိုင်းကစပြီး သီးနှံစိုက်ခင်းတွေ စိုက်ပျိုးနေကြတယ်လို့ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ UGF အုတ်ဖိုတပ်ဖွဲ့ဆီက သိရပါတယ်။

မစိုက်ပျိုးဘဲထားတဲ့(ဖုန်းဆိုးမြေ)နေရာကို ရှင်းလင်းခဲ့ရာ ၅ ဧကခန့် အကျယ်ရှိပြီး တပ်ဖွဲ့ရိက္ခာ လိုအပ်ချက်ကို အဆင်ပြေဖို့ စရိတ်အပို မကုန်စေချင်တဲ့အတွက် သီးနှံစိုက်ပျိုးဖို့ ပြုလုပ်ရတာ ဖြစ်ပါတယ်။

"မြေနေရာလည်း အလဟဿ မဖြစ်တော့ဘူး။ အပိုစရိတ် မကုန်စေချင်လို့ စိုက်ဖြစ်တာပါ။အချိန်ကုန်ရကျိုးနပ်မယ်။ သီးနှံအစုံ စိုက်ဖြစ်ပါတယ်"လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီစိုက်ခင်း ၅ ဧက အကျယ်မှာ မိုးရေကိုအားထားပြီး ဗုံလုံသီး၊ ကန်ဇွန်း၊ တိုင်ထောင်ပဲ၊ မြေပဲ၊ ပြောင်းဖူး၊ရုံးပတီ၊ မုန်လာဥ၊ ချဥ်ပေါင်၊ ငရုတ်၊ ခရမ်းသီး အစရှိတဲ့ ရာသီပေါ်သီးနှံတွေကို စိုက်ပျိုးနေတယ်လို့ သိရပါတယ်။

အဲ့ဒီစိုက်ခင်းမြေနေရာ ရှင်းလင်းရာမှာ ရဲဘော်တွေက ကူညီလုပ်ကိုင်ခဲ့ကြပြီး စစ်ရေးတာဝန်တွေထမ်းဆောင်ချိန်မှာ စိုက်ခင်းတာဝန်တွေကို အမျိုးသမီးရဲဘော်တွေက လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

" အသီးအနှံစျေးတွေကကြီးတော့ နေ့တိုင်းစားဖို့အတွက် တိုင်ပင်ပြီး စိုက်ဖြစ်တာပါ။ မျိုးစေ့စိုက်တာပျိုးတာ ပေါင်းနှုတ်တာ ရေလောင်းတာတွေ ကျမတို့တွေပဲ နေ့တိုင်း လုပ်ကြပါတယ်" လို့ အမျိုးသမီးရဲဘော် ရှယ်ကော် ကပြောပါတယ်။

တပ်ဖွဲ့ဝင်တွေ စားသုံးဖို့ ဟင်းသီးဟင်းရွက်တနပ်စာကို ၆၀၀၀၀ ကျပ်ခန့် ကုန်ကျပြီး ရေရှည်စားသုံးနိုင်ဖို့အတွက် အမျိုးသမီးရဲဘော်တွေစုပေါင်း စိုက်ပျိုးနေကြတယ်လို့ သိရပါတယ်။

သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#ပဲခူး #သာယာဝတီ #အုတ်ဖို #PDF တပ်ဖွဲ့ # ရိက္ခာ #သီးနှံစိုက်ခင်း #အမျိုးသမီးရဲဘော်

https://youtu.be/zYDV5ZELWKY
ပဲခူးရိုးမမှာ PDF အမျိုးသမီးတွေဦးဆောင်ပြီး တပ်ရိက္ခာအတွက် သီးနှံများစိုက်ပျိုး (ရုပ်/သံ)

အုတ်ဖို၊ ဇွန် ၉၊ ၂၀၂၄။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ တပ်ဖွဲ့ပိုင်နယ်မြေအတွင်း ဇွန်လအစောပိုင်းကစပြီး သီးနှံစိုက်ခင်းတွေ စိုက်ပျိုးနေကြတယ်လို့ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ UGF အုတ်ဖိုတပ်ဖွဲ့ဆီက သိရပါတယ်။

မစိုက်ပျိုးဘဲထားတဲ့(ဖုန်းဆိုးမြေ)နေရာကို ရှင်းလင်းခဲ့ရာ ၅ ဧကခန့် အကျယ်ရှိပြီး တပ်ဖွဲ့ရိက္ခာ လိုအပ်ချက်ကို အဆင်ပြေဖို့ စရိတ်အပို မကုန်စေချင်တဲ့အတွက် သီးနှံစိုက်ပျိုးဖို့ ပြုလုပ်ရတာ ဖြစ်ပါတယ်။

"မြေနေရာလည်း အလဟဿ မဖြစ်တော့ဘူး။ အပိုစရိတ် မကုန်စေချင်လို့ စိုက်ဖြစ်တာပါ။အချိန်ကုန်ရကျိုးနပ်မယ်။ သီးနှံအစုံ စိုက်ဖြစ်ပါတယ်"လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီစိုက်ခင်း ၅ ဧက အကျယ်မှာ မိုးရေကိုအားထားပြီး ဗုံလုံသီး၊ ကန်ဇွန်း၊ တိုင်ထောင်ပဲ၊ မြေပဲ၊ ပြောင်းဖူး၊ရုံးပတီ၊ မုန်လာဥ၊ ချဥ်ပေါင်၊ ငရုတ်၊ ခရမ်းသီး အစရှိတဲ့ ရာသီပေါ်သီးနှံတွေကို စိုက်ပျိုးနေတယ်လို့ သိရပါတယ်။

အဲ့ဒီစိုက်ခင်းမြေနေရာ ရှင်းလင်းရာမှာ ရဲဘော်တွေက ကူညီလုပ်ကိုင်ခဲ့ကြပြီး စစ်ရေးတာဝန်တွေထမ်းဆောင်ချိန်မှာ စိုက်ခင်းတာဝန်တွေကို အမျိုးသမီးရဲဘော်တွေက လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

" အသီးအနှံစျေးတွေကကြီးတော့ နေ့တိုင်းစားဖို့အတွက် တိုင်ပင်ပြီး စိုက်ဖြစ်တာပါ။ မျိုးစေ့စိုက်တာပျိုးတာ ပေါင်းနှုတ်တာ ရေလောင်းတာတွေ ကျမတို့တွေပဲ နေ့တိုင်း လုပ်ကြပါတယ်" လို့ အမျိုးသမီးရဲဘော် ရှယ်ကော် ကပြောပါတယ်။

တပ်ဖွဲ့ဝင်တွေ စားသုံးဖို့ ဟင်းသီးဟင်းရွက်တနပ်စာကို ၆၀၀၀၀ ကျပ်ခန့် ကုန်ကျပြီး ရေရှည်စားသုံးနိုင်ဖို့အတွက် အမျိုးသမီးရဲဘော်တွေစုပေါင်း စိုက်ပျိုးနေကြတယ်လို့ သိရပါတယ်။

သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#ပဲခူး #သာယာဝတီ #အုတ်ဖို #PDF တပ်ဖွဲ့ # ရိက္ခာ #သီးနှံစိုက်ခင်း #အမျိုးသမီးရဲဘော်

https://youtu.be/zYDV5ZELWKY
Forwarded from RFA Burmese
သပိတ်ကျင်းမြို့နယ် တွင်းငယ်ရဲစခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်
~~~

■ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာက ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ဇူလိုင် ၂၅ ရက်နေ့မှာ သိမ်းယူခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

KIA ရဲ့ တပ်မဟာအသစ်ဖြစ်တဲ့ တပ်မဟာ (၁၁) က သိမ်းတာဖြစ်ပြီး အသေးစိတ်အချက်အလက် မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“တွင်းငယ်ရဲစခန်း သိမ်းတာကတော့ မှန်ပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်ပေါ့။ ကျွန်တော်တို့ အစဖွင့်နေတဲ့ တပ်မဟာ (၁၁) အဖွဲ့တွေသိမ်းတာ ဟုတ်ပါတယ်။ သတင်းအချက်အလက် အသေးစိတ်တော့ မသိရဘူး”

ဒီအပြင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်က ခြေမြန်တပ်ရင်း ခမရ (၄၃၇) နဲ့ မံစီမြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သပိတ်ကျင်း ဒေသခံတစ်ဦးကတော့ မနေ့က တွင်းငယ်ရဲစခန်း စီးနင်းသိမ်းပိုက်မှုမှာ လက်နက်တွေပါ သိမ်းဆည်းရမိတာရှိတယ်လို့ RFA ကို ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲမှာ KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူပေါင်းတပ်တွေက ဇူလိုင်လဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

ဒီလထဲမှာပဲ အင်းနက်နဲ့ တောင်လယ်ကျေးရွာက တပ်စခန်းနှစ်ခုကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အခုနှစ်ဆန်းပိုင်းကစလို့ ကချင်၊ ရှမ်းနဲ့ စစ်ကိုင်းတိုင်းက မြို့ရှစ်မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း တစ်ရာကျော်ကို KIA က သိမ်းပိုက်ထားပါတယ်။
______
သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာ ရဲကင်းစခန်းအား တွေ့ရစဥ်။ (Photo: The Kachin Net)

#သပိတ်ကျင်း #တွင်းငယ် #ရဲစခန်း #သိမ်းပိုက် #KIA #PDF #ABSDF #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
Forwarded from RFA Burmese
သိန္နီမြို့ အကြိမ်ကြိမ်ဗုံးကြဲခံရလို့ ၁၂ ဦးသေဆုံး
~~~

■ ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကို ဇူလိုင်လ တစ်လအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ခြောက်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၂ ဦးသေဆုံးပြီး နောက်ထပ်လူနှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂၈ ရက်နေ့ ခြောက်ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်စဥ်မှာတော့ သိန္နီမြို့အထွက် ကွမ်းလုံလမ်းဆုံနေရာက မြေးအဖွားနှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို မြို့ပေါ်ကို အကြိမ်ကြိမ် ဗုံးကြဲခံနေရတာကြောင့် မြို့ခံတွေ ဆက်မနေရဲတော့ဘဲ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိန္နီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီတစ်လအတွင်းမှာ ခြောက်ကြိမ်ရှိသွားပြီ။ လေယာဥ်နဲ့ လာပစ်တာ။ ပထမဆုံးက ရဲစခန်းနားက မုန့်ဟင်းခါးဆိုင်နားကို လာပစ်တာ။ ဒုတိယအကြိမ်က အထကကျောင်းနဲ့ ပညာရေးမှူးရုံး၊ ပြီးတော့ ကွမ်းလုံလမ်းဆုံ၊ လေးကြိမ်မြောက်က ဈေးမှာ လာကြဲတာ၊ အရပ်သား ဆယ်ယောက်သေတယ်။ ပြီးတော့ သိန္နီ ဟိုတယ်ကို ကြဲတယ်။ အခုနောက်ဆုံးက ကွမ်းလုံလမ်းဆုံကို ပြန်လာကြဲတာ။ ဆိုတော့ လူတွေက မနေရဲကြတော့ဘူးလေ။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့တွေကို ရွှေ့ကုန်ကြပြီ”

ကိုးကန့်တပ်ဖွဲ့ (MNDAA) ကလည်း မြို့ခံတွေ လေကြောင်းရန်ကာကွယ်နိုင်တဲ့နေရာတွေမှာ နေထိုင်ကြဖို့ သတိပေးထားတယ်လို့ သူက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက သိန္နီမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားတာဖြစ်ပါတယ်။ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာချိန်မှာတော့ စစ်ကောင်စီတပ်က သိန္နီနဲ့ လောက်ကိုက်မြို့တွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်လာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ တစ်လအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ မန္တလေးတိုင်း စဥ့်ကူးနဲ့ မိုးကုတ်မြို့တွေကို သိမ်းပိုက်ထားပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA) က လားရှိုးမြို့ရဲ့ နေရာအများအပြားကို ထိန်းချုပ်ထားပါတယ်။
______
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီမြို့မစျေး လေကြောင်းဗုံးကြဲခံရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

#သိန္နီမြို့ #လေကြောင်းတိုက်ခိုက်မှု #စစ်ကောင်စီ #MNDAA #TNLA #PDF #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…
ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေရဲ့ မိသားစုကိုထောက်ပံ့ဖို့ PDF တွေ စပါးစိုက် (ရုပ်/သံ)

ဂန့်ဂေါ၊ သြဂုတ် ၉၊ ၂၀၂၄။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းက PDF ရဲဘော်ရဲမေတွေဟာ မိုးစပါးတွေကို စတင်စိုက်ပျိုးပြီးစီးခဲ့ပြီး အဲဒီက ထွက်ရှိတဲ့ စပါးတွေကိုတော့ တော်လှန်ရေးအတွင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို ထောက်ပံ့မယ်လို့ သိရပါတယ်။

အဲဒီမိုးစပါး ဆင်းသုခစိုက်ပျိုးမှုကို ဇူလိုင် ၁ ရက်က စတင်ခဲ့ကာ သြဂုတ် ၇ ရက်မှာပဲ စိုက်ပျိုးပြီးစီးခဲ့ပြီး တပ်ဖွဲ့ရိက္ခာဖူလုံဖို့အတွက်လည်း ပါဝင်မယ်လို့ ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်း ဒုတပ်ရင်းမှူး စနေက ပြောပါတယ်။

၁၂ ဧကရှိတဲ့ စိုက်ပျိုးမြေနေရာမှာလည်း ရွာဘုံပိုင်မြေနေရာဖြစ်လို့ ရွာသူရွာသားတွေဆီ ခွင့်တောင်းခဲ့ရာကျေနပ်စွာနဲ့ လုပ်ကိုင်ခွင့်ပြုပေးခဲ့တဲ့အတွက် စိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။

စိုက်ပျိုး၊ ပြုစုရာမှာတော့ တပ်ရင်းက PDF ရဲဘော်ရဲမေတွေကို တာဝန်ခွဲဝေပေးထားသလို ပြည်သူတွေကလည်း အခါအားလျော်စွာ ကူညီလုပ်ကိုင်ပေးကြတယ်လို့ သိရပါတယ်။ အခုလိုစိုက်ပျိုးတာမှာ သွင်းအားစုစရိတ်အနေနဲ့ ကျပ်သိန်း ၂၀ ကျော် ကုန်ကျထားတယ်လို့ ကိုစနေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ကလည်း စပါး ၆ ဧက၊ မြေပဲ ၅ ဧကနဲ့ ထောပတ်ပဲ ၃ ဧက တို့ကို စိုက်ပျိုးခဲ့ရာ ရိက္ခာဖူလုံခဲ့သလို ယခု ၂၀၂၄ မှာ မိုးစပါး ၁၂ ဧကအပြင် နှမ်းသီးနှံ ၈ ဧကကိုလည်း စိုက်ပျိုးထားတယ်လို့ သိရပါတယ်။

သတင်း - စောကျော်ငြိမ်း၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#မကွေး #ဂန့်ဂေါ #PDF #ရိက္ခာထောက်ပံ့ #စပါးစိုက်ပျိုး #ပြည်သူတွေကူညီ #မြေလတ်သတင်း

https://youtu.be/bfiNq5T9doU
ပဲခူးရိုးမထဲက PDF အမျိုးသမီးတွေရဲ့ စိုက်ခင်းထွက်သီးနှံ စစ်ရှောင်တွေကိုပါ ဝေမျှနေ (ရုပ်/သံ)

အုတ်ဖို၊ သြဂုတ် ၁၉၊ ၂၀၂၄။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမထဲက PDF အမျိုးသမီးတွေစိုက်ပျိုးထားတဲ့ စားသုံးသီးနှံစိုက်ခင်း ၅ ဧကရှိပြီး အဲဒီစိုက်ခင်းတွေကနေ သီးနှံတွေ ထွက်ရှိနေပြီလို့ သိရပါတယ်။

အဲဒီစိုက်ခင်းဟာ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ UGF OKPO အဖွဲ့က အမျိုးသမီးရဲဘော်တွေ ဦးစီးစိုက်ပျိုးထားတာဖြစ်ပြီး သြဂုတ်လလယ်မှာတော့ စတင်ခူးဆွတ်စားသုံးနိုင်နေပြီလို့ UGF OKPO ရိက္ခာတာဝန်ခံ အမျိုးသမီးရဲဘော် မိုးယုစံ က ပြောပါတယ်။

ရိုးမပေါ်က ဖုန်းဆိုးမြေ ၅ ဧကခန့်ကို ရှင်းလင်းပြီး ဇွန်လအစောပိုင်းကစတင်ကာ ဗုံလုံသီး၊ ကန်ဇွန်း၊ မြေပဲ၊ တိုင်ထောင်ပဲ၊ ပြောင်းဖူး၊ ရုံးပတီ၊ မုန်လာဥ၊ ချဥ်ပေါင်၊ ငရုတ်၊ ခရမ်းသီး၊ ရွှေဖရုံသီး စတဲ့သီးနှံတွေကို စိုက်ပျိုးခဲ့တာလို့ ဆိုပါတယ်။

စိုက်ခင်းက ထွက်ရှိလာတဲ့ သီးနှံတွေကြောင့် ရိက္ခာဖိုးကုန်ကျမှုလျော့နည်းသွားသလို အပိုကျန်ကျမှုစရိတ်လည်း သက်သာသွားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သီးနှံတွေကို တပ်ခွဲ ၃ ခုမှာရှိတဲ့ ရဲဘော်တွေနဲ့အတူ စစ်ရှောင်ပြည်သူတွေကိုလည်း ရိက္ခာတွေမျှဝေစားသောက်နေတာဖြစ်သလို ကြက်များကိုလည်း တနိုင်တပိုင်မွေးမြူထားပြီး ကြက်ဥ၊ ကြက်သား၊ ငါးဟင်းနဲ့ ပဲမျိုးစုံတို့ကိုလည်း အလှည့်ကျကျွေးမွေးနေတယ်လို့ မိုးယုစံက ပြောပါတယ်။

လာမယ့်ဆောင်းရာသီကာလမှာလည်း တောင်ပေါ်အရပ်ဒေသမှာ မြေအစိုဓာတ်နဲ့ စိုက်ပျိုးဖြစ်ထွန်းမယ့် ဘိုကိတ်ပဲ၊ ကုလားပဲနဲ့ တခြားပဲတွေကိုလည်း ၅ ဧကခန့်တိုးချဲ့စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။

သတင်း - စောကျော်ငြိမ်း၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#ပဲခူးရိုးမ #PDF #ရဲမေ #စိုက်ခင်းသီးနှံ #စစ်ရှောင် #ဝေမျှ

https://youtu.be/3zvzZw31Szc
Forwarded from RFA Burmese
မကွေးတိုင်း စစ်ကောင်စီ ရေနံမြေတစ်ခုကို PDF တွေ သိမ်းပိုက်ထိန်းချုပ်
~~~

■ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာရှိတဲ့ စပယ်-သာကြီးတောင် ရေနံမြေကို PDF တပ်ဖွဲ့တွေက သြဂုတ်လ ၂၀ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းနှစ်ဦးလည်း ဖမ်းဆီးထားတယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

အဲဒီရေနံမြေဟာ မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) လက်အောက်မှာရှိပြီး လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ ၂၀၁၈ ခုနှစ်စာရင်းတွေအရ ရေနံတွင်းပေါင်း နှစ်ဆယ်ကနေ တစ်ရက်ကို ရေနံစိမ်းစည် ၁၁၉ စည်နဲ့ သဘာဝဓာတ်ငွေ့ ကုဗပေ ၂ ဒသမ ၄၉၈ သန်း ထွက်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်သား ငါးဆယ်ခန့် တပ်ဆွဲထားတဲ့ သာကြီးတောင် ရေနံမြေကင်းစခန်းမှာ သြဂုတ် ၂၀ ရက် မနက်လေးနာရီခန့်က တိုက်ပွဲဖြစ်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပြီး လက်ရှိအချိန်အထိ မြေပြင်လမ်းကြောင်း ဖြတ်တောက်ရေးတွေ လုပ်ထားတယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုစစ်က RFA ကို ပြောပါတယ်။

“သိမ်းလိုက်တာတော့ ဟုတ်ပါတယ်။ ကျွန်တော်တို့က အခုအချိန်အထိ လမ်းကြောင်းတွေကို ဖြတ်တောက်ရေး လုပ်နေတယ်။ ထိန်းတော့ ထိန်းထားတယ်ဗျ။ စစ်ကောင်စီတပ်ဘက်က ခြောက်ဦး သေတယ်။ နှစ်ဦး ဖမ်းမိခဲ့ပါတယ်”

ဒီတိုက်ခိုက်မှုမှာ လက်နက်ခဲယမ်းတချို့နဲ့ ငွေကျပ် သိန်းခြောက်ဆယ် သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေဟာ ပေါက်မြို့နယ် ရေပြာအိုင်ရဲစခန်းမှာ အင်အားစုပြီး သာကြီးတောင်ကို စစ်ကြောင်းထိုးပြီး ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် မနေ့ကအထိ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

မကွေးတိုင်းထဲမှာ မတ်နဲ့ ဧပြီလအတွင်း မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) လက်အောက်က ကျောက်ခွက်ရေနံမြေနဲ့ လက်ပံတိုရေနံမြေတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ကလည်း ဂန်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ ရှိတဲ့ ပုထိုးလုံရေနံမြေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။
_____
စပယ်-သာကြီးတောင် ရေနံမြေကင်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်သုံ့ပန်းနှစ်ဦးနှင့် လက်နက်ခဲယမ်းအချို့အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က ထုတ်ပြန်စဥ်။ (Photo: Facebook/ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

#မကွေးတိုင်း #စစ်ကောင်စီ #ရေနံမြေ #PDF #သိမ်းပိုက် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…
Forwarded from RFA Burmese
တံတားဦး လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း PDF တွေ သိမ်းပိုက်
~~~

■ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ မြိုင်သာကျေးရွာအနီးက စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းတစ်ခုကို သိမ်းပိုက်ထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက သြဂုတ်လ ၂၂ ရက် ဒီနေ့မှာ RFA ကို အတည်ပြုပြောပါတယ်။

အဲဒီတပ်စခန်းကို သြဂုတ် ၂၀ ရက်နေ့ နေ့လယ်ပိုင်းအချိန်မှာ နှစ်ဖက်တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာချိန် သိမ်းယူနိုင်ခဲ့တာလို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရဲက RFA ကို ပြောပါတယ်။

“၂၀ ရက်နေ့ နေ့လယ် နှစ်နာရီလောက်က သိမ်းနိုင်ခဲ့တာပါ။ သူတို့ဘက်က အစောင့် ငါးယောက်လောက်ပဲထားပြီး ကြိုပြေးကြတာ။ ဝင်စီးတဲ့အချိန် အကုန်ထွက်ပြေးသွားလို့ သေနတ်တစ်ချက်မဖောက်ဘဲ သိမ်းနိုင်ခဲ့ပါတယ်”

အဲဒီစခန်းမှာ ကျန်ခဲ့တဲ့ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

တံတားဦး လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း (၁၀)၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းသိမ်းယူခဲ့တာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

စခန်းသိမ်းယူပြီး နောက်တစ်နေ့ သြဂုတ် ၂၁ ရက် မနေ့က တံတားဦးမြို့နယ်နဲ့ ထိစပ်နေတဲ့ နွားထိုးမြို့နယ်က လက်ဝဲနဲ့ မြင်းနီကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းက သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ္တရာမြို့နယ် အင်ကြင်းမြိုင် ကျေးရွာအနီးက စစ်ကောင်စီရဲ့ အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ်ကို သိမ်းပိုက်ထားပါတယ်။
____
တံတားဦးမြို့နယ်၊ မြိုင်သာကျေးရွာအနီးရှိ စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကို သိမ်းယူပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့က မြင်တွေ့ရစဉ်။ (Photo: Facebook/တံတားဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့)

#တံတားဦး #လေကြောင်းရန် #ကာကွယ်ရေးတပ်စခန်း #PDF #သိမ်းပိုက် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…
PDFအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ဆိုပြီး စစ်ကောင်စီဖိတ်ခေါ်

နိုင်ငံတော်ရဲ့ဆုံးရှုံးနစ်နာမှုတွေကိုထောက်ရှုပြီးPDF (ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ) တိုင်းရင်းသားလက်နက်ကိုင်တပ်အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းန်ိုင်ရေး ကမ်းလှမ်းဖိတ်ခေါ်တယ်လို့ စစ်ကောင်စီက ဒီကနေ့ စက်တင်ဘာ ၂၆ ရက်ညမှာကြေညာပါတယ်။

စစ်ကောင်စီဖိတ်ခေါ်ချက်ထဲမှာ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကိုစွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတွေကနေ ပါဝင်ဖို့ဆိုပြီး ပြောထားပါတယ်။

လာမယ့် အောက်တိုဘာ ၁ ရက်မှာ မဲစာရင်းမှန်ရေး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်မှာဖြစ်သလိုရွေးကောက်ပွဲအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ စစ်ကောင်စီကဆိုပါတယ်။

ပုံစာ- အီလက်ထရောနစ်မဲပေးစက်ကို စစ်ဆေးနေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ပုံဟောင်း)

#ဘီဘီစီမြန်မာပိုင်း #စစ်ကောင်စီ #သန်းခေါင်စာရင်း #PDF