MSI - MYANMAR SECRET INFORMATIONS
26.9K subscribers
87.9K photos
3.38K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
Forwarded from Ayeyarwaddy Times (Nine)
ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ရေမြက်ရွာတွင် မည်သည့် သင်တန်းဆင်းပွဲမှမရှိဘဲ စစ်တပ်မှ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းသာဖြစ်

ဧရာ၀တီတိုင်းမ်
ဇူိုင် ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ရေဦးအနောက်ခြမ်း၊ ရေမြက်ကျေးရွာ ကို စစ်ကောင်စီတပ်မှ ‌ေကြောင်းတိုက်ခိုက်မှုပြု ုပ်ခဲ့ပြီးနောက် PDF များသင်တန်း ဆင်းပွဲပြုုပ်နေသည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု စစ်တပ်ော်ဘီချန်နယ်များတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူိုင် ၁၀ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ ရေဦးမြို့နယ်ရှိ ရေမြက်ကျေး ရွာကို ပေါင် ၅၀၀ ဗုံး သုံးုံးအပါအ၀င် ဗုံး ခုနှစ်ုံးခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"ရေမြက်ကျေးရွာဆိုတာက အိမ်ခြေ ၂၅၀ ကျော် ောက်ရှိတာပါ။ အဲဒီမနက်က ဘာသင်တန်းဆင်း ပွဲမှမရှိသလို၊ ဘယ် PDF အဖွဲ့မှ အထိုင်ချ ှုပ်ရှားတာ လည်းမရှိပါဘူး။ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပစ်သွားတာပါ။ ူတွေတော့ ကြိုရှောင်ထားိုက်နိုင်တယ်။ ဘုန်း ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကို အဓိကပစ်ချ သွားတာ"ဟု ရေဦးနယ်ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုသို့ စစ်တပ်ော်ဘီချန်နယ်များမှ ိမ်လည်ဝါဒ ဖြန့်ထားသည့်အပေါ် စစ်ကိုင်းတိုင်းရှိတော်ှန်ရေး ရဲဘော်များမှလည်း ယင်းနေ့တွင် မည်သည့်သင်တန်း ဆင်းပွဲမျှ ပြုုပ်ခဲ့ခြင်းမရှိဘဲ စစ်ရေးှုပ်ရှားမှုရှိ သည့်နေရာမဟုတ်ကြောင်း အတည်ပြုပြောဆိုထားပြီး စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ရေမြက်ရွာဆိုတာ ူနေအိမ်ခြေနည်းပါတယ်။ ဘယ် PDF မှလည်းမရှိပါဘူး။ ကာကွယ်ရေးတပ်တွေ ၀င်ထွက်သွားာတာလည်းမရှိဘူး။ သာမန်တော‌သူ တောင်သားတွေနေထိုင်ကြတာပါ။ ဒလန်ရဲ့ သတင်းမှားပေးမိတာကြောင့်ို့ ထင်တယ်။ သူတို့ပစ်ချသွားတဲ့ နေရာတွေက ဘုန်းကြီးကျောင်းနဲ့ ကလေးတွေစာ သင်ကျောင်းကို အဓိကထားပစ်သွားတာ။ ကံကောင်းတာက ကလေးတွေရှိမနေတာဘဲ။ အဲဒီမနက်ကကျောင်းဖွင့်တယ်။ မိုးတွေတအားရွာနေို့ ကျောင်းစောဆင်းပေးိုက်တာ ဆရာတွေက။ ကံကောင်းသွားတယ်ပဲ ပြောရမှာပေါ့ဗျာ"ဟု တော်ှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ ရေဦးမြို့နယ်ရှိ ရေမြက်ကျေးရွာကို စစ်ကောင်စီတပ်မှ ေကြောင်းဖြင့်တိုက်ခိုက်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမတစ်ကြိမ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် KIA မှအရာရှိများ အစည်းအဝေး ပြုုပ်နေသည်ဟုဆိုကာ သတင်းမှားပေးမှုကြောင့် ေကြောင်းမှ ာရောက်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသ ခံ ခြောက်ဦးထက်မနည်း သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ပုံစာ- ရေမြက်ရွာကို စစ်ကောင်စီက ေကြောင်းမှ တိုက်ခိုက်သဖြင့် စာသင်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်း ပျက်စီးမှုများ

#စစ်ကိုင်း #ရေဦး #ရေမြက် #စစ်ကောင်စီ #လေ ကြောင်း #တိုက်ခိုက် #စာသင်ကျောင်း #ပျက်စီး

#Ayeyarwaddy_Times