MSI - MYANMAR SECRET INFORMATIONS
27.1K subscribers
88.4K photos
3.4K videos
135 files
16.2K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
လှိုင်မြို့နယ် ဒလန်ဂိုဏ်းချုပ် ပစ်သတ်ခံရပြီးယနေ့ညပိုင်း တမြို့နယ်လုံး ပြည်သူများထိတ်လန့်နေ

ဧရာဝတီတိုင်းမ်
သြဂုတ် ၂၉ ရက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊အမှတ်(၁)ရပ်ကွက်၊ ပေ ၄၀လမ်းနေ လှိုင်မြို့နယ် ဒလန်ခေါင်းဆောင်ဦးတင်လှိုင် ယနေ့(သြဂုတ် ၂၉ရက်)မနက်စောပိုင်းက အနီးကပ်ပစ်သတ်ခံရပြီးနောက် လှိုင်တမြို့နယ်လုံးနီးပါ ထိတ်လန့်နေရကြောင်း သိရသည်။

ယင်းဒလန် ပစ်သတ်ခံခဲ့ရသည့် ယခုညပိုင်းတွင် လှိုင် ၁ ရပ်ကွက်အတွင်း ယခင် ည ၈နာရီကျော်ထိ စျေးသည်များဖြင့် စည်ကားနေသော အောင်မေတ္တာလမ်းမကြီးတွင် ည ၇နာရီ မထိုးခင်ကပင် စျေးသည်များ ဆိုင်သိမ်း၍ တံခါးပိတ်နေကြောင်း သိရသည်။

လှိုင်မြို့နယ် ရပ်ကွက် ၁၆ ခုတွင် ယခုပစ်သတ်ခံခဲ့ရသည့် ဒလန်ဂိုဏ်းချုပ် ဦးတင်လှိုင်မှာ ဒလန် များ၏အချုပ်ဖြစ်ပြီး ယခင်ကပင်တမြို့ နယ်လုံး ၏လူမိုက်တဦးဖြစ်ကာ လောင်းကစားဒိုင်ချုပ်တဦးဖြစ်ကြောင်း သိရသည်။

'' သူက လှိုင်မှာ ဘလိုပြောရမလဲ ဇိုးတွေရဲ့ဂိုဏ်း ချုပ်ပေါ့။ လှိုင်မြို့ခံဆိုရင် တမြို့နယ်လုံးနီးပါး သူ့ကိုသိတယ်။ ကြောက်လည်းကြောက်ရတယ်ပေါ့ ။ အာဏာသိမ်းပြီးတဲ့နောက် သူ့ကြောင့် လူ ငယ်အတော်များများဒုက္ခရောက်ခဲ့ရတယ်။ ရဲကို သ တင်းပေးတယ်။ ရဲနဲ့လဲပနာရတယ် လောင်း က စားဒိုင်ချုပ်ဆိုတော့။ သေချာတာက ဒီညတော့ ရပ်ကွက်တွေထဲမှာ တခုခုတော့ထူးလိမ့်မယ်။ ဧည့်စာရင်းတွေဘာတွေစစ်မယ်ထင်တယ် ။ သူသေတယ်ဆိုတော့ အတော်များများက တော့ပျော်ကြမှာပါ '' ဟု လှိုင် ဒေသခံတဦးက ဧရာဝတီတိုင်မ်းသို့ပြောသည်။

ဦးတင်လှိုင်သည် ယနေ့နံနက်အစောပိုင်းက ဘူ တာရုံလမ်းနှင့်အင်းစိန်လမ်းဒေါင့်ရှိမီးပွိုင့်အနီးလမ်းမပေါ်တွင် သေနတ်ဖြင့် ၆ ချက်အပစ်ခံခဲ့ရကြောင်း သိရသည်။

၄င်းအားပစ်ခတ်နေစဥ် ၄င်း၏အမျိုးသမီးက ရှေ့မှလက်နှင့်ကာသဖြင့် ၄င်း၏အမျိုးသမီးပါ လက် တွင် ကျည်ဆံ ၂ချက် ၃ချက် ထိမှန်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတဦးထံက သိရသည်။

လှိုင်မြို့နယ်အတွင်း ယမန်နေ့(သြဂုတ် ၂၈ ရက်)တွင် တရက်ထဲ နေရာ ၅ ခုတွင် ဗုံးလုံး ပေါက်ကွဲခဲ့ပြီး ယနေ့တွင်လည်း ဦးတင်လှိုင် ပစ်သတ်ခံခဲ့ရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံးရေးပိုမိုတင်းကျပ်နေကြောင်း သိရသည်။

#လှိုင် #ဒလန်ဂိုဏ်းချုပ် #ပစ်သတ်ခံရ #စစ် ကောင်စီ #လုံခြုံရေးတင်းကျပ် #Ayeyarwaddy_Times
ယင်းမာပင်မြိုနယ်က နေအိမ်များကို စစ် ကောင်စီတပ် မီးရှိဖျက်ဆီး

DVB

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြိုနယ် အောင်မိုး ကျေးရွာမှာ ဖေ ဖော်ဝါရီ ၁၁ ရက် နေ့က ပြည်သူ တွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲက မီးရှိဖျက်ဆီးခဲ့ပြီး နွားတစ် ကောင်ကိုလည်း ပစ်သတ်သွားတယ်လို သိရပါတယ်။

http://burmese.dvb.no/archives/516802
#DVB #News #စစ် ကောင်စီတပ် #မီးရှိဖျက်ဆီး #ယင်းမာပင်မြိုနယ်