MSI - MYANMAR SECRET INFORMATIONS
26.9K subscribers
87.9K photos
3.38K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
တာမွေတွင် အမျိုးသမီး ၂ ဦး နေအိမ်အတွင်း လုယက်သတ်ဖြတ်ခံရ
DVB

ရန်ကုန်၊ တာမွေမြို့နယ် ကျောက်မြောင်း ဓမ္မစိန္တာလမ်းနဲ့ နိဂြောဓလမ်းထောင့်ရှိ တိုက်အမှတ် ၁၅၊ ၈ လွှာမှာ နေထိုင်တဲ့ အမျိုးသမီးနှစ်ဦးကို အောက်တိုဘာ ၁၉ ရက် ညပိုင်းက အမည်မသိသူတဦးက သတ်ဖြတ်ခဲ့ပြီး ရွှေထည်ပစ္စည်းနဲ့ ငွေကြေးတချို့ကို ယူသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

“သူ့အစ်ကိုက သူ့ညီမဆီ ဖုန်းဆက်တာ မရလို့ တိုက်ခန်းအထိ လိုက်လာတာ၊ ဟိုရောက်တော့ တံခါးကပိတ်ထားတယ်။ တံခါးကိုဖျက်ပြီး ဝင်ကြည့်မှ အသတ်ခံထားရတာ သိတာ။ တဦးက အိမ်ရှေ့မှာသေနေတယ်၊ နောက်တဦးက ရေချိုးခန်းထဲမှာ သေနေတာ။ ရွှေတွေရော ပိုက်ဆံတွေရော ယူသွားတယ်လို့ ကြားတယ်။”
#DVB #news #တာမွေ #ကျောက်မြောင်း #လူသတ်မှု #လုယက်မှု
အနုပညာရှင်များ ရှေ့တန်းထွက်ဖျော်ဖြေရမည်ဟု စစ်ကောင်စီ ဝန်ကြီးပြော
DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်စခန်းတွေ သိမ်းပိုက်ခံနေရပြီး အကျအဆုံးများပြားနေတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့၊ မိသားစုဝင်တွေကို ဖျော်ဖြေဖို့ အနုပညာရှင်တွေ ရှေ့တန်းထွက်ဖျော်ဖြေရမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောလိုက်ပါတယ်။

ရုပ်ရှင်လောကသားတွေအနေနဲ့ အဆိုပါလုပ်ရပ်တွေအပေါ် လက်မခံ ကြောင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြသူတွေဆီ စာရေးသား ပေးပို့တာ၊ သဝဏ်လွှာပေးပို့တာ၊ ကူညီထောက်ပံ့မှုတွေပေးတာမျိုးတွေကို ပြုလုပ်ပေးရမယ်လို့လည်း ပြောပါတယ်။
#DVB #news #အနုပညာရှင် #ရှေ့တန်းစခန်း #စစ်ကောင်စီ


https://burmese.dvb.no/post/623677
ငါတို့လုံချည်၊ ငါတို့အောင်ပွဲဆိုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့တယ်လို့ YANGON REVOLUTION FORCE - YRF က ဒီနေ့ ဓာတ်ပုံတွေကို ထုတ်ပြန် လာပါတယ်။
သရုပ်ဆောင် မြတ်နိုးအေး၊ သရုပ်ဆောင် ပိုင်ဖြိုးသု၊ မစ္စတာရှောင်တာနယ်၊ ဒေါက်တာတေဇာဆန်း၊ ရက်ပါအဆိုတော် သဇင်ညွန့်အောင်၊ အီဂေါဗလာဇီဗစ် စတဲ့ မြန်မာနိုင်ငံနဲ့ ဩစတြေးလျ၊ ယူကရိန်း၊ အမေရိကန်နဲ့ ချက်နိုင်ငံ တို့က တက်ကြွ လှုပ်ရှားသူတွေ ပါဝင်ခဲ့ကြပါတယ်။
#DVB #News #Photo #ငါတို့လုံချည် #ငါတို့အောင်ပွဲ #စစ်အာဏာရှင် #ဆန့်ကျင်ရေး #လှုပ်ရှားမှု #YRF
ပေါက်တောပြင် ဗျူဟာကုန်းကို အေအေမီးရှို့၊ ပခုက္ကူတွင် စစ်ယာဥ်တန်းတိုက်ခိုက်ခံရ၊ မြိုင်ရဲဒုတပ်ကြပ်တဦး အလင်းဝင်
======================

DVB
November 14, 2023

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ပေါက်တောပြင် တောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို နိုဝင်ဘာ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

#DVB #News #Photo #ပေါက်တောပြင် #ဗျူဟာကုန်း #အေအေ #မီးရှို့ #ပခုက္ကူ #စစ်ယာဉ်တန်း #တိုက်ခိုက်ခံရ #ရဲဒုတပ်ကြပ် #အလင်းဝင်

သတင်းအပြည့်အစုံ 👇👇👇
ကြံ့ခိုင်ရေးပါတီက ကိုရီးယားကိုပို့ပေးမယ်ဆိုပြီး တရားမဝင် အလုပ်သမားစုဆောင်းနေ
======================

DVB
November 19, 2023

USDP ပါတီ အတွင်းသတင်းအရင်းအမြစ်တဦးက "ဘူးလက်လှဆွေက ကိုရီးယား-မြန်မာချစ်ကြည်ရေးဥက္ကဋ္ဌ နဲ့ ဆွေးနွေးပြီး ဒီကိစ္စအကောင်အထည်ဖော်နေတာ၊ သွားချင်တဲ့ အလုပ်သမားတွေကို ရက်တိုသင်တန်းတက်ခိုင်းနေတာတွေ လုပ်နေတာ" လို့ ပြောပါတယ်။

"ပထမအရစ် ၁၅ သိန်း သွင်းခိုင်းတယ်။ တချို့က သင်တန်းကြေးလောက်ပဲ သွင်းထားကြသေးတယ်။ ဆက်သွင်းဖို့က အခြေအနေက ဘာမှန်းမသိသေးလို့။"

#DVB #News #Photo #ကြံ့ခိုင်ရေးပါတီ #ကိုရီးယား #အလုပ်သမား #တရားမဝင် #စုဆောင်း

သတင်းအပြည့်အစုံ 👇👇👇
ရေတာရှည်တိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးအပါအဝင် ၄၀ ကျော်သေဟု NUG ပြော
====================

DVB
November 19, 2023

ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ထိ တွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ခလရ (၈၄) က ဗိုလ်ကြီး လှမျိုးသူ အပါအဝင် အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

#DVB #News #Photo #ပဲခူးတိုင်း #ရေတာရှည်တိုက်ပွဲ #စစ်ကောင်စီ #ဗိုလ်ကြီး #သေဆုံး #NUG

သတင်းအပြည့်အစုံ 👇👇👇
မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် တက်တူးထိုး ရန်ပုံငွေရှာ ကမ်ပိမ်း လှုပ်ရှားမှု ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

#DVB #News #Photo #စစ်ဘေးရှောင် #နိုင်ငံရေးအကျဉ်းသားများ #တက်တူး #ရန်ပုံငွေရှာကမ်ပိန်း #ထိုင်းနိုင်ငံ #မဲဆောက်
ဂျပန်နိုင်ငံ၊ အီရှိကာဝါစီရင်စုအနီးမှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၁ ရက် ဒီနေ့ ညနေ ၄ နာရီကျော်လောက်က ရစ်ချ်တာ စကေး ၇ ဒသမ ၆ အဆင့်ရှိ အင်အားပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်ပြီးနောက် မီးလောင်မှုနဲ့ အပျက်အစီးများမြင်ကွင်း။ ( ဓာတ်ပုံ)
Photo- Reuters

#DVB #ဂျပန် #မြေငလျင်
ပြည်မြို့၌ စစ်မှုထမ်းခိုင်းရန် အိမ်ထောင်စုစာရင်းများ လိုက်လံစစ်ဆေးပြီး စာရင်းကောက်နေ
======================

DVB
February 12, 2024

မြို့ခံတဦးက "အိမ်မှာတော့ ကျနော်အပါအဝင် ယောကျ်ားလေး သုံးယောက်ရှိတာ။ သားကြီးက စာရင်းထဲပါသွားတယ်။ သားငယ်က အသက်မပြည့်သေးတော့ စာရင်းထဲ အထည့်မခံရဘူး။ စာရင်းပါထားတော့ ဘာဆက်လုပ်ရမလဲ မသိသေးဘူး၊ အခြေအနေကို စောင့်ကြည့်နေတာ။ စစ်ထဲတော့ မရောက်အောင် တခုခုတော့ လုပ်ရမှာပေါ့" လို့ ဒီဗွီဘီကို ပြောပါတယ်။

#DVB #News #Photo #ပြည်မြို့ #စစ်မှုထမ်းခိုင်း #အိမ်ထောင်စုစာရင်း #လိုက်လံစစ်ဆေး #စာရင်းကောက်

သတင်းအပြည့်အစုံ 👇👇👇
စစ်မှုထမ်းသူများကို လစာနှင့် ရိက္ခာပေးမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း စည်းရုံး

DVB

"၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ကျနော်တို့နိုင်ငံမှာ စစ်မှုထမ်းဥပဒေနဲ့ကိုက်ညီတဲ့ အမျိုးသား ၆.၃ သန်း အမျိုးသမီး ၇.၇ သန်းရှိတယ်၊ အာလုံးပေါင်းရင် ၁၃ သန်းကျော်ရှိတယ်။ အဲ့ဒီထဲက လိုအပ်သလောက် တာဝန်ထမ်းဆောင်ခိုင်းမှာ။ ဆေးစစ်တဲ့ ကုန်ကျစရိတ်၊ လစာရိက္ခာအပြင် လိုအပ်တာတွေပေးမယ်။"
https://burmese.dvb.no/archives/638455
#DVB #News #Photo #စစ်မှုထမ်း #လစ#ရိက္ခာ #ဗိုလ်ချုပ်ဇော်မင်းထွန်း #စည်းရုံး
မံစီတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ ကလေးအပါအဝင် ၆ ဦးခန့်သေဆုံး
=====================

DVB
February 18, 2024

“ရွာသားတွေ ပိတ်မိနေတာတွေ အများကြီးပဲ။ ရွာ ရဲ့ ၃ မိုင်ပတ်လည်အထိ ဘယ်သူမှဝင်လို့ မရဘူး။ စာသင်ကျောင်းတွေ၊ အိမ်တွေ ပျက်စီးကုန်တယ်လို့ သိရတယ်။ စစ်တပ်က တိုက်လေယာဉ်နဲ့ တအုံးအုံး အကြိမ်ရေ ၃၀ တောင် မကလောက်ဘူး၊ လာကြဲနေတာ။ ကလေး ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး သေတယ်လို့ ပြောကြတယ်။ လူမှုကူညီရေးအသင်းကကားတွေလည်း မဝင်ရဲဘူး၊ တိုက်ပွဲကပြင်းထန်နေတာ။ အဲနားကနီးတဲ့ ရွာတွေ တောတွေထဲ ပုန်းနေရပါတယ်” လို့ ကူညီဆောင်ရွက်နေသူတဦးက ပြောပါတယ်။

#DVB #News #Photo #ကချင်ပြည်နယ် #မံစီ #KIA #PDF #စစ်ကောင်စီ #တိုက်ပွဲပြင်းထန် #သေဆုံး

သတင်းအပြည့်အစုံ 👇👇👇
စစ်မှုထမ်းဥပဒေအသက်ဝင်ပြီးနောက် ကိုရီးယားရာသီချိန်လုပ်သား လိမ်လည်မှု ပိုများနေ
======================

DVB
February 18, 2024

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်ပြီးနောက် ကိုရီးယားကို ​ရာသီချိန်လုပ်သားစေလွှတ်မယ်ဆိုတဲ့ လိမ်လည်မှုတွေ ပိုများလာနေတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက "ကိုရီးယားကိုအမြန်သွားရမယ်။ အမြန်ကြေးတော့ရှိတယ်ဆိုပြီး လုပ်နေကြတာ။ စစ်မူထမ်းအမိန့် ထွက်ပြီးတော့ ပိုတောင်မက်လုံးပေးလို့ ကောင်းသွားတယ်။ အခုဆို ထပ်ပြီး အလိမ်ခံနေရတဲ့သူတွေလည်း မနည်းဘူး။ လိမ်နေတာပါလို့ပြောလည်း လက်မခံကြဘူး" လို့ ပြောပါတယ်။

#DVB #News #Photo #စစ်မှုထမ်းဥပဒေ #အသက်ဝင် #ကိုရီးယား #ရာသီချိန်လုပ်သား #လိမ်လည်မှု

သတင်းအပြည့်အစုံ 👇👇👇
မြို့နယ် ၂၁ မြို့က စစ်မှုထမ်းဥပဒေ ထောက်ခံပွဲပါသူများစာရင်း စစ်တပ်ကို ပေးပို့ရ
=====================

DVB
February 19, 2024

မြိုခံတဦးက "ကျနော်တို့က ထောက်ခံပွဲကို အင်အားလာဖြည့်တာ၊ ဒီလိုစာရင်းကောက်တော့ တကယ်စစ်မှုထမ်းရမယ်ဆို ကိုယ်တွေက အရင်ထမ်းဆောင်ရမဲ့ ပုံစံဖြစ်နေတယ်။ ဥပဒေအတိုင်း အလှည့်ကျသွားရင်တော့ ကောင်းတာပေါ့။ တပ်ကိုထောက်ခံတိုင်း တပ်ထဲဝင်ချင်လို့မှမဟုတ်တာ။"
ပြည်ထဲရေးနဲ့နီးစပ်သူတဦးက "တပ်ထောက်ခံသူတွေကို စာရင်းပြုစုခိုင်းတာ စံပြအနေနဲ့ စစ်မှုထမ်းခိုင်းဖို့ ရည်ရွယ်တာ။ သူတို့က တကယ်တပ်မတော်ကို ချစ်တဲ့သူတွေဆိုတော့ အခြားသူတွေထက် ပိုပြီး တပ်ရဲ့အခက်အခဲကို နားလည်တာကြောင့် စာရင်းကောက်တာ။ မြို့နယ်အတော်များများ စာရင်းကောက်ပြီးပြီ။"

#DVB #News #Photo #စစ်မှုထမ်းဥပဒေ #ထောက်ခံပွဲ #စာရင်း #ပေးပို့

သတင်းအပြည့်အစုံ 👇👇👇
ကိုရီးယားသို့ ရာသီချိန်လုပ်သားပို့ရန် ငွေယူထားသူအချို့ တရားစွဲခံနေရ
======================

DVB
February 24, 2024

ကိုယ်တိုင်ငွေလိမ်ခံထားရသူတယောက်က “အသိထဲကတချို့ ရဲစခန်းမှာ အမှုဖွင့်တိုင်တော့ ငွေယူထားတဲ့သူတွေက ညှိတယ်လို့ပြောတယ်။ ငွေတော့ အပြည့်ပြန်မရကြဘူး။ အဲဒီသတင်းကြားတော့ ကိုယ်တွေလည်း ငွေပြန်တောင်းဖို့လုပ်နေတာ။ မရရင် သူတို့လိုပဲ အမှုဖွင့်ရမယ်” လို့ ပြောပါတယ်။

#DVB #News #တောင်ကိုရီးယား #ကြံ့ခိုင်ရေး #အလုပ်သမား #ငွေလိမ် #တရားစွဲ

သတင်းအပြည့်အစုံ 👇👇👇
တရားရုံးလျှို့ဝှက်စာများ ပြင်ပ မပေါက်ကြားရန် စစ်ကောင်စီဥပဒေရေးရာဝန်ကြီး သတိပေး

DVB

တရားရုံးဌာနတွေမှာအစိုးရ လျှို့ဝှက်စာတွေ ပြင်ပမပေါက်ကြားအောင် သတိထားလုပ်ကိုင်ကြဖို့ စစ်ကောင်စီခန့် ဥပဒေရေးရာဝန်ကြီး ဒေါက်တာသီတာဦးက မတ်လ ၂ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ သတိပေးပြောခဲ့တယ်လို့ တရားရေးဝန်ထမ်းတွေဆီက သိရပါတယ်။

“ခြံအမှတ် ၅၄ လေလံတင်တဲ့ စာရွက်ကိစ္စကြောင့် တရားရေးဘက်မှာ အတော်လေး ဂယက်ရိုက်သွားတယ်။ တရားရုံးစာရွက် အပြင်ကို ရောက်တဲ့ကိစ္စကြောင့် လူသိသွားတယ်။ တရားရေးဘက်မှာ ဖရဲသီးတွေရှိနေလို့ အခုလိုဖြစ်တာဆိုပြီး သတိထားဖို့ပြောတာ။”

#DVB #news #တရားရုံးလျှို့ဝှက်စာ #စစ်ကောင်စီ #ဥပဒေရေးရာဝန်ကြီး
မြောက်ဥက္ကလာပ ရပ်ကွက်ရုံးများတွင် သတိပေးစာကပ်ခံရပြီး အုပ်ချုပ်ရေးမှူးများ နုတ်ထွက်
======================

DVB
March 27, 2024

မြောက်ဥက္ကလာပမြို့ခံတယောက် “စစ်မှုထမ်းကိစ္စကြောင့်ပါပဲ၊ စာကပ်သွားတဲ့ ရုံးက ပိတ်ထားတာ ကြာပြီ။ ဧည့်စာရင်းဆို ဓမ္မာရုံ‌မှာပဲ သွားတိုင်ရတာ၊ ရုံးတံခါးအဝင်အဝမှာ စာရေးပြီး လာကပ်သွားတာ။ စာထဲမှာ ခင်ဗျား မိန်းမ မုဆိုးမ မဖြစ်ချင်ရင် နုတ်ထွက်ပါလို့ ပါတယ်။ ဥက္ကဋ္ဌက စာမြင်ပြီး သတိလစ်နေတာ ၂ ရက်လောက်ရှိပြီ အခု မေဓါဝီဆေးရုံမှာ” လို့ ပြောပါတယ်။

#DVB #News #Photo #မြောက်ဥက္ကလာပ #ရပ်ကွက်ရုံး #သတိပေးစာကပ် #အုပ်ချုပ်ရေးမှူးများ #နုတ်ထွက်

သတင်းအပြည့်အစုံ 👇👇👇
ပန်းတနော်တွင် စစ်မှုထမ်းမည့်သူများကို ထောက်ပံ့ရန် တအိမ် ငွေ ၁၀,၀၀၀ ကောက်ခံနေ
======================

DVB
March 29, 2024

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကျုံလမ်းကျေးရွာအုပ်စုက စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ဖို့အတွက်ဆိုကာ တအိမ်ကို ငွေကျပ် ၁၀,၀၀၀ အထိ ကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#DVB #News #မြန်မာသတင်း #ပန်းတနော် #ထောက်ပံ့ #စစ်မှုထမ်းမည့်သူ

သတင်းအပြည့်အစုံ 👇👇👇
ရန်ကုန်-ဧရာဝတီ အဝေးပြေးယာဉ်စီးခ မြင့်တက်နေသဖြင့် ခရီးသွားများ အခက်ကြုံ
======================

DVB
April 5, 2024

“သင်္ကြန်မတိုင်မီ အရင်လတွေက လိုင်းကားခတွေက နှစ်ခုံစာကို ငွေကျပ် ၅,၀၀၀ ပဲ ရှိတာပါ။ အဲဒီကနေ မတ်လထဲမှာ နှစ်ခုံစာကို ငွေကျပ် ၇,၀၀၀ ဖြစ်သွားပါတယ်။ တရိပ်ရိပ်တက်လာရင်း အဲဒီကေန အခုတော့ နှစ်ခုံစာကို အခု ၁၄,၀၀၀ တဲ့။ ကားပေါ်ကို အရင်လို ကုန်ပစ္စည်းတွေလည်း အတင်မခံဘူး။ စစ်ကောင်စီက လုံခြုံရေးကိစ္စကြောင့် တင်းကျပ်ထားလို့တဲ့။”

#ရန်ကုန် #ဧရာဝတီ #အဝေးပြေးယာဉ် #ယာဉ်စီးခ #သင်္ကြန် #မြန်မာသတင်း #DVB #news #myanmar

သတင်းအပြည့်အစုံ 👇👇👇
ဖယ်ခုံတွင် တောင်ယာကပြန်လာသည့် လင်မယား ၂ ဦးကို စစ်တပ်က ပစ်သတ်
======================

DVB
April 24, 2024

“သူတို့က ဖယ်ခုံကပဲ၊ ဗန်းမောက်နဲ့ တောင်ယာသွားတဲ့နေရာမှာ တောလမ်းလေးရှိတယ်။ အဲ့မှာ ဖြစ်တာနေမယ်၊ ကလေးသုံး​ယောက်ကျန်ခဲ့တယ်။ ကလေးတွေက ၁၄ နှစ်အောက်လေးတွေ၊ အန်တီတို့နဲ့က တလမ်းကျော်ပဲနေတာ၊ စစ်မရှောင်ခင်ကပေါ့။”

#DVB #News #Photo #ဖယ်ခုံ #တောင်ယာ #လင်မယား #စစ်တပ် #ပစ်သတ်
အလိုမတူဘဲစစ်မှုထမ်းနေရသည့် ရှေ့တန်းရောက်လူငယ်များကို ကူညီပေးမည်ဟု NUG ပြော

ဝေဝေ
DVB

“တကယ်တော့ စစ်မှုမထမ်းမနေရဥပဒေဆိုပြီး သတ်မှတ်ထားပြီးတော့ မတရားသဖြင့် စစ်မှုထမ်းခိုင်းတယ်၊ ဒီလိုကိစ္စရပ်တွေမှာ ကျနော်တို့ ထွက်လာနိုင်ဖို့ နည်းလမ်းတွေ ဖန်တီးထားတယ်။ အဲဒီလိုကြားထဲမှာ ရှေ့တန်းဘာညာရောက်လာခဲ့ရင် ဆက်သွယ်ပြီး ထွက်လာနိုင်ဖို့ ကျနော်တို့ လုပ်ပေးပါတယ်။ သို့သော် တခုရှိတာကတော့ ယူနီဖောင်းလည်း ဝတ်ထားတယ်၊ လက်နက်လည်း ကိုင်ထားတယ်၊ စစ်ရေးပစ်မှတ်လည်း ဖြစ်တယ်ဆိုရင်တော့ ဘယ်သူဘယ်ဝါဆိုတာ တကယ့်တိုက်ပွဲထဲမှာ ခွဲခြားဖို့ ခက်ပါတယ်။ ကျနော်တို့ဘက်ကတော့ ထွက်လာဖို့အတွက်ကို အမြဲတမ်းအခွင့်အရေးလုပ်ပေးသွားမယ်၊ ဘယ်လိုမှ အဆင့်ဆင့် ထွက်ဖို့ ကြိုးစားခဲ့တာ မအောင်မြင်ဘူး၊ စစ်မြေပြင်ရောက်တဲ့အထိ စစ်ကောင်စီရဲ့ လက်အောက်ကနေ ထွက်နိုင်ဖို့ ဖန်တီးပေးသွားမှာတွေ ရှိမယ်။”

#DVB #News #မြန်မာသတင်း #စစ်မှုထမ်း #လူငယ် #NUG

https://burmese.dvb.no/archives/650617