MSI - MYANMAR SECRET INFORMATIONS
27.1K subscribers
88.4K photos
3.4K videos
135 files
16.2K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
ထိုင်းနယ်စပ်ကတစ်ဆင့် မြန်မာပြည်သူတွေကိုကူညီနိုင်ရေး အမေရိကန်နဲ့ထိုင်းဆွေးနွေး

#ထိုင်းနယ်စပ်
#ကူညီနိုင်ရေး
#အမေရိကန်#ထိုင်း
#ဆွေးနွေး
#DeltaNewsAgency

ထိုင်းနဲ့အမေရိကန် ပူးပေါင်းပြီး မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးနိုင်မယ့် အလားအလာကို နှစ်နိုင်ငံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ဆက်လက်ဖတ်ရှုရန် »
https://deltanewsagency.com/9585/

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ ထိုင်းနိုင်ငံကို အောက်တိုဘာ ၁၈ ရက်ကနေ၁၉ ရက်နေ့အထိရောက်ရှိခဲ့ပြီး ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ပြီး အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲလည်းဖြစ်တဲ့ Don Pramudwinai နဲ့မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ယမန်နေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်း လင်းပွဲမှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဌာနပြောခွင့်ရ Tanee Sangrat က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကတဆင့် မြန်မာပြည်သူတွေကို ကူညီဖို့ အမေရိကန်နဲ့ ထိုင်းစဉ်းစားသုံးသပ်နေတယ်လို့လည်း ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာနေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဉီးက စက်တင်ဘာ၂၇ရက်နေ့၊အမေရိကန်နိုင် ငံခြားရေးဝန်ကြီးနဲ့ထိုင်းဒုဝန်ကြီးချုပ်တို့ ဝါရှင်တန်မှာတွေ့ဆုံပြီးနောက်ပိုင်း ထိုင်းနိုင်ငံ၊မဲဆောက်ရောက်နေတဲ့ မြန်မာအရေးလှုပ်ရှားသူတွေဟာ နေရထိုင်ရအဆင်ပြေလာတယ်လို့ ပြောပါတယ်။

‘အရင်တုန်းက လုံခြုံရေးတင်းကျပ်တယ်၊အပြင်ထွက်ရင် ထိုင်းရဲတွေက ဖမ်းတယ်။ ဝါရှင်တန်ဆွေးနွေးပွဲနောက်ပိုင်း မှာ မဲဆောက်မြို့ပေါ်မှာ သွားရလာရအဆင်ပြေလာတယ်။အခုအမေရိကန်အစိုးရကိုယ်စားလှယ်က ထိုင်းကိုလာ ပြီးဆွေးနွေးတယ်ဆိုတော့ မဲဆောက်မှာ နေရတာပိုချောင်ချိလာမယ်ထင်တယ်’လို့ သူကပြောပါတယ်။

မြန်မာအရေးလှုပ်ရှားသူတွေ ထိုင်းနယ်စပ်မှာနေထိုင်ရအဆင်ပြေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက အမေရိကန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့နီးစပ်သူတစ်ဦးကပြော ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ရဲ့အရှေ့တောင်အာရှ သုံးနိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံ‌ခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ ယမန်နေ့က ဆွေးနွေးခဲ့ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးနဲ့ မြန်မာနိုင်ငံလို ဒေသတွင်းကပေါ်ပေါက်နေတဲ့ ပြဿနာတွေမှာ ပူးပေါင်းဆောင်ရွက်ရေး ကို ဆွေးနွေးခဲ့ကြတယ်လို့ Derek Chollet က သူ့ရဲ့တွစ်တာမှာရေးသားထားပါတယ်။

ပင်လယ်ရပ်ခြားမှာ ရှိတဲ့ စစ်အုပ်စုရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို ကန့်သတ်ဖို့ နည်းလမ်းတွေကို စင်ကာပူဗဟိုဘဏ် ဒုအုပ်ချုပ်မှုဒါရိုက်တာ Ms. Ho Hern Shin နဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
ဆန်ကိုအဓိက စားသုံးတဲ့ မိမိတို့နိုင်ငံအနေနဲ့ အခြားသောလိုအပ်တဲ့ အသား၊ငါး တွေကို ယှဉ်တွဲစားသုံးပေးဖို့ လိုအပ်တယ်လို စစ်ခေါင်းဆောင်ပြော

ရန်ကုန်၊နိုဝင်ဘာ(၁)

ဆန်ကိုမိရိုးဖလာအနေနဲ့ အဓိကထားပြီး စားသုံးနေပေမယ့် အချို့နေရာတွေမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရကို ပြည့်ပြည့်ဝဝ မရတာ တွေရှိပါတယ်။ ဒါကြောင့် ဆန်စားသုံးမှုကို အနည်းငယ်လျှော့ချပြီးတော့မှ တခြားလိုအပ်တဲ့ အသားတို့၊ ငါးတို့ ဟင်းသီးဟင်းရွက်တို့ ဒါတွေကို ထိုက်သင့်သလို ရရှိအောင် ဖြည့်ဆည်းဆောင်ရွက် စားသွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ ကျန်းမာရေး အတွက်လည်း များစွာ အထောက်အကူရမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

စစ်တပ်ကနိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့တာ (၉)လပြည့်တဲ့ ဒီနေ့ည(၈) နာရီမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ကမြန်မာပြည်သူတွေကို မိန့်ခွန်းပြောကြားချိန်မှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

" ပြည်သူတွေကို တိုက်တွန်းလိုတာ တစ်ခု ရှိပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ ကျွန်တော်တို့ စားသုံးမှု ပုံစံ ပြောင်းလဲရေးပဲ ဖြစ်ပါ တယ်။ ကျွန်တော်တို့နိုင်ငံက မိရိုးဖလာအားဖြင့်တော့ ဆန်ကို အဓိကထားပြီး စားတာ ဖြစ်ပါတယ်။ အချို့ နှစ်နှပ် စားတာရှိတယ်။ အချို့ သုံးနှပ် စားတာရှိပါတယ်။ အဲ့ဒီတော့ ဆန်ကို အဓိကထားပြီး စားတဲ့အတွက်ကြောင့် ဆန်ကနေရတဲ့ အာဟာရကတော့ ပိုပြီး ရှိပါ တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့က ဗိုက်ဝဖို့ကို အဓိကဆိုပြီး စားတဲ့အတွက် ကြောင့် အချို့နေရာတွေမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရကို ပြည့်ပြည့်ဝဝ မရတာ တွေ ရှိပါတယ်။ ဒါကြောင့် ဆန်စားသုံးမှုကို အနည်းငယ်လျှော့ချပြီးတော့မှ အခြား လိုအပ်တဲ့ အသားတို့၊ ငါးတို့ ဟင်းသီးဟင်းရွက်တို့ ဒါတွေကို ထိုက်သင့်သလို ရရှိ အောင် ဖြည့်ဆည်းဆောင်ရွက် စားသွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ ကျန်းမာရေး အတွက်လည်း များစွာ အထောက်အကူရမယ်လို့ ကျွန်တော် တွေ့မိပါတယ်" လို့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စိုက်ပိုး မွေးမြူရေးနဲ့ ပတ်သက်ပြီး "ကျွန်တော် တို့နိုင်ငံဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး အဓိကထားတဲ့နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဆီမှာ စားရေရိက္ခာ အခြေခံအားဖြင့် ရှိပြီးသားဖြစ်ပါတယ်။ ဒါတွေ ပေါများအောင်လည်း ကျွန်တော့်ရဲ့ ရည်မှန်းချက်အတိုင်း ကြိုးစားဆောင်ရွက်လျက်ရှိ ပါတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က တစ်အနေနဲ့ တစ်နိုင်ငံလုံး သာယာဝပြောမှု ရှိရမယ်။ နှစ်အနေနဲ့ကတော့ စားရေရိက္ခာပေါများရမယ် ဆိုပြီးရည်ရွယ်ပြီး ဆောင်ရွက် နေတာရှိပါတယ်။ ဒါကြောင့် ဒီစိုက်ပျိုးရေးနဲ့ မွေးမြူရေး ထုတ်ကုန်တွေကို ဒီထက်ပိုပြီး တော့ထွက်အောင်လို့ နိုင်ငံတော်အစိုးရအနေနဲ့ နည်းလမ်းပေါင်းစုံကနေ ကူညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်" လိုစစ်ခေုင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။

လက်ရှိရင်ဆိုင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး " နိုင်ငံသူ၊ နိုင်ငံသားတွေ တိုင်းပြည်ကို ချစ်စိတ်နဲ့ ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် မရစရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ အပေါ်မှာလည်း နိုင်ငံရေးအရပေါ့ဗျာ။ ဝေဖန်မှုတွေ မျိုးစုံ၊ ကန့်သတ်မှုတွေ မျိုးစုံနဲ့ ကြုံနေရတဲ့ ကာလဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသားများဟာ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတဲ့ စကား အတိုင်းပဲ ကိုယ့်အားကိုယ် ကိုးပြီးတော့မှ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာရှိတဲ့အတွက် ကြောင့် ပြည်သူတွေရဲ့အားကို အားကိုးပြီးတော့မှ ဆောင်ရွက်သွားမယ် ဆိုလို့ရှိရင် နိုင်ငံအတွက် များစွာကို တိုးတက် ပြောင်းလဲမှုရှိနိုင်တယ်ဆိုတာ ကျွန်တော် အပြည့် အဝယုံကြည်တယ်လို့" စစ်ခေါင်းဆောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

#စစ်ခေါင်းဆောင်_C8News #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်_C8News #အသား_C8News #ငါး_C8News #ဟင်းသီးဟင်းရွက်_C8News #ဆန်_C8News
MSI - MYANMAR SECRET INFORMATIONS
Photo
ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ရတကသ အလုပ်အမှုဆောင် ကိုအောင်ဖုန်းမော် တက်ရောက်ဟောပြော

မတ် ၃၊ ရတကသ

ထိုင်းနိုင်ငံ လွှတ်တော်မှာ မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်ဖုန်းမော် တက်ရောက် ဟောပြောခဲ့ပါတယ်။

“အာဏာသိမ်းပြီး သုံးနှစ်အကြာ” လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီဆွေးနွေးပွဲကို ထိုင်းအတိုက်ခံပါတီဖြစ်တဲ့ Move Forward ပါတီက ဦးဆောင်ကျင်းပခဲ့တာပါ။

"တခြားကမ္ဘာ့နေရာ တော်တော်များများက လူငယ်တွေ လွယ်လွယ်ကူကူ ရနေကြတဲ့အခွင့်အရေးတွေကို မြန်မာပြည်က လူငယ်‌တွေက ခက်ခက်ခဲခဲကြီး တိုက်ယူနေကြရတယ်။ ဒီအကြောင်းတွေကို ဆွေးနွေးပွဲတက်ရောက်သူတွေ သိအောင် အဓိကထား ပြောခဲ့ပါတယ်။" လို့ ကိုအောင်ဖုန်းမော်က ပြောပါတယ်။

"ဂုဏ်သိက္ခာမရှိ အနာဂတ်မရှိတဲ့ ဘဝနဲ့ နေမယ့်အစား လူငယ်‌တွေဟာ အမှန်တရားအတွက် ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ အသက်တွေနဲ့ အလဲအထပ်လုပ်နေရတယ်။"

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အပါအဝင် ၊ ဗဟိုပြည်မအုပ်ချုပ်ရေးစနစ်၊ ဗမာ/ဗုဒ္ဓ လူမျိုးကြီးအတွေးအခေါ်တွေနဲ့ တိုင်းပြည်ကို စုစည်းလို့မရနိုင်တော့ကြောင်းကိုလည်း အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်း လက်ရှိအခြေအနေများ နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြေရှင်းရာမှာ ဒီမိုကရေစီကို ပံ့ပိုးကူညီနိုင်မယ့် နည်းလမ်းများကို ရှာဖွေဆွေးနွေးဖို့ ထိုင်းနိုင်ငံ လွှတ်တော်ထဲမှာ နှစ်ရက်တာကြာမြင့်တဲ့ ဆွေးနွေးပွဲကို မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ကျင်းပ ပြုလုပ်ခဲ့တာပါ။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ပေါင်းပြီးတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပံ့ပိုးပေးမယ့် အစီအစဉ်ဟာ အလုပ်မဖြစ်နိုင်ဘူးလို့လည်း ကိုအောင်ဖုန်းမော်က သုံးသပ်ပါတယ်။

"စစ်မှုထမ်းဥပဒေကြေညာပြီး လူသားချင်းစာနာ‌ထောက်ထားမှု အကျပ်အတည်းကို ပိုဆိုးအောင်လုပ်နေတဲ့ စစ်တပ်နဲ့ပေါင်းပြီးတော့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးကြမယ်ဆိုတဲ့ဟာက အလုပ်မဖြစ်နိုင်ဘူး"

မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုများကို ပံ့ပိုးနိုင်တဲ့ ဗျူဟာများ ချမှတ်ဖို့ အဲဒီဆွေးနွေးပွဲက ရည်ရွယ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲနဲ့အတူ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်ခဲအမျိုးမျိုးကို ထင်ဟပ်စေနိုင်မယ့် အနုပညာပြခန်း တခုကိုလည်း ထည့်သွင်းပြသခဲ့ပါတယ်။

နှစ်ရက်တာ ကြာမြင့်တဲ့ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံလွှတော်ရဲ့ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျုဟာ နဲ့ ပြုပြင်ပြောင်းလဲရေးကော်မတီနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

#Oway #UYSU #ABFSU #Thailand #Parliament #ရတကသ #ဗကသ #ထိုင်း #လွှတ်တော် #မြန်မာ့အရေး #ဆွေးနွေး