MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
အကြိမ်ကြိမ် ဗုံးပေါက်ခဲ့ဖူးတဲ့ အင်းစိန်ဖော့ကန်ရပ်ကွက်ရုံး နောက်တစ်လုံးထပ်ကွဲ ပြန်

#DeltaNewsAgency

သတင်းအပြည့်အစုံမှာ👇
မိုးညှင်းမှာ လေပြင်းတိုက်ခတ်မှုလို့ လူနေအိမ် ၁၅ လုံးပျက်စီး

#ကချင်ပြည်နယ်
#မိုးညှင်း
#DeltaNewsAgency

သတင်းအပြည့်အစုံမှာ👇
နော်ဝေမှာ ကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ NUG ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ဖိတ်ကြား

#NUG
#မွေးနေ့ပွဲ
#DeltaNewsAgency

ဇွန် ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို နော်ဝေနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး NUG အစိုးရ ၊ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ Froland မြို့တော်ဝန်က ဖိတ်ကြားထားကြောင်း သိရပါတယ်။

သတင်းအပြည့်အစုံမှာ👇
အကြမ်းဖက်စစ်တပ် ထိုင်းကနေပတ်ဝင်ပြီး မော်ခီးစခန်းကို ပြန်သိမ်းမယ်ဆိုတဲ့ ကောလာဟလ အသံဖိုင် ထွက်ပေါ်

#KNU
#မော်ခီးစခန်း
#MilitaryCoupInMyanmar
#DeltaNewsAgency

သတင်းအပြည့်အစုံမှာ👇
ချောင်းဦးမှာ အကြမ်းဖက်စစ်သားတွေမိုင်းဆွဲခံရပြီး ၄၀လောက်သေ

#ချောင်းဦး
#စစ်ကိုင်းတိုင်း
#MilitaryCoupInMyanmar
#DeltaNewsAgency

မန္တလေး-မုံရွာလမ်းမကြီးပေါ် အိမ်စီးကားတွေနဲ့တက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ အသေအပျောက်၄၀လောက်အထိရှိတယ်လို့သိရပါတယ်။

ဧပြီ ၇ ရက်နေ့မနက်၂ နာရီခွဲလောက်မှာ အိမ်စီးကားအသေး ၃ စီး၊ကန်ဒါကားကြီး၂ စီးနဲ့ ရှေ့ဆုံးကားမီးဖွင့်ပြီး နောက်ကားတွေမီးပိတ်မောင်းလာတဲ့အကြမ်းဖက်စစ်ယာဉ်တန်းဟာ ချောင်းဦးမြို့နယ်၊နတ်ရေကန်နဲ့ ငါးယှန်ကြား အရောက် ကန်ဒါကား၂စီးမှာ PDF တွေထောင်ထားတဲ့ ပဒေသာမိုင်း၁၆လုံးထိမှန်ကာ ကားနှစ်စီးစလုံးပျက်စီး သွားခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အကြမ်းဖက်စစ်သားတွေမိုင်းထိပြီးသေဆုံးတဲ့အရေအတွက်ကို ရွာခံတွေကပြောလို့သိရခြင်းဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြောင်၊ချောင်းဦးနဲ့မြင်းမူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆ဖွဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် ပြီးအမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)က ပဒေသာမိုင်းတွေပံ့ပိုးကူညီခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြောင်မြို့နယ် ပရိမ္မကျေးရွာမှာရှိတဲ့ PDFစခန်းတစ်ခု စီးနင်းခံရ

#မြောင်
#PDF
#MilitaryCoupInMyanmar
#DeltaNewsAgency

သတင်းစုံ 👇🏻
နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကိုကူညီဖို့ ကန်-တောင်ကိုးရီးယား ပူးတွဲထုတ်ပြန်

#DeltaNewsAgency

နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို ကူညီဖို့ အမေရိကန်-တောင်ကိုးရီးယား ပူးတွဲ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲအပြီး မေလ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ပူးတွဲကြေညာချက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden)နဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ရိုး (Yoon Suk-yeol) တို့က တောင်းဆိုလိုက်ကြတယ်လို့ RFA ကဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့လည်း နိုင်ငံတကာကို တောင်းဆိုခဲ့ကြပါတယ်။

အရပ်သားတွေကို အကြမ်းဖက်တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ အကန့်အသတ်မရှိ ပေးခွင့်ပြုဖို့နဲ့ ဒီမိုကရေစီစနစ် ပြန်ဖော်ဆောင်ဖို့အမေရိကန်-တောင်ကိုးရီးယားပူးတွဲကြေညာချက်မှာ တောင်းဆိုခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးနေတဲ့ အမေရိကန်နဲ့တောင်ကိုးရီးယား နှစ်နိုင်ငံခေါင်း ဆောင်တို့ရဲ့ ဆွေးနွေးပွဲမှာ မြန်မာ့အရေးထည့်သွင်းဆွေးနွေးကြတဲ့အပေါ် ကျေနပ်စရာကောင်းပေမဲ့ လက်တွေ့ကျတဲ့ဖိအားမျိုး ဖြစ်လာစေချင်တယ်လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြော ပါတယ်။

‘မြန်မာ့အရေးဟာ ဘယ်နေရာမှာမဆို မပါမဖြစ်ပါနေတဲ့အစ်ဆူးတစ်ခု ဖြစ်နေတာ ကောင်းပေမဲ့ ပြောနေကျစကားကို ပြောတာထက်ပိုတဲ့ လက်တွေ့ကျတဲ့ အကူအညီမျိုးမဟုတ်ဘူးဖြစ်နေတယ်’လို့သူကပြောပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ဟာ မေလ ၂၀ ကနေ ၂၂ ရက်ထိ တောင်ကိုရီးယားနိုင်ငံကိုသွားရောက်ခဲ့ပြီး အခုဂျပန်နိုင်ငံကို ရောက်နေပါတယ်။
ရုရှားကို ဖယ်ထုတ်ပြီး မိန့်ခွန်းထဲမှာ G20 အစား G19 လို့ သုံးနှုန်းခဲ့တဲ့ ယူကရိန်း သမ္မတ

#G20
#ရုရှား
#ယူကရိန်း
#DeltaNewsAgency

ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားစု နိုင်ငံတွေ စုဖွဲ့ထားတဲ့ G20 အဖွဲ့မှာ ရုရှားကို ဖယ်ထုတ်ပြီး G19လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရည်ညွှန်း သုံးနှုန်းခဲ့ပါတယ်။

ကိယက်ဗ်မှာ ရှိနေတဲ့ ဇီလန်စကီးဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့မှာ G20 ညီလာခံ တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေဆီ ရည်ညွှန်းတဲ့ ဗီဒီယို မိန့်ခွန်းမှာ စစ်ပွဲ ရပ်တန့်ရေး ဝိုင်းဝန်း အကူအညီပေးဖို့ ပန်ကြား တောင်းဆိုခဲ့ပါတယ်။

Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://deltanewsagency.com/24551/
စစ်ကောင်စီက အနည်းဆုံးလုပ်ခကို ဟန်ပြသာ ပြင်ဆင်နိုင်တယ်လို့အလုပ်သမားအရေး လှုပ်ရှားသူတွေပြော

#DeltaNewsAgency

စစ်ကောင်စီက ပြင်ဆင်သတ်မယ်ဆိုပြီး ပြောနေတဲ့ အနည်းဆုံးအခကြေးငွေနူန်းထား အသစ်ဟာ ဟန်ပြ သက်သက်သာဖြစ်လာဖို့ရှိပြီး အလုပ်သမားတွေလိုလားတဲ့ပမာနဲ့ အများအပြားကွာဟ လျော့နည်းနေနိုင်တယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက သုံးသပ်ပြောဆိုကြပါတယ်။

စစ်ကောင်စီခန့်အလုပ်သမားဝန်ကြီးက တတိယမြောက်အနည်းဆုံးအခကြေးငွေသတ်မှတ်ဖို့စီစဥ်နေတယ်လို့ နိုဝင်ဘာလကုန်ပိုင်းမှာ ထုတ်ဖော်ပြောကြားထားတာပါ။

အဲဒီသတ်မှတ်မယ့်နှုန်းဟာ အခြေခံအလုပ်သမားထုရဲ့ ဆန္ဒကိုယ်စားပြုမှုပါဝင်ဖို့ အလားအလာမရှိဘဲ အလုပ်ရှင် တွေက ပေးနိုင်မယ့်အနည်းဆုံးပမာဏတစ်ခုသာ ဖြစ်လာမယ်လို့ မြန်မာနိုင်ငံစက်မှု လက်မှုနဲ့ ဝန်ဆောင် မှုလုပ် ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)တာဝန်ရှိသူတဦးကသုံးသပ်ပါတယ်။

"အရင် အလုပ်သမားအဖွဲ့တွေက တောင်းဆိုပြောနိုင်တဲ့ကာလမှာတောင် အလုပ်သမားတွေလိုလားတဲ့နှုန်း မရခဲ့ တာ၊အခုလိုသူတို့သဘောနဲ့လုပ်ချင်သလိုလုပ်နိုင်နေချိန်မှာသိပ်အများကြီးမျှော်လင့်နေလို့မရဘူး"လို့ သူကပြော ပါတယ်။

အခုလို အနည်းဆုံးအခကြေးငွေနူန်းထားအသစ်သတ်မှတ်ဖို့လုပ်တာဟာလည်း နိုင်ငံတကာကို ပုံရိပ် ကောင်း ပြနိုင်ဖို့၊ဖိအားတွေလျော့စေဖို့နဲ့ အလုပ်သမားထုအကြားအုံကြွမှုတွေမဖြစ်လာစေဖို့ ရည်ရွယ်ချက်တွေ ပါဝင်နိုင် တယ်လို့အလုပ်သမားအရေးလှုပ်ရှားသူတွေကဆိုပါတယ်။

အထည်ချုပ်စက်ရုံလုပ်သားတဦးကလည်းအနည်းဆုံးအခကြေးငွေနှုန်းထားတိုးရင် အချိန်ပိုကြေးနဲ့ တခြားရပိုင် ခွင့်တွေတိုးလာမှာဖြစ်ပေမယ့် အများကြီးမျှော်လင့်မထားဘူးဆိုပြီး အနည်းဆုံးလုပ်ခ ပြင်ဆင်မယ်လို့ အသံ လွှင့်တာဟာ စစ်​ကောင်စီကမကြာခင်ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အလုပ်သမားတွေကို စည်းရုံးတာ ဖြစ်နိုင်တယ်လို့လည်းသူကသုံးသပ်ပါတယ်။

"စည်းရုံးတဲ့သဘောဖြစ်လဲအလုပ်သမားတွေက ဒီလောက်ထိဥာဏ်မမဲ့ပါဘူး၊အားလုံးက ခံစားချက်တွေရှိ နေကြတာ။ဘာကျေးဇူးတင်စရာမှမရှိဘူး"လို့ သူကပြောပါတယ်။

အနည်းဆုံးအခကြေးငွေနှုန်းထားကို NLD အစိုးရလက်ထက် ၂၀၁၈ခုနှစ်ကနောက်ဆုံးသတ်မှတ်ခဲ့ပြီး ၂၀၂၀မှာ တတိယအကြိမ်ပြင်ဆင်ရမှာဖြစ်ပေမယ့် COVID-19ရောဂါကြောင့်ပြင်ဆင်နိုင်ခြင်းမရှိသလို အာဏာသိမ်း စစ် ကောင်စီကလည်း အခုမှ ပြင်ဆင်မယ်လို့ ထုတ်ပြောလာတာပါ။

လက်ရှိမှာ အလုပ်သမားတွေဟာ ၂၀၁၈ခုနှစ်ကသတ်မှတ်ခဲ့တဲ့တစ်ရက်လုပ်ခ (၄၈၀၀) ကျပ်ကိုသာရရှိနေကြပြီး နှုန်းထားတိုးပေးဖို့တောင်းဆိုတာတွေရှိနေပါတယ်။ဒါ့အပြင် အဲ့ဒီသတ်မှတ်နှုန်းထားအတိုင်း ခံစားခွင့်မရတဲ့ အ လုပ်သမားတွေလည်း အများအပြားရှိနေပါတယ်။

လက်ရှိမှာ အလုပ်သမားတွေက တစ်ရက်လုပ်ခအနိမ့်ဆုံးကျပ်တသောင်း လောက်အထိရဖို့မျှော်လင့်နေကြပြီး ခေတ် ကာလအခြေအနေအရဖြစ်သင့်တဲ့နူန်းလို့စောင့်ကြည့်သူတွေကဆိုပါတယ်။

ဒါပေမေယ့် စစ်ကောင်စီကသတ်မှတ်မယ့် နူန်းထားအသစ်ဟာအများဆုံး ကျပ် ခုနစ်ထောင် ဝန်းကျင်သာ ဖြစ် နိုင်ပြီး ဒီထက်လျော့နည်းဖို့ အလားအလာများတယ်လို့ အလုပ်သမားအရေးလူပ်ရှားသူ တွေကသုံး သပ်ပါတယ်။

၂၀၂၀ ခုနှစ်က အနည်းလုပ်ခလစာ ပြင်ဆင်ရေးသတင်းတွေထွက်ပေါ်ခဲ့ဖူးပြီး အဲ့ဒီတုန်းက တနေ့လုပ်ခ ကျပ် (၅၆၀၀) သတ်မှတ်မယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။လက်ရှိစစ်ကောင်စီက ပြင်ဆင်မယ့်နှုန်းထားကတော့ (၇၂၀၀)လို့လည်း သတင်းထွက်နေတာကြောင့် အဲ့ဒီနှုန်းထားနှစ်ခုထဲက တခုဖြစ်လာနိုင်တယ်လို့ အလုပ်သမား သမဂ္ဂခေါင်းဆောင်တဦးကပြောပါတယ်။

တည်ဆဲ အလုပ်သမား ဥပဒေတွေအရ အနည်းဆုံးအခကြေးငွေကို နှစ်နှစ်တကြိမ်ပြင်ဆင်ဖို့ ပြဌာန်းထားပေမယ့် ၂၀၁၈ကနှုန်းထားအတိုင်း ငါးနှစ်နီးပါးအထိ ဆက်ရှိနေတာကြောင့် ဥပဒေပါအခွင့်အရေး ဆုံးရှုံးနေတယ်လို့ အ လုပ်သမားတွေက ထောက်ပြကြပါတယ်။

ဒါ့အပြင် လက်ရှိအာဏာသိမ်းကာလအတွင်း အလုပ်သမားတွေနဲ့ အာဏာပိုင်တွေပူးပေါင်းပြီး အလုပ်သမားတွေ အပေါ် ဖိနှိပ်၊ချုပ်ချယ်ကန့်သတ်တာ၊အလုပ်သမားအခွင့်အရေးတွေ လျစ်လျူရှုခံရတာတွေ မြင့်တက်နေပါတယ်။
လူအုပ်ဝါဒ နဲ့ လက်နက်ဝါဒ

#မင်းသေ့
#Article
#DeltaNewsAgency

လက်ရှိ မြန်မာပြည်မှာ ထွန်းကားနေတဲ့ ဝါဒ နှစ်ခုကတော့ — လစ်ဘရယ်ဝါဒလည်း မဟုတ်ဘူး၊ ဒီမိုကရေစီလည်း မဟုတ်ဘူး။ လက်ရှိ မြန်မာပြည်မှာ ထွန်းကားနေတဲ့ ဝါဒ နှစ်ခုကတော့ — လူအုပ်ဝါဒနဲ့ လက်နက်ဝါဒသာ ဖြစ်တယ်။ ဘက်အသီးသီးဟာ — “ငါတို့သည် ဓမ္မဘက်တော်သားများ ဖြစ်ကြသည်” ဟု ဘယ်လိုပဲ ပြောနေ ပြောနေ၊ လုပ်နေ ကိုင်နေ ပြောနေ ဆိုနေ၊ ပြုမူနေတဲ့ အရာတိုင်းဟာ ဓမ္မနဲ့ မလျှော်ညီသော အခြင်းအရာတွေ ဖြစ်ကြောင်း ဒုလိုက်ဒေးလိုက်တွေ့နေရပါတယ်။ ဒါဟာ လောကရဲ့ သဘောလေလား၊ ကမ္ဘာစနစ်ကြီး ကိုယ်၌က ဤသို့ ဤပုံဖြစ်အောင် လုပ်နေတာလားလို့ တွေးချင်စရာရှိပါတယ်။

မင်းသေ့

နေ့လယ် ၃း၁၅

၁၃ ၊ ဒီဇင်ဘာ၊ ၂၀၂၂။

Website တွင် ဖတ်ရှုရန် >>> https://deltanewsagency.com/25824/
စစ်အုပ်စုနဲ့ပူးပေါင်းနေတယ်လို့ဆိုကာ အလုပ်သမား အဖွဲ့နှစ်ဖွဲ့ကို မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုက အမည်ပျက်စာရင်းသွင်း

#အလုပ်သမားတပ်ပေါင်းစု
#အမည်ပျက်စာရင်းသွင်း
#MilitaryCoupInMyanmar
#DeltaNewsAgency

အာဏာသိမ်းစစ်ကောင်စီနဲ့ဆက်ပြီး လက်တွဲဆောင်ရွက်နေတဲ့ ပြည်တွင်းက အလုပ်သမားအဖွဲ့နှစ်ခုကို အမည်ပျက် (BlackList) စာရင်းတင်သွင်းလိုက်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုကဒီနေ့မှာ ထုတ်ပြန်ပါတယ်။

Website တွင် ဖတ်ရှုရန် >>> https://deltanewsagency.com/26172/
ထိုင်ဝမ်နားကို တစ်ရက်အတွင်း စစ်လေယာဉ် သုံးဒါဇင်ကျော်နဲ့ စစ်သင်္ဘော သုံးစီး တရုတ်စေလွှတ်

#DeltaNewsAgency

တစ်ရက်တာ အချိန်အတွင်း တရုတ်က စစ်လေယာဉ် သုံးဒါဇင်ကျော်နဲ့ စစ်သင်္ဘော သုံးစီးကို ထိုင်ဝမ် ရေပိုင်နက်နား စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၂၂ ရက်မှာ ၂၄ နာရီ အချိန်အတွင်း တရုတ်ရဲ့ လေယာဉ် ၃၉ စီးနဲ့ စစ်သင်္ဘော ၃ စီးတို့က ထိုင်ဝမ် ရေလက်ကြားနားထိ ချဉ်းကပ်ခဲ့ကြကြောင်း ထိုင်ဝမ် အစိုးရက ကြေညာပါတယ်။

Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://deltanewsagency.com/26380/
ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု စလုပ်နေ

#ပြည်ခိုင်ဖြိုးပါတီ
#မဲဆွယ်စည်းရုံးမှုစလုပ်နေ
#MilitaryCoupInMyanmar
#DeltaNewsAgency

အခုနှစ်အတွင်း ကျင်းပမယ်လို့ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားတဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေကို ပြည်ခိုင်ဖြိုးပါတီက စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကစလို့ ဧရာဝတီတိုင်းက ပုသိမ်နဲ့ မအူပင်ခရိုင်တွေမှာ မြို့နယ်၊ကျေးရွာအလိုက် စည်းရုံးဟောပြောမှုတွေ စတင်လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ပုသိမ်ခရိုင်မြို့နယ် (၁၁) ခုက ကျေးရွာတွေမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်ဟောပြောစည်းရုံးမှုတွေ လုပ်ခဲ့တယ်လို့ ပုသိမ်မြို့ ရှမ်းရွာ ဒေသခံတဦးက ပြောပါတယ်။

“မဲဆွယ်စည်းရုံးတာလို့တော့ မပြောဘူး၊ ကျေးရွာအစည်းအဝေးရှိတယ်၊ မဖြစ်မနေ လာတက်ရမယ်၊အဲ့လိုပြောလို့သွားတက်တာ၊ ဟိုရောက်မှ မဲဆွယ်စည်းရုံးတာမှန်း သိလိုက်ရတယ်၊ အစည်းအဝေးလာတက်တဲ့သူတွေ တဝက်လောက်က မတက်ဘဲ အိမ်ပြန်သွားတယ်၊ သူတို့အမာခံတွေဘဲ ဟောပြောပွဲမှာ ကျန်ခဲ့တယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် မအူပင်နဲ့ညောင်တုန်းမြို့နယ်တွေမှာလည်း ကြံခိုင်ရေးပါတီဝင်တွေက မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ပူးပေါင်းကာ ရွေးကောက်ပွဲ အသိပညာပေးရေး အကြောင်းပြချက်နဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်သွားတယ်လို့ ဒေသခံတွေ ဆိုပါတယ်။

ကြံခိုင်ရေးပါတီဝင်တချို့က ရွေးကောက်ပွဲအတွက် ဒေသခံတွေကို အသိပညာပေးဖို့ လုပ်ဆောင်တာလို့ပြောဆိုခဲ့ကာ ပါတီစည်းရုံးရေးအတွက် ပြုလုပ်တဲ့အပေါ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကိုအသိပေးခဲ့တာမရှိဘူးလို့ မအူပင်မြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

"ရွာသားတွေကို ရွေးကောက်ပွဲ အသိပညာပေးဖို့ပဲပြောတယ်၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဟောပြောတာလို့ အသိမပေးဘူး၊ သူတို့သဘောနဲ့ လုပ်သွားတာ၊ ဒီကာလမှာ ဘယ်သူကမှ ဒီရွေးကောက်ပွဲကို စိတ်ဝင်စားတာလည်း မဟုတ်ပါဘူး" လို့သူကပြောပါတယ်။

ဧရာဝတီတိုင်း ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကို ဧရာဝတီတိုင်းအတွင်း ခရိုင် (၆) ခုအနက် ပုသိမ်ခရိုင်နဲ့ မအူပင်ခရိုင် ၁၆ မြို့နယ်ကို ဦးစားပေးလုပ်ဆောင်နေပြီး ကျန်တဲ့ခရိုင်တွေမှာလည်း ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး မြို့နယ်အလိုက် စလုပ်ဖို့ရှိနေတယ်လို့ ပါတီနဲ့ နီးစပ်သူတွေဆီက ရပါတယ်။

စစ်တပ်ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီဟာ နအဖ အစိုးရလက်ထက် ၂၀၁၀ ခုနှစ် NLD ပါတီက ဝင်မပြိုင်တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖြစ်လာခဲ့ပေမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကစလို့ NLD ဝင်ပြိုင်တဲ့ ရွေးကောက်ပွဲအားလုံးမှာ ကိုယ်စားလှယ်ဦးရေ အနည်းငယ်သာ အနိုင်ရခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာလည်း ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်း တထောင်ကျော်အထိ ဝင်ပြိုင်ပြီး တကျော့ပြန်အစိုးရဖွဲ့ခွင့်ရရေး နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ပေမယ့်လွှတ်တော်သုံးရပ်ပေါင်း အမတ်နေရာ (၇၀) ကျော်သာ အနိုင်ရပြီး အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။

အဲ့ဒီရွေးကောက်ပွဲအပြီးမှာ စစ်တပ်က ရွေးကောက်ပွဲ မဲသမာမှုတွေရှိတယ်လို့ စွပ်စွဲပြီး အာဏာသိမ်းခဲ့ တာကြောင့် စစ်ကောင်စီက အခုနှစ်အတွင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမဝင်သလို ပူးပေါင်းပါဝင်မှုလည်း မလုပ်ကြဖို့ တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေက အသိပေးထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက အာဏာရပါတီဖြစ်တဲ့ NLD ပါတီဟာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အခွင့်အရေးတွေ ပိုရနေတယ်လို့ အပြင်းအထန် ဝေဖန်ထိုးနှက်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ စစ်ကောင်စီရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကို ဧရာဝတီတိုင်းမှာသာမက နိုင်ငံတဝန်းမှာ ၂၀၂၂ နှစ်ကုန်ပိုင်းကတည်းက စတင်လုပ်ဆောင်နေတာပါ။

မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက် ရွေးကောက်ပွဲတွေမှာ နိုင်သူအကုန်ယူစနစ် (FPTP) ကိုသာ ကျင့်သုံးခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီကတော့ သူတို့ဦးစီးကျင်းပမယ့် ရွေးးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်နဲ့ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

NLD မပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲကလွဲလို့ အဲ့ဒီစနစ်နဲ့ကျင်းပတဲ့ ရွေးကောက်ပွဲမှန်သမျှမှာ ပြည်ခိုင်ဖြိုးအပါအဝင် စစ်တပ်ကျောထောက်နောက်ခံပါတီတွေ အပြတ်အသတ် ရှုံးနိမ့်ခဲ့ကြတဲ့နောက် အာဏာသိမ်းစစ်တပ်က အဓိကပြိုင်ဘက် နိုင်ငံရေးအင်အားစုတွေရဲ့ သဘောထားမပါဘဲ ရွေး ကောက်ပွဲစနစ်ကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

Delta News Agency
သမ္မတ ဘိုင်ဒန်ရဲ့ ကမ်းခြေ နေအိမ် တစ်လုံးကို FBI အေးဂျင့်တွေ ဝင်ရောက်ရှာဖွေ

#JoeBiden
#FBI
#DeltaNewsAgency

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နေအိမ်ကို FBI ထောက်လှမ်းရေး​ အေးဂျင့်တွေက ဝင်ရောက် စစ်ဆေး ရှာဖွေခဲ့ကြပါတယ်။

အစိုးရရဲ့ အထူးလျှို့ဝှက်ထားရမယ့် စာရွက်စာတမ်းတွေကို ဘိုင်ဒန်ဆီမှာ တွေ့ရှိခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေအပြီး ဒယ်လာဝဲက ရီဟိုဘို့သ် ကမ်းခြေမှာရှိတဲ့ ဘိုင်ဒန်ပိုင် နေအိမ်ကို ဖေဖော်ဝါရီ ၁ ရက်မှာ FBIက ဝင်ရောက် ရှာဖွေခဲ့တာပါ။ ၃ နာရီခွဲ ကြာမြင့်တဲ့ စစ်ဆေး ရှာဖွေမှုတွေအပြီး နောက်ထပ် လျှို့ဝှက် စာရွက်စာတမ်းတွေ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။

Websiteတွင် ဆက်လက်ကြည့်ရှုရန် >>> : https://deltanewsagency.com/28336/
မွန်ပြည်နယ်မှာ လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားသူ တရာကျော်ရှိ

မတ်၊ ၃

မွန်ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပါအဝင် လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားသူ တရာကျော် ရှိတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဝန်ထမ်းတွေနဲ့ သာမန်အရပ်သားတွေလိုင်စင်နဲ့ သေနတ်ကိုင်ခွင့်ရှိတဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ် ကောင်စီကထုတ်ပြန်ပြီးနောက်တလအကြာမှာ လျှောက်ထားသူတရာကျော်အထိ ရှိနေတာလို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့က အမည်မဖော်လိုတဲ့ ပြန်တမ်းဝင်အရာရှိတဦးက DNAကိုပြောပါတယ်။

“စီးပွားရေးလုပ်ငန်းရှင် ၁၀ ယောက်ကျော်လောက်ပါတယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေကတော့ ၈၀ လောက် ရှိတယ်ပေါ့၊သူတို့က အစိုးရအဖွဲ့ကို တင်ပြထားတဲ့သူတွေပါ၊ ဒါကတော့ လက်ရှိ သိထားရတဲ့ စာရင်းတွေပါ၊ စာရင်း မတက်လာသေးတဲ့ အစုအဖွဲ့တွေလည်း ကျန်နေသေးတယ်”လို့သူကပြောပါတယ်။

စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံခိုင်ရေးပါတီ USDPပါတီဝင် တွေကတော့ သူတို့နည်းလမ်းနဲ့ သူတို့ လျှောက်ထားနေတာဖြစ်သလို နိုင်ငံဝန်ထမ်းတွေကတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကနေတဆင့် စိစစ်ပေး နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်လျှောက်ထားထားတဲ့သူတွေဟာ သက်ဆိုင်ရာမြို့နယ်တွေကနေ ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ပေမယ့် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို စောင့်နေကြတယ်လို့ ဆိုပါတယ်။

“မြို့နယ်ကနေ လျှောက်ထားရတယ်လေ၊ အဲဒီကနေတဆင့်စာရင်းကကျနေပြီ၊အခုက ပြည်နယ်အစိုးရ အဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ ခွင့်ပြုချက်မကျသေးလို့တဦးတယောက်ကိုမှ မထုတ်ပေးရသေးဘူး၊မွန်ပြည် နယ်တခုလုံးမှာပေါ့နော်” လို့ အမည်မဖော်လိုတဲ့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။

စစ်ကောင်စီက အရပ်သားတွေလက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို အခုနှစ်ဆန်းပိုင်းမှာမှ ထုတ်ပြန်လိုက်တာဖြစ် ပေမယ့် မြေပြင်မှာတော့လက်နက်ကိုင်တော်လှန်ခုခံမှုတွေ စတင်အားကောင်းလာချိန်ကတည်းကစစ်အုပ်စု ထောက်ခံသူတွေနဲ့ အုပ်ချုပ်ရေးယန္တရားထဲပါဝင်နေသူတွေကို စစ်ကောင်စီက လက်နက်တွေတပ်ဆင်ပေးခဲ့တာပါ။

“သူတို့တွေကျတော့ အရင်ကတည်းက ထုတ်ပေးထားတယ်ပေါ့၊ ဥပမာ ပြည်သူ့စစ်၊ စစ်မှုထမ်းဟောင်း၊ အုပ်ချုပ် ရေးမှူး၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တပ်မတော်ထောက်ခံတဲ့အစုအဖွဲ့တွေပေါ့၊ အခုသူတို့ကို ဘယ်လောက် ထုတ် ပေးထားလဲ၊ ကျွန်တော်တို့လည်း သိခွင့်မရှိဘူး၊ သိခွင့်လည်းမရဘူး၊ ကျွန်တော်ကြားသိရသလောက်ဆိုရင် သူတို့ ကိုလည်း စာရင်းပြန်ကောက်နေတာပဲ သိတယ်”လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကိုင်ဆောင်ခွင့်မူမှာ သေနတ်ကိုင်ဆောင်ခွင့်လျှောက်ထားသူတွေဟာ လုံခြုံရေးအတွက် သေနတ်ကိုင်ဆောင်ဖို့ အမှန်တကယ်လိုအပ်သူဖြစ်ရမယ်လို့ဖော်ပြထားသလို လုံခြုံရေး၊ ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကို အနှောက်အယှက်မဖြစ်စေရဘူးလို့လည်းပါဝင်ပါတယ်။

ဒါ့အပြင် ဒီမူအရ လိုင်စင်နဲ့ဖြစ်ဖြစ် ပါမစ်နဲ့ဖြစ်ဖြစ် လက်နက်ကိုင်ဆောင်ခွင့်ရထားသူဟာ စစ်ကောင်စီရဲ့ ဒေသ လုံခြုံ ရေး၊တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖို့လိုအပ်လာတဲ့အခါ ဆောင် ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူဟာ စစ်ကောင်စီအနေနဲ့ သူတို့ကိုထောက်ခံသူတွေကို အကာအကွယ် မပေးနိုင် တော့တာကြောင့် ထွက်ပေါ်လာတာဖြစ်ပြီး ဒီမူအရ အရပ်သားတွေကြားလက်နက်ကိုင်ဆောင်သူဦးရေ တိုးပွား လာမှာဖြစ်လို့ ပြည်သူအချင်းချင်းကြား လက်နက်ကိုင်ပဋိပက္ခတွေပိုဆိုးလာနိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေနဲ့ CDM တပ်မတော်သားတွေက ဝေဖန် ပြောဆိုထားပါတယ်။
Websiteတွင် ဆက်လက် ကြည့်ရှုရန် >>> https://deltanewsagency.com/30551/

#မွန်ပြည်နယ်
#လက်နက်ကိုင်ဆောင်ခွင့်
#MilitaryCoupInMyanmar
#DeltaNewsAgency
PDF - 511 (ကျောင်းသားတပ်ရင်း) က ရဲဘော်တွေ ဘာကြောင့် တရားမျှတမှု လိုချင်နေတာလဲ

မတ်၊ ၃

“ မူကြောင့် မဟုတ်ဘဲ လူကြောင့်ဖြစ်ရတဲ့ ပြသနာတွေကို ဖြေရှင်းပေးစေချင်တယ်။ ရဲဘော်တွေအတွက် အမှန်တရားကို လိုချင်တယ် " ဆိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် - ၅၁၁ (ကျောင်းသားတပ်ရင်း) က ရဲဘော်တွေကို ဘာတွေဖြစ်ခဲ့လဲ၊ ဘယ်လိုတွေ ကြုံခဲ့ကြရလဲ ဆိုတာကို DNA က ဆက်သွယ်မေးမြန်းထားပါတယ်။
YouTube တွင် (https://youtu.be/fjSy6zXThNY)​ Subscribe လုပ်ပြီး ကြည့်ရှုနိုင်ပါပြီ။​

#511 #StudentsBattalion #PDF #MOD #NUG
#MilitaryCoupInMyanmar
#DeltaNewsAgency
လက်ခံနိုင်လောက်အောင် အားကောင်းတဲ့ စစ်ရေး အောင်ပွဲ တခုကသာ အခြေအနေတွေကို ပိုပြီး အားကောင်းလာစေမှာ ဖြစ်ပါတယ်။

မော်ရဲ့ သီအိုရီတွေနဲ့ ချိန်ထိုးကြည့်ရင်တော့ NUGဟာ ပိုမိုစနစ်ကျတဲ့ တော်လှန်ပုန်ကန်မှု အဆင့်မျိုးဆီ တက်လှမ်းဖို့ နှောင့်နှေးနေတုန်း ဖြစ်ပါတယ်။ သေချာတာက NUGအတွက် အခြေစိုက်နယ်မြေ ရရှိဖို့ ဘယ်လို အစီအမံကိုမဆို သတိကြီးကြီးနဲ့ ရေးဆွဲ အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ တချို့ကလည်း အခြေစိုက်နေရာ ခိုင်ခိုင်မာမာ ရှိသွားရင် NUGဟာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုဒဏ်ကို ပိုပြီး ခံရလိမ့်မယ်လို့ ဝေဖန် ထောက်ပြကြပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်က စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ အောက်ခြေ စစ်ပွဲတွေ အဆင့်မှာသာ အကျိုးရှိပြီး မဟာဗျူဟာ အဆင့်ထိ ပေါက်မြောက်တာမျိုး မဟုတ်တာပါပဲ။

ဒီလို ရက်စက်တဲ့ နည်းလမ်းမျိုးနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေပေမယ့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် ထိရောက် အားကောင်းတဲ့ အသာစီးရမှုမျိုး မဖော်ဆောင်နိုင်ပါဘူး။ နောက်ပြီး လေကြောင်း တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လေလေ လေတပ်ရဲ့ လေယာဉ်မှူးတွေ ခြေကုန်လက်ပန်းကျပြီး စစ်လက်နက်နဲ့ အရင်းအမြစ် ပြုန်းတီးမှုတွေ ပိုများလေလေ ဖြစ်ပါတယ်။ ခိုင်မာတဲ့ ခြေကုပ်နေရာ ရလာမှသာ လတ်တလော ကြုံနေရတဲ့ တံခါးတွေ ပိတ်သွားတော့မယ့် အချိန်လုနေရတဲ့ ပြဿနာအတွက် ကောင်းမွန်တဲ့ ဖြေရှင်းမှုဖြစ်ပြီး အချိန်တွေ ပိုဆွဲဆံ့ထားနိုင်မှာပါ။

အခုအချိန်မှာတော့ အာဏာသိမ်း စစ်အာဏာရှင်တွေနဲ့ တော်လှန်ရေး အင်အားစုတွေကြား အားပြိုင်မှုတွေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေကြပါတယ်။ ပြဿနာကတော့ အချိန်က တော်လှန်ရေး အဖွဲ့တွေဖက်မှာ ရှိမနေတာပါပဲ။ လုံခြုံတဲ့ အခြေစိုက်စခန်း ဧရိယာမျိုး ရှိလာမှသာ NUGဟာ ပိုပြီး ထိရောက်မှုရှိရှိ လှုပ်ရှားနိုင်မှာ ဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တွေနဲ့ ညှိနှိုင်းရင်း ထိုးစစ်ကို ပိုဖော်ဆောင်နိုင်မယ့် နိုင်ငံရေး မူဝါဒတွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။ အဲဒီကမှတဆင့် အာဏာရှင်ကို ဖယ်ရှားဖို့ထိ ဦးတည်သွားမယ့်၊ မော်ရဲ့ တတိယအဆင့် နည်းဗျူဟာဖြစ်တဲ့ မဟာဗျူဟာ ထိုးစစ်ဆင်မှုကို NUGနဲ့ မဟာမိတ်တွေက လက်တွေ့ အကောင်အထည်ဖော်ဖို့ ခြေလှမ်းပြင်လာနိုင်မှာ ဖြစ်ပါတယ်။

Website တွင် ကြည့်ရှုရန် >>> https://deltanewsagency.com/31114/

(ကိုရဲမျိုးဟိန်းနှင့် Lucas Myers ရေးသားပြီး Wilson Centerတွင် ဖော်ပြထားသည့် The Closing Window Problem Facing Myanmar’s Pro-Democracy Forces ဆောင်းပါးကို DNAက ခြုံငုံဘာသာပြန်သည်)

#ဆောင်းပါး #NUG #PDF
#MilitaryCoupInMyanmar
#DeltaNewsAgency
MSI - MYANMAR SOCIETY INFORMATIONS
Photo
ကရင်နီပြည်နယ်လွှတ်တော်အမတ်တွေရဲ့ ဆောင်ရွက်ချက်ဟာ ဥပမာ ကောင်းတစ်ခုဖြစ်ပါတယ်။ အာဏာသိမ်းပြီးကတည်းက တော်လှန်ရေးမှာ ပါခဲ့တယ်။ ကရင်နီပြည်နယ်ရဲ့ နိုင်ငံရေးအရွ့တွေဖြစ်တဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၊ ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းရေး စတဲ့လုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြတယ်။ အခု အားလုံးသဘောတူညီလက်ခံမှုနဲ့ လွှတ်တော်ကို ဖွဲ့ပါတယ်။ ကရင်နီအတိုင်ပင်ခံကောင်စီ ဖေ့စ်ဘုတ်ပေ့ချ်မှာလည်း အဲ့ဒီဖွဲ့စည်းကြောင်းကို မျှဝေထားတယ်။ တကယ်လို့ အဲ့လို ဆွေးနွေးညှိနိုင်းသဘောတူညီချက်ယူ ပူးပေါင်းဆောင်ရွက်မှုသာ မလုပ်ခဲ့ရင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ဖေ့စ်ဘုတ်ပေ့ချ်မှာ တင်တာက လွှတ်တော်ဖွဲ့စည်းကြောင်းမဟုတ်ဘဲ ဖွဲ့စည်းတာကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက်ဖြစ်သွားပါလိမ့်မယ်။

မကွေးတိုင်းကတော့ လွှတ်တော်ကိုယ်စားပြုကော်မတီတွေဟာ အင်အားစုအသီးသီးနဲ့ တွေ့ဆုံဆွေးနွေးတာ ရှိပေမယ့် ဘယ်အတိုင်းအတာအထိ သဘောတူညီမှုရသလဲ၊ ပူးပေါင်းဆောင်ရွက်နိုင်သလဲ ကျနော် မသိပါဘူး။ ကြားကာလအစီအမံဥပဒေကြမ်းကို အတည်ပြုတဲ့အခါ ဘယ်အတိုင်းအတာအထိ ကျေနပ်မှုရကြသလဲ၊ သဘောတူညီမှုရကြသလဲ မသိပါဘူး။ ဆက်လက်စောင့်ကြည့်ရမှာသာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းကတော့ စစ်ကိုင်းဖိုရမ်က သဘောထားထုတ်ပြန်ထားပါတယ်။ ကြိုတင်သဘောတူညီမှု ရရှိထားတာတော့ မရှိဘူးလို့ သုံးသပ်နိုင်ပါတယ်။ အားလုံးဝင်တဲ့ဖြစ်စဥ်၊ လက်ခံနိုင်တဲ့ ဆောင်ရွက်ချက် မဟုတ်ဘူးဆိုတာ စစ်ကိုင်းဖိုရမ်ထုတ်ပြန်ချက်ကနေ တွေ့ရပါတယ်။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဟာ တွေ့ဆုံဆွေးနွေးမှုရှိကြပေမယ့် အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု၊ တကယ်တန်းဖိုးထားပြီး သဘောတူညီချက်ရအောင် ဆောင်ရွက်မှုတစ်ခုတော့ မဟုတ်သေးဘူးလို့ သုံးသပ်နိုင်ပါတယ်။ ဆိုလိုရင်းကတော့ တိုင်းတွင်း တော်လှန်ရေးအင်အားစု အသီးသီးနဲ့ ဆွေးနွေးညှိနှိုင်း သဘောတူညီမှုရရှိပြီးမှ လုပ်ငန်းစဥ်တွေ ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဘာပဲပြောပြော တနင်္သာရီတိုင်းလောက်တော့ အခြေအနေမဆိုးဘူးလို့ ဆိုရမှာဖြစ်တယ်။ ဘယ်လောက်အထိကောင်းသလဲကတော့ မကြာခင် မြင်ရမှာဖြစ်ပါတယ်။ နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်လာမှုတွေကို ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်တယ်။

တခြားတိုင်းဒေသကြီးတွေ

ဒီဥပဒေကြမ်းကို အခုအတည်ပြုလိုက်တာက တိုင်း (၃) တိုင်းပဲ ရှိပါသေးတယ်။ အခြားတိုင်းတွေ အများကြီး ကျန်ပါသေးတယ်။ အခြားတိုင်းတွေက တစ်ခါတည်း ဘာလို့ အတည်မပြုကြတာလဲ၊ တခြားအစီအစဥ်ရှိသလား၊ ဒါမှမဟုတ် သဘောတူညီချက်ရဖို့ ဆွေးနွေးညှိနှိုင်းနေကြသလား ကျနော် မသိပါဘူး။

ဒါပေမယ့် ကရင်နီပြည်နယ်ဖြစ်စဥ်၊ စစ်ကိုင်းတိုင်း/မကွေးတိုင်းဖြစ်စဥ်၊ တနင်္သာရီတိုင်းဖြစ်စဥ်တွေကို သုံးသပ် ဆင်ခြင်ပြီး ကောင်းမွန်တဲ့ အစီအမံများ ထွက်လာပါစေလို့ ဆုတောင်းပါတယ်။ အဲ့ဒီလို ထွက်လာအောင် ကြိုးစားကြဖို့လည်း တိုက်တွန်းပါရစေ။ ကျနော်တို့ တော်လှန်ရေးကာလမှာ နိုင်ငံရေးဖြစ်စဥ်ကို သွားတဲ့အခါ ငါတို့က ရွေးကောက်ခံအမတ်ဟေ့….. ငါတို့က မြေပြင်တော်လှန်ရေးသမားဟေ့…… ငါတို့က သပိတ်ဟေ့ ဆိုပြီး ကိုယ်သာ အသာဆုံး ကိုယ်သာ ဦးဆောင်သင့်ဆုံးဆိုတာတွေက အဆင်မပြေနိုင်ပါဘူး။ အားလုံးဟာ လာရာတွေ မတူ၊ ဖြစ်တည်ပုံတွေမတူကြပါဘူး။ ရည်ရွယ်ရာ နိုင်ငံရေးပန်းတိုင်တွေတော့ တူကြပါတယ်။ အဲ့လို နိုင်ငံရေး ရည်ရွယ်ချက် ပြည့်မြောက်ဖို့အတွက် အပြန်အလှန်လေးစား၊ အပြန်အလှန် နားထောင်၊ အပြန်အလှန် ဆွေးနွေးကြပြီး သဘောတူညီချက်တွေနဲ့ ရှေ့ဆက်နိုင်မှသာလျှင် ပြည်သူတွေအားလုံး မျှော်လင့်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဆီ ချီတက်တဲ့ လမ်း ပိုမိုဖြောင့်ဖြူးလာမှာ ဖြစ်ပါတယ်။
Website တွင် ကြည့်ရှုရန် >>> https://deltanewsagency.com/44897/

မြင့်မာန်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၈

#ရွေးကောက်ခံ #အမတ#ဖက်ဒရယ် #နိုင်ငံရေး
#MilitaryCoupInMyanmar
#DeltaNewsAgency
အာဏာသိမ်းစမှာ ပြည်သူတွေရဲ့ အုံကြွဆန့်ကျင်မှုကိုသာ အဓိကခံခဲ့ရတဲ့ စစ်ကောင်စီဟာ လက်ရှိမှာတော့ ဝါရင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့ တော်လှန်မှုကိုပါ ခံလာနေရပါတယ်။

နိုင်ငံအနှံ့က လက်နက်ကိုင် တိုက်ပွဲတွေမှာ တပ်ရင်း၊ တပ်မတွေအလိုက် ထိခိုက်သေဆုံးတာတွေ ရှိလာနေတဲ့ မြန် မာစစ်တပ်ဟာ လက်ရှိမှာတော့ အရွယ်ရောက်တဲ့ နိုင်ငံသားတိုင်းကို စစ်တပ်ထဲဝင်ခိုင်းမယ့် ပြည်သူ့စစ်မှုထမ်း ဥပ ဒေကိုပါ ပြဋ္ဌာန်းပြီး အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာနေပါတယ်။

ရှမ်းမြောက်က မြို့ပေါင်း ၁၇ မြို့ခန့်အပြင် ရခိုင်၊ ချင်း၊ ကရင်နီ၊ ကရင်၊ စစ်ကိုင်းစတဲ့ ဒေသတွေမှာ မြို့ပေါင်း လေး ဆယ်ဝန်းကျင်လက်လွှတ်ဆုံးရှုံးထားတာဟာလည်း လွတ်လပ်ရေးရကာစ ရန်ကုန်အစိုးရအခြေအနေပြီးရင် အဆိုး ဆုံးလို့ပြောရမှာပါ။

လက်ရှိမြန်မာနိုင်ငံရဲအခြေအနေကိုပြောကြတဲ့အခါ လွတ်လပ်ပြီးခေတ်သမိုင်းတလျှောက်အဆိုးရွားဆုံးအခြေ အနေလို့ ပြောလေ့ရှိသလို မြန်မာစစ်တပ်ဟာလည်း နှစ်ခြောက်ဆယ်ကျော်ကြာ သူ့ရဲ့ အာဏာရှင်ကွန်ရက် ဖြိုလှဲခံရဖို့ အနီးစပ်ဆုံး အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ သုံးသပ်လေ့ရှိကြပါတယ်။

စစ်တပ်ဟာ တခါမှ သမိုင်းတလျှောက် မကြုံဖူးလောက်အောင် ကျယ်ပြန့်တဲ့ဒေသတွေကတပြိုင်တည်းခုခံတော် လှန်မှုတွေ၊ ဆန့်ကျင်ပုန်ကန်သူတွေကို ရင်ဆိုင်နေရပါတယ်။

နွေဦးတော်လှန်ရေးဟာ မြန်မာစစ်အာဏာရှင်တွေကိုနေဝင်စေလိမ့်မယ်လို့ ရှုမြင်ကြသူတွေကနဦးကတည်း ကရှိခဲ့တာပါ။ အာဏာသိမ်းစစ်တပ်ဟာ လက်တွေ့မှာလည်း ရှမ်းမြောက်နဲ့ ရခိုင်လို တိုက်ပွဲတွေမှာ အရှုံးကြီး ရှုံးထားသလို တခြားဒေသတွေမှာလည်း ထိန်းချုပ်နယ်မြေတွေ နေ့စဉ်လျော့နည်းလာနေပါတယ်။

“အခုက တပြည်လုံး အုံကြွဆန့်ကျင်တယ်၊ တိုင်းရင်းသားအားလုံး အုံကြွဆန့်ကျင်တယ်၊ ဒါကြောင့်မို့ ဒါဟာ ဗမာ ပြည်မှာ စစ်အာဏာရှင်စနစ်ရဲ့ ဇာတ်သိမ်းခန်းလို့ ကောက်ချက်ချလို့ရတယ်" လို့လည်း ဦးသန်းစိုးနိုင်က သူ့ယူဆ ချက်ကို ပြောပါတယ်။
Website တွင် ကြည့်ရှုရန် >>> https://deltanewsagency.com/47413/

#အာဏာရှင် #ဦးနု #နေဝင်း
#MilitaryCoupInMyanmar
#DeltaNewsAgency
MSI - MYANMAR SOCIETY INFORMATIONS
Photo
ညီနောင် မဟာမိတ် သုံးဖွဲ့အပါအဝင် အစုအဖွဲ့ အမျိုးစုံကို လက်နက်တွေ သိုသိုသိပ်သိပ် ထောက်ပံ့ပေးနေတဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကိုယ်တိုင်တောင်မှ တရုတ်ရဲ့ မဟာဗျူဟာ ဦးစားပေးမှုတွေနဲ့ လိုက်လျောညီထွေပဲ လှုပ်ရှားရပါတယ်။

AAကတော့ မတူပါဘူး။ AAဟာ တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုတွေကနေ အတော်ကြီး ကင်းကွာပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနေပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲမှာပါ။ ဒီအနေအထားမျိုးကို UWSAတောင်မှ အားကျရမှာ ဖြစ်ပါတယ်။ AAဟာ မဟာမိတ် အစုအဖွဲ့တွေနဲ့ ပူးပေါင်း လှုပ်ရှားမှုတွေ ရှိနေတဲ့တိုင်အောင် ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လာရင်တော့ ကိုယ်ပိုင် စီရင်ဆုံးဖြတ်ပိုင်ခွင့်ကို လက်ဝယ်ပိုင်ပိုင် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ မကြာသေးခင်က အင်တာဗျူး တစ်ခုမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တရုတ်ဟာ ကိုယ်ပိုင် အမျိုးသားရေး အကျိုးစီးပွားတွေကို ရှေ့ရှုသလို AAကလည်း တူတူညီညီပဲ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီလို အမှီအခို ကင်းမှုကြောင့်လည်း AAဟာ ရခိုင်နဲ့ ပတ်သက်ရင် ပြည်ပ အင်အားစုတွေရဲ့ ချုပ်ကိုင်မှုကနေ ကင်းလွတ်ပြီး ကိုယ်ပိုင် မဟာဗျူဟာတွေကို ပုံသွင်းထုဆစ်လို့ ရနေတာပါ။

တရုတ်ဟာ မဟာဗျူဟာ အခင်းအကျင်းကြီး တခုဖြစ်တဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု စီမံကိန်း (BRI)ကို အကြောင်းပြုပြီး ရခိုင်ပြည်နယ်အပေါ် စိတ်ဝင်စားမှု ရှိပါတယ်။ ဒါပေမဲ့ ရခိုင်နဲ့ ပတ်သက်ရင် အိန္ဒိယရဲ့ ပထဝီဝင် နိုင်ငံရေး အခင်းအကျင်းတွေက ပိုပြီးတော့ အရေးပါမယ့်ပုံ ရှိပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်ရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်နေပြီး တရုတ်ဟာ မလက္ကာ ရေလက်ကြားကို မှီခိုစရာ မလိုဘဲ အိန္ဒိယ သမုဒ္ဒရာဖက်ကို ပင်လယ်ထွက်ပေါက် ထောက်ပံ့ပေးနိုင်ပါတယ်။ အိန္ဒိယရဲ့ အမြင်မှာတော့ တရုတ်ဟာ အဲဒီ မဟာဗျူဟာကျတဲ့ ပင်လယ်ဆိပ်ကမ်းကို ထိန်းချုပ်သွားမယ်ဆိုရင် ဒေသတွင်းမှာ အိန္ဒိယအတွက် ကြီးကြီးမားမား ဆိုးကျိုးတွေ ဖြစ်လာစေမယ်လို့ ယူဆစရာ ဖြစ်နေပါတယ်။

နောက်ပြီး ရခိုင်ပြည်နယ်ဟာ အိန္ဒိယရဲ့ ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနဲ့ ပတ်သက်ရင်လည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ အဲဒီစီမံကိန်းဟာ ဘင်္ဂလား ပင်လယ်အော်ကို အသုံးချပြီး အိန္ဒိယရဲ့ သီးခြားဆန်ဆန် တည်ရှိနေရာ အရှေ့မြောက်ပိုင်း နယ်မြေတွေကို ပြည်မ အစိတ်အပိုင်းတွေနဲ့ ချိတ်ဆက်ပေးဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေနဲ့ စစ်တွေဆိပ်ကမ်းကို ကုန်သွယ်ရေး လမ်းကြောင်းတွေ ဖြတ်သန်းသွားရမှာ ဖြစ်ပါတယ်။ အိန္ဒိယ ညီအစ်မ ခုနစ်ဖော်လို့ တင်စားလေ့ရှိတဲ့ အရှေ့မြောက်ပိုင်း ပြည်နယ် ၇ ခုကို အိန္ဒိယက ဆက်သွယ်ရာမှာ ကြက်လည်ပင်းလို့ ညွှန်းလေ့ရှိတဲ့ အနောက်ဘင်္ဂလား ကုန်းတွင်းပိုင်း နယ်မြေ ကျဉ်းကျဉ်းလေးကိုပဲ အားပြုနေရပါတယ်။ အဲဒီနေရာကို ဆီလီဂူရီ စင်္ကြန်လို့လည်း ခေါ်ပါတယ်။ တကယ်လို့ အဲဒီ စင်္ကြန် နယ်မြေလေးသာ ပိတ်ဆို့ခံလိုက်ရမယ်ဆိုရင် အိန္ဒိယဟာ အတော်ကြီးမား ကျယ်ပြန့်တဲ့ နိုင်ငံ အစိတ်အပိုင်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားမယ့် သဘောပါ။ ပြောရမယ်ဆိုရင် အခုတောင်မှ အဲဒီ အချိတ်အဆက်ဟာ တော်တော်လေး အားနည်းနှင့်နေပြီးသား ဖြစ်ပါတယ်။

ဒါကြောင့်လည်း ရခိုင်ပြည်နယ် ကမ်းရိုးတန်းကို လက်လှမ်းမီမှု ဆုံးရှုံးလိုက်ရမယ်ဆိုရင် အိန္ဒိယအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာမှာပါ။ ဒီအတွက်လည်း အိန္ဒိယက အဲဒီဒေသမှာ တရုတ်သာမက၊ ဘယ်စူပါပါဝါ နိုင်ငံရဲ့ လွှမ်းမိုးမှုကိုမှ လက်ခံမှာ မဟုတ်ဘဲ တန်ပြန် တွန်းလှန်ပါလိမ့်မယ်။ အဲဒီလိုမျိုး ပထဝီဝင် နိုင်ငံရေး အားပြိုင်မှုတွေဟာ AAအတွက် အကျိုးကျေးဇူးတွေ များစေပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ရခိုင်ပြည်နယ်ကို ထိန်းချုပ်ထားတာ ဘယ်သူပဲဖြစ်ဖြစ်၊ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်နိုင်ဖို့ တရုတ်ရော၊ အိန္ဒိယကပါ ကြိုးစားကြမှာပါပဲ။

အဲဒီ ညွှန်ကိန်းတွေကို ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ မြန်မာမှာ စစ်မှန်တဲ့ ကိုယ်ပိုင် အုပ်ချုပ်မှု ယန္တရားကို ထူထောင်နိုင်တဲ့ ပထမဆုံး ဒေသ ဖြစ်လာဖို့ အားအကောင်းဆုံး အနေအထားကို ရောက်နေပါတယ်။ AAမှာ အားကောင်းတဲ့ ခေါင်းဆောင်မှု၊ ပထဝီဝင် နိုင်ငံရေးရဲ့ ရှုပ်ထွေးတဲ့ အရွေ့တွေကို ပါးနပ် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်မှုတွေနဲ့အတူ ပြည်တွင်းက တခြား EAOတွေနဲ့ အတော်လေး ခြားနားတဲ့ အနေအထား တရပ်ကို ပိုင်ဆိုင်နေပါတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝ ရရှိလာဖို့ ဆိုတာဟာ ဆူးခင်းလမ်း ဖြစ်နေမယ် ဆိုတာတော့ သေချာပါတယ်။ ဒါပေမဲ့လည်း AAက စစ်တပ်ကိုရော၊ ပြည်ပ လွှမ်းမိုးမှုတွေကိုပါ ကြံ့ကြံ့ခံနိုင်တဲ့ ထူးကဲ စွမ်းဆောင်ရည်မျိုးဟာ ရခိုင်ရဲ့ အနာဂတ်သစ်ကို ထုဆစ် ပုံဖော်နိုင်ဖို့ စစ်မှန်တဲ့ အခွင့်အလမ်းမျိုးတွေ အများကြီးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

(The Diplomat၏ Why Rakhine State Could Become Myanmar’s First Truly Autonomous Region ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)

Photo – AA Info Desk

Website မှာလည်း ဖတ်ရှုနိုင်ပါတယ်။ >>> https://deltanewsagency.com/51887
#ကိုယ်ပိုင်အုပ်ချုပ်ခွင့် #ရခိုင်ပြည်နယ် #AA
#DeltaNewsAgency #DNA