MSI - MYANMAR SECRET INFORMATIONS
27K subscribers
88.4K photos
3.4K videos
135 files
16.2K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
“မညီမျှခြင်းကို လျှော့ချလို့ လူ့အခွင့်အရေးကို မြှင့်တင်စို့ စကားဝိုင်း"
..............................

ဒီစကားဝိုင်းကိုတော့ ဒီဇင်ဘာ(၁၀)ရက်နေ့ ည(၇)နာရီကနေ (၈)နာရီထိ Live ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးမည့်သူများကတော့...........

Panelists အဖြစ်
- ဦးအောင်ကျော်မိုး (အကြံပေး၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန)

-မမူစဲ (ကျေးလက်မြေအမျိုးသမီးအဖွဲ့)

-စိုင်းလောဝ်ဆိုင် (လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ - GSCN)

-စိန်နန်းကြည်(ခ)ဘိုစိန် (Executive Director, Founder, Ayeyarwaddy Youth Network)

Moderator
-ပိုင်ဖြိုးသု (သရုပ်ဆောင်)

#MizzimaTV
#MOD
#PVTV
#MOWYC
#DDayChannel
#WMP
#MOHR
#GSCN
#ဖက်ဒရယ်FM

Mizzima
NUG လက်အောက်ရှိ တော်လှန်ရေးအဖွဲ့များ၏ စစ်ဘက်ဆိုင်ရာ ပြစ်မှုများစီရင်ရန် စစ်တရားရုံးများ စတင်မည်

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ရှိ တော်လှန်ရေးအဖွဲ့များ၏ စစ်ဘက်ဆိုင်ရာပြစ်မှုများကို အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် စစ်တရားရုံးကို မကြာမီတွင် စတင် လည်ပတ်နိုင်တော့မည် ဖြစ်ကြောင်း NUG တရားရေးဝန်ကြီးဌာနက သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းပြီး ဥပဒေပညာရှင်များပါဝင်သည့် စစ်တရားရုံးကို ယခုအောက်တိုဘာလတွင် စတင်နိုင်ဖွယ်ရှိကြောင်း တရားရေးဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန် ဦးမင်းနောင်ခိုင် ထံကသိရသည်။

“တပ်မတော်တစ်ခုဖြစ်လာပြီဆိုရင် စည်းကမ်းသေဝပ်မှုက အရမ်းကို အရေးကြီးတယ်။ အမိန့်နာခံဖို့ကလည်း အလွန်အရေးကြီးတယ်။ ဒါမျိုးတွေရှိဖို့ကလည်း ဥပဒေပြဌာန်း ပြီးတော့ စနစ်တကျလုပ်ရမှာပေါ့။ လောလောဆယ်မှာတော့ စစ်တရားရုံးတွေ ဖွဲ့စည်းပြီးတော့ စစ်ဘက်ဆိုင်ရာ ပြစ်မှုတွေကို စီရင်ဖို့ဖြစ်ပါတယ်။ NUGရဲ့ တရားဝင် MOD အောက်မှာရှိတဲ့ တရားဝင်တပ်တွေအားလုံးပေါ့။ တရားဝင်တပ်တွေ အားလုံးကို တရားစီရင်ဖို့ပေါ့။ စစ်ဘက်တရားစီရင်တဲ့စနစ်နဲ့ တရားစီရင်ဖို့ပေါ့။ ဒီလထဲမှာကို စပါလိမ့်မယ်” အမြဲတမ်း အတွင်းဝန် ဦးမင်းနောင်ခိုင်က မဇ္ဈိမကိုပြောသည်။

တပ်များ၏ စစ်စည်းကမ်းသေဝပ်မှု ၊ အမိန့်နာခံမှုများနှင့်စစ်ဘက်ဆိုင်ရာ အမှုအခင်း များနှင့် ပတ်သက်သည့် တရားစီရင်မှုများ ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိ အချိန်တွင် ဥပဒေများလည်း ရေးဆွဲလျက်ရှိနေကြောင်းသိရသည်။

ထို့အပြင် NUG တရားရေးဝန်ကြီးဌာနသည် စစ်ကိုင်းနှင့်မကွေးတို့တွင်လည်း ပြည်သူများ ကြားက အမှုအခင်းများအတွက် တရားစီရင်ရေးများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။ အရေးယူခံရသည့် တရားခံများကို ဖမ်းဆီးချုပ်နှောင်ရန်အတွက် အကျဉ်းထောင်များ လည်း တည်ဆောက်ထားပြီး မကြာမီတွေ့မြင်ရမည်ဖြစ်ကြောင်းသိရသည်။

“စစ်ကိုင်းမကွေးဘက်မှာ တရားစီရင်ရေးစနေပါပြီ။ လောလောဆယ်မှာတော့ ပြည်သူက နေပြည်သူကို တရားစီရင်တဲ့ စနစ်ပဲပေါ့။ ကျေးရွာမှာရှိတဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကို ရွေးချယ်ပြီးတော့ တရားစီရင်ကြတယ်။ ဖြစ်နိုင်သမျှတော့ ဥပဒေပညာရှင် တွေပါဝင်တယ်” ဟုဦးမင်းနောင်ခိုင်ကဆိုသည်။

လက်နက်ကိုင်တော်လှန်ရေး တစ်နှစ်ကျော်လာချိန်တွင် တော်လှန်ရေး နယ်မြေများ အတွင်း မှားယွင်း သတ်ဖြတ်မှုများနှင့် အခြားပြဿနာများကြုံတွေ့နေရသည်။ အထူးသဖြင့် ဗိုလ်သံမဏိဖြစ်စဉ်နှင့် ဆောမြို့နယ်အတွင်းက မိသားစုလိုက် အသတ်ခံရမှုဖြစ်စဉ်တို့သည် ထင်ရှားသော ပြဿနာများဖြစ်သည်။

စာတည်း။ ။မောင်ကောင်း
#NUGတရားရေးဝန်ကြီးဌာန
#MOD
#စစ်ဘက်ဆိုင်ရာပြစ်မှု
#စစ်တရားရုံး
PDF - 511 (ကျောင်းသားတပ်ရင်း) က ရဲဘော်တွေ ဘာကြောင့် တရားမျှတမှု လိုချင်နေတာလဲ

မတ်၊ ၃

“ မူကြောင့် မဟုတ်ဘဲ လူကြောင့်ဖြစ်ရတဲ့ ပြသနာတွေကို ဖြေရှင်းပေးစေချင်တယ်။ ရဲဘော်တွေအတွက် အမှန်တရားကို လိုချင်တယ် " ဆိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် - ၅၁၁ (ကျောင်းသားတပ်ရင်း) က ရဲဘော်တွေကို ဘာတွေဖြစ်ခဲ့လဲ၊ ဘယ်လိုတွေ ကြုံခဲ့ကြရလဲ ဆိုတာကို DNA က ဆက်သွယ်မေးမြန်းထားပါတယ်။
YouTube တွင် (https://youtu.be/fjSy6zXThNY)​ Subscribe လုပ်ပြီး ကြည့်ရှုနိုင်ပါပြီ။​

#511 #StudentsBattalion #PDF #MOD #NUG
#MilitaryCoupInMyanmar
#DeltaNewsAgency