MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
♀️ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ♀️

"တန်းတူညီမျှ ဖက်ဒရယ်ရေး အမျိုးသမီးပါဝင်မှု အလေးပေး"

တအာင်းလူမျိုးစုတို့၏ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကမ်ပိန်းလှုပ်ရှားမှု

"𝐹𝑜𝑟 𝑎𝑛 𝐸𝑞𝑢𝑎𝑙 𝑎𝑛𝑑 𝐸𝑞𝑢𝑖𝑡𝑎𝑏𝑙𝑒 𝐹𝑒𝑑𝑒𝑟𝑎𝑙𝑖𝑠𝑚, 𝐸𝑚𝑏𝑟𝑎𝑐𝑒 𝑊𝑜𝑚𝑒𝑛'𝑠 𝑃𝑎𝑟𝑡𝑖𝑐𝑖𝑝𝑎𝑡𝑖𝑜𝑛"

#Embrace #equestrianity #Campaign #internationalwomensday
#GSCN
🩸 အကြမ်းဖက်စစ်တပ်တစ်ခုလုံးကို အသက်ရှင် ကြီးထွားအောင် ကူညီထောက်ပံ့ပေးနေတဲ့ ရေနံသွေးစွန်းငွေတွေ ဖြတ်တောက်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု

🚫MOGE ကို Sanction ချပါ။
🕯အခုလည်း မီးပျက်နေပါတယ်

🚫Sanction MOGE!
🕯Now, there is still a blackout.

#Sanction_MOGE
#PTT_MustStopPaymentToJunta
#FreezePaymentToJuntaAndSaveMyanmar
#Keep_InEscrowAccount
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
#GSCN
(၃၅) နှစ်မြောက် ချင်းတော်လှန်ရေးနေ့

ယနေ့တွင်ကျရောက်သော (၃၅) နှစ်မြောက် ချင်းတော်လှန်ရေးနေ့အား လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) က ဂုဏ်ပြုကြိုဆိုပါသည်။

#ချင်းတော်လှန်ရေးနေ့ #ChinRevolutionDay #GSCN
လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) ၏ ပထမအကြိမ်ညီလာခံ ထုတ်ပြန်ကြေညာချက်

A Statement from the General Strike Committee of Nationalities (GSCN) – First Conference of the GSCN

ရက်စွဲ။ ။ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့

#GSCN #Statement #FirstConference #MarchTowardsFederal
Non-CDM အရပ်သားဝန်ထမ်းများနှင့် ပတ်သက်၍ နိုင်ငံရေးသဘောထား

လူမျိူးပေါင်းစုံအထွေထွေသပိတ်ကော်မတီ
General Strike Committee of Nationalities - GSCN

#NonCDM #GSCN
စစ်အာဏာသိမ်း (၃) နှစ်ပြည့် သဘောထားထုတ်ပြန်ကြေညာချက်

ရက်စွဲ - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်

#AJMM #GSC #GSCN #Coup #3YearsCoup #SpringRevolition #3YearsSpringRevolution #WhatshappeninginMyanmar
“၁၃၅ ဘာလဲ၊ ဘယ်လဲ” စကားဝိုင်းဆွေးနွေးပွဲ

စကားဝိုင်း၏ ရည်ရွယ်ချက်

⏺️ လူမျိုးစုများဟု ပြောဆိုသုံးနှုန်းနေကြသော ၁၃၅ မျိုးနှင့်ပတ်သက်၍ ရှင်းလင်းစွာဖော်ပြထားခြင်းမရှိသည့် အပေါ်တွင် ကျေလည်မှုရှိစေရန်
⏺️လူမျိုးကြီးဝါဒနှင့် အမျိုးသားရေး အစွန်းရောက်အမြင်တို့ကို အခြေခံထားသည့် တိုင်းပြည်တည်ဆောက်မှု ဇာတ်ကြောင်းအား ပြောင်းလဲနိုင်ရန်။
⏺️ လူမျိုးစုများ၏ ဖြစ်တည်မှုကို အမှန်တကယ် သိရှိနားလည်ရန်
⏺️ လူမျိုးစုပေါင်းမည်မျှရှိနေသည်ကို ရှာဖွေဖော်ထုတ်နိုင်ရန်
⏺️ လူမျိုးစုများ၏ လူသားအခွင့်အရေးနှင့် တန်းတူညီမျှမှုအတွက် အဖြေရှာဖွေနိုင်ရန်
⏺️ ဌာနေလူမျိုးစုများ၏ အခွင့်အရေးကို တန်ဖိုးထားနိုင်စေရန်။

#GSCN #PanelDiscussion #၁၃၅ဘာလဲ_ဘယ်လဲ #WhatIs135Ethnic #လူမျိုးပေါင်းစုံ #Nationalities
ဝၼ်းၸိူဝ်ႉၸၢတ်ႈၸိုင်ႈတႆး
ယနေ့ကျရောက်သည့် (၇၇) ကြိမ်မြောက် သျှမ်းပြည်အမျိုးသားနေ့အား လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) ကြိုဆိုဂုဏ်ပြုပါသည်။

#ShanStateNationalDay
#ဝၼ်းၸိူဝ်ႉၸၢတ်ႈၸိုင်ႈတႆး
#သျှမ်းပြည်အမျိုးသားနေ့
#GSCN #လူမျိုးပေါင်းစုံ
ယနေ့ကျရောက်သော (၇၆) နှစ်မြောက် ကရင်အမျိုးသားနေ့အား လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီက ကြိုဆိုဂုဏ်ပြုပါသည်။
#GSCN #လူမျိုးပေါင်းစုံ #ကရင#Karen #KarenNationalDay #ကရင်အမျိုးသားနေ့
လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) ဖွဲ့စည်းတည်ထောင်ခြင်းသုံးနှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်သို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

#GSCN #NUCC #လူမျိုးပေါင်းစုံ #3YearsGSCN #သဝဏ်လွှာ #ဖက်ဒရယ်ပန်းတိုင်အရောက်လှမ်းဖို့_လူမျိုးပေါင်းစုံတော်လှန်စို့
လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) ဖွဲ့စည်းတည်ထောင်ခြင်းသုံးနှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်သို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

#GSCN #PNFC #လူမျိုးပေါင်းစုံ #3YearsGSCN #သဝဏ်လွှာ #ဖက်ဒရယ်ပန်းတိုင်အရောက်လှမ်းဖို့_လူမျိုးပေါင်းစုံတော်လှန်စို့
လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) ဖွဲ့စည်းတည်ထောင်ခြင်းသုံးနှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်သို့ မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF) က ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

#GSCN #SIF #လူမျိုးပေါင်းစုံ #3YearsGSCN #သဝဏ်လွှာ #ဖက်ဒရယ်ပန်းတိုင်အရောက်လှမ်းဖို့_လူမျိုးပေါင်းစုံတော်လှန်စို့
MSI - MYANMAR SOCIETY INFORMATIONS
Photo
"ပြည်ထောင်အတုကို ဖြိုချလို့ ဖက်ဒရယ်ပန်းတိုင်အရောက်လှမ်းဖို့ လူမျိုးပေါင်းစုံတော်လှန်စို့"

ယနေ့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့သည် မြန်မာတစ်နိုင်ငံလုံး ကိုလိုနီလက်အောက်မှ လွတ်မြောက်ရန် တိုင်းရင်းသားလူမျိုးစုများ ပင်လုံစာချုပ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည့် (၇၇) နှစ်မြောက်နေ့ဖြစ်သည်။

သို့သော် ကိုလိုနီစနစ်လွန်မြောက်သည့်တိုင် ပင်လုံစာချုပ်ပါ ကတိကဝတ်များကို အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဘဲ လူမျိုးပေါင်းစုံသည်လည်း ဖက်ဆစ်စနစ်၊ အာဏာရှင်စနစ်များကို အကြိမ်ကြိမ် ခုခံတော်လှန်နေရဆဲ ဖြစ်သည်။

လက်ရှိအချိန်တွင် တိုင်းပြည်ကို နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင် စနစ် အောက်မှ ဆယ်ယူ၍ တန်ဖိုးမြင့်မားလှသည့် ပင်လုံစာချုပ်ပါ ကတိကဝတ်များ တဖန်ပြန်လည် အသက်သွင်းနိုင်မည့် အခွင့်အရေးရရှိနေပြီဖြစ်သည်။ မတည်နိုင်ခဲ့သည့် ပင်လုံကတိများအား ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ဖြင့် အစပြုသန္ဓေတည်ကာ ရွေးနုတ်ဆယ်ယူနိုင်မည်ဖြစ်သည်။ အမှန်တကယ်မစုစည်းနိုင်ခဲ့သော ပြည်ထောင်အတုကို ဖြိုဖျက်ကာ အာဏာရှင်စနစ်အကြွင်းမဲ့ပျက်သုဉ်းစေရမည် ဖြစ်သည်။

ယနေ့သည် ပင်လုံစာချုပ်ကပင်မပေးနိုင်ခဲ့သော လူမျိုးပေါင်းစုံ လွတ်လပ်ရေး၊ တရားမျှတမှုရရှိရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်များအတွက် အဆုံးစွန်တိုက်ပွဲဝင်ရန် အချိန်အခါ ဖြစ်သည်။

နွေဦးတော်လှန်ရေးအား အလုံးစုံလွတ်မြောက်ရေးလမ်းစသဖွယ်မှတ်ယူကာ တော်လှန်လူထုတစ်ရပ်လုံး၏ အသက်၊ သွေး၊ ချွေးတို့ ရင်းနှီးခဲ့ပြီဖြစ်သော စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အတူတကွတည်ဆောက်ရန်ဖြစ်သည်။ ဤမပြီးသေးသော ပင်လုံစာချုပ်မှ "ပြည်ထောင်အတုကို အမြစ်ဖြတ်ဖြိုချလို့ ဖက်ဒရယ်စနစ်ကို ရဲရဲတည်ဆောက်စို့" ဟု တိုက်တွန်းပါသည်။

လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN)

(Rangoon Scout Network ၏ "ဖက်ဆစ်ရွေးကောက်ပွဲသပိတ်မှောက် ဖက်ဒရယ်လမ်းကိုရဲရဲလျှောက်" နှိုးဆော်ချက်အချို့အား ကောက်နှုတ်ထားပါသည်)

#AllNationalities_LetsUniteandRevoltTowards #ဖက်ဒရယ်ပန်းတိုင်အရောက်လှမ်းဖို့_လူမျိုးပေါင်းစုံတော်လှန်စို့
#UprootShamUnion #BuildGenuineFederalUnion
#GSCN #လူမျိုးပေါင်းစုံ
အမှောင်ထုထဲမှ ၁၁၁၁

•အများပြည်သူပါဝင်ပြောဆိုမယ့် စကားဝိုင်း

တကျော့ပြန် စစ်အာဏာသိမ်းပြီးထဲက ပိုဆိုးရွားလာတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စားဝတ်နေရေးနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းအခက်အခဲတွေနဲ့အတူနေထိုင်လာကြရတာက မနက်ဖြန်ဆို ရက် (၁၁၁၁) ပြည့်ပါပြီ။

အမှောင်ထုထဲက ဒီရက်တွေမှာကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ အတွေ့အကြုံတွေ၊ မျှော်ကြည့်မိတဲ့ အနာဂါတ်အကြောင်းတွေကို ပြောပြဝေမျှကြပါမယ်။

ဒါတွေကို ဝင်ရောက်ဆွေးနွေးချင်တဲ့ ပြည်သူလူထုတရပ်လုံးကို ဖိတ်ခေါ်ပါတယ်။

မနက်ဖြန်ဆုံကြပါစို့။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု Anti-Junta Mass Movement - AJMM
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ General Strike Committee - GSC
လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ General Strike Committee of Nationalities - GSCN

#အမှောင်ထုထဲမှ၁၁၁၁ #AJMM #GSCN #GSCN #1111 #OpenMic
အမှောင်ထုထဲမှ ၁၁၁၁

•အများပြည်သူပါဝင်ပြောဆိုမယ့် စကားဝိုင်း

တကျော့ပြန် စစ်အာဏာသိမ်းပြီးထဲက ပိုဆိုးရွားလာတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စားဝတ်နေရေးနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းအခက်အခဲတွေနဲ့အတူနေထိုင်လာကြရတာက မနက်ဖြန်ဆို ရက် (၁၁၁၁) ပြည့်ပါပြီ။

အမှောင်ထုထဲက ဒီရက်တွေမှာကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ အတွေ့အကြုံတွေ၊ မျှော်ကြည့်မိတဲ့ အနာဂါတ်အကြောင်းတွေကို ပြောပြဝေမျှကြပါမယ်။

ဒါတွေကို ဝင်ရောက်ဆွေးနွေးချင်တဲ့ ပြည်သူလူထုတရပ်လုံးကို ဖိတ်ခေါ်ပါတယ်။

You are invited to a Zoom webinar.
When: Feb 17, 2024 06:30 PM Rangoon

Topic: အမှောင်ထုထဲမှ ၁၁၁၁

Please click the link below to join the webinar:

https://us06web.zoom.us/j/81168057126
Webinar ID: 811 6805 7126

စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု / Anti-Junta Mass Movement - AJMM

General Strike Committee - GSC

General Strike Committee of Nationalities - GSCN

#အမှောင်ထုထဲမှ၁၁၁၁ #AJMM #GSCN #GSCN #1111 #OpenMic #federaljournalmyanmar
ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၉) ရက် တွင် ကျရောက်သည့် ကရင်နီနှစ်သစ်ကူးနေ့ကို လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီက ကြိုဆိုဂုဏ်ပြုပါသည်။
#GSCN #လူမျိုး‌ပေါင်းစုံ #ကရင်နီ #Karenni #KarenniNewYear #2763
Happy Eid to You All!!!

အစ္စလာမ်ဘာသာဝင်တို့၏အထွတ်အမြတ်ထားရာဖြစ်သည့် "အီ ဒုလ် ဖိသ်ရ် "ဝါကျွတ်အီးဒ်ပွဲတော်အခါသမယတွင် အလ္လာဟ်အရှင်မြတ်ထံမှ ကောင်းချီးမင်္ဂလာအဖြာဖြာကျရောက်ပါစေ။ အလ္လာဟ်အရှင်မြတ်အလိုတော်နှင့်ငြိမ်းချမ်းပြီး ပဋိပက္ခကင်းသောနေ့ရက်များကို ဖြတ်သန်းကြရပါစေကြောင်း လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ - GSCN က ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#EidMubarak
#GSCN
#လူမျိုးပေါင်းစုံ
"၂၄ ကြိမ်မြောက် ကယန်းအမျိုးသားနေ့"

ယနေ့ကျရောက်သော ၂၄ ကြိမ်မြောက် ကယန်းအမျိုးသားနေ့အား လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ - GSCN က ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။

#kayannational #လူမျိုးပေါင်းစုံ
#GSCN
"အာဇာနည်တို့ ဖက်ဒရယ်လမ်း
လက်ကမ်းသယ်ဆောင်တိုက်ပွဲဝင်ကြ"

ကိုလိုနီဆန့်ကျင်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီရေးတွေအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသူပေါင်းများစွာရှိခဲ့ပါတယ်။ လူ့အသက်တွေရင်းပြီး လှုပ်ရှားမှုတွေကို ဆက်သယ်သယ်ဆောင်ကြတဲ့ ကျနော်တို့ တော်လှန်ရေးက ဘယ်အခြေအနေကို ရောက်ပြီလဲ။

တော်လှန်ရေးတခုကိုဖြတ်သန်းတဲ့အခါ ဘယ်လိုတွေးခေါ်ပြီးဖြတ်သန်းတယ်၊ ဘာတွေမျှော်မှန်းလဲဆိုတာ အရေးကြီးပါတယ်။

အာဏာရှင်စနစ်တွေကို ဆန့်ကျင်မယ်၊ ဖက်ဒရီဒီမိုကရေစီဆီ ရောက်အောင်လှမ်းတယ်ဆိုတဲ့ ကျနော်တို့ရဲ့ ကြွေးကြော်သံတွေမှာ အနှစ်သာရ ပါဝင်ဖို့လိုတယ်။ ဒီနေ့လို ကြေကွဲစရာကောင်းတဲ့နေ့ရက်တရက်နဲ့ လိုက်ဖက်တဲ့ ဥပမာအနေနဲ့ အာဇာနည် ၉ ဦးပဲရှိတယ်ဆိုပြီး လူအများစုက ဆက်တွေးနေတယ်ဆိုရင် ဘုံပန်းတိုင်က သံသယဖြစ်စရာဖြစ်နေပါမယ်။

ခေတ်အဆက်ဆက်က ကျဆုံးခဲ့သူ အာဇာနည်တွေ သွေးနဲ့ခင်းတဲ့လမ်းကို ဘယ်ပုံဘယ်နည်း "လက်ကမ်းသယ်ဆောင်တိုက်ပွဲဝင်" မလဲဆိုတာ ဒီနေ့ဖြတ်သန်းနေသူတွေ ဖြေကြရမှာပါ။

လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ

#GSCN #လူမျိုးပေါင်းစုံ #MartyrsDay #July19 #Martyrs #Nationalities
Media is too big
VIEW IN TELEGRAM
အပြစ်မဲ့တဲ့ ကလေးငယ်တွေ အတွက် တာဝန်ကြေခွင့်မရတဲ့ခံစားချက်မျိုး နဲ့ ကြေကွဲတဲ့နေ့ရက်တွေကြား အခက်အခဲတွေကို မြိုသိပ်ပြီး နိုင်ရာ တာဝန်ကိုယ်စီ ထမ်းဆောင်ကြဖို့

"ရှိုက်သံများရဲ့ မနက်ဖြန်"

Produced by GSCN
With Ka Nyar Maw Foundation-KNMF , Ri Re

#GSCN #လူမျိုးပေါင်းစုံ #Karenni #MawReeRe #RiRe #ProducedbyGSCN #KNMF #kanyarmawfoundation