MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်တို့မှာ စစ်ဘေးရှောင်ဉီးရေ အနိမ့်ဆုံး တစ်သိန်းခွဲဝန်းကျင်ထိရှိလာနေပြီး ဆန်နဲ့ မိုးကာ အရေးပေါ်လိုအပ်နေတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFအဖွဲ့က ပြောပါတယ်။
#dvbtvnews #Karenni #WhatsHappeningInMyanmar

https://m.youtube.com/watch?v=X1TTu7zrnps&feature=share&fbclid=IwAR3Bzni7yuCs8ga5J0FP9RPXD93-ItOSY_LrlJdT2xCKOu7_LmbgFgDz6cQ
ဖရူဆိုမှာ အရပ်သားတွေကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ တပ်မ (၆၆)လက်အောက်ခံ ခမရ (၁၀၈)ရဲ့ တပ်ရင်းမှူးက ဒုတိယဗိုလ်မှူးကြီး ခင်မောင်ထွန်းဖြစ်ပြီး ရခိုင်စစ်မျက်နှာမှာတုန်းက အသေအပျောက်များခဲ့တဲ့တပ်လို့ စုံစမ်းသိရှိရပါတယ်။ အခုရောက်ရှိနေတဲ့ ကရင်နီဒေသမှာလည်း ခမရ (၁၀၈)တပ်ဖွဲ့ဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများဆုံး ကျုးလွန်နေတဲ့ အဖွဲ့ ဖြစ်တယ်လို့ CDM ဗိုလ်ကြီးတစ်ဦးက အတည်ပြုပါတယ်။

https://youtu.be/XityASD_vfE
#dvbtvnews #Karenni #WhatsHappeningInMyanmar
(၇၄) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့အား ဖက်ဒရယ်အက်ဖ်အမ် (Federal FM) မှ ဦးညွတ်ဂါဝရပြုအပ်ပါသည်။

꤆ꤢ꤭ꤓꤛꤢ꤬ (ꤓꤚ) ꤔꤢ꤬ ꤊꤢ꤬ꤛꤢ꤭ꤜꤟꤤ꤬ ꤕꤚꤟꤢꤧ꤬ꤜꤟꤢꤨ꤬ ꤗꤛꤢꤩ꤭ ꤋꤢꤨ꤭ꤖꤢꤧ꤭ꤟꤢ꤭ ꤢ꤬ꤗꤟꤢꤪꤑꤢꤩ꤭ ꤛꤢꤩ꤭ Federal FM ꤃ꤛꤢ꤬ꤘꤢꤨ꤬ꤐꤟꤢꤦꤑꤟꤢꤔꤤ꤯

#KarenniMartyrsDay #Karenni #FederalFM
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ ဖွဲ့စည်းခြင်းမိတ်ဆက်။

#Karenni State Interim Executive Council (IEC)
Forwarded from Clenching Fists
💖 ကံစမ်းနိုင်မဲ့ လက်ဆောင်ပစ္စည်းလေးတွေကတော့

🎁 Set (1) ▶️ Orchid Diffuser 🌸

🎁 Set (2) ▶️ Starry Night Vase 🌌

🎁 Set (3) ▶️ Zodiac Sign Crochet 🧶

🎁 Set (4) ▶️ ကိုမင်းကိုနိုင်ရဲ့ ပန်းချီကား T-Shirt 👕

🎁 Set (5) ▶️ Sunflower Dream Catcher 🌻

🎁 Set (6) ▶️ Book Set 📚
- ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ (နုနုရည်အင်းဝ)
- ဂန္ဓဝင်မမ (အောင်ချိမ့်)
- မောင် ကိုကိုနှင့် မြနန္ဒာ (ကြည်အေး)
- နန်းဟာဗီး (ရန်ကုန်ဘဆွေ)

🌟 ကံစမ်းမဲလက်မှတ်တွေအပြင် ထောက်ပံ့ပေးတဲ့ အလှူရှင်တိုင်းကို “ကရင်နီအိပ်မက် ဂုဏ်ပြုမှတ်တမ်းလွှာ”များလည်း ပေးပို့သွားမှာဖြစ်ပါတယ်ဗျ။

ကရင်နီအိပ်မက် မောင်း၁၀၀ ပြည့်မီဖို့အရေး တော်လှန်သူအပေါင်းက ခုပဲပါဝင်အားဖြည့်လိုက်ကြစို့လားဗျာ။

📣 RCSလုပ်ခြင်းဖြင့် FRများကို အားဖြည့်ပေးကြပါနော်။

#ClenchingFists #မောင်း၁၀၀
#ကရင်နီအိပ်မက် #Karenni_Dream
ခံဝန်နဲ့ နေရပ်ပြန်ခွင့်ရတဲ့ လွိုင်ကော်တက္ကသိုလ် Non-CDM ဝန်ထမ်းများကို စစ်ကောင်စီက ရန်ကုန်တိုင်းသို့ ပြောင်းရွေ့ခွင့်ပေး

ဖက်ဒရယ် FM | ဒီဇင်ဘာလ ၁၃ ရက်

ကရင်နီပြည် ၁၁၁၁ စစ်ဆင်ရေးမှာ တိုက်ပွဲအတွင်းကနေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကယ်ထုတ်ပြီး နေရပ်ပြန်ပို့ပေးခဲ့တဲ့ လွိုင်ကော်တက္ကသိုလ် Non-CDM ဝန်ထမ်းတွေကို စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းက တက္ကသိုလ်တွေကို ပြောင်းရွေ့ခွင့်ပေးထားတယ်လို့ တက္ကသိုလ် ဆရာမအသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။

"သူတို့ကို အခွင့်ထူးပေးပြီးတော့ ရန်ကုန်ထဲက ကြိုက်တဲ့ တက္ကသိုလ်ကို ပြောင်းရွှေ့ခွင့်ပေးထားတယ်” လို့ တက္ကသိုလ်ဆရာမတစ်ဦးက ပြောပါတယ်။

လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ်အပါအဝင် ၈ ဦးကို ဒီဇင်ဘာလ ၅ ရက်နေ့က ဖရူဆိုမြို့နယ်တရားရုံးမှာ စီရင်ချက်ချ ဒဏ်ငွေရိုက်ပြီး လွတ်ပေးခဲ့သလို နိုဝင်ဘာလအတွင်းမှာလည်း ဝန်ထမ်းနဲ့ မိသားစုဝင် ၁၉၇ ဦးကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က နေရပ်ပြန်ပို့ပေးခဲ့ပါတယ်။

"ဒီစီရင်မှုမှာ သာမန် Non-CDM တွေကိုတော့ အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံမှုကို အတည်ပြုပြီးတော့မှပဲ IEC အနေနဲ့ ခံဝန်ကတိနဲ့ ပြန်လွတ်လိုက်တဲ့ဟာ ရှိတယ်ပေါ့နော်။ အဲ့ဒီခံဝန်ကတိအတိုင်းကို စောင့်ထိန်းဖို့ပေါ့။ တကယ်လို့များ မစောင့်ထိန်းဘူးဆိုရင်တော့ တရားဥပဒေအရ ပြန်အရေးယူရမယ်ဆိုတဲ့ အနေအထားမျိုးတော့ တစ်ပိုင်းရှိလာမယ်ပေါ့နော်" လို့ IEC ရဲ့ အထွေထွေအတွင်းရေးမှူးက ဖက်ဒရယ် FM ကို ပြောဆိုထားပါတယ်။

လွိုင်ကော်တက္ကသိုလ်က Non-CDM တွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ နေရပ်ပြန်ပို့လိုက်ခြင်းကို CDM ဝန်ထမ်းအများစုက ပြင်းပြင်းထန်ထန်အရေးယူခြင်းမရှိလို့ ဝေဖန်မှုပြောဆိုနေကြပါတယ်။

ဓာတ်ပုံ - IEC/ ခံဝန်ကတိလက်မှတ်ထိုးစေပြီး IEC က ပြန်လွတ်ပေးခဲ့သော လွိုင်ကော်တက္ကသိုလ်က Non-CDM များနဲ့ မိသားစုဝင်များကို တွေ့ရစဉ်

#NonCDM #လွိုင်ကော်တက္ကသိုလ် #စစ်ကောင်စီ #IEC #ကရင်နီ #Karenni #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists
ကရင်နီစစ်ရှောင်တွေရဲ့ နှစ်သစ်ဆုတောင်းနှင့် မျှော်လင့်ချက်စကားသံများ

Vox Pop၊ ဇန်နဝါရီ 11, 2024

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင် နေလာကြရတာ သုံးနှစ်နီးပါး ရှိလာပြီဖြစ်သည်။ လက်ရှိအချိန်ထိလည်း နေရပ်ပြန်လို့ မရသေးတာကြောင့် စစ်ရှောင်စခန်းတွေမှာပဲ ဆက်လက်နေထိုင်ရဆဲပါ။

အခက်အခဲတွေကြားမှာ ရှင်သန် နေထိုင်ရင်း စစ်ရှောင်ပြည်သူတချို့ရဲ့ ၂၀၂၄ နှစ်သစ်ဆုတောင်းနှင့် မျှော်လင့်ချက်စကားသံတွေကို မေးမြန်းဖော်ပြ ပေးလိုက်ပါသည်။

သတင်းအပြည့်အစုံကို http://tinyurl.com/28v293dy ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

#BNI #mmpeacemonitor #MPM #MilitaryCoupInMyanmar #Karenni #IDP #voxpop

Twitter>>>https://twitter.com/mmpeacemonitor
Instagram>>>https://www.instagram.com/mmpeacemonitor/
Youtube>>>https://tinyurl.com/dh83ufdb

ပုံစာ - ကရင်နီစစ်ရှောင်တချို့။
ဒီးမော့ဆိုတွင် စာသင်ကျောင်းပေါ် ဗုံးကျပြီး ကလေး ၄ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ
======================

Myanmar Now
February 5, 2024

လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကယားပြည်နယ်တွင် ကျောင်းတက်နေသည့် ကလေးများ သေဆုံး၊ ဒဏ်ရာရသွားသည်။ ဗုံးထိသည့်နေရာသည် တိုက်ပွဲနယ်မြေမဟုတ်ဟု သိရသည်။

ပုံစာ - ဒေါဆီအီးကျေးရွာ စာသင်ကျောင်း လေကြောင်းမှ ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ-JOBS For Kayah)

#MyanmarNow #Karenni #Demoso #ဒီးမော့ဆို

သတင်းအပြည့်အစုံ 👇👇👇
ကရင်နီပြည်ရဲဌာနက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး

ဖက်ဒရယ် FMI ဖေဖော်ဝါရီ ၁၆ရက်

ကရင်နီရဲဌာန နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့ တို့ပူးပေါင်းပြီး ယာဉ်တွေ အရှိန်လျော့မောင်းဖို့ အသိပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပူးပေါင်းအဖွဲ့တွေဟာဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ဒေသအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဖို့ လက်ကမ်းစာစောင်မျှဝေတာ၊ ယာဉ်တွေ သတ်မှတ်အရှိန်ထက်ပိုမမောင်းဖို့တွေကို အသိပညာပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

"ယာဉ်မတော်တဆမှုကြောင့်ဖြစ်ပေါ်လာတဲ့အသက်ဆုံးရှုံးမှုတွေ ထိခိုက်ဒဏ်ရာရတာတွေကို လျော့ကျစေဖို့ လုပ်တာပါလို့ "ရဲဌာနရဲ့သတင်းနှင့်ပြန်ကြားရေးဌာန ကိုဘိုဘိုကပြောပါတယ်။

ကရင်နီပြည်ရဲဌာနအနေနဲ့ စိုးမိုးနယ်မြေအတွင်း ပြည်သူ့လုံခြုံရေးအတွက် လှည့်ကင်း ၊ရပ်ကင်းတွေ ဆောင်ရွက်တာ၊ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးတာ၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း လိုက်နာတတ်စေဖို့ အသိပညာပေး အစီအစဉ်တွေ ဆောင်ရွက်နေတယ်လို့လည်း သူက ရှင်းပြပါတယ်။

မုစိုမို/FM

#Karenni #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine #ရဲတပ်ဖွဲ့
ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၉) ရက် တွင် ကျရောက်သည့် ကရင်နီနှစ်သစ်ကူးနေ့ကို လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီက ကြိုဆိုဂုဏ်ပြုပါသည်။
#GSCN #လူမျိုး‌ပေါင်းစုံ #ကရင်နီ #Karenni #KarenniNewYear #2763
ကရင်နီလူမှုသိပ္ပံကောလိပ်ရဲ့ အားလုံးအကြုံးဝင်ပညာရေးမူဝါဒ (Inclusive Education Policy) ထွက်ပေါ်လာ

MSI
ဂျူလိုင် ၅ ၊ ၂၀၂၄

#karennicollegeodsocialsciencesandhumanities
#karenni
#IDPeducation
ကရင်နီပြည်မှာ ပညာရေးလိုအပ်နေတဲ့ စစ်ရှောင်ကလေးတွေကို စာသင်ကြားပေးဖို့ Saving Grace အဖွဲ့ ဖွဲ့စည်း

ဖက်ဒရယ် FM | ဩဂုတ်လ ၁၇ ရက်

ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာမှာ ပညာရေးလိုအပ်နေတဲ့ စစ်ရှောင်ကလေးတွေကို စာသင်ကြားပေးနိုင်ဖို့ ဒီနေ့ ဩဂုတ်လ ၁၇ ရက်နေ့မှာ Saving Grace အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

"Saving Grace ကို ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ကတော့ ကရင်နီပြည်မှာရှိတဲ့ လူမျိုးတွေ အခြေခံစာမတတ်မြောက်မှု ပပျောက်ဖို့၊ စာသင်ကြားမှုအခွင့်အရေးများရရှိဖို့ဖြစ်တယ်" လို့ Saving Grace ရဲ့ ပညာရေးတာဝန်ခံ မမက်က ဖက်ဒရယ် FM ကို ပြောပါတယ်။

Saving Grace အနေနဲ့ စစ်ရှောင်ကလေးတွေကို ဒီနေ့ ဩဂုတ်လ ၇ ရက်နေ့မှာ စာသင်ကြားပေးခြင်း၊ ဂိမ်းကစားပေးခြင်းနဲ့ စတင်လှုပ်ရှားနေပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့ နှစ်ရက်ကိုသာ သင်ကြားပေးသွားမှာဖြစ်ကာ ၂ လတာပို့ချဖို့ရှိမယ်လို့ သိရပါတယ်။

"ဒီမှာရှိတဲ့ကလေး၊ မိဘတွေက အင်္ဂလိပ်စာ လာရောက်သင်ကြားပေးဖို့ ကမ်းလှမ်းတော့ ကျွန်မတို့က တတ်နိုင်သလောက် လာရောက် မျှဝေပေးခြင်းဖြစ်တယ်။ ပြီးတော့ ဒီသင်တန်းမှာ အင်္ဂလိပ်စာ 4 Skills ကို သင်ကြားပေးပြီးတော့ သင်တန်းသူ/သား ၃၃ ဦးရှိတယ်" လို့ မမက်က ဆက်ပြောပါတယ်။

အခုလက်ရှိ အင်္ဂလိပ်စာသင်တန်းမှာ စစ်ရှောင်ကျောင်းသား/ ကျောင်းသူ ၃၃ ဦးပါဝင်တက်ရောက်နေတယ်လို့ သိရပါတယ်။

"အခုကာလမျိုးမှာ ဒီလိုပညာတွေကို လာရောက်သင်ကြားပေးလို့ကျေးဇူးတင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ဆော့နေတာထက်စာရင်ပေါ့။ ပြီးတော့ ဒီက ကလေးကို အခုလိုပညာလာသင်ကြားပေးတာမြင်တော့ အရမ်းပီတိဖြစ်မိတယ်" လို့ ကလေးမိခင်တစ်ဦးက ပြောပါတယ်။

Saving Grace အဖွဲ့ကို ဩဂုတ်လ ၈ ရက်နေ့မှာ New Horizon ကျောင်းရဲ့ အပတ်စဉ် (၂) ကျောင်းသူ/သား ၂၀ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ရှေ့လျှောက် ပညာရေးလိုအပ်နေတဲ့ဒေသတွေမှာ သွားရောက်သင်ကြားပေးနိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

မုစိုမို၊ ဇူးဇူး/ FFM

ဓာတ်ပုံ - FFM

#FFM #စစ်ရှောင်ပညာရေး #Karenni #SavingGrace #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine
_________________
Website - https://federalfmradio.com
YouTube - https://www.youtube.com/@federalfmradio
Telegram - https://t.me/federalfm
Facebook - https://www.facebook.com/federalfmradio
Instagram - https://www.instagram.com/federalfmradio
TikTok - https://www.tiktok.com/@federal_fm
ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာမှာ စစ်ရှောင်အိမ်ခြေ ၂၀၀ ကျော် မိုးကာလိုအပ်

ဖက်ဒရယ် FM | သြဂုတ်လ ၂၂ ရက်

ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာမှာ စစ်ရှောင်နေကြတဲ့ အိမ်ခြေ ၂၀၀ ကျော်ကမိုးကာတွေလိုအပ်နေတယ်လို့ အဲ့ဒီစစ်ရှောင်စခန်းမှာ စစ်ရှောင်နေကြတဲ့သူတွေက ဖက်ဒရယ် FM ကို ဒီကနေ့သြဂုတ်လ ၂၂ ရက်နေ့မှာ ပြောပါတယ်။

"ကျွန်မတို့ စစ်ရှောင်မှာက မိုးကာလာမလှူပေးတာတော်တော်ကြာပြီ။ တစ်နှစ်နီးပါးရှိပြီ။ အခုမိုးရာသီရောက်တော့ ကျွန်မတို့တဲတွေက မိုးရေတွေ ပေါက်ပေါက်ကိုကျလို့။ ဒါတောင်မိုးကာအဟောင်းတွေကို သုံးထပ်လောက်ထပ်ပြီးကာထားတာ။" လို့ အသက် ၄၀ ကျော် စစ်ရှောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်အေးအေးခိုင်က ဖက်ဒရယ် FM ကို ပြောပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာ ဒီးမော့ဆိုတိုက်ပွဲကတည်းက စစ်ဘေးရှောင်ရတဲ့သူတွေရှိသလို (၁၁၁၁) စစ်ဆင်ရေးကာလမှာ စစ်ရှောင်ကြရတဲ့သူတွေလည်း ရှိပါတယ်။

"ကျွန်တော်တို့က စစ်ရှောင်ရတာ ၃ နှစ်ကျော်ပြီ။ မိုးကာမဝေပေးတာ တစ်နှစ်လောက်ရှိပြီ။ ကျွန်တော်ကအသက်လည်းကြီးပြီ။ ကျန်းမာရေးလည်း မကောင်းတော့ ဝင်ငွေလည်းမရှိဘူး။ အမျိုးသမီးကနေရတဲ့ ဝင်ငွေနည်းနည်းကလည်း ဆေးဖိုးအတွက်တောင် ကောင်းကောင်းမလောက်ချင်ဘူး။ အဲ့တာကြောင့် မိုးကာလည်း ပြန်မဝယ်နိုင်တော့တာ။" လို့ အသက် ၆၀ ကျော် အမျိုးသားကပြောပါတယ်။

စစ်ရှောင်တွေကို စားနပ်ရိက္ခာတွေကို လာဝေပေးတဲ့ အလှူရှင်တွေရှိပေမယ့် အမိုးအကာအတွက် မိုးကာလာလှူပေးတဲ့ အဖွဲ့အစည်းတွေတော့ မရှိတာကြာပြီလို့ သိရပါတယ်။

"ကျွန်မမှာ ကလေး ၃ ယောက်ရှိတယ်။ မိုးကာက မိုးမလုံတော့ ကလေးတွေလည်း ညညဆိုအိပ်မရဘူး။ ပလပ်စတစ်အိတ်တွေနဲ့ မိုးရေတွေကို ထပြီးကာထားရတယ်။ အမိုးမလုံတော့ ကလေးတွေဆို ဗိုက်နာတာတွေလည်းဖြစ်လာတယ်" လို့ ဒေါ်ငံခါးကျေးရွာက စစ်ရှောင်လာသူ အမျိုးသမီးက ပြောပါတယ်။

မူအေးမူ /FFM

ဓာတ်ပုံ - FFM

#Karenni #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine
_________________
Website - https://federalfmradio.com
YouTube - https://www.youtube.com/@federalfmradio
Telegram - https://t.me/federalfm
Facebook - https://www.facebook.com/federalfmradio
Instagram - https://www.instagram.com/federalfmradio
TikTok - https://www.tiktok.com/@federal_fm
Media is too big
VIEW IN TELEGRAM
အပြစ်မဲ့တဲ့ ကလေးငယ်တွေ အတွက် တာဝန်ကြေခွင့်မရတဲ့ခံစားချက်မျိုး နဲ့ ကြေကွဲတဲ့နေ့ရက်တွေကြား အခက်အခဲတွေကို မြိုသိပ်ပြီး နိုင်ရာ တာဝန်ကိုယ်စီ ထမ်းဆောင်ကြဖို့

"ရှိုက်သံများရဲ့ မနက်ဖြန်"

Produced by GSCN
With Ka Nyar Maw Foundation-KNMF , Ri Re

#GSCN #လူမျိုးပေါင်းစုံ #Karenni #MawReeRe #RiRe #ProducedbyGSCN #KNMF #kanyarmawfoundation
Forwarded from Kantarawaddy Times
ကရင်နီ နဲ့ ရှမ်း-ကရင်နီနယ်စပ်က ရေဘေးသင့်ပြည်သူ ၃၀၀၀၀ ဝန်းကျင်အတွက် အရေးပေါ် အကူအညီလိုအပ်နေ

ကန္တာရဝတီတိုင်း (မ်)

Website တွင်ဖတ်ရန် - https://www.kantarawaddytimes.org/sawi

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကစလို့ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ကရင်နီပြည် နေရာအနှံ့ နဲ့ ရှမ်း-ကရင်နီနယ်စပ်က ရေဘေးသင့်ပြည်သူ ၃၀၀၀၀ ဝန်းကျင် တိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောပါတယ်။

ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင်စခန်း (၃) ခု က လူဦးရေ ၂၆၀၀ ကျော် ၊ လွိုင်ကော်မြို့မှာ ကျေးရွာ ၃ ရွာနဲ့ စစ်ဘေးရှောင်စခန်း ၁ ခု မှာ ‌ရေဘေးသင့်ပြည်သူ ၅၀၀၀ ၊ ဒီးမော့ဆိုမြို့မှာ ၁၀၀၀၀ ခန့်၊ ဖရူဆိုမြို့မှာ ၁၀၀၀၀ ဝန်းကျင် ၊ ရှားတောမြို့နယ်မှာ ၁၃၃၅ ဦး ရေဘေးသင့်နေတာဖြစ်တယ်လို့ IEC က ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ မှာ ထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်တွေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် လက်ရှိအချိန်မှာ နိုင်ငံတကာရဲ့ အကူအညီကို လိုအပ်နေသလို ပြည်သူအချင်းချင်းကြား ဖေးမမှုလည်း အရေးပါတဲ့ ကာလဖြစ်တယ်လို့ IEC အတွင်းရေးမှူး -၂ ဦးဗညားက ပြောပါတယ်။

“နိုင်ငံတကာရဲ့ အကူအညီတွေ အများကြီးလိုအပ်တယ်။ အထူးသဖြင့် စားနပ်ရိက္ခာ။ ဘာလို့ဆို အိမ်ပါသွားပြီဆို အိမ်တစ်ခုထဲ ပါသွားတာမဟုတ်ဘူး။ အိုး၊ခွက်၊ပန်းကန် တွေပါသွားတယ်။ ရှိတဲ့ ဆန်၊ ဆီ၊ဆားတွေ ပါသွားတယ်။ အဝတ်အထာ်တွေပါ ပါသွားတယ်။ စောင်တွေပါသွားတယ် အဲဒီဟာတွေက ကျနော်တို့ ပြန်ဝယ်ဖို့အတွက် လွယ်တဲ့ ကိစ္စမဟုတ်ဘူး”

ကရင်နီနဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ ရေကြီးရေလျှံမှု နဲ့ တောင်ကျရေတွေကြောင့် လမ်းတံတားပျက်စီးမှု၊ အိုးအိမ်ပျက်စီးမှု ၊ ဒေသခံလူထုသေကြေမှု တွေကို ရက်သတ္တပတ်အတွင်း ပြည်သူတွေ ခံစားနေကြရတာဖြစ်ပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့နယ်အတွင်းက ဒေသခံတွေ စိုက်ပျိုးထားတဲ့ လယ်ယာစပါးဧက ၃၀၀၀ ကျော် ၊ ဒီးမော့ဆိုမြို့နယ်မှာ စပါးစိုက်ဧက ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးမှုအပြင် ကောက်ပဲသီးနှံ ၊ နှမ်းလည်း ရေနစ်မြှုပ်မှုကြောင့် ပျက်စီးခဲ့ရပါတယ်။

ရေဘေးကြောင့် ကရင်နီ ၊ ရှမ်း-ကရင်နီနယ်စပ်မှာ သေဆုံးသူ ၂၄ ဦးထက်မနည်း ရှိနေပါတယ်။ ယာယီရွေ့ပြောင်းနေထိုင်ရတဲ့ အိမ်ထောင်စု ( ၅၃၄၇ )စုအတွက် အရေးပေါ်အခြေခံစားနပ်ရိက္ခာတွေဖြစ်တဲ့ ဆန် ၊ ဆီ ၊ ဆား ၊ ပဲ အရေးပေါ်လိုအပ်နေပြီး တစ်ကိုယ်ရေသုံး အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာ၊ သွားတိုက်တံ ၊ သွားတိုက်ဆေး ၊ အဝတ်အထည် ၊ အမျိုးသမီးအသုံးအဆောင် ၊ သောက်ရေသန့်တွေ လိုအပ်နေပါတယ်။

လတ်တလော ယာယီရွေ့ပြောင်းနေထိုင်ဖို့အတွက် တဲဆောက်ဖို့ မိုးကာ၊ ဝါး ၊ သွပ်ကြိုး လိုအပ်နေပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာတွေနဲ့ ချိတ်ဆက်ပူးပေါင်းဖို့ကိုလည်း IEC က တောင်းဆိုထားပါတယ်။

#Karenni #KantarawaddyTimes #KarenniNews #ဘဘာဝဘေးဒဏ် #အရေးပေါ်အကူအညီလိုအပ် #ရေဘေးသင့်ပြည်သူ

ပုံစာ - ပွန်ချေင်းရေမြှင့်တက်လာမှုကြောင့် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေ စက်တင်ဘာလ ၁၂ရက်နေ့က တိမ်းရှောင်နေစဉ်။(ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် ) )

-------------------------------------------------------
Kantarawaddy Times Mobile App ဒေါင်းလုဒ် လုပ်ရန် - https://bit.ly/3MAz6el
Telegram - https://t.me/+TdI_wMuy0TAwYWZl
Website (Bur) - www.kantarawaddytimes.org
(Eng) - www.ktnews.org
Facebook (Bur) - www.facebook.com/KantarawaddyTimes
(Eng) - www.facebook.com/ktimeseng
Twitter - www.twitter.com/KantarawaddyTim
Youtube - www.youtube.com/user/MrKtimes
Soundcloud - soundcloud.com/kantarawaddy-times
Forwarded from Kantarawaddy Times
ပွန်ချောင်းအရှေ့ဘက်ကမ်းမှာ ခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်အိမ်ခြေ ၂၀၀ ကျော်ပိတ်မိနေ ၊ အရေးပေါ် ကူညီနိုင်ဖို့ စက်လှေလိုအပ်

ကန္တာရ၀တီတိုင်း ( မ် )

Website တွင်ဖတ်ရန် - https://www.kantarawaddytimes.org/hw27

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကစ ပွန်ချောင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ပွန်ချောင်း အရှေ့ဘက်ကမ်းမှာ ခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေနဲ့ အဆက်သွယ်ရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

ပွန်ချောင်းရေစီးအလွန်သန်တာကြောင့် တစ်ဘက်ကမ်းကို ကူးဖို့ ခက်ခဲနေကြတာပါ။ အရင် ရှိနှင့်ပြီးသား စက်လှေတွေလည်း ရေထဲ မျောပါသွားတာကြောင့် အခုချိန်မှာစစ်ဘေးရှောင်တွေကို အကူအညီပေးနိုင်ဖို့ စက်လှေ အရေးပေါ် လိုအပ်နေတယ် လို့ စစ်ရှောင်အမျိုးသားတစ်ဦးဖြစ်တဲ့ ခူးဘဲရယ်က ပြောပါတယ်။

"လက်ရှိ စက်လှေ အခြေအနေကတော ဒီပွန်ချောင်းမှာက ရှိနေပြီးသားပေါ့နော်။ ဒါပေမယ့် လောလောဆယ်ကတော့ ရေထဲကိုလုံး၀ပါသွားတယ်။ ဒီအရှေ့ဘက်ကမ်းမှာ ကျန်ခဲ့တဲ့ ညီအကိုသွားကြည့်ဖို့အတွက် စက်လှေ လိုအပ်နေတယ်။ ပြီးတော့ အခုက ရေတကုန်ကြီးလာခါကျတော့ သူတို့စား၀တ်နေရေး အခြေအနေ ဘယ်လို ရှိလည်းဆိုတာ ကျနော်တို့ မသိနိုင်ဘူး။ ကျနော်တို့သွားမယ်ဆိုလည်း ရေကလည်း မကျလာသေးတော့ သွားဖို့လည်း အဆင်မပြေသေးဘူး။ အခုအဓိက လိုအပ်နေတာတော့ စက်လှေတခုပေါ့နော်။ အရှေ့ဘက်ကမ်းမှာ နေတဲ့ ညီအကိုတွေကို သွားကြည့်ဖို့ စား၀တ်နေရေး သွားပေးဖို့ဆိုလည်း စက်လှေရှိမှ ဖြစ် မယ်။ အဲဒါ့ကြောင့် စက်လှေလေး လိုအပ်နေတယ်"လို့ ခူးဘဲရယ်က ပြောပါတယ်။

ယခုရက်ပိုင်းအတွင်းမှာတော့ ရေကျဆင်းလာပေမယ့် ရေစီးအလွန်သန်နေတာကြောင့် တစ်ဖက်ကမ်းကို ကူးဖို့ အန္တရာယ်များလွန်းတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေနဲ့ အဆက်သွယ်မရသေးတာကြောင့် စားသောက်ရေး ၊ နေထိုင်ရေး နဲ့ ကျန်းမာရေးပိုင်းတွေကို စိုးရိမ်ပူပန်နေရတာဖြစ်ပါတယ်။

ပွန်ချောင်း အရှေ့ဘက်ကမ်းမှာ စစ်ရှောင်စခန်း အမှတ် ၁၊ ၃ ၊ ၅ ၊ ၇ ရှိပြီး အိမ်ခြေ ၂၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေတဲ့ နွေဦးဂုရုလေးများအဖွဲ့ကနေ ပွန်ချောင်းစစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်နိုင်ဖို့ စက်လှေအရေးပေါ် လိုအပ်နေတယ်လို့လည်း ပြောဆိုထားပါတယ်။

#Karenni #KantarawaddyTimes #KarenniNews #ဒီးမော့ဆို #ပွန်ချောင်း #စက်လှေ

-------------------------------------------------------
Kantarawaddy Times Mobile App ဒေါင်းလုဒ် လုပ်ရန် - https://bit.ly/3MAz6el
Telegram - https://t.me/+TdI_wMuy0TAwYWZl
Website (Bur) - www.kantarawaddytimes.org
(Eng) - www.ktnews.org
Facebook (Bur) - www.facebook.com/KantarawaddyTimes
(Eng) - www.facebook.com/ktimeseng
Twitter - www.twitter.com/KantarawaddyTim
Youtube - www.youtube.com/user/MrKtimes
Soundcloud - soundcloud.com/kantarawaddy-times
Forwarded from Kantarawaddy Times
ဖယ်ခုံအင်း ရေလွှတ်ချမှုနဲ့အတူ မိုးရေကြောင့် ဘီလူးချောင်းဘေးတစ်လျှောက် နဲ့ လွိုင်ကော်မြို့ပေါ်မှာ ရေလွှမ်းနေ

ကန္တာရဝတီတိုင်း (မ်)

Website တွင်ဖတ်ရန် - https://www.kantarawaddytimes.org/defz

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစလို့ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ ဖယ်ခုံအင်း၊ မိုးဗြဲရေကာတာ ရေဖောက်ချမှုကြောင့် ဘီလူး‌ချောင်းဘေးတစ်လျှောက်နဲ့ လွိုင်ကော်မြို့ပေါ်နေရာအများစုမှာ ရေလွှမ်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လွိုင်ကော်မြို့တွင်းမှာ လတ်တလော ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက် နေတာဖြစ်ပြီး အခြေအနေအသေးစိတ်မေးမြန်းနိုင်ဖို့ ခက်ခဲနေပါတယ်။ MPT ဖုန်းလိုင်းနေရာတချို့မှာ ရနေတယ်လို့လည်း ပြောဆိုကြပေမယ့် နေရာတိုင်းကို ဆက်သွယ်လို့ မရသေးပါဘူး။

မြို့ပေါ်ဒေသခံတွေရဲ့ ၈၀ ရာခိုင်နှုန်းကလည်း စစ်ဘေးရှောင်နေရတာပါ။ ဒါ့ကြောင့် မြို့ပြင်ကို စစ်ဘေးရှောင်နေတဲ့ ဒေသခံတစ်ဦးက ရေဘေးကြောင့်အိမ်တွင်း အပျက်အစီးကိုတော့ တိတိကျကျ မသိရဘူးလို့ ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

“ခုက ရေပိုကြီးတယ်။ အရင်က အခုလောက်မကြီးဘူး။ ရှမ်းပြည်ဖက်က ရေကျရင် ကယားပိုဆိုးမှာ။ ရေတွေအကုန် ကယား လောပီတ ရောက်မှာလေး။ အရင်က ရေက ဖြည်းဖြည်းချင်းတက်လာတာ ခုနဲ့မတူဘူး။ စစ်ဘေးတွေရှောင်နေရတော့ ပစ္စည်းသိမ်းချိန်မရ။ အိမ်ထဲ လျှပ်စစ်ပစ္စည်း အကုန်မြှုပ် ကုန်နေလောက်ပြီပေါ့” လို့ သူကပြောပါတယ်။

ရှမ်းပြည်နယ် အင်းလေးကန်မှာလည်း သမိုင်းတစ်လျှောက် စံချိန်တင်ရေမြှင့်တက်နေပါတယ်။ မိုးဗြဲရေကာတာ -ဖယ်ခုံအင်း-အင်းလေးကန် တို့က တစ်ဆက်ထဲဖြစ်လို့ ရှမ်းပြည်ဘက်က ရေတွေစီးဆင်းလာရင် လွိုင်ကော်မြို့မှာ သက်ရောက်မှုပိုကြီးနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

လက်ရှိမှာ လွိုင်ကော်မြို့ပေါ်ရှိ ရှမ်းပိုင်း၊ မင်းစု၊ နမ့်ကွက်၊ ဒေါနို့ကူး၊ ရွှေတောင်ချောင်းစပ်၊ ဒေါဥခူ (မှုံပြာအစပ်)၊ ဒေါတမ စတဲ့ ရပ်ကွက်တွေမှာရေမြှပ်နေပါတယ်။ အလားတူ လွိုင်ကော်မြို့နယ်တွင်းရှိ ဘုရားဖြူကျေးရွာ၊ ဖောင်းတောကျေးရွာ၊ ဘုရားနီကျေးရွာ၊ မှုံပြာ‌ကျေးရွာ၊ ရေနီကန်၊ သတ္တဗလူ စတဲ့ ကျေးရွာတွေမှာလည်း ရေမြှင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ မင်းစု၊ နမ့်ကွတ် ရပ်ကွက်တွေဟာ ရေလွှမ်းမိုးမှု အမြှင့်ဆုံးရပ်ကွက်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးကြောင့် ပြောင်းရွေ့နေထိုင်နေရသူတွေရှိနေပြီး အကူညီတွေလိုအပ်နေတယ်လို့ လည်းသိရပါတယ်။

တစ်လေးလုံးစစ်ဆင်ရေးကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့တဲ့ လွိုင်ကော်မြို့ ဒေသခံတွေဟာ ပြီးခဲ့တဲ့လတွေကစပြီး နေရပ်ပြန်လည်နေထိုင်သူများလာတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့် ဖယ်ခုံ ၊ မိုးဗြဲရေကာတာအောက်ဘက်က လယ် ဧက ၃၀၀၀ ကျော် ရေမြှုပ်နေပြီး အနီးအနားရှိ စစ်ဘေးရှောင်စခန်းတချို့လည်း ရေနစ်မြှုပ်နေတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ထားပါတယ်။

#Karenni #KantarawaddyTimes #KarenniNews #လွိုင်ကော် #မိုးဗြဲ #ဖယ်ခုံ #ကရင်နီ #Flood #ရေကြီး #စားနပ်ရိက္ခာလိုအပ်

ဓါတ်ပုံ - ဒေသခံ

-------------------------------------------------------
Kantarawaddy Times Mobile App ဒေါင်းလုဒ် လုပ်ရန် - https://bit.ly/3MAz6el
Telegram - https://t.me/+TdI_wMuy0TAwYWZl
Website (Bur) - www.kantarawaddytimes.org
(Eng) - www.ktnews.org
Facebook (Bur) - www.facebook.com/KantarawaddyTimes
(Eng) - www.facebook.com/ktimeseng
Twitter - www.twitter.com/KantarawaddyTim
Youtube - https://www.youtube.com/@karenni
Soundcloud - soundcloud.com/kantarawaddy-times