MSI - MYANMAR SECRET INFORMATIONS
26.9K subscribers
87.9K photos
3.38K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
Breaking: တရုတ်ကြားဝင်မှုဖြင့် မြောက်ပိုင်းအဖွဲ့များနှင့် ဆွေးနွေးခဲ့ဟု စစ်ကောင်စီသတင်းထုတ်ပြန်
------------------------
စစ်ပွဲကို နိုင်ငံရေးအရ ဖြေရှင်းကြရန် တွေ့ဆုံခြင်းဟု စစ်ကောင်စီဆို

Myanmar Now

၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားလိုက်သည်။

တရုတ်အစိုးရ၏အကူအညီဖြင့် ပြုလုပ်ခဲ့သည့် ထိုဆွေးနွေးပွဲက ရှမ်းမြောက်စစ်ပွဲကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဆွေးနွေးပွဲတိုးတက်မှုအပေါ် မူတည်ပြီး ဒီဇင်ဘာလကုန်တွင် နောက်တစ်ကြိမ်တွေ့ဆုံမည်ဟုလည်း ၎င်းက ဆိုသည်။

ဆွေးနွေးပွဲတွင် ကိုးကပ်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ တက်ရောက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်က မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

နေရာနှင့် အချိန်အပါအဝင် အသေးစိတ်အချက်အလက်များကိုတော့ ပြောကြားခဲ့ခြင်းမရှိပါ။

အထက်ပါ အကြောင်းအရာများကို စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းဌာနများကို ယနေ့ (ဒီဇင်ဘာ ၁၁) တွင် ပေးပို့သည့် အသံသွင်းဖြေဆိုချက်တွင် ဆွေးနွေးပွဲအကြောင်းကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အတွက် မြောက်ပိုင်းမဟာမိတ်တို့၏ တုံ့ပြန်ချက်ကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

#MyanmarNow #မြောက်ပိုင်းမဟာမိတ်
တနင်္သာရီတိုင်း တော်လှန်ရေးရဲဘော် ၂ ဦးကို လောင်းလုံ ပကဖ ဖမ်းဆီးထား
------------------
တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်း ပြန်လည်ဖမ်းဆီးမှုအတွက် တင်းမာမှုများဖြစ်ပေါ်နေသည်။

ထားဝယ်ခရိုင် PDF တစ်ဦးနှင့် လောင်းလုံး (ပကဖ) လက်အောက်ခံ ဝံပုလွေတပ်စုအဖွဲ့ဝင်တစ်ဦးကို လောင်းလုံး (ပကဖ) က ပြီးခဲ့သည့် တနင်္လာနေ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ထိုနှစ်ဦးကို သွားရောက်ကယ်ဆယ်ကြသူများကိုလည်း လောင်းလုံး (ပကဖ) က မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ထားဝယ်ခရိုင် (PDF) ဘက်က ဆိုသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/46833/

ပုံစာ - တနင်္သာရီအခြေစိုက် PDF တပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲတစ်ခု၏ မှတ်တမ်းဓာတ်ပုံကို တနင်္သာရီစစ်ဒေသခွဲ – ကွပ်ကဲရေးအဖွဲ့က ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

#myanmarnow #တနင်္သာရီ #လောင်းလုံး #ပကဖ
မန္တလေးတွင် အသက် ၈၀ ကျော်သူကို အိမ်တွင် ဖမ်းပြီး လူငယ်တစ်ဦးကို ကားဖြင့်တိုက်ဖမ်း
======================

Myanmar Now
December 18, 2023

မတ္တရာမြို့နယ်မှ လွှတ်တော်အမတ်၏ ဖခင် ဒုတိယအကြိမ် အဖမ်းခံရသည်၊ မကြာသေးခင်က မန္တလေးမြို့ အဖမ်းအဆီးများထဲတွင် ကားဖြင့်တိုက်၊ သေနတ်ဒင်ဖြင့် ထုပြီး ဖမ်းဆီးမှုလည်း ပါဝင်သည်။

အဖမ်းအဆီးများနှင့် ပတ်သက်ပြီး စစ်ကောင်စီက အသေးစိတ် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အဘိုးအိုကို ဖမ်းခြင်းမှာ သားဖြစ်သူကို ဖမ်းလိုသောကြောင့် ဖြစ်နိုင်သည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

စစ်ကောင်စီကို ဝေဖန်သည်၊ PDF ထောက်ပံ့သည် စသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပုံစာ − စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေကြသည့် မန္တလေးမြို့ခံများကို ၂၀၂၁ ခုနှစ် မေလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

#MyanmarNow #မန္တလေး

သတင်းအပြည့်အစုံ 👇👇👇
ဆီဆိုင်မြို့နှင့် ရွာအချို့ကို လေတပ် ဗုံးကြဲဟု PNLA ပြော
======================

Myanmar Now
January 26, 2024

PNLA နှင့် မဟာမိတ်တပ်များ ရှိနေသော ဆီဆိုင်မြို့ကို လေတပ်က ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်၊ ထိုဒေသတွင် PNLA ၏ လက်နက်ယာဉ်တန်း ဟန့်တားခံရပြီးနောက် တိုက်ပွဲ အစပြုခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက လေတပ် အသုံးပြုပြီး ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေသော ထိုဒေသသည် ရှမ်းပြည်နယ်နှင့် ကရင်နီဒေသကြား ကူးသန်းဆက်သွယ်ရေးအတွက် အချက်အချာကျသည့် နေရာဖြစ်သည်။

ထိုဒေသကို စစ်ကောင်စီက ဆက်လက် ထိန်းချုပ်ထားနိုင်လျှင် ကရင်နီဒေသသို့ လက်နက်ခဲယမ်းစီးဆင်းမှုကို ဆက်လက် ဟန့်တားနိုင်မည် ဖြစ်သည်။

ပုံစာ − ဆီဆိုင်မြို့နယ် ကျေးရွာများသို့ စစ်ရှောင်လာသူများကို ရိက္ခာများ ထောက်ပံ့နေသည့် PNLA တပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − PNLA News & Information Department)

#MyanmarNow #Hsihseng #ဆီဆိုင် #PNLA

သတင်းအပြည့်အစုံ 👇👇👇
အိမ်နီးချင်းနိုင်ငံများနှင့်ပေါင်းကာ KNU ကို တိုက်မည်ဟု စစ်ခေါင်းဆောင်ကြုံးဝါး
--------------
သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU ကို အွန်လိုင်းလိမ်လည်မှုနှင့် လူမှောင်ခိုလုပ်ငန်း လုပ်ကိုင်နေကြောင်း အာဏာသိမ်းခေါင်းဆောင်က စွပ်စွဲလိုက်သည်။

စစ်ကောင်စီသက်တမ်း ၆ လတိုးရန် ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် အစည်းအဝေးတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကာ တော်လှန်ရေးသက်တမ်း ၇၆ နှစ်ရှိ KNU ကို “သောင်းကျန်းသူအဖွဲ့” ဟုလည်း စစ်ခေါင်းဆောင်က သုံးနှုန်းခဲ့သည်။

စစ်ခေါင်းဆောင်သည် ခွဲထွက်မည်ဟု ကြေညာထားသည့် ဗိုလ်မှူးကြီးစောချစ်သူ၏ နယ်ခြားစောင့်တပ်အကြောင်းကိုမူ ထည့်သွင်းပြောဆိုခြင်းမရှိဘဲ ချန်လှပ်ထားသည်။

မြဝတီမှ ကျားဖြန့်ဂိုဏ်းများနှိမ်နှင်းရေးအတွက် စစ်ကောင်စီနှင့် ထိုင်းစစ်တပ်ခေါင်းဆောင်များသည် ဒီဇင်ဘာနှင့် ဇန်နဝါရီအတွင်း သုံးကြိမ်တိုင် ဆွေးနွေးထားသည်။

တစ်ချိန်တည်းမှာပင် KNU ဥက္ကဋ္ဌကလည်း ကရင်လက်နက်ကိုင်အဖွဲ့အားလုံး ပြန်လည်ပေါင်းစည်းကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/48732/

ပုံစာ - ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက နေပြည်တော်၌ စစ်ဗိုလ်ချုပ်များနှင့်တွေ့ဆုံရာ၌ လက်ရှိ KNU ဥက္ကဋ္ဌလည်း ပါဝင်ခဲ့သည်။​ (ဓာတ်ပုံ - မြန်မာစစ်တပ်)

#MyanmarNow #KNU
ဒီးမော့ဆိုတွင် စာသင်ကျောင်းပေါ် ဗုံးကျပြီး ကလေး ၄ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ
======================

Myanmar Now
February 5, 2024

လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကယားပြည်နယ်တွင် ကျောင်းတက်နေသည့် ကလေးများ သေဆုံး၊ ဒဏ်ရာရသွားသည်။ ဗုံးထိသည့်နေရာသည် တိုက်ပွဲနယ်မြေမဟုတ်ဟု သိရသည်။

ပုံစာ - ဒေါဆီအီးကျေးရွာ စာသင်ကျောင်း လေကြောင်းမှ ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ-JOBS For Kayah)

#MyanmarNow #Karenni #Demoso #ဒီးမော့ဆို

သတင်းအပြည့်အစုံ 👇👇👇
ရခိုင် ၁၇ မြို့နယ်အနက် ၃ မြို့နယ်သာ စစ်ကောင်စီ အပြည့်အဝထိန်းချုပ်နိုင်
======================

Myanmar Now
February 9, 2024

ရခိုင်ပြည်နယ်အတွင်း ဂွ၊ သံတွဲနှင့် မာန်အောင်မြို့နယ်တို့တွင်သာ စစ်ကောင်စီအုပ်ချုပ်မှုကို တွေ့နိုင်ပြီး ကျန်ဒေသများသည် ထိုးစစ်ကြောင့် ထိန်းချုပ်နိုင်ခြင်း ပျက်ယွင်းလာနေသည်။

AA သည် ရခိုင်ပြည်နယ်မှ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တောနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားပြီး ကျန်ဒေသများကို ဆက်လက်ထိုးစစ်ဆင်နေသည်။

တရုတ်၏ ဖိအားကြောင့် ထိုးစစ်ကို တရုတ်နှင့် ကပ်လျက်တည်ရှိသော ရှမ်းပြည်နယ်တွင် ရပ်တန့်ပေးလိုက်ရသော်လည်း ရခိုင်ပြည်နယ်တွင်မူ ထိုးစစ် ဆက်ရှိနေခြင်း ဖြစ်သည်။

ပုံစာ - ပလက်ဝမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို AA က သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဉ်။

#MyanmarNow #Rakhine

သတင်းအပြည့်အစုံ 👇👇👇
MSI - MYANMAR SECRET INFORMATIONS
အရေးနိမ့်နေတဲ့စစ်တပ်က တနိုင်ငံလုံးစစ်မှုထမ်းရမယ့်ဥပဒေ ကျင့်သုံးမယ်လို့ ထုတ်ပြန် မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄။ ယခင် နအဖစစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက် ဒီကနေ့ ရက်စွဲနဲ့ အာဏာတည်ကြောင်း အခုညပိုင်းမှာ…
သတင်းတူပါသည်။

အရွယ်ရောက်သူတိုင်း အမြင့်ဆုံး ၅ နှစ်ကြာ စစ်တပ်ထဲဝင်ရမည့်ဥပဒေ စစ်ကောင်စီအသက်သွင်း

စစ်ထဲဝင်ရန် ငြင်းဆိုပါက ထောင် ၅ နှစ်အထိချနိုင်

==========================

Myanmar Now
February 10, 2024

အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေအမိန့်ဖြင့် ၂၀၁၀ ကတည်းက ပြဋ္ဌာန်းခဲ့သည့် အရွယ်ရောက်သူတိုင်း စစ်တပ်ထဲတွင် အချိန်အကြာဆုံး ၅ နှစ်အထိ ဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်သည်ဟု ယနေ့တွင် ကြေညာလိုက်သည်။

ထိုဥပေဒအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ္တပ္က ဆင့်ဆိုနိုင်သည်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အျခား အတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မွ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။

အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။

စစ်မှုထမ်းခြင်းကို ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိချနိုင်ကြောင်းလည်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ကျန်းမာရေးအဆင့်မမီကြောင်း စစ်တပ်ထောက်ခံချက်ရထားသူများ၊ စစ်ကောင်စီဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မည့်သူ မရှိသော မိအိုဖအိုမ်ားကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ၊ ထောင်ဒဏ်ကျခံနေသူများသည် စစ်မှုထမ်းရန် ယာယီရွှေ့ဆိုင်းနိုင်သည်။

စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ရသူများသည် သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ ကျန်းမာရေးအဆင့်မမီကြောင်း စစ်တပ်ထောက်ခံချက်ရထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ ဖြစ်သည်ဟုလည်း ထိုဥပေဒက ဆိုသည်။

#MyanmarNow #MyanmarJunta #MilitaryService #စစ်မှုထမ်း
အသက်ကြီးသူများကို ပျူစောထီးတပ်ထဲ ထည့်နိုင်သည့်စနစ် စစ်ကောင်စီတွင်ရှိနေ
------------
စစ်မှုထမ်းဥပဒေအရ အသက်ကျော်နေသူများကိုလည်း ပျူစောထီး ခေါ် ပြည်သူ့စစ်အဖြစ် ခိုင်းစားနိုင်သည့်စနစ် စစ်ကောင်စီလက်ထဲတွင် ရှိနေသည်။

စစ်ကိုင်း၊ တောင်ငူ၊ ပြည်၊ မြိတ်နှင့် လားရှိုးတို့မှ ပြည်သူများသည် မဲစနစ်ဖြင့် ပျူစောထီးတပ်ထဲ မဝင်မနေရ အခြေအနေကြုံတွေ့နေရသည်မှာ လအတော်ကြာပြီဖြစ်သည်။

၎င်းတို့ထဲမှ အချို့သည် ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်ခံခဲ့ရသည်။

စစ်တပ်က တည်ထောင်ပေးထားသည့် အွန်လိုင်းသတင်းစာမျက်နှာတို့က အသက်မီသူများကို ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်ထဲသွင်းရန်၊ အသက်ကန့်သတ်ချက်ကျော်လွန်သူများကို (ပြည်သူ့စစ်အဖြစ် စစ်ထဲသွင်းရန် ဆော်သြနေကြသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/49130/

#MyanmarNow #MilitaryService #Militia #pyusawhtee #ပျူစောထီး
ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်ကူများ ပိတ်ဆို့တိုက်ခိုက်ခံရ
======================

Myanmar Now
February 26, 2024

စစ်ကောင်စီ လက်လွှတ်ရလုနီးပါးဖြစ်နေသော ရမ်းဗြဲမြို့သို့ ရဟတ်ယာဉ်ဖြင့် ရောက်သွားသော စစ်ကူများမှာ မိနစ်ပိုင်းအတွင်း အဝိုင်းခံရပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရသည်။

စစ်ကူတစ်ဝက်ခန့်ကို ချေမှုန်းခဲ့သည်ဟု AA ဘက်က ဆိုပြီး တစ်ပြိုင်တည်းမှာပင် ရခိုင်မြောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ ဆက်ဆင်နွှဲနေသည်။

ရခိုင်မြောက်ပိုင်း ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်ရှိ တပ်စခန်းများကို ထိုးစစ်ဆင်နေပြီး ထိုမြို့ ၄ မြို့ရရှိပါက မြို့တော်စစ်တွေမှ လွဲပြီး မြောက်ပိုင်းတစ်ခွင်သည် AA လက်ထဲ ကျရောက်သွားမည်ဖြစ်သည်။

"AA ရဲ့ တိုက်စစ်အရှိန်အဟုန်နဲ့ဆိုရင် ရခိုင်ပြည်မြောက်ပိုင်းမြို့နယ်တွေကတော့ မကြာခင် ပြတ်သွားနိုင်ပါတယ်" ဟု ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက မှတ်ချက်ပြုသည်။

ပုံစာ - ယခုနှစ်ဆန်း ရခိုင်ဒေသတိုက်ပွဲများတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- Arakan Princess Media)

#MyanmarNow #Rakhine #Ramree #ရမ်းဗြဲ

သတင်းအပြည့်အစုံ 👇👇👇
မြစ်ကြီးနားလေတပ်အပါအဝင် စစ်ကောင်စီစခန်းများကို KIA တစ်ပြိုင်နက်တိုက်ခိုက်
------------------------------------------------------
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းအပါအဝင် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတစ်လျှောက်နှင့် လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီစခန်းများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ယနေ့ (မတ် ၇) နံနက်အစောပိုင်းကစတင်ကာ တစ်ပြိုင်နက်တိုက်ခိုက်နေသည်။

ဝိုင်းမော်မြို့နယ်နှင့် ဒေါ့ဖုန်းယန်မြို့နယ် စစ်ကောင်စီစခန်းများကို KIA နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့များနှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များလည်း ပါဝင်တိုက်ခိုက်နေပြီး ယနေ့နံနက် ၆ နာရီတွင် စတင်တိုက်ခိုက်သည်ဟု သိရသည်။

“၁၀၂၇နဲ့ ဆက်စပ်မှု မရှိပါဘူး။ ကျွန်တော်တို့လည်း ကျွန်တော်တို့ဗျူဟာနဲ့ ကျွန်တော်တို့ အစီအစဉ်နဲ့လုပ်တာ ဖြစ်ပါတယ်” ဟု KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

အချိန်ယူပြင်ဆင်ပြီးမှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသော်လည်း အသေးစိတ်ပြောဆိုခြင်း မရှိပေ။

ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ရှိ အမှတ် ၃၂၁ မြေလျင်တပ်ရင်း အပါအဝင် နွမ့်လန့် (Numlang)နှင့် ကုန်းလော (KungLaw) ရှိ စစ်တပ်စခန်းများအပြင် လိုင်ဇာအနီး ဒေါ့ဖုန်းယန်မြို့နယ်ရှိ ခယာတောင် (Hkaya Bum) နှင့် ဘွမ်ရဲတောင် (Bumre Bum) တို့ရှိ စစ်ကောင်စီတပ်စခန်းများကိုပါ KIA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက်တိုက်ခိုက်နေခြင်းဖြစ်သည်။

ခယာဘွမ်(Hkaya Bum) နှင့် ဘွမ်ရဲဘွမ်(Bumre Bum) အမည်ရှိ စစ်ကောင်စီတပ်စခန်းကြီးများသည် KIA ဌာနချုပ်လိုင်ဇာကို လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်ပြီး စစ်ရေးအရ ခြိမ်းခြောက်နေသဖြင့် ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း KIA ဘက်က ဆိုသည်။

“ဗျူဟာကျပါတယ်။ လိုင်ဇာကို ထိန်းတဲ့စခန်းတွေပဲ ဖြစ်ပါတယ်။ လိုင်ဇာမှာလည်း လက်နက်ကြီးနဲ့ ခဏခဏ ပစ်တာပေါ့နော်။ အဲ့ဒါတွေ ရှိပါတယ်။ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအတွက်လည်း အင်မတန်မှ အခရာကျတဲ့၊ ဗျူဟာကျတဲ့စခန်းတွေဖြစ်ပါတယ်” ဟု ဗိုလ်မှူကြီးနော်ဘူက ဆိုသည်။

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ စစ်ရှောင်စခန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်ဘးရှောင်ကလေးတချို့သေဆုံးကာ၊ ဒဏ်ရာရသူများလည်းရှိသည်ဟု ကနဦးသိရှိရသည်။

ထိုအခြေအနေကို လက်တုံ့ပြန်သည့်အနေဖြင့် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကို KIA ဘက်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ကချင်ပြည်နယ်ရှိ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ ကာကင်းစခန်းတချို့ကို သိမ်းပိုက်ထားနိုင်ပြီဟု KIA ဘက်က အတည်ပြုပြောကြားပြီး၊ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် တိုက်ပွဲရုပ်သံမှတ်တမ်းများအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးကာ လက်နက်ခဲယမ်းတချို့ကိုလည်း KIA ဘက်က သိမ်းဆည်းနိုင်သည်ကို တွေ့ရသည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိုးစစ်များရပ်တန့်သွားသော်လည်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ယခုအခါ ကချင်ပြည်နယ်တွင်လည်း အရေးပါသည့် စစ်ကောင်စီစခန်းများ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရသည်။

အောက်ပါ Link တွင်လည်း ဖတ်ရှုနိုင်ပါသည်။

https://myanmar-now.org/mm/news/49926/

ပုံစာ - ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတစ်လျှောက် တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ။ (ဓာတ်ပုံများ - ပေးပို့)

#MyanmarNow #Kachin #Myitkyina #Laiza #မြစ်ကြီးနား #လိုင်ဇာ
မန္တလေး ရတနာပုံခန်းမ တိုက်ခိုက်ခံရ
======================

Myanmar Now
March 20, 2024

စစ်ခေါင်းဆောင်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည့် မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမ ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံလိုက်ရသည်။

မန္တလေးမြို့လယ် ၇၈ လမ်းနှင့် ၃၈ လမ်းထောင့် စစ်တပ်ဝင်းအတွင်း တည်ဆောက်ထားသည့် ထိုခန်းမသည် စစ်ခေါင်းဆောင်၏သား အောင်ပြည့်စုံပိုင်ဆိုင်သည်ဟု မန္တလေးမြို့ခံများက ယုံကြည်နေကြပြီး “အောင်ပြည့်စုံခန်းမ” ဟုပင် ခေါ်ဝေါ်ကြသည်။

ပုံစာ − ၂၀၂၁ မေလ ၁၇ ရက်နေ့တွင် ရတနာပုံခန်းမကို စစ်ခေါင်းဆောင် ဖွင့်လှစ်ပေးခဲ့စဉ်။ (ဓာတ်ပုံ − စစ်ခေါင်းဆောင် ဝက်ဆိုက်)

#MyanmarNow #Mandalay #မန္တလေး

သတင်းအပြည့်အစုံ 👇👇👇
စစ်ကောင်စီအင်အားချည့်နဲ့မှုကို မီးမောင်းထိုးပြခဲ့သည့် တပ်မတော်နေ့စစ်ရေးပြပွဲ
—--------------------------------------------------------
နေပြည်တော်တွင် ယမန်နေ့က ကျင်းပခဲ့သည့် ၇၉ နှစ်မြောက် တပ်မတော်နေ့က အရင်နှစ်များနှင့် မတူဘဲ တမူထူးခြားခဲ့သည်။ စစ်ကောင်စီသည် စစ်ရေးပြချီတက်ပွဲကို ယခင်က နံနက်ပိုင်းများတွင် ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ညနေပိုင်းသို့ ပြောင်းလဲခဲ့သည်။

ထူးခြားပြောင်းလဲမှုများက ထိုတစ်ခုတည်းမဟုတ်ခဲ့။

ယခင်နှစ်များက စစ်တပ်က ၎င်းတို့ဝယ်ယူထားသည့် ခေတ်မီလက်နက်ဆိုသည်များကို စစ်ရေးပြပွဲတွင် ထုတ်ပြလေ့ရှိသော်လည်း ယခုနှစ်တွင်တော့ လမ်းလျှောက်စစ်သားများသာ စစ်ရေးပြကွင်းသို့ ချီတက်လာခဲ့သည်။

စစ်ကောင်စီသည် ၂၀၂၃ တပ်မတော်နေ့ချီတက်ပွဲနှင့် ၂၀၂၄ တပ်မတော်နေ့ချီတက်ပွဲကြားတွင် ၁၀၂၇ စစ်ဆင်ရေးကဲ့သို့သော ပြင်းထန်သည့်စစ်ပွဲများနှင့် ရင်ဆိုင်ခဲ့ရပြီး အရှုံးကြီးရှုံးခဲ့သည်။ ၂၀၂၄ တပ်မတော်နေ့ချီတက်ပွဲတွင် မြင်တွေ့ရသည့် စစ်တပ်၏ ချည့်နဲ့လာမှုအကြောင်း တင်ဆက်လိုက်ပါသည်။

#MyanmarNow
မူဆယ် ကျားဖြန့် လုပ်ငန်းများကို စစ်တပ် စီးနင်း၊ ၃၅၂ ဦးကို တရုတ်ထံအပ်နှံ
======================

Myanmar Now
April 1, 2024

မြောက်ပိုင်း ၃ ဖွဲ့ ပိတ်ဆို့ထားသည့် မူဆယ်မြို့တွင် ကျားဖြန့်လုပ်ငန်း ၁၀ ခုထက်မနည်း စီးနင်းခံရပြီးနောက် တရုတ်က ဝရမ်းထုတ်ထားသူများ၊ သံသယတရားခံများ ရရှိသွားသည်။

ဖမ်းမိသော တရုတ်နိုင်ငံသားများကို မန့်ဝိန်းနယ်စပ်ဂိတ်မှတဆင့် တရုတ် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ပြီး မြန်မာနိုင်ငံသားများကိုမူ မူဆယ်ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။

တရုတ်အစိုးရ ထုတ်ပြန်ချက်တွင် မူဆယ်မြို့စီးနင်းမှုများအတွင်း ၎င်းတို့၏ရဲများလည်း ပါဝင်သည် ဟု ဖော်ပြထားသည်။

ပုံစာ- ကျားဖြန့်သံသယမှုဖြင့် လောက်ကိုင်မြို့ထဲမှ တရုတ်နိုင်ငံသားများကို ရန်လုံကျိုင်းဂိတ်မှ တစ်ဆင့် ၂၀၂၃ အောက်တိုဘာအတွင်း စစ်ကောင်စီက တရုတ်အစိုးရထံ လွှဲပြောင်းပေးစဉ် (ဓာတ်ပုံ - ကိုးကန့်စစ်ကောင်စီ)

#MyanmarNow #မူဆယ် #ကျားဖြန့်လုပ်ငန်း
အပျော်တမ်းအဆင့် ဒရုန်းနည်းပညာဖြင့် နေပြည်တော်အတိုက်ခံရဟု စစ်ကောင်စီဆို
======================

Myanmar Now
April 5, 2024

နေပြည်တော်စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ရာတွင် သုံးသည့် ဒရုန်းနည်းပညာမှာ အပျော်တမ်းအဆင့်သာရှိကြောင်း စစ်တပ်က ပြောသည်။

သို့သော်လည်း လက်တွေ့တွင် စစ်ကောင်စီသည် ထိုတိုက်ခိုက်မှုကို အာဏာသိမ်းသက်တမ်း ၃ နှစ်ကျော်အတွင်း အကြီးမားဆုံးသော လေကြောင်းခြိမ်းခြောက်ခံရမှုအဖြစ် သတ်မှတ်ခဲ့သည်။

ယခုသီတင်းပတ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် စစ်ခေါင်းဆောင်များ တက်ရောက်မည့် အစည်းအဝေးတချို့ကို ဖျက်သိမ်းလိုက်ပြီး နေပြည်တော်တွင် လေကြောင်းရန် ကာကွယ်ရေး အဆင့်မြှင့်ရန် ပြင်ဆင်နေသည်။

ယခုနှစ်တွင် စစ်ခေါင်းဆောင်သည် နေပြည်တော် တပ်တွင်းသင်္ကြန်ပွဲကို တက်ရောက်ရန် စီစဉ်ထားသော်လည်း ဖျက်သိမ်းလိုက်သည်ဟု သတင်းအရင်းအမြစ်တို့က ဆိုသည်။

#MyanmarNow #Naypyitaw #DroneAttack #နေပြည်တော် #ဒရုန်း

သတင်းအပြည့်စုံ 👇👇👇
မြိုင်တိုက်ပွဲအတွင်း စစ်သားနှင့်ရဲ ၉ ဦးအရှင်မိ၊ ထိုအထဲမှ၂ ဦး သေဆုံး
======================

Myanmar Now
April 24, 2024

မကွေးတိုင်းအတွင်း ဗုံးတပ်ဒရုန်းများသုံးသည့် တော်လှန်ရေးအင်အားစုက စစ်ကြောင်းတစ်ခုကို တိုက်ခိုက်စဉ် သုံ့ပန်းတချို့ ရရှိခဲ့သည်။

တစ်ပတ်ကြာ တိုက်ပွဲများအတွင်း စစ်ကြောင်းမှ အဖွဲ့ကွဲသွားသော စစ်သားနှင့်ရဲ ၉ ဦး လက်နက်များဖြင့် ဖမ်း ဆီးခံရပြီး ဒဏ်ရာပြင်းထန်သည့် ဒုရဲမှူးနှင့် ရဲတပ်ကြပ် သေဆုံးသွားသည်။

တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် မြိုင်မြို့အနီးရှိ စစ်တပ်အခြေစိုက်ရာ စက်ရုံဝင်းအတွင်း ပြန်ဝင်ရောက်သွားသော်လည်း ဒေသကာကွယ်ရေးအဖွဲ့များက အဖွဲ့ကွဲသွားသော စစ်သားနှင့်ရဲများ ရှိမရှိ ဆက်လက်ရှာဖွေနေသည်။

ပုံစာ- မြိုင်ပကဖအဖွဲ့မှ ထုတ်ပြန်ထားသည့် ဖမ်းဆီးခံရဲများ နှင့် လက်နက်များ။

#MyanmarNow #မြိုင်

သတင်းအပြည့်အစုံ 👇👇👇
NUG အောက်ခြေယန္တရား ယိုယွင်းနေဟု ဒေါက်တာတေဇာစန်း ဝေဖန်
======================

Myanmar Now
May 2, 2024

NUG လက်အောက်ခံ အုပ်ချုပ်ရေး၊ လုံခြုံရေးအဖွဲ့တို့၏ အလုပ်မဖြစ်မှုများကို ဖြေရှင်းရန် တုံ့ဆိုင်းမနေသင့်ကြောင်း အထင်ကရသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက တိုက်တွန်းလိုက်သည်။

NUG ဝန်ကြီးတစ်ဦးကမူ မြို့နယ်တချို့တွင် ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကို ကိုင်တွယ်ဖြေရှင်းပေးနေသည်ဟု ပြောသည်။

ပုံစာ - ၂၀၂၁ နှစ်ဦးပိုင်းအတွင်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ဒေါက်တာ တေဇာစန်း။

#MyanmarNow #TayzarSan #NUG

သတင်းအပြည့်အစုံ 👇👇👇
ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးဌာနချုပ်နှင့် တပ်ရင်း ၂ ရင်းကို AA သိမ်းပိုက်
======================

Myanmar Now
May 5, 2024

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခြေမြန်တပ်ရင်း ၂ ရင်းတို့ကို သိမ်းပိုက်လိုက်ကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ (မေ ၅) နံနက်တွင် သတင်းထုတ်ပြန်သည်။

မေယုမြစ်နှင့် စိုင်းဒင်ချောင်းကြားတွင် တည်ရှိသည့် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ကို မေလ ၂ ရက်နေ့တွင် သိမ်းပိုက်ပြီး ထိုဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၅၅၆ ကို ဧပြီ ၂၄ တွင်၊ ခမရ ၅၅၁ ကို မေလ ၃ ရက်နေ့တွင် သိမ်းပိုက်သည်ဟု ဖော်ပြသည်။

#MyanmarNow #Rakhine #butheedaung #ဘူးသီးတောင်

သတင်းအပြည့်အစုံ 👇👇👇
ရခိုင်ကို AA သိမ်းပါက စစ်ကောင်စီဆုံးရှုံးမည့် ဘီလျံချီ စီးပွားရေးလုပ်ငန်းများ
-----------------
MyanmarNow

ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံတကာစီမံကိန်းများ အဓိကအားဖြင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများရှိသော နယ်မြေများကို ထိန်းချုပ်လာနိုင်ပါက ဝင်ငွေရရှိလာခြင်းထက် ပိုအရေးကြီးသော နိုင်ငံရေးချိန်ခွင်လျှာကို AA က ရရှိလာမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးစိုးသူရထွန်းက မှတ်ချက်ပြုသည်။

"AA အတွက်က နယ်မြေစိုးမိုးမှုပိုများလာရင် စစ်ကောင်စီရဲ့ ဝင်ငွေကို ဖြတ်တောက်နိုင်မယ်၊ လျှော့ချနိုင်တယ်။ မိမိတော်လှန်ရေးအတွက်လည်း ရန်ပုံငွေရလာနိုင်တယ်။ နောက်တစ်ခါ ဒီနေရာတွေကို ပိုင်လာပြီဖြစ်တဲ့အတွက် တရုတ်နိုင်ငံတို့၊ အိန္ဒိယနိုင်ငံတို့ကလည်း မလွန်ဆန်နိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်လာနိုင်တယ်" ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းပေါင်း ၂၈ ခုအထိရှိပြီး တန်ကြေးမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလျံကျော်အထိ ရှိသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/52757/

#MyanmarNow #Rakhine #စီးပွားရေး
MSI - MYANMAR SECRET INFORMATIONS
Photo
NLD ၏ တရားဝင်ဝက်ဆိုက်စာမျက်နှာ လောင်းကစားဝက်ဆိုက်အဖြစ် ပြောင်းလဲနေ
--------------------
NLD ဗဟိုပြန်ကြားရေးဝက်ဆိုက်သည် အင်တာနက်ပေါ်တွင် သက်တမ်း ၁၁ လနှင့် ၁ ရက်ကျန်ရှိနေသေးပြီး ၂၀၂၅ ခုနှစ် မေလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

Myanmar Now

အမျိူးသားဒီမိုကရေစီချုပ် (NLD) ပါတီ၏ ပြန်ကြားရေးဝက်ဆိုက်စာမျက်နှာသည် အွန်လိုင်းလောင်းကစားဝက်ဆိုက်စာမျက်နှာအဖြစ် ပြောင်းလဲနေသည်ကို ယနေ့ တွေ့ရှိရသည်။

ပါတီ၏ တရားဝင် Facebook လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် National League for Democracy Facebook စာမျက်နှာကို Myanmar Now က ယနေ့ (ဇွန် ၂၂) တွင် ဝင်ရောက်ကြည့်ရှုရာမှ တွေ့ရှိရခြင်းဖြစ်သည်။

အမျိူးသားဒီမိုကရေစီချုပ် (NLD) ပါတီ၏ တရားဝင်ဝက်ဆိုက်လိပ်စာမှာ nld-official.org လိပ်စာဖြစ်သည်။ ထိုလိပ်စာကို ဝင်ရောက်ကြည့်ရှုသည့်အခါ အင်ဒိုနီးရှားဘာသာစကားဖြင့် ဖော်ပြထားသော အွန်လိုင်းလောင်းကစားဝက်ဆိုက်တစ်ခုထဲသို့ ရောက်ရှိသွားသည်။

ဝက်ဆိုက်လိပ်စာအမည် (Domain) များကို စစ်ဆေးပေးသော www.whatsmydns.net ဖြင့် စစ်ဆေးကြည့်ရာ ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ဒိုမိန်းကို စတင်လွှင့်တင်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရပြီး ဒိုမိန်းသက်တမ်း ၇ နှစ်နှင့် ၁ လနီးပါးရှိပြီဖြစ်သည်။

ဒိုမိန်းလိပ်စာအမည်သည် အင်တာနက်ပေါ်တွင် မှတ်ပုံတင်ထားဆဲဖြစ်ကာ ၂၀၂၅ ခုနှစ် မေလ ၂၄ ရက်နေ့မှသာ သက်တမ်းကုန်ဆုံးမည်ဟု စစ်ဆေးမှုရလဒ်ကို ဖော်ပြပေးသည်။

ဒိုမိန်းအခြေအနေအပြောင်းအလဲများနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးကြည့်ရာ ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် ဒိုမိန်းလိပ်စာကို နောက်ဆုံးပြောင်းလဲပြင်ဆင်ထားကြောင်း စစ်ဆေးတွေ့ရှိရသည်။

National League for Democracy Facebook စာမျက်နှာကိုမူ မြန်မာနိုင်ငံတွင် ၂ ဦး၊ ထိုင်းနိုင်ငံတွင် ၂ ဦးနှင့် ဗြိတိန်နိုင်ငံတွင် ၁ ဦးတို့ဖြင့် ကြီးကြပ်ထိန်းချုပ်နေသည်ကို ထိုစာမျက်နှာ၏ လူမှုကွန်ရက်ပွင့်လင်းမြင်သာမှုဖော်ပြချက်အရ သိရသည်။

ပါတီ၏ တရားဝင်ဝက်ဆိုက်စာမျက်နှာ ယခုကဲ့သို့ အွန်လိုင်းလောင်းကစားဝက်ဆိုက်အဖြစ် ပြောင်းလဲသွားခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုပြန်ကြားရေးဘက်က တစ်စုံတစ်ရာအသိပေးထုတ်ပြန်ထားခြင်း မတွေ့ရပေ။

၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်းများစာရင်းကြေညာသည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် NLD ဗဟိုပြန်ကြားရေး Website (NLD-official.org) တိုက်ခိုက်ခံရသည်ဆိုသည့်သတင်းထွက်ပေါ်ဖူးသည်။ ထိုစဉ်က ဝက်ဆိုက်ကို ဝင်ရောက်ကြည့်ရှုနိုင်သူအရေအတွက်ကန့်သတ်ချက်ကို ကျော်လွန်သွားခြင်းကြောင့် ယာယီအဆင်မပြေမှုသာဖြစ်သည်ဟု လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့ခဲ့သည်။

ကျားဖြန့်အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများကို တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ဇန်နဝါရီလ ၁ ရက်နေ့ ရက်စွဲတပ် တရုတ်နိုင်ငံဆိုင်ရာ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#MyanmarNow #NLD #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်