ဂန့်ဂေါခရိုင်တပ်ရင်းနှင့် ပကဖပေါင်းပြီး LPDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်းပြီး လူတစ်ချို့ဖမ်းဆီးကာ ပစ္စည်းများ သိမ်းယူ
မျက်မှောက်ခေတ်၊ ဧပြီ ၂၁
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း အခြေစိုက်ကာ တော်လှန်ရေးလုပ်ဆောင်နေသည့် LPDF စခန်းတစ်ခုကို ဧပြီလ ၂၀ ရက်နေ့ နေ့လည်ပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေဝန်ကြီးဌာန လက်အောက်ခံ ဂန့်ဂေါခရိုင်တပ်ရင်းနှင့် ပကဖပေါင်းပြီး သေနတ်ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဝင်ရောက်စီးနင်းရတဲ့ အကြောင်းရင်း အသေးစိပ်ကိုတော့ မျက်မှောက်ခေတ်အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
“ဝင်စီးခံရတာက ကိုရခိုင်ရဲ့ကန့်။ ဘာကြောင့် ခုလိုလုပ်လဲတော့ မသိဘူး။ မနေ့က နေ့လည်ပိုင်းမှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ လာပြီး သေနတ်ပစ်ဖောက်ပြီး ဝင်စီးတာ။ ကြားတာကတော့ ခရိုင်တပ်ရင်းနှင့် ပကဖကလို့ ပြောတယ်။”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
LPDF စခန်းက ကိုရခိုင်ဆိုသူ ဦးဆောင်တဲ့တပ်စခန်းတစ်ခုဖြစ်ပြီး အရင်ကတော့ ယောကာကွယ်ရေးတပ် (YDF) ရဲ့ တပ်ရင်းတစ်ခုဖြစ်ကာ တပ်ဖွဲ့တွင်း အဆင်မပြေမှုကြောင့် YDF တပ်ရင်းအဖြစ်ကနေ နှုတ်ထွက်ထားတယ်လို့ သိရပါတယ်။ YDF တပ်ရင်းအဖြစ်ကနေ နှုတ်ထွက်ထားပြီးနောက်ပိုင်း သီးခြားရပ်တည်နေတာလည်း ဖြစ်ပါတယ်။ ဝင်ရောက်စီးနင်းမှုကြောင့် ကိုရခိုင်ကတော့ လွတ်မြောက်သွားပြီး ကိုရခိုင်ရဲ့ အမျိုးသမီးအပါအဝင် အရပ်သားတချို့နှင့် ရဲဘော်တချို့ စုစုပေါင်း ၂၀ ဝန်းကျင်အဖမ်းခံရပြီး စခန်းမှာ ရှိတဲ့ ပစ္စည်းတွေအားလုံးကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
“တော်လှန်ရေးလုပ်နေသူအချင်းချင်း လက်နက်နဲ့ ဖြေရှင်းတာတော့ သဘောမကျဘူးဗျ။ ညှိနှိုင်းဖြေရှင်းဖို့ လိုတယ်လို မြင်တယ်။ MOD အောက် မရှိလို့၊ ဘာလို့ဆိုပြီး အဲလို လုပ်လို့ မရဘူး။ တော်လှန်ရေးသမားအချင်းချင်း အပြန်အလှန်လေးစားရမယ်။ တော်လှန်ရေးသမားအချင်းချင်း သေနတ်ပြောင်းဝလှည့်နေရင် အကောင်းထက် အဆိုးဖက်ပဲ ဦးတည်လိမ့်မယ်။”လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဥက္ကဌ ရဲဘော်ယောလေးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ပကဖတွေကို မျက်မှောက်ခေတ်က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဒေသတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရတာကြောင့် ဆက်သွယ်လို့ မရရှိသေးပါဘူး။ ဝင်ရောက်စီးနင်းတဲ့ ပကဖဖက်ကတော့ အခုလို ဝင်ရောက်စီးနင်းရာမှာ ဘိန်းထုပ်တွေ့တယ်ဆိုပြီး ပြောဆိုနေတာ ရှိတယ်လို့ ဒေသခံတချို့ထံက ကြားသိရပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
MOD လက်အောက်ခံမဟုတ်ဘဲ သီးခြားရပ်တည်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ် ဝင်ရောက်စီးနင်းမှုတွေက ဂန့်ဂေါနယ်တင်မက တခြားသော ဒေသတွေမှာလည်း ဖြစ်ပေါ်နေပြီး အခုလို လုပ်ဆောင်နေမှုအပေါ်မှာ မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ ဂန့်ဂေါမြို့နယ်အတွင်းမှာတော့ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း အခုလို ဝင်ရောက်စီးနင်းမှုတွေက ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
#မျက်မှောက်ခေတ်
#ခရိုင်တပ်ရင်း
#ပကဖ
#LPDF
#ဂန့်ဂေါ

MSI - MYANMAR SOCIETY INFORMATIONS
Photo
ဒီပဲယင်းမြို့နယ်ရှိ NUG လက်အောက်ခံ ကျေးရွာ ပကဖ တစ်ဦးမှ အသက်၈နှစ်အရွယ် ယောကျာ်းလေးတစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွား
CJ Platform
ဒီပဲယင်းမြို့နယ်ရှိ NUGလက်အောက်ခံ ကျေးရွာ ပကဖတစ်ဦးမှ အသက်၈နှစ်အရွယ်ယောကျာ်းလေးတစ်ဦးအား အဓမ္မပြုကျင့်မှု ဧပြီလအတွင်းက ဖြစ်သွားခဲ့သည်။
ဖြစ်စဥ်မှာ၂၀၂၃ ဧပြီ ၂၁ရက် မွန်းလွဲ ၁၂နာရီဝန်းကျင်ခန့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ သရက်ကျင်းကျေးရွာ ပကဖအဖွဲ့ဝင် ကိုကောင်းမြတ်သာဆိုသူသည် ကျေးရွာရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ နေအိမ်သို့ပြန်လာသည့် အသက် (၈)နှစ်အရွယ် ယောကျာ်းလေးတစ်ဦးကို လမ်းတွင် ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် ကျေးရွာအနီးရှိ တောထဲသို့ ခေါ်ဆောင်သွားကာ အဆိုပါ ကလေးငယ်၏ စအိုအား ၄င်း၏လိင်အဂ်ါဖြင့် လိင်ဆက်ဆံခဲ့ကြောင်း၊ ထို့ပြင် ကလေးငယ်၏ပါးစပ်အတွင်းသို့ ၄င်း၏ လိင်အဂ်ါထည့်ကာ ကျူးလွန်ခဲ့ကြောင်း ကလေးငယ်၏ ပြန်လည်ပြောကြားချက်အရသိရသည်။
"ကလေးက ရွာမှာဖွင့်ထားတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကနေ စာသင်ပြီး ကျောင်းဆင်းချိန်မှာ ကလေးကို တောထဲခေါ်သွားပြီး အခုလို ကျူးလွန်တာ၊စာသင်ကျောင်းကတော့ ရွာကဖွင့်ထားတဲ့ စာသင်ကျောင်းပေါ့"ဟု အဆိုပါဖြစ်စဥ်အား ကူညီဆောင်ရွက်ပေးနေသူ ဒေသခံကာကွယ်ရေးအဖွဲ့က ကိုလင်းနွေက ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကလေးငယ်၏မိသားစုဝင်များအား သရက်ကျင်းကျေးရွာ ပကဖအဖွဲ့ဝင်များက "တိုင်ချင်တဲ့နေရာတိုင် စာရေးပြီးတိုင်တာမကလို့ လူပါခေါ်ပြီးတိုင်ချင်တိုင် လို့ပြောတယ်။"ဟု ပြောဆိုခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။
၂၀၂၂ နှစ်ကုန်ပိုင်းတွင် အဆိုပါပကဖမှ ကျေးရွာနေပြည်သူများအား တစ်အိမ်လျှင် သတ်မှတ်ငွေကြေးပေးဆောင်ရမည်ဟု ဆက်ကြေးကောက် တောင်းခံခဲ့ပြီး မပေးနိုင်သည့် ရွာသား သုံးဦးကို ညအချိန်တွင် သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့သည်။
ထို့နောက် အဆိုပါရွာသားသုံးဦးအား တစ်ညလုံးရိုက်နှက်ခဲ့ကြောင်း၊ အဖမ်းဆီးခံရသည့် ရွာသားများ၏ မိသားစုဝင်များက တစ်ဦးလျှင် တစ်သိန်းဖြင့် ပြန်လည် ရွေးယူခဲ့ရသည့် ဖြစ်စဥ်များ ဖြစ်ပွားခဲ့သေးသည်။
🖋️ မျိုးထက်လှသော်
ပုံစာ-ကျူးလွန်ခံရသည့် ကလေးငယ်၏ ဒဏ်ရာအား တွေ့ရစဥ်
#CJPlatform #ဒီပဲယင်းမြို့နယ် #ပကဖ #အဓမ္မပြုကျင့်မှုဖြစ်ပွား

တနင်္သာရီတိုင်း တော်လှန်ရေးရဲဘော် ၂ ဦးကို လောင်းလုံ ပကဖ ဖမ်းဆီးထား
------------------
တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်း ပြန်လည်ဖမ်းဆီးမှုအတွက် တင်းမာမှုများဖြစ်ပေါ်နေသည်။
ထားဝယ်ခရိုင် PDF တစ်ဦးနှင့် လောင်းလုံး (ပကဖ) လက်အောက်ခံ ဝံပုလွေတပ်စုအဖွဲ့ဝင်တစ်ဦးကို လောင်းလုံး (ပကဖ) က ပြီးခဲ့သည့် တနင်္လာနေ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ထိုနှစ်ဦးကို သွားရောက်ကယ်ဆယ်ကြသူများကိုလည်း လောင်းလုံး (ပကဖ) က မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ထားဝယ်ခရိုင် (PDF) ဘက်က ဆိုသည်။
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/46833/
ပုံစာ - တနင်္သာရီအခြေစိုက် PDF တပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲတစ်ခု၏ မှတ်တမ်းဓာတ်ပုံကို တနင်္သာရီစစ်ဒေသခွဲ – ကွပ်ကဲရေးအဖွဲ့က ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
#myanmarnow #တနင်္သာရီ #လောင်းလုံး #ပကဖ

Myanmar Now
တနင်္သာရီတိုင်း တော်လှန်ရေးရဲဘော် ၂ ဦးကို လောင်းလုံး ပကဖ ဖမ်းဆီးထား - Myanmar Now
Latest news & insightful features on Myanmar
Forwarded from မြေလတ်အသံ - Myaelatt Athan
"လူထုကိုဖိနှိပ်မှုမှန်သမျှ ပြတ်ပြတ်သားသားဆန့်ကျင်ကြ" ခေါင်းစဉ်နဲ့ ဆားလင်းကြီးမှာ ဆန္ဒဖော်ထုတ်
ဆားလင်းကြီး၊ မတ် ၁၀၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ "တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန်" သပိတ်စစ်ကြောင်းဟာ "လူထုကို ဖိနှိပ်သူမှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်ကြ" စာသားကိုင်စွဲပြီး အာဏာရှင်စနစ် တိုက်ဖျက်ရေး သပိတ်စစ်ကြောင်းကို ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။
ယနေ့ မတ် ၁၀ ရက် ညနေမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပြီး အဲဒီ သပိတ်စစ်ကြောင်းဟာ အဖိနှိပ်ခံလူထုနဲအတူ ရပ်တည်သွားမှာဖြစ်သလို လူထုအားလုံး အာဏာရှင်စနစ်ပျက်သုဉ်းရေး ဦးတည်တိုက်ထုတ်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
လက်ရှိမှာတော့ ဒေသတွင်းမှာရှိတဲ့ စက်ရုံက သံထည်ပစ္စည်းတွေကို ဒေသခံတွေက ခိုးယူတယ်ဆိုပြီး ဆားလင်းကြီး ပလဖအဖွဲ့က လူ ၄၀ နီးပါးကို ဖမ်းဆီးထားသလို ပြန်လွှတ်ဖို့ ဆန္ဒဖော်ထုတ်တဲ့ သူအချို့ကိုဖမ်းဆီးတာ၊ ရိုက်နှက်တာနဲ့ သေနတ်နဲ့ ပစ်ဖောက်တာတွေကို ပြုလုပ်ခဲ့ပြီး ဒေသခံအချို့လည်း ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။
သတင်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ဆားလင်းကြီး #လူထုသပိတ် #ဆန္ဒဖော်ထုတ် #လူထု #ပကဖ #ပလဖ #ပအဖ #မြေလတ်သတင်း

ပုသိမ်-မုံရွာလမ်းပိုင်းမှာ အထက်မင်းလှပကဖ က စစ်တပ်ထုတ်ကုန်တွေစစ်ဆေးမှုပြုလုပ်ရင်း ပြည်သူနဲ့တွေ့ဆုံမိတ်ဆက်
အထက်မင်းလှ၊ မေ ၂၁၊ ၂၀၂၄။
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်အတွင်း ပုသိမ်-မုံရွာလမ်းပိုင်းမှာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေကိုတွေ့ဆုံပြီး မိတ်ဆက်စကားပြောတာနဲ့ ပညာပေးဟောပြောတာတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ မေလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေ သယ်ဆောင်မှု ရှိ၊ မရှိကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီး စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ ရောင်းဝယ်သုံးစွဲတာတွေနဲ့ သယ်ဆောင်တာတွေ မပြုလုပ်ကြဖို့ကိုလည်း ပညာပေးဟောပြောခဲ့တယ်လို့ ဆိုပါတယ်။
#မြေလတ်အသံ
#အထက်မင်းလှ #ပကဖ #ပုသိမ်-မုံရွာလမ်းပိုင်း #စစ်ဆေးမှု #ခရီးသွားပြည်သူ #မိတ်ဆက်

ပခုက္ကူပကဖ က တပ်တွင်းအထောက်အကူဖြစ်စေမယ့် မြေပဲစိုက်ပျိုးမှု စတင် (ရုပ်/သံ)
ပခုက္ကူ၊ ဇွန် ၂၈၊ ၂၀၂၄။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တပ်ခွဲ ၁၊ တပ်စိတ် ၁၊ Burma Revolution Rangers တပ်ဖွဲ့ဝင် ရဲဘော်တွေက မိုးဦးကာလမှာ မြေပဲသီးနှံတွေ စိုက်ပျိုးနေကြတယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ လိုအပ်နေတဲ့လက်နက်ခဲယမ်းတွေ ဝယ်ယူရာမှာ အထောက်အကူပြုဖို့နဲ့ တပ်တွင်းရိက္ခာအတွက် ရည်ရွယ်ပြီး ဇွန် ၂၆ ရက်မှာ မြေပဲ စိုက်ပျိုးမြေဧက ၁၇ ဧကကိုစတင် စိုက်ပျိုးနေတာ ဖြစ်ပါတယ်။
ဒေသခံပြည်သူတွေက ကူညီပေးကြသလို မြေနေရာကိုလည်း ငှားပေးထားတယ်လို့ Burma Revolution Rangers တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ကာတွန်း က ပြောပါတယ်။
စိုက်ပျိုးရာမှာ ထွန်ယက်ခ၊ မျိုး၊ စိုက်ပျိုးရေးဆေး၊ ဆေးဖြန်းပုံး စတဲ့သွင်းအားစု ကုန်ကျစရိတ် စုစုပေါင်း ၂၅ သိန်းကျော် ကုန်ကျတယ်လို့ ဆိုပါတယ်။
ပခုက္ကူ Burma Revolution Rangers တပ်ဖွဲ့ကို ဒေသခံပြည်သူတွေကလည်း ယာခင်းရှင်းလင်းရေး၊ ပေါင်းကောက်၊ မျိုးစေ့ချတာတွေအပြင် စိုက်ပျိုးနည်း၊ မြေနေရာနဲ့လုပ်အားတွေ ကူညီပေးကြတယ်လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ပခုက္ကူဒေသအတွင်း လက်ရှိအချိန်မှာ မြေပဲနဲ့ ပဲတီစိမ်း သီးနှံတွေကို အဓိကစိုက်ပျိုးနေကြပြီလို့ သိရပါတယ်၊
သတင်း - စောကျော်ငြိမ်း၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #ပကဖ #စိုက်ပျိုးရေး #လက်နက်ခဲယမ်း #ရိက္ခာလိုအပ်
https://youtu.be/-tjL0apX5nc

YouTube
ပခုက္ကူပကဖ က တပ်တွင်းအထောက်အကူဖြစ်စေမယ့် မြေပဲစိုက်ပျိုးမှု စတင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တပ်ခွဲ ၁၊ တပ်စိတ် ၁၊ Burma Revolution Rangers တပ်ဖွဲ့ဝင် ရဲဘော်တွေက မိုးဦးကာလမှာ မြေပဲသီးနှံတွေ စိုက်ပျိုးနေကြတယ်လို့…
ပခုက္ကူ၊ ဇွန် ၂၈၊ ၂၀၂၄။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တပ်ခွဲ ၁၊ တပ်စိတ် ၁၊ Burma Revolution Rangers တပ်ဖွဲ့ဝင် ရဲဘော်တွေက မိုးဦးကာလမှာ မြေပဲသီးနှံတွေ စိုက်ပျိုးနေကြတယ်လို့…
MSI - MYANMAR SOCIETY INFORMATIONS
Photo
မင်းကင်းမှာ တော်လှန်ရေးရဲဘော် ၁၆ ဦးကို မြို့နယ်ပကဖက ခေတ္တခေါ်ယူထိန်းသိမ်း
မင်းကင်း၊ ဇူလိုင် ၂၄၊၂၀၂၄။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အူကျေးရွာမှ တော်လှန်ရေးရဲဘော် ၁၆ ဦးကို မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ခေတ္တခေါ်ယူထိန်းသိမ်းထားတယ်လို့ မြို့နယ်ပကဖ ဒုတာဝန်ခံ ကိုစက်ြာက ပြောပါတယ်။
ခေါ်ယူထိန်းသိမ်းခံရသူတွေဟာ အူကျေးရွာမှာရှိတဲ့ Upper Chindwin River Revolution Force-UCRRF မှ ရဲဘော်တွေဖြစ်ပြီး သူတို့ဟာ ရပ်ရွာပကဖတွေရဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်နှောင့်ယှက်တာ၊ လက်နက် စည်းကမ်းတွေကို နာမလည်ဘဲ ရပ်ရွာဝန်းကျင်တွေမှာ လက်နက်ကြီးပစ်ခတ်တာ၊ ဂိတ်ဖွင့်ပြီး ပိုက်ဆံကောက်ခံတာစတဲ့ တိုင်စာတွေလက်ခံရရှိတဲ့အတွက် အကြိမ်ကြိမ်သတိပေးပြီးတဲ့နောက်မှာ အခုလို ခေါ်ယူထိန်းသိမ်းတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ရပ်ရွာထဲ သင်တန်းတွေဖွင့် စည်းမဲ့ကမ်းမဲ့တွေလုပ်နေလို့ မြို့နယ်ပကဖအနေနဲ့ ဒါတွေ မလုပ်ဖို့ အကြိမ်ကြိမ်သွားရောက်ပြောတာတွေ ရှိပါတယ်။ ဂိတ်တွေဖွင့်တယ်၊ ပြည်သူတွေအပေါ်မှာ အဆင်မပြေမှုတွေဖြစ်အောင် တောင်းရမ်းတာတွေရှိတယ်” လို့ မင်းကင်းမြို့နယ်ပကဖ ဒုတာဝန်ခံ ကိုစက်ြာ ရှင်းပြပါတယ်။
UCRRF အဖွဲ့နဲ့နီးစပ်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးရဲ့ ပြောကြားချက်အရ မင်းကင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ ပကဖတာဝန်ခံ ၄ ဦး အပါအဝင် လူ ၁၇ ဦးကို ဇူလိုင် ၂၂ ရက် မနက် ၈ နာရီကျော်မှာ မင်းကင်းမြို့နယ်ပကဖအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အူကျေးရွာကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇော်ဝင်းထွဋ်၊ ဒရုန်းတပ်ဖွဲ့ခေါင်းဆောင် ကိုအောင်ကျော်မျိုး၊ ရှားတောတိုက်နယ်ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံ ကိုကျော်မြင့်၊ ထမောင်းကျေးရွာ ပကဖတာဝန်ခံ ဦးမိုးသူ၊ ကာကွယ်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ အောင်ကျော်စိုး၊ ကိုမင်းကို၊ စိုးကြီး၊ ဇော်မျိုးဦး၊ အီပေါ့၊ ချစ်နောင်၊ ဝင်းနောင်၊ ထွန်းလင်းနိုင်၊ စိုင်းထူးအောင်၊ ကျော်သူအောင်၊ စိုးမောင်နဲ့ CDM ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြိုးပပမွန်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
" မြို့နယ်ပကဖလက်အောက်ကို မဝင်တာရယ်၊ ရွာတွေမှာ စကစရဲ့ ပညာရေးအောက်မှာ ကျောင်းသွားထားတဲ့ ရွာထဲက မိသားစုတွေရှိတယ်ပေါ့။ အဲ့ဒါတွေက မြို့နယ်ပကဖကို အသိမပေးဘဲ လျှိုထားတယ်ပေါ့။ အဲဒီအကြောင်းပြချက် ၂ ခုနဲ့ဖမ်းတာ" လို့ မင်းကင်းမြို့နယ်မှ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။
မြေလတ်အသံသတင်းဌာနက မင်းကင်းမြို့နယ်ပကဖထံ ဆက်သွယ်မေးမြန်းရာမှာတော့ မင်းကင်းမြို့နယ်ပကဖ ဒုတာဝန်ခံ ကိုစက်ြာက “ အူမှာ အခြေစိုက်တဲ့အဖွဲ့ပါ။ အူရဲ့ ပကဖလည်းမဟုတ်ဘူး၊ ပအဖလည်း မဟုတ်ပါဘူး။ လိုကယ်(Local)လို့တောင် ပြောလို့ မရဘူးဗျ။ လိုကယ်အဖွဲ့အစည်းဆိုရင်တောင် ကျနော်တို့ရဲ့ မူဝါဒအရ ရပ်တည်မယ်ဆိုရင် မြို့နယ်ပကဖဆီမှာ သူတို့ရဲ့အဖွဲ့အစည်းနာမည်၊ လူ/လက်နက်အင်အားစာရင်း၊ ရပ်တည်မယ့် အကြောင်းအရင်းနဲ့လာပြီး စာရင်းပေးပြီးကာမှ မြို့နယ်ရဲ့ထိန်းကျောင်းကွပ်ကဲမှုအောက်မှာ ရပ်တည်ရတာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။
အဲဒီလက်နက်ကိုင်အဖွဲ့ကို ခေါ်ယူထိန်းသိမ်းတဲ့အချိန်မှာ ကျေးရွာ ပကဖ၊ ပအဖတွေကို အသိသက်သေအဖြစ် တပါတည်း ခေါ်ဆောင်ခဲ့တာဖြစ်ကြောင်း၊ ၎င်းတို့(ကျေးရွာပကဖ၊ ပအဖ)ကို ပြန်ပို့ပေးပြီး သက်ဆိုင်ရာမိသားစုတွေထံ အကျိုးအကြောင်း ပြန်ရှင်းပြပေးဖို့ကိုလည်း ပြောခိုင်းလိုက်တယ်လို့ ကိုစက်ြာက ပြောပါတယ်။
“သူတို့ကို စစ်ဆေးနေဆဲကာလဖြစ်တယ်။ စစ်ဆေးတဲ့ကာလပြီးတာနဲ့ ပြန်လွှတ်ပေးမယ်ဆိုတဲ့အကြောင်းကို ရွာမှာလည်း အဲ့တိုင်းပြောခိုင်းလိုက်တယ်။ ရွာရဲ့ပကဖ၊ ပအဖအဖွဲ့တွေကို ကျနော်တို့မြို့နယ်က သက်သေ အထောက်အထားအနေနဲ့ သူတို့ကို ဘယ်လိုခေါ်ခဲ့တယ်၊ ဘယ်လိုပုံစံဆိုတာ သိအောင် ခေါ်လာတာပါ။” လို့ သူက ဆက်ရှင်းပြပါတယ်။
ခေါ်ယူထိန်းသိမ်းထားတဲ့သူတွေကို မင်းကင်းမြို့နယ်ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဦးညိုလွင်၊ ဒုတာဝန်ခံ ဇော်မင်း(ခ) စက်ြာ၊ တိုက်နယ်တာဝန်ခံ ကိုလှပွင့်နဲ့ ကိုတောက်၊ ရှားတောတိုက်နယ်တာဝန်ခံ အောင်ကျော်လင်း တို့က ခေါ်ယူသွားတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အခြေစိုက်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးကတော့ အညာဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စတဲ့လက်နက်ကိုင်အဖွဲ့တွေရှိကြပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တချို့ ဟာ ရပ်ကျေပကဖအဖွဲ့မှာလည်း ပါဝင်သလို ရပ်ရွာအခြေပြုဒေသကာကွယ်ရေးအဖွဲ့တွေမှာ ရောထွေးပါဝင်နေ ကြတာမျိုးတွေ ရှိတတ်တယ်လို့ ဆိုပါတယ်။
ပုံစာ - မင်းကင်းမြိုနယ်ပကဖမှ ခေါ်ယူစစ်ဆေးနေသည့် UCRRF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - UCRRF Facebook)
#မြေလတ်အသံ #မော်လိဒ်_mawlake
#စစ်ကိုင်းတိုင်း #မင်းကင်းမြို့ #အူကျေးရွာ #ပကဖ #UCRRF