MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
မန္တလေးရှိ စာသင်ကျောင်းပြင်ပတွင် လုံခြုံရေးယူနေသည့် စကစများကို ဗုံးပစ်တိုက်ခိုက်ခံရပြီး နှစ်ဦး သေဟုဆို

MFP ၊ ဒီဇင်ဘာ - ၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အနောက်ခြမ်း၊ လက်ရွေးရပ်ကွက်ရှိ အ.ထ.က(ခွဲ) (၁၈) ကျောင်း ပြင်ပ၌ လုံခြုံရေးယူထားသည့် စကစ အဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်း (၈) နာရီခန့်က ဗုံးပစ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံ အချို့ထံက သိရသည်။

ကျောင်းဝင်ပေါက်အနီးတွင် လုံခြုံရေးရယူထားသည့် စကစ အဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး စကစ အဖွဲ့ဝင် တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ပေါက်ကွဲချိန်၌ ရပ်ကွက်အတွင်း ဆွမ်းခံကြွရန် အဆိုပါကျောင်း အနီးကို ဖြတ်သန်းသွားသည့် သံဃာတစ်ပါးလည်း မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

" စစ်သားနှစ်ယောက်သေတယ်၊ တစ်ယောက်ဒဏ်ရရတယ်လို့ ကြားတယ်၊ ပေါက်တဲ့အချိန်မှာ ဆွမ်းခံကြွတဲ့ ဘုန်းကြီးတစ်ပါးကတော့ ဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူးလို့ သိရတယ် " ဟု ၎င်းက ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုတွင် စကစ အဖွဲ့ဝင်နှစ်ဦး သေဆုံးကြောင်းကို အတည်ပြုနိုင်ရန် MFP သည် ဆက်လက်စုံစမ်းလျက်ရှိပြီး မည့်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်း မသိရသေးပေ။

စကစအဖွဲ့ဝင်များသည် အဆိုပါကျောင်းသို့ ကျောင်းဖွင့်ရက်များတွင် မနက်အစောပိုင်း လာရောက်အခြေချပြီး ညနေပိုင်းတွင် ပြန်ကြကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ၊ ပေးပို့

#MFP #Mandalay_Free_Press #မန္တလေး #စာသင်ကျောင်း
MSI - MYANMAR SOCIETY INFORMATIONS
Photo
မန္တလေး စာသင်ကျောင်းအနီး စကစများကို တိုက်ခိုက်ခံရမှူ ဒဏ်ရာရသူ‌တွင် ဗိုလ်မှူးတစ်ဦး ပါဝင်၊

MFP ၊ ဒီဇင်ဘာ - ၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လက်ရွေးရပ်ကွက်ရှိ အမှတ်(၁၈) အလကခွဲကျောင်းဘေး စကစအဖွဲ့ဝင်များ တပ်စွဲထားသည့်နေရာကို ယနေ့နံနက်ပိုင်းက တိုက်ခိုက်မှုမှာ Generation Z Power ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့(မန္တလေး)နှင့် Black Image (Mandalay) တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုကြောင့် စကစအဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သေဆုံးသည်ဆိုသည့်အပေါ် MFP အနေဖြင့်အတည်ပြုချက် မရနိုင်သေးသော်လည်း ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးအနက် တစ်ဦးမှာ ဗိုလ်မှူးအဆင့်ရှိသူဖြစ်ပြီး ဘယ်ဘက်မျက်ခွံပေါ်သို့ မိုင်းစထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း နီးစပ်သူအချို့ထံမှ သိရသည်။

အခြား ထိခိုက်သူနှစ်ဦးမှာ တပ်သားအဆင့်ရှိသူများဖြစ်ပြီး တံခေါက်ကွေး၊ လက်ဖျံ စသည်တို့တွင် မိုင်းစထိမှန်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထိုပေါက်ကွဲမှုတွင် အနီးနားမှဖြတ်သွားသည့် ရဟန်းတစ်ပါးလည်း မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပြီး ယင်းအတွက် စိတ်မကောင်းဖြစ်ရကာ အနူးအညွတ် တောင်းပန်ကြောင်းလည်း GZP က ပြောဆိုသည်။

ပြည်သူများအနေဖြင့် စကစအဖွဲ့ဝင်များ တပ်စွဲထားသော နေရာအနီးတွင် သွားလာခြင်း မပြုလုပ်ကြရန်နှင့် ၎င်းတို့နှင့် ဝေးရာ မီတာ (၂၀) အကွာမှ သွားလာနေထိုင်ကြရန် GZP က ထပ်မံ သတိပေးထားသည်။

ဓာတ်ပုံ၊ ပေးပို့

#MFP #Mandalay_Free_Press #မန္တလေး #စာသင်ကျောင်း
MSI - MYANMAR SOCIETY INFORMATIONS
Photo
မန္တလေး ၆၂လမ်းပေါ်တွင် ဆိုင်ကယ်စီး သွားလာနေသော လူငယ်ဇနီးမောင်နှံ ပစ်သတ်ခံရ၊
ညပိုင်းကလည်း ကျုံးဘေးတွင် ဆိုင်ကယ်စီးလူငယ်များကို စစ်အုပ်စုက ပစ်သတ်၊

MFP ၊ ဒီဇင်ဘာ - ၁၂

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂လမ်းပေါ်တွင် ဆိုင်ကယ်စီးကာ အလုပ်သို့ သွားသော အသက်(၃၀)ဝန်းကျင် ဇနီးမောင်နှံ ယနေ့ ဒီဇင်ဘာ(၁၂)ရက် မနက်(၇)နာရီဝန်းကျင်က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများက MFP သို့ ပြောသည်။

ထိုသို့ လမ်းမပေါ် သွားလာနေချိန် သေနတ်ဖြင့် ပစ်သတ်ခံရသူ လင်မယားနှစ်ဦးသည် မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် သူနာပြုအဖြစ် လုပ်ကိုင်နေသော အမျိုးသမီးနှင့် ၄င်း၏ အမျိုးသားတို့ ဖြစ်ကြောင်း၊ ၆၂လမ်း ခုတင်(၃၀၀)ဆေးရုံရှေ့၌ ယနေ့ မနက်(၇)နာရီကျော်အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် နှစ်ဦးလုံး သေဆုံးသည်ဟု ဒေသခံများနှင့် နီးစပ်သူများက MFP သို့ ပြောသည်။

အဆိုပါ ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ ခုတင်(၃၀၀)အစောင့်ကျ စစ်ကောင်စီလက်နက်ကိုင်များက စစ်ဆေးရန် တားသည်ကို ရပ်မပေးသဖြင့် ပစ်သတ်လိုက်ခြင်း ဖြစ်သည်ဟု သတင်းထွက်နေသော်လည်း စစ်ကောင်စီဘက်ကမူ ၄င်းတို့ လက်ချက်မဟုတ်ဘဲ အမည်မသိလူများက ဆိုင်ကယ်ဖြင့် နောက်မှလိုက်ကာ ပစ်သတ်ခြင်း ဖြစ်သည်ဟု တုန့်ပြန်ဖြေရှင်းသည်။

မန္တလေးမြို့ခံများ၏ အဆိုအရ အဆိုပါ လင်မယားနှစ်ဦး ပစ်သတ်ခံရသည့် ၆၂လမ်း၊ ခုတင်(၃၀၀)ဆေးရုံ ဂိတ်ပေါက်တွင် စစ်ကောင်စီ လက်နက်ကိုင်များ ရှိနေပြီး ယခင်ကလည်း ယင်းဆေးရုံအနီး၌ လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးခြင်းများ လုပ်ဆောင်လေ့ရှိသည်ဟု ပြောသည်။

စစ်ကောင်စီဘက်က ထုတ်ပြန်ချက်အရမူ ယနေ့ ဒီဇင်ဘာ(၁၂)ရက် မနက်(၇)နာရီကျော်အချိန်က ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)၊ ၆၂ လမ်းပေါ်၊ ၁၀၄ လမ်းနှင့် ၁၀၄ Aလမ်းကြား၊ ခုတင်(၃၀၀)ဆေးရုံအနီး လင်းရောင်ခြည် ဆေးခန်းရှေ့တွင် ကိုအာကာဖြိုးနှင့် မချမ်းမြငြိမ်း (City Hospital သူနာပြု) တို့ နှစ်ဦး ဆိုင်ကယ်စီးလာစဉ် အမည်မသိ ဆိုင်ကယ်မှ သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် နှစ်ဦးလုံး နေရာတွင် သေဆုံးသည်ဟု ဆိုသည်။

သေဆုံးသူ နှစ်ဦးသည် ပြီးခဲ့သည့် လပိုင်းကမှ မင်္ဂလာဆောင်ထားသူများဖြစ်ပြီး အမျိုးသမီးသည် ကိုယ်ဝန်လွယ်ထားရသူဖြစ်ကြောင်း နီးစပ်သူများက MFP သို့ ပြောသည်။ ထို့အပြင် ၄င်းတို့ မင်္ဂလာဆောင်တွင် မင်္ဂလာလက်ဖွဲ့ ပါဆယ်ပစ္စည်းထဲမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်ဟု နီးစပ်သူများက ဆိုသည်။

ထိုသို့ မန္တလေးမြို့တွင်း လမ်းပေါ် သွားလာနေသူနှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ်အခြေအနေများ မသိရသေးပါ။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီက မန္တလေးမြို့ပေါ် သွားလာသူများကို နေ့၊ညအချိန်မရွေး တားဆီးစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသလို တားဆီးသည်ကို ရပ်မပေးပါက ပစ်သတ်ခြင်းများ လုပ်ဆောင်နေသည်။

ယမန်နေ့ ဒီဇင်ဘာ(၁၁)ရက် ညပိုင်းက မန္တလေး ကျုံးဘေး ၂၆လမ်းနှင့် ၇၈လမ်းထောင့်တွင် ဆိုင်ကယ်စီးလာသော လူငယ်များကို တားဆီးရာ ရပ်မပေးဟုဆိုကာ စစ်ကောင်စီ လက်နက်ကိုင်များက ပစ်သတ်ခဲ့သဖြင့် လူငယ်လေးဦး သေနတ်မှန် ဒဏ်ရာရကာ တစ်ဦးသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်သုံးဦးသည်လည်း အသက်အန္တရာယ် စိုးရိမ်ရသည်ဟု နီးစပ်သူများက ပြောသည်။

ထို့အပြင် ယခင်လများကလည်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရွှေကျင်တိုးဂိတ်အနီးတွင် စစ်ကောင်စီ လက်နက်ကိုင်များက လမ်းသွားလမ်းလာများကို သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။

မန္တလေးမြို့ ၆၂လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေချိန် ပစ်ခတ်ခံရကာ သေဆုံးခဲ့သည့် ဇနီးမောင်နှံ/ Photo - ပေးပို့

(Mandalay Free Press – MFP သည် လွတ်လပ်၍ အမှီအခို ကင်းသော သတင်းဌာနဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်း သတင်းများကို အထူးပြုတင်ဆက်လျှက် ရှိသည်။ အောက်ဖော်ပြပါ Channel များတွင် MFP က တင်ဆက်သော သတင်း၊ သတင်းဆောင်းပါးနှင့် ရုပ်သံဗွီဒီယိုများကို ရှု့စားနိုင်ပါသည်။)

Facebook: https://www.facebook.com/mandalayfreepress
YouTube: https://www.youtube.com/channel/UCBfTeqOv89TQi_oDp_rYd8g

#MFP #Mandalay_Free_Press #မန္တလေး #၆၂လမ်း #ချမ်းမြသာစည် #ပစ်ခတ်မှု #ဇနီးမောင်နှံ
ဒီဇင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့မှာသူနာပြုဆရာမနဲ့ ခင်ပွန်းဖြစ်သူတို့ ပစ်သတ်ခံရမှုအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးနဲ့ ကပ္ပိယတဦးတို့ ပစ်ခတ်ခံရမှုတွေဟာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ မန္တလေး ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ဒီကိစ္စဟာ သူတို့လက်ချက် လုံးဝမဟုတ်ကြောင်း ငြင်းဆိုပါတယ်။ မန္တလေးမြို့မှာတော့ ဒီဇင်ဘာလ ၁၀ ရက် အသံတိတ် သပိတ် ပြုလုပ်ကြပြီးနောက်ပိုင်းရက်တွေကစလို့ လုံခြုံရေး ပိုမိုတင်းကြပ် စစ်ဆေးမှုတွေ ရှိလာပြီး ပစ်ခတ်မှုတွေ ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း နန်းလောဝ်က တင်ပြထားပါတယ်။

ဒီဇင်ဘာ ၁၂ ရက် တနင်္ဂနွေနေ့က မန္တလေးမြို့ ၆၂ လမ်းပေါ်မှာရှိတဲ့ ကုတင် ၃၀၀ ဆံ့ သင်ကြားရေး ဆေးရုံအနီးမှာ သူနာပြုနဲ့ ခင်ပွန်းဖြစ်သူတို့ပစ်သတ်ခံရမှု၊ အောင်ပင်လယ်ရပ်ကွက်အတွင်း ကပ္ပိယတဦး ပစ်သတ်ခံရမှု၊ ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက်က အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရမှုတွေဟာ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ PDF တွေရဲ့ လက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီဖက်က စာထုတ်ပြန်ချက်အနေနဲ့ရော Video သက်သေနဲ့ပါ ထုတ်ပြန်ပါတယ်။

အဲ့ဒီ ဒီဇင်ဘာ ၁၂ ရက်နေ့ညနေမှာပဲ ပစ်ခတ်မှုတွေလုပ်ခဲ့ကြတဲ့ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်တွေထဲကတဦးကို ညနေ ၆ နာရီခွဲ ဝန်းကျင်မှာ ဖမ်းဆီးရမိခဲ့ပြီး သူ့ရဲ့ ထွက်ဆိုချက်တွေအရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို လိုက်လံဖမ်းဆီးရာမှာ ပြန်လည်ခုခံတာကြောင့် ၈ ဦး အသေပစ်ခတ် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

၆၂ လမ်းပေါ်မှာရှိတဲ့ ကုတင် ၃၀၀ ဆံ့ သင်ကြားရေး ဆေးရုံအနီးဟာ စစ်ကောင်စီတပ်တွေက တပ်စွဲထားတဲ့နေရာဖြစ်တဲ့အတွက် လုံခြုံရေး အလွန်တင်းကြပ်တဲ့ နေရာဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဒီလို ပစ်ခတ်မှုတွေကို လုပ်နိုင်တဲ့ အခြေအနေမဟုတ်ဘူးလို့ ဒေသခံတချို့ကယူဆပါတယ်။ ဖမ်းဆီးခံရမှုတွေရှိခဲ့တဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ကတော့ ဒီလုပ်ကြံမှုတွေ သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

“မနေ့ညက ကျနော်တို့ GEN Z တွေအဖွဲ့က ၉ ယောက် အဖမ်းခံရတယ်ဗျ။ ၉ ဦးဖမ်းခံရတာမှာ ၃ ဦးကျဆုံးတဲ့အနေအထားလို့ ကျွန်တော်တို့ သတင်းရတယ်။ အဲ့မှာ သူတို့ က ဒီ GEN Z တွေအဖွဲ့ကပဲ မနက်က ကပ္ပိယရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ်၊ ဒီ သူနာပြုဆရာမ လင်မယား နှစ်ယောက်ရယ်ကို သတ်တယ်ဆိုပြီးတော့ ထုတ်ပြန်တာကတော့ လုံးဝကို မဟုတ်ပါဘူးလို့ လုံးဝကို ငြင်းဆိုပါတယ်။”

ဒီကနေ့မနက် အစောပိုင်းကလည်း မန္တလေးမြို့ ၃၇ လမ်း၊ အခွန်လွတ်ဈေးမှာ ဈေးလာဝယ်တဲ့ အရပ်ဝတ် အမျိုးသားနှစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“စစ်တပ်နဲ့ ခုအာဏာသိမ်း စစ်ကောင်စီကလူတွေ အသိမ်းအဝိုင်းတွေ သွားလို့လာလို့ ရတဲ့ လွယ်ကူတဲ့ နေရာမျိုးတွေဖြစ်တော့ အဲ့မှာ သူတို့ ခဏခဏ ဈေးလာဝယ်တာတို့ ကြားမိတယ်၊ ခါတိုင်းလည်း ကျနော်တို့ မြင်မြင်နေရတာကိုး၊ ဒီအပေါ်မှာ ဒီလို ဆောင်ရွက်သွားတယ်လို့ပဲ မြင်တယ်ဗျ။ ဒါက ဖြစ်ဖို့တော့များတယ်။ စစ်သားတွေပဲ ပစ်ခံရတာဖြစ်ဖို့များတယ်။ ပြည်သူအချင်းချင်းတော့ ဘယ်သူမှ ပစ်မနေဘူး။”

မန္တလေးမြို့မှာ ဒီဇင်ဘာလ ၁၀ ရက် တိတ်ဆိတ်ခြင်း သပိတ်ပြုလုပ်ကြပြီးတဲ့ နောက်နေ့ကစလို့ စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ရော ယူနီဖောင်းတွေနဲ့ပါ လုံခြုံရေးတင်းကြပ် စစ်ဆေးမှုတွေ လုပ်နေကြပြီး ပစ်ခတ်မှုတွေလဲ ရက်ဆက်ဆိုသလို ရှိနေတယ်လို့ မန္တလေးဒေသခံတဦးက ခုလိုပြောပါတယ်။

“ဒီမှာက ၁၀ ရက်နေ့ အသံတိတ်သပိတ်ပြီးကတည်းက မန္တလေးမှာ အရှေ့အနောက် တောင်မြောက် အပိတ်အဆို့တွေက အတော်များတယ်။ ဘယ်လောက်ထိများလဲဆို စက်ဘီးနဲ့သွားတဲ့သူတွေတောင်မှ တားပြီး စစ်နေတဲ့ဟာတွေ၊ အဲ့တော့ ဘယ်နားသွားသွားကို တော်တော်လေးကို အန္တရာယ်များတယ်။ ဟိုနားမှာ ပေါက်ကွဲလိုက်၊ ဒီနားမှာ ပစ်ခတ်လိုက်နဲ့ အများပြည်သူအတွက်က လုံခြုံမှုက မရှိဘူး။ သတင်းတွေ ရှိရင်၊ ဆန္ဒပြတဲ့သတင်းတွေ၊ နိုင်ငံတကာသတင်းဌာနက သတင်းတွေ ကြည့်နေတာမျိုး တွေ့ရင်တောင် အနည်းဆုံးတခါတော့ နားရင်းရိုက်ခံရတာပဲ။ အဲ့တော့ ကျနော်တို့က အပြင်ထွက်လည်း စိတ်က မလုံခြုံဘူး။ ဆိုင်ကယ်တွေဆိုရင် ဆိုင်ကယ်ဘောက် လှန်တာပေါ့၊ အထဲမှာ ဘာပါလဲပေါ့။ လူကိုကြည့်တယ်၊ အကျ်ီတွေကို ချွတ်ခိုင်းတယ်။ ပြီးတော့ လက်တွေကို ဆွဲလှန်တယ်။ တက်တူးတွေ ရှိလားပေါ့၊ တက်တူးထဲမှာ နွေဦးတော်လှန်ရေးတို့၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ တွေ့ရင် အနည်းဆုံးကတော့ နာပြီသာ မှတ်တော့ပဲ။”

မန္တလေးမြို့မှာ အခုလို တင်းကြပ်မှုတွေကြာမှာပဲ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့လျှပ်တပြတ်ဆန္ဒပြမှုတွေကလည်း ရှိနေပါတယ်။ ဆန္ဒပြသူတွေကို စစ်ကောင်စီလုံခြုံရေးတပ်တွေက ကားနဲ့တိုက်ပြီး ဖမ်းဆီးတာအပြင် ဆိုက်ကယ်စီးသူတွေကို ရပ်မပေးရင် ပစ်ခတ်ဖမ်းဆီးတာမျိုးတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MyanmarViolence #MyanmarProtest #Mandalay #VOABurmese

#မန္တလေး #သူနာပြုလင်မယား #ကပ္ပိယ #GenZ#ဗွီအိုအေ

===========

https://burmese.voanews.com/a/mandalay-security-tighten-silent-strike-voa-burmese-/6351862.html
မန္တလေးမှာ သေနတ်ပစ်သံများ ကြားနေရ

MFP ၊ ဒီဇင်ဘာ - ၂၁

မန္တလေးမြို့ပေါ်၌ ယနေ့ညပိုင်း (၁၀)နာရီခွဲခန့်တွင် သေနတ်ပစ်ခတ်သံများ ကြားနေရကြောင်း မြို့ခံများက ပြောသည်။

ချမ်းအေးသာစံ၊ မဟာအောင်မြေ စသည့်မြို့နယ်များအတွင်း ကြားနေရခြင်းဖြစ်ကြောင်းလည်း သိရသည်။

" မိန်းနား(မန္တလေးတက္ကသိုလ်နား)တဝိုက်က အကုန်ကြားကြရတယ်။ ပထမတစ်ချက်က (၁၀)ချက်နီးပါးရှိတယ်။ နောက်ထပ်က နှစ်ချက်ဆက်တိုက်၊ ဘာကြောင့်လဲတော့ မသိရသေးဘူး " ဟု ၇၃ လမ်းဝန်းကျင်တွင် နေထိုင်သူတစ်ဦးက MFP သို့ ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ည (၁၀)နာရီခွဲဝန်းကျင် ပစ်ခတ်မှုများ နှစ်ညဆက်တိုက် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ဖြင့် သွားလာသည့် ပြည်သူ (၃) ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ၊ ဒီဇင်ဘာလ (၁ဝ)ရက် Silent Strike တွင် ပါဝင်ခဲ့သည့် မန္တလေးမြို့တစ်နေရာ မြင်ကွင်း။

#MFP #Mandalay_Free_Press #မန္တလေး #ညအချိန်ပစ်ခတ် #သေနတ်သံ
MSI - MYANMAR SOCIETY INFORMATIONS
Photo
ဝန်းသိုနယ် နမ်းခမ်းရဲစခန်း မီးလောင်၊ ငြှိမ်းသတ်သူ မရှိသဖြင့် ပြာကျ၊

MFP ၊ ဇန်နဝါရီ - ၁

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမ်းခမ်းရွာရဲစခန်း ဒီဇင်ဘာ(၃၁)ရက် ညပိုင်းက မီိးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ(၃၁)ရက် ည(၁၀)နာရီကျော်အချိန်က နမ်းခမ်းရွာရဲစခန်း မီးလောင်ခဲ့ခြင်း ဖြစ်ပြီး ငြှိမ်းသတ်သူ မရှိသဖြင့် ပြာကျသွားကြောင်း၊ မီးလောင်ရသည့် အကြောင်းအရင်း မသိရသေးကြောင်း ဝန်းသိုတော်လှန်ရေးအဖွဲ့ (WR- Team) က ထုတ်ပြန်သည်။

“ပြည်သူများက မီးလောင်နေပြီ မီးလောင်နေပြီဟု အော်သံကြား၍ ထွက်ကြည့်ကြရာ ရဲစခန်းဖြစ်နေလို့ အိမ်ထဲ ပြန်ဝင်သွားကြတယ်” ဟု ဒေသခံ တစ်ဦးက ပြောကြောင်း WR – team က ဆိုသည်။

အဆိုပါ ရဲစခန်းမီးလောင်ချိန်တွင် ဒေသခံအချို့က မီးငြှိမ်းသတ်ရန် ရေပုံးဆွဲ၍ ထွက်လာသော်လည်း ရဲစခန်းဖြစ်နေ၍ အားလုံး အိမ်ပြန်သွားကြပြီး ငြှိမ်းသတ်သူ မည်သူမျှ မရှိဟု ဒေသခံတစ်ဦးက ပြောသည်။

ဝန်းသို၊ ကောလင်း စသည့် စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသများရှိ ရဲစခန်းများတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လက်အောက်ခံ ရဲများ စခန်းတိုင်းတွင် မနေထိုင်တော့ဘဲ မြို့ပေါ်စခန်းများ၌သာ စုပေါင်းနေထိုင်ကြသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ထီးချိုင့်နှင့် ကသာနယ်ရှိ စကစ ရဲစခန်းအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရသေးသည်။

ဝန်းသိုမြို့နယ် နမ်းခမ်းရဲစခန်း မီးလောင်နေစဉ်/ Photo - WR – team

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝန်းသို #ရဲစခန်း #မီးလောင်
ယနေ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်၊ ကြာသပတေးနေ့ နံနက်ခင်း နားဆင်ရမည့်အကြောင်းအရာများ

- သွေးခွဲတိုင်း ကွဲရောလားဆိုတဲ့ တော်လှန်ရေးနှိုးဆော်သံ

- လူမျိုးပေါင်းစုံ တော်လှန်ရေးသီချင်း

- မနက်ခင်း သတင်းတွေအပြင်

- အပါတ်စဉ် တင်ဆက်ပေးနေတဲ့ နိုင်ငံတကာ မီဒီယာတွေက ပြောတဲ့မြန်မာ့အကြောင်း အစီအစဉ်

- နွေဦးကဗျာကဏ္ဍ

- ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများအကြောင်းနဲ့ ဆောင်ရန်/ရှောင်ရန် နည်းနာများ

- တော်လှန်ရေးကာလမှာ စိတ်ဓါတ်ခွန်အားကိုဖြစ်စေမယ့် ဗိုက်တာမင်သီချင်းများကဏ္ဍနဲ့

- လူမျိုးပေါင်းစုံ အစီအစဉ် တို့ကို နားဆင်ရမှာဖြစ်ပါတယ်။

#BNA
#FederalFMRadio #RevolutionShallPrevail
#Yangon #Mandalay
#FreezePaymentsToJunta #SanctionMOGE
#ဖက်ဆစ်စစ်တပ်အမြစ်ဖျက်ဖို့_သွေးစွန်းငွေဖြတ်တောက်စို့

https://fb.watch/egADqQEfdg/
ယနေ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်၊ တနင်္ဂနွေနေ့ နံနက်ခင်း နားဆင်ရမည့်အကြောင်းအရာများ

🖇Facebook Live
https://fb.watch/esAAXnL5rV/

- “ဗမာပြည်နယ်/ယူနစ်၊ ဗမာတပ်နှင့်ဖက်ဒရယ်ပြည်ထောင်စု ဘယ်လဲ၊ ဘာလဲ" ရေဒီယို နှိုးဆော်သံ

- Visual အနုပညာရှင် Raven နဲ့ ဆက်သွယ်မေးမြန်းချက်

- နွေဦးကဗျာကဏ္ဍ - ‘ဆယ်လမွန်ငါးနဲ့ သေနတ်များ’ ကဗျာထုတ်လွှင့်ချက်

- လူမျိုးပေါင်းစုံအစီအစဉ် - တစ်ပတ်အတွင်း ရခိုင်ပြည်နယ်အခြေစိုက် သတင်းများ ရခိုင်ဘာသာနှင့် စုစည်းတင်ပြချက် (BNA-FFM ပူးပေါင်းထုတ်လွှင့်ချက်)

- စစ်မြေမှချစ်ဆွေသို့ ပေးစာ/ပြန်စာကဏ္ဍ

- နံနက်ခင်းသတင်းနှင့် နိုင်ငံတကာသတင်း ကြေညာချက်

- အပွေးမြင်အပင်သိ တွေးဆင်ခြင် သတင်းအမှန်သိ အစီအစဉ်နဲ့

- တော်လှန်ရေးလှိုင်းထဲကချစ်တေးသံလွှာနဲ့ လူမျိုးပေါင်းစုံ တေးသီချင်းထုတ်လွှင့်ချက် စတာတွေကို နားဆင်ရတော့မှာပါ

#BNA
#FederalFMRadio #RevolutionShallPrevail
#Yangon #Mandalay
#FreezePaymentsToJunta #SanctionMOGE
#ဖက်ဆစ်စစ်တပ်အမြစ်ဖျက်ဖို့_သွေးစွန်းငွေဖြတ်တောက်စို့
ယနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့တွင် နားဆင်ရမည့်အကြောင်းအရာများ

https://fb.watch/f6SW2ZHHN1/

- တစ်ခုတည်းသောအဖြေဆိုတဲ့ တော်လှန်ရေးနှိုးဆော်သံ

- လူမျိုးပေါင်းစုံတော်လှန်ရေးသီချင်း (ရှမ်းလူမျိုးသီချင်း)

- ကြာသပတေးနေ့ မနက်ခင်းသတင်းတွေ

- နိုင်ငံတကာမီဒီယာပေါ်က မြန်မာ့သတင်းဦး သတင်းထူး

- ရိုဟင်ဂျာမျိုးနွယ်စု လူမျိုးတုန်းသတ်ဖြတ်ခံရမှု (၅) နှစ်ပြည့်နေ့နှင့်ပတ်သက်၍ ရေဒီယိုအင်တာဗျုး အထူးအစီအစဉ်

- နွေဦးကဗျာကဏ္ဍ “မရေးချင်တဲ့ကဗျာ”

- စိတ်ဓါတ်ခွန်အားကိုဖြစ်စေတဲ့ ဗိုက်တာမင်သီချင်းများအစီအစဉ်နဲ့

- ရခိုင်လူမှုဘဝဆောင်းပါး “ရခိုင်လူထုဘေးကင်းလုံခြုံရေးဘယ်သူတွေဆောင်ရွက်ပေးမလဲ” တွေကိုနားဆင်ရမှာပါ။

#BNA
#FederalFMRadio #RevolutionShallPrevail
#Yangon #Mandalay
#FreezePaymentsToJunta #SanctionMOGE
#ဖက်ဆစ်စစ်တပ်အမြစ်ဖျက်ဖို့_သွေးစွန်းငွေဖြတ်တောက်စို့
ယနေ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် နားဆင်ရမည့်အကြောင်းအရာများ

https://fb.watch/ffVNdQEEBf/

- တော်လှန်ရေးဘာလဲ ဘယ်လဲဆိုတဲ့ တော်လှန်ရေးနှိုးဆော်သံ

- လူမျိုးပေါင်းစုံတော်လှန်ရေးသီချင်း (ကရင်သီချင်း)

- ကြာသပတေးနေ့မနက်ခင်းသတင်း

- အပတ်စဉ်တင်ဆက်ပေးနေကျ နိုင်ငံတကာမီဒီယာပေါ်က မြန်မာ့သတင်းဦး သတင်းထူး

- နွေဦးကဗျာကဏ္ဍ “လွတ်လပ်ခြင်းဝိုင်”

- “တော်လှန်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကိုစီမံခန့်ခွဲခြင်း” ဆိုတဲ့ ရေဒီယိုဆောင်းပါးအစီအစဉ်

- ဗိုက်တာမင်သီချင်းများ အစီအစဉ်နဲ့

- လူမှုဘဝဆောင်းပါးကဏ္ဍ (ရခိုင်ဘာသာ) – BNA နှင့် ပူးပေါင်းထုတ်လွှင့်ချက် “မောင်တောမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီ ဘာကြောင့်ပိတ်ဆို့ထားရသလဲ” တို့ကို နားဆင်ရမှာဖြစ်ပါတယ်။

#BNA
#FederalFMRadio #RevolutionShallPrevail
#Yangon #Mandalay
#FreezePaymentsToJunta #SanctionMOGE
#ဖက်ဆစ်စစ်တပ်အမြစ်ဖျက်ဖို့_သွေးစွန်းငွေဖြတ်တောက်စို့
“ဒရုန်းတပ်မှာ ခေါင်းဆောင်ဖြစ်ဖို့ လေ့လာသင်ယူခဲ့ရတာတွေကတော့ အများကြီးပဲ၊ အောင်မြင်မှု မှတ်တမ်းတွေကတော့ တော်တော်များများကို ရှိပါတယ်….မှတ်မှတ်ရရ ဩဂုတ်လထဲတုန်းက မုံရွာ-မန္တလေး အမြန်လမ်းမှာ အီနာဂါချခဲ့တာဆိုရင် ဗိုလ်ကအစ သေတယ်ပေါ့နော်.. အဲ့လိုမျိုးတွေကျ တကယ် အားရတယ်။”

- မြောင် TGR အမျိုးသမီး ဒရုန်းတပ်ဖွဲ့ ခေါင်း ဆောင် ကျားခင်စိန် -

https://mandalayfreepress.com/news/5832

#စစ်ကိုင်း #မြောင် #ကျားခင်စိန် #TGRအမျိုးသမီးဒရုန်းတပ်ဖွဲ့ #Mandalay_Free_Press #mfp
မြင်းမူနယ်က စစ်အုပ်ချုပ်ရေး မလည်ပတ်နိုင်တဲ့ ဒေသတွေမှာ မြင်းမူ ပလဖ က တရားဥပဒေ စိုးမိုးရေး လုပ်မည်၊

MFP၊ စက်တင်ဘာ - ၂၉

စစ်ကိုင်းတိုင်း မြင်းမူမြိုနယ်ထဲက စစ်အုပ်ချုပ်ရေး မလည်ပတ်နိုင်တော့တဲ့ ဒေသတွေမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က ဖွဲစည်းပေးထားပြီး ဖြစ်တဲ့ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ - ပလဖက တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေ လုပ်ဆောင်တော့မယ်လို့ မြင်းမူ ပလဖ က သတင်း ထုတ်ပြန်ပါတယ်။

ရပ်ရွာ လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး အများပြည်သူ အနေနဲ့ မြင်းမူ - ပလဖ ကို တိုင်ကြားမှုတွေ လုပ်ဆောင်နိုင်ပြီး ပလဖ-မြင်းမူ ပြည်သူ့လုံခြုံရေးအဖွဲ့ Facebook Page Messenger က တဆင့် တိုင်စာတွေ စတင် လက်ခံနေပြီလို့ ဆိုပါတယ်။

တိုင်ကြားပြီးတဲ့နောက် မြင်းမူ - ပလဖ ရဲ့ Page Messenger ကတဆင့် တိုင်ကြားထားတဲ့ စာတွေကို တိုင်ကြားသူဘက်က ပြန်ဖျက်ထားရမှာဖြစ်သလို မြင်းမူ - ပလဖ အနေနဲ့ အမှုလက်ခံပြီးတဲ့နောက် စုံစမ်းစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ပျောက်ဆုံးပစ္စည်းတွေပြန်လည်ရရှိပါက ပိုင်ရှင်ထံ ပြန်လည်အပ်နှံခြင်းစသဖြင့် အဆင့်ဆင့်လုပ်ဆောင်သွားမယ်လို ကြေညာထားပါတယ်။

မြင်းမူ ပလဖ ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကို ယခုလ (၁)ရက်နေ့မှာ စတင် ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းမူ #ပလဖ
ထီးချိုင့်မှာ နှစ်ရက်ဆက် တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီး နှစ်ဖက် အကျအဆုံး ရှိ၊
စစ်အုပ်စုက ပစ်ခတ်လို့ ထီးချိုင့်မြို့ပေါ်က ကိုရင်ငယ်တစ်ပါးနှင့် စစ်ရှောင် အမျိုးသမီးတစ်ဦး သေဆုံး၊
တိုက်ပွဲကြောင့် မန္တလေး - မြစ်ကြီးနားလမ်း အသွားအလာ မရဘဲ ကားအစီးရေ ရာချီပိတ်မိခဲ့၊

MFP ၊ စက်တင်ဘာ - ၃၀

စစ်ကိုင်းတိုင်း အထက်ပိုင်း ထီးချိုင့်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စကစတွေ အသေအပျောက် များနိုင်သလို ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထီးချိုင့် တော်လှန်ရေးအဖွဲ့ - TR Team က ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ကျေးရွာတွေထဲနှင့် ထီးချိုင့်မြို့ပေါ် ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ သောင်းကျန်း ရမ်းကား ပစ်ခတ်လို့ ထီးချိုင့်မြို့ နဝရတ် ရပ်ကွက်က ကိုရင်ငယ်တစ်ပါးနှင့် စစ်ရှောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို ဒေသခံပြည်သူ လေးဦးထက်မနည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

“စက်တင်ဘာ(၂၉)ရက် မနက်(၆)နာရီခန့်တွင် ထီးချိုင့်မြို့ထဲက ထွက်လာသော စခများ နှင့် ပေါက်ကုန်းရွာ အဝင်နားတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။ စခများ နဲ့ ကာကွယ်ရေး အဖွဲ့များ ထိတွေ့မှု သုံးနာရီ နီးပါး ဖြစ်ပွားခဲ့ကာ စခ အထိအခိုက် အကျအရှုံး မသိရပါ။ စခများက ပေါက်ကုန်းရွာ၊ရွာသစ်ကုန်း ရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်စဉ် ပေါက်ကုန်း ဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေသော အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိကာ သေဆုံးခဲ့ပြီး ပြည်သူ့ နေအိမ်အများပြား နှင့်ဘုန်းကြီးကျောင်း ဆွမ်းချက်ဆောင် လက်နက်ကြီး ကျည်ထိမှန် ခဲ့ပါသည်” လို့ ထီးချိုင့် TR Team က ဖော်ပြပါတယ်။

ဒီမနက် (၆)နာရီမှာလည်း ပေါက်ကုန်းရွာကနေ ထီးချိုင့်ဘက် ပြန်ဆုတ်လာတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ တည်တောရွာ အနီးမှာ ထပ်မံပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲသည် လေးနာရီနီးပါး ကြာမြင့်ခဲ့ပြီး ထီးချိုင့်မြို့ပေါ်ကနေ လက်နက်ကြီး ပစ်ကူပေးခဲ့ပါသည်။ စခများ၏ လက်နက်ကြီးကျည်တချို့ နဝရတ် ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲပြီး ဆွမ်းချိုင့်ကောက်လာသော ဝေပုလ္လ ဘုန်းကြီးကျောင်းမှ ကိုရင်တစ်ပါး ဦးခေါင်းပွင့် သေဆုံးခဲ့ကာ အရပ်သား လင်မယား နှစ်ယောက် မိုင်းစထိ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားမှာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပါသည်။ တည်တောကျေးရွာ ထဲသို့လည်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ ခဲ့ပါသည်။ တည်တောကွင်းထဲက တဲနှစ်တဲကိုလည်း မီးရှို့ဖျတ်ဆီးခဲ့ပါသည်။ တည်တောရွာသား နှစ်ယောက်လည်း မိုင်းစ ထိမှန်ခဲ့ပါသည်” လို့ ထီးချိုင့် TR Team က ဖော်ပြပါတယ်။

အဲ့ဒီ နှစ်ရက်တာ တိုက်ပွဲအတွင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြည်သူ့ရဲဘော်တစ်ဦး ကျန်းမာရေးကြောင့် အမောဖောက်ကာ ကျဆုံးခဲ့ရသလို ပြည်သူ့ရဲဘော် (၁၀)ဦး လက်နက်ကြီးကျည် ထိကာ မစိုးရိမ်ရ ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။

“စခများဘက်လည်း အထိအခိုက် အကျအရှုံး များနိုင်ပြီး စာရင်း အတိအကျ မသိရပါ။ တည်တော၊ သခွတ်ချောင်၊ ကျက်သရေချောင်း၊ ပေါက်ကုန်း၊ ကွင်းကြီး၊ ရွာသစ်ကုန်းမှ ပြည်သူအများအပြား စစ်ရှောင်ခဲ့ရပြီး အခုအခါ သက်ဆိုင်ရာ ကျေးရွာများသို့ ပြန်လည် ဝင်ရောက်ခဲ့ပါသည်” လို့ ထီးချိုင့် TR Team က ဖော်ပြပါတယ်။

တိုက်ပွဲ ပြင်းထန်နေပြီး မန္တလေး - မြစ်ကြီးနား ကားလမ်းတလျှောက် သွားလာလို့ မရတဲ့အတွက် ခရီးသွား ကားအစီးရေ ရာနှင့်ချီကာ ပိတ်မိခဲ့ပြီး တချို့ကားတွေ ပြန်လည်ထွက်ခွာနိုင်ပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ထီးချိုင့်နယ် အပါအဝင် စစ်ကိုင်းတိုင်းနှင့် ကချင်ပြဘ်နယ်အစပ်က မြို့ရွာတွေထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေကာ လုယတ်၊ ဓားပြတိုက်၊ ပြည်သူကို အနိုင်ကျင့် သတ်ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ထီးချိုင့်နယ်ထဲ လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေတဲ့ စစ်အုပ်စု/Photo – CJ

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ထီးချိုင့် #မြစ်ကြီးနားလမ်း
ငါန်းဇွန်မြို့နယ်ထဲ ပြောက်ကျားအဖွဲ့တွေက ညမထွက်ရအမိန့် ထုတ်ပြန်၊

MFP ၊ အောက်တိုဘာ - ၃

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ ပြောက်ကျားတပ်ဖွဲ့တွေက ဒီနေ့ အောက်တိုဘာ (၃) ရက်က စတင်ပြီး ည (၇) နာရီကနေ မနက် (၆)နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်လို့ သတင်း ရရှိပါတယ်။

စစ်အုပ်စုကို တိုက်ခိုက်တဲ့ စစ်ရေးမစ်ရှင်တွေ အရှီန်မြင့် လုပ်ဆောင်မှာမို့ ဒေသခံ ပြည်သူတွေ ဒီနေ့ အောက်တိုဘာ (၃) ရက်က စတင်ပြီး ည (၇) နာရီကနေ မနက် (၆)နာရီအတွင်း အပြင်မထွက်ဖို့ ကန့်သတ်တာ ဖြစ်ကြောင်းနှင့် မလိုက်နာပါက ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ကျွန်တော်တို့က မစ်ရှင်တွေ ပိုလုပ်တော့မှာပါ၊ မစ်ရှင်တွေ လုပ်တဲ့အခါ နေ့ညမရွေး လုပ်ရလို့ပါ၊ ပြည်သူကို ထိခိုက်မှာ စိုးလို့ပါ “ လို့ မဟာမိတ်အဖွဲ့တွေကိုယ်စား ထုတ်ပြန်တဲ့ မာန်စွယ်ကျား ပြောက်ကျားတပ်က တာဝန်ရှိသူက MFP ကို ပြောပါတယ်။

မဖြစ်မနေ သွားလာရမယ့် အရေးပေါ် ကျန်းမာရေး အခြေအနေတွေ အတွက် သွားလာခွင့်ကို သက်ဆိုင်ရာ ဒေသကာကွယ်ရေး အဖွဲ့တွေဆီ အကြောင်းကြား သတင်းပို့ရမှာ ဖြစ်ပြီး အိမ်စီးကားတွေ မှန်ချမောင်းဖို့နဲ့ စစ်အုပ်စုနဲ့ နီးနီးကပ်ကပ် မနေကြဖို့လည်း သတိပေးထားပါတယ်။

ငါန်းဇွန်မြို့နယ်ထဲ ညမထွက်ရအမိန့်ကို ဒေသကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တွေ ဖြစ်တဲ့ မာန်စွယ်ကျား ပြောက်ကျားတပ်ဖွဲ့၊ တောမုဆိုး ပြောက်ကျားတပ်ဖွဲ့၊ မီးနဂါး အဖွဲ့နဲ့ နောင်ရိုး အထူးပြောက်ကျား တပ်တို့က ပူးပေါင်း ထုတ်ပြန်တာလို့ ဖော်ပြထားပါတယ်။

ငါန်းဇွန် အပါအဝင် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနယ် တွေထဲ စစ်အုပ်စုကလည်း ရွာစဉ်ပတ်မွှေကာ တစ်အိမ်တက်ဆင်း အိမ်ထောင်စုဇယားတွေ တောင်းကာ တိုက်ဆိုင် စစ်ဆေးနေပြီး ဥပဒေမဲ့ ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ ဖမ်းခေါ် သတ်ဖြတ်တာတွေ လုပ်ဆောင်နေသလို စစ်အုပ်စု လက်ပါးစေ ပျူတွေကလည်း ဓားပြတိုက်လုယက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငါန်းဇွန်မြို့ပေါ် တနေရာ/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ငါန်းဇွန် #ညမထွက်ရ
မန္တလေး (၄၁)လမ်းအနီး ဧရာဝတီမြစ်အတွင်း ပိုင်ရှင်မဲ့ အမျိုးသားအလောင်း တွေ့ရှိ၊

အညာ့အသံ ၊ မန္တလေး၊ ဇွန်-၁၃

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၃၈)လမ်းနဲ့ (၄၁)လမ်းကြား၊ ဧရာဝတီမြစ်အတွင်း သေဆုံးနေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား အလောင်းတစ်လောင်း ဒီမနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ က ဖော်ပြပါတယ်။

အမည်မသိ ပိုင်ရှင်မဲ့အလောင်းအဖြစ် မြစ်ထဲက ဆယ်ယူကာ ဆေးရုံပို့ခဲ့ပြီးနောက် ညနေပိုင်းမှာ အလောင်းပိုင်ရှင် မိသားစုနဲ့ အဆက်သွယ်ရတယ်လို့ မဟာ လူမှုကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်(၇)ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၄၁)လမ်းနဲ့ ကမ်းနားလမ်းထောင့်က ကုန်သိမ်းတန်း ညဈေးမှာ အသက်(၃၀)ကျော်အရွယ် ပိုင်ရှင်မဲ့ အမျိုးသား အလောင်းတစ်လောင်း တွေ့ခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခုလို မှုခင်းအမျိူးမျိူး ကြုံတွေ့နေရတာကြောင့် ပြည်သူလူထုတွေမှာ နေရောညပါ မလုံခြုံမှုတွေ ဖြစ်နေတာပါ။

#peoplesradiomyanmar
#အညာ့အသံ
#Mandalay_Free_Press_MFP
MSI - MYANMAR SOCIETY INFORMATIONS
Photo
မတ္တရာ ပကဖ ခေါင်းဆောင် သုံးဦးကို NUG က ဖြုတ်လိုက်လို့ တဖွဲ့လုံး နှုတ်ထွက်ကာ တပ်ဖွဲ့အသစ် တည်ထောင်၊
မတ္တရာမျိုးမှန်တပ်ဖွဲ့ PDF အနေနဲ့ ရပ်တည်မယ်လို့ဆို၊

PK/MFP၊ စက်တင်ဘာ ၃

မန္တလေးတိုင်း မတ္တရာမြို့နယ် အခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မတ္တရာမြို့နယ် (မတ္တရာ-ပကဖ) က နယ်ခံ တိုက်ခိုက်ရေးခေါင်းဆောင် သုံးဦးကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က စစ်ရေး လိုအပ်ချက်အရ ဆိုပြီး ထုတ်ပယ်လိုက်တာကြောင့် မတ္တရာ - ပကဖ တစ်ဖွဲ့လုံး နှူတ်ထွက်ပြီး မတ္တရာမျိုးမှန်တပ်ဖွဲ့ ဆိုတဲ့ တပ်ရင်းတပ်ဖွဲ့အသစ် တည်ထောင်ကာ PDF တွေ အဖြစ် ဆက်လက် ရပ်တည်သွားမယ်လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ ဦးစီးအဖွဲ့ဝင် ကိုဒေါင်းလမ်း က MFP ကို ပြောပါတယ်။

မတ္တရာ ပကဖ အဖြစ် စတင်ဖွဲ့စည်းခဲ့စဉ်က တာဝန်ခံ ကိုးဦးပါ အဖွဲ့ထဲ က ခေါင်းဆောင် သုံးဦးအစား ခရိုင်အဆင့်က မိုးကျရွှေကိုယ်တွေကို အစားထိုး ခန့်အပ်ကြောင်းစာကို ၂၀၂၃ ဇွန်လအတွင်းမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန (MoD) ဝန်ကြီး လက်မှတ်ထိုးနဲ့ ပေးပို့လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ငါတို့များ ဘာအမှား လုပ်မိပါလဲ ဆိုပြီး တိုင်းပကဖကို လှမ်းမေးတာပေါ့။ ကျနော်တို့ကို အကြောင်းပြချက် လေးတော့ ပေးအုန်း၊ ဘာများ အမှားလုပ်မိလို့လဲ၊ ဘာတွေ ကျုးလွန်မိလဲဆိုတော့ ကျနော်တို့က စစ်ရေး လိုအပ်ချက်အရ မဖြစ်မနေ လုပ်ဖို့လိုတဲ့ အတွက် မလုပ်ချင်ဘဲ လုပ်ခဲ့ရတာပါဆိုပြီး ပြောတယ် " လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ ဦးစီးအဖွဲ့ဝင် ကိုဒေါင်းလမ်း က ပြန်ပြောပြပါတယ်။

အဲ့ဒီလို NUG က တိုက်ခိုက်ရေး တာဝန်ခံ သုံးဦး အစားထိုးခန့်အပ်တဲ့အပေါ် မတ္တရာ ပကဖကို စတင်ဖွဲ့စည်းခဲ့တဲ့ တာဝန်ခံ ခြောက်ဦးနဲ့ တိုက်ခိုက်ရေးသမားတွေက လက်မခံနိုင်တာကြောင့် အခုလို မတ္တရာမျိုးမှန်တပ်ဖွဲ့ အဖြစ် သီးခြားဖွဲ့စည်း ရပ်တည်တာဖြစ်ပြီး PDF တပ်ရင်းတခုအဖြစ်ပဲ ရပ်တည်သွားမယ်လို့ သူက ပြောပါတယ်။

ပကဖ အဖွဲ့ဟာ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟို စတဲ့ အဆင့်ဆင့် ဖြတ်သန်း တာဝန်ခံရတဲ့အတွက် ပကဖ အစား PDF တပ်ဖွဲ့တခု အနေနဲ့ MOD ရဲ့ COC (အမိန့်ပေးကွပ်ကဲမှုနဲ့ စစ်သည်တော်ကျင့်ဝတ်) လမ်းညွှန်မှုအောက်ကနေ ဆောင်ရွက်ဖို့ စက်တင်ဘာ(၁)ရက်မှာ မတ္တရာမျိုးမှန် တပ်ဖွဲ့ ဆိုပြီး ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

NUG ရဲ့ တာဝန်ရပ်ဆိုင်းခံရတဲ့ မတ္တရာ ပကဖ တာဝန်ခံ သုံးဦးဟာ မတ္တရာနယ် အရှေ့ခြမ်း ဒေသခံတွေဖြစ်ပြီး တော်လှန်ရေးအစ သပိတ်ကာလ ကတည်းက မတ္တရာနယ်ထဲ တော်လှန်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်းနဲ့ မတ္တရာ ပကဖ တာဝန်ခံအဖြစ် နှစ်နှစ်ကျော် ဆောင်ရွက်ခဲ့ရာမှာလည်း အမိန့်ချိုးဖောက်တာ၊ မလျော်သြဇာသုံးတာ၊ ငွေကြေး အရှုပ်အရှင်း ပြဿနာတွေ မရှိတာကြောင့် ဒီတာဝန်ခံတွေကို ပြန်လည်ခန့်အပ်ဖို့ MoD နဲ့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပေမယ့် တစုံတရာ အကြောင်းမပြန်ခဲ့ဘူးလို့လည်း ကိုဒေါင်းလမ်းက ပြောပါတယ်။

"(မတ္တရာပကဖ) အကုန်လုံးက မူလ သုံးယောက်ကိုပဲ ခန့်အပ်စေချင်တယ်။ သူတို့ဘက်ကလည်း ဒီသုံးယောက်ကို မြို့နယ် ပကဖ တွေနဲ့ လုပ်မလား၊ မလုပ်ဘူးဆိုရင် သူတို့ဘက်က အစားထိုး ခန့်တာတွေလည်း ထပ်လုပ်မယ် ဆိုတာတွေပါ ပြောလာတာ။ ကျနော်တို့ဘက်က ဝန်ကြီးရဲ့ စာကို တောက်လျှောက် စောင့်နေတာ၊ ဝန်ကြီးကလည်း အကြောင်း မပြန်တဲ့အခါ ကျနော်တို့မြို့နယ် ပကဖ အဖြစ်က နှုတ်ထွက်ပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့အဖြစ် ရပ်တည်လိုက်တာ" လို့ ကိုဒေါင်းလမ်းက ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး NUG ဘက်ကတော့ တစုံတရာ အသိပေး ထုတ်ပြန်တာ မရှိသေးပါဘူး။

မန္တလေးတိုင်း မတ္တရာမှာ မြို့နယ် ဧရိယာရဲ့ ထက်ဝက်ကျော်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စိုးမိုးထားနိုင်တယ်လို့ မတ္တရာမျိုးမှန် တပ်ဖွဲ့က ဆိုပြီး မတ္တရာ ပကဖ အဖြစ် ရပ်တည်ခဲ့စဉ် တော်လှန်ရေး ကာလတလျှောက် မြိုနယ်တွင်း စစ်ဆင်ရေး (၇၅)ကြိမ် ပြုလုပ်ခဲ့ကာ စစ်အုပ်စု (၂၀၀)ကျော်ကို သုတ်သင်နိုင်ခဲ့ပြီး သေနတ် လေးလက် သိမ်းဆည်းရမိခဲ့တယ်လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတ္တရာမျိုးမှန်တပ်ဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာချက်နဲ့ တပ်ဖွဲ့ဝင်တချို့/Photo - မတ္တရာမျိုးမှန်တပ်ဖွဲ့

#Mandalay_Free_Press_MFP
တပ်ထွက်နဲ့ အငြိမ်းစားတွေကို စစ်ထဲပြန်ခေါ်သွင်းမယ့် အရန်တပ်ဖွဲ့ ဥပဒေ စစ်အုပ်စုက အသက်သွင်း၊

တေဇ/MFP ၊ ဖေဖေါ်ဝါရီ - ၁၃

#Mandalay_Free_Press_MFP
မန္တလေး ရတနာပုံခန်းမ တိုက်ခိုက်ခံရ
======================

Myanmar Now
March 20, 2024

စစ်ခေါင်းဆောင်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည့် မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမ ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံလိုက်ရသည်။

မန္တလေးမြို့လယ် ၇၈ လမ်းနှင့် ၃၈ လမ်းထောင့် စစ်တပ်ဝင်းအတွင်း တည်ဆောက်ထားသည့် ထိုခန်းမသည် စစ်ခေါင်းဆောင်၏သား အောင်ပြည့်စုံပိုင်ဆိုင်သည်ဟု မန္တလေးမြို့ခံများက ယုံကြည်နေကြပြီး “အောင်ပြည့်စုံခန်းမ” ဟုပင် ခေါ်ဝေါ်ကြသည်။

ပုံစာ − ၂၀၂၁ မေလ ၁၇ ရက်နေ့တွင် ရတနာပုံခန်းမကို စစ်ခေါင်းဆောင် ဖွင့်လှစ်ပေးခဲ့စဉ်။ (ဓာတ်ပုံ − စစ်ခေါင်းဆောင် ဝက်ဆိုက်)

#MyanmarNow #Mandalay #မန္တလေး

သတင်းအပြည့်အစုံ 👇👇👇
MSI - MYANMAR SOCIETY INFORMATIONS
Photo
မြောင်နယ်မှာ NUG လက်အောက်ခံ ပသုံးလုံးအဖွဲ့ရဲ့ အခွန်ငွေကောက်ခံရရှိမှု ပွင့်လင်းမြင်သာရှိရေး ပြည်သူတွေ ဆန္ဒပြတောင်းဆို

သက်တန့်/ MFP ၊ ဇူလိုင် - ၂၃

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အခွန်ငွေကောက်ခံ နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အခွန်ငွေဘယ်လောက်ရတယ်၊ ဘယ်လိုအသုံးပြုနေတယ် ဆိုတဲ့အကြောင်းအရာနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာရှိရေး မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ ပြည်သူလူထု ၃၀၀ ကျော်က ဇူလိုင်လ ၁၈၊ ၁၉ နှစ်ရက်ဆက် ဆန္ဒပြတောင်းဆိုခဲ့တယ်လို့ ပါဝင်ခဲ့သူတွေက ဆိုပါတယ်။

မြောင်မြို့နယ်အတွင်း အခွန်ငွေရရှိနိုင်တဲ့ လမ်းကြောင်းသုံးသွယ်ရှိပြီး ခရီးသွားကားတွေနဲ့ ကုန်စည်ကားတွေဆီ က ကောက်ခံရရှိတဲ့ ဝင်ငွေ လမ်းကြောင်း၊ ရေကြောင်းက ကောက်ခံရရှိတဲ့ လမ်းကြောင်းနဲ့ ဒေသတွင်း အမှုအခင်း တွေရဲ့ ဒဏ်ကြေးပေးဆောင်မှုကရရှိတဲ့ အခွန်ဘဏ္ဍာလမ်းကြောင်းစသဖြင့် အခွန်ငွေကောက်ခံရရှိနေတယ်လို့ မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဒီကဏ္ဍသုံးခုကနေ ဝင်ရောက်လာတဲ့ အခွန်ငွေတွေက ပြည်သူလူထုအနေနဲ့ အမှန်တကယ် စစ်ရှောင်တွေရှိ လာခဲ့ တယ်ဆိုရင်လည်း စစ်ရှောင်တွေအတွက် ဘယ်လောက်ရာခိုင်နှုန်း လာရောက်ပြီးတော့မှကူညီပေးသွားတယ်ဆိုတဲ့ ဟာမျိုးက ပွင့်လင်းမြင်သာမှုမရှိနေဘူး။ အလားတူပဲ စစ်ရှောင်ပြည်သူတွေရဲ့ သွားရေးလာရေး လမ်းပန်းဆက် သွယ်ရေး ခက်ခဲနေတဲ့ နေရာတွေမှာဆိုရင်လည်း အသုံးပြုထားတာမရှိနေဘူး။ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး အစိုးရမှာ ပြည်သူ့ဝန်ဆောင်မှုပေးနေတဲ့ ကျန်းမာရေးနဲ့ ပညာရေးအခန်းကဏ္ဍတွေမှာလည်း ဘယ်လောက်ရာခိုင် နှုန်း အခွန်ငွေထဲက ပံ့ပိုးကူညီပေးထားပါတယ်ဆိုတဲ့အရာတွေက ပွင့်လင်းမြင်သာမှု မရှိနေဘူး။ အဲဒီအခြေအနေမှာ မြောင်နယ်မှာ ကျေးရွာပေါင်း ၁၆ ရွာကနေပြီးတော့မှ၊ အခွန်ဘဏ္ဍာကိစ္စရပ်နဲ့ပတ်သက်ပြီးတော့မှ ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့ တဲ့စကားသံတွေရှိတယ်။ အဲဒီစကားသံတွေကိုလည်း လက်ရှိယန္တရားမှာ ပါဝင်ပတ်သက်တဲ့ သူတွေ အ နေနဲ့က ချပြတာမျိုးမရှိနေဘူး” လို့ မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြော ပါ တယ်။

NUG ရဲ့ အခွန်ဘဏ္ဍာငွေ ကောက်ခံရရှိမှုနဲ့ ပတ်သက်လို့ လမ်းညွှန်ချက်မှာ လက်နက်ကိုင်မဟုတ်တဲ့ ပြည်သူ့အုပ် ချုပ် ရေးအဖွဲ့(ပအဖ) က အခွန်ငွေဦးဆောင် ကောက်ခံရမှာဖြစ်ပါတယ်။ အဲဒီလိုကောက်ခံ ရရှိလာတဲ့ အခွန်ငွေ တွေ ကို NUG ရဲ့ ဘဏ္ဍာ‌ရေးနဲ့အခွန်ဝန်ကြီးဌာနကို ၃၀ ရာခိုင်နှုန်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) လုပ်ငန်းစဉ် အ တွက် ၃၀ ရာခိုင်နှုန်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လုပ်ငန်းစဉ်အတွက် ၄၀ ရာခိုင်နှုန်း ခွဲဝေပေးရမှာဖြစ်ပါ တယ်။

အခုလို အခွန်ဘဏ္ဍာငွေတွေ ရရှိနေပေမဲ့ စစ်ရေးအတွက် အသုံးပြုမှုနဲ့ ဒေသခံပြည်သူလူထုအကျိုးပြုလုပ်ငန်းတွေ အသုံးပြုမှုမှာ ပွင့်လင်းမြင်သာမှုမရှိသလို အားနည်းချက်တွေလည်း ရှိနေတယ်လို့ မြောင်မြို့နယ်လူထုသပိတ်တိုက် ပွဲ ဦးဆောင်ကော်မတီ အဖွဲ့ဝင်က ဆိုပါတယ်။

“ဒီအခွန်တွေအကုန်လုံးက မြို့နယ်အစုအဖွဲ့တွေဆီမှာပဲ သက်ရောက်သွားတယ်။ မြို့နယ်(ပကဖ)တွေဆီမှာ ၄၀ ရာ ခိုင်နှုန်းရှိတယ်ဆိုသော်ငြားလည်းပဲ စစ်ရေးဦးဆောင်မှုအပိုင်းမှာ အားနည်းနေသေးတယ်ဆိုတဲ့ အရာတွေ ထောက် ပြလာတာမျိုးတွေရှိတယ်။ တနည်းအားဖြင့်ချုပ်လိုက်ရမယ်ဆိုရင် မြို့နယ်အစုအဖွဲ့တွေမှာပဲ အခွန်ကောက်ပိုင်ခွင့် က ယူထားပြီးတော့မှ မြို့နယ်မှာရှိနေတဲ့ လူတွေကသာလျှင် ဒီဝင်ငွေတွေနဲ့ပတ်သက်ပြီးတော့မှ သုံးစွဲနေတဲ့ အ တိုင်း အတာတွေက ပွင့်လင်းမြင်သာမှု မရှိနေတာ” လို့ အဆိုပါ အဖွဲ့ဝင်က ပြောပါတယ်။

အခွန်ကောက်ခံရရှိငွေတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိဖို့ ပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့တာနဲ့ ပတ်သက်ပြီး မြောင်မြို့နယ်အတွင်းမှာ အခွန်တွေကို ဦးဆောင်ကောက်ယူနေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကို ဘယ်လို တုံ့ ပြန်ပြောကြားချင်လဲ လို့ MFP က စာပို့မေးမြန်းခဲ့ပေမဲ့ တစ်စုံတစ်ရာ ပြန်လည်ဖြေဆိုတာ မရှိခဲ့ပါဘူး။

စစ်ကိုင်းတိုင်းအတွင်းက NUG လက်အောက်ခံ ပသုံးလုံးယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက် လို့ ဒေသခံပြည်သူလူထုက မကြာခဏဆန္ဒထုတ်ဖော်ပြသမှုတွေ ရှိနေတာဖြစ်ပါတယ်။

ပုံစာ ။ အခွန်ငွေသုံးစွဲမှု ပွင့်လင်းမြင်သာရေး ဆန္ဒထုတ်ဖော်နေကြတဲ့ မြောင်နယ်ပြည်သူတွေ
ဓာတ်ပုံ။ မြောင်မြို့နယ်လူထုသပိတ်တိုက် ပွဲ ဦးဆောင်ကော်မတီ
#Mandalay_Free_Press_MFP
MSI - MYANMAR SOCIETY INFORMATIONS
Photo
Media is too big
VIEW IN TELEGRAM
မြောင်နယ်မှာ NUG လက်အောက်ခံ ပသုံးလုံးအဖွဲ့ အခွန်ငွေကောက်ခံရရှိမှုတွေကို ပွင့်လင်းမြင်သာရှိရေး ပြည်သူတွေ ဆန္ဒပြတောင်းဆို

သက်တန့်/ MFP ၊ ဇူလိုင် - ၂၃

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အခွန်ငွေကောက်ခံနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အခွန်ငွေဘယ်လောက်ရတယ်၊ ဘယ်လိုအသုံးပြုနေတယ် စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာရရှိရေး မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ ပြည်သူလူထု ၃၀၀ ကျော်ဟာ ဇူလိုင် ၁၈ နဲ့ ၁၉ ရက်တွေမှာ နှစ်ရက်ဆက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မြောင်မြို့နယ်အတွင်းမှာဆိုရင် အခွန်ငွေရရှိနိုင်တဲ့ လမ်းကြောင်းသုံးသွယ်ရှိပြီး ကုန်းလမ်းကနေခရီးသွားကားတွေနဲ့ ကုန်စည်းကားတွေဆီက ဝင်ငွေလမ်းကြောင်း၊ ရေကြောင်းနေ ကောက်ခံရရှိတဲ့ လမ်းကြောင်းနဲ့ ဒေသတွင်းမှာ အမှုအခင်းဖြစ်ပွားမှုတွေကနေ ဒဏ်ကြေးပေးဆောင်မှုက ရရှိတဲ့ အခွန်ဘဏ္ဍာလမ်းကြောင်းတွေကနေ အခွန်ငွေတွေ ကောက်ခံရရှိနေတယ်လို့ မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

#Mandalay_Free_Press_MFP