MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆၃ ဦးသေဆုံးခဲ့ - စစ်ကောင်စီပြောခွင့်ရ
---------------------

(Unicode)

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆၃ ဦးသေဆုံးခဲ့ - စစ်ကောင်စီပြောခွင့်ရ

စစ်တပ်က အာဏာသိမ်းယူတာကို ဆန့်ကျင်သူတွေက အကြမ်းဖက် တိုက်ခိုက်တာကြောင့် လူပေါင်း ၆၃ ယောက် သေဆုံးခဲ့ရပြီးပြီလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

"အကြမ်းဖက်သမားတွေဟာ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ဗုံးတွေထောင်နေကြပြီး လူထုကြားမှာ ဒဏ်ရာရသူတချို့ ရှိပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီလို တိုက်ခိုက်သူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေးပို့ကြဖို့လည်း လူထုကို တိုက်တွန်းသွားပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အခုလို သေဆုံးတဲ့သူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလား၊ သာမန် အရပ်သားတွေလား ဆိုတာကို သဲသဲကွဲကွဲ ပြောဆိုသွားတာတော့ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့တဲ့နောက် အခုလပိုင်း ရက်ပိုင်းတွေအတွင်း မြို့အတော်များများမှာ ဗုံးကွဲတာတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ တိုက်ခိုက်ခံရတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်အတွင်း မြို့တချို့မှာ စစ်တပ်နဲ့ ရဲကို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ခုခံတိုက်ခိုက်တာတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ သေဆုံးထိခိုက်တာတွေ ရှိနေပါတယ်။

#MyanmarMilitaryCoup #MyanmarViolence #MyanmarSACPress #VOABurmese
ကချင် တနိုင်းဒေသမှာ KIO နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
(Zawgyi/Unicode)

ကချင်ပြည်နယ် တနိုင်းနဲ့ ရှင်ဗွေယန်မြို့အကြားမှာ ဒီကနေ့ မနက်က စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ရေး တင်းမာမှုတွေ ရှိနေပါတယ်။ ဒီရက်ပိုင်းမှာပဲ KIO ဌာချုပ် လိုင်ဇာအနီးမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး KIO ဘက်ကတော့ အခြေအနေဟာ ပုံမှန်အတိုင်းရှိနေကြောင်း ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေ ကိုအောင်မြတ်သူ ပြောပြပါမယ်။

ပြီးခဲ့တဲ့ ရက်သတ္တတစ်ပတ်အတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ရာက ဒီကနေ့ မနက်ပိုင်းမှာတော့ တနိုင်းမြို့နယ် လီဒိုလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်လာတာပါ။

လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ တနိုင်းနဲ့ ရှင်ဗွေယန်အကြားမှာဖြစ်ကြောင်း တနိုင်းဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“ အဲဒီ တနိုင်းအလွန် ရှင်လုံဂါးနဲ့ လဂျားဘွမ် ကြားမှာ ဒီမနက် ၂ဖက်အဖွဲ့တွေ တွေ့ကြပြီးမှ တိုက်ပွဲဖြစ်ကြတယ်လို့တော့ ရွာက လူတွေ ဖုန်းဆက်လာတာတော့ ဟုတ်တယ်။ စစ်ကောင်စီဘက်က တပ်သားတွေ ရှင်ဗွေယန်ဘက်ကို သွားတာ၊ အဲဒီစစ်ကြောင်းကို ကြားဖြတ် ကြားဖြတ်ပေါ့နော်။ ခြုံခိုတိုက်တာမျိုးပေါ့။ အဲလိုမျိုးတွေ ဖြစ်တယ်လို့ ပြောတယ် ကျနော်မေးကြည့်တော့။ အခြေအနေကတော့ တင်းမာနေတာပေါ့နော်။ ရွာသားတွေတောင် ကြောက်လို့ ဘုရားကျောင်းတွေ ဘာတွေမှာတောင် စုနေတယ်လို့ ပြောတယ်။”

လောလောဆည်မှာ ကားအသွားအလာတွေကို ပိတ်ပင်ထားကြောင်းလည်း ပြောပါတယ်။

ကချင်သတင်းမီဒီယာတွေမှာတော့ ရှင်ဗွေယန်ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ကို မနက် ၁၀နာရီ လောက်မှာ KIA က မိုင်းခွဲတိုက်ခိုက်တာဖြစ်ကြောင်း နဲ့ KIO ဌာချုပ် လိုင်ဇာဘက်ကိုလည်း ဒေါ့ဖုန်းယန် ဘက်က စစ်ကောင်စီတပ်အင်အား ၂၀၀လောက် ထွက်ခွာသွားကြောင်း သတင်းတွေ ဖော်ပြထားပါတယ်။

ဒေ့ါဖုန်းယန်ဘက်က ဒေသခံတွေကတော့ မြို့တွင်း ဆေးရုံ၊ ကျောင်း စတာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ မြို့ ပြင်ဘက်ကို ရွှေ့ပြောင်းတာတွေ ရှိနေကြောင်း ပြောပါတယ်။

“ ဒီမနက်ကတော့ ဒီဘက်ကလူတွေ နည်းနည်းလှုပ်ရှားနေတယ်။ လှုပ်ရှားတာ ခါတိုင်းဆို ဆေးရုံမှာရှိတယ်။ ထွေအုပ်ရုံးမှာ ရှိတယ်။ အခု မရှိထားဘူး။ မရှိထားဘူးဆိုတာ အခုက ရွာပြင်ဘက် နည်းနည်း ၊ ရွာအထွက် အရှေ့၊ အနောက်၊ တောင်၊ မြောက်ပေါ့ သူတို့က လုံခြုံရေးယူထားတာ။”

အခြားဒေသခံတွေကတော့ ဒီရက်ပိုင်းမှာ ဒေါ့ဖုန်းယန်နဲ့ မိုးမောက်ကြားမှာ လမ်းလုံခြုံရေးချထားပြီး ရိက္ခာတင်ကားတွေ ဖြတ်သန်းသွားတွေရှိကြောင်း ပြောပါတယ်။

KIO ရဲ့ ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ တနိုင်းဘက် တိုက်ပွဲဖြစ်တာ ဟုတ်မှန်ကြောင်း အခုလို အတည်ပြု ပြောဆိုပါတယ်။

“ အဲဒီဘက် တိုက်ပွဲဖြစ်တယ်ဆိုတာ မှန်ပါတယ်။ လဂျာဘွမ် ဆိုတဲ့နေရာဖြစ်ပါတယ်။ KIA နဲ့ တိုက်ပွဲဖြစ်တာဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြင်က အသေးစိတ်သတင်းတွေကတော့ ဘာမှ မကြားပါဘူး။ တပ်စခန်းတွေကို သိမ်းတဲ့ တိုက်ပွဲတွေကတော့ မဟုတ်ပါဘူး။ ထိတွေ့ရင်ဆိုင်တိုက်ပွဲဖြစ်ပါတယ်။”

ဒေ့ါဖုန်းယန်ဘက်မှာ စစ်ကောင်စီတပ်သား ၂၀၀လောက် လိုင်ဇာဘက်ကို တက်လာတဲ့ သတင်းတော့ မကြားသိကြောင်း နဲ့ လိုင်ဇာဘက်မှာ ပုံမှန်အတိုင်းရှိနေကြောင်း အခုလို ဆက် ပြောပါတယ်။

“ ကျနော်တို့ တပ်ပိုင်းဆိုင်ရာ သတင်းကတော့ ဘာမှ သတင်း မထွက်ဘူးခင်ဗျ။ ပုံမှန်ပဲ ဖြစ်ပါတယ်။ ဘာမှ ထူးထူးခြားခြားတော့ မရှိပါဘူး။”

မိုးမောက်မြို့နယ် ဒေ့ါဖုန်းယန်အနီးက အလော့ဘွန်တပ်စခန်းကို KIA က မတ်လအတွင်းမှာ သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် ဧပြီလအတွင်း မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော စတဲ့ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ လက်ရှိ မိုးတွင်းကာလမှာ မိုးမောက်မြို့နယ်အတွင်း ငြိမ်သက်နေပေမဲ့ ပွင့်လင်းရာသီမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
#MyanmarMilitary #MyanmarViolence #KachinFighting #KIO #VOABurmese
.....................................................................................................
ကိုကျော်ကျော်သိန်း - တဆက်တည်းမှာပဲ လက်ရှိ မြန်မာပြည်မှာက ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်တာတွေ ရှိတယ်၊ ဗုံးခွဲတာတွေ ရှိတယ်။ ဒါတွေကိုလည်းပဲ စစ်ကောင်စီဘက်ကနေ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သူတို့စွပ်စွဲထားတဲ့ CRPH နဲ့ NUG ရဲ့လက်ချက်ဆိုပြီးတော့ ပြောတယ်။ CRPH နဲ့ NUG ဘက်ကလည်း ဒါတွေကို မသက်ဆိုင်ဘူးဆိုပြီးတော့ ငြင်းထားတာ ရှိပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့၊ ဒီဖြစ်ရပ်တွေကိုလုပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ NUG အနေနဲ့ ပြောရမယ်ဆိုရင်တော့ Moral Authority လို့ ဆိုရမလားပါပဲ၊ ကိုယ်ကျင့်သိက္ခာပိုင်းအရ၊ ကျင့်ဝတ်ပိုင်းအရ ပြောရေးဆိုပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့အခါကြတော့ ဒီလိုအခြေအမျေိုးတွေကို NUG အနေနဲ့ ဘယ်လိုများ ထိန်းသိမ်းလုပ်ဆောင်နေပါသလဲ၊ ဆက်ပြီးတော့ရော ဘယ်လိုထိန်းသိမ်းလုပ်ဆောင်သွားဖို့ စီစဉ်ထားတာ ရှိပါသလဲ။

ဒေါ်ဇင်မာအောင် - “Morally Authority ရှိတဲ့အတွက် ကျမတို့ မီဒီယာတွေမှာ ထွက်ပြီးတော့ ပြောဆိုတာတွေ ရှိတယ်။ ကျမဆိုရင်လည်း နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်နေရတဲ့အပြင်ကို ပြည်တွင်းပေါ့၊ ကိုယ့်အစိုးရအဖွဲ့အတွင်းမှာ Inter-Ministry Meeting တွေမှာ ကျမတို့က အကျေအလည် ဒီကိစ္စတွေကို Seriously ဆွေးနွေးပြီးတော့မှ ကြေညာချက်ထုတ်တာကအစ၊ မူဝါဒ ထုတ်ပြန်တာတွေကအစ တကယ့်ကို အကျေအလည် ဆွေးနွေးပြီးတော့မှ မြေပြင်က အခြေအနေနဲ့ ပေါင်းစပ်ပြီးတော့ ထုတ်ပြန်ပြီးတော့ ဆောင်ရွက်နေတယ်။ Enforcement တွေ လုပ်နေတယ်။ အခု သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့လည်း ပြည်နယ်တွေ၊ ဒေသဆိုင်ရာ PDF တွေပေါ့၊ ကျမတို့ရဲ့ Chain of Command ထဲကို မရောက်သေးတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာလည်း ဒီအတိုင်းပါပဲ။ အဲဒီကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်ပြောပြီးတော့ ဝန်ကြီးဌာနက တာဝန်ရှိတဲ့လူတွေက တွေ့ဆုံပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ အဲဒီတော့ ကျမတို့ ပြောချင်တာကတော့၊ ကျမကိုယ်တိုင်လည်း တခါတော့ ပြောပြီးပြီပေါ့၊ Crime ကို ကျူးလွန်တယ်ဆိုရင် ဒီကွန်ဗင်းရှင်းတွေ၊ လက်နက်ကိုင်ထားပြီဆိုရင် လက်နက်ကိုင်ထားတဲ့သူဟာ လက်နက်မကိုင်ထားတဲ့သူတွေထက် ပိုပြီးတော့ ကျင့်ဝတ်ကို စောင့်ထိန်းရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ကိုယ်တိုင် ခံစားနေရတာ ဖြစ်တယ်ပေါ့။ လက်နက်ကိုင်ပြီး ကျင့်ဝတ်မရှိတဲ့တပ်ဟာ စစ်တပ်မဟုတ်တော့ဘူး။ လုံးဝ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သွားပြီလို့ ကျမတို့ကိုယ်တိုင်လည်း ကြေညာခဲ့တာ ဖြစ်တဲ့အတွက် ကျမတို့ကိုယ်တိုင် ဒါမျိုးကို မလုပ်ဖို့လိုတယ် ဆိုတာက ကျမတို့ PDF ဆိုပြီး စပြီးဖွဲ့စည်းမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အခြေခံစံတန်ဖိုးဖြစ်တယ်၊ ခံယူချက်လည်း ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒါတွေကို ကျမတို့ အခါအားလျော်စွာ ထုတ်ဖော်ပြောဆိုနေတာတွေလည်း ရှိပါတယ်။ အဲဒီတော့ တရားဥပဒေအရ ဆိုရင်တော့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ မလိုက်နာတဲ့လူတွေဟာ ဌာနတွင်း အရေးယူခံရနိုင်ဖို့ရှိတယ်။ ဒါ့အပြင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်တာမျိုး ဖြစ်လာမယ်ဆိုရင်လည်း ဒါ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီရင် ဥပဒေတွေအရ ကျူးလွန်ရင် ကျူးလွန်တဲ့အလျောက် အပြစ်ပေးခံရနိုင်ချေရှိတယ်။ ဒါကြောင့် ဒါတွေကို ရှောင်ကြဉ်ဖို့ဆိုတာ စဉ်ဆက်မပြတ်ကို Internally မှာ endorsement တွေလုပ်နေပါတယ်လို့ ပြောချင်ပါတယ်။”

#MyanmarViolence #MyanmarNUG #MyanmarHitList #VOABurmese
MSI - MYANMAR SOCIETY INFORMATIONS
Photo
မြန်မာ့အကျပ်အတည်း ဆုံးခန်းတိုင်ဖွယ် မမြင်သေး (ICG)

(Zawgyi / Unicode)

စစ်ကောင်စီရဲ့ တပ်တွေနဲ့ လက်နက်ကိုင် ခုခံသူတွေကြား မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေဟာဆိုရင် ဆိုးဆိုးရွားရွား အခြေအနေနဲ့ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေပြီလို့ သုံးသပ်သူတွေက ပြောပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်အခြေစိုက် နိုင်ငံတကာ ပဋိပက္ခတွေကို လေ့လာစောင့်ကြည့်တဲ့ International Crisis Group - ICG က မကြာခင်ကထုတ်တဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုများဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ အချိန်တိုအတွင်း အဆုံးမသတ်မယ့် ဆိုးဆိုးရွားရွား ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေကို ရောက်ရှိနေကြောင်း ဖော်ပြပါတယ်။

မြန်မာစစ်တပ်ဘက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အရပ်သား ပစ်မှတ်တွေကို ထိုးဖောက် တိုက်ခိုက်မှုတွေ၊ မြေအောက်အဖွဲ့အစည်းတွေကို ဖမ်းဆီးမှုတွေ လုပ်နိုင်နေပေမယ့်လည်း ဒီလုပ်ရပ်တွေဟာ အခုအချိန်ထိ တွေ့မြင်ရသလောက်တော့ ခုခံတွန်းလှန်ရေး လှုပ်ရှားမှုကို ထိထိရောက်ရောက် ဖြိုခွဲနိုင်တာမျိုး မတွေ့ရဘူးလို့ ICG အဖွဲ့ရဲ့ အကြီးတန်း အကြံပေးနဲ့ မြန်မာဆိုင်ရာ သုံးသပ်သူ Richard Horsey က ဗွီအိုအေကို ပြောပါတယ်။

တပ်မတော်ဟာ နိုင်ငံတဝန်းမှာ လုံခြုံရေး ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်၊ အရန်တပ်ဖွဲ့တွေကို သုံးနေရတယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အင်စတီကျုက ဦးမင်းဇော်ဦးက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်ကြား ဆယ်စုနှစ်နဲ့ချီ တိုက်ခိုက်နေကြတာ ဖြစ်ကြောင်း အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုရဲ့ မြန်မာဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower က ပြောဆိုပေမယ့် အခု ပြည်တွင်းစစ် အမြစ်တွယ်လာနေပြီဆိုတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ပြောဆိုချက်ကို သဘောတူပါတယ်။ စစ်တပ်အုပ်ချုပ်မှုကို ခွင့်ပြုမှာမဟုတ်ဘူး ဆိုတာကို လူထုကြား တခဲနက် ထုတ်ဖော်လာမှုဟာ ဖြစ်ထွန်းမှုအသစ် ဖြစ်ကြောင်းလည်း သူက ဗွီအိုအေကို ပြောပါတယ်။

စစ်ကောင်စီဘက်က အလုံးအရင်းနဲ့ ဖမ်းဆီးမှု၊ တော်လှန်သူတွေရှိရာ မြို့တွေအပေါ် တိုက်ခိုက်မှုတွေက ခုခံတွန်းလှန်မှုတွေကို ပိုပြီး အားကောင်းစေတယ်လို့လည်း သူက ထပ်လောင်း ပြောပါတယ်။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပူးပေါင်းလာတဲ့လူတွေ ပိုများလာပြီး ဆက်လက် တွန်းလှန်နေကြတာဟာ သိပ်ကို ထင်သာမြင်သာဖြစ်ပြီး ဒီအခြေအနေက လျော့ပါးသွားတာလည်း မတွေ့ရဘူးလို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုရဲ့ မြန်မာဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower က ပြောပါတယ်။

#MyanmarMilitaryCoup #MyanmarViolence #MyanmarCirsis #ICG #RichardHorsey #JasonTower #VOABurmese
ရှမ်းမြောက်နဲ့ ကချင်မှာ KIA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွား

၀၁ ဒီဇင်ဘာ၊ ၂၀၂၁
အောင်မြတ်သူ
{{Zawgyi/Unicode}}

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်းမှာ ဒီမနက်ခင်းက စစ်ကောင်စီတပ်နဲ့ ကချင် KIA နဲ့ကိုးကန့် MNDAA ပူးပေါင်းတပ်တွေအကြား နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သလို ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ကချင် KIA အကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းမြောက်နဲ့ ကချင် ပြည်နယ်က တိုက်ပွဲသတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာ၊ မိုင်းခွဲတာတွေ နေ့စဉ်လို ဖြစ်ပွားနေပြီး ဒီကနေ့ မနက်ခင်းမှာတော့ ကွတ်ခိုင်မြို့နယ် ပြည်ထောင်စု ကားလမ်းရဲ့ အနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။

ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ လွယ်ဂေါ်ရွာ အနီးမှာဖြစ်ကြောင်း ကွတ်ခိုင်ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“လွယ်ဂေါ် ဘေးနားမှာ တိုက်ပွဲဖြစ်တယ်တဲ့။ အဲဒီနားမှာ လက်နက်ကြီးက ၃လုံးလောက်တော့ ပစ်တယ်တဲ့။ မနက်က ၉ နာရီထိုးလောက်မှာ ဖြစ်တယ်လို့ ပြောတယ်။ နာရီဝက်ကျော်ကျော်လောက်တော့ ကြာတယ်လို့ ပြောတယ်။ ဒီနေ့က ကာလိုင်ဈေးနေ့ဆိုတော့ ဈေးတောင်အစောကြီး ကွဲသွားတယ်တဲ့။ ကာလိုင်နဲ့ဆိုရင်တော့ ၃ မိုင်လောက် ဝေးတာပေါ့။ KIA နဲ့ ကိုးကန့်နဲ့ အဲဒီနားမှာ ပေါင်းနေတာ ရှိတယ်တဲ့။ အထိအခိုက်တော့ ဘာမှ မကြားဘူးဗျ။ ”

အခြားကွတ်ခိုင်ဒေသခံတဦးကလည်း တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို အခုလို ပြောပါတယ်။

“၈ နာရီခွဲ ၉ နာရီ ဝန်းကျင်လောက်ပေါ့။ ကွတ်ခိုင်ရဲ့ အနောက်ဘက်ပေါ့။ ကာလိုင်၊ လွယ်ဂေါ်ဘက်ပေါ့။ လွယ်ဂေါ်ရွာဘေးလို့ ပြောတယ်။ ၁၀ နာရီဝန်းကျင်လောက်တော့ လေယာဉ်တစီးလာတယ်လို့တော့ ပြောကြတာပဲ။ ကာလိုင်ဘက်က လူတွေ ပြောတာပေါ့နော်။”

သူကတော့ တိုက်ပွဲဖြစ်ပွားတာဟာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA အကြားဖြစ်ပွားတာလို့ ပြောပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် မန်ပြိန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင် KIA နဲ့ကိုးကန့် MNDAA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မနက် ၈ နာရီလောက်မှာလည်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသဘက်မှာ စစ်ကောင်စီတပ်နဲ့ ကချင် KIA တပ်ဖွဲ့ကြား တိုက်ပွဲ တကြိမ်ဖြစ်ခဲ့ပါတယ်။

ဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်တွေက မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ပင်ရွာဘက်ကို စစ်ကြောင်းလှည့်စဉ် ဒေသတွင်းအခြေစိုက် KIA တပ်ရင်း ၂၆ က တပ်ဖွဲ့ဝင်တွေနဲ့ အချိန်တို ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်ကြောင်း မိုးညှင်း ဒေသခံက ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက ၂၆ ဘက်မှာ။ ကျနော်တို့ ညောင်ပင်ရွာနားလေးမှာ မနက်ပိုင်းက ခနလေးပဲ။ စကစတွေဘက်က လှုပ်ရှားလေး ရှိလာခဲ့တာလေ။ လှုပ်ရှားလေးတွေ ရှိလာခဲ့လို့ ဖြစ်လိုက်တာ။ အကြာကြီးလည်း မဟုတ်ပါဘူး။ လှုပ်ရှားက သူတို့ နားလေးကနေပြီးတော့မှ သူတို့ဘက်ကို ကျွံလာတဲ့ သဘောပေါ့။ အဲဒါကြောင့် ပစ်ခတ်မှုလေး ဖြစ်သွားတာ။ ”

ထိခိုက်မှုအခြေအနေကို မသိရကြောင်းလည်း ပြောပါတယ်။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက လက်ရှိ ရှမ်းပြည်နယ်မြောက် ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သတ်လို့ အောက်ခြေတပ်တွေက သတင်းပေးပို့လာတာ မရှိသေးကြောင်း ပြောပါတယ်။

“ကျနော်လည်း လိုင်းပေါ် သတင်းလောက်ပဲ ကြားပါတယ်။ ပြည်သူလူထုဘက်က သတင်းလောက်ပဲ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ဘက်ကနဲ့ တရားဝင် တပ်ပိုင်းဆိုင် ရာ သတင်းကတော့ ဘာမှ သေချာ မရဘူးခင်ဗျ။”

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ တိုက်ပွဲသတင်းကိုတော့ မကြား သိရသေးကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့ကတော့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်စပ် အင်းတော်ကြီးရဲ့ အနောက်ဘက် တုံပေရွာအနီးက KIA တပ်ရင်း ၂၆ အခြေစိုက် စခန်းကို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ရှိခဲ့ဖူးပါတယ်။

အဲဒီရက်က နှစ်ဘက်တိုက်တွေအကြား တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းက တိုက်ခိုက်တာဟာ KIA တပ်ရင်း ၂၆ ဘက်မှာ PDF အဖွဲ့တွေ ခိုအောင်းနေတာကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အချို့က သင်တန်းပေးတာတွေ အကူအညီပေးတာတွေရှိတယ်လို့ မကြာမကြာထုတ်ပြန်ပြောဆိုပါတယ်။

#MyanmarMilitary #MyanmarViolence #KIA #VOABurmese

#ကိုးကန့်MNDAA#KIA#မိုးညှင်း #စစ်ကိုင်းတုံပေ

==============

https://burmese.voanews.com/a/kia-mndaa-sac-fighting-military-coup-voa-burmese-kachin-northen-shan-/6334797.html
ကြည့်မြင်တိုင်ဆန္ဒပြပွဲ လူသေဆုံးမှု စစ်ကောင်စီ ငြင်းဆို

(Zawgyi / Unicode)

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်တွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့တွေက ကားနဲ့တိုက် ဖြိုခွဲခဲ့မှုမှာ သေဆုံးမှုမရှိဘူးလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတော့ သေဆုံးမှုရှိကြောင်း သတင်းထုတ်ထားပါတယ်။

ကြည့်မြင်တိုင်မြို့နယ်တွင်း ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့ မနက်က ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့က လူစုခွဲတာမှာ ၁၁ ဦး ဖမ်းဆီးခဲ့ကြောင်း၊ ဒဏ်ရာရသူ ၃ ဦးရှိပြီး တဦးက အသက်အန္တရာယ် စိုးရိမ်ရတဲ့ဒဏ်ရာ ရထားကြောင်း၊ ဒဏ်ရာရသူတွေကို စစ်ဆေးရုံပို့ထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပါတယ်။ ဖမ်းဆီးထားသူတွေကို အမှုဖွင့် အရေးယူမယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပါတယ်။

လူ ၁၁ ဦး ဖမ်းဆီးခံရတယ်ဆိုတာကို NUG ဘက်ကလည်း ဖော်ပြထားပေမယ့် ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှုနဲ့ ပတ်သက်လို့တော့ ဖော်ပြမထားပါဘူး။

ရန်ကုန်မြို့တွင်း ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ပစ်၊ ကားနဲ့တိုက်တာကြောင့် ထိခိုက်သေဆုံးရတယ်ဆိုတဲ့ သတင်းတွေကြောင့် ထိတ်လန့်တုန်လှုပ်ရကြောင်း၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး မတရား ဖမ်းခံထားရသူအားလုံး ပြန်လွှတ်ပေးရေး၊ နောက် ပြည်သူတွေရဲ့ ဆန္ဒကို လေးစား တန်ဖိုးထားဖို့ စစ်အာဏာရှင်များကို တောင်းဆိုကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

#MyanmarMilitaryCoup #MyanmarProtest #MyanmarViolence #NUG #VOABurmese
---------------------

(Unicode)

ကြည့်မြင်တိုင်ဆန္ဒပြပွဲ လူသေဆုံးမှု စစ်ကောင်စီ ငြင်းဆို

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်တွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့တွေက ကားနဲ့တိုက် ဖြိုခွဲခဲ့မှုမှာ သေဆုံးမှုမရှိဘူးလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတော့ သေဆုံးမှုရှိကြောင်း သတင်းထုတ်ထားပါတယ်။

ကြည့်မြင်တိုင်မြို့နယ်တွင်း ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့ မနက်က ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့က လူစုခွဲတာမှာ ၁၁ ဦး ဖမ်းဆီးခဲ့ကြောင်း၊ ဒဏ်ရာရသူ ၃ ဦးရှိပြီး တဦးက အသက်အန္တရာယ် စိုးရိမ်ရတဲ့ဒဏ်ရာ ရထားကြောင်း၊ ဒဏ်ရာရသူတွေကို စစ်ဆေးရုံပို့ထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပါတယ်။ ဖမ်းဆီးထားသူတွေကို အမှုဖွင့် အရေးယူမယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပါတယ်။

လူ ၁၁ ဦး ဖမ်းဆီးခံရတယ်ဆိုတာကို NUG ဘက်ကလည်း ဖော်ပြထားပေမယ့် ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှုနဲ့ ပတ်သက်လို့တော့ ဖော်ပြမထားပါဘူး။

ရန်ကုန်မြို့တွင်း ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ပစ်၊ ကားနဲ့တိုက်တာကြောင့် ထိခိုက်သေဆုံးရတယ်ဆိုတဲ့ သတင်းတွေကြောင့် ထိတ်လန့်တုန်လှုပ်ရကြောင်း၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး မတရား ဖမ်းခံထားရသူအားလုံး ပြန်လွှတ်ပေးရေး၊ နောက် ပြည်သူတွေရဲ့ ဆန္ဒကို လေးစား တန်ဖိုးထားဖို့ စစ်အာဏာရှင်များကို တောင်းဆိုကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

#MyanmarMilitaryCoup #MyanmarProtest #MyanmarViolence #NUG #VOABurmese

https://burmese.voanews.com/a/military-council-denied-no-death-in-raid-/6340403.html
စစ်ကောင်စီလက်ချက်နဲ့ သေဆုံး ၁,၃၂၉ ဦးရှိပြီလို့ AAPP ထုတ်ပြန်

(Zawgyi / Unicode)

စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီကနေ့အထိဆိုရင် စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးသူ အရေအတွက် ၁,၃၂၉ ယောက်ရှိပြီလို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

ဒီဇင်ဘာလ ၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ ငါးတွင်းရွာမှာ စစ်သားအင်အား ၁၀၀ လောက် စခန်းချခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မနက်မှာ အဲဒီစစ်သားတွေက ရွာသား ၄ ဦးကို လက်ပြန်ကြိုးတုပ်ပြီး ညှဉ်းပန်းနှိပ်စက်ပြီးတော့ သတ်ပစ်ခဲ့တဲ့အကြောင်း ရွာသား ၄ ဦးရဲ့ အမည်တွေနဲ့တကွ AAPP က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ထိ ဖမ်းဆီးခံထားရသူပေါင်း ၇,၉၅၄ ယောက်ထဲမှာ ၃၈၅ ယောက်ကို ထောင်ဒဏ်ချမှတ်ခဲ့ပြီး အဲဒီထဲမှာ ကလေး ၂ ဦး အပါအဝင် ၃၆ ယောက်ကို သေဒဏ်ချမှတ်ထားတယ်လို့လည်း AAPP က ပြောပါတယ်။

အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သူတွေကို စစ်ကောင်စီက အပြင်းအထန် အင်အားသုံး အကြမ်းဖက်နှိမ်နင်း ဖြိုခွဲနေတဲ့ကြားမှာပဲ ကန့်ကွက်ဆန္ဒပြတာတွေ ရပ်မသွားပါဘူး။

ဒီဇင်ဘာလ ၁၀ ရက်၊ သောကြာနေ့က ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာဆိုရင် တနိုင်ငံလုံးအနှံ့ မြို့တိုင်းလိုလို အသံတိတ်သပိတ် ဆင်နွှဲခဲ့ကြပြီး မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ဆိုင်တွေ၊ လုပ်ငန်းတွေမဖွင့်၊ လူတွေ အိမ်ပြင်မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်းနည်းနဲ့ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။

ညနေ ၄ နာရီကျော်ပြီးတဲ့နောက် ဆိုင်တွေပြန်ဖွင့်ကြတာမှာ တချို့နေရာတွေမှာ စစ်တပ်ရောက်လာပြီး ဆဲဆိုအော်ဟစ်ပြီး ဆိုင်ပြန်ပိတ်ခိုင်းတာမျိုး၊ ဆိုင်တွေကို ဖျက်ဆီးတာမျိုး စသည်ဖြင့် လုပ်ဆောင်ခဲ့တယ်လို့ ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတွေက ပြောကြပါတယ်။

#MyanmarViolence #MyanmarMilitaryCoup #VOABurmese
ဒီဇင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့မှာသူနာပြုဆရာမနဲ့ ခင်ပွန်းဖြစ်သူတို့ ပစ်သတ်ခံရမှုအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးနဲ့ ကပ္ပိယတဦးတို့ ပစ်ခတ်ခံရမှုတွေဟာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ မန္တလေး ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ဒီကိစ္စဟာ သူတို့လက်ချက် လုံးဝမဟုတ်ကြောင်း ငြင်းဆိုပါတယ်။ မန္တလေးမြို့မှာတော့ ဒီဇင်ဘာလ ၁၀ ရက် အသံတိတ် သပိတ် ပြုလုပ်ကြပြီးနောက်ပိုင်းရက်တွေကစလို့ လုံခြုံရေး ပိုမိုတင်းကြပ် စစ်ဆေးမှုတွေ ရှိလာပြီး ပစ်ခတ်မှုတွေ ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း နန်းလောဝ်က တင်ပြထားပါတယ်။

ဒီဇင်ဘာ ၁၂ ရက် တနင်္ဂနွေနေ့က မန္တလေးမြို့ ၆၂ လမ်းပေါ်မှာရှိတဲ့ ကုတင် ၃၀၀ ဆံ့ သင်ကြားရေး ဆေးရုံအနီးမှာ သူနာပြုနဲ့ ခင်ပွန်းဖြစ်သူတို့ပစ်သတ်ခံရမှု၊ အောင်ပင်လယ်ရပ်ကွက်အတွင်း ကပ္ပိယတဦး ပစ်သတ်ခံရမှု၊ ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက်က အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရမှုတွေဟာ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ PDF တွေရဲ့ လက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီဖက်က စာထုတ်ပြန်ချက်အနေနဲ့ရော Video သက်သေနဲ့ပါ ထုတ်ပြန်ပါတယ်။

အဲ့ဒီ ဒီဇင်ဘာ ၁၂ ရက်နေ့ညနေမှာပဲ ပစ်ခတ်မှုတွေလုပ်ခဲ့ကြတဲ့ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်တွေထဲကတဦးကို ညနေ ၆ နာရီခွဲ ဝန်းကျင်မှာ ဖမ်းဆီးရမိခဲ့ပြီး သူ့ရဲ့ ထွက်ဆိုချက်တွေအရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို လိုက်လံဖမ်းဆီးရာမှာ ပြန်လည်ခုခံတာကြောင့် ၈ ဦး အသေပစ်ခတ် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

၆၂ လမ်းပေါ်မှာရှိတဲ့ ကုတင် ၃၀၀ ဆံ့ သင်ကြားရေး ဆေးရုံအနီးဟာ စစ်ကောင်စီတပ်တွေက တပ်စွဲထားတဲ့နေရာဖြစ်တဲ့အတွက် လုံခြုံရေး အလွန်တင်းကြပ်တဲ့ နေရာဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဒီလို ပစ်ခတ်မှုတွေကို လုပ်နိုင်တဲ့ အခြေအနေမဟုတ်ဘူးလို့ ဒေသခံတချို့ကယူဆပါတယ်။ ဖမ်းဆီးခံရမှုတွေရှိခဲ့တဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ကတော့ ဒီလုပ်ကြံမှုတွေ သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

“မနေ့ညက ကျနော်တို့ GEN Z တွေအဖွဲ့က ၉ ယောက် အဖမ်းခံရတယ်ဗျ။ ၉ ဦးဖမ်းခံရတာမှာ ၃ ဦးကျဆုံးတဲ့အနေအထားလို့ ကျွန်တော်တို့ သတင်းရတယ်။ အဲ့မှာ သူတို့ က ဒီ GEN Z တွေအဖွဲ့ကပဲ မနက်က ကပ္ပိယရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ်၊ ဒီ သူနာပြုဆရာမ လင်မယား နှစ်ယောက်ရယ်ကို သတ်တယ်ဆိုပြီးတော့ ထုတ်ပြန်တာကတော့ လုံးဝကို မဟုတ်ပါဘူးလို့ လုံးဝကို ငြင်းဆိုပါတယ်။”

ဒီကနေ့မနက် အစောပိုင်းကလည်း မန္တလေးမြို့ ၃၇ လမ်း၊ အခွန်လွတ်ဈေးမှာ ဈေးလာဝယ်တဲ့ အရပ်ဝတ် အမျိုးသားနှစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“စစ်တပ်နဲ့ ခုအာဏာသိမ်း စစ်ကောင်စီကလူတွေ အသိမ်းအဝိုင်းတွေ သွားလို့လာလို့ ရတဲ့ လွယ်ကူတဲ့ နေရာမျိုးတွေဖြစ်တော့ အဲ့မှာ သူတို့ ခဏခဏ ဈေးလာဝယ်တာတို့ ကြားမိတယ်၊ ခါတိုင်းလည်း ကျနော်တို့ မြင်မြင်နေရတာကိုး၊ ဒီအပေါ်မှာ ဒီလို ဆောင်ရွက်သွားတယ်လို့ပဲ မြင်တယ်ဗျ။ ဒါက ဖြစ်ဖို့တော့များတယ်။ စစ်သားတွေပဲ ပစ်ခံရတာဖြစ်ဖို့များတယ်။ ပြည်သူအချင်းချင်းတော့ ဘယ်သူမှ ပစ်မနေဘူး။”

မန္တလေးမြို့မှာ ဒီဇင်ဘာလ ၁၀ ရက် တိတ်ဆိတ်ခြင်း သပိတ်ပြုလုပ်ကြပြီးတဲ့ နောက်နေ့ကစလို့ စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ရော ယူနီဖောင်းတွေနဲ့ပါ လုံခြုံရေးတင်းကြပ် စစ်ဆေးမှုတွေ လုပ်နေကြပြီး ပစ်ခတ်မှုတွေလဲ ရက်ဆက်ဆိုသလို ရှိနေတယ်လို့ မန္တလေးဒေသခံတဦးက ခုလိုပြောပါတယ်။

“ဒီမှာက ၁၀ ရက်နေ့ အသံတိတ်သပိတ်ပြီးကတည်းက မန္တလေးမှာ အရှေ့အနောက် တောင်မြောက် အပိတ်အဆို့တွေက အတော်များတယ်။ ဘယ်လောက်ထိများလဲဆို စက်ဘီးနဲ့သွားတဲ့သူတွေတောင်မှ တားပြီး စစ်နေတဲ့ဟာတွေ၊ အဲ့တော့ ဘယ်နားသွားသွားကို တော်တော်လေးကို အန္တရာယ်များတယ်။ ဟိုနားမှာ ပေါက်ကွဲလိုက်၊ ဒီနားမှာ ပစ်ခတ်လိုက်နဲ့ အများပြည်သူအတွက်က လုံခြုံမှုက မရှိဘူး။ သတင်းတွေ ရှိရင်၊ ဆန္ဒပြတဲ့သတင်းတွေ၊ နိုင်ငံတကာသတင်းဌာနက သတင်းတွေ ကြည့်နေတာမျိုး တွေ့ရင်တောင် အနည်းဆုံးတခါတော့ နားရင်းရိုက်ခံရတာပဲ။ အဲ့တော့ ကျနော်တို့က အပြင်ထွက်လည်း စိတ်က မလုံခြုံဘူး။ ဆိုင်ကယ်တွေဆိုရင် ဆိုင်ကယ်ဘောက် လှန်တာပေါ့၊ အထဲမှာ ဘာပါလဲပေါ့။ လူကိုကြည့်တယ်၊ အကျ်ီတွေကို ချွတ်ခိုင်းတယ်။ ပြီးတော့ လက်တွေကို ဆွဲလှန်တယ်။ တက်တူးတွေ ရှိလားပေါ့၊ တက်တူးထဲမှာ နွေဦးတော်လှန်ရေးတို့၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ တွေ့ရင် အနည်းဆုံးကတော့ နာပြီသာ မှတ်တော့ပဲ။”

မန္တလေးမြို့မှာ အခုလို တင်းကြပ်မှုတွေကြာမှာပဲ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့လျှပ်တပြတ်ဆန္ဒပြမှုတွေကလည်း ရှိနေပါတယ်။ ဆန္ဒပြသူတွေကို စစ်ကောင်စီလုံခြုံရေးတပ်တွေက ကားနဲ့တိုက်ပြီး ဖမ်းဆီးတာအပြင် ဆိုက်ကယ်စီးသူတွေကို ရပ်မပေးရင် ပစ်ခတ်ဖမ်းဆီးတာမျိုးတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MyanmarViolence #MyanmarProtest #Mandalay #VOABurmese

#မန္တလေး #သူနာပြုလင်မယား #ကပ္ပိယ #GenZ#ဗွီအိုအေ

===========

https://burmese.voanews.com/a/mandalay-security-tighten-silent-strike-voa-burmese-/6351862.html
မြန်မာဒုက္ခသည်တွေကို အကူအညီပေးရေး ပိတ်ဆို့ခံရဟု HRW ထုတ်ပြန်

၁၃ ဒီဇင်ဘာ၊ ၂၀၂၁
ဗွီအိုအေ (မြန်မာဌာန)
[[Zawgyi/Unicode]]

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရသူတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ အကူအညီတွေ မပေးနိုင်အောင် အာဏာသိမ်း စစ်ကောင် စီက ပိတ်ဆို့နေတယ် လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်အဖွဲ့ (Human Rights Watch – HRW) က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လိုနေတဲ့သူတွေဆီ အကူအညီတွေ ရောက်နိုင်အောင်ခွင့်ပြုဖို့ ကုလသမဂ္ဂ၊ အာဆီယံ နဲ့ အစိုးရတွေဟာ စစ်ကောင်စီကို ဖိအားပေးသင့်တယ်လို့လည်း HRW က တိုက်တွန်းလိုက်ပါတယ်။

ကန့်သတ်ချက်အသစ်တွေ ချမှတ်လိုက်တာကြောင့် နိုင်ငံတဝှမ်းမှာ လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးကြီးကို ကြုံတွေ့နေရတယ်လို့ ကြေညာချက်က ဆိုပါတယ်။ခုလိုစစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေထဲမှာ စစ်တပ်ကြောင့်ချမှတ်လိုက်ရတဲ့ ဌာနဆိုင်ရာ လိုအပ်ချက် ကန့်သတ်ချက်တွေလည်း တိုးများလာတယ်လို့ ကြေညာချက်က ပြောထားပါတယ်။ ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေဆီကို အကူအညီတွေ ပေးနေတဲ့ အင်န်ဂျီအိုတွေ သွားလာဖို့ခက်ခဲအောင် လုပ်ဆောင်ထားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ကြေညာချက်တွေ ထုတ်နေတာထက်မက လုပ်ဆောင်သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဆိုပါတယ်။စစ်ကောင်စီအပေါ် စစ်လက်နက်ပစ္စည်းရောင်းနေတာတွေကို ပိတ်ပင်ဖို့၊ စစ်တပ်ပိုင် စီးပွါးရေး လုပ်ငန်းကြီးတွေနဲ့ စစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အာဏာမသိမ်းမီက လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်သူ ၁ သန်း ရှိရာက ၂၀၂၂ မှာ ၁၄.၄ သန်း ရှိလာမယ်လို့ ကုသလမဂ္ဂက ခန့်မှန်းထားပြီး အဲဒီထဲမှာ ကလေး ၅ သန်းကျော် ပါဝင်ပါတယ်။တိုင်းပြည်လူဦးရေ ရဲ့ တဝက် ၂၅ သန်းဟာ ဆင်းရဲမှုအဆင့် သတ်မှတ်ချက်ထဲကို ရောက်နေကြရမှာပါ။အာဏာသိမ်းပြီး အခြေအနေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၁၀၉ သန်း လိုအပ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့ ၁၈ % ပဲ ရရှိခဲ့တာပါ။ ၂၀၂၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီ ဒေါ်လာ သန်းပေါင်း ၈၀၀ ကျော် လိုအပ်မယ်လို့ ကုလသမဂ္ဂ က ခန့်မှန်းထားပါတယ်။

===========

[[Unicode]]

မြန်မာဒုက္ခသည်တွေကို အကူအညီပေးရေး ပိတ်ဆို့ခံရဟု HRW ထုတ်ပြန်

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရသူတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ အကူအညီတွေ မပေးနိုင်အောင် အာဏာသိမ်း စစ်ကောင် စီက ပိတ်ဆို့နေတယ် လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်အဖွဲ့ (Human Rights Watch – HRW) က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လိုနေတဲ့သူတွေဆီ အကူအညီတွေ ရောက်နိုင်အောင်ခွင့်ပြုဖို့ ကုလသမဂ္ဂ၊ အာဆီယံ နဲ့ အစိုးရတွေဟာ စစ်ကောင်စီကို ဖိအားပေးသင့်တယ်လို့လည်း HRW က တိုက်တွန်းလိုက်ပါတယ်။

ကန့်သတ်ချက်အသစ်တွေ ချမှတ်လိုက်တာကြောင့် နိုင်ငံတဝှမ်းမှာ လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးကြီးကို ကြုံတွေ့နေရတယ်လို့ ကြေညာချက်က ဆိုပါတယ်။ခုလိုစစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေထဲမှာ စစ်တပ်ကြောင့်ချမှတ်လိုက်ရတဲ့ ဌာနဆိုင်ရာ လိုအပ်ချက် ကန့်သတ်ချက်တွေလည်း တိုးများလာတယ်လို့ ကြေညာချက်က ပြောထားပါတယ်။ ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေဆီကို အကူအညီတွေ ပေးနေတဲ့ အင်န်ဂျီအိုတွေ သွားလာဖို့ခက်ခဲအောင် လုပ်ဆောင်ထားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ကြေညာချက်တွေ ထုတ်နေတာထက်မက လုပ်ဆောင်သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဆိုပါတယ်။စစ်ကောင်စီအပေါ် စစ်လက်နက်ပစ္စည်းရောင်းနေတာတွေကို ပိတ်ပင်ဖို့၊ စစ်တပ်ပိုင် စီးပွါးရေး လုပ်ငန်းကြီးတွေနဲ့ စစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အာဏာမသိမ်းမီက လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်သူ ၁ သန်း ရှိရာက ၂၀၂၂ မှာ ၁၄.၄ သန်း ရှိလာမယ်လို့ ကုသလမဂ္ဂက ခန့်မှန်းထားပြီး အဲဒီထဲမှာ ကလေး ၅ သန်းကျော် ပါဝင်ပါတယ်။တိုင်းပြည်လူဦးရေ ရဲ့ တဝက် ၂၅ သန်းဟာ ဆင်းရဲမှုအဆင့် သတ်မှတ်ချက်ထဲကို ရောက်နေကြရမှာပါ။အာဏာသိမ်းပြီး အခြေအနေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၁၀၉ သန်း လိုအပ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့ ၁၈ % ပဲ ရရှိခဲ့တာပါ။ ၂၀၂၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီ ဒေါ်လာ သန်းပေါင်း ၈၀၀ ကျော် လိုအပ်မယ်လို့ ကုလသမဂ္ဂ က ခန့်မှန်းထားပါတယ်။

#MyanmarViolence #MyanmarIDPs #HRWMyanmar #VOABurmese

#လူသားချင်းစာနာမှု #စစ်ဘေးရှောင်ပြည်သူ #လူ့အခွင့်အရေးအဖွဲ့ #ကလေး၅သန်းကျော် #ဗွီအိုအေမြန်မာ

===========

https://burmese.voanews.com/a/myanmar-refugees-idps-hrw-aid-military-coup-/6351898.html
“စစ်ကောင်စီရဲ့တပ်က မနေ့ညက အဲ့နားလေးမှာရောက်တယ်။ ရောက်တဲ့အတွက်ကြောင့်မို့လို့ မဲဒင်ရွာနားလေးမှာ မနေ့ကတည်းက စုန်ဆင်းလာတယ်။ စုန်ဆင်းလာပြီး မဲဒင်နားမှာပဲ စခန်းချပြီး ညအိပ်တယ်။ ညအိပ်ပြီး ဒီနေ့လည်းပဲ သူတို့အဓိက ဆက်စုန် ဆင်းဖို့ အစီစဉ်ရှိတယ်။ စစ်ကောင်စီရဲ့ရေယာဉ်အုပ်စုထဲမှာပါတဲ့ Flat ခွံ ၆ စီးမှာ ၂ စီးက သောင်တင်နေတယ်။ တင်နေတဲ့အတွက်ကြောင့် သူတို့တွေ စောင့်ပြီးတော့ ခေါ်တယ်။ စစ်ကောင်စီဘက်က စပိဘုတ် ၂ စီးပါတယ်။ အဲ့ ၂ စီးကနေပြီးတော့ ရွာသူ ရွာသားတွေရှိတဲ့ဘက်တွေကို ပစ်တာခတ်တာမျိုးတွေရှိတယ်။ အဲ့နားအနီးနားတဝိုက် မှာရှိတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ပစ်ခတ်တယ်။ အဲ့လို အပြန် အလှန်ပစ်ခတ်တာတွေရှိတယ်။”

အဲဒီနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပေမယ့် ဒီဇင်ဘာ ၁၁ ရက်က ချင်းတွင်းမြစ်ထဲမှာပဲ စစ်ကောင်စီရေယာဉ် တိုက် ခိုက်ခံခဲ့ရတာရှိပြီး စစ်ကောင်စီဘက်က ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ကနီ ယင်းမာပင်ဘက်ကမှာ ကနီမှာတော့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဖြစ်ခဲ့တာရှိတယ်။ မနက် ၁၁ နာရီလောက်မှာ ဖြစ်ခဲ့တာရှိတယ်။ အဲ့ဒါကတော့ လှေကို မြစ်ထဲကလှေကို အကြမ်းဖက် ၁၅ ဦးလောက်က ပစ်ခတ် တိုက်ခိုက်ခဲ့တာရှိတယ်။ ကျနော်တို့ဆီကလည်း ပြန်လည်ပစ်ခတ်တာရှိတယ်။ အကြမ်းဖက် အဖွဲ့အစည်းဆီက သေနတ် ၁ လက် ရရှိခဲ့တယ်။ ကျနော်တို့ဆီက စစ်သည်တယောက် ဒဏ်ရာရရှိခဲ့တာ ရှိတယ်။”

ကနီ PDF ဖက်ကတော့ စစ်ကောင်စီဖက်က ဒီထက်ပိုတဲ့ အထိအခိုက်တွေရှိတယ်လို့ VOA ကို ပြောပါတယ်။

တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်းထဲက ရေဦးမြို့မ ရဲစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ရေဦးဒေသခံတဦးကပြောပါတယ်။

“၁၂ ခွဲလောက်ကို ရေဦးမြို့မရဲစခန်းနဲ့ အောင်ချမ်းသာ (ရပ်ကွက်) ရုံးနဲ့ကို ရေဦး PDF တို့ ရေဦး ပကဖ တို့က လက်နက်ကြီးနဲ့ထုတာပေါ့။ Local PDF တွေကပဲ သွားပြီး တိုက်ခိုက်တဲ့ပုံစံပေါ့။ ပျောက်ကြား သဘောမျိုးပဲ။ အပြန်အလှန်ပစ်ခတ်တာမျိုးတော့ မရှိဘူး။ ထိခိုက်သေဆုံးတော့ လောလောဆယ်အထိတော့ မကြားရသေးဘူး။ Local PDF တွေက ပစ်ခတ်ပြီးတဲ့အချိန် သူတို့က မြို့ထဲကို ပတ်ပြီးတော့ သေနတ်ရမ်းပြီးပစ်တယ်။ ပစ်တဲ့အချိန် ကလေးငယ်တယောက်တော့ လက်မှာ ကျည် ရှပ်ထိတယ်ကြားတယ်။”

တိုက်ခိုက်မှုကြောင့် မြို့မရဲစခန်းအတွင်းက ကားတစီးနဲ့ လူနေတန်းလျားတခု ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပေမယ့် ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုချက်မရခဲ့ပါဘူး။ ပစ်ခတ်မှုဖြစ်အပြီးမှာ စစ်ကောင်စီက မြို့ဝင်မြို့ထွက်တွေကို စစ်ဆေးတာတွေရှိပြီး မြို့တွင်းမှာလည်း စစ်ဆေးတာတွေ ပြုလုပ်နေပြီး လုံခြုံရေး တင်းကြပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

#MyanmarViolence #MyanmarMilitary #VOABurmese

#ကန#ရေဦး #ချင်းတွင်းမြစ် #PDF

===========

https://burmese.voanews.com/a/chindwin-river-sagaing-kani-yeoo-pdf-military-coup-fight-voa-burmese-/6351999.html
“ကိုဗစ်ဖြစ်တာကျတော့ ဒီနောက်ပိုင်းက မစစ်နိုင်တော့ဘူး။ မစစ်ပေးတော့ဘူးပေ့ါနော်။ အရင်တုန်းကလည်း ကျနော်တို့စခန်းမှာ ကလေး စာသင်ပေးရင်းနဲ့ပဲ ကလေးတယောက်က အဲ့လိုမျိုး positive ထွက်သွားတာမျိုးပေါ့။ အဲ့ပုံစံစစ်လိုက်ရင်တော့ ပေါ်တာတွေရှိတယ်။ သို့ပေမယ့်လည်း နောက်ဆက်တွဲပြဿနာက ကျနော်တို့မလုပ်ပေးနိုင်ဘူးပေါ့။ မကူညီပေးနိုင်ဘူးဖြစ်တဲ့အတွက် မစစ်တော့ဘဲ ဒီတိုင်းပဲ ထားလိုက်တာများတယ်။ အရင်တခေါက်ဆို စခန်းတခုကို အယောက် ၁၀၀ စစ်တာ ၈၀ ကျော်၊ ၈၂ ယောက်အထိ positive ထွက်တယ်ဗျ။ နောက်ပိုင်းက ကျနော်တို့ မစစ်တော့ ဘယ်လောက်ထိရှိတယ်၊ လက်ရှိအချိန်ထိရော ဘယ်လောက်ထိရှိလည်းဆိုတာ ကျနော်တို့လည်း မသိဘူးဗျ။”

စစ်ဘေးရှောင်ပြည်သူတွေဟာ ဒေသအခြေအနေငြိမ်ရင် ရွာကို ပြန်လာလိုက်၊ ပြန်ပြေးလိုက်နဲ့ အနေဆင်းရဲ အစားဆင်းရဲ ဒုက္ခအမျိုးမျိုးကြုံနေရတာလို့ ဒေသခံက ပြောဆိုကြပါတယ်။ စစ်ဘေးရှောင်တာ ရက်ကြာတာနဲ့ အမျှ အစားအသောက်နဲ့ ဆေးဝါး လိုအပ်ချက်တွေ အဓိက အခက်ခဲဖြစ်နေတယ်လို့ ပြောဆိုကြပါတယ်။

#MyanmarViolence #MyanmarIDPs #VOABurmese

#မိုးဗြဲ၊ဖယ်ခုံ၊ယင်းမာပင် #စစ်ဘေးရှောင် #စားနပ်ရိက္ခာဆေးဝါး #ကိုဗစ် #ဗွီအိုအေ #ဝမ်းလျှော၊ဖျားနာ

==========

https://burmese.voanews.com/a/sagaing-shan-idps-shortage-for-food-clothings-medicines-/6355595.html
တွေ့နေရတယ်။ ကလေးတွေ စိတ်တွေ ပင်ပန်းနေတာတွေ့ရတယ်။ စိတ်ဓါတ်ကျနေတာမျိုးတွေပေါ့။ ကြာလာတော့ ရုံးလည်းထွက်မရ အိမ်ကမိဘနဲ့လည်းတွေ့ခွင့်မရ။ တချို့ကလေးတွေဆို စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေရှိတယ်။ တချို့ကလေးတွေက အရမ်းကြောက်နေတယ်။ အရမ်းကြောက်လန့်နေတဲ့အခါကျတော့ စိတ်ပိုင်းဆရာဝန်တွေနဲ့ ကုသဖို့လိုနေတာတွေရှိတယ်။ ကုသမှုကလည်းကောင်းကောင်းမရဘူး။”

အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ဓားစားခံအနေနဲ့ဖမ်းဆီးနေမှုတွေက စစ်ကောင်စီအနေနဲ့ ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်သလို နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) ကိုပါချိုးဖောက်နေတာဖြစ်တယ်လို့ တက်ကြွလှုပ်ရှား သူတွေက ထောက်ပြကြပါတယ်။

ကုလ ကလေးအခွင့်အရေးကော်မတီရဲ့ ဇူလိုင်လအတွင်း ထုတ်ပြန်ချက်အရဆိုရင်တော့ စစ်တပ်ကအာဏာသိမ်းပြီးနောက် လုံခြုံရေးတပ်တွေရဲ့ လက်ချက်နဲ့ အသက်မပြည့်တဲ့ကလေး ၇၅ ဦးသေဆုံးပြီး တထောင်နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ လူငယ် သင်တန်းကျောင်းတွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ပြန်လည် တုံ့ပြန်ဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။

စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့သူတွေထဲက အသက်မပြည့်သေးသူ အများစုဟာ ရန်ကုန်၊ မန္တလေးက ဖြစ်ပြီး ပဲခူး၊ ပြည် စတဲ့မြို့လေးတွေမှာလည်း ဖမ်းခံရမှုတွေရှိပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ကလေးသူငယ်များ အခွင့်အရေး ကာကွယ်မှုသဘောတူညီချက် CRC ကို လက်မှတ်ထိုးထားသလို ပြည်တွင်းမှာလည်း ကလေးသူငယ်ဆိုင်ရာ ဥပဒေပြဌာန်းချက်ရှိပါတယ်။ အခု ဖမ်းဆီးစစ်ဆေးမှုတွေဟာ ဒီ ဥပဒေတွေကို ချိုး ဖောက်တာပဲလို့ ဥပဒေကျွမ်းကျင်သူတွေက ယူဆပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ထုတ်ပြန် ချက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းမှာ ဖမ်းဆီးခံရသူ အယောက် ၁သောင်း ကျော်ရှိပြီး အဲ့ထဲကမှ အယောက် ၅၀၀ ကျော်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။ ဖမ်းဝရမ်း ထုတ်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေရသူ အယောက် ၂,၀၀၀ နီးပါး ရှိနေတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အတွက် စစ်တပ်ကအကြမ်းဖက် ဖြိုခွင်း ရာမှာ သေဆုံးသူနဲ့စစ်ကြောရေးမှာ စစ်ဆေးခံရပြီး သေဆုံးခဲ့သူဦးရေဟာ ၂,၀၀၀ နီးပါးရှိပြီး အဲ့ဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်နေတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ AAPP ရဲ့ စာရင်းဟာ ချဲ့ကားလွန်းတယ်လို့ တုံ့ပြန်ဖူးပါတယ်။

#MyanmarViolence #MyanmarProtest #ChildRights #VOABurmese

#ကလေးအခွင့်အရေး #အသက်မပြည့် #လူငယ်လေ့ကျင့်ရေးသင်တန်းကျောင်း #၆(၁) #၁၉ -က #စစ်အာဏာသိမ်း #ဗွီအိုအေ

=========

https://burmese.voanews.com/a/underages-boys-and-girls-arrested-6-1-19a-military-coup-voa-burmese-teens-/6364735.html