MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ကချင် တနိုင်းဒေသမှာ KIO နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
(Zawgyi/Unicode)

ကချင်ပြည်နယ် တနိုင်းနဲ့ ရှင်ဗွေယန်မြို့အကြားမှာ ဒီကနေ့ မနက်က စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ရေး တင်းမာမှုတွေ ရှိနေပါတယ်။ ဒီရက်ပိုင်းမှာပဲ KIO ဌာချုပ် လိုင်ဇာအနီးမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး KIO ဘက်ကတော့ အခြေအနေဟာ ပုံမှန်အတိုင်းရှိနေကြောင်း ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေ ကိုအောင်မြတ်သူ ပြောပြပါမယ်။

ပြီးခဲ့တဲ့ ရက်သတ္တတစ်ပတ်အတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ရာက ဒီကနေ့ မနက်ပိုင်းမှာတော့ တနိုင်းမြို့နယ် လီဒိုလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်လာတာပါ။

လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ တနိုင်းနဲ့ ရှင်ဗွေယန်အကြားမှာဖြစ်ကြောင်း တနိုင်းဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“ အဲဒီ တနိုင်းအလွန် ရှင်လုံဂါးနဲ့ လဂျားဘွမ် ကြားမှာ ဒီမနက် ၂ဖက်အဖွဲ့တွေ တွေ့ကြပြီးမှ တိုက်ပွဲဖြစ်ကြတယ်လို့တော့ ရွာက လူတွေ ဖုန်းဆက်လာတာတော့ ဟုတ်တယ်။ စစ်ကောင်စီဘက်က တပ်သားတွေ ရှင်ဗွေယန်ဘက်ကို သွားတာ၊ အဲဒီစစ်ကြောင်းကို ကြားဖြတ် ကြားဖြတ်ပေါ့နော်။ ခြုံခိုတိုက်တာမျိုးပေါ့။ အဲလိုမျိုးတွေ ဖြစ်တယ်လို့ ပြောတယ် ကျနော်မေးကြည့်တော့။ အခြေအနေကတော့ တင်းမာနေတာပေါ့နော်။ ရွာသားတွေတောင် ကြောက်လို့ ဘုရားကျောင်းတွေ ဘာတွေမှာတောင် စုနေတယ်လို့ ပြောတယ်။”

လောလောဆည်မှာ ကားအသွားအလာတွေကို ပိတ်ပင်ထားကြောင်းလည်း ပြောပါတယ်။

ကချင်သတင်းမီဒီယာတွေမှာတော့ ရှင်ဗွေယန်ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ကို မနက် ၁၀နာရီ လောက်မှာ KIA က မိုင်းခွဲတိုက်ခိုက်တာဖြစ်ကြောင်း နဲ့ KIO ဌာချုပ် လိုင်ဇာဘက်ကိုလည်း ဒေါ့ဖုန်းယန် ဘက်က စစ်ကောင်စီတပ်အင်အား ၂၀၀လောက် ထွက်ခွာသွားကြောင်း သတင်းတွေ ဖော်ပြထားပါတယ်။

ဒေ့ါဖုန်းယန်ဘက်က ဒေသခံတွေကတော့ မြို့တွင်း ဆေးရုံ၊ ကျောင်း စတာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ မြို့ ပြင်ဘက်ကို ရွှေ့ပြောင်းတာတွေ ရှိနေကြောင်း ပြောပါတယ်။

“ ဒီမနက်ကတော့ ဒီဘက်ကလူတွေ နည်းနည်းလှုပ်ရှားနေတယ်။ လှုပ်ရှားတာ ခါတိုင်းဆို ဆေးရုံမှာရှိတယ်။ ထွေအုပ်ရုံးမှာ ရှိတယ်။ အခု မရှိထားဘူး။ မရှိထားဘူးဆိုတာ အခုက ရွာပြင်ဘက် နည်းနည်း ၊ ရွာအထွက် အရှေ့၊ အနောက်၊ တောင်၊ မြောက်ပေါ့ သူတို့က လုံခြုံရေးယူထားတာ။”

အခြားဒေသခံတွေကတော့ ဒီရက်ပိုင်းမှာ ဒေါ့ဖုန်းယန်နဲ့ မိုးမောက်ကြားမှာ လမ်းလုံခြုံရေးချထားပြီး ရိက္ခာတင်ကားတွေ ဖြတ်သန်းသွားတွေရှိကြောင်း ပြောပါတယ်။

KIO ရဲ့ ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ တနိုင်းဘက် တိုက်ပွဲဖြစ်တာ ဟုတ်မှန်ကြောင်း အခုလို အတည်ပြု ပြောဆိုပါတယ်။

“ အဲဒီဘက် တိုက်ပွဲဖြစ်တယ်ဆိုတာ မှန်ပါတယ်။ လဂျာဘွမ် ဆိုတဲ့နေရာဖြစ်ပါတယ်။ KIA နဲ့ တိုက်ပွဲဖြစ်တာဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြင်က အသေးစိတ်သတင်းတွေကတော့ ဘာမှ မကြားပါဘူး။ တပ်စခန်းတွေကို သိမ်းတဲ့ တိုက်ပွဲတွေကတော့ မဟုတ်ပါဘူး။ ထိတွေ့ရင်ဆိုင်တိုက်ပွဲဖြစ်ပါတယ်။”

ဒေ့ါဖုန်းယန်ဘက်မှာ စစ်ကောင်စီတပ်သား ၂၀၀လောက် လိုင်ဇာဘက်ကို တက်လာတဲ့ သတင်းတော့ မကြားသိကြောင်း နဲ့ လိုင်ဇာဘက်မှာ ပုံမှန်အတိုင်းရှိနေကြောင်း အခုလို ဆက် ပြောပါတယ်။

“ ကျနော်တို့ တပ်ပိုင်းဆိုင်ရာ သတင်းကတော့ ဘာမှ သတင်း မထွက်ဘူးခင်ဗျ။ ပုံမှန်ပဲ ဖြစ်ပါတယ်။ ဘာမှ ထူးထူးခြားခြားတော့ မရှိပါဘူး။”

မိုးမောက်မြို့နယ် ဒေ့ါဖုန်းယန်အနီးက အလော့ဘွန်တပ်စခန်းကို KIA က မတ်လအတွင်းမှာ သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် ဧပြီလအတွင်း မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော စတဲ့ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ လက်ရှိ မိုးတွင်းကာလမှာ မိုးမောက်မြို့နယ်အတွင်း ငြိမ်သက်နေပေမဲ့ ပွင့်လင်းရာသီမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
#MyanmarMilitary #MyanmarViolence #KachinFighting #KIO #VOABurmese
.....................................................................................................