MSI - MYANMAR SECRET INFORMATIONS
27.1K subscribers
88.4K photos
3.4K videos
135 files
16.2K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
ICJ ကြားနာမှု အကြမ်းဖက်စစ်အုပ်စုဘက်က တက်ရောက်သူမရှိ

#Genocide
#MyanmarMilitary
#Neltherlands
#DeltaNewsAgency

Youtube Link : https://youtu.be/3FJKsf4q8dM

နယ်သာလန်နိုင်ငံ သယ်ဟိတ်မြို့ နိုင်ငံတကာတရားရုံး ICJ မှာ ဒီနေ့ ဇူလိုင်လ ၂၃ရက်နေ့က ပြုလုပ်တဲ့ မြန်မာ့အရေးကြားနာစစ်ဆေးမှုကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဖက်က တက်ရောက်သူ မရှိဘူးလို့ သိရပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ မြန်မာနိုင်ငံကို ၂၀၁၉ နိုဝင်ဘာလထဲ တရားစွဲခဲ့ပြီး ဒီဇင်ဘာလမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ မှာ လာရောက် တရားရင်ဆိုင်ခဲ့ပါတယ်။

ဒီနေ့ကြားနာမှုကို တရားရုံးအပြင်ဘက်မှာ လာရောက်စောင့်ဆိုင်းနေတဲ့ နယ်သာလန်ရောက် မြန်မာနိုင်ငံသားတွေက သူတို့ရဲ့ အမြင်ကို Delta News Agency ကို အခုလိုပြောပြထားပါတယ်။
ပြည်တွင်းမှာပဲ ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ မြန်မာစစ်ခေါင်းဆောင်တိုက်တွန်း (ဗွီအိုအေမြန်မာပိုင်း)

ZAWGYI/UNICODE

မြန်မာနိုင်ငံလူဦးရေအားလုံးအတွက် COVID-19 ရောဂါကာကွယ်ဆေးကို ပြည်ပကနေပဲ ဝယ်ရရင် တိုင်းပြည်မွဲသွားနိုင်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

" ပြည်တွင်းမှာ မလုပ်လို့မရဘူး။ လူသန်းပေါင်း၅၀ကျော်လောက် လူတွေရဲ့ဟာကို တချိန်လုံး နိုင်ငံခြားက ဝယ်မယ်ဆိုရင်တော့ ခင်ဗျာ့တိုင်းပြည်က မွဲသွားလိမ့်မယ်။ အဲ့ဒီ့တော့ ကျနော်တို့ဆီမှာ ထုတ်လုပ်နိုင်အောင် ကြိုးစားရမယ်။ အဲ့တော့ ထုတ်လုပ်နိုင်အောင် ကြိုးစားရမယ်။ ကာကွယ်ဆေးရော ကုသဆေးရော ရအောင် ကျနော်တို့ လုပ်ကြရမယ်။"

သြဂုတ်လ ၉ ရက်၊ တနင်္လာနေ့ကလုပ်တဲ့ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးဆိုင်ရာအစည်းဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီလိုပြောခဲ့တာပါ။ ဒါ့အပြင် တိုင်းရင်းဆေးပညာကို ခေတ်သစ်နည်းပညာတွေနဲ့ပေါင်းစပ်ပြီး ကိုဗစ်ကာကွယ်ဆေး ထုတ်လို့ရအောင် ကြိုးစားဖို့လည်း စစ်ကောင်စီခေါင်းဆောင်က ဆိုပါတယ်။ ကမ္ဘာမှာ ခုချိန်ထိတော့ တိုင်းရင်းဆေးပညာနဲ့ ကိုဗစ်ကာကွယ်ဆေးထုတ်နိုင်တာ မရှိသေးပါဘူး။

ကိုဗစ်တတိယလှိုင်းနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ ကူးစက်သေဆုံးမှုနှုန်း သိသိသာသာ လျော့ကျမသွားသေးသလို ကာကွယ်ဆေးကလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေကမှသာ အသက် ၆၅ နှစ်အထက်တွေအပါအဝင် သတ်မှတ်လူအုပ်စုတွေကို စပြီး ထိုးပေးနိုင်တဲ့အခြေအနေ ရောက်နေချိန်မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အခုပြောဆိုချက် ထွက်လာတာပါ။

ဒီရက်ပိုင်းတွေအတွင်း COVID-19 ရောဂါကြောင့် ဆုံးပါးသူတွေ၊ တခြားရောဂါတွေနဲ့ ဆုံးပါးသူတွေထဲမှာ ကဏ္ဍအသီးသီးက ထင်ရှားသူတွေ ဆက်တိုက်လိုတွေ့နေရပါတယ်။

နာဂသိန်းလှိုင် လို့ အများသိကြတဲ့ နာဂတောင်တန်းဒေသမှာ ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဆရာဝန်ကြီး ဒေါက်တာသိန်းလှိုင် ဒီကနေ့ပဲ ကွယ်လွန်သွားတဲ့အကြောင်း သူ့ရဲ့သားဖြစ်သူက လူမှုဆက်သွယ်ရေး မီဒီယာမှာ ရေးထားပါတယ်။

ခေတ်ပေါ်ကဗျာကို လမ်းဖောက်ခဲ့သူတွေထဲက တဦးဖြစ်သူ အောင်ချိမ့် ကလောင်အမည်နဲ့ထင်ရှားတဲ့ ကဗျာဆရာကြီး၊ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဂုဏ်ထူးဆောင်အသင်းသား၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ ဦးကျော်ဇံလှ (စာရေးဆရာ ညီစေမင်း) ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းရဲ့ နာယက ဒေါက်တာကိုကိုကြီး (စိတ်ပညာ) တို့သုံးဦးကတော့ တနင်္လာနေ့ တရက်ထဲမှာပဲ ကွယ်လွန်သွားခဲ့ကြတာပါ။

တနင်္လာနေ့ည၈ နာရီအထိဆိုရင် နိုင်ငံတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၃၃၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူက ၁၂,၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။

UNICODE

သြဂုတ်လ ၉ ရက်၊ တနင်္လာနေ့ကလုပ်တဲ့ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးဆိုင်ရာအစည်းဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီလိုပြောခဲ့တာပါ။ ဒါ့အပြင် တိုင်းရင်းဆေးပညာကို ခေတ်သစ်နည်းပညာတွေနဲ့ပေါင်းစပ်ပြီး ကိုဗစ်ကာကွယ်ဆေး ထုတ်လို့ရအောင် ကြိုးစားဖို့လည်း စစ်ကောင်စီခေါင်းဆောင်က ဆိုပါတယ်။ ကမ္ဘာမှာ ခုချိန်ထိတော့ တိုင်းရင်းဆေးပညာနဲ့ ကိုဗစ်ကာကွယ်ဆေးထုတ်နိုင်တာ မရှိသေးပါဘူး။

ကိုဗစ်တတိယလှိုင်းနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ ကူးစက်သေဆုံးမှုနှုန်း သိသိသာသာ လျော့ကျမသွားသေးသလို ကာကွယ်ဆေးကလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေကမှသာ အသက် ၆၅ နှစ်အထက်တွေအပါအဝင် သတ်မှတ်လူအုပ်စုတွေကို စပြီး ထိုးပေးနိုင်တဲ့အခြေအနေ ရောက်နေချိန်မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အခုပြောဆိုချက် ထွက်လာတာပါ။

ဒီရက်ပိုင်းတွေအတွင်း COVID-19 ရောဂါကြောင့် ဆုံးပါးသူတွေ၊ တခြားရောဂါတွေနဲ့ ဆုံးပါးသူတွေထဲမှာ ကဏ္ဍအသီးသီးက ထင်ရှားသူတွေ ဆက်တိုက်လိုတွေ့နေရပါတယ်။

နာဂသိန်းလှိုှု်င်လို့ အများသိကြတဲ့ နာဂတောင်တန်းဒေသမှာ ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဆရာဝန်ကြီး ဒေါက်တာသိန်းလှိုင် ဒီကနေ့ပဲ ကွယ်လွန်သွားတဲ့အကြောင်း သူ့ရဲ့သားဖြစ်သူက လူမှုဆက်သွယ်ရေး မီဒီယာမှာ ရေးထားပါတယ်။

ခေတ်ပေါ်ကဗျာကို လမ်းဖောက်ခဲ့သူတွေထဲက တဦးဖြစ်သူ အောင်ချိမ့် ကလောင်အမည်နဲ့ထင်ရှားတဲ့ ကဗျာဆရာကြီး၊ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဂုဏ်ထူးဆောင်အသင်းသား၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ ဦးကျော်ဇံလှ (စာရေးဆရာ ညီစေမင်း) ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းရဲ့ နာယက ဒေါက်တာကိုကိုကြီး (စိတ်ပညာ) တို့သုံးဦးကတော့ တနင်္လာနေ့ တရက်ထဲမှာပဲ ကွယ်လွန်သွားခဲ့ကြတာပါ။

တနင်္လာနေ့ည၈ နာရီအထိဆိုရင် နိုင်ငံတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၃၃၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူက ၁၂,၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။
#MyanmarMilitary #Covid19 #VOABurmese
https://burmese.voanews.com/a/myanmar-military-leader--general-minaunghlaing-on-vaccine/5997246.html
ကချင် တနိုင်းဒေသမှာ KIO နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
(Zawgyi/Unicode)

ကချင်ပြည်နယ် တနိုင်းနဲ့ ရှင်ဗွေယန်မြို့အကြားမှာ ဒီကနေ့ မနက်က စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ရေး တင်းမာမှုတွေ ရှိနေပါတယ်။ ဒီရက်ပိုင်းမှာပဲ KIO ဌာချုပ် လိုင်ဇာအနီးမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး KIO ဘက်ကတော့ အခြေအနေဟာ ပုံမှန်အတိုင်းရှိနေကြောင်း ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေ ကိုအောင်မြတ်သူ ပြောပြပါမယ်။

ပြီးခဲ့တဲ့ ရက်သတ္တတစ်ပတ်အတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ရာက ဒီကနေ့ မနက်ပိုင်းမှာတော့ တနိုင်းမြို့နယ် လီဒိုလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်လာတာပါ။

လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ တနိုင်းနဲ့ ရှင်ဗွေယန်အကြားမှာဖြစ်ကြောင်း တနိုင်းဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“ အဲဒီ တနိုင်းအလွန် ရှင်လုံဂါးနဲ့ လဂျားဘွမ် ကြားမှာ ဒီမနက် ၂ဖက်အဖွဲ့တွေ တွေ့ကြပြီးမှ တိုက်ပွဲဖြစ်ကြတယ်လို့တော့ ရွာက လူတွေ ဖုန်းဆက်လာတာတော့ ဟုတ်တယ်။ စစ်ကောင်စီဘက်က တပ်သားတွေ ရှင်ဗွေယန်ဘက်ကို သွားတာ၊ အဲဒီစစ်ကြောင်းကို ကြားဖြတ် ကြားဖြတ်ပေါ့နော်။ ခြုံခိုတိုက်တာမျိုးပေါ့။ အဲလိုမျိုးတွေ ဖြစ်တယ်လို့ ပြောတယ် ကျနော်မေးကြည့်တော့။ အခြေအနေကတော့ တင်းမာနေတာပေါ့နော်။ ရွာသားတွေတောင် ကြောက်လို့ ဘုရားကျောင်းတွေ ဘာတွေမှာတောင် စုနေတယ်လို့ ပြောတယ်။”

လောလောဆည်မှာ ကားအသွားအလာတွေကို ပိတ်ပင်ထားကြောင်းလည်း ပြောပါတယ်။

ကချင်သတင်းမီဒီယာတွေမှာတော့ ရှင်ဗွေယန်ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ကို မနက် ၁၀နာရီ လောက်မှာ KIA က မိုင်းခွဲတိုက်ခိုက်တာဖြစ်ကြောင်း နဲ့ KIO ဌာချုပ် လိုင်ဇာဘက်ကိုလည်း ဒေါ့ဖုန်းယန် ဘက်က စစ်ကောင်စီတပ်အင်အား ၂၀၀လောက် ထွက်ခွာသွားကြောင်း သတင်းတွေ ဖော်ပြထားပါတယ်။

ဒေ့ါဖုန်းယန်ဘက်က ဒေသခံတွေကတော့ မြို့တွင်း ဆေးရုံ၊ ကျောင်း စတာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ မြို့ ပြင်ဘက်ကို ရွှေ့ပြောင်းတာတွေ ရှိနေကြောင်း ပြောပါတယ်။

“ ဒီမနက်ကတော့ ဒီဘက်ကလူတွေ နည်းနည်းလှုပ်ရှားနေတယ်။ လှုပ်ရှားတာ ခါတိုင်းဆို ဆေးရုံမှာရှိတယ်။ ထွေအုပ်ရုံးမှာ ရှိတယ်။ အခု မရှိထားဘူး။ မရှိထားဘူးဆိုတာ အခုက ရွာပြင်ဘက် နည်းနည်း ၊ ရွာအထွက် အရှေ့၊ အနောက်၊ တောင်၊ မြောက်ပေါ့ သူတို့က လုံခြုံရေးယူထားတာ။”

အခြားဒေသခံတွေကတော့ ဒီရက်ပိုင်းမှာ ဒေါ့ဖုန်းယန်နဲ့ မိုးမောက်ကြားမှာ လမ်းလုံခြုံရေးချထားပြီး ရိက္ခာတင်ကားတွေ ဖြတ်သန်းသွားတွေရှိကြောင်း ပြောပါတယ်။

KIO ရဲ့ ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ တနိုင်းဘက် တိုက်ပွဲဖြစ်တာ ဟုတ်မှန်ကြောင်း အခုလို အတည်ပြု ပြောဆိုပါတယ်။

“ အဲဒီဘက် တိုက်ပွဲဖြစ်တယ်ဆိုတာ မှန်ပါတယ်။ လဂျာဘွမ် ဆိုတဲ့နေရာဖြစ်ပါတယ်။ KIA နဲ့ တိုက်ပွဲဖြစ်တာဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြင်က အသေးစိတ်သတင်းတွေကတော့ ဘာမှ မကြားပါဘူး။ တပ်စခန်းတွေကို သိမ်းတဲ့ တိုက်ပွဲတွေကတော့ မဟုတ်ပါဘူး။ ထိတွေ့ရင်ဆိုင်တိုက်ပွဲဖြစ်ပါတယ်။”

ဒေ့ါဖုန်းယန်ဘက်မှာ စစ်ကောင်စီတပ်သား ၂၀၀လောက် လိုင်ဇာဘက်ကို တက်လာတဲ့ သတင်းတော့ မကြားသိကြောင်း နဲ့ လိုင်ဇာဘက်မှာ ပုံမှန်အတိုင်းရှိနေကြောင်း အခုလို ဆက် ပြောပါတယ်။

“ ကျနော်တို့ တပ်ပိုင်းဆိုင်ရာ သတင်းကတော့ ဘာမှ သတင်း မထွက်ဘူးခင်ဗျ။ ပုံမှန်ပဲ ဖြစ်ပါတယ်။ ဘာမှ ထူးထူးခြားခြားတော့ မရှိပါဘူး။”

မိုးမောက်မြို့နယ် ဒေ့ါဖုန်းယန်အနီးက အလော့ဘွန်တပ်စခန်းကို KIA က မတ်လအတွင်းမှာ သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် ဧပြီလအတွင်း မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော စတဲ့ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ လက်ရှိ မိုးတွင်းကာလမှာ မိုးမောက်မြို့နယ်အတွင်း ငြိမ်သက်နေပေမဲ့ ပွင့်လင်းရာသီမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
#MyanmarMilitary #MyanmarViolence #KachinFighting #KIO #VOABurmese
.....................................................................................................
ကုလဆိုင်ရာ ကန်သံအမတ်ဟောင်း စစ်ကောင်စီအကြီးအကဲနဲ့ တွေ့ဆုံမည်

၀၁ နိုဝင်ဘာ၊ ၂၀၂၁
ဗွီအိုအေ (မြန်မာဌာန)
{{Zawgyi/Unicode}}

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းလည်းဖြစ်၊ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ Bill Richardson ဟာ ထိုင်းနိ်ုင်ငံကတဆင့် မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ မနက်ဖြန်မနက်ပိုင်းမှာတော့ နေပြည်တော်မှာ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ အလားတူပဲ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူကယ်ပြန်ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေနဲ့လည်း သီးခြားစီ တွေ့ဆုံမယ်လို့ သိရပါတယ်။

Bill Richardson ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အရေးနဲ့ ရိုဟင်ဂျာအရေးကိစ္စကို အဓိကဆောင်ရွက်နေသူဖြစ်ပေမယ့်လည်း ဒီခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ကို သွားခွင့်မရမရ မသေချာပါဘူး။ အလားတူပဲ မြန်မာစစ်ကောင်စီက ဖမ်းဆီးထိမ်းသိမ်းထားတဲ့ အမေရိကန်သတင်းထောက် လွှတ်ပေးဖို့ကိစ္စ ပြောဆိုဆွေးနွေး မလားဆိုတာလည်း မသိရသေးပါဘူး။

ဒါပေမယ့်လည်း ဂျပန်နိုင်ငံမှ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုနဲ့ အမေရိကန်သတင်းထောက်ကို မြန်မာဘက်က မကြာခင်လွှတ်ပေးမယ်လို့ ပြောဆိုထားပြီးဖြစ်ကြောင်းလည်း VOA က သတင်းရရှိပါတယ်။ မစ္စတာ ဆာဆာကာဝါဟာလည်း ရခိုင်ငြိမ်းချမ်းရေးကိစ္စတွေကို အထူးဆောင်ရွက်နေသူဖြစ်ပြီး မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်နိုင်ရေးအတွက် အစီအစဉ်များကြိုးပမ်းနေတယ်လို့သိရပါတယ်။

Mr. Bill Richardson ဟာ အောက်လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်နေစဉ် ၁၉၉၄ နှစ်မှာတော့ မြန်မာနိုင်ငံသွားပြီး ထိမ်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခွင့်ရတဲ့ ရှားရှားပါးပါး အမေရိကန်လွှတ်တော်အမတ်တဦးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရပြီး ၂၀၁၈ ခုနှစ်မှာတော့ ရခိုင်အရေးအကြံပေးဘုတ်အဖွဲ့မှာ ပါဝင်ခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရဟာ ရိုဟင်ဂျာကိစ္စမှာ ပြေလည်အောင်ဖြေရှင်းဖို့ ပိုင်းဖြတ်ဆောင်ရွက်တာမျိုးမရှိဘူးဆိုပြီး အဲဒီအဖွဲ့ကနေ နုတ်ထွက်ခဲ့ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်အရေးကိုင်တွယ်မှုတွေအပေါ်မှာ ဝေဖန်ပြောဆို ရေးသားတာတွေ လုပ်ခဲ့ပါတယ်။ သူဟာ ဘင်္ဂလာဒေ့ရ်ှက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအထိ သွားရောက်ခဲ့သလို နိုင်ငံတကာမှာလည်း ရိုဟင်ဂျာအရေးကိစ္စတွေကို တတ်တတ်ကြွကြွဆောင်ရွက်ခဲ့ပါတယ်။

မစ္စတာ ဘီလ် ရစ်ချတ်ဆဲန်ရဲ့ အခု မြန်မာပြည်ခရီးစဉ်ဟာ "အမေရိကန်အစိုးရကို ကိုယ်စားပြုသွားတဲ့ခရီးစဉ်မဟုတ်ဘဲ (သူတည်ထောင်ထားတဲ့) The Richardson Center အဖွဲ့အနေနဲ့ ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံကို လူသားချင်းစာနာတဲ့အထောက်အကူတွေ ပေးနိုင်ရေးဆွေးနွေးဖို့အတွက် သွားတဲ့ခရီးစဉ်သာ ဖြစ်ကြောင် သိရှိရပါတယ်။
-------------
#USMyanmar #BillRichardson #MyanmarMilitary #VOABurmese

#ဘီလ်ရစ်ချတ်ဆဲန်#ရိုဟင်ဂျာ#အမေရိကန်သတင်းထောက်#ဖန်းစတား

https://burmese.voanews.com/a/us-myanmar-billrichardson-military-min-aung-hlaing-voa-burmese-/6295330.html
ရှမ်းမြောက်နဲ့ ကချင်မှာ KIA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွား

၀၁ ဒီဇင်ဘာ၊ ၂၀၂၁
အောင်မြတ်သူ
{{Zawgyi/Unicode}}

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်းမှာ ဒီမနက်ခင်းက စစ်ကောင်စီတပ်နဲ့ ကချင် KIA နဲ့ကိုးကန့် MNDAA ပူးပေါင်းတပ်တွေအကြား နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သလို ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ကချင် KIA အကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းမြောက်နဲ့ ကချင် ပြည်နယ်က တိုက်ပွဲသတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာ၊ မိုင်းခွဲတာတွေ နေ့စဉ်လို ဖြစ်ပွားနေပြီး ဒီကနေ့ မနက်ခင်းမှာတော့ ကွတ်ခိုင်မြို့နယ် ပြည်ထောင်စု ကားလမ်းရဲ့ အနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။

ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ လွယ်ဂေါ်ရွာ အနီးမှာဖြစ်ကြောင်း ကွတ်ခိုင်ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“လွယ်ဂေါ် ဘေးနားမှာ တိုက်ပွဲဖြစ်တယ်တဲ့။ အဲဒီနားမှာ လက်နက်ကြီးက ၃လုံးလောက်တော့ ပစ်တယ်တဲ့။ မနက်က ၉ နာရီထိုးလောက်မှာ ဖြစ်တယ်လို့ ပြောတယ်။ နာရီဝက်ကျော်ကျော်လောက်တော့ ကြာတယ်လို့ ပြောတယ်။ ဒီနေ့က ကာလိုင်ဈေးနေ့ဆိုတော့ ဈေးတောင်အစောကြီး ကွဲသွားတယ်တဲ့။ ကာလိုင်နဲ့ဆိုရင်တော့ ၃ မိုင်လောက် ဝေးတာပေါ့။ KIA နဲ့ ကိုးကန့်နဲ့ အဲဒီနားမှာ ပေါင်းနေတာ ရှိတယ်တဲ့။ အထိအခိုက်တော့ ဘာမှ မကြားဘူးဗျ။ ”

အခြားကွတ်ခိုင်ဒေသခံတဦးကလည်း တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို အခုလို ပြောပါတယ်။

“၈ နာရီခွဲ ၉ နာရီ ဝန်းကျင်လောက်ပေါ့။ ကွတ်ခိုင်ရဲ့ အနောက်ဘက်ပေါ့။ ကာလိုင်၊ လွယ်ဂေါ်ဘက်ပေါ့။ လွယ်ဂေါ်ရွာဘေးလို့ ပြောတယ်။ ၁၀ နာရီဝန်းကျင်လောက်တော့ လေယာဉ်တစီးလာတယ်လို့တော့ ပြောကြတာပဲ။ ကာလိုင်ဘက်က လူတွေ ပြောတာပေါ့နော်။”

သူကတော့ တိုက်ပွဲဖြစ်ပွားတာဟာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA အကြားဖြစ်ပွားတာလို့ ပြောပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် မန်ပြိန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင် KIA နဲ့ကိုးကန့် MNDAA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မနက် ၈ နာရီလောက်မှာလည်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသဘက်မှာ စစ်ကောင်စီတပ်နဲ့ ကချင် KIA တပ်ဖွဲ့ကြား တိုက်ပွဲ တကြိမ်ဖြစ်ခဲ့ပါတယ်။

ဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်တွေက မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ပင်ရွာဘက်ကို စစ်ကြောင်းလှည့်စဉ် ဒေသတွင်းအခြေစိုက် KIA တပ်ရင်း ၂၆ က တပ်ဖွဲ့ဝင်တွေနဲ့ အချိန်တို ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်ကြောင်း မိုးညှင်း ဒေသခံက ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက ၂၆ ဘက်မှာ။ ကျနော်တို့ ညောင်ပင်ရွာနားလေးမှာ မနက်ပိုင်းက ခနလေးပဲ။ စကစတွေဘက်က လှုပ်ရှားလေး ရှိလာခဲ့တာလေ။ လှုပ်ရှားလေးတွေ ရှိလာခဲ့လို့ ဖြစ်လိုက်တာ။ အကြာကြီးလည်း မဟုတ်ပါဘူး။ လှုပ်ရှားက သူတို့ နားလေးကနေပြီးတော့မှ သူတို့ဘက်ကို ကျွံလာတဲ့ သဘောပေါ့။ အဲဒါကြောင့် ပစ်ခတ်မှုလေး ဖြစ်သွားတာ။ ”

ထိခိုက်မှုအခြေအနေကို မသိရကြောင်းလည်း ပြောပါတယ်။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက လက်ရှိ ရှမ်းပြည်နယ်မြောက် ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သတ်လို့ အောက်ခြေတပ်တွေက သတင်းပေးပို့လာတာ မရှိသေးကြောင်း ပြောပါတယ်။

“ကျနော်လည်း လိုင်းပေါ် သတင်းလောက်ပဲ ကြားပါတယ်။ ပြည်သူလူထုဘက်က သတင်းလောက်ပဲ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ဘက်ကနဲ့ တရားဝင် တပ်ပိုင်းဆိုင် ရာ သတင်းကတော့ ဘာမှ သေချာ မရဘူးခင်ဗျ။”

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ တိုက်ပွဲသတင်းကိုတော့ မကြား သိရသေးကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့ကတော့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်စပ် အင်းတော်ကြီးရဲ့ အနောက်ဘက် တုံပေရွာအနီးက KIA တပ်ရင်း ၂၆ အခြေစိုက် စခန်းကို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ရှိခဲ့ဖူးပါတယ်။

အဲဒီရက်က နှစ်ဘက်တိုက်တွေအကြား တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းက တိုက်ခိုက်တာဟာ KIA တပ်ရင်း ၂၆ ဘက်မှာ PDF အဖွဲ့တွေ ခိုအောင်းနေတာကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အချို့က သင်တန်းပေးတာတွေ အကူအညီပေးတာတွေရှိတယ်လို့ မကြာမကြာထုတ်ပြန်ပြောဆိုပါတယ်။

#MyanmarMilitary #MyanmarViolence #KIA #VOABurmese

#ကိုးကန့်MNDAA#KIA#မိုးညှင်း #စစ်ကိုင်းတုံပေ

==============

https://burmese.voanews.com/a/kia-mndaa-sac-fighting-military-coup-voa-burmese-kachin-northen-shan-/6334797.html
👏🏽လက်မှတ်ပေါင်း ၂၅,၀၀၀ ကျော်ပါဝင်တဲ့ လက်မှတ်ရေးထိုးတောင်းဆိုမှုတစ်ရပ် အပါအဝင် International Campaign for the Rohingya နဲ့ NO Business with Genocide တို့က ဦးဆောင် ပြုလုပ်တဲ့ လူထုလုပ်ရှား တောင်းဆိုမှုများ ရှိလာခဲ့အပြီး နောက်ဆုံးမှာတော့ Harry Winston ဟာ မြန်မာ့ကျောက်မျက်များ ရယူ တင်သွင်းနေတာကို ရပ်တန့်လိုက်ပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ငွေကြေးထောက်ပံ့ခြင်းဖြင့် ကြံရာပါပတ်သတ်နေတဲ့ အနေအထားတစ်ခုကနေ လွတ်လွတ်ကင်းကင်းနဲ့ ရပ်တည်ပြလိုက်ပါပြီ။

ကျန်ရှိနေသေးတဲ့ မြန်မာ့ကျောက်မျက်ရောင်းချသူများ၊ စီးပွားရေးလုပ်ငန်းများ အနေနဲ့လည်း လူအခွင့်အရေးဆိုင်ရာ တာဝန်တွေနဲ့အညီ လေးစား လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး မြန်မာ့ကျောက်မျက်များ ရောင်းချခြင်းကို ရပ်တန့်ရပါမယ်။

Harry Winston ကို လက်မှတ်ရေးထိုးတောင်းဆိုမှု၊ မြန်မာနိုင်ငံနဲ့သူတို့ရဲ့ စီးပွားရေးဆက်နွယ်မှုများရဲ့ နောက်ခံအကြောင်းအရာကို ဒီနေရာမှာ ကြည့်ရှုပါ။ 👉🏽 https://bit.ly/3pBYgPm

#BizHumanRights #MyanmarMilitary #Myanmar #JusticeForMyanmar
“စစ်ကောင်စီရဲ့တပ်က မနေ့ညက အဲ့နားလေးမှာရောက်တယ်။ ရောက်တဲ့အတွက်ကြောင့်မို့လို့ မဲဒင်ရွာနားလေးမှာ မနေ့ကတည်းက စုန်ဆင်းလာတယ်။ စုန်ဆင်းလာပြီး မဲဒင်နားမှာပဲ စခန်းချပြီး ညအိပ်တယ်။ ညအိပ်ပြီး ဒီနေ့လည်းပဲ သူတို့အဓိက ဆက်စုန် ဆင်းဖို့ အစီစဉ်ရှိတယ်။ စစ်ကောင်စီရဲ့ရေယာဉ်အုပ်စုထဲမှာပါတဲ့ Flat ခွံ ၆ စီးမှာ ၂ စီးက သောင်တင်နေတယ်။ တင်နေတဲ့အတွက်ကြောင့် သူတို့တွေ စောင့်ပြီးတော့ ခေါ်တယ်။ စစ်ကောင်စီဘက်က စပိဘုတ် ၂ စီးပါတယ်။ အဲ့ ၂ စီးကနေပြီးတော့ ရွာသူ ရွာသားတွေရှိတဲ့ဘက်တွေကို ပစ်တာခတ်တာမျိုးတွေရှိတယ်။ အဲ့နားအနီးနားတဝိုက် မှာရှိတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ပစ်ခတ်တယ်။ အဲ့လို အပြန် အလှန်ပစ်ခတ်တာတွေရှိတယ်။”

အဲဒီနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပေမယ့် ဒီဇင်ဘာ ၁၁ ရက်က ချင်းတွင်းမြစ်ထဲမှာပဲ စစ်ကောင်စီရေယာဉ် တိုက် ခိုက်ခံခဲ့ရတာရှိပြီး စစ်ကောင်စီဘက်က ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ကနီ ယင်းမာပင်ဘက်ကမှာ ကနီမှာတော့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဖြစ်ခဲ့တာရှိတယ်။ မနက် ၁၁ နာရီလောက်မှာ ဖြစ်ခဲ့တာရှိတယ်။ အဲ့ဒါကတော့ လှေကို မြစ်ထဲကလှေကို အကြမ်းဖက် ၁၅ ဦးလောက်က ပစ်ခတ် တိုက်ခိုက်ခဲ့တာရှိတယ်။ ကျနော်တို့ဆီကလည်း ပြန်လည်ပစ်ခတ်တာရှိတယ်။ အကြမ်းဖက် အဖွဲ့အစည်းဆီက သေနတ် ၁ လက် ရရှိခဲ့တယ်။ ကျနော်တို့ဆီက စစ်သည်တယောက် ဒဏ်ရာရရှိခဲ့တာ ရှိတယ်။”

ကနီ PDF ဖက်ကတော့ စစ်ကောင်စီဖက်က ဒီထက်ပိုတဲ့ အထိအခိုက်တွေရှိတယ်လို့ VOA ကို ပြောပါတယ်။

တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်းထဲက ရေဦးမြို့မ ရဲစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ရေဦးဒေသခံတဦးကပြောပါတယ်။

“၁၂ ခွဲလောက်ကို ရေဦးမြို့မရဲစခန်းနဲ့ အောင်ချမ်းသာ (ရပ်ကွက်) ရုံးနဲ့ကို ရေဦး PDF တို့ ရေဦး ပကဖ တို့က လက်နက်ကြီးနဲ့ထုတာပေါ့။ Local PDF တွေကပဲ သွားပြီး တိုက်ခိုက်တဲ့ပုံစံပေါ့။ ပျောက်ကြား သဘောမျိုးပဲ။ အပြန်အလှန်ပစ်ခတ်တာမျိုးတော့ မရှိဘူး။ ထိခိုက်သေဆုံးတော့ လောလောဆယ်အထိတော့ မကြားရသေးဘူး။ Local PDF တွေက ပစ်ခတ်ပြီးတဲ့အချိန် သူတို့က မြို့ထဲကို ပတ်ပြီးတော့ သေနတ်ရမ်းပြီးပစ်တယ်။ ပစ်တဲ့အချိန် ကလေးငယ်တယောက်တော့ လက်မှာ ကျည် ရှပ်ထိတယ်ကြားတယ်။”

တိုက်ခိုက်မှုကြောင့် မြို့မရဲစခန်းအတွင်းက ကားတစီးနဲ့ လူနေတန်းလျားတခု ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပေမယ့် ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုချက်မရခဲ့ပါဘူး။ ပစ်ခတ်မှုဖြစ်အပြီးမှာ စစ်ကောင်စီက မြို့ဝင်မြို့ထွက်တွေကို စစ်ဆေးတာတွေရှိပြီး မြို့တွင်းမှာလည်း စစ်ဆေးတာတွေ ပြုလုပ်နေပြီး လုံခြုံရေး တင်းကြပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

#MyanmarViolence #MyanmarMilitary #VOABurmese

#ကန#ရေဦး #ချင်းတွင်းမြစ် #PDF

===========

https://burmese.voanews.com/a/chindwin-river-sagaing-kani-yeoo-pdf-military-coup-fight-voa-burmese-/6351999.html
စစ်ကောင်စီနဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံ

၁၅ ဒီဇင်ဘာ၊ ၂၀၂၁
ဇော်ဝင်းလှိုင်
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးရေးကော်မတီနဲ့ တရုတ်- မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒီကနေ့ မိုင်းလားမြို့မှာ တွေ့ဆုံနေပါတယ်။ လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ထဲက ၆ ဖွဲ့ ဆွေးနွေးပွဲတက်ရောက်ခဲ့ပြီး ဘာတွေ ဆွေးနွေးတယ်ဆိုတာကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ ဆွေးနွေးဖို့ ဖိတ်ကြားခဲ့ပေမယ့် ဆွေးနွေးပွဲကို ၆ ဖွဲ့သာ တက်ရောက်ခဲ့ပါတယ်။ ၆ ဖွဲ့လုံးနဲ့ဆွေးနွေးခဲ့သလို တဖွဲ့ချင်းအလိုက်လည်း ဆွေးနွေးနေတယ်လို့စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို ပြောပါတယ်။

“ကျနော်တို့ ဆွေးနွေးတာကတော့ ၆ ဖွဲ့နဲ့ ဆွေးနွေးတယ်။ မနက်ပိုင်းမှာ ၆ ဖွဲ့နဲ့ ဆွေးနွေးတယ်။ ခု ညနေပိုင်းမှာလည်း ဆက်လက် ဆွေးနွေးဆဲပဲ ရှိတယ်။ ညနေ ၃ နာရီ အထိကတော့ အဲဒီ ၆ ဖွဲ့မှာ တဖွဲ့ချင်းစီနဲ့ ဆက်ပြီး ဆွေးနွေးနေတယ်ဆိုတာပဲ သိရပါသေးတယ်ဗျ။ အသေးစိတ် သတင်းအချက်အလက်တော့ ကျနော်လည်း ပြောလို့ မရသေးပါဘူး။ KIA အဖွဲ့ကတော့ မတက်ဘူးလို့ သိရပါတယ်ဗျာ။”

ဆွေးနွေးပွဲ ဒီနေ့ မပြီးပြတ်ဘူးဆိုရင် မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးဖွယ်ရှိကြောင်းလည်း ပြောပါတယ်။

ကချင် လွတ်မြောက်ရေးအဖွဲ့ KIA မတက်ရောက်ဖြစ်တာနဲ့ ပတ်သက်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“မတက်ဘူး ဆိုတာလောက်ပဲ ကြားပါတယ်။ ကျနော်တို့ ဗဟိုကော်မတီကနေ ဘာမှ ညွှန်ကြားတာ မရှိဘူးဗျ။ မတက်ဘူးဆိုတာလောက်ပဲ ကျနော် ကြားပါတယ်ခင်ဗျ။”

FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီမှာ UWSA ဝ၊ NDAA မိုင်းလား၊ SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၊ MNDAA ကိုးကန့်၊ TNLA တအန်း(ပလောင်) ၊ AA ရခိုင် နဲ့ KIA ကချင် စတဲ့အဖွဲ့ ၇ ဖွဲ့ ပါဝင်တာဖြစ်ပါတယ်။

ဝမ်ဟိုင်းအဖွဲ့လို့ လူသိများတဲ့ SSPP/SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် ကတော့ မိုင်းလားမှာရှိတဲ့ သူတို့ရုံးအဖွဲ့က လေ့လာသူအဖြစ် တက်ရောက်ခဲ့ပြီး ဆွေးနွေးတာတွေကို အသေးစိတ် မသိရသေးကြောင်း ပြောပါတယ်။

ဒီနေ့ တရုတ်မြန်မာနယ်စပ်က တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးတာဟာ ၂၀၂၂ ခုနှစ်မှာ ကျရောက်မယ့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးချဲ့ ဆောင်ရွက်ဖို့ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဒီဆွေးနွေးပွဲမတိုင်မီ ဒီဇင်ဘာလ ၁၃ ရက်နေ့ကတော့ စစ်ကောင်စီတပ်တွေနဲ့ FPNCC အဖွဲ့ဝင် MNDAA ကိုးကန့်တပ်တွေကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လေကြောင်းကပါ တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒီကနေ့မှာလည်း ကရင်ပြည်နယ် မြဝတီမြို့အနီးမှာ လေးကေကော်မြို့သစ်မှာ စစ်ကောင်စီတပ်တွေနဲ့ KNU အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

#MyanmarMilitary #MyanmarPeaceTalks #VOABurmese

#စစ်ကောင်စီ #မြောက်ပိုင်းမဟာမိတ် #ငြိမ်းချမ်းရေးဆွေးနွေး #FPNCC #စိန်ရတုပြည်ထောင်စုနေ့ #ဗွီအိုအေ

===========

https://burmese.voanews.com/a/diamond-anniversary-union-day-military-coup-ethnic-armed-group-voa-burmese/6355762.html
MSI - MYANMAR SECRET INFORMATIONS
Photo
“အကြမ်းဖက်စစ်ကောင်စီဆီ စစ်လက်နက်စီးဆင်းမှုတွေရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာစစ်လက်နက် ရောင်းချမှုပိတ်ပင်ရေးကို ချက်ချင်းလက်ငင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။

“မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေမှာ အားပေးအားမြှောက်ဖို့အတွက် စင်ကာပူဟာ နာမည်ကြီး လက်နက်ပွဲစားတွေကို သူ့နိုင်ငံမှာအသုံးချခွင့်ပေးထားတာပါ၊ စင်ကာပူအနေနဲ့ မြန်မာစစ်တပ်ဝယ်ယူမှု တွေအတွက် အခရာကျတဲ့ သူ့ရဲ့ အခန်းကဏ္ဍကနေ မဖြစ်မနေရပ်တန့်ပါ။”

သတင်းထုတ်ပြန်ချက် အပြည့်အစုံအား ဖတ်ရှုရန် 👉🏽 https://bit.ly/3L8zIYh

လျှို့ဝှက်ပေါက်ကြားစာရွက်စာတမ်းများ၊ ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ရန်ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ အပါအဝင် သတင်းဆောင်းပါးအပြည့်အစုံကို ဖတ်ရှုရန် 👉🏽 https://bit.ly/34jSM5b

#WarCrimes #CrimesAgainstHumanity #Myanmar #MyanmarMilitary #JusticeForMyanmar #Sanctions
ဖြစ်သွားမယ်။ အဲဒီဘက်ကိုလည်း ကျနော်တို့ အဆင်ပြေအောင် သွားနေပါတယ်။

မေး ။ ။ အခု နွေဦးဖွံ့ဖြိုးရေးဘဏ်ဆိုတာ စစ်အာဏာသိမ်းပြီး သုံးနှစ်အတွင်းမှာ ပေါ်ပေါက်လာတယ်။ ဒီလိုပေါ်ပေါက်လာဖို့အတွက်လည်း ကျော်လွှာခဲ့ရတယ်။ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ဒါတွေကို တည်ဆောက်ခဲ့ရတယ်ဆိုတော့ အခုလက်ရှိ နွေဦးဖွံ့ဖြိုးရေးဘဏ်က ထူထောင်လာတဲ့ အတွေ့အကြုံအရ တကယ့်ရင်ဆိုင်ရမယ့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ဘာတွေလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ဘဏ်ကို စထောင်ဖို့ plan လုပ်နေတာ ခုနှစ်လကျော်၊ ရှစ်လနီးပါးလောက် ရှိပါတယ်။ အဲဒီအချိန်လောက်မှာဆို ဘယ်သူမှ မယုံပါဘူး။ နံပါတ်တစ် ဘဏ်လိုအပ်တာကို မယုံတဲ့လူ အများကြီးပါ။ နောက်တော့ ဘဏ်ကို ဘာကြောင့်စရမလဲဆိုတာကိုလည်း သူတို့ လက်မခံနိုင်ကြပါဘူး။ အဲဒီတော့ ကျနော့်ဘက်ကလည်း ပထမပိုင်းမှာတော့ ကျနော်တို့အဖွဲ့သားတွေ ၅၇ ယောက် ရှိပါတယ်။ သူတို့နဲ့ ကျနော်တို့ ဘာဆုံးဖြတ်လိုက်လဲဆိုတော့ မယုံတဲ့လူတွေကို အချိန်ကုန်ခံ ရှင်းပြပြီးတော့ အချိန်လည်းကုန် energy drain ကို မလုပ်တော့ဘဲနဲ့ ကျနော်နဲ့ အဖွဲ့သားတွေကိုပဲ ဒီ service ကို ပေးကြရအောင်၊ ဖြစ်အောင်လုပ်ကြမယ်ဆိုပြီး အဲဒါတခု။ နံပါတ်နှစ်ကတော့ ကျနော်တို့ Talent ရှာတဲ့အခါမှာ Challenge က ဘာလဲဆိုတော့ ပုံမှန် Business စပြီးဆိုရင် ကိုယ်သိတဲ့မိတ်ဆွေ၊ ကိုယ်သိတဲ့သူငယ်ချင်းတွေနဲ့ စကြတာ။ အခုကြတော့ တော်လှန်ရေးကာလဆိုတော့ တယောက်နဲ့တယောက် ဘယ်သူကို ယုံရမလဲ မသိဘူး။ ဘယ်သူကို မယုံရဘူးလဲ မသိဘူး။ ဒါပေမဲ့ ထူးဆန်းတာက တော်လှန်ရေးမှာ အသိုင်းအဝိုင်းက တကယ့်ကို strong ဖြစ်ကြတယ်။ ယုံကြည်မှုကလည်း တကယ့်ကို တည်ဆောက်ပြီသာ ဖြစ်နေတယ်။ Reference system နဲ့ သွားတာပေါ့။ Background ကလည်း ချိတ်ပြီသား။ အဲဒါကြောင့် ကျနော်တို့ ၅၇ ယောက် - လောလောဆယ် ဘဏ်ထဲမှာ လုပ်ကိုင်နေတဲ့ ၅၇ ယောက်က တယောက်နဲ့တယောက် သိတာမဟုတ်ဘူး။ နှစ်ယောက်သုံးယောက်လောက်ပဲ ရှိတယ်။ ဒီလောက်ထိ အောင်မြင်အောင် လုပ်နိုင်တာကလည်း တော်လှန်ရေးအင်အားစုတွေကြောင့်၊ တော်လှန်ရေးကို နိုင်ချင်လွန်တဲ့ စိတ်ဓါတ်ကြောင့်ပါ။ ဒီတော့ ပြည်သူထောက်ခံမှုက ဆက်ပြီးတော့ ရှိနေမယ်ဆိုတာကို ကျနော် ယုံတယ်။ ဒီဘဏ်ကနေတဆင့်လည်း တော်လှန်ရေး ဆက်ပြီးတော့ ထောက်ပံ့နေမယ်။ တော်လှန်ရေးအလွန်ကာလမှာလည်း ဆက်ပြီးတော့ ထောက်ပံ့သွားဖို့ကိုလည်း ကျနော်တို့ဘက်က ကတိပေးပါတယ်။

#NUG #SpringDevelopmentBank #SDB #MyanmarMilitary #VOABurmese