MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
PSLF/ TNLA ခေါ် တအန်း(ပလောင်) အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာ့အိုက်ကျော်က သူလည်း မကြားသိကြောင်း ပြောဆိုပြီး NDAA မိုင်းလားအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်ကတော့ တွေ့ဆုံ ဆွေးနွေးမယ်ဆိုတာ ကြားသိရပေမဲ့ အသေးစိတ် မသိကြောင်း ပြောပါတယ်။

တရုတ်မြန်မာနယ်စပ်ဒေသမှာ UWSA ဝ၊ NDAA မိုင်းလား၊ SSA ရှမ်းတပ်မတော် မြောက်ပိုင်း၊ MNDAA ကိုးကန့်၊ KIA ကချင်၊TNLA တအန်း(ပလောင်ဝ်) နဲ့AA ရခိုင် စတဲ့အဖွဲ့တွေက ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ FPNCC ကို ပူးပေါင်းဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့ ၇ ဖွဲ့ဟာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးတာမရှိသေးပါဘူး။ လောလောဆယ်မှာတော့ KIA ကချင်၊ MNDAA ကိုးကန့်နဲ့ စစ်ကောင်စီတပ်တွေအကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

#ShanFighting #MNDAA #MyanmarPeaceTalks #VOABurmese

#ကိုးကန့် #နော်ဘူ #တာ့အိုက်ကျော် #တရုတ်မြန်မာနယ်စပ်#စစ်ကောင်စီ #ဇော်မင်းထွန်း #ဗွီအိုအေ

===========

https://burmese.voanews.com/a/muse-northern-shan-state-kokang-military-coup-fight-idps-voa-burmese-/6351841.html

စစ်ကောင်စီနဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံ

၁၅ ဒီဇင်ဘာ၊ ၂၀၂၁
ဇော်ဝင်းလှိုင်
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးရေးကော်မတီနဲ့ တရုတ်- မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒီကနေ့ မိုင်းလားမြို့မှာ တွေ့ဆုံနေပါတယ်။ လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ထဲက ၆ ဖွဲ့ ဆွေးနွေးပွဲတက်ရောက်ခဲ့ပြီး ဘာတွေ ဆွေးနွေးတယ်ဆိုတာကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ ဆွေးနွေးဖို့ ဖိတ်ကြားခဲ့ပေမယ့် ဆွေးနွေးပွဲကို ၆ ဖွဲ့သာ တက်ရောက်ခဲ့ပါတယ်။ ၆ ဖွဲ့လုံးနဲ့ဆွေးနွေးခဲ့သလို တဖွဲ့ချင်းအလိုက်လည်း ဆွေးနွေးနေတယ်လို့စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို ပြောပါတယ်။

“ကျနော်တို့ ဆွေးနွေးတာကတော့ ၆ ဖွဲ့နဲ့ ဆွေးနွေးတယ်။ မနက်ပိုင်းမှာ ၆ ဖွဲ့နဲ့ ဆွေးနွေးတယ်။ ခု ညနေပိုင်းမှာလည်း ဆက်လက် ဆွေးနွေးဆဲပဲ ရှိတယ်။ ညနေ ၃ နာရီ အထိကတော့ အဲဒီ ၆ ဖွဲ့မှာ တဖွဲ့ချင်းစီနဲ့ ဆက်ပြီး ဆွေးနွေးနေတယ်ဆိုတာပဲ သိရပါသေးတယ်ဗျ။ အသေးစိတ် သတင်းအချက်အလက်တော့ ကျနော်လည်း ပြောလို့ မရသေးပါဘူး။ KIA အဖွဲ့ကတော့ မတက်ဘူးလို့ သိရပါတယ်ဗျာ။”

ဆွေးနွေးပွဲ ဒီနေ့ မပြီးပြတ်ဘူးဆိုရင် မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးဖွယ်ရှိကြောင်းလည်း ပြောပါတယ်။

ကချင် လွတ်မြောက်ရေးအဖွဲ့ KIA မတက်ရောက်ဖြစ်တာနဲ့ ပတ်သက်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“မတက်ဘူး ဆိုတာလောက်ပဲ ကြားပါတယ်။ ကျနော်တို့ ဗဟိုကော်မတီကနေ ဘာမှ ညွှန်ကြားတာ မရှိဘူးဗျ။ မတက်ဘူးဆိုတာလောက်ပဲ ကျနော် ကြားပါတယ်ခင်ဗျ။”

FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီမှာ UWSA ဝ၊ NDAA မိုင်းလား၊ SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၊ MNDAA ကိုးကန့်၊ TNLA တအန်း(ပလောင်) ၊ AA ရခိုင် နဲ့ KIA ကချင် စတဲ့အဖွဲ့ ၇ ဖွဲ့ ပါဝင်တာဖြစ်ပါတယ်။

ဝမ်ဟိုင်းအဖွဲ့လို့ လူသိများတဲ့ SSPP/SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် ကတော့ မိုင်းလားမှာရှိတဲ့ သူတို့ရုံးအဖွဲ့က လေ့လာသူအဖြစ် တက်ရောက်ခဲ့ပြီး ဆွေးနွေးတာတွေကို အသေးစိတ် မသိရသေးကြောင်း ပြောပါတယ်။

ဒီနေ့ တရုတ်မြန်မာနယ်စပ်က တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးတာဟာ ၂၀၂၂ ခုနှစ်မှာ ကျရောက်မယ့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးချဲ့ ဆောင်ရွက်ဖို့ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဒီဆွေးနွေးပွဲမတိုင်မီ ဒီဇင်ဘာလ ၁၃ ရက်နေ့ကတော့ စစ်ကောင်စီတပ်တွေနဲ့ FPNCC အဖွဲ့ဝင် MNDAA ကိုးကန့်တပ်တွေကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လေကြောင်းကပါ တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒီကနေ့မှာလည်း ကရင်ပြည်နယ် မြဝတီမြို့အနီးမှာ လေးကေကော်မြို့သစ်မှာ စစ်ကောင်စီတပ်တွေနဲ့ KNU အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

#MyanmarMilitary #MyanmarPeaceTalks #VOABurmese

#စစ်ကောင်စီ #မြောက်ပိုင်းမဟာမိတ် #ငြိမ်းချမ်းရေးဆွေးနွေး #FPNCC #စိန်ရတုပြည်ထောင်စုနေ့ #ဗွီအိုအေ

===========

https://burmese.voanews.com/a/diamond-anniversary-union-day-military-coup-ethnic-armed-group-voa-burmese/6355762.html