MSI - MYANMAR SECRET INFORMATIONS
26.9K subscribers
87.9K photos
3.38K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
တော်လှန်ရေးပေါင်းစည်းအင်အားကို ချေမှုန်းရန်မဖြစ်နိုင်တော့မှန်း စစ်ကောင်စီ သိနေပြီဟု ကာကွယ်ရေးဝန်ကြီးဆို

23 Nov 2022 By MPA

ယခု စနစ်တကျ တပ်ဆင် တိုက်ပွဲဝင်နေသည့် PDF တပ်မတော်၊ တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်(EROs) တို့၏ ပေါင်းစည်းအားကို ချေမှုန်းရန် လုံးဝမဖြစ်နိုင်တော့မှန်း အကြမ်းဖက်စစ်ကောင်စီအနေနှင့် ကောင်းကောင်းသိနေပြီဟု NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောသည်။

ယနေ့တွင် PDF ရဲဘော်များသို့ မိန့်ခွန်းပြောကြားရာမှာ ကာကွယ်ရေးဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီသည် တူမီးနှင့်စခဲ့သည့် ခုခံစစ်ကိုတောင် ချေမှုန်းနိုင်စွမ်းမရှိခဲ့ကြောင်းလည်းကာကွယ်ရေးဝန်ကြီးက ဆိုသည်။

“အခုဆို အညာက လူထုသပိတ်တိုက်ပွဲဟာ မုံရွာလို မြို့ကြီးတွေရဲ့ လမ်းမတွေပေါ် ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်။ ဒီအချက်က ပြည်သူ့တော်လှန်ရေးရဲ့ နယ်မြေစိုးမိုးထိန်းချုပ်နိုင်စွမ်း ဘယ်လောက် ရှိနေပြီဆိုတာ ဖော်ပြတယ်။ ငါတို့ရဲဘော်တွေ ဘယ်လောက်စွမ်းခဲ့ကြတယ်။ ရှေ့မှာ ဆက်ပြီး ဘာတွေ အစွမ်းပြကြလိမ့်ဦးမယ်ဆိုတာ ရန်သူကောင်းကောင်းအကဲခတ်နိုင်တယ်။ စစ်အာဏာရှင်ရဲ့နောက်ဆုံးနေ့ မဝေးတော့ဘူး ဆိုတာလည်း သူတို့နားလည်သဘောပေါက်နေပြီလို့ ပြောချင်တယ်”ဟု ၎င်းက ပြောသည်။

မည်သူမဆို တော်လှန်ရေးကို အောင်ပွဲနှင့်အတူ အမြန်ဆုံး အဆုံးသတ်ချင်ကြသော်လည်း တော်လှန်ရေးအနှေးအမြန် ဆိုသည်မှာ မိမိ၏ စိတ်ဆန္ဒတစ်ခုတည်းအပေါ်စီမံဆောင်ရွက်၍ မရကြောင်း မဟာမိတ်တည်ဆောက်မှု၊ တပ်မတော်ဖွဲ့စည်းမှုနှင့် လက်နက်တပ်ဆင်မှုတို့သည် စိတ်ရှိတိုင်းမမြန်နိုင်ကြောင်း ဦးရည်မွန်က ဆိုသည်။

“ခြေလှမ်းနှေးတာ၊ မြန်တာထက် ခြေလှမ်းမမှားဖို့က ပိုအရေးကြီးတယ်။ တည်တည်ငြိမ်ငြိမ်၊ ခေါင်းအေးအေးထားပြီး ခြေလှမ်းမှန်မှန်လှမ်းနိုင်ရင် ပန်းတိုင်ဟာ တစ်နေ့ထက်တစ်နေ့ နီးလာမယ်။ တော်လှန်ရေး လမ်းမလွဲဖို့၊ တော်လှန်ရေး လမ်းမချော်ဖို့ဆိုရင် ကိုယ့်အချင်းချင်းစိတ်ဝမ်းမကွဲရေး၊ နားလည်မှု ရှိရေးဟာ အင်မတန်အရေးကြီးတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

PDF တပ်မတော်ကို စစ်ရည်စစ်သွေးပြည့်ဝပြီး Chain of Command ရှိပြီး Code of Conduct ကို လေးစားလိုက်နာသည့် ပရော်ဖယ်ရှင်နယ် တပ်မတော် တစ်ရပ်ဖြစ်အောင် တစ်နေ့ပြီး တစ်နေ့ ကြိုးပမ်းတည်ဆောက်ကြရမည်ဟုလည်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://bit.ly/3U2GMsq
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

#ကာကွယ်ရေးဝန်ကြီး #NUG #စစ်ကောင်စီ #MPA
ဒီလိုလုပ်ဆောင်တဲ့အခါမှာ ပထမအဆင့်အနေနဲ့ကြားကာလအစိုးရ အခု NUG အစိုးရကိုဖွဲ့စည်းပြီး ဦးဆောင်နေပါတယ်။ ဒီလိုဦးဆောင်တဲ့အခါမှာ စစ်ကောင်စီကို ဖြုတ်ချနိုင်ပြီးတဲ့ နောက်မှာ အသွင်ကူးပြောင်းရေးအစိုးရပေါ်လာမှာဖြစ်ပါတယ်။ အဲဒီအသွင်ကူးပြောင်းရေးကာလမှာ အသွင်ကူးပြောင်းရင်းနဲ့ လိုက်လျှောညီထွေရှိတဲ့ ချာတာနဲ့လည်းကိုက်ညီတဲ့အသွင်ကူးပြောင်းရေး အခြေခံဥပဒေရေးဆွဲဖို့ဖြစ်ပါတယ်။ အဲဒီမှာအချိန်ယူပြီးတော့တိုင်းရင်းသားအားလုံးပါဝင်တဲ့ လူထု ညီလာခံ ခေါ်ယူပြီးတော့ ဆွေးနွေးမှာဖြစ်ပါတယ်။ ဆွေးနွေးပြီးတော့ အနာဂတ်နိုင်ငံရေးမြေပုံကို ကျွန်တော်တို့ ဖော်ပြီးတော့ အနာဂတ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ပူးပေါင်းရေးဆွဲရမှာ ဖြစ်ပါတယ်။ ကြားကာလမှာတော့ သက်ဆိုင်ရာပြည်နယ်တွေရဲ့ အခြေခံဥပဒေကိုရေးဆွဲပြီးတော့ သူတို့ ဘာကိုသွားချင်သလဲ ဘာအရေးကြီးသလဲဆိုတာကို ကျွန်တော်တို့ ရေးဆွဲပြီး သဘောတူညီချက် ရထားဖို့လိုတယ်။ နောက်တစ်ခုက နှစ်ပေါင်းများစွာ မတရားမှုတွေ ဥပဒေမဲ့ ခံရတာတွေဖြစ်တဲ့အတွက်ကြောင့် အနာဂတ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုဖြစ်စေဖို့ ဒါလည်းထိထိရောက်ရောက် Transitional period မှာ ဆွေးနွေးပြီး အကျေအလည် ဆောင်ရွက်သွားမှာရှိပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ဒေသကိုယ်အုပ်ချုပ်မယ် ကိုယ့်ရဲ့ဒေသနဲ့ ကိုက်ညီတဲ့ ပြဌာန်းချက်တွေလုပ်ဆောင်မယ် ဆုံးဖြတ်ခွင့်ရမယ့်အနေအထားဖြစ်လို့ရှိရင်တော့ ကျွန်တော်တို့ တကယ်မျှော်မှန်းတဲ့ငြိမ်းချမ်းသာယာတိုးတက်တဲ့ မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မယ်လို့ လုံးဝယုံကြည်ပါတယ်။ လုပ်လည်းလုပ်နိုင်ပါတယ်ဆိုတာကို ပြောချင်ပါတယ်။
မေး။ မြန်မာပြည်သူတွေကို တခြားဘာများ ဖြည့်စွက်ပြောကြားလိုပါသေးသလဲ ခင်ဗျ။
ဖြေ။ မြန်မာပြည်သူပြည်သားများအားလုံး အခုအချိန်မှာအနစ်နာခံပြီးဆောင်ရွက်နေတဲ့ဆောင်ရွက်ချက်တွေ မြောက်များစွာကို ချီးကျုးလို့မကုန်နိုင်ပါဘူး။ ဒီမှာအင်မတန်မှ အံ့ဩဖို့ကောင်းတာက နိုင်ငံတကာ ဘယ်မှာရောက်ရောက် ကိုယ့်တိုင်းပြည်ပြုပြင်ပြောင်းလဲသွားဖို့ကို စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုကနေ လွတ်မြောက်ချင်တဲ့စိတ်တွေက အင်မတန်မှကြီးမားပါတယ်။ ဒီစိတ်ဓာတ်ကို ပိုမိုပြီးတော့ ခိုင်မာအောင် အားပေးချိတ်ဆက်ဖို့လိုပါတယ်။ စစ်ကောင်စီကို ဘယ်လိုမှရှင်သန်ခွင့်မပေးနိုင်တော့ဘူး ဆိတဲ့ ခံယူချက်က ပြင်းပြဖို့လိုပါတယ်။ ပြည်သူလူထုအားလုံးဟာ လူမျိုးဘာသာ အမျိုးသား၊ အမျိုးသမီး ဆင်းရဲချမ်းသာ ခွဲခြားခြင်းမပြုဘဲနဲ့ ကျွန်တော်တို့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်ကြဖို့ အင်မတန် အရေးကြီးပါတယ်။ နောက်တစ်ခါ တော်လှန်ရေးမှာလိုအပ်တဲ့ငွေကြေးနဲ့ အခြားလိုအပ်တဲ့နည်းပညာ အားလုံးကိုပဲ ပြည်သူလူထုကပဲ ထောက်ပံ့ပေးမှုဖြစ်ပါတယ်။ ဒီလိုထောက်ပံ့တဲ့အခါမှာ ကျွန်တော်တို့ မှာ ငြီးငွေ့လာစရာအကြောင်းတွေရှိပါတယ်။ ဒါပေမဲ့ တော်လှန်ရေးဟာ ငြီးငွေ့လို့မရပါဘူး။ ခံနိုင်ရည်အပြည့်အဝနဲ့ စစ်ကောင်စီမပြုတ်မကျမချင်း ကျွန်တော်တို့ လက်တွဲညီညီနဲ့ဝိုင်းဝန်းကြိုးစားဖို့ အင်မတန်လိုပါတယ်လို့ ပြည်သူလူထုကိုပြောကြားချင်ပါတယ်။

(Interviewed by RFA)

https://mofua.nugmyanmar.org/article-details/interview-they-plan-to-rule-with-fear-but-the-people-are-no-longer-afraid-acting-president-duwa-lashi-la
#NUG #ActingPresident #duwalashila #whathappeninginmyanmar
MSI - MYANMAR SECRET INFORMATIONS
Photo
စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ကော်မတီက ဦးဆောင်တဲ့ "AVSC Medical Team"ဟာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့လမ်းညွှန်မှုနဲ့ ယင်းမာပင် မြို့နယ်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကြားကာလ ပညာရေး ကျောင်းတစ်ကျောင်းမှာ ကျောင်းကျန်းမာရေး ဟောပြောပွဲ ပြုလုပ် ပြီး မူလတန်း ကလေးငယ်တွေအား သံချဆေးတိုက်ကျွေးပြီး အပျိုဖော်ဝင် အမျိုးသမီးငယ်တွေအား သံဓာတ်အားတိုးဆေးတွေ တိုက်ကျွေးခဲ့ပါတယ်။ ဒီကျောင်းဟာ AVSC Medical Teamရဲ့ ၁၅ ကျောင်းမြောက် လှုပ်ရှားမှုဖြစ်ပြီး ၂၀၂၃ ခုနှစ်ရဲ့ ပထမဆုံး ကျောင်း ဖြစ်ပါတယ်။

#DVB #News #Photo #ယင်းမာပင်-ဆားလင်းကြီး #ရွာပေါင်းစုံသပိတ် #NUG #ကြားကာလပညာရေးကျောင်း
PDF - 511 (ကျောင်းသားတပ်ရင်း) က ရဲဘော်တွေ ဘာကြောင့် တရားမျှတမှု လိုချင်နေတာလဲ

မတ်၊ ၃

“ မူကြောင့် မဟုတ်ဘဲ လူကြောင့်ဖြစ်ရတဲ့ ပြသနာတွေကို ဖြေရှင်းပေးစေချင်တယ်။ ရဲဘော်တွေအတွက် အမှန်တရားကို လိုချင်တယ် " ဆိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် - ၅၁၁ (ကျောင်းသားတပ်ရင်း) က ရဲဘော်တွေကို ဘာတွေဖြစ်ခဲ့လဲ၊ ဘယ်လိုတွေ ကြုံခဲ့ကြရလဲ ဆိုတာကို DNA က ဆက်သွယ်မေးမြန်းထားပါတယ်။
YouTube တွင် (https://youtu.be/fjSy6zXThNY)​ Subscribe လုပ်ပြီး ကြည့်ရှုနိုင်ပါပြီ။​

#511 #StudentsBattalion #PDF #MOD #NUG
#MilitaryCoupInMyanmar
#DeltaNewsAgency
ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီ သမ္မတကြီး ဒူဝါလရှီးလနှင့် အင်တာဗျူး
-------------
NUG အစိုးရရဲ့ အနာဂတ်နိုင်ငံတော်သစ်အတွက် သဘောထားရပ်တည်ချက် ၊ အတိတ်မှာဖြစ်ပျက်သမျှကို သင်္ခန်းစာယူပြီး တန်းတူညီမျှတဲ့ ဖယ်ဒရယ်ပြည်ထောင်စုခရီးကို လက်တွဲညီညီပူးပေါင်းကြဖို့တိုက်တွန်းချက်နှင့် စကစရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကြဖို့ စတဲ့အကြောင်းအရာတွေကို သမ္မတကြီးဖြေဆိုထားပါတယ်။

သိန်းထွန်းဇံ (အယ်ဒီတာချုပ် ) မေးမြန်းတင်ဆက်ထားပါတယ်
အယ်ဒီတာအဖွဲ့
အာရက္ခမီဒီယာ
youtube link
https://youtu.be/hLRnmXaWK4Y
#NationalUnityGovernmentofMyanmar
#arakkhamedia
#duwalasgila
#nug
နောက်ထပ် concern တစ်ခုကတော့ 2020 result ပါပဲ။ 2020 result ဟာ ပျက်ပြယ်သွားမလား၊ စွန့်လွှတ်လိုက်ရမလားဆိုတဲ့ concern ဟာ ဖက်ဒရယ်ရေး၊ နောက်ရွေးကောက်ပွဲနဲ့ တော်လှန်ရေးကို နိုင်ငံရေးအရ ရှေ့တဆင့်တိုးလှမ်းဖို့ရာမှာ လေးဖင့်စေတဲ့ ကိစ္စဖြစ်လာပါတယ်။

သမိုင်းကိုနဲနဲ ပြန်ကောက်ကြည့်ရင်တော့ 1941မှာ နန်းရင်းဝန်လုပ်ခဲ့တဲ့ ဦးစောဟာ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ပြန်ပြေးချိန်မှာ သူသာလျှင် တရားဝင်ဝန်ကြီးချုပ်ဖြစ်လို့ သူ့ကိုအာဏာပြန်ပေးဖို့ မျှော်လင့်ခဲ့တယ်။ သို့သော် စစ်ပြီးတော့ အသစ်ဖြစ်လာတဲ့ တိုင်းပြည်ရဲ့အခင်းအကျင်းကနေ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ခေါင်းဆောင်သစ်ကို မွေးထုတ်ပေးလိုက်ပြီး ဖြစ်နေပါပြီ။

1962မှာ ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဦးနုဟာလည်း 1988မှာ သူသာလျှင်တရားဝင်ဖြစ်လို့ သူ့ကိုသာ အာဏာပြန်အပ်ဖို့ ကြားဖြတ်အစိုးရကို ဖွဲ့ခဲ့ပါသေးတယ်။ ဒါမယ့် တိုင်းပြည်ရဲ့အခင်းအကျင်းသစ်အရ 1962 resultထက် ရွေးကောက်ပွဲသစ်ကို သွားကြဖို့ လမ်းကြောင်းကို (DASSK ပင်လျှင်) လက်ခံခဲ့တဲ့ သမိုင်း ရှိခဲ့တယ်။

1990ရွေးကောက်ပွဲမှာလည်း သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့တဲ့ 90 result ကို အခြေအနေသစ်အရ 2012 မှာ DASSKကိုယ်တိုင် မေ့ပစ်ပြီး ပါတီမှတ်ပုံပြန်တင်ကာ ရွေးကောက်ပွဲသစ်ကို ယုံယုံကြည်ကြည်ပဲ ပစ်ဝင်ခဲ့ပါတယ်။

ယခု တိုင်းပြည်ရဲ့အခင်းအကျင်းက 2008ခြေဥဘောင်ထက် ကျော်လွန်တဲ့အခင်းအကျင်းဖြစ်နေပါပြီ။ အဲဒီတော့ NLDက မိတ်ဆွေများအနေနဲ့ 2020 result ကို ဆက်လက်စွဲကိုင်မလား၊ အခြေအနေသစ်ကို ယုံယုံကြည်ကြည်ပဲလက်ခံလိုက်မလားဆိုတာ ပြတ်ပြတ်သားသား ရွေးချယ်ဖို့လိုပါပြီ။ သို့မှသာ တော်လှန်ရေးမှာ လိုအပ်နေတဲ့နိုင်ငံရေးအရွေ့ကို ချီတက်နိုင်မှာပဲ ဖြစ်တယ်။

ကျုပ်ရဲ့ တစ်ဦးတည်းအမြင်အရဆိုရင်တော့ 2020 result ဟာ ဖက်စစ်တပ်ကို နိုင်ငံရေးအရ ထိုးနှက်ဖို့ လမ်းကြောင်းတစ်ခုအနေနဲ့တော့ လိုအပ်နေသေးတယ် လို့မြင်ပါတယ်။ NLDကမိတ်ဆွေများကို တိုက်တွန်းချင်တာက တော်လှန်ရေးထဲ ရဲရဲသာခုန်ဆင်းလိုက်ပါ၊ ပြည်သူက ရင်ထဲမှာ နေရာပေးထားပြီးသားဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်။

#NUG/NUCC

တော်လှန်ရေးရဲ့ခေါင်းကိုင်တာဝန်ယူထားကြတဲ့ NUG/NUCC တို့အနေနဲ့လည်း ဖက်စစ်တပ်ရဲ့ ကစားကွက်မှာ မျောမနေဘဲ ကိုယ်ပိုင်နိုင်ငံရေးလမ်းကြောင်းကို ပိုမိုပုံဖော်စေချင်ပါတယ်။

ပြည်သူတွေ နိုးကြားလာလို့ ဒေသအလိုက်၊ လူမျိုးစုအလိုက် ပေါင်းစုလာတဲ့ အတိုင်ပင်ခံကောင်စီများ၊ ဖက်ဒရယ်ကောင်စီများကို ကြားကာလမှာ လိုလိုလားလားလက်ခံ အသိအမှတ်ပြုပေးခြင်းဖြင့် ဖြန့်ခွဲထားတဲ့အားတွေကို ရယူသင့်ပါတယ်။

ချာတာအရ မိမိတိုကိုယ်တိုင် သဘောတူချမှတ်ထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံကို ရဲရဲလျှောက်လှမ်းစေချင်တယ်။ ဖက်စစ်တပ်ကရွေးကောက်ပွဲလုပ်မယ်ဆိုရင် NUG/NUCC ကရော စင်ပြိုင်ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလား မေးချင်ပါတယ်။ online အစိုးရတောင်ဖွဲ့စည်းလည်ပတ်လို့ရသေးရင်၊ onlineပြည်သူ့ညီလာခံတောင် ခေါ်လို့ရသေးရင်၊ online ရွေးကောက်ပွဲလည်း မလုပ်နိုင်စရာ မရှိပါ။

တဖက်က နိုင်ငံရေးအရ ဇွတ်တိုးလာနေတာကို ရပ်ပေခံမနေဘဲ ကိုယ့်ဖက်ကလည်း တိုးစရာရှိတာ ရှေ့တိုးလုပ်ဆောင်မှ ပြည်သူ့ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ ယခုတော်လှန်ရေးမအောင်သေးရင်တောင် တော်လှန်လမ်းဟာ သေချာပေါက်အောင်မယ့်လမ်းဖြစ်တယ်ဆိုတာ လက်တွေ့ ဖြစ်ရပ်တွေက သက်သေခံနေဖို့ လိုအပ်ပါမယ် ထင်ပါတယ်။

#ချုပ်ကြည့်ရရင်...

တဖြေးဖြေးနဲ့ တိုင်းပြည်ဟာ အခြေအနေသစ်တစ်ခုစီကို သွားနေပါပြီ။ သမိုင်းမှာ မပေါ်ပေါက်ဖူးသေးတဲ့ အခြေအနေသစ်တစ်ရပ် ဆီကိုပါ။

မဝေးတော့တဲ့ အနာဂတ်မှာ တိုင်းပြည်ကို စစ်ကျွန်ဘဝနေသားကျသွားတဲ့ ဒေသတွေကတစ်စု၊ စစ်ကျွန်ကိုလက်မခံ၊ တော်လှန်တဲ့ဒေသတွေကတစ်စု၊ ဘယ်ဖက်မှ မပါတဲ့ (ဝ ဒေသလို) ဒေသတွေကတစ်စု အဖြစ် မြင်တွေ့ရဖွယ် ရှိတယ်လို့ သုံးသပ်နေကြပါတယ်။

ယခုချိန်မှာတော့ K3C နဲ့ စစ်ကိုင်း၊မကွေးဒေသဟာ ရဲရဲတင်းတင်းတော်လှန်နေကြသလို ရက်ရက်စက်စက်လည်း ချေမွခံနေရပါပြီ။ အနာဂတ်သစ်ကို ပြည်သူ့သွေးတွေနဲ့ ရေးနေကြတာပါ။

ပြည်သူများအနေနဲ့ လက်ရှိအကွဲအပြဲတွေကြောင့် စိတ်ပျက်စရာမလိုပေ၊ ကွဲပြဲတာမဟုတ် ကိုယ်ရည်စစ်သွားတာပါ၊ အတုအယောင်တွေကွာကျလာတာမို့ အစစ်တွေကိုသန့်ပေးသွားတာဟာ ကောင်းတဲ့လက္ခဏာပါပဲ၊ အလံမလှဲစတမ်း တော်လှန်မယ့် အမာခံထုကြီးက အသေအချာ ရှိနေပြီး ဖြစ်ပါတယ်။

အဆုံးမှာတော့ တော်လှန်သူတွေသာ လွတ်မြောက်သွားမယ်လို့ ယုံကြည်ထားပါကြောင်း။

အရေးတော်ပုံ မုချ အောင်ရမည်။
💪💪💪💪💪

စိုးဝင်းဆွေ(HPD)
၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့်အခမ်းအနားသို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ - Interim Chin National Consultative Council(ICNCC) မှ ပေးပို့သော သဝဏ်လွှာ

#NUCC #FDC #NUG
၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့်အခမ်းအနားသို့ Kachin Political Interim Coordination Team(KPICT) မှ ပေးပို့သော သဝဏ်လွှာ

#NUCC #FDC #NUG
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် ပူးတွဲကြေညာချက်

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်

#FDC #NUCC #NUG #NUCC_NUG_Joint_Statement
Forwarded from Ayeyarwaddy Times (Nine)
ပုသိမ်မြို့က ၉ တန်းကျောင်းသူ(၄)ဦးကို NUG ကျောင်းတက်တယ်ဆိုပြီး ထောင်ဒဏ် ၅ နှစ်ချ

ဧရာဝတီတိုင်းမ်
ဧပြီလ ၁၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ NUG က ဖွင့်တဲ့ ကျောင်းကိုတက်ရောက်လို့ဆိုပြီး ဖမ်းဆီးခံထားရတဲ့ အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူ (၄) ဦးကို ထောင်တွင်းတရားရုံးက ဧပြီလ ဒုတိယပါတ်အတွင်းက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။

အမိန့်ချမှတ်ခံရသူတွေဟာ ပုသိမ်မြို့မှာနေထိုင်တဲ့ မလင်းလက်အောင်၊ မအေးနှင်းသူ ၊ မသော်တာမင်း နှင့် မမှူးသွဲ့စံတို့ကို ဖမ်းဆီးထားပြီး ၆ လအကြာမှာ ပုဒ်မ ၅၀ ည၊ ၅၂ က တို့နဲ့ အမိန့်ချလိုက်တာဖြစ်ပါတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

"သူတို့ ၄ ဦးလုံးအသက် ၁၈ နှစ်မပြည့်သေးတဲ့အတွက် အသက်၂၀ အထိ ရန်ကုန်တိုင်းကလူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း(ကလေးထောင်)မှာ နေဖို့အမိန့်ချလိုက်တာ၊ ထောင် ၅ နှစ်နဲ့အတူတူပဲ ကလေးတွေဆိုတော့ ခုပုသိမ်ထောင်မှာမထားတော့ဘူး"လို့ အကျဥ်းဦးစီးဌာန နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂၊ နို၀င်ဘာ ၁၁ရက်နေ့မှာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တွေက တစ်ဆင့်တယ်လီဂရမ်ကနေ ခြေရာခံပြီး စစ်ကောင်စီရဲ့ဖွင့်လှစ်တဲ့ကျောင်းကို သပိတ်မှောက်ပြီး NUG ကျောင်းကိုတက်ရောက်နေတဲ့စာရင်းကို ရရှိသွားပြီး ပုသိမ်ခရိုင်အတွင်းက ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခဲ့တဲ့ ၁၄ ဦး ထဲက မောင်သက်ကိုမင်း ၊ မောင်ကျော်မြတ်ဟိန်း ၊ မလင်းလက်အောင်၊ မအေးနှင်းသူ ၊ မ သော်တာမင်း နှင့် မမှူးသွဲ့စံ၊ တို့ကို ပုဒ်မ ၅၀ည ၊ ပုဒ်မ ၅၂က တို့ဖြင့် တရားစွဲ ကာပုသိမ်ထောင်မှာ ဖမ်းဆီးထားတာလို့ ရှေ့နေလအသိုင်းအ၀န်းကနေသိရပါတယ်။

" ကလေးတွေဆိုတော့ တယ်လီဂရမ်ဂရုလေးဖွင့်ထားပြီး နိုင်ငံရေးအကြောင်းတွေ၊ NUGကျောင်းတက်တဲ့အကြောင်းတွေပြောကြတာရှိတာပေါ့၊ ရဲက တစ်ယောက်မိသွားတော့တယ်လီဂရမ်ကနေဟန်ဆောင်ဆက်သွယ်ပြီးလိုက်ဖမ်းတာ၊ ပြန်လွှတ်ဖို့ သိန်း ၅၀ တောင်းတယ်တစ်ချို့ကိုပြန်လွှတ်ပေးတယ်၊ ၆ ဦးပဲ တရားစွဲတာ"လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ၆ ဦးအနက်ကျောင်းသူ ၄ ဦးကို အမိန့်ချမှတ်ခဲ့ပေမယ့် ငပုတောမြို့နယ်က အသက် ၁၇ နှစ်အရွယ် မောင်ကျော်မြတ်ဟိန်းနဲ့ ချောင်းသာက အသက် ၁၆ နှစ်အရွယ် မောင် သက်ကိုမင်း တို့ကိုအမိန့်မချသေးပဲ အကြမ်းဖက်ပုဒ်မ ၅၀ ည ၊ ၅၂ တွေနဲ့ရုံးထုတ်စစ်ဆေးနေဆဲလို့ ရှေ့နေအသိုင်းအ၀န်းနဲ့ နီးစပ်သူတွေထံကနေသိရပါတယ်။

#ပုသိမ်မြို့ #NUG #စာသင်ကျောင်း #အသက်မပြည့်သူ #ထောင်ချခံရ #Ayeyarwaddy_Times
လက်ခံနိုင်လောက်အောင် အားကောင်းတဲ့ စစ်ရေး အောင်ပွဲ တခုကသာ အခြေအနေတွေကို ပိုပြီး အားကောင်းလာစေမှာ ဖြစ်ပါတယ်။

မော်ရဲ့ သီအိုရီတွေနဲ့ ချိန်ထိုးကြည့်ရင်တော့ NUGဟာ ပိုမိုစနစ်ကျတဲ့ တော်လှန်ပုန်ကန်မှု အဆင့်မျိုးဆီ တက်လှမ်းဖို့ နှောင့်နှေးနေတုန်း ဖြစ်ပါတယ်။ သေချာတာက NUGအတွက် အခြေစိုက်နယ်မြေ ရရှိဖို့ ဘယ်လို အစီအမံကိုမဆို သတိကြီးကြီးနဲ့ ရေးဆွဲ အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ တချို့ကလည်း အခြေစိုက်နေရာ ခိုင်ခိုင်မာမာ ရှိသွားရင် NUGဟာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုဒဏ်ကို ပိုပြီး ခံရလိမ့်မယ်လို့ ဝေဖန် ထောက်ပြကြပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်က စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ အောက်ခြေ စစ်ပွဲတွေ အဆင့်မှာသာ အကျိုးရှိပြီး မဟာဗျူဟာ အဆင့်ထိ ပေါက်မြောက်တာမျိုး မဟုတ်တာပါပဲ။

ဒီလို ရက်စက်တဲ့ နည်းလမ်းမျိုးနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေပေမယ့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် ထိရောက် အားကောင်းတဲ့ အသာစီးရမှုမျိုး မဖော်ဆောင်နိုင်ပါဘူး။ နောက်ပြီး လေကြောင်း တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လေလေ လေတပ်ရဲ့ လေယာဉ်မှူးတွေ ခြေကုန်လက်ပန်းကျပြီး စစ်လက်နက်နဲ့ အရင်းအမြစ် ပြုန်းတီးမှုတွေ ပိုများလေလေ ဖြစ်ပါတယ်။ ခိုင်မာတဲ့ ခြေကုပ်နေရာ ရလာမှသာ လတ်တလော ကြုံနေရတဲ့ တံခါးတွေ ပိတ်သွားတော့မယ့် အချိန်လုနေရတဲ့ ပြဿနာအတွက် ကောင်းမွန်တဲ့ ဖြေရှင်းမှုဖြစ်ပြီး အချိန်တွေ ပိုဆွဲဆံ့ထားနိုင်မှာပါ။

အခုအချိန်မှာတော့ အာဏာသိမ်း စစ်အာဏာရှင်တွေနဲ့ တော်လှန်ရေး အင်အားစုတွေကြား အားပြိုင်မှုတွေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေကြပါတယ်။ ပြဿနာကတော့ အချိန်က တော်လှန်ရေး အဖွဲ့တွေဖက်မှာ ရှိမနေတာပါပဲ။ လုံခြုံတဲ့ အခြေစိုက်စခန်း ဧရိယာမျိုး ရှိလာမှသာ NUGဟာ ပိုပြီး ထိရောက်မှုရှိရှိ လှုပ်ရှားနိုင်မှာ ဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တွေနဲ့ ညှိနှိုင်းရင်း ထိုးစစ်ကို ပိုဖော်ဆောင်နိုင်မယ့် နိုင်ငံရေး မူဝါဒတွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။ အဲဒီကမှတဆင့် အာဏာရှင်ကို ဖယ်ရှားဖို့ထိ ဦးတည်သွားမယ့်၊ မော်ရဲ့ တတိယအဆင့် နည်းဗျူဟာဖြစ်တဲ့ မဟာဗျူဟာ ထိုးစစ်ဆင်မှုကို NUGနဲ့ မဟာမိတ်တွေက လက်တွေ့ အကောင်အထည်ဖော်ဖို့ ခြေလှမ်းပြင်လာနိုင်မှာ ဖြစ်ပါတယ်။

Website တွင် ကြည့်ရှုရန် >>> https://deltanewsagency.com/31114/

(ကိုရဲမျိုးဟိန်းနှင့် Lucas Myers ရေးသားပြီး Wilson Centerတွင် ဖော်ပြထားသည့် The Closing Window Problem Facing Myanmar’s Pro-Democracy Forces ဆောင်းပါးကို DNAက ခြုံငုံဘာသာပြန်သည်)

#ဆောင်းပါး #NUG #PDF
#MilitaryCoupInMyanmar
#DeltaNewsAgency
PDFများတပ်စွဲထားသည့်နေရာတွင် စစ်ကောင်စီ လေကြောင်းက ခပ်နိမ့်နိမ့်မှ မပျံသန်းရဲဟု NUGပြော

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ရှိသည့်နေရာတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများကို ခပ်နိမ့်နိမ့်မှ ပျံသန်းပြီး မလုပ်
ရဲဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယနေ့ ဧပြီလ ၁၆ ရက်တွင်ပြုလုပ်သည့် ပဇီကြီးကျေးရွာ ဖြစ်စဉ် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမသတင်းဌာနသို့ ပြောသည်။

“တကယ်တမ်းPDFတွေ စိုးမိုးနေတဲ့နေရာမှာ သူတို့အဲ့လောက် နိမ့်နိမ့်ပျံသန်းပြီးတော့ ပစ်ခတ်နိုင်စွမ်းမရှိတော့ဘူးဖြစ်ပါတယ်။ ကျနော်တို့ဟာ အခု
နောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တပ်စွဲတဲ့နေရာမှာ သူတို့ အနီးကပ်အနိမ့်မပျံရဲတော့ဘဲနဲ့ ဟိုးအမြင့်ကြီးကနေပျံသန်းတော့တဲ့
အနေအထားရှိတဲ့အထိ ကျနော်တို့ အခြေအနေတွေကို ရောက်နေပြီဖြစ်ပါတယ်” ဟုဆိုသည်။

နည်းပညာမြင့်လက်နက်များမရှိသော်လည်း အချို့လက်နက်ကိရိယာများကို နေရာအချို့တွင် တပ်ဆင်ထားသည်ဟုလည်းသိရသည်။ သို့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တပ်စွဲထားနိုင်သည့်နေရာတိုင်းတွင် ထိုလက်နက် ကိရိယာများ မရှိကြောင်း ဦးနေဘုန်းလတ်ကဆိုသည်။

“ ချင်းဘက်မှာရော၊ ကရင်နီဘက်မှာရော ထိမှန်သွားပြီးတော့ မီးခိုးတန်းသွားပြီးတော့ ထွက်သွားတာမျိုးပါ။ ပိုင်ပိုင်နိုင်နိုင်ထိမှန်ပြီး ပျက်ကျတာမျိုးတွေတော့ မတွေ့ရသေးပေမယ့် ရဟတ်ယာဥ်တွေကို ထိမှန်အောင်ပစ်ခတ်နိုင်တဲ့ အနေအထားတွေရှိလာပါတယ်။ ဒါကြောင့် သူတို့ အနိမ့်ပျံပြီး စိတ်ရှိလက်ရှိ ပစ်နိုင်တဲ့အနေအထားမျိုး မရောက်ဘဲ ခပ်မြင့်မြင့်ကနေပဲ ပျံသန်းရတဲ့ အခြေအနေမျိုးပါ” ဟု ၎င်းကဆိုသည်။

လေယာဥ်ပစ်လက်နက်များ PDF များတွင် ရှိသည်ဟူသော သတင်းစကားကို စစ်ကောင်စီဘက်က ကြား၍ မဟုတ်ဘဲ မြေပြင်တွင် လက်တွေ့
ပစ်ခတ်ခံရမှုများရှိလာ၍ ယင်းသို့ အနိမ့်မှ မပျံသန်းကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျေးရွာရှိပြည်သူများကို ရပ်
ဓလေ့၊ရွာဓလေ့အရ ရုံးသစ်တက် အလှူအဖြစ် နံနက်ပိုင်းတွင် ထမင်းကျွေးမွေးနေစဉ် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ခဲ့သည့်အတွက် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့်အမျိုးသမီးအများစု ပါဝင်သည့် ပြည်သူစုစုပေါင်း ၁၆၈ဦး သေဆုံးခဲ့သည်ဟု စာရင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို ရက်ရက်စက်စက်ပြုလုပ်ခဲ့သည့်အတွက် သေဆုံးသူအများအပြား ရှိခဲ့သည့်အပြင် ခြေလက်အင်္ဂါ
ဆုံးရှုံးလိုက်ရသူများနှင့် ဒဏ်ရာ အပြင်းအထန်ရရှိသူ ဦးရေမှာလည်း ဆယ်နှင့်ချီရှိနေသည်။

ထိုကဲ့သို့သောစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအပေါ်NUG၏တာဝန်ရှိသူများပြောကြားခဲ့သည့် လေယာဉ်ပစ်လက်နက်များနှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် မေးခွန်းထုတ်မှုများသည်လည်း ရှိလာသည်။

ဦးနေဘုန်းလတ်က “အခုဖြစ်သွားတဲ့နေရာက ပြည်သူတွေရှိနေတဲ့ နေရာပေါ့။ ဒီနေရာမှာကျနော်တို့ရဲ့ ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေ တပ်စွဲထားတဲ့
နေရာလည်း မဟုတ်ဘူး။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေတဲ့နေရာလည်း မဟုတ်ဘူး။ ပြည်သူတွေပဲ ရှိနေတဲ့နေရာပဲဖြစ်တယ်။ ဒီလိုနေရာမျိုးမှာတော့ သေချာတစ်ခုက ဘယ်လိုမှ လေကြောင်းရန် ပစ်ခတ်မှုကို တားဆီးနိုင်မယ့် လက်နက်ကိရိယာတွေရှိ မနေဘူးဆိုတာသေချာပါတယ်” ဟုဆိုသည်။

လက်ရှိတွင် NUG အနေဖြင့် လက်နက်တပ်ဆင်ခြင်းအပြင် လေကြောင်းရန်ကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ၊ သတင်းအချက်အလက်
မျှဝေမှုများ၊ စစ်ကောင်စီလေကြောင်းကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေသည်ဟု သိရသည်။

သုတေတနအဖွဲ့များ၏ အစီရင်ခံစာများအရ ၂၀၂၃ခုနှစ် အစပိုင်းကစတင်ပြီး လက်ရှိအချိန်ထိ နိုင်ငံအနှံ့တွင် စစ်ကောင်စီက လေကြောင်း
တိုက်ခိုက်မှုစုစုပေါင်း၂၀ ထက်မနည်း ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#လေကြောင်းတိုက်ခိုက်မှု
#ပဇီကြီးရွာ သတင်းစာရှင်းလင်းပွဲ
#NUG
Forwarded from Ayeyarwaddy Times (Nine)
မယ်စဲ့တွင် တပ်ရင်းတစ်ခုလုံး လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ကို NUG ထံ လွှဲပြောင်းပေးရန်စီစဉ်

ဧရာ၀တီတိုင်းမ်
ဇွန်လ ၂၆ ရက်

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ (၄၃၀) တပ်ရင်းမှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့သည် ကရင်နီပူးပေါင်းအဖွဲ့ထံ လက်နက်ချ အညံ့ခံခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထံ အပ်နှံရန်စီစဉ်လျှက်ရှိကြောင်း ကရင်နီ တပ်ပေါင်းစု၏ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးထံက သိရသည်။

ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် ၁၀ ရက်ကျော်ကြာတိုက်ခိုက်ခဲ့သည့် ခမရ (၄၃၀) တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်သူစိုးနှင့် ဒုတပ်ရင်းမှူး ဇာနည်အောင်တို့ တပ်ရင်းတစ်ခုလုံး ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့တွင် လက်နက်ချခဲ့ခြင်းမှာ အမှန်တကယ်ဖြစ်ကြောင်း ၎င်း၏ အတည်ပြုပြောကြားချက်အရသိရသည်။

"သူတို့(စစ်ကောင်စီ)တပ်ရင်းတစ်ခုလုံးမှာ ထိခိုက်သေဆုံးသူရယ်၊ ထိုင်းဘက်ထွက်ပြေးတဲ့သူရယ်နဲ့ ကစဉ့်ကလျား ဖြစ်နေတာ။ ခုတပ်ရင်းတစ်ခုလုံးက လက်နက်ချတာ အားလုံး ၂၁ ယောက်ပေါ့။ တပ်ရင်းမှူးတွေ ဒုတပ်ရင်း မှူးတွေဆိုတာက နောက်ဆုံး ကျန်တဲ့လူတွေပဲ။ သူတို့ကို NUG ဆီအပ်ဖို့လုပ်နေတယ်"ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၃ ရက်နေ့ကတည်းကစတင်၍ ကရင်နီပူးပေါင်းတပ်များဖြစ်ကြသည့် KNU/KNLA, KNPP/KA, KNDF နှင့် အတူ ယခင်စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) အသွင်ပြောင်းထားသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး (ကလလတ-KNPLF) တပ်တို့သည် 4K တပ်ပေါင်းစုအဖြစ် ပေါင်းစည်း၍ စစ်ကောင်စီတပ်ဗျူဟာကုန်းများကို တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့၏ တပ်စခန်းကုန်းများ ကျသွားသည့်အတွက် ကရင်နီ ပူးပေါင်းအဖွဲ့များ နေရာယူထားသည့် မယ်စဲ့ နှင့် ဖားဆောင်းမြို့များသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း ကရင်နီ ပူးပေါင်းတပ်ဖွဲ့ ခေါင်းဆောင်ထံက သိရသည်။

စစ်ကောင်စီသည် ဇွန် ၂၅ ရက်နေ့တွင် ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်ထဲက ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ဒေသခံရွာသား ငါးဦးသေဆုံး ကြောင်း Free Burma Rangers အဖွဲ့ထံက သိရသည်။

ပုံစာ -4K တပ်ဖွဲ့၀င်များနှင့် လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်၏ လက်နက်များ

#ကရင်နီ #မယ်စဲ့ #4K #စစ်ကောင်စီ #တပ်ရင်း၄၃၀ #လက်နက်ချ #NUG #Ayeyarwaddy_Times
Forwarded from Mizzima
​​ကျောင်းသားနှင့် ကလေးပါမကျန် သတ်ဖြတ်နေသည့် စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့် ပြုခြင်းအပေါ် အံ့ဩကြောင်း NUG ထုတ်ပြန်
==================

မဇ္ဈိမ။ ။ ကျောင်းသားနှင့် ကလေးပါမကျန် သတ်ဖြတ်နေသည့် စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့် ပြုခြင်းအပေါ် အံ့ဩမိကြောင်း NUG အစိုးရအဖွဲ့က သဘောထား ထုတ်ပြန်သည်။

ဥရောပသမဂ္ဂနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ‌ကော်မရှင်တို့၏ ပူးပေါင်းစီစဉ်မှု ဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှ စတင်၍ “Advancing Human Rights: Creating an Enabling Environment for CSOs at the Regional Level” ခေါင်းစဉ်ဖြင့် ဖိုရမ် ပြုလုပ်မည် ဖြစ်သည်။

ယင်းဖိုရမ်သို့ တရားမဝင်အကြမ်းဖက်စစ်ကောင်စီမှ ကိုယ်စားလှယ်များအား ဖိတ်ကြားထား၍ အလွန်ပင်စိုးရိမ်ပူပန်မိ‌‌ကြောင်း NUG က ဆိုသည်။

" ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်၌ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ခံထားရသော မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ရမည့်အစား တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စား လှယ်များ တက်ရောက်ခွင့်ရရှိနေခြင်းအပေါ် မိမိတို့အနေဖြင့်အလွန်ပင် အံ့ဩတုန်လှုပ်ရပါသည်" ဟု NUG က ဆိုသည်။

စစ်ကောင်စီသည် မြန်မာပြည်သူလူထုအပေါ် လူမဆန်သည့် ကြမ်းတမ်းရက်စက်မှုများ ကျူးလွန်လျက်ရှိပြီး၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားအရွယ်ကလေး သူငယ်များပါမကျန် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများကို ကျူးလွန်‌နေသည့် အဖွဲ့အစည်းဖြစ်သည်ဟု NUG က ထုတ်ပြန် သည်။

အဆိုပါဖိုရမ်သည် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အပါအဝင် ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် ခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ပြုလုပ်မည့်ဖိုရမ်လည်းဖြစ်သည်။

အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာ့ဒီမိုကရက်တစ်အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုအသိုင်းအဝိုင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို စတင်ကျင်းပရန် အဆိုပြုခဲ့သည်။

 ဥရောပသမဂ္ဂနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ‌ကော်မရှင်တို့အနေဖြင့် စစ်မှန်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ပြုလုပ်ရာ၌ မြန်မာပြည်သူလူထု၏ တရားဝင် ကိုယ်စားလှယ်များနှင့်သာ ကျင်းပပြုလုပ်ရန် တိုက်တွန်းကြောင်း NUG က ထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဥရောပသမဂ္ဂ
#NUG

ပုံအညွှန်း- ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု တွင်သေဆုံးခဲ့သည့် ကလေးနှင့် လူကြီး ဦးရေ ၁၇၀ ကျော်အတွက် ကုသိုလ်ပြုအမျှဝေနေစဥ် (ဓာတ်ပုံ- အညာပစ်တိုင်းထောင်လေးများအဖွဲ့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
NUG ကြားကာလပညာရေးစနစ်ကို ဗကသများအဖွဲ့ချုပ်က မေးခွန်းထုတ် (ရုပ်/သံ)

မြေလတ်အသံ၊ အောက်တိုဘာ ၃၀၊ ၂၀၂၃။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလပညာရေးဟာ အစမ်းသပ်ခံဖြစ်နေတာမို့ NUG အစိုးရဟာ ပြန်သုံးသပ်သင့်နေပြီလို့ ပေါက်မြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(ဗကသ)က မေးခွန်းထုတ်လိုက်ပါတယ်။

NUG အနေနဲ့ ကြားကာလပညာရေးကို ဖော်ဆောင်နေတာဟာ ကာလတခုအထိရောက်လာပြီး မြေပြင်မှာ CDM ဆရာ၊ ဆရာမတွေနဲ့ စေတနာဝန်ထမ်းဆရာ၊ ဆရာမတွေရဲ့ ပြသနာတွေ၊ အခြေခံပညာသင်ကြားရေးပြီးပါက ဆက်လုပ်စရာမရှိတဲ့ ကျောင်းသားတွေလည်းရှိနေတာမို့ ဒီပြသနာတွေကိုဖြေရှင်းဖို့ လိုတယ်လို့ ဗကသကျောင်းသား ကိုမြတ်သူက ပြောပါတယ်။

"အဆင့်မြင့် ပညာရေး ကဏ္ဍမှာဆိုရင် နွေဦးတက္ကသိုလ်ဆိုတဲ့ အွန်လိုင်းစနစ်တွေပဲရှိသေးတယ်။ အဲ့ဒီအွန်လိုင်းစနစ်တွေမှာဆိုရင် အညာဒေသတို့ တိုင်းရင်းသားဒေသတွေပဲဖြစ်ဖြစ် ဘယ်ဒေသမှာမဆို အင်တာနက်အဆင်မပြေမှု၊ လုံခြုံရေးအဆင်မပြေမှုတွေနဲ့ တက်ရောက်ဖို့က ကျောင်းသားတွေအနေနဲ့အဆင်မပြေမှုတွေ ဖြစ်နေတယ်။ အခြေခံပညာမှာရောအဆင့်မြင့်ပညာမှာပါ လိုအပ်ချက်တွေရှိနေတယ်။ အဲ့ဒီလိုအပ်ချက်တွေကို ကျွန်တော်တို့က မေးခွန်းထုတ်ရခြင်းဖြစ်ပါတယ် "လို့ ကိုမြတ်သူကပြောပါတယ်။

အခြေခံပညာကျောင်းပြီးဆုံးထားတဲ့ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ် အရွယ်ကလေးတွေမှာလည်း ပညာရေးလမ်းစ ပျောက်ဆုံးတာတွေဖြစ်နေတယ်လို့ ကိုမြတ်သူက ပြောပါတယ်။ မြေပြင်အခြေအနေနဲ့ NUG အစိုးရရဲ့စီမံခန့်ခွဲမှုဟာ ဘယ်လောက်အထိ လစ်ဟာနေပြီလဲဆိုတာ စိစစ်သင့်နေတယ်လို့ ၎င်းကဝေဖန်ထားပါတယ်။

အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ်ညက ပေါက်မြို့နယ်မှဦ ဗကသများအဖွဲ့ချုပ်က ဦးဆောင်ကာ ကျောင်းသားလူငယ်တွေနဲ့အတူ NUG ကြားကာလပညာရေးကို ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

သတင်း - အညို၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#သတင်း #မြေလတ်သတင်း #ဘုတလင် #ဗကသများအဖွဲ့ချုပ် #NUG #ကြားကာလပညာရေး
https://youtu.be/FNfQO7phCJI
ရေတာရှည်တိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးအပါအဝင် ၄၀ ကျော်သေဟု NUG ပြော
====================

DVB
November 19, 2023

ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ထိ တွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ခလရ (၈၄) က ဗိုလ်ကြီး လှမျိုးသူ အပါအဝင် အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

#DVB #News #Photo #ပဲခူးတိုင်း #ရေတာရှည်တိုက်ပွဲ #စစ်ကောင်စီ #ဗိုလ်ကြီး #သေဆုံး #NUG

သတင်းအပြည့်အစုံ 👇👇👇
ဖြစ်သွားမယ်။ အဲဒီဘက်ကိုလည်း ကျနော်တို့ အဆင်ပြေအောင် သွားနေပါတယ်။

မေး ။ ။ အခု နွေဦးဖွံ့ဖြိုးရေးဘဏ်ဆိုတာ စစ်အာဏာသိမ်းပြီး သုံးနှစ်အတွင်းမှာ ပေါ်ပေါက်လာတယ်။ ဒီလိုပေါ်ပေါက်လာဖို့အတွက်လည်း ကျော်လွှာခဲ့ရတယ်။ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ဒါတွေကို တည်ဆောက်ခဲ့ရတယ်ဆိုတော့ အခုလက်ရှိ နွေဦးဖွံ့ဖြိုးရေးဘဏ်က ထူထောင်လာတဲ့ အတွေ့အကြုံအရ တကယ့်ရင်ဆိုင်ရမယ့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ဘာတွေလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ဘဏ်ကို စထောင်ဖို့ plan လုပ်နေတာ ခုနှစ်လကျော်၊ ရှစ်လနီးပါးလောက် ရှိပါတယ်။ အဲဒီအချိန်လောက်မှာဆို ဘယ်သူမှ မယုံပါဘူး။ နံပါတ်တစ် ဘဏ်လိုအပ်တာကို မယုံတဲ့လူ အများကြီးပါ။ နောက်တော့ ဘဏ်ကို ဘာကြောင့်စရမလဲဆိုတာကိုလည်း သူတို့ လက်မခံနိုင်ကြပါဘူး။ အဲဒီတော့ ကျနော့်ဘက်ကလည်း ပထမပိုင်းမှာတော့ ကျနော်တို့အဖွဲ့သားတွေ ၅၇ ယောက် ရှိပါတယ်။ သူတို့နဲ့ ကျနော်တို့ ဘာဆုံးဖြတ်လိုက်လဲဆိုတော့ မယုံတဲ့လူတွေကို အချိန်ကုန်ခံ ရှင်းပြပြီးတော့ အချိန်လည်းကုန် energy drain ကို မလုပ်တော့ဘဲနဲ့ ကျနော်နဲ့ အဖွဲ့သားတွေကိုပဲ ဒီ service ကို ပေးကြရအောင်၊ ဖြစ်အောင်လုပ်ကြမယ်ဆိုပြီး အဲဒါတခု။ နံပါတ်နှစ်ကတော့ ကျနော်တို့ Talent ရှာတဲ့အခါမှာ Challenge က ဘာလဲဆိုတော့ ပုံမှန် Business စပြီးဆိုရင် ကိုယ်သိတဲ့မိတ်ဆွေ၊ ကိုယ်သိတဲ့သူငယ်ချင်းတွေနဲ့ စကြတာ။ အခုကြတော့ တော်လှန်ရေးကာလဆိုတော့ တယောက်နဲ့တယောက် ဘယ်သူကို ယုံရမလဲ မသိဘူး။ ဘယ်သူကို မယုံရဘူးလဲ မသိဘူး။ ဒါပေမဲ့ ထူးဆန်းတာက တော်လှန်ရေးမှာ အသိုင်းအဝိုင်းက တကယ့်ကို strong ဖြစ်ကြတယ်။ ယုံကြည်မှုကလည်း တကယ့်ကို တည်ဆောက်ပြီသာ ဖြစ်နေတယ်။ Reference system နဲ့ သွားတာပေါ့။ Background ကလည်း ချိတ်ပြီသား။ အဲဒါကြောင့် ကျနော်တို့ ၅၇ ယောက် - လောလောဆယ် ဘဏ်ထဲမှာ လုပ်ကိုင်နေတဲ့ ၅၇ ယောက်က တယောက်နဲ့တယောက် သိတာမဟုတ်ဘူး။ နှစ်ယောက်သုံးယောက်လောက်ပဲ ရှိတယ်။ ဒီလောက်ထိ အောင်မြင်အောင် လုပ်နိုင်တာကလည်း တော်လှန်ရေးအင်အားစုတွေကြောင့်၊ တော်လှန်ရေးကို နိုင်ချင်လွန်တဲ့ စိတ်ဓါတ်ကြောင့်ပါ။ ဒီတော့ ပြည်သူထောက်ခံမှုက ဆက်ပြီးတော့ ရှိနေမယ်ဆိုတာကို ကျနော် ယုံတယ်။ ဒီဘဏ်ကနေတဆင့်လည်း တော်လှန်ရေး ဆက်ပြီးတော့ ထောက်ပံ့နေမယ်။ တော်လှန်ရေးအလွန်ကာလမှာလည်း ဆက်ပြီးတော့ ထောက်ပံ့သွားဖို့ကိုလည်း ကျနော်တို့ဘက်က ကတိပေးပါတယ်။

#NUG #SpringDevelopmentBank #SDB #MyanmarMilitary #VOABurmese
MSI - MYANMAR SECRET INFORMATIONS
Photo
ခုခံတော်လှန်စစ်၏ အဆုံးသတ်တိုက်ပွဲကို ၂၀၂၄တွင် ပြည်သူအားလုံးဝိုင်းဝန်းရယူကြရန် ယာယီသမ္မတကြီးတိုက်တွန်း
==========================

မိုးသောက်
December 31, 2023

မဇ္ဈိမ။ ။ လာမည့်၂၀၂၄ခုနှစ်တွင် ခုခံတော်လှန်စစ်၏ အဆုံးသတ်တိုက်ပွဲကို ပြည်သူအားလုံး ဝိုင်းဝန်းရယူကြရန် နှစ်ကူးနိုင်ငံတော်အခြေပြမိန့်ခွန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ( NUG)၏ ယာယီသမ္မတကြီး ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်သည်။

တော်လှန်ရေးအဖွဲ့များနှင့်ပြည်သူများအနေဖြင့် နိုင်ငံရေး၊ စစ်ရေးကဏ္ဍအသီးသီးတွင် ပိုမိုခိုင်မာသည့် စုစည်းညီညွတ်မှုကိုတည်ဆောက်နိုင်ပြီး ခုခံတော်လှန်စစ်ကို အဆုံးသတ်တိုက်ပွဲဆင်နွှဲကြရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

"အကျယ်ပြန့်ဆုံးသော လူထုနိုင်ငံရေးလမ်းစဉ်နှင့်အတူ ခုခံတော်လှန်စစ်ရဲ့အဆုံးသတ်တိုက်ပွဲကို ယခုနှစ်မှာအားလုံးဝိုင်းဝန်းရယူ ကြပါစို့” ယာယီသမ္မတကြီးကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ပြီးခဲ့သည့်၂၀၂၂ ခုနှစ်က အဆုံးသတ်နှစ်အတွက် အဆုံးဖြတ်နှစ်ဟုကြွေးကြော်ခဲ့ပြီး ခုခံတော်လှန်စစ်ကိုဆင်နွှဲခဲ့ခြင်းဖြစ်သည်။

၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းတွင်တော်လှန်ရေးအဖွဲ့များသည် မြို့သိမ်းတိုက်ပွဲများဆင်နွှဲလာပြီး စိုးမိုးနယ်မြေများတွင် အုပ်ချုပ်ရေးစနစ်အချို့တည်ဆောက်နိုင်သည်အထိ အောင်မြင်မှုများရရှိခဲ့သည်။

NUGက ပြောသည့် စစ်ရေးအောင်မြင်မှုများတွင် တလှိုင်းပြီး တလှိုင်းလာမည်ဆိုသည့်မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇◌စစ်ဆင်ရေးလည်းပါဝင်‌ကြောင်း NUG က ပြောဆိုထားသည်။

အဆိုပါစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်က အရေးနိမ့်ခဲ့ပြီး တော်လှန်ရေးအဖွဲ့များအနေဖြင့် မြို့ပေါင်း ၂၀ကျော်၊ စစ်စခန်း ၄၀၀ကျော် နှင့် စစ်ကောင်စီသုံ့ပန့်များစွာရရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ အအောင်မြင်ဆုံးနှင့်လူထုစိတ်ဝင်စားမှုမြင့်တက်ခဲ့သည့် စစ်ရေးအခြေအနေများဖြစ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါရလဒ်များကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီ၏နေဝင်ချိန်ကို ရောက်ရှိရန်အချိန်တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်ကြောင်း သမ္မတကြီးကထည့်သွင်းပြောကြားခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#NUG
#နှစ်ကူးနိုင်ငံတော်အခြေပြမိန့်ခွန်
အလိုမတူဘဲစစ်မှုထမ်းနေရသည့် ရှေ့တန်းရောက်လူငယ်များကို ကူညီပေးမည်ဟု NUG ပြော

ဝေဝေ
DVB

“တကယ်တော့ စစ်မှုမထမ်းမနေရဥပဒေဆိုပြီး သတ်မှတ်ထားပြီးတော့ မတရားသဖြင့် စစ်မှုထမ်းခိုင်းတယ်၊ ဒီလိုကိစ္စရပ်တွေမှာ ကျနော်တို့ ထွက်လာနိုင်ဖို့ နည်းလမ်းတွေ ဖန်တီးထားတယ်။ အဲဒီလိုကြားထဲမှာ ရှေ့တန်းဘာညာရောက်လာခဲ့ရင် ဆက်သွယ်ပြီး ထွက်လာနိုင်ဖို့ ကျနော်တို့ လုပ်ပေးပါတယ်။ သို့သော် တခုရှိတာကတော့ ယူနီဖောင်းလည်း ဝတ်ထားတယ်၊ လက်နက်လည်း ကိုင်ထားတယ်၊ စစ်ရေးပစ်မှတ်လည်း ဖြစ်တယ်ဆိုရင်တော့ ဘယ်သူဘယ်ဝါဆိုတာ တကယ့်တိုက်ပွဲထဲမှာ ခွဲခြားဖို့ ခက်ပါတယ်။ ကျနော်တို့ဘက်ကတော့ ထွက်လာဖို့အတွက်ကို အမြဲတမ်းအခွင့်အရေးလုပ်ပေးသွားမယ်၊ ဘယ်လိုမှ အဆင့်ဆင့် ထွက်ဖို့ ကြိုးစားခဲ့တာ မအောင်မြင်ဘူး၊ စစ်မြေပြင်ရောက်တဲ့အထိ စစ်ကောင်စီရဲ့ လက်အောက်ကနေ ထွက်နိုင်ဖို့ ဖန်တီးပေးသွားမှာတွေ ရှိမယ်။”

#DVB #News #မြန်မာသတင်း #စစ်မှုထမ်း #လူငယ် #NUG

https://burmese.dvb.no/archives/650617
NUG အောက်ခြေယန္တရား ယိုယွင်းနေဟု ဒေါက်တာတေဇာစန်း ဝေဖန်
======================

Myanmar Now
May 2, 2024

NUG လက်အောက်ခံ အုပ်ချုပ်ရေး၊ လုံခြုံရေးအဖွဲ့တို့၏ အလုပ်မဖြစ်မှုများကို ဖြေရှင်းရန် တုံ့ဆိုင်းမနေသင့်ကြောင်း အထင်ကရသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက တိုက်တွန်းလိုက်သည်။

NUG ဝန်ကြီးတစ်ဦးကမူ မြို့နယ်တချို့တွင် ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကို ကိုင်တွယ်ဖြေရှင်းပေးနေသည်ဟု ပြောသည်။

ပုံစာ - ၂၀၂၁ နှစ်ဦးပိုင်းအတွင်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ဒေါက်တာ တေဇာစန်း။

#MyanmarNow #TayzarSan #NUG

သတင်းအပြည့်အစုံ 👇👇👇