MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from Ayeyarwaddy Times (Nine)
မယ်စဲ့တွင် တပ်ရင်းတစ်ခုလုံး လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ကို NUG ထံ လွှဲပြောင်းပေးရန်စီစဉ်

ဧရာ၀တီတိုင်းမ်
ဇွန်လ ၂၆ ရက်

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ (၄၃၀) တပ်ရင်းမှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့သည် ကရင်နီပူးပေါင်းအဖွဲ့ထံ လက်နက်ချ အညံ့ခံခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထံ အပ်နှံရန်စီစဉ်လျှက်ရှိကြောင်း ကရင်နီ တပ်ပေါင်းစု၏ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးထံက သိရသည်။

ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် ၁၀ ရက်ကျော်ကြာတိုက်ခိုက်ခဲ့သည့် ခမရ (၄၃၀) တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်သူစိုးနှင့် ဒုတပ်ရင်းမှူး ဇာနည်အောင်တို့ တပ်ရင်းတစ်ခုလုံး ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့တွင် လက်နက်ချခဲ့ခြင်းမှာ အမှန်တကယ်ဖြစ်ကြောင်း ၎င်း၏ အတည်ပြုပြောကြားချက်အရသိရသည်။

"သူတို့(စစ်ကောင်စီ)တပ်ရင်းတစ်ခုလုံးမှာ ထိခိုက်သေဆုံးသူရယ်၊ ထိုင်းဘက်ထွက်ပြေးတဲ့သူရယ်နဲ့ ကစဉ့်ကလျား ဖြစ်နေတာ။ ခုတပ်ရင်းတစ်ခုလုံးက လက်နက်ချတာ အားလုံး ၂၁ ယောက်ပေါ့။ တပ်ရင်းမှူးတွေ ဒုတပ်ရင်း မှူးတွေဆိုတာက နောက်ဆုံး ကျန်တဲ့လူတွေပဲ။ သူတို့ကို NUG ဆီအပ်ဖို့လုပ်နေတယ်"ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၃ ရက်နေ့ကတည်းကစတင်၍ ကရင်နီပူးပေါင်းတပ်များဖြစ်ကြသည့် KNU/KNLA, KNPP/KA, KNDF နှင့် အတူ ယခင်စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) အသွင်ပြောင်းထားသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး (ကလလတ-KNPLF) တပ်တို့သည် 4K တပ်ပေါင်းစုအဖြစ် ပေါင်းစည်း၍ စစ်ကောင်စီတပ်ဗျူဟာကုန်းများကို တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့၏ တပ်စခန်းကုန်းများ ကျသွားသည့်အတွက် ကရင်နီ ပူးပေါင်းအဖွဲ့များ နေရာယူထားသည့် မယ်စဲ့ နှင့် ဖားဆောင်းမြို့များသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း ကရင်နီ ပူးပေါင်းတပ်ဖွဲ့ ခေါင်းဆောင်ထံက သိရသည်။

စစ်ကောင်စီသည် ဇွန် ၂၅ ရက်နေ့တွင် ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်ထဲက ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ဒေသခံရွာသား ငါးဦးသေဆုံး ကြောင်း Free Burma Rangers အဖွဲ့ထံက သိရသည်။

ပုံစာ -4K တပ်ဖွဲ့၀င်များနှင့် လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်၏ လက်နက်များ

#ကရင်နီ #မယ်စဲ့ #4K #စစ်ကောင်စီ #တပ်ရင်း၄၃၀ #လက်နက်ချ #NUG #Ayeyarwaddy_Times