MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
တိုက်ပွဲအတွင်း ကျဆုံးသွားသည့် KNDF တပ်ရင်း၉ ဒုတပ်စုမှူး၏ စျာပန
======================

Mizzima
May 20, 2023

(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က စစ်ကောင်စီနှင့်ဖြစ်ပွားသော တိုက်ပွဲတွင် ကျဆုံးခဲ့သည့် KNDF တပ်ရင်း ၉ ၏ ဒုတိယတပ်စုမှူး၏ စျာပနကို ယနေ့ မေလ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် -KNDF တပ်ရင်း ၉ ၏ ဒုတိယတပ်စုမှူးမောင်ဖရန်စ္စကို(ဂျားဂျာ) ကျဆုံးခဲ့ခြင်းဖြစ်သည်။

မောင်ဖရန်စ္စကို(ဂျားဂျာ)သည် ပေးအပ်သောတာဝန်ကို ​ကျေပွန်စွာ ထမ်းဆောင်သော ရဲဘော်ကောင်းတစ်ဦးဖြစ်ပြီးအမှန်တရားအတွက် အသက်ကိုပဓာနမထားဘဲ ရဲရင့်စွာတိုက်ပွဲဝင်ကာ အသက်ကိုပေးဆပ်သွားခဲ့ပါသည်ဟု KNDF တပ်ရင်း ၉က ထုတ်ပြန်ထားသည်။

စျာပအခမ်းအနားကိုကောင်းမွန်စွာပြုလုပ်ပေးခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ရဲဘော်ရဲဖက်များအားလုံး လွန်စွာဝမ်းနည်းကြေကွဲရပြီး ရဲဘော် မောင်ဖရန်စ္စကို၏ပေးဆပ်မှုအတွက် အလေးနီပြုကြောင်း KNDF တပ်ရင်း ၉ မှထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး
#mizzima
#ကရင်နီပြည်နယ်
#KNDF
#ဒုတပ်စုမှူး
#စျာပန
Forwarded from Mizzima
Media is too big
VIEW IN TELEGRAM
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ အခြားသောပြည်နယ်များရဲ့ စံနမူနာဖြစ်စေရန် မျှော်လင့်ကြောင်း NUG ယာယီသမ္မတပြော

Watch more detail - https://www.youtube.com/watch?v=rzDIRW8s-7Y

#politicalnews #reels #shorts #Mizzima
Forwarded from Mizzima
​​အမည်အလွဲသုံးစားလုပ် ငွေညှစ်နေသူများကို အရေးယူမည်ဟု CDF- Hakha နှင့် ဟားခါးကောင်စီ ပြော
==================

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်အတွင်း ၎င်းတို့၏အမည်ကို အလွဲသုံးစားပြုလုပ်ပြီး ငွေညှစ်နေသူ များကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့CDF – Hakha နှင့် ဟားခါးကောင်စီ (Hakha Council) တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

CDF – Hakha အမည်ကိုအလွဲသုံးစားလုပ်ကာ ငွေညှစ်နေသူများနှင့် CDF – Hakha Council ၏ ပြည်သူ့ အကျိုးပြု လုပ်ငန်းဆောင်ရွက်ချက်များကို ၎င်းတို့ လုပ်ကိုင်ဆောင်ရွက်သကဲ့သို့ ကြံဖန်အမြတ်ထုတ်သူ များကို အရေးယူရန်ဆောင်ရွက်နေကြောင်း ဆိုသည်။

“ကျနော်တို့နယ်မြေထဲမှာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ယန္တရားလည်ပတ်တာနဲ့ တင်ဒါလုပ်ငန်းတွေကို တားမြစ်ထားတယ်။ အဲဒါကို CDF ခေါင်းဆောင်တွေကို ငွေပေးထားတယ်ဆိုပြီးခိုးလုပ်နေကြတယ်။ အဲဒီ လူတွေဆီကိုလည်း ကျနော်တို့အဖွဲ့က မဟုတ်တဲ့သူတွေက ငွေတောင်းနေတာတွေရှိတယ်။ အဲဒါကြောင့် အရေးယူဖို့ အသိပေးရတာပါ” ဟု CDF – Hakha Council ဥက္ကဋ္ဌ Hran Lian က မဇ္စျိမကို ပြောသည်။

ပြည်သူများအနေဖြင့် ယုံကြည်မိ၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ အလိမ်ခံခဲ့ရသူများအားလုံးကို အနူး အညွတ်တောင်းပန်ကြောင်းလည်း CDF- Hakha နှင့် ဟားခါးကောင်စီက ဇွန်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်အတွင်း စစ်ကောင်စီနှင့်ပတ်သက်သော တင်ဒါလုပ်ငန်းများကို ချင်းလဲန်း ပူးပေါင်းကာကွယ် ရေးကော်မတီ(CJDC)မှ တားမြစ်ပိတ်ပင်ထားပြီး ဟားခါးမြို့နယ်အတွင်း၌လည်း တင်ဒါလုပ်ငန်းသာမက စစ်ကောင်စီယန္တရားလည်ပတ်မှုအားလုံးကို ပိတ်ပင်ထားကြောင်း ဆိုသည်။

ယနေ့အထိ ပြည်သူများထံမှ တရားဝင်ပြေစာနှင့်တကွ အလှူခံခြင်းမှတပါး အခွန်အခများ ကောက်ခံခြင်း လုံးဝမရှိကြောင်းနှင့် အလှူပေးသည့်ပြေစာကိုလည်း အင်တာနက်မှတဆင့်ဆက်သွယ်ပြီး မှန်ကန် ကြောင်း အတည်ပြုနိုင်သည် ဟု CDF – Hakah Council ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလွဲသုံးစားလုပ်သူများသည် တင်ဒါလုပ်ငန်းများတွင်သာမက ပြည်သူများထံမှလည်း အဓမ္မ ငွေတောင်းခံ အလှူခံမှုများပြုလုပ်နေကြောင်း ဆိုသည်။

“ကျနော်တို့မှာ ဥပဒေနဲ့ တရားရေးဌာနတွေရှိတယ်ဦ သူတို့ကိုအရင်ဖမ်းပြီးမှ ကျူးလွန်တဲ့ပြစ်မှုနဲ့အညီ ထိုက်တန်တဲ့ အပြစ်တွေပေးသွားမှာပါ” ဟု ကောင်စီ ဥက္ကဋ္ဌက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့၊ ကောင်စီနှင့်သက်ဆိုင်သောလုပ်ငန်းများကို အလွဲသုံးစားပြုလုပ်သူများကို အရေးယူ မည့်ကိစ္စတွင် ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ပေးကြရန် CDF – Hakha နှင့် ဟားခါးကောင်စီ တို့က တိုက်တွန်းထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဟားခါး
#ဟားခါးကောင်စီ
#နာမည်အလွဲသုံးစားလုပ်
#အရေးယူမည်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Forwarded from Mizzima
​​စစ်ကောင်စီတပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ဟု ဒုစစ်ဒေသခွဲမှူးရုံး တာဝန်ခံပြော
======================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့မှ အရပ်ဘက်ယာဥ်ငယ်များဖြင့် ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းအား အမှတ် (၈) လမ်းမကြီးပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း J.O.C တောင်ပိုင်းတိုင်း အမှတ် (၃) စစ်ဒေသ၊ ဒု- စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

" ခမရ (၅၉၁)၊ (၅၈၆) ၊ (၅၈၇) ၊ (၃၄၃) ၊ ခလရ (၆၁) ၊ DKBA ၊ ပျူစောထီး လင်းဦးအဖွဲ့နဲ့ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ ထုတ်နုတ်အင်အားများသည် ကားခြောက်စီးဖြင့် ထွက်လာခြင်းဖြစ်ပြီး မိမိတို့ဘက်မှ စောင့်ကြိုပစ်ခတ်ခဲ့၍ ကားပေါ်ပါလာသော စစ်ကောင်စီတပ်သား နှစ်ဦးသေပြီး သုံးဦးဒဏ်ရခဲ့တယ်လို့ သိရပါတယ်" ဟု ဒု-စစ်ဒေသခွဲမှူးရုံး တာဝန်ခံက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့၊ ညနေပိုင်းတွင် အရပ်ဘက်ကားအသေးခြောက်စီးခန့်ဖြင့် ရေးမြို့မှ စတင်ထွက်ခွာလာသော ခမရ (၅၉၁)၊ ခမရ (၅၈၆) ၊ ခမရ (၅၈၇) ၊ ခမရ (၃၄၃) ၊ ခလရ (၆၁) ၊ DKBA ၊ ပျူစောထီး လင်းဦးအဖွဲ့နှင့် မွန်ငြိမ်းချမ်းရေးနှင့်ကာကွယ်ရေးအဖွဲ့တို့မှ တပ်သားများအား ရေးမြို့နယ်၊ နှင်းစုံကျေးရွာနှင့် စံပြကျေးရွာအကြားရှိ ထီးမေဘောတံတားအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

" မိမိတို့ဘက်မှ ပစ်ခတ်မှုမှာ ငါးမိနစ်ခန့်သာ ကြာခဲ့ပြီး တပ်ဖွဲ့ဝင်များ ဆုတ်ခွာလာချိန်တွင်မှ စစ်တပ်ဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပါတယ်" ဟု ဒု-စစ်ဒေသခွဲမှူးရုံး တာဝန်ခံက ဆက်လက်ပြောဆိုသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုအား တပ်မဟာ (၆) KNLA တပ်ရင်း(၂၇)၊ တပ်ခွဲ (၃) မှ ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုကြောင့် အဆိုပါယာဉ်တန်း​၏ ကားနှစ်စီးမှာ ထိုးရပ်သွားခဲ့ပြီး ပစ်ခတ်ချိန် ငါးမိနစ်အတွင်း ထိုကားနှစ်စီးပေါ်တွင် ပါလာသော စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး၍ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း တပ်မဟာ (၆) KNLA တပ်ရင်း(၂၇)၊ တပ်ခွဲ( ၃ )ရဲဘော်များဘက်တွင် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း မြိတ်မြို့၊ ထားဝယ်မြို့တို့အား ဆက်သွယ်ထားသည့် အမှတ် (၈) လမ်းမကြီးပေါ်တွင် သွားလာမည့် ယာဉ်များအား လုံခြုံရေးအရ စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မဟာ (၆) KNLA၊ တပ်ရင်း(၂၇) တပ်ရင်းမှူး စောနယ်ဒါထူးက လက်မှတ်ဖြင့် ထုတ်ပြန်ချက် ထုတ်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်​၏ လက်နက်ခဲယမ်း၊ ရိက္ခာများအား သယ်ယူခြင်းမပြုရန်၊ စစ်ကောင်စီတပ်သားများနှင့် အတူစီးနင်းသွားလာခြင်း မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက ဖြစ်ပွားလာမည့်ကိစ္စများအား တာဝန်ယူမည်မဟုတ်ကြောင်းကိုပါ ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ အမှတ် (၈) လမ်းမကြီးသည် ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်နှင့် တပ်မဟာ (၄) မြိတ်၊ ထားဝယ်ခရိုင်တို့အား ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီတပ်ယာဉ်တန်း
#ကြားဖြတ်တိုက်ခိုက်
#ရေးမြို့
#ဒူးပလာယာခရိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားဝေဒနာ ခံစားရ၍ စစ်ဆေးမှုခံယူခဲ့ရ
==========================

001
Mizzima
September 3, 2023

(မဇ္စျိမ)။ ။ စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားနှင့် ပတ်သက်သည့် ဝေဒနာခံစားရသည့်အတွက် စစ်ဆေးမှု ခံယူခဲ့ရကြောင်း တရားရုံးအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက သိရသည်။

“အခု ကောင်းသွားပြီ။ အဲ့တာ ရှေ့နှစ်ပတ်လောက်ကလို့ ပြောတာပဲ။ အခုကတော့ အကုန်လုံးစစ်ဆေးပြီးသွားပြီ။ ကောင်းတယ်ပေါ့နော်။ အဲ့ဒီလို သိရတယ်။ သွားနာတာ ။ သွားဖုံးယောင်တာပေါ့”ဟု တရားရုံးအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားနေပြည်တော်အချုပ်ထောင်မှ နေအိမ်အကျယ်ချုပ် ပြန်လည်ပြောင်းရွှေ့ကြောင်း ဇူလိုင်လအတွင်းက သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီကမူ ယင်းအပေါ် တစ်စုံတစ်ရာ အတည်ပြုပြောဆိုခြင်း မရှိခဲ့ပေ။

သို့သော် အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်းကို တပတ်လျှင် တကြိမ် နေပြည်တော်အချုပ်ထောင်မှာပင် ဆက်လက် ပို့ဆောင်နေရဆဲဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ကာ ထိုအထဲမှ ထောင်ဒဏ် ခြောက်နှစ်ကို ပြစ်ဒဏ်လျော့ပေါ့ပေးကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဒေါ်အောင်ဆန်းစုကြည်
#သွားဝေဒနာ
မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြ နိုင်/ကျဉ်း ၅၀ ဦးရှိလာပြီး ကိုဝေမိုးနိုင်ပါဝင်လာ၊ မူးလဲသူ၃ဦး ဆေးကုသခွင့်မရ
==========================

001
Mizzima
September 11, 2023

(မဇ္စျိမ)။ ။မုံရွာအကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် ကိုဝေမိုးနိုင်ပါဝင်လာပြီး စုစုပေါင်း ၅၀ ဦးအထိ ရှိလာကြောင်းနှင့် ထိုအထဲမှ သွေးအားနည်းပြီး မူးလဲကျသည့် သုံးဦးကို ထောင်အာဏာပိုင်များက ဆေးကုသခွင့်မပေးကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံမှ သိရသည်။

" ကိုဝေမိုးနိုင်ပါဝင်လာပါတယ်။ အရင်က ၁၄ ယောက်ကို သီးခြားခွဲထားတယ်။ ဒါပေမဲ့ အခုလက်ရှိ အယောက် ၅၀ ဖြစ်လာတဲ့အချိန်မှာတော့ သီးခြားခွဲမထားတော့ဘဲနဲ့ အရင်နေနေကျအဆောင်တွေမှာပဲ ပြန်ထားထားတယ်လို့သိရပါတယ်" ဟုမုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ယနေ့ စက်တက်ဘာလ ၁၁ရက်တွင်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ နံနက်က မုံရွာထောင်တွင်းသို့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများက ဝင်ရောက်စစ်ဆေးပြီး နိုင်ငံရေးအကျဉ်းသားများ၏အစားအသောက်၊ အဝတ်အစား၊ စာအုပ်နှင့် အသုံးအ​ဆောင်ပစ္စည်းများကို သိမ်းယူသွားရာ
နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက အစာငတ်ခံဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူ ၃၆ ဦးထပ်တိုးပါဝင်လာပြီးယနေ့ ညနေအထိ ၅၀ဦးရှိလာကာ ထိန်းသိမ်းခံထားရသည့် မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါဝင်လာခြင်းဟု သိရသည်။r

"အယောက်၅၀ ထဲမှာ ဒီနေ့မနက်ခင်းမှာ သုံးယောက်ကတော့ သွေးအားနည်းပြီးတော့ မူးလဲတယ်လို့သိရတယ်။ ဒါပေမဲ့ အဲ့ဒါကို အကျဉ်းထောင်ဘက်က ဆေးကုသခွင့်လုံးဝမပေးဘူးလို့ပြောပါတယ်”ဟု ကိုရှင်းသန့်က ပြောသည်။

ကိုဝေမိုးနိုင်သည် စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့မှ အာဏာရှင်ဆန့်ကျင်ရေးသပိတ်များတွင် ဦး‌ဆောင် ပါဝင်ခဲ့သူ ဖြစ်သည်။၂ဝ၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ကိုဝေမိုးနိုင်နှင့်ဆန္ဒပြကျောင်းသားတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့်တိုက်ပြီး ရိုက်နှက် ဖမ်းဆီးခဲ့သည်။ ထို့နောင် ပုဒ်မ ဆယ်ခုထက်မနည်းဖြင့် တရားစွဲပြီး ထောင်ဒဏ် နှစ် ၅၄နှစ်ချမှတ်ကာ မုံရွာအကျဉ်းထောင်၌ ချုပ်နှောင်ထားသည်။ ယခုအခါ ကိုဝေမိုးနိုင်သည် သီးခြားတိုက်ပိတ်ခံထားရပြီး အသေးစိတ်ကို မသိရသေးကြောင်း ကိုရှင်းသန့်က ‌ဆိုသည်။

ယခု အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများက ၎င်းတို့ထံမှ သိမ်းဆည်းသွားသော အကျဉ်းသားပိုင်ပစ္စည်းများကို ပြန်လည်ပေးအပ်ရန်၊ ပြန်ပမှပေးပို့သော ထောင်ဝင်စာပါဆယ်များအား ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ လွတ်လပ်စွာပေးပို့ခွင့်ပြုရန်နှင့် အစာငတ်ခံဆန္ဒပြနေသော ရဲဘော်များ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အပြည့်အဝတာဝန်ယူဖြေရှင်းပေးရန် တောင်းဆို​နေကြောင်း သိရသည်။

မူးလဲသွားသည့် နိုင်ငံရေးအကျဉ်းသား သုံးဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုထားသော်လည်း အစာငတ်ခံဆန္ဒပြနေသည့်ကိစ္စမှာ တရားဝင်ခွင့်ပြုထားခြင်းမဟုတ်သည့်အတွက် ဆေးဝါးကုသခွင့်ရမည် မဟုတ်ကြောင်း ထောင်အာဏာပိုင်များက ပြောဆိုခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများနှင့် အတူရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ယနေ့ နံနက်ပိုင်းကလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ သပိတ်အင်အားစုမှ ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ပြည်သူများစုပေါင်းပြီး “သံဖြတ်လွှ” ဓာတ်ပုံကမ်ပိန်းကို ပြုလုပ်ခဲ့ကြသည်။

" နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များအရ လက်ရှိအကျဉ်းထောင်တွင် ဒုတိယအသုတ်အနေဖြင့် နိုင်ငံရေးအကျဉ်းသား ၃၆ ဦးသည်လည်း အစာငတ်ခံဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသား ၁၄ဦးနှင့်အတူ ပူးပေါင်း၍ တောင်းဆိုချက်သုံးချက်ကို ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ည ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#mizzima
#မုံရွာအကျဉ်းထောင်
#အစာငတ်ခံဆန္ဒပြ
#နိုင်ငံရေးအကျဉ်းသားများ
Forwarded from Mizzima
MOD အမှတ်(၁)စစ်ဒေသ ထိန်းချုပ်နယ်မြေ၌ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲပြုလုပ် 
=================

ရောင်နီ 

(မဇ္စျိမ)။ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသမကွေးတိုင်းကွပ်ကဲရေးရုံးက နယ်မြေစိုးမိုးမှုထိန်းချုပ်ထားသည့် အမှတ်(၁)စစ်ဒေသ တနေရာ၌ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်သည်။

စစ်ပညာမွမ်းမံသင်တန်းအပတ်စဥ်(၁) သင်တန်းဆင်းပွဲကို စက်တင်ဘာလ(၁၉)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် MODက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

PDFရဲဘော်များလိုက်နာရမည့် စစ်ဖက်ဆိုင်ရာစည်းမျဥ်း စည်းကမ်းများ(Code of Conduct)များ သင်ကြားခြင်းနှင့် စစ်ရေးပြနှင့် လက်နက်ငယ်၊ လက်နက်ကြီး ပစ်ခတ်ခြင်းများသင်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သင်တန်းဆင်းပွဲသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မကွေးတိုင်း တာဝန်ခံနှင့်ခရိုင်ရေးထောက်တာဝန်ခံများ၊ တပ်ရင်းမှုး၊ ဒုတပ်ရင်းမှူးများတက်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား သတိရအောက်မေ့ ငြိမ်သက်ခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ ကဏ္ဍအလိုက်ထွန်းချွန်ဆုရသူများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတွင် စစ်ဒေသသုံးခုရှိပြီး အမှတ် (၁) စစ်ဒေသ၌ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများပါဝင်သည်။

အမှတ် (၂) စစ်ဒေသတွင် ကရင်၊ ကရင်နီနှင့် မွန်ပြည်နယ်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး တိုင်းတို့ ပါဝင်သည်။ အမှတ် (၃) စစ်ဒေသတွင်နေပြည်တော်နှင့် ဆက်စပ်နယ်မြေများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများပါဝင်သည်ဟု MOD က ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#mizzima
#အမျိုးသားညီညွတ်ရေးအစိုးရ
#MODအမှတ်(၁)စစ်ဒေသ
#စစ်ပညာမွမ်းမံသင်တန်း

MODက ထုတ်ပြန်ထားသည့် စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲမှတ်တမ်း (Photo - NUG/MOD)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Forwarded from Mizzima
CRSH နဲ့ စစ်ကိုင်းက သပိတ်ကော်မတီဝင်တွေ တွေ့ဆုံမှု ဘာတွေ ဆွေးနွေးခဲ့ကြလဲ
===================

ကိုခင်မောင် (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRSH) ဥက္ကဋ္ဌ ဦးမြင့်ထွေး၊ CRSH အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့နဲ့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီဝင််တွေ စစ်ကိုင်းမြေပြင်တနေရာမှာ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။

စစ်ကိုင်း ကြားကာလ ဖက်ဒရယ်ယူနစ် ဥပဒေမှုကြမ်းရေးဆွဲဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်းဖို့ လာရောက်ပြီး တွေ့ဆုံတာဖြစ်တယ်လို့ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုလွမ်းသူက မဇ္ဈိမကို ပြောပါတယ်။

ကြားကာလအစီအမံအတွက် ကော်မရှင်တရပ် ဖွဲ့စည်းတဲ့ နေရာမှာ အစုအဖွဲ့ဝင် ၅ ဖွဲ့ဖြစ်တဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီ အင်အားစု၊ CDM အင်အားစု၊ သပိတ်တိုက်ပွဲအင်အားစု၊ ဌာနနေတိုင်းရင်းသား အင်အားစုတို့ ပါဝင်နိုင်ရေး အလေးပေး ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ကြားကာလစီမံချက်ပေါ်ပေါက်လာရင် ဘာတွေဆက်ဖြစ်လာမလဲ အကြောင်းအပြည့်အစုံကို ကိုကင်းမွန်က ပေးပို့တင်ဆက်ထားပါတယ်။

https://youtu.be/BLU1F42KQNc?si=guX2QH0B11cQOJ_W

#ကြားကာလ
#ဖက်ဒရယ်ယူနစ်
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
Forwarded from Mizzima
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယရှိပြည်နယ်ဝန်ကြီးချုပ်နေအိမ်ကို လူအုပ်က တိုက်ခိုက်

#InternationalNews #reels #shorts #India #Mizzima
Forwarded from Mizzima
နိုင်ငံရဲ့ ၆ဝ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ NUG ယာယီသမ္မတပြော
========================

စစ်အာဏာရှင်ကို ဆန့်ကျင် ခုခံနေတဲ့ တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံအကျယ်အဝန်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။

NUGရဲ့ ယာယီ သမ္မတကြီး ဒူဝါလရှီးလာက တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံပိုင်နက်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို လွှမ်းမိုးထားလာနိုင်ပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ အဓိက ခြေကုပ် စခန်းကြီးတွေကိုပါ စတင် ခြိမ်းခြောက်လာနိုင်နေပြီလို့ ပြောကြားသွားပါတယ်။

လက်ရှိ အချိန်ထိ အာဏာသိမ်း စစ်ကောင်စီဟာ အဓိက မြို့ပြကြီးတွေကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပေမယ့်လည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် သူတို့ရဲ့ အာဏာစက်ကို ခိုင်ခိုင်မာမာ ပိုင်ပိုင်နိုင်နိုင် ဖြန့်ကျက်ထားနိုင်တဲ့ ဧရိယာဟာ မြန်မာနိုင်ငံ အကျယ်အဝန်းရဲ့ ၁၇ ရာခိုင်နှုန်းလောက်သာ ကျန်တော့တယ်လို့လည်း သမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေရဲ့ ခုခံတော်လှန်စစ်ကို စတင်ခဲ့တာ နှစ်နှစ်ကျော်လာတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှုကနေ ရလဒ်ကောင်းတွေ ရနေပြီး ခုဆိုရင် စစ်ကောင်စီဌာနချုပ်တည်ရှိတဲ့ နေပြည်တော်နဲ့ အနီးတဝိုက်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေ ရှိနေပြီလို့လည်း ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အဓမ္မ အာဏာသိမ်းယူလိုက်ပါတယ်။

 အဲဒီနောက်ပိုင်း စစ်တပ်ဟာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကို ရက်ရက်စက်စက် ဖြိုခွင်းဖို့ ကြိုးစားရာက စစ်အာဏာရှင်ကို တော်လှန်တဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေ အားကောင်းလာပါတယ်။

အခုဆိုရင် မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ နိုင်ငံအနှံ့မှာ NUGရဲ့ လက်နက်ကို င်တပ်ဖြစ်တဲ့ PDFအပြင် ရှိရင်းစွဲ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAO)တွေနဲ့ပါ စစ်ခင်းနေရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းကလည်း စစ်တပ်ဟာ ထိန်းချုပ်နယ်မြေတွေကို တစထက်တစ ဆုံးရှုံးလာခဲ့သလို အရပ်သား ဧရိယာတွေကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း အရှိန်အဟုန် မြှင့်တင်လာပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလနဲ့ ၂၀၂၃ ခုနှစ် ဇူ လိုင်လကြားမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၇၀၀ နီးပါး လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတပ်ခ်က ပြောပါတယ်။

https://youtu.be/n_CGiSOx_KY?si=tE7o4qjVXnoiopo7

 
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Forwarded from Mizzima
​​ကျောင်းသားနှင့် ကလေးပါမကျန် သတ်ဖြတ်နေသည့် စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့် ပြုခြင်းအပေါ် အံ့ဩကြောင်း NUG ထုတ်ပြန်
==================

မဇ္ဈိမ။ ။ ကျောင်းသားနှင့် ကလေးပါမကျန် သတ်ဖြတ်နေသည့် စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့် ပြုခြင်းအပေါ် အံ့ဩမိကြောင်း NUG အစိုးရအဖွဲ့က သဘောထား ထုတ်ပြန်သည်။

ဥရောပသမဂ္ဂနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ‌ကော်မရှင်တို့၏ ပူးပေါင်းစီစဉ်မှု ဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှ စတင်၍ “Advancing Human Rights: Creating an Enabling Environment for CSOs at the Regional Level” ခေါင်းစဉ်ဖြင့် ဖိုရမ် ပြုလုပ်မည် ဖြစ်သည်။

ယင်းဖိုရမ်သို့ တရားမဝင်အကြမ်းဖက်စစ်ကောင်စီမှ ကိုယ်စားလှယ်များအား ဖိတ်ကြားထား၍ အလွန်ပင်စိုးရိမ်ပူပန်မိ‌‌ကြောင်း NUG က ဆိုသည်။

" ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်၌ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ခံထားရသော မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ရမည့်အစား တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စား လှယ်များ တက်ရောက်ခွင့်ရရှိနေခြင်းအပေါ် မိမိတို့အနေဖြင့်အလွန်ပင် အံ့ဩတုန်လှုပ်ရပါသည်" ဟု NUG က ဆိုသည်။

စစ်ကောင်စီသည် မြန်မာပြည်သူလူထုအပေါ် လူမဆန်သည့် ကြမ်းတမ်းရက်စက်မှုများ ကျူးလွန်လျက်ရှိပြီး၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားအရွယ်ကလေး သူငယ်များပါမကျန် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများကို ကျူးလွန်‌နေသည့် အဖွဲ့အစည်းဖြစ်သည်ဟု NUG က ထုတ်ပြန် သည်။

အဆိုပါဖိုရမ်သည် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အပါအဝင် ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် ခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ပြုလုပ်မည့်ဖိုရမ်လည်းဖြစ်သည်။

အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာ့ဒီမိုကရက်တစ်အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုအသိုင်းအဝိုင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို စတင်ကျင်းပရန် အဆိုပြုခဲ့သည်။

 ဥရောပသမဂ္ဂနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ‌ကော်မရှင်တို့အနေဖြင့် စစ်မှန်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ပြုလုပ်ရာ၌ မြန်မာပြည်သူလူထု၏ တရားဝင် ကိုယ်စားလှယ်များနှင့်သာ ကျင်းပပြုလုပ်ရန် တိုက်တွန်းကြောင်း NUG က ထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဥရောပသမဂ္ဂ
#NUG

ပုံအညွှန်း- ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု တွင်သေဆုံးခဲ့သည့် ကလေးနှင့် လူကြီး ဦးရေ ၁၇၀ ကျော်အတွက် ကုသိုလ်ပြုအမျှဝေနေစဥ် (ဓာတ်ပုံ- အညာပစ်တိုင်းထောင်လေးများအဖွဲ့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Forwarded from Mizzima
​​စစ်ကိုင်းတိုင်း သပိတ်အင်အားစု လုပ်ငန်းကော်မတီနှင့် လူထုတိုက်ပွဲနည်းနာပိုင်းဆိုင်ရာ မူဝါဒရေးဆွဲရေး ကော်မတီ ၂ခု စတင်ဖွဲ့စည်း
=====================

ကိုခင်မောင်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသအသီးသီးက လူထုလှုပ်ရှားမှု လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်များသည် ရပ်တည်ချက်တူတူ တော်လှန်ရေးခရီးကို ရှေ့ဆက်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်းအားစု လုပ်ငန်းကော်မတီနှင့် လူထုတိုက်ပွဲနည်းနာပိုင်းဆိုင်ရာ မူဝါဒရေးဆွဲရေး ကော်မတီ နှစ်ခု စတင်ဖွဲ့စည်းခဲ့ကြောင်း စစ်ကိုင်းတိုင်း သပိတ်အင်အားစုများ စုံညီအစည်းအဝေး သတင်းထုတ်ပြန်ချက်အရ သိရသည်။

တော်လှန်ရေးကာလ အချိန်တခု ရောက်လာချိန်တွင် စိန်ခေါ်မှုအသီးသီးများရှိလာသည့် စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစုများသည် တကျောင်းတဂါထာ တရွာတပုဒ်ဆန်း မဟုတ်ဘဲ တူတူညီညီ သပိတ်အင်အားစုများအနေဖြင့် ရပ်တည်ချက်တူတူ တော်လှန်ရေးခရီးကို ရှေ့ဆက်နိုင်ရန် ရည်ရွယ်ကာ ဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရသည်။

“ဆွေးနွေးတာမှာ စစ်ကိုင်းတိုင်းဒေသကြီးဟာ တော်လှန်ရေးအားကောင်းပြီး ပေးဆပ်မှုများတယ်၊ လက်ရုံးရည်ရော နှလုံးရည်ရော ပြည့်စုံနေတဲ့ တိုင်းဖြစ်တယ်။ သို့သော်လည်းပဲ နှလုံးရည်အားဖြစ်တဲ့ လူထုတိုက်ပွဲတွေအားကောင်းပေမယ့်လည်း စစ်ကိုင်းတိုင်းဒေသကြီးလုပ်ငန်းစု သပိတ်အင်အားစု လုပ်ငန်းကော်မတီနဲ့ သက်ဆိုင်ရာလူထုတိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ နည်းနာပိုင်းဆိုင်ရာ ပုံဖော်နိုင်မှုအပိုင်းမှာ ကော်မတီတွေရှိမနေဘူးပေါ့နော်။ အဲဒီအတွက် လုပ်ငန်းကော်မတီလို့ခေါ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစုကော်မတီနဲ့ စစ်ကိုင်းတိုင်းဒေသကြီး လူထုတိုက်ပွဲရေးရာနည်းနာပိုင်းဆိုင်ရာ ဆောင်ရွက်နိုင်ဖို့ဆိုပြီး ကော်မတီနှစ်ရပ်ကို ဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။” ဟု ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုလွမ်းသူက မဇ္စျိမအားပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူထုလှုပ်ရှားမှု လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို လေးနာရီကြာအွန်လိုင်းမှတဆင့် ပြုလုပ်ဆွေးနွေးခဲ့ကြပြီး အဆိုပါကော်မတီနှစ်ခုကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ရှေ့ဆက်ဘယ်လိုသွားမလဲဆိုတော့ တော်လှန်ရေးလူထုသပိတ်တိုက်ပွဲကော်မတီတွေ လက်ခံထားတာကတော့ စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီညီပေါင်းစပ်သွားရမယ်ဆိုတာကို အားလုံးက လက်ခံထားကြတယ်၊ စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစု လုပ်ငန်းကော်မတီအနေနဲ့က စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ သပိတ်အင်အားစုအများကြီးရှိတာဆိုတော့ ပြန့်ကျဲနေတဲ့ အင်အားစုတွေကို စုစည်းနိုင်ဖို့၊ လူထုတိုက်ပွဲတွေ ပြန်လည်အားကောင်းလာပြီး တော်လှန်ရေးမြန်မြန်ဆန်ဆန် အောင်မြင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ လုပ်ငန်းဆောင်တာတွေလိုအပ်နေတဲ့ ရှုထောင့်ပေါင်းစုံက ရှုမြင်နိုင်ဖို့ ကျွန်တော်တို့သုံးသပ်ဆန်းစစ်ပြီး ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။” ဟု ကိုလွမ်းသူက ဆက်လက်ပြောပြသည်။

အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တော်လှန်ရေး သပိတ်အင်အားစုပေါင်း အဖွဲ့ ၄၀ကျော်ထဲမှ အဖွဲ့အစည်း ၉၀ ရာခိုင်နှုန်းကျော်တက်ရောက်နိုင်ခဲ့ပြီး ထိုအထဲမှ အဖွဲ့အစည်းအချို့မှာ အင်တာနက်အခက်အခဲ၊ ရာသီဥတုအခက်အခဲ၊ နယ်မြေအခက်အခဲများရှိ၍ ပါဝင်တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

ဆွေးနွေးပွဲအတွင်း လူထုသပိတ်တိုက်ပွဲများ စဥ်ဆက်မပြတ် ရှိနေရေးအပါအဝင် လူထုလှုပ်ရှားမှုများ ပြန်လည်အားကောင်းလာရေးနှင့် လက်ရှိမြေပြင်မှာ သပိတ်ကော်မတီများ ကြုံတွေ့နေရသော အခက်အခဲစိန်ခေါ်မှုများအပြင် ရှေ့ဆက်ပြီး ဖြစ်ပေါ်ပြောင်းလာနိုင်သော နိုင်ငံရေး၊စစ်ရေး အပေါ် အခြေခံ၍ ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့အပြင် ကြုံတွေ့ရမည့် တော်လှန်ရေးခရီးတွင် တော်လှန်ရေးအောင်ပွဲအတွက် လူထုလှုပ်ရှားမှု စဥ်ဆက်မပြတ်ရှိနေရေးကို ဆွေးနွေးကာ ပုံမှန်တွေ့ဆုံမှုများ လုပ်ဆောင်နိုင်ကြရန် အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တော်လှန်ရေး
#လူထုလှုပ်ရှားမှု
#စစ်ကိုင်းတိုင်း
#လူထုတိုက်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ငါန်းဇွန်တွင် အမျိုးသမီး ၁ ဦး အပါ ဒေသခံ ၈ ဦးကို စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်
=========================

ဓါတု
Mizzima
October 16, 2023

(မဇ္ဈိမ)။ ။ ငါန်းဇွန်မြို့နယ်၊ နဘဲပင်ရွာ ဒေသခံ အမျိုးသမီး တဦးအပါအဝင် ရှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်နေကြောင်း ဒေသခံများက ပြေသို့ခေ
နဘဲပင်ရွာ ဒေသခံ ၅၀ ကျော်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် အချိတ်အဆက်ရှိသည်ဆိုကာ ရွာဦးဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားပြီးနောက် အမျိုးသား ခုနစ်ဦးမှ လွဲ၍ ကျန်သူများကို ထိုနေ့ညနေတွင် ပြန်လွှတ်ပေးခဲံသည်။ ၎င်း ခုနစ်ဦးကို ငါန်းဇွန်မြို့အထွေထွေရုံးပေါင်းစုံ သို့ခေါ်ဆောင်နှိပ်စက်နေကြောင်း ဒေသခံများက ဆိုသည်။
ထို့နောက် အောက်တိုဘာလ ၁၅ ရက်တွင် ဒေသခံအမျိုးသမီးတဦးကို ဖမ်းဆီးပြီး ရွာဦးဘုန်းကြီးကျောင်းတွင်း ဖမ်းဆီးနှိပ်စက်နေကြောင်း ဒေသခံများက ပြောသည်။

" အပြင်မှာတွေ့တာနဲ့ဖမ်းနေတာ PDF တွေနဲ့အဆက်သွယ်ရှိတယ်ပေါ့ ။ PDF လို့ ထင်ကြေးပေးပြီးသိမ်းကျူံးဖမ်းတာတွေလည်း ရှိတယ်။အဲ့ဒါကြောင့် ရွာထဲက စျေးတောင်ထွက်မဝယ်ရဲကြဘူး။၁၂ ရက်နေ့က ဖမ်းထားတာတွေတချို့ပြန်လွှတ်ပေမယ့် ၈ ဦးကိုဖမ်းပြီး နှိပ်စက်နေတုန်းပဲ ။ ညမအိပ်နိုင်တဲ့အထိကို ရိုက်နှက် နှိပ်စက်နေတာ အော်သံပါကြားရတာ။ မိန်းကလေး တယောက်ကိုဆိုတော်တော်လေးနှိပ်စက်တာ " ဟုနဘဲပင်ရွာခံတစ်ဦးက မဇ္စျိမကိုပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့တွင် ငါန်းဇွန်နှင့်တံတားဦးမြို့နယ်မှ နဘဲပင်ရွာ ရွာဦးဘုန်းကြီးကျောင်းသို့ အင်အား ၁၂၀ ခန့်ဖြင့်တွင် အထိုင်ချ တပ်စွဲထားနေသည့် စစ်ကောင်စီတပ်က ဒလန်သတင်းပေးမှုကြောင့် ထိုသို့ ဖမ်းဆီးနှိပ်စက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က နဘဲပင်ရွာ ဒေသခံများကို သွားလာခြင်း ပိတ်ပင်ကန့်သတ်ထားပြီး ရွာပတ်ဝန်းကျင်တွင် နယ်မြေရှင်းလင်းမှုများ လုပ်နေကြောင်း ဒေသခံများက ပွေွာသညျ။

နွားကျောင်းခြင်း၊ဆိတ်ကျောင်းခြင်း၊တောင်ယာလုပ်ကိုင်ခြင်း၊နွားစာရိတ်ခြင်းများကို အောက်တိုဘာလ ၁၂ ရက် နေ့မှစ၍မပြုလုပ်ရန် ပိတ်ပင်ကန့်သတ်ထားကြောင်းဒေသခံများကဆိုသည်။

"ရွာထဲနွားစာရိတ်တာတွေလည်း နှစ်ယောက်သွားမှရတာကိုတယောက်ပဲထွက်ခိုင်းတယ်။ သိုးကျောင်း၊ နွားကျောင်းတွေဆိုလုံးဝမထွက်ခိုင်းလို့ တိရစ္ဆာန်တွေငတ်တဲ့အနေအထားဖြစ်နေတယ် ။ ပြီးရင်မြင်တာနဲ့အကုန်ဖမ်းနေတော့ရွာထဲကသူတွေက အိမ်ထဲကအိမ်ပြင်မထွက်ရဲကြဘူး " ဟုငါန်းဇွန်မြို့နယ်ပကဖတာဝန်ခံတစ်ဦးကမဇ္စျိမကိုပြောသည်။

ထို့အပြင် တောင်ယာလုပ်ကိုင်သူများ၊ တိရစ္ဆာန်ထိန်းကျောင်းသည့်ရွာခံများအား လမ်းပေါ်မြင်လျှင်လိုက်လံဖမ်းဆီးနှိပ်စက်နေသဖြင့် ရွာအတွင်းရှိဒေသခံပြည်သူများမှာအိမ်ပြင်သို့မထွက်ရဲဖြစ်နေကြောင်းနဘဲပင်ရွာခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်နေသည့်အပြင် နေအိမ်အချို့ရှိ နွားများ၊လယ်ထွန်စက်များနှင့်အိမ်တွင်းပစ္စည်းများကိုဖောက်ထွင်းယူဆောင်ခြင်းများပြုလုပ်နေကြောင်းဒေသခံများကဆိုသည်။

နဘဲပင်ကျေးရွာတွင် အိမ်ခြေ ၄၅၀ ရှိပြီး ရွာခံဦးရေ ၁,၀၀၀ ကျော်နေထိုင်ကြသည်။

ယခင် စက်တင်ဘာလတွင်လည်း နဘဲပင်ရွာနှင့်နီးစပ်သည့် သားကျင်ရွာမှ ရွာခံ ဦးရေ၇၀ ကျော်ကို လူသားဒိုင်းအဖြစ် နန်းတွင်းဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်ကဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်ခဲ့သေးသည်။

ငါန်းဇွန်မြို့နယ်ရှိ ရွာအများစုတွင် ဩဂုတ်လဆန်းပိုင်းမှ စတင်၍ စစ်ကောင်စီတပ်က ခပ်စိပ်စိပ် နယ်မြေရှင်းလင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဩဂုတ်လ ၁၄ ရက်နေ့က စစ်ဘေးတိမ်းရှောင်လာသော ဒေသခံလေးဦးသည် စစ်ကောင်စီစစ်ကြောင်းနှင့် တည့်တည့်တိုးရာမှ ပစ်သတ်ခံရပြီး သေဆုံးသွားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#နဘဲရှာ
#ငါန်းဇွန်မြို့နယ်
လားရှိူးမြို့ပေါ်တွင် ပစ်ခတ်မှုများ ပြင်းထန်
=========================

ရွှေနွယ်၊ ဂျူချန်း
Mizzima
October 28, 2023

(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်း၌ လက်နက်ကြီး ပစ်ခတ်မှုများ ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုများကို အတွဲလိုက် မီးတန်းအနေဖြင့် မြင်တွေ့ရကြောင်း ဒေသခံများကဆိုသည်။

ယနေ့ မွန်းလွဲပိုင်းမှ စတင်ကာ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့ ည ၆ နာရီအချိန်ခန့်တွင်မူ လက်နက်ကြီး ပစ်ခတ်မှုများမှာ ဆက်တိုက်ပြင်းထန်လာခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

လားရှိုးမြို့ပေါ်ရှိ အောင်သစ္စာရပ်ကွက်၊ ရပ်ကွက် (၇)၊ ရပ်ကွက် (၅) တို့တွင် ပစ်ခတ်မှုများကို ကျယ်လောင်စွာ ကြားရပြီး မြင်‌ေတွ့‌ေနရကြောင်း သိရသည်။

"မြို့တွင်း ၊ မြို့လယ်ခေါင်အကုန်ကြားရတယ်။ လူတွေမရှိတော့ဘူး ပြေးကုန်ပြီ။ အိမ်တွေထဲပြေးကုန်ပြီ။ ဆိုင်တွေပိတ်ကုန်ပြီ" ဟု လားရှိုးမြို့ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

"မီးတန်းကြီးကိုမြင်ရတာ ကြက်သီးတွေတောင်ထတယ်"၊ "တော်ဆိုးနေပြီ။ စာရွက်စာတန်းတွေနဲ့အဝတ်စားနည်းနည်းနဲ့စားစရာနည်းနည်းတွေတောင်လွယ်အိတ်တွေထဲ ထည့်ထားနေရပြီ။ ခုတော့ကုတင်အောက်မှာ နေနေရတယ်ဗျာ"၊ "လားရှိူး ရမခ တိုင်းဘက် အသံတွေကြား ဗျူဟာလမ်းထိပ် ပါရမီနားကရဲရုံးဝန်းကျင် ဗျူဟာလမ်းနီးနားဝန်းကျင်" အစရှိသဖြင့် လားရှို့မြို့ဒေသခံများမှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားကြသည်ကိုတွေ့ရသည်။

အဆိုပါ ပစ်ခတ်မှုများသည် လားရှိုးမြို့ပေါ်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှ ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

လားရှိုးမြို့အနီးရှိ တိန်းတန် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ အောက်တိုဘာ ၂၇ နေ့က တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မိုင်းကျက်တပ်စခန်းကို ယနေ့ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း TNLA တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး
#mizzima
#လားရှိုး
# တိုက်ပွဲပြင်းထန်
ရွှေတိဂုံနှင့် ဗိုလ်တထောင်ဘုရားရင်ပြင်တို့တွင် စစ်ဆင်ရေး ၁၀၂၇ အောင်မြင်ပါစေကြောင်း ဆုတောင်း
======================

Mizzima
October 29, 2023

(မဇ္ဈိမ)။ ။ယနေ့ အောက်တိုဘာလ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့ညတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား ရင်ပြင်နှင့် ဗိုလ်တထောင်ဘုရားရင်ပြင်တို့တွင် စစ်ဆင်ရေး ၁၀၂၇ နှင့် ကိုးကန့်တပ်များ၏ အိမ်ပြန်ခရီး အား အောင်မြင်ပါစေကြောင်း အောင်သပြေလှုပ်ရှားမှု ဖော်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

“ကိုးကန့်ညီအကိုတို့ရဲ့ အိမ်ပြန်ခရီးအောင်မြင်ပါစေ” ၊ “စစ်ဆင်ရေး ၁၀၂၇ အောင်မြင်ပါစေ”ဟူသော လူထု၏အသံအားထင်ဟပ်စေရန် ရန်ကုန်မြို့ပြလူထုတိုက်ပွဲများဖော်ဆောင်နေသော တော်လှန်ရေး အင်အား စု များ မှပြုလုပ်ခဲ့သည်။

#mizzima
#စစ်ဆင်ရေး၁၀၂၇
ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီဒုတပ်ရင်းမှူး စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီးသေဆုံး
======================

YT
Mizzima
November 23, 2023

မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၉၇) ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းသည် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံက သိရသည်။

စာတည်း - အေးချမ်း

#Mizzima
#ဘုရားသုံးဆူမြို့
#ခလရ(၉၇)ဒုတပ်ရင်းမှူး
#စနိုက်ပါဖြင့်ပစ်ခတ်ခံ
#သေဆုံး

ပုံအညွှန်း- အခင်းဖြစ်ပွားရာနေရာ (ဓါတ်ပုံ- ပေးပို့)

သတင်းအပြည့်အစုံ 👇👇👇
MSI - MYANMAR SOCIETY INFORMATIONS
Photo
ခုခံတော်လှန်စစ်၏ အဆုံးသတ်တိုက်ပွဲကို ၂၀၂၄တွင် ပြည်သူအားလုံးဝိုင်းဝန်းရယူကြရန် ယာယီသမ္မတကြီးတိုက်တွန်း
==========================

မိုးသောက်
December 31, 2023

မဇ္ဈိမ။ ။ လာမည့်၂၀၂၄ခုနှစ်တွင် ခုခံတော်လှန်စစ်၏ အဆုံးသတ်တိုက်ပွဲကို ပြည်သူအားလုံး ဝိုင်းဝန်းရယူကြရန် နှစ်ကူးနိုင်ငံတော်အခြေပြမိန့်ခွန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ( NUG)၏ ယာယီသမ္မတကြီး ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်သည်။

တော်လှန်ရေးအဖွဲ့များနှင့်ပြည်သူများအနေဖြင့် နိုင်ငံရေး၊ စစ်ရေးကဏ္ဍအသီးသီးတွင် ပိုမိုခိုင်မာသည့် စုစည်းညီညွတ်မှုကိုတည်ဆောက်နိုင်ပြီး ခုခံတော်လှန်စစ်ကို အဆုံးသတ်တိုက်ပွဲဆင်နွှဲကြရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

"အကျယ်ပြန့်ဆုံးသော လူထုနိုင်ငံရေးလမ်းစဉ်နှင့်အတူ ခုခံတော်လှန်စစ်ရဲ့အဆုံးသတ်တိုက်ပွဲကို ယခုနှစ်မှာအားလုံးဝိုင်းဝန်းရယူ ကြပါစို့” ယာယီသမ္မတကြီးကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ပြီးခဲ့သည့်၂၀၂၂ ခုနှစ်က အဆုံးသတ်နှစ်အတွက် အဆုံးဖြတ်နှစ်ဟုကြွေးကြော်ခဲ့ပြီး ခုခံတော်လှန်စစ်ကိုဆင်နွှဲခဲ့ခြင်းဖြစ်သည်။

၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းတွင်တော်လှန်ရေးအဖွဲ့များသည် မြို့သိမ်းတိုက်ပွဲများဆင်နွှဲလာပြီး စိုးမိုးနယ်မြေများတွင် အုပ်ချုပ်ရေးစနစ်အချို့တည်ဆောက်နိုင်သည်အထိ အောင်မြင်မှုများရရှိခဲ့သည်။

NUGက ပြောသည့် စစ်ရေးအောင်မြင်မှုများတွင် တလှိုင်းပြီး တလှိုင်းလာမည်ဆိုသည့်မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇◌စစ်ဆင်ရေးလည်းပါဝင်‌ကြောင်း NUG က ပြောဆိုထားသည်။

အဆိုပါစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်က အရေးနိမ့်ခဲ့ပြီး တော်လှန်ရေးအဖွဲ့များအနေဖြင့် မြို့ပေါင်း ၂၀ကျော်၊ စစ်စခန်း ၄၀၀ကျော် နှင့် စစ်ကောင်စီသုံ့ပန့်များစွာရရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ အအောင်မြင်ဆုံးနှင့်လူထုစိတ်ဝင်စားမှုမြင့်တက်ခဲ့သည့် စစ်ရေးအခြေအနေများဖြစ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါရလဒ်များကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီ၏နေဝင်ချိန်ကို ရောက်ရှိရန်အချိန်တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်ကြောင်း သမ္မတကြီးကထည့်သွင်းပြောကြားခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#NUG
#နှစ်ကူးနိုင်ငံတော်အခြေပြမိန့်ခွန်
စစ်တွေတွင် ရုံးတက်ပျက်ကွက်သူ ၆၀ ​ကျော်ကို အ​ရေးယူမည်ဟု​ စစ်ကောင်စီက ကြေညာစာကပ်
======================

ဓါတု
Mizzima
March 8, 2024

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ စစ်​တွေမြို့တွင် ရုံးတက်ရန် ပျက်ကွက်သည့် ပြည်နယ်အစိုးရအဖွဲ့ဝန်ထမ်း ၆၀ ​ကျော်အား အ​ရေးယူမည်ဟု စစ်ကောင်စီက ထွေအုပ်ရုံး၌ ကြေညာထား​ကြောင်း နီးစပ်သည့်သတင်းရင်းမြစ်ထံက သိရသည်။

စစ်​တွေမြို့တွင် ဝန်ထမ်းများကို ရုံးတက်ရန်လိုက်လံနှိုးဆော်​သော်လည်း ရုံးမတက်သည့်ဝန်ထမ်းများမှာ ရက်​ပေါင်း ၁၀ ရက်​ကျော်ကြာမြင့်သည့် အထိ ရုံးတက်ပျက်ကွက်သဖြင့် ခွင့်မဲ့ပျက်ကွက်​စာရင်းများကို ယ​နေ့​ မတ်လ ၈ရက်တွင် စာကပ်​ကြေညာထားခြင်းဖြစ်​ကြောင်း ​ထွေအုပ်ရုံးနှင့်နီးစပ်သည့်သတင်းရင်းမြစ်တဦးက မဇ္စျိမကို​ပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

ဓါတ်ပုံ- (ပုံဟောင်း)The Rakhine State Government

#Mizzima
#ပြည်တွင်းသတင်း
#စစ်တွေ
#ရခိုင်ပြည်နယ်
ကလေးမြို့မြောက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းဖြင့် အဆက်မပြတ်တိုက်ခိုက်
=========================

ကိုခင်မောင်
Mizzima
March 16, 2024

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် လေကြောင်းမှ အဆက်မပြတ်တိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်း ၃နာရီအချိန်မှစ၍ ကလေးမြို့နယ်မြောက်ပိုင်းက ဆည်တော်ဦး၊ ကျောင်းတိုက်၊ ပျဥ်းခုံလေးရွာများရှိ စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားသော စခန်းများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ဟု ဒေသခံတဦးကပြောသည်။

“ဆည်တော်ဦး ကျောင်းတိုက် ပျဥ်းခုံလေး ရွာတွေဘက်မှာပါ။
စကစတပ်တွေ အများကြီးတစုတည်းရှိတဲ့ နေရာရဲ့ အဝင်လို့ဆိုရမှာပေါ့။ အဲ့ရွာတွေကို ကာကင်းသဘောမျိုး ထားထားတာ။ ပျူရွာတွေကို အခိုင်မာ ဘန်ကာတွေဆောက်၊ အထိုင်ချ ကာထားတာပါ။ တိုက်ပွဲက အခုလည်း ဆက်တိုက် လက်နက်ကြီးတွေ ထုနေတာပဲ။ မိုးချုပ်ခါနီးကို တက်ပစ်သွားသေးတယ်။” ဟု တိုက်ပွဲဖြစ်စဥ်သိရှိသည့် ကလေးဒေသခံတဦးမှ မဇ္စျိမကိုပြောသည်။

အဆိုပါနှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိနာနေသောကြောင့် ကလေးမြို့အစိုက် ခလရ (၂၂၈)၊ အမတ (၃၆၅) ၊စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ စသော စစ်ကောင်စီ တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သကဲ့သို့ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့်ပါ အဆက်မပြတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ကလေးမြို့နယ် မြောက်ပိုင်းမှ လက်ပံချောင်းရွာတွင် ဒေသခံ သုံးဦးသေဆုံးသွားကြောင်း၊ ထိခိုက်ဒဏ်ရာရှိသူအများအပြားရှိကြောင်းနှင့် အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများထံမှ ကနဦးသတင်းရရှိသည်။

“လက်နက်ကြီးနဲ့ မနားတမ်းထုခံနေရပါတယ်။ လက်ပန်ချောင်း လက်နက်ကြီး သုံးလုံးကျတယ်။ ပြည်သူထိခိုက်တယ် ကလေးငယ်လည်းပါတယ်။ နောက်ထပ် လက်နက်ကြီးကျတာတော့ တောင်ပိုင်းတရွာ မီးလောင်အိမ်ပြာကျ ငြိမ်းသတ်မရ။ တိုက်ပွဲ ဖြစ်နေတုန်းမို့ အတိကျသိဖို့ခက်တယ်။ လက်နက်ကြီးရမ်းပစ်တော့ မဆိုင်တဲ့ရွာအိမ်တွေကိုလည်း ပစ်တယ်။ ပျက်စီးမှုတော့ရှိတယ်။ လူနေအိမ်ထိတာတော့ အရေတွက်သိဖို့ ခက်သေးတယ်။” ဟု ဒေသခံတဦးမှ မဇ္စျိမအားပြောသည်။

နှစ်ဖက်တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူ မဇ္စျိမအနေဖြင့် ဆက်လက်စုံ စမ်းနေဆဲဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၁၄ရက်တွင်လည်း စစ်ကောင်စီတပ်ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် လက်ပံချောင်းရွာက အမျိုးသားတဦးနှင့် အမျိုးသမီးတဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားပြီး ကလေးငယ်အပါအဝင် ခြောက်ဦးထိခိုက်ဒဏ်ရာရခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြန်မာသတင်း
#ကလေးမြို့
#တိုက်ပွဲ
#စစ်ကောင်စီတပ်
#လက်နက်ကြီး
#လေကြောင်း
အမှတ်(၈၈) တပ်မမှူး ကချင်စစ်မျက်နှာတွင်သေဆုံး
======================

Mizzima
March 30, 2024

ကချင်စစ်မျက်နှာတွင် စစ်ကောင်စီတပ် အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူးဗိုလ်မှူးချုပ်မင်းထွဋ်ဦး တိုက်ပွဲတွင်သေဆုံးသွားခဲ့သည်ဟု ကချင်စစ်မြေပြင်သတင်းရင်းမြစ်တခုက ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့အနီးရှိ မန်နောင်ကျေးရွာတွင် (၈၈) တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး ပါဝင်သော စစ်ကြောင်းကို မတ်လ ၂၉ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်မမှူးသေဆုံးခြင်းဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးပါ။

# (၈၈) တပ်မမှူး
# ဗိုလ်မှူးချုပ်မင်းထွဋ်ဦး
# KIA
# စစ်ကောင်စီ
#mizzima