MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ICJ ကြားနာမှု အကြမ်းဖက်စစ်အုပ်စုဘက်က တက်ရောက်သူမရှိ

#Genocide
#MyanmarMilitary
#Neltherlands
#DeltaNewsAgency

Youtube Link : https://youtu.be/3FJKsf4q8dM

နယ်သာလန်နိုင်ငံ သယ်ဟိတ်မြို့ နိုင်ငံတကာတရားရုံး ICJ မှာ ဒီနေ့ ဇူလိုင်လ ၂၃ရက်နေ့က ပြုလုပ်တဲ့ မြန်မာ့အရေးကြားနာစစ်ဆေးမှုကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဖက်က တက်ရောက်သူ မရှိဘူးလို့ သိရပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ မြန်မာနိုင်ငံကို ၂၀၁၉ နိုဝင်ဘာလထဲ တရားစွဲခဲ့ပြီး ဒီဇင်ဘာလမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ မှာ လာရောက် တရားရင်ဆိုင်ခဲ့ပါတယ်။

ဒီနေ့ကြားနာမှုကို တရားရုံးအပြင်ဘက်မှာ လာရောက်စောင့်ဆိုင်းနေတဲ့ နယ်သာလန်ရောက် မြန်မာနိုင်ငံသားတွေက သူတို့ရဲ့ အမြင်ကို Delta News Agency ကို အခုလိုပြောပြထားပါတယ်။
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အာဂျင်တီးနားတရားရုံးကြားနာမည်

ရိုဟင်ဂျာလူမျိုးတုံုးသတ်ဖြတ်မှု အာဂျင်တီးနားတရားရုံးကြားနာမည်

လူမျိုးတုံးသတ်ဖြတ်ခံရမယ့်ဘေးကနေ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ကြုံတွေ့ခံစားခဲ့ရတဲ့အတွေ့အကြုံတွေကိုပထမဆုံးအကြိမ်အဖြစ် အာဂျင်တီးနားနိုင်ငံက တရားရုံးတခုမှာ ထွက်ဆိုခွင့်ရကြတော့မယ်လို့ ယူကေ အခြေစိုက် မြန်မာ ရိုဟင်ဂျာအဖွဲ့ BROUK က ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရသူ ၅ ဦး အပါအဝင် မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ခံခဲ့ကြရတဲ့ ရိုဟင်ဂျာတွေဟာ မနက်ဖြန် သြဂုတ် လ ၁၇ ရက်နေ့ကျရင် အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့က ပြည်ထောင်စု အယူခံတရားရုံးမှာ ထွက်ဆိုကြမှာ ဖြစ်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတကာ တရားစီရင်ရေးစံနစ်အောက်မှာ အာဂျင်တီးနားတရားရုံးက လက်ခံ ကြားနာတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဆယ်စုနှစ်တွေနဲ့ချီပြီး ကြိုးစားခဲ့ပြီးတဲ့နောက် အခုလို ထွက်ဆိုခွင့်ရတာဟာရိုဟင်ဂျာတွေအတွက် သမိုင်းဝင် ဖြစ်ရပ်တခုဖြစ်ကြောင်း မြန်မာ ရိုဟင်ဂျာအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်ဘက်နဲ့ အရပ်ဘက်ခေါင်းဆောင်တွေအပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ BROUK အဖွဲ့က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဦးတိုက် လျှောက်ထားခဲ့တာပါ။

၂၀၁၉ ခုနှစ်အတွင်း အာဂျင်တီးနားတရားရုံးမှာ အဲဒီလို လျှောက်ထားခဲ့ပြီးတဲ့နောက် ICC - နိုင်ငံတကာရာဇဝတ်ခုံရုံးနဲ့ ICJ - နိုင်ငံတကာ တရားရုံးတို့မှာ မြန်မာအပေါ် စွဲချက်တင်ထားတဲ့အမှုတွေအတွက် ကြားနာ စစ်ဆေးတာအပါအဝင် ရိုဟင်ဂျာအရေးအတွက် နိုင်ငံတကာတရားရုံးတွေမှာ ကြားနာစစ်ဆေးမှုတွေ အရှိန်ရလာနေပါတယ်။
https://burmese.voanews.com/a/rohingya-tunkhin-myanmar-genocide-brouk/6004230.html
#RohingyaGenocide #Genocide #Rohingya #VOABurmese#ရိုဟင်ဂျာ#ဦးထွန်းခင်#အာဂျင်တီးနား#ICJ
"အခု လတ်တလောမှာတင် တိုင်းရင်းသားဒေသတွေမှာ ၊အခြားသောနယ်တွေမှာ တပ်အင်အားအလုံးအရင်းနဲ့ သွားရောက်ပြီးတော့ ဖျက်ဆီးတာတွေ၊ နှိပ်စက်တာတွေ ၊ သတ်ဖြတ်တာတွေ၊ လုတာတွေ တွေ့ရှိပြီးသား၊ အဲဒါတွေက genocide (လူမျိုးတုန်းသတ်ဖြတ်မှု) တွေပဲ၊ အခု ၃၁၁ (က) အရ ပြဌန်းလိုက်တဲ့ ဥပဒေအရဆိုရင် သူတို့ဟာ ဂျီနိုဆိုက် ကျူးလွန်နေတာပဲ။ တကယ့်စေတနာအမှန်နဲ့ လုပ်တယ်ဆိုရင် သူတို့ကို အရင် အရေးယူရမယ်။ အဲလိုမဟုတ်ဘဲ ဒီဥပဒေကို ထုတ်ထားတယ်ဆိုရင်သူတို့ အတွက်မဟုတ်ရင် ဘယ်သူ့အတွက်လည်းဆိုတဲ့အခါကျတော့ လူထုအတွက် ဆိုတဲ့ အဓိပ္ပါယ် ပေါက်နေတယ်"

အမျိုးသား ညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး
#DVBTV #Genocide #WhatsHappeningInMyanmar

https://m.youtube.com/watch?v=TzDZJpP6UYE&feature=share&fbclid=IwAR2_lTsMSFO5RkvUQSBX3qMc1gV6CuCvLe8jw9qOZwKrmgP6JEqOJ8B6e1Y
Media is too big
VIEW IN TELEGRAM
ရိုဟင်ဂျာမျိုးနွယ်စု လူမျိုးတုန်းသတ်ဖြတ်ခံရမှု (၅) နှစ်ပြည့်နေ့နှင့်ပတ်သက်၍ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ၊ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (Free Rohingya Coalition) ၏ ပူးတွဲတည်ထောင်သူ ကိုရိုနေဆန်းလွင်နှင့် ဆက်သွယ်မေးမြန်းချက်

#video_clip_and_photo_credit

#Rohingya #Genocide #Interview
#FederalFM
အဲဒီလိုထိန်းချုပ်လုပ်ဆောင်လာနိုင်ခဲ့ရင်တော့ အေအေထုတ်ဖော်ပြောဆိုထားသလို ရခိုင်ဟာ ကွန်ဖက်ဒရေးရှင်းအဖြစ်လို့ အလိုလိုရောက်ရှိသွားပြီး ရခိုင်ဟာ အာဏာသိမ်းစစ်တပ်က ပထမဆုံးလွှတ်မြောက်လာမယ့် လူမျိုးဖြစ်လာမှာ အမှန်ပါပဲ။

ဒီလိုအခြေအနေတွေကို စိုးရိမ်ကြောက်လန့်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ အေအေနဲ့ထိတိုက်ရင်မဆိုင်ရဲတော့ပဲဒေသခံပြည်သူတွေကိုသာ ပိုမိုဖိအားပေးကန့်သတ်ပိတ်ဆို့လာနေပါတယ်။

မောင်တောမြို့ နယ်ကဒေသခံပြည်သူတွေကို သြဂုတ်လ ၂၅ ရက်နေ့ကစပြီးအပြင်ထွက်ရင် ဓာတ်ပုံရိုက်ယူထားသလို မှတ်ပုံတင်တွေကိုလည်း စစ်ဆေး
ပါတယ်။အဲလိုမျိုးတစ်ပါတည်းယူဆောင်လာရပြီး လူနဲ့အတူဓာတ်ပုံရိုက်ယူထားတာတွေကိုပါ ပြုလုပ်လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မောင်တောမြို့နယ်တစ်ခုလုံးကို အချိန်အခါတစ်ခုအထိသာပိတ်ဆို့ကန့်သတ်ထားလို့ရမှာဖြစ်ပြီးအချိန်ကြာလာရင်တော့ အာဏာ
သိမ်းစစ်ခေါင်းဆောင်းတွေအပါအဝင်ပြည်နယ်စစ်ကောင်စီနဲ့မောင်တောခရိုင်ကတာဝန်ရှိသူတွေအား လုံးဟာ နိုင်ငံတကာတရားရုံးမှာ ရာဇဝတ်သားတွေအ ဖြစ်အဖမ်းခံရမယ့်သူတွေဖြစ်တယ်ဆိုမလွှဲမက န်ပဲဖြစ်ပါတော့တယ်။

#BNA#စစ်တပ်#မောင်တော#Genocide#ရခိုင်# နယ်စပ်#
MSI - MYANMAR SOCIETY INFORMATIONS
Photo
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခံရမှုအောက်မေ့ဘွယ်နေ့ (၅) နှစ်ပြည့်နေ့ (Rohingya Genocide Remembrance Day)

ရိုဟင်ဂျာသည် လူမျိုးတစ်မျိုးဖြစ်သည့်အလျောက် ဂုဏ်သိက္ခာရှိသော လူတစ်မျိုးအနေဖြင့် ရပ်တည် ရှင်သန်ခွင့်ရှိသည်။ ထို့အပြင် ၎င်းတို့၏ ၀ိသေသလက္ခဏာများကို အခြားလူမျိုးမှသော်လည်းကောင်း၊ နိုင်ငံကို အုပ်ချုပ်နေသော အစိုးရကသော်လည်ကောင်း သွားရောက်ပြင်ဆင်သတ်မှတ် ခွင့်မရှိပါ။ သို့သော်လည်း ရိုဟင်ဂျာမျိုးနွယ်စုသည် နှစ်လေးဆယ်ကျော်ကြာ ခေတ်အဆက်အဆက်မှ အစိုးရ၏ ဖိနှိပ်မှုခံခဲ့ရပြီး ၂၀၁၇ ခုနှစ်မှ စ၍ ဆိုးရွားသော မြန်မာ့တပ်မတော်၏ လူမဆန်သည့် လူမျိုးတုန်းသတ်ဖြတ်မှုကို ခံစားကြုံတွေ့ခဲ့ရပြီး အခြားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ်အတွင်း အသတ်ခံရသော ရိုဟင်ဂျာလူမျိုး ၂၄၀၀၀ ခန့်ရှိနေပြီး ထိုကြောက်မက်ဖွယ် ဖြစ်စဉ်ကြောင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်သူ ၇၅၀,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။

ရိုဟင်ဂျာလူမျိုးများကြုံတွေ့ခဲ့ရသကဲ့သို့ မြန်မာပြည်တွင်းရှိ လူမျိုးစုများသည်လည်း ထို့ကဲ့သို့ဖြစ်ရပ်မျိုးကို ယနေ့တိုင် ခံစားကြုံတွေ့နေရဆဲဖြစ်သည်။ ထို့ကြောင့် ဗမာလူမျိုးကြီးဝါဒကို ကိုင်စွဲထားသော အကြမ်းဖက် မြန်မာ့စစ်တပ်၏ လူမဆန်သည့် လုပ်ရပ်များကို ရာသက်ပန်ရပ်တန့်နိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ လူမျိုးစုတိုင်းမှ လူထုများက ပြန်လည်တော်လှန်ကာ အမြစ်ပြတ်ချေမှုန်းရမည် ဖြစ်သည်။ ထို့အပြင် အာဏာရှင် အရိပ်သန်း နေသည့် မည်သည့် အစိုးရကိုမဆို ရှင်သန်ခွင့်ပေးသော အားပေးထောက်ခံမှုများ ဆက်မလုပ်သင့် ကြောင်းကို သင်ခန်းစာယူကြရမည်ဖြစ်သည်။

#Rohihgya #genocide
#FederalFM