MSI - MYANMAR SOCIETY INFORMATIONS
Photo
လုပ်ပေးမယ်ကွာလုပ်တာ။ အိမ်မှာပဲ အမြဲ ထိုင်လုပ်နေတာတော့ မဟုတ်ပါဘူး။ တိုက်ပွဲလည်း ငါကပဲ ရှေ့ကပဲ စတာပါကွာ။ ရှေ့ကပဲ တက်တာပါကွာ။ ဟဲဟဲ။
မေး - ဒီလိုလှုပ်ရှားမှုထဲရောက်အောင် ဘယ်အရာတွေက တွန်းအားဖြစ်စေခဲ့လဲ။
ဖြေ - အစောက ပြောသလိုပေါ့ကွာ၊ စစ်အာဏာရှင်အောက်မှာတော့ ဘာတစ်ခုမှ မကောင်းဘူး။ အာဏာသိမ်းပြီးကတည်းက စိတ်ကူးထားတာပဲ။ ငါ့သားသမီးတွေကိုတော့ ဒီစစ်အာဏာရှင်အောက်မှာ မထားနိုင်ဘူးဆိုပြီး လက်နက်ကိုင်လှုပ်ရှားမှုထဲ ရောက်လာတာပဲ။
မေး - လက်နက်ကိုင် တိုက်ပွဲကြားမှာ ဘာတွေ ဆုံးရှုံးခဲ့လဲ။
ဖြေ - အခု တောင်သူပိုင်းဆိုင်ရာ မလုပ်ရတော့ဘူးပေါ့ကွာ။ စွန့်လွှတ်ပစ်ရတာပဲ။ လုံးလုံး စွန့်လွှတ်တာတော့ မဟုတ်ဘူးပေါ့။ အားတဲ့အခါလေး ပြေးလုပ်တာပေါ့။ အလုပ်ရှိရင်ကျ တောင်သူလုပ်ငန်း ပစ်ထားခဲ့တာပ။ လှည့်ကို မကြည့်တော့ဘူးလေ။ ခွေးကြောင်းတွေ နီးလာပြီဆိုရင် လှည့်ကို မကြည့်တော့ဘူး။ အဲ့ဒီဘက်ပဲ အလုပ် စွတ်လုပ်တော့တာ။
မေး - စစ်တပ်ကို ပထမဆုံး လက်နက်ကိုင်တိုက်ခဲ့တဲ့ အတွေ့အကြုံတွေရှိရင် ပြောပြပေးပါဦးဗျ။
ဖြေ - အဲ့တုန်းက ငါ့သားတွေ အရင်သွားကြတာ။ ပထမဆုံး တိုက်ပွဲထဲ ရောက်တော့ ငါက လက်နက်မရှိတော့ ကိုယ့်ဘက်က လူတွေကို လိုက်ကြည့်၊ လက်နက်ကောင်းတဲ့ကောင်တွေကို စုခေါ်၊ ဘယ်နားလေးမှာ ခွေးတွေရှိတယ်၊ ပစ်ကွင်းကောင်းတယ်ဆိုပြီး နေရာလိုက်ချပေးတာ။
မေး - တိုက်ပွဲတွေထဲမှာ ထူးခြားပြီး အမှတ်ရနေတဲ့ တိုက်ပွဲအတွေ့အကြုံတွေရှိရင်လည်း ဝေမျှပေးပါဦးဗျ။
ဖြေ - အဲ့ပွဲတုန်းက မနက်အစောပိုင်း ခွေးတွေ ရွာနားကပ်လာတာ။ ကလေးတစ်ယောက်က ဦးလေး ကျုပ်တို့ ပစ်ရင် ရွာမီးရှို့မှာ သေချာတယ်ပြောတော့ ရွာကို မူးဘောင်နားကနေ ကပ်ပြီး ဝပ်နေတာ။ အပေါ်မူးဘောင်ရဲ့ အတွင်းဘက်ကနေ ကြည့်နေတာဆိုတော့ ငါတို့က အမြင့်ပိုင်းရောက်နေတော့ ခွေးတွေတက်လာတာကို မြင်နေရတာလေ။ ငါတော့ ခွေးတွေတက်လာပြီဆိုပြီး ပိတ်အော်ခွဲပစ်လိုက်တယ်။ ဘေးက ကလေးတွေက ဦးလေးမအော်နဲ့၊ ကျုပ်တို့ကို မြင်သွားလိမ့်မယ်ဆိုပြီး ပြောကြတယ်။ ဒါပေမယ့် ခွေးတွေက အသေတိုး တိုးလာတာ။ ပြီးတော့ ငါတို့ ဝပ်နေတဲ့နေရာကို စွတ်ပစ်တာ။ ကလေးတစ်ယောက် ပေါင်ထိပြီး ဒဏ်ရာရတယ်။ အဲ့ကလေးကို တိုက်ပွဲထဲကနေ အပြင်ထုတ်ရတာ။ တစ်ဦးကတော့ ပါးနှစ်ဖက်ကို ဖောက်သွားပြီး မျက်လုံးထိသွားတယ်။
မေး - တိုက်ပွဲနဲ့ပတ်သက်လို့ စိတ်ထဲ စွဲထင်နေတဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြပေးပါဦးဗျ။
ဖြေ - ထန်းတောကုန်းပွဲတုန်းကတော့ ရှိတယ်။ ကိုယ်က လူငယ်တွေနဲ့ယှဉ်ရင် မျက်စိသိပ်မကောင်းတော့ ခွေးဝပ်နေတဲ့နေတဲ့နေရာကို တွေ့ပေမယ့် ဝေခွဲမရဘူးဖြစ်နေတာ။ ဒါနဲ့ ဘေးနားက လူငယ်တစ်ယောက်ဆီ ကပ်သွားပြီး ဟေ့ကောင် ဟိုအရှေ့က မြင်နေရတာ ခွေးလားဆိုပြီး မေးတာမှာ မြင်သွားတော့ ဟိုဘက်က ပစ်စုတ်ထည့်လိုက်တာ ကျည်ဆံက မျက်နှာရှေ့ကနေ ဖြတ်သွားတာ။ ငါ့တောင်ဘက်က သွပ်ချပ်ကနေ ငါ့မြောက်ဘက်က ငါးထပ်သားကို ဖောက်ထွက်သွားတာ။ ငါးထပ်သား အသားစ ပါးကို စင်သွားတော့ သွေးလေးတွေ စို့လာတာနေမှာပေါ့ကွာ။ ဘေးက ကလေးက ဦးလေး ခင်ဗျားပါးကြီးက ဘာဖြစ်တာလဲ မေးတော့ အာ ဝက်ခြံညှစ်ထားလို့ ထွက်နေပါကွာလို့ ဟဲဟဲ။
မေး - တိုက်ပွဲ ဘယ်နှစ်ကြိမ် ပါပြီးပြီလဲ။
ဖြေ - ကိုးပွဲလောက်တော့ ပါပြီးပြီ။
မေး - စစ်ကိုင်းတိုင်းထဲက တောင်သူလယ်သမားတွေ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရသလဲ။
ဖြေ - အခုလောလောဆယ်တော့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်မားနေတော့ အလုပ်သမားကအစ အကုန် ဒုက္ခရောက်နေတာပေါ့။ လုံခြုံရေးပိုင်းတွေ၊ ကုန်ဈေးနှုန်း၊ ဆီဈေးနှုန်းကြီးတာတွေ၊ မီးရှို့ခံရတာတွေ ကြုံတွေ့နေရတယ်။ ထွန်စက်တွေကို မီးရှို့သွားတာတွေလည်း ကြုံရတယ်။
မေး - အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ လယ်သမားတွေနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်ပေးခဲ့သလဲ။ ဘယ်လို မူဝါဒတွေရှိတယ်လို့ရော ကြားဖူးလဲ။
ဖြေ - ဘာမှ လုပ်ဆောင်ပေးတာမရှိဘူး။ မူဝါဒတွေ ရှိတယ်လို့ မကြားမိဘူး။ လာလည်းမလာဘူး။ မျှော်လင့်ချက်လည်း မထားဘူး။
မေး - NUG အနေနဲ့ လယ်သမားတွေနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ပေးစေချင်လဲ။
ဖြေ - ငါကတော့ စစ်အာဏာရှင်ပြုတ်ကျရေးတစ်ခုတည်းကိုပဲ အရင်သွားမယ်တွေးထားတော့ လယ်သမားတွေအတွက် ဘာတွေလုပ်ပေးစေချင်လဲဆိုတာ မစဉ်းစားထားဘူး။
မေး - NUG နဲ့ ပတ်သက်ပြီး ဘယ်လိုအမြင်မျိုးရှိလဲဗျ။ ဖြေကြားပေးပါဦးဗျ။
ဖြေ - တို့ဘက်ကတော့ သူများရွာတွေ မစခင်ကတည်းက စလာခဲ့တယ်။ တို့ ထောက်ပံ့ကြေးတွေဘာတွေ မရခဲ့ဖူးဘူး။ တစ်ခုတော့ ရဖူးတယ်။ နှစ်သိန်းတော့ ရဖူးတယ်။ ငါ့ဆန္ဒတော့ တစ်စုတစ်စည်းတည်း အာဏာရှင်ကို တိုက်ထုတ်ရမယ် မြင်တာကိုး။ ငါ့ရွာတော့ ပကဖ၊ ပအဖ ဖွဲ့ဖို့ ပြောလာတာလည်းရှိတယ်၊ တစ်ဖွဲ့တည်းလုပ်မယ်ဆိုပြီး လုပ်နေတာပဲ။ ကိုယ့်ရပ်ရွာက ထောက်ပံ့တဲ့ငွေနဲ့ ရပ်တည်နေတာပဲ။ သူတို့ဆီကတော့ ဘာမှတော့ မမျှော်လင့်ပါဘူး။ ကိုယ့်ဘာသာ ရုန်းမှာပဲ။ NUG ဆိုပြီး ပအဖ၊ ပကဖ ဖွဲ့ဖို့ဆိုပြီး လာပြောတုန်းကတခါပဲ ရှိပြီး နောက်ပိုင်း ရောက်မလာတော့ဘူး၊ ကြားလည်းမကြာတော့ဘူး။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ။
Telegram Channel - https://t.me/socialdemocratchannel2022
#thesocialdemocratpost #ဆိုရှယ်ဒီမိုကရက်စာစဉ် #Interview #rebel_farmer #arm_struggle #အညာ

မန္တလေးမှာ စစ်အုပ်စုက NLD ခေတ် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဝန်ကြီးတွေကို ပြန်လွှတ်ပေး၊
လွတ်ရက်စေ့တဲ့ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ အမှုထပ်ဖွင့်၊
MFP ၊ နိုဝင်ဘာ - ၁၀
အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ ဥပဒေမဲ့ ဖမ်းဆီးထားသူတွေထဲက တချို့ကို ပြန်လွှတ်ပေးပြီး အများစုကို ဆက်လက် ဖမ်းဆီးထားကာ တချို့ကို အမှုတွေ ထပ်တိုးပြီး တရားစွဲတာတွေ လုပ်နေပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ယမန်နေ့နဲ့ ဒီနေ့ နိုဝင်ဘာ(၁၀)ရက်မှာ NLD အစိုးရလက်ထက် ခြေစွမ်းမပြနိုင်ဘူးလို့ ဝေဖန်ခံခဲ့ရတဲ့ ဝန်ကြီးတွေ ဖြစ်တဲ့ မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းနှင့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်တို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
#မန္တလေး #စစ်ကိုင်း #အညာ #ဝန်ကြီး #nld

::: သာသနာနဲ့ အညာ :::
ပရိယတ္တိပညာရေး သို့မဟုတ် စာသင်/စာချ လုပ်နေတဲ့သူအများစုက အညာသားတွေ…
စစ်ကိုင်း/ မကွေး/ မန္တလေး ဒီနယ်သားတွေက အများစု။ မဟန အဖွဲ့အစည်းထဲကြည့်မလား စစ်ကိုင်း မကွေး မန္တလေး သားတွေက အများဆုံး၊ မြန်မာပြည်ရဲ့ အမြင့်မြတ်ဆုံး အခက်အခဲဆုံးလို့သတ်မှတ်ထားတဲ့ တိပိဋကဘွဲ့ ရသူတွေထဲ ဒီနယ်သားတွေအများကြီး။
ဒီဘုန်းကြီးတွေ ရဟန်းတွေ စာသင်သားဘဝကတည်းက အညာသူ အညာသားတွေ ဘယ်လိုပံ့ပိုးသလဲ နည်းနည်းပြောပြမယ်။
စာသင်တိုက်ကနေစာမေးပွဲဖြေပြီးလို့ရွာပြန်လာလို့ဖြစ်စေ…သီတင်းကျွတ်အလည်ပြန်လာလို့ဖြစ်စေ… ရွာဘုရားပွဲရှိလို့ ပဌာန်းပွဲ ရှိလို့ ခဏကြွလာသည်ဖြစ်စေ… ဘယ်လိုအကြောင်းကြောင့်လာလာ အမြဲဂရုစိုက်ကြတယ်။ ညနေခင်း ညခင်း အိမ်အလည်ပင့်ကြတယ်။ အချိုရည်၊ အသုပ်၊ ထမင်း၊ ကွမ်း၊ ဆေးလိပ် လေးလေးစားစား အထွဋ်အမြတ်ထားပြီး လုပ်ပေးတယ်။ ဘောလုံးကန် ခြင်းခတ် အညောင်းအညာပြေအနေနဲ့ အပြစ်ကိုမမြင်ဘူး။ စာသင်သားလေးတွေ သာသနာ့ဘောင်ပျော်နေရင်ပြီးတာပဲ၊ ရွာလာတုန်းခဏ စိတ်လွတ်ကိုယ်လွတ်နေကြရတာ နေပါစေဆိုပြီး။
အညာက ထန်းရည်သောက်ချင်ရင်လည်း အမြည်းပါလုပ်ပေးတယ်။ သင်္ကြန်ဆိုလည်း ရေကစားမလား ကျောင်းလာတဲ့ ကောင်မလေးတွေ စိတ်ကြိုက်လောင်း၊ အဲ့တာမှ အားမရရင် ရွာထဲထိ လာလောင်း ဘယ်အညာသူ/ သား က မှ အပြစ်မပြောဘူး၊ သူတို့လည်း ပျော်ချင်မှာပဲ လူငယ်ပဲ ကြီးရင်ပြင်သွားလိမ့်မယ်ဆိုပြီး ခွင့်လွှတ်ပေးခဲ့ကြတယ်။
ရွာမှာ သာရေး နာရေး ရှိလည်း မြို့ကနေ စာသင်ပြန်လာတဲ့သူပဲ ဆိုပြီး ဦးစားပေးတယ်။ သာရေး နာရေး၊ ရှိသမျှ ဘာသာရေး ပွဲ အကုန်ပင့်တယ်။ မြို့ကို စာသင်ပြန်ကြွတော့မယ်ဆိုလည်း ပိုက်ဆံတတ်နိုင်တဲ့သူက ပိုက်ဆံ၊ မြေပဲဆံ၊ ထန်းလျက်၊ မြေပဲယို၊ စတဲ့ အညာဒေသထွက်စားစရာတွေ တတ်နိုင်သရွေ့ထောက်ပံ့ခဲ့ကြတယ်။ စာသင်တိုက်ကြီးတွေကနေ ဆန်၊ ဆီ၊ ကြက်သွန် စသည် အလှူခံလာကြတော့လည်း တတ်နိုင်သရွေ့ ထောက်ပံ့ပေးခဲ့ကြတာပဲ။ ကျောင်းဆောက်ဖို့လာအလှူခံကြလည်း နိုင်သမျှရှာဖွေလှူဒါန်းခဲ့ကြတာပဲ။
အညာဒေသရဲ့ ဆွမ်းတစ်လုတ် မစားဘူးပါဘူးဆိုတဲ့ ဘုန်းကြီးရှိရင်ပြစမ်းပါ လို့ မေးကြည့်ချင်တယ်။ အခု ဘွဲ့တံဆိပ်တော်ရဆရာတော်တွေ၊ မဟန ဆရာတော်တွေ၊ စာသင်တိုက်တွေက စာချဆရာတော်တွေ၊ တိပိဋက ဆရာတော်တွေ၊ ကျောင်းထိုင်ဆရာတော်တွေ ငယ်စဥ်စာသင်သားဘဝတုန်းက ရယူခဲ့တဲ့ အညာသူ အညာသားတွေရဲ့ ကျေးဇူးတရားကို ၁မိနစ်လောက် ပြန်အောက်မေ့ ကြည့်ကြပါဦး။
အခုချိန်ကာလမှာ အညာက ရွာတွေ၊ အိမ်တွေ၊ ကလေးငယ်တွေ၊ လူကြီးတွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းတွေ၊ လူငယ်တွေ မီးလောင်တိုက်သွင်းခံနေရ၊ သတ်ဖြတ်ခံ နှိပ်စက်ခံနေရ၊ အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရပါတယ်။
ကျူးလွန်နေသူတွေကို ဘယ် မဟန ကမှ ဒါတွေမလုပ်ဖို့ မတားဘူး၊ မပြောဘူး။ ဘယ်တိပိဋက ဘွဲ့တံဆိပ်ရကမှလည်း အသံထွက်တာမတွေ့ရ မကြားရဘူး။ ဘယ်စာသင်တိုက်ကမှလည်း မေတ္တာမရပ်ခံကြသလို ဘယ်ဓမ္မကထိက အကျော်အမော်တွေကမှလည်း ဒါတွေမလုပ်ကြဖို့ တရားမဟောဘူး။
အရှင်ဘုရားတို့ နေနိုင်ရက်တယ်နော်။
အညာကျေးဇူးတွေ သာသနာမှာ (သို့) အရှင်ဘုရားတို့ရဟန်းတော်တွေ ဘုန်းတော်ကြီးတွေပေါ်မှာ ပြောမကုန်အောင်ရှိတယ် ဘုရား။
ဒီအညာသူ/သားတွေ နေ့စဥ် အနိုင်ကျင့် သတ်ဖြတ်ခံနေရချိန်၊ အညာရွာတွေ မီးလောင်တိုက်သွင်းခံနေရချိန်၊ အညာက ကလေးတွေကို ရဟတ်ယာဥ်တွေနဲ့ ဗုံးကျဲ ပစ်ခတ် သတ်ဖြတ်ခံနေရချိန် အရှင်ဘုရားတို့က စာသင်မပျက်ဘူး၊ စာချမပျက်ဘူး၊ တိပိဋက စာမေးပွဲ၊ ဓမ္မာစရိယစာမေးပွဲ၊ လင်္ကာရစာမေးပွဲ၊ ဘိဝံသစာမေးပွဲ၊ စာမေးပွဲပေါင်းများစွာနဲ့ (သာသနာပြု) မပျက်ဘူး။ ၄၇ ပါးစုံညီစည်းဝေးပြီး သြဝါဒပေးမပျက်ကြဘူး။
အညာမှာ၊ မြန်မာနိုင်ငံမှာ ဘာမှမဖြစ်နေသယောင် နေတတ် ခေါင်းရှောင်တတ်လိုက်ကြတာ။
အညာမှာ ရွာမီးတင်ရှို့ ခံရလို့ စစ်ပြေးလာတဲ့ အညာသူ/သားတွေကို စာသင်တိုက်မို့၊ ရိပ်သာမို့ တည်းခိုခွင့်မပြုနိုင်ဘူးတဲ့လား၊ အညာသားတွေ/သူ တွေမို့၊ စစ်ရှောင်တွေကြောင့် အရှင်ဘုရားတို့ဆီပြဿနာတက်မှာကြောက်လို့ တည်းခိုခွင့် မပြုနိုင်ဘူးတဲ့လား။
မြန်မာနိုင်ငံက ဘုန်းကြီးရဟန်းတွေကို မေးချင်ပါတယ်။
၁။ ဘွဲ့တံဆိပ်တွေပျောက်မှာ ကြောက်တာလား၊
၂။ ကျောင်းပျောက်မှာကြောက်တာလား၊
၃။ ရာထူးနေရာပျောက်မှာကြောက်တာလား၊
မေးခွန်းတစ်ခုလျှင် ၂၀ မှတ်ပါဘုရား။
၅/ ဘထွေးလေး
စက်တင်ဘာ ၂၆. ၂၀၂၂
#အာလူး
#အညာ
#သာသနာ

Forwarded from မြေလတ်အသံ - Myaelatt Athan
ကျမတို့ ခွဲခြားဆက်ဆံခံရတာတွေက တော်လှန်ရေးခရီးမှာ စိန်ခေါ်မှုကြီး ဖြစ်လာနေတယ် (အမျိုးသမီးကဏ္ဍ)
မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄။
တော်လှန်ရေးကာလ ၃ နှစ်တင်းတင်း ပြည့်သွားတဲ့အထိ စစ်ကောင်စီကို မဆုတ်မနစ် တော်လှန်တိုက်ထုတ်နေကြတဲ့ အညာတခွင်က တော်လှန်ရေးအင်အားစုတွေထဲမှာ မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်း M2W (Myaung Women Warriors) လည်း ပါဝင်ပါတယ်။
တပ်ရင်းဆိုပေမယ့် အာဏာရှင်စနစ်ကို ဖြုတ်ချရေးမှာ တိုက်ခိုက်ရေးပိုင်းမဟုတ်တဲ့ ကျရာကဏ္ဍအသီးသီးကနေ မြောင်နယ်ထဲမှာ ၃ နှစ်တိုင်တိုင် ရုန်းကန်ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။
M2W ဟာ ဒီကာလတွေထဲမှာ အခက်အခဲမျိုးစုံ ကြုံခဲ့ရသလို တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ကြားထဲမှာလည်း ခွဲခြားဆက်ဆံခံရတာတွေ၊ ငြိုငြင်ဘေးဖယ်ခံရတာမျိုးတွေလည်း ကြုံခဲ့ရတယ်လို့ M2W တပ်ရင်းဆီက သိရပါတယ်။
သူတို့ တွေ တော်လှန်ရေးခရီးကြမ်းကို ဘယ်လိုဖြတ်သန်းလာခဲ့ရလဲ။ လက်ရှိ ဘာတွေလုပ်နေလဲဆိုတာကို M2W ထောက်ပို့တာဝန်ခံ အမရာကို မြေလတ်အသံ ရုပ်သံကနေ မေးမြန်းတင်ဆက်ထားပါတယ်။
အင်တာဗျူး - နမ်းခမ်း၊ သတင်းနှင့် တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ရုပ်သံ #တော်လှန်ရေး #M2W #ရဲမေ #အညာ #အမျိုးသမီးကဏ္ဍ
https://youtu.be/0mzWYdZgRRw

YouTube
ကျမတို့ ခွဲခြားဆက်ဆံခံရတာတွေက တော်လှန်ရေးခရီးမှာ စိန်ခေါ်မှုကြီး ဖြစ်လာနေတယ် (အမျိုးသမီးကဏ္ဍ)
ကျမတို့ ခွဲခြားဆက်ဆံခံရတာတွေက တော်လှန်ရေးခရီးမှာ စိန်ခေါ်မှုကြီး ဖြစ်လာနေတယ် (အမျိုးသမီးကဏ္ဍ)
မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄။
တော်လှန်ရေးကာလ ၃ နှစ်တင်းတင်း ပြည့်သွားတဲ့အထိ စစ်ကောင်စီကို မဆုတ်မနစ် တော်လှန်တိုက်ထုတ်နေကြတဲ့ အညာတခွင်က တော်လှန်ရေးအင်အားစုတွေထဲမှာ…
မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄။
တော်လှန်ရေးကာလ ၃ နှစ်တင်းတင်း ပြည့်သွားတဲ့အထိ စစ်ကောင်စီကို မဆုတ်မနစ် တော်လှန်တိုက်ထုတ်နေကြတဲ့ အညာတခွင်က တော်လှန်ရေးအင်အားစုတွေထဲမှာ…
Forwarded from မြေလတ်အသံ - Myaelatt Athan
PDF ထဲကို စနေမ ဘယ်လိုရောက်လာခဲ့တာလဲ (အမျိုးသမီးကဏ္ဍ)
မြေလတ်အသံ၊ ဧပြီ ၁၈၊ ၂၀၂၄။
စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအစမှာကတည်းက လက်နက်နဲ့ တော်လှန်ချင်ခဲ့တာဖြစ်ပေမယ့် အိမ်ကခွင့်မပြုခဲ့လို့ အခုမှလက်နက်ကိုင်ခွင့်ရခဲ့သူပါ။
မန္တလေးတိုင်း ကျောက်ဆည်မြို့က အသက် ၁၈နှစ်အရွယ် စနေမ ဖြစ်ပါတယ်။ စစ်တပ်က မတရားအာဏာသိမ်းလိုက်ချိန်က သူဟာ အလယ်တန်းကျောင်းသူပဲ ရှိပါသေးတယ်။
အမျိုးသားရဲဘော်တွေနဲ့ တန်းတူ စစ်ပညာကိုသင်ယူနေရတာ သူအတွက်အခက်အခဲတွေရှိနေမလား။ နေထိုင် စာသောက်ရေးနဲ့ ကျန်းမာရေး အခြေအနေကရော သူ့အတွက် ဘယ်လိုရှိနေမလဲ။ ဒီအခက်အခဲတွေကို သူဘယ်လိုဖြတ်ကျော်နေပါသလဲ...
အင်တာဗျူး - ကျော်ကြီး
သတင်းနှင့်တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#အမျိုးသမီးကဏ္ဍ #CDMကျောင်းသူ #တော်လှန်ရေးရဲမေ #စနေမ #အညာ
https://youtu.be/RR8sY_O6SK8

မန္တလေးတိုင်း ကျောက်ဆည်မြို့က…
မြေလတ်အသံ၊ ဧပြီ ၁၈၊ ၂၀၂၄။
စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအစမှာကတည်းက လက်နက်နဲ့ တော်လှန်ချင်ခဲ့တာဖြစ်ပေမယ့် အိမ်ကခွင့်မပြုခဲ့လို့ အခုမှလက်နက်ကိုင်ခွင့်ရခဲ့သူပါ။
မန္တလေးတိုင်း ကျောက်ဆည်မြို့က…
Forwarded from မြေလတ်အသံ - Myaelatt Athan
အညာမြေရောက် ရန်ကုန်သူ ရဲဘော်ဖူး (အင်တာဗျူး) အပိုင်း ၂
မြေလတ်အသံ၊ ဇူလိုင် ၁၃၊ ၂၀၂၃။
တောင်ပိုင်းမှာ စစ်သင်တန်းတက်ပြီးတဲ့နောက် တူမီးတွေနဲ့ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ အညာကို ကူဖို့ ရဲဘော်ဖူးတို့ 96 Soldiers အဖွဲ့ ကရင်ပြည်နယ်ထဲကနေ အညာကို ရွှေ့ခဲ့ကြပါတယ်။
တောတောင်တွေအပြည့်နဲ့ တိုက်ပွဲဝင်ရတဲ့တောင်ပိုင်းနဲ့ ထန်းပင်တွေလောက်ပဲကွယ်စရာရှိတဲ့ အညာကို ရောက်သွားချိန်မှာ ဘာတွေကြုံတွေ့ခဲ့ရလဲ။
အညာက တိုက်ပွဲတွေအကြောင်း၊ အညာပြည်သူတွေရဲ့အကြောင်းနဲ့ အညာမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေအကြောင်းကို အခုတင်ဆက်ပေးမယ့် "အညာမြေရောက် ရန်ကုန်သူ ရဲဘော်ဖူး" ရဲ့ အင်တာဗျူး အပိုင်း ၂မှာ မြင်တွေ့ရမှာပါ။
#မြေလတ်အသံ
#အင်တာဗျူး #အညာ #96Soldiers #ရဲဘော်ဖူး
https://youtu.be/C3YB27nykxE

ဇေယျာလွင်ပြောတဲ့ အညာအကြောင်း တစေ့တစောင်း (အင်တာဗျူး)
မြေလတ်အသံ၊ သြဂုတ် ၂၉၊ ၂၀၂၄။
ကျောင်းသားခေါင်းဆောင်ဟောင်း၊ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူ၊ လက်ရှိမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ 96 Soldiers တပ်ဖွဲ့ရဲ့ တာဝန်ခံလည်းဖြစ်တဲ့ ကိုဇေယျာလွင်ကို မြေလတ်အသံသတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
သူဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ခဲ့ပါတယ်။
အဲဒီနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၉ သင်္ကြန်ကာလမှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့နဲ့အတူ သူဟာ စစ်တပ်ကို သံချပ်ထိုးဝေဖန်ခဲ့တာကြောင့် ထောင်သွင်းအကျဉ်းချခံခဲ့ရာကနေ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ဧပြီမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ထောင်ကလွတ်ပြီးနောက် ကိုဇေယျာလွင်ဟာ စစ်အာဏာရှင်ပြုတ်ကျရေးနွေဦးတော်လှန်ရေးမှာ ဆက်လက်ပါဝင်ခဲ့ရာကနေ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး 96 Soldiers တပ်ဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။
သူ့ကို နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်း၊ အညာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအောင်မြင်မှုနဲ့ နယ်မြေစိုးမိုးထားနိုင်မှု အခြေအနေ တစေ့တစောင်းကို မြေလတ်အသံက မေးမြန်းဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် တော်လှန်ရေးအလွန် အညာဒေသ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လက်နက်ဖြုတ်သိမ်းရေး အစီအစဉ်၊ လက်နက်ကိုင်တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ တာဝန်ယူ၊ တာဝန်ခံရမယ့်ကိစ္စရပ် စတာတွေနဲ့ပတ်သက်လို့လည်း မေးမြန်းထားပြီး ပထမပိုင်းအနေနဲ့ တင်ဆက်လိုက်ပါတယ်။
#မြေလတ်အသံ
#အင်တာဗျူး #ဇေယျာလွင် #96Soldiers #အညာ #ကျောင်းသားခေါင်းဆောင်
https://youtu.be/nTjiiNKp1CE

ဇေယျာလွင်ပြောတဲ့ အညာအကြောင်း တစေ့တစောင်း
ဇေယျာလွင်ပြောတဲ့ အညာအကြောင်း တစေ့တစောင်း (အင်တာဗျူး)
မြေလတ်အသံ၊ သြဂုတ် ၂၉၊ ၂၀၂၄။
ကျောင်းသားခေါင်းဆောင်ဟောင်း၊ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူ၊ လက်ရှိမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ 96 Soldiers တပ်ဖွဲ့ရဲ့ တာဝန်ခံလည်းဖြစ်တဲ့ ကိုဇေယျာလွင်ကို…