MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ရဲဘော်သစ်တွေကို လက်နက်တပ်ဆင်ပေးမယ့် ောမြို့ပါရီကမ်ပိန်း (ရုပ်/သံ)

ဂန့်ဂေါ၊ မတ် ၁၅၊ ၂၀၂၄။

မကွေးတိုင်း၊ ောဒေသ၊ ဂန့်ဂေါနယ်အခြေစိုက် ောကာကွ်ရေးတပ် YDF မှာ သင်တန်းဆင်းရဲဘော်သစ်တွေ တိုက်ပွဲဝင်နိုင်ဖို့အတွက် လက်နက်ခဲယမ်း လိုအပ်နေတာကြောင့် ောမြို့ပါရီကမ်ပိန်းကို ပြုလုပ်ရတာလို့ YDF တပ်ဆီက သိရပါတယ်။

ောမြို့ပါရီ ကမ်ပိန်းကာလကို မတ် ၁၀ ရက်ကနေ ဧပြီ ၁၀ ရက်ထိ သတ်မှတ်ထားပြီး ကျပ်သိန်း ၃၀၀၀ (သိန်းသုံးထောင်ကျပ်) ရရှိဖို့အတွက် ရံပုံငွေရှာဖွေသွားမယ်လို့ သိရပါတယ်။

ောကာကွ်ရေးတပ်ဟာ ပြည်သူလူထု အားကိုးအားထားရတဲ့ တပ်ဖွဲ့တခုဖြစ်အောင်ကြိုးစားနေသလို ပြည်သူလူထုအနေနဲ့လည်း စိတ်အားမငယ်ကြဖို့၊ အားတင်းထားကြဖို့နဲ့ YDF ရဲဘော်သစ်တွေရဲ့ ောမြို့ပါရီကမ်ပိန်းမှာ တတ်အားသမျှပါဝင်ပေးကြဖို့ တိုက်တွန်းကြောင်းကိုလည်း YDF ဦးဆောင်သူ ကိုမြတ်သူ က ပြောပါတယ်။

ကမ်ပိန်းမှာ မိဘပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ပမာဏ နည်းများမဆို YDF ကိုတိုက်ရိုက်ဖြစ်စေ Fundraiser တွေကတဆင့်ဖြစ်စေ လှူဒါန်းနိုင်ပြီး ထောက်ပို့၊ အလှူရှင်တိုင်းအတွက် Certificate တွေကို တပါတည်းထုတ်ပေးသွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် ောဒေသမှာ သပိတ်စစ်ကြောင်းတွေ အကြမ်းဖက်ဖြိုခွဲတာ၊ ပြည်သူတွေကို မတရားဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာတွေကိုလည်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ောဒေသလူငယ်တချို့က ဆန္ဒပြတာတွေကို မလုပ်နိုင်တော့ဘဲ စစ်ကောင်စီကိုတော်လှန်ဖို့အတွက် လက်နက်ခဲယမ်းရရှိဖို့ နယ်စပ်ဒေသတွေအထိ သွားရောက် ချိတ်ဆက်ပြီး ၂၀၂၁ မေ ၁၂ ရက်မှာ ောကာကွ်ရေးတပ်ဖွဲ့ YDF ကိုစတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

YDF တပ်ဖွဲ့ကိုဖွဲ့စည်းပြီး တူမီးသေနတ်၊ လက်လုပ်သေနတ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စတင်တိုက်ခိုက်ခဲ့သလို ပြောက်ကျားနည်းစနစ်နဲ့လည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၇ ရက်ကလည်း YDF ရဲဘော် ၂ ဦးမှာ မြောက်ခင်ရမ်းပျူနဲ့စစ်သားတွေရဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာကို ခံခဲ့ရတယ်လို့ သိရပါတယ်။

ောကာကွ်ရေးတပ်ဖွဲ့အနေဖြင့် စနစ်ကိုအဓိက တော်လှန်နေတာဖြစ်ပြီး အာဏာရှင်စနစ် ပျက်သုဥ်းသွားပြီးမှသာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုစတဲ့ လူသားတယောက်ရပိုင်ခွင့်တွေကို ရရှိမှာဖြစ်ပြီး ရတဲ့အထိလည်း တော်လှန်သွားမယ်လို့ ဆိုပါတယ်။

သတင်း - စောကျော်ငြိမ်း၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#မကွေး #ယော #ဂန့်ဂေါ #YDF #လက်နက်ခဲယမ်းလိုအပ် #ကမ်ပိန်း

https://youtu.be/URL7ROXp2tY
ရှေ့တန်းမှာ ဟင်းစားရှာချက်ပြုတ်စားကြတဲ့ YDF က ရဲဘော်တွေ (ရုပ်/သံ)

ော၊ မတ် ၂၃၊ ၂၀၂၄။

မကွေးတိုင်း၊ ောဒေသ၊ ဂန်ဂေါနယ်အတွင်းရှိ ောကာကွ်ရေးတပ်ဖွဲ့ YDF က ရဲဘော်တွေက ဟင်းစားရဖို့အတွက် အလှည့်ကျ ဖား၊ ငါး၊ ခရု၊ ရှဉ့် တွေကို ရှာဖွေစားသောက်ရတယ်လို့ သိရပါတယ်။

အဲ့ဒီ အသား၊ ငါးတွေ မရတဲ့အခါမှာတော့ မျှစ်၊ မှို၊ ငှက်ပျောဖူးတွေ ရှာဖွေချက်ပြုတ်ရင်း တနေ့တာ ဝမ်းဝရုံမျှသာ စားသောက်ရပေမယ့် တော်လှန်ရေးကာလကို ပျော်ရွှင်စွာနဲ့ဖြတ်သန်းနေကြတယ်လို့ YDF သတင်းတာဝန်ခံက ပြောပါတယ်။

အလားတူ ောဒေသ၊ ဆောနယ်ထဲက Khut Daung Company Saw-PDF ရဲဘော်တွေကလည်း ရှေ့တန်းထွက်တဲ့အခါ ရက်ပေါင်း ၆၀ ခန့်ကြာတတ်ပြီး ဒန်အိုး၊ ဒယ်ပိုင်းနဲ့ ရိက္ခာတချို့ သယ်ူသွားကာ ရဲဘော်တွေ ဝေမျှစားသောက်ရတယ်လို့ ရဲဘော်တဦးက ဆိုပါတယ်။

ရှေ့တန်းထွက်ရတဲ့ နယ်မြေပေါ်မူတည်ပြီး ရိက္ခာူရတာ မတူညီသလို နောက်တန်းမှလည်း ရိက္ခာပို့ဆောင် ပေးရတယ်လို့ သိရပါတယ်။

သတင်း - စောကျော်ငြိမ်း၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#မကွေး #ယော #ဂန့်ဂေါ #ဆော #YDF #SawPDF #ရိက္ခာ

https://youtu.be/VMifzqJhUyk