MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
[English below]

“မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်။ ငါရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ”

— ဆလိုင်းတင်မောင်ဦး
(ဇွန် ၂၆, ၁၉၇၆)

#GSC #UYSU #SalaiTinMaungOo #Whatshappeninginmyanmar

👇
၁၀၂ နှစ်ပြည့် ပထမကျောင်းသားသပိတ် (ဝါ) အမျိုးသားနေ့

၁၃၈၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်

ဗြိတိသျှနယ်ချဲ့အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက်ခဲ့သော ပထမကျောင်းသားသပိတ်သည် ယနေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ (နိုဝင်ဘာ ၁၇ ရက်နေ့) တွင် ၁၀၂ နှစ်ပြည့်လေပြီ။ ပထမကျောင်းသားသပိတ်သည် ရန်ကုန်တက္ကသိုလ်နှင့်အတူ ပေါ်ပေါက်လာသည်ဖြစ်ရာ မြကျွန်းညိုညိုအမိတက္ကသိုလ်သည်လည်း လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ၁၀၂ နှစ်ပြည့်မည်ဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေးကာလတွင် အမျိုးသားနေ့ဟု သတ်မှတ်ခဲ့သော ပထမကျောင်းသားသပိတ်သည် ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်း၏ အစကနဦးပင်တည်း။

Read More >>>

#ABFSU #ဗကသ #UYSU #ရတကသ #Universityofyangon #Whatshappeninginmyanmar #ပထမ #ကျောင်းသားသပိတ် #အမျိုးသားအောင်ပွဲနေ့
"ခွပ်ဒေါင်း ကဒေါင်း တေးဆိုတဲ့ ဒေါင်း"

https://fb.watch/hGJBD4m9GA/

#UYSU #Studentmovements #Studentprotests #ခွပ်ဒေါင်း #ကဒေါင်း #တေးဆိုတဲ့ဒေါင်း
MSI - MYANMAR SOCIETY INFORMATIONS
Photo
သမဂ္ဂကျောင်းသား ကိုအောင်ဆန်း

◾️ နယ်ချဲ့စနစ်နှင့် ဖက်ဆစ်စနစ်ကို ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်ခဲ့သည့် ကိုအောင်ဆန်း၏ မွေးနေ့မှာ ယနေ့ဆိုလျှင် ၁၀၈ နှစ် ပြည့်လေပြီ။

သူသည် ငယ်စဉ်ကတည်းက အမျိုးသားရေး၊ နိုင်ငံရေးတို့အား အထူးစိတ်ဝင်စားပြီး ရေနံချောင်းအမျိုးသားကျောင်းတွင် ကျောင်းသားသမဂ္ဂအမှုဆောင်အဖြစ် ပါဝင်ခဲ့သည်။

၁၉၃၅ - ၁၉၃၆ စာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်တဦးအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၃၆ ခုနှစ် ဇန်နဝါရီလထုတ်၊ အတွဲ ၅၊ အမှတ် ၁ အိုးဝေမဂ္ဂဇင်း အင်္ဂလိပ်ကဏ္ဍတွင် "ငရဲခွေးကြီးလွတ်နေပြီ" ဟူသော ဆောင်းပါး ပါရှိလာသည်။ ထိုဆောင်းပါးတွင် တက္ကသိုလ်အာဏာပိုင်တဦး၏ မတရားမှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထားရာ ကျောင်းရှိ အာဏာပိုင်များကိုသာမက ညွန့်ပေါင်းအစိုးရကိုပါ အဖျားခတ်နေသည်။

ဆောင်းပါးရေးသားသူ ယမမင်း ကလောင်ရှင်၏ အမည်ရင်းကိုမူ မသိကြပေ။ ထို့ကြောင့် ကျောင်းအုပ်ကြီးက အယ်ဒီတာ ကိုအောင်ဆန်းကို ဆောင်းပါးရှင်အမည် ဖော်ထုတ်ပေးရန် တောင်းဆိုလာသည်။ ကိုအောင်ဆန်းက အယ်ဒီတာကျင့်ဝတ်နှင့်အညီ ဆောင်းပါးရှင်အား မပြောနိုင်ကြောင်း အရေးယူလိုလျှင် မိမိအား အရေးယူနိုင်ကြောင်း ပြောသည်။

ဤဆောင်းပါးအား ထည့်သွင်းစေသည်ဟူသော အကြောင်းပြချက်ဖြင့် တကသဥက္ကဋ္ဌ ကိုနု ကို ကျောင်းထုတ်သည်။ ဆောင်းပါးရှင်အား အမည်မဖော်သည့်အတွက် ကိုအောင်ဆန်း ကိုလည်း ကျောင်းထုတ်သည်။

ထိုအခါ ကျောင်းသားများက မကျေနပ်‌ကြတော့ဘဲ သမိုင်းဝင် ဒုတိယကျောင်းသားသပိတ်ကြီး ဖြစ်ပေါ်လာခဲ့သည်။

ထိုမှတဆင့် တပြည်လုံးရှိ ကျောင်းသားများအား စည်းရုံး၍ ပိုမိုခိုင်မာကျစ်လစ်သော လှုပ်ရှားမှုများဆောင်ရွက်ကြရန် ရည်ရွယ်ချက်ဖြင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ - ဗကသ (All Burma Students' Union - ABSU) ပေါ်ပေါက်လာခဲ့သည်။

ကိုအောင်ဆန်းသည် ၁၉၃၇ - ၃၈ ခုနှစ်တွင် ဗကသဥက္ကဋ္ဌအဖြစ်‌လည်းကောင်း၊ ၁၉၃၈ - ၁၉၃၉တွင် ဗကသနှင့် တကသဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထို့နောက် အခြားသောနိုင်ငံရေးတာဝန်များ ဆောင်ရွက်ရန် သမဂ္ဂမှထွက်ပြီး လွတ်လပ်ရေးအတွက် ဆက်လက်ကြိုးပမ်းခဲ့သည်။

၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့‌တွင် မွေးဖွားခဲ့သော ကိုအောင်ဆန်းသည် သက်ရှိထင်ရှားရှိမည်ဆိုလျှင် ယနေ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ၁၀၈ နှစ် ပြည့်မည် ဖြစ်သည်။

#UYSU #ABSU #KoAungSan #Oway #အိုးဝေ #ကိုအောင်ဆန်း #တကသ #ဗကသ
MSI - MYANMAR SOCIETY INFORMATIONS
Photo
ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ရတကသ အလုပ်အမှုဆောင် ကိုအောင်ဖုန်းမော် တက်ရောက်ဟောပြော

မတ် ၃၊ ရတကသ

ထိုင်းနိုင်ငံ လွှတ်တော်မှာ မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်ဖုန်းမော် တက်ရောက် ဟောပြောခဲ့ပါတယ်။

“အာဏာသိမ်းပြီး သုံးနှစ်အကြာ” လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီဆွေးနွေးပွဲကို ထိုင်းအတိုက်ခံပါတီဖြစ်တဲ့ Move Forward ပါတီက ဦးဆောင်ကျင်းပခဲ့တာပါ။

"တခြားကမ္ဘာ့နေရာ တော်တော်များများက လူငယ်တွေ လွယ်လွယ်ကူကူ ရနေကြတဲ့အခွင့်အရေးတွေကို မြန်မာပြည်က လူငယ်‌တွေက ခက်ခက်ခဲခဲကြီး တိုက်ယူနေကြရတယ်။ ဒီအကြောင်းတွေကို ဆွေးနွေးပွဲတက်ရောက်သူတွေ သိအောင် အဓိကထား ပြောခဲ့ပါတယ်။" လို့ ကိုအောင်ဖုန်းမော်က ပြောပါတယ်။

"ဂုဏ်သိက္ခာမရှိ အနာဂတ်မရှိတဲ့ ဘဝနဲ့ နေမယ့်အစား လူငယ်‌တွေဟာ အမှန်တရားအတွက် ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ အသက်တွေနဲ့ အလဲအထပ်လုပ်နေရတယ်။"

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အပါအဝင် ၊ ဗဟိုပြည်မအုပ်ချုပ်ရေးစနစ်၊ ဗမာ/ဗုဒ္ဓ လူမျိုးကြီးအတွေးအခေါ်တွေနဲ့ တိုင်းပြည်ကို စုစည်းလို့မရနိုင်တော့ကြောင်းကိုလည်း အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်း လက်ရှိအခြေအနေများ နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြေရှင်းရာမှာ ဒီမိုကရေစီကို ပံ့ပိုးကူညီနိုင်မယ့် နည်းလမ်းများကို ရှာဖွေဆွေးနွေးဖို့ ထိုင်းနိုင်ငံ လွှတ်တော်ထဲမှာ နှစ်ရက်တာကြာမြင့်တဲ့ ဆွေးနွေးပွဲကို မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ကျင်းပ ပြုလုပ်ခဲ့တာပါ။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ပေါင်းပြီးတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပံ့ပိုးပေးမယ့် အစီအစဉ်ဟာ အလုပ်မဖြစ်နိုင်ဘူးလို့လည်း ကိုအောင်ဖုန်းမော်က သုံးသပ်ပါတယ်။

"စစ်မှုထမ်းဥပဒေကြေညာပြီး လူသားချင်းစာနာ‌ထောက်ထားမှု အကျပ်အတည်းကို ပိုဆိုးအောင်လုပ်နေတဲ့ စစ်တပ်နဲ့ပေါင်းပြီးတော့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးကြမယ်ဆိုတဲ့ဟာက အလုပ်မဖြစ်နိုင်ဘူး"

မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုများကို ပံ့ပိုးနိုင်တဲ့ ဗျူဟာများ ချမှတ်ဖို့ အဲဒီဆွေးနွေးပွဲက ရည်ရွယ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲနဲ့အတူ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်ခဲအမျိုးမျိုးကို ထင်ဟပ်စေနိုင်မယ့် အနုပညာပြခန်း တခုကိုလည်း ထည့်သွင်းပြသခဲ့ပါတယ်။

နှစ်ရက်တာ ကြာမြင့်တဲ့ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံလွှတော်ရဲ့ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျုဟာ နဲ့ ပြုပြင်ပြောင်းလဲရေးကော်မတီနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

#Oway #UYSU #ABFSU #Thailand #Parliament #ရတကသ #ဗကသ #ထိုင်း #လွှတ်တော် #မြန်မာ့အရေး #ဆွေးနွေး
MSI - MYANMAR SOCIETY INFORMATIONS
Photo
ဒီပရင်္ဂ

ကြည်မောင်သန်း

ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲက မြို့လည်း မဟုတ်
ရာဇဝင်ထဲက မြို့တစ်မြို့
ပုဂံခေတ် ကတည်းကရှိတဲ့ မြို့တစ်မြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော် ကတည်းကရှိတဲ့ မြို့တစ်မြို့
သမိုင်းဝင် မြို့တစ်မြို့ ။

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည် တွင်ခဲ့ရ ။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးမဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ် ။
သာသနိက အဆောက်အအုံတွေ ပေါများ
ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်း သွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရားလက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တစ်မြို့ ။

အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ
ဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန် ။
ဘုံခန်းပျို့ဆရာ အရှင်အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ မုံတိုင်ပင် အရှင်ဝံသ
အတုလ ဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော် မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ

ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ်ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတစ်ယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်
သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ် ။

တစ်နေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်း အခါသမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိ
ရုတ်တရက် မိုးကြီး ရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင် ရွာတဲ့မိုးမို့
အညာအခေါ်
ဆင်ရာတိမ်မိုးတဲ့လေ ။

မုံရွာ - ရေဦးလမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည့်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့ ။ ။

ကြည်မောင်သန်း
ချယ်ရီမဂ္ဂဇင်း၊ ၂၀၀၈ ။

၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှာ စစ်အုပ်စုဟာ ဒီပဲယင်းကျေးရွာမှာ နိုင်ငံတော်လုပ်ကြံမှုကြီးတရပ်ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့က ဒီလုပ်ကြံမှုကြီးကနေ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ပေမယ့် ပြည်သူအမြောက်အများ သေကြေဒဏ်ရာရခဲ့ကြပါတယ်။ နဝတ၊ နအဖ စစ်အုပ်စုကလည်း သူတို့ရဲ့ သမိုင်းအမည်းစက်ကြီးကို မှေးမှိန်အောင် ဖုံးဖိဖျောက်ဖျက်ခဲ့ကြတယ်။

ထိုခေတ်ကာလ စာပေစီစစ်ရေး တင်းကြပ်ထားတဲ့အချိန်မှာတောင် ကဗျာဆရာလှသန်းဟာ ကြည်မောင်သန်း ကလောင်အမည်ခံပြီး ၂၀၀၈ ခုနှစ်၊ ဇွန်လထုတ် ချယ်ရီ မဂ္ဂဇင်းမှာ ဒီဖြစ်ရပ်ဆိုးကြီးအကြောင်းကို "ဒီပရင်္ဂ"ကဗျာနဲ့ ရေးသားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

#‌Oway #ABFSU #UYSU #ဒီပဲယင်း #ဒီပဲယင်းလုပ်ကြံမှု #လှသန်း