MSI - MYANMAR SECRET INFORMATIONS
26.9K subscribers
87.9K photos
3.38K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
Forwarded from DVB TV News
နေပြည်တော်ရှိ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်တုန်းက ဘုရားလုံခြုံရေး အကြောင်းပြပြီး ဖယ်ပေး လိုက်ရတဲ့ သဲဖြူရွာက ဒေသခံအများစု မြေနေရာ အစား ပြန်မရသေးဘဲ လမ်းဘေးမှာ ဖြစ်သလို နေထိုင်နေ ရပါတယ်။
#dvbtvnews #မာရဝိဇယဘုရား #myanmar
https://youtu.be/-JIDzSKTUZY
Forwarded from DVB TV News
Burma Act နဲ့ဆက်စပ်တဲ့ မြန်မာ့အရေးငွေကြေးထောက်ပံ့မှုပမာဏကို လာမယ့် နိုဝင်ဘာလမှာ အမေရိကန်လွှတ်တော် ၂ရပ်က အတည်ပြုဆုံးဖြတ်ဖို့ရှိနေပြီး အကူအညီတွေပိုရလာအောင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက တွန်းအားပေးဆောင်ရွက်နေပါတယ်။
#dvbtvnews #burmaact #myanmar
https://youtu.be/8_01QyV2jJw
Forwarded from DVB TV News
This media is not supported in your browser
VIEW IN TELEGRAM
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နေရာအချို့က စစ်ကောင်စီ တပ်စခန်းတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက အောက်တိုဘာ ၂၇ ရက်နေ့ မနက် အစောပိုင်းကစ တပြိုင်ထဲသွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

လားရှိုးက အမှတ် ၂ က ၆၈ တပ်စခန်းလည်း ဒီ မနက် အစောပိုင်းက တိုက်ခိုက်ခံရသလို အေးရှားဝေါဂိတ်လည်း ထိကာ အေတီ ဂိတ်ပိတ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။

Video - CJ
More updates to come.

##lashio #shan #myanmar
"ကျနော့်ရဲဘော်တွေ ဆုံးရှုံးသွားတယ် ကျနော်ခြေထောက်တစ်ဖက် ပြတ်သွားတယ်။ ဘဝကြီးက လုံးဝ ပျောက်ထွက်သွားတယ်။ ဒါပေမယ့် ကင်မရာစကိုင်ရတဲ့နေ့က ဖီလင်က အရမ်းမိုက်တယ်။ ရိုက်ကူးရေး လုပ်ရတဲ့အချိန်မှာ ဘဝက အာကသထဲကို ရောက်သွားသလိုပဲ"

လက်နက်ကိုင် တိုက်ပွဲဝင်ရင်း ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပေမယ့် တော်လှန်ရေးအပေါ် ယုံကြည်ချက် တစက်လေးမှ မလျော့ပဲ တော်လှန်ရေး အောင်ပွဲဖြင့် နေအိမ်ပြန်ရမည့်နေ့ကို ကြိုးစားလျှောက်လှမ်းနေသည့် ဘဝကို ရိုက်ကူးပုံဖော်ထားသည့် "A Step to Home" ၂၀၂၃ ခုနှစ် ဒီဗွီဘီရုပ်သံမှတ်တမ်းပြိုင်ပွဲဝင် ဇာတ်ကား DVB TV တွင် ဒီနေ့ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/UIawV8lrMwk

#dvbtvnews #DVBShortDoc #myanmar #AStepToHome
Forwarded from Red News Agency (Nai)
NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား

RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်အရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းမည့်အရေးနှင့် မြို့နယ်ပြင်ပမှ ဝင်ရောက်စွက်ဖက်နေမှုများ အလိုမရှိကြောင်း၊ NUG ဝန်ကြီးဌာများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း စသည်တို့ကို ဒီဇင်ဘာ ၂၈ ရက်နေ့က ဂန့်ဂေါမြို့နယ်အတွင်း ဆန္ဒပြသူများကိုယ်စား ဦးဆောင်သူက ပြောကြားထားသည်။

#RedNewsAgency
https://youtu.be/TCZ0pApX1vY
Forwarded from DVB TV News
ဒီမော့ဆိုကို ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ လေယာဉ်ပျံသန်းမှုမရှိဘူးလို့ စစ်ကောင်စီတပ်က ငြင်းဆိုပေမယ့် ကိုယ်တိုင် မြင်ရတဲ့ သက်သေတွေ အများကြီးရှိတယ်လို့ ကိုယ်တွေ့ကြုံခဲ့ရသူတွေက ပြောပါတယ်။
#dvbtvnews #ဒီမော့ဆို #သက်သေ #myanmar

https://www.youtube.com/watch?v=CC-hRURg7Yg
Forwarded from DVB TV News
ထိုင်းမြန်မာနယ်စပ် မြန်မာဖက်ခြမ်းမှာ လူ ၂ သောင်းခိုလှုံနေထိုင်နိုင်မဲ့ စစ်ရှောင်စခန်း ၃ ခု ဖွင့်မယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက မဲဆောက်မြို့ကို ရောက်ရှိစဉ်ပြောကြားလိုက်ပါတယ်။
#dvbtvnews #ထိုင်းမြန်မာနယ်စပ် #စစ်ရှောင်စခန်း #myanmar

https://www.youtube.com/watch?v=FKwk2yKRn5A
International Women’s Day (8th March 2024)
“Our sarong, our banner, our victory”

📢Let’s hold our htamein (sarong) banner highest
📢Let’s speak up about sexual harassment, exploitation & gender based violence
📢Let’s stand in solidarity with each other
#Sisters2Sisters #IWD2024 #WhatshappeninginMyanmar#RedLipsSpeakTruthToPower #FightLikeAGarmentWorker #MyanmarWomen#InspireInclusion #IWD #womenday #Myanmar
ရန်ကုန်-ဧရာဝတီ အဝေးပြေးယာဉ်စီးခ မြင့်တက်နေသဖြင့် ခရီးသွားများ အခက်ကြုံ
======================

DVB
April 5, 2024

“သင်္ကြန်မတိုင်မီ အရင်လတွေက လိုင်းကားခတွေက နှစ်ခုံစာကို ငွေကျပ် ၅,၀၀၀ ပဲ ရှိတာပါ။ အဲဒီကနေ မတ်လထဲမှာ နှစ်ခုံစာကို ငွေကျပ် ၇,၀၀၀ ဖြစ်သွားပါတယ်။ တရိပ်ရိပ်တက်လာရင်း အဲဒီကေန အခုတော့ နှစ်ခုံစာကို အခု ၁၄,၀၀၀ တဲ့။ ကားပေါ်ကို အရင်လို ကုန်ပစ္စည်းတွေလည်း အတင်မခံဘူး။ စစ်ကောင်စီက လုံခြုံရေးကိစ္စကြောင့် တင်းကျပ်ထားလို့တဲ့။”

#ရန်ကုန် #ဧရာဝတီ #အဝေးပြေးယာဉ် #ယာဉ်စီးခ #သင်္ကြန် #မြန်မာသတင်း #DVB #news #myanmar

သတင်းအပြည့်အစုံ 👇👇👇
Forwarded from DVB TV News
တိုင်းရင်းသားအားလုံး ပါဝင်ပြီး ရေးဆွဲကြမယ့် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ ပထမမူကြမ်းကို မကြာခင်မှာ ရေးဆွဲတော့မှာ ဖြစ်သလို အသွင်ကူးပြောင်းရေးကာလ ရောက်ပြီလို့ သတ်မှတ်ကြတဲ့နေ့မှာ အဲဒီမူကြမ်းကို အတည်ပြုပြီး လိုအပ်တဲ့အချက်တွေ ထပ်ပြီး ပြင်ဆင်ကြဖို့ သဘောတူထားကြပြီလို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီက ပြောပါတယ်။
#dvbtvnews #ကြားကာလဖွဲ့စည်းပုံ #ဥပဒ#myanmar

https://www.youtube.com/watch?v=Sgb_a9KOVrk]
Forwarded from DVB TV News
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကောင်စီ တိုက်နံပတ် ၆ မှာပြောင်းရွှေ့ထားတယ်လို့ နေပြည်တော် အချုပ်ထောင်နဲ့နီးစပ်သူက ပြောပါတယ်။ ခြံနံပတ် ၅၄ ကို လေလံကြမ်းခင်းဈေး ထက်ဝက်မကလျှော့ချသတ်မှတ်ဖို့ ဦးအောင်ဆန်းဦးက တရားရုံးမှာ အဆိုပြုချက်တင်သွင်းထားပါတယ်။
#dvbtvnews #ဒေါ်အောင်ဆန်းစုကြည် #myanmar
https://youtu.be/BZ0-OsyUzXc
Forwarded from DVB TV News
အပစ်ရပ်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောတာဟာ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့နဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းကို ဖော်ဆောင်ဖို့သာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ အပစ်ရပ်အဖွဲ့တွေဘက်က သုံးသပ်ပါတယ်။

#dvbtvnews #ရွေးကောက်ပွဲ #Myanmar

https://youtu.be/XrYrzCpRKVc
Forwarded from DVB TV News
"ပြည်ပမှာ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့သူတွေကို ဒီမိုကရေစီရေးလှုပ်ရှားနေလို့ ဖမ်းပေးပါဆိုတာမျိုးထက် အခြားငြိနိုင်တဲ့ အသေးစားပုဒ်မတွေနဲ့ သက်ဆိုင်ရာနိုင်ငံက ရဲဌာနတွေကို ဆက်သွယ်ပြီး ဖမ်းဆီးအရေးယူတာတွေ ပိုပြီးများလာတယ်။ အဓိကကတော့ ထောက်ပို့ငွေလွှဲတဲ့ လမ်းကြောင်းကို လိုက်တယ်။ လိုက်ပြီးတော့ ဒီလူတွေဟာ ဒီနိုင်ငံထဲက ငွေတွေကို နည်းလမ်းပေါင်းစုံနဲ့ ရွှေ့ပြောင်းနေတာဖြစ်တယ်၊ဒါကို ငါတို့သိထားတယ်၊ ဒါကိုစစ်ဆေးပေးပါဆိုတာမျိုး ပြည်ပမှာ ဒီမိုကရေစီရေးလှုပ်ရှားနေသူတွေကိုပါ ထိုးနှက်လာတယ်၊ ဖမ်းခိုင်းတာတွေရှိတယ်။ ပြောရရင် ပြည်ပရောက် ဒီမိုကရေစီရေးလုပ်ရှားသူတွေကို၊ ပြည်ပငွေလွှဲ ထောက်ပို့လမ်းကြောင်းကို လိုက်ပြီးမှ ဖမ်းခိုင်းတာမျိုးတွေဖြစ်နေတယ်၊ ဒါတွေကို သတိထားဖို့လိုတယ်"

#DVBtalk #talkshow #myanmar

https://youtu.be/2VHzI5R3Z2E
Forwarded from MPANews
စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ဆိုင်းဘုတ်ထောင် ဝါဒဖြန့်နေ

30 June 2024 By Than Lyan / MPA

နိုင်ငံတဝှမ်း တိုက်ပွဲများဖြစ်ပွားနေပြီးပြည်သူများ၏ လူမှုစီပွားရေး အထွေထွေကြပ်တည်းနေချိန်တွင် စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်အတွက် ဆိုင်းဘုတ်ထောင်ဝါဒဖြန့်ချီလျှက်ရှိသည်။

ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီးနောက် ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတဝှမ်းလုံးတွင်စစ်ကောင်စီနှင့် တော်လှန်ရးတပ်ဖွဲ့များကြားတိုက်ပွဲများပြင်းထန်နေပြီး ပြည်သူ လူမှထုမှာ အကြပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေရသည့်အတွက်ကြောင့် စစ်ကောင်စီ ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း မဖြစ်နိုင်ကြောင်း ပြည်သူအများကပြောဆိုကြသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စုအရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ထားသည်။

၂၀၁၀ ခုနှစ် စစ်အုပ်ချုပ်ရေးမှ ဦးသိန်းစိန် အစိုးရ ပြောင်းလဲပြီးနောက်ပိုင်းတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်စီစဉ် ဆောင်ရွက်ခဲ့ပြီး နှစ် ၃၀ အကြာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၀ ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ခံခဲ့သည်။

#Photo #Census #MPA #Myanmar