MSI - MYANMAR SECRET INFORMATIONS
27K subscribers
88.4K photos
3.4K videos
135 files
16.2K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
အဝေးပြေး ယာဥ်လိုင်းများ လိုက်နာဆောက်ရွက်ရန် ကြောငြာချက်ထုတ်ပြန်။

ဇူလိုင် ၁၊ ၂၀၂၁
#shan,#covid19

The People’s Voice
ရှမ်း​မြောက်မှာ တိုက်ပွဲပြင်းထန်​နေ

5 sep 2021-Kachinwaves

ရှမ်း​မြောက် မူဆယ်မြို့နယ် ​ဖောင်း​ဆိုင်​ကျေးရွာမှာ ယ​နေ့ မနက် ၈ နာရီခန့်ကစတင်ပြီး စစ်​ကောင်စီတပ်နှင့် ကိုးကန့်တပ် MNDAA တို့ကြား တိုက်ပွဲပြင်းထန်​နေ​ကြောင်း သတင်းရရှိသည်။

ယ​နေ့မနက် ၅ နာရီ ၇ နာရီထိလည်း လရှပ်​ကျေးရွာနားမှာ တိုက်ပွဲပြင်းထန်ခဲ့​ကြောင့် သိရသည်။

လက်ရှိအချိန် ရှမ်း​မြောက်မှာ ​စစ်​ကောင်စီ တပ်ဘက်မှ စစ်အင်အားတိုးချဲ့ ​နေပြီး တိုက်ပွဲလည်း ​နေ့စဥ်ဖြစ်ပွားလျှက်ရှိသည်။

#shan
Kachinwaves
ကလောမြို့နယ် အောင်ပန်းမြို့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO ရုံးရှေ့ လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွား

https://www.facebook.com/612819968887929/posts/1869159759920604/
,,. ..................
စက်တင်ဘာ၂၇၊၂၀၂၁

ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် PNOရုံးရှေ့မှာ စက်တင်ဘာလ ၁၇ ရက်နေ့က လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။

Photo Pa-O Region 6
#shan,#kalaw,#aungpun
■ တောင်ကြီး၌ မီးရှူးမီးပန်း ဗောက်အိုးရှူးဒိုင်းများနှင့် ပတ်သက်၍ ဒေသန္တရအမိန့် ထုတ်ထား
.
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့နယ်တွင် မီးရှူးမီးပန်း၊ ဗောက်အိုးရှူးဒိုင်းများကို ထုတ်လုပ်ခြင်း၊ သယ်‌ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ရန် ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။
.
တားမြစ်ချက်အား ဖောက်ဖျက်သူများကို တည်ဆဲဥပဒေအရ အရေးယူမည်ဟုလည်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အောက်တိုဘာလ ၈ ရက်တွင် ထုတ်ပြန်သော
ယင်းအမိန့်တွင် ဖော်ပြပါရှိသည်။
.
သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော် ကာလကို အကြောင်းပြု၍ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း၊ ဗောက်အိုး ရှူးဒိုင်းများ ပစ်ဖောက်ခြင်းများ ပြုလုပ်လေ့ ရှိသောကြောင့် ယင်းကို အခွင့်ကောင်းယူ၍ အကြမ်းဖက်မှုများ ပိုမို ပြုကျူးလွန်လာနိုင်သည်ဟု အဆိုပါ ဒေသန္တရအမိန့်တွင် ဖော်ပြထားသည်။
.
News Link - http://bit.ly/3iVKFQp
.
#KBZTai #Shan #News13october2021
■ ဆီဆိုင်မြို့တွင် အမှု ရုတ်သိမ်းပေးမည်ဟူသော ကြေညာချက်ကြောင့် နေအိမ်ပြန်သူ အဖမ်းခံရ
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မှ ဦးစံဝင်းမောင်သည် ယခင်က တိမ်းရှောင်နေသော်လည်း အမှု ရုတ်သိမ်းပေးမည်ဟူသော ကြေညာချက်ကြောင့် နေအိမ်သို့ ပြန်၍ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်နေစဉ် အောက်တိုဘာ ၁၁ ရက်၊ ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
.
" ၁၁ ရက်နေ့ ညက ဖမ်းသွားတာ။ အမှု ပိတ်ပေးလို့ ပြန်လာတာကို လက်ထိတ် ခတ်ပြီး သေနတ်နဲ့ ချိန်၊ ဖမ်းသွားတာ။ ဖိနပ်တောင် မစီးလိုက်ရဘူး။ အခုထိ ဘယ်မှာ ဖမ်းထားမှန်းလည်း မသိရသေးဘူး။" ဟု ၎င်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
.
ဆီဆိုင်မြို့ ဆန္ဒပြပွဲများကို ဦးဆောင်သူဟု ဆိုကာ အမှုဖွင့် ခံထားရသဖြင့် ဖေဖော်ဝါရီလ ကတည်းက တိမ်းရှောင် နေသော်လည်း အမှု ရုတ်သိမ်းပေးမည်ဟူသော ကြေညာချက်အရ ရဲတပ်ဖွဲ့ထံ ဆက်သွယ်၍ နေအိမ်သို့ ပြန်ပြီးနောက် မေတ္တာရောင်ခြည် ပရဟိတအသင်း၏ COVID-19 ကပ်ရောဂါဆိုင်ရာ ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ၎င်းထံမှ သိရသည်။
.
ထို့အတူ ပြီးခဲ့သည့် မတ်လအတွင်းက ဦးစံဝင်းမောင်၏ ဇနီးဖြစ်သူသည်လည်း ဖမ်းဆီး ခံထားရပြီးနောက် ‌ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်)၌ ယခုအချိန်ထိ ချုပ်နှောင် ခံထားရဆဲ ဖြစ်ကြောင်း သိရသည်။
.
ဦးစံဝင်းမောင်သည် ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန် ယူခဲ့ဖူးသူ ဖြစ်သည့်အပြင် မေတ္တာရောင်ခြည်ပရဟိတအသင်းတွင် ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေသူ ဖြစ်သည်။
.
News Link - http://bit.ly/3veycMI
.
#KBZTai #Shan #News13october2021
■ တောင်ကြီးမြို့ လျှပ်စစ်ရုံး အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွား
.
တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ လျှပ်စစ်ရုံး အနီး၌ ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
“ မနက် ၁၀ နာရီ၊ ၁၀ မိနစ်မှာ ဖြစ်ပွားတယ်လို့ ကြားတယ်။ ငါးထပ်‌ဆောင် ဓမ္မာရုံရှေ့ လမ်းလယ်ကျွန်း‌မှာပါ။” ဟု တောင်ကြီးမြို့မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောဆိုသည်။
.
တောင်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံး အနီး (ငါးထပ်‌ဆောင်ဓမ္မာရုံရှေ့) လမ်းလယ်ကျွန်း‌မျောတွင် ပေါက်ကွဲခြင်း ဖြစ်ပြီး ပေါက်ကွဲသည့် ဗုံး အမျိုးအစားကို သိရခြင်း မရှိသေးသော်လည်း အသုံးဗုံး ဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေကာ ပေါက်ကွဲမှုကြောင့် ထိခိုက်မှု မရှိကြောင်း သိရသည်။
.
ယင်း ပေါက်ကွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု Special Force 22 က ထုတ်ပြန်ထားပြီး လျှပ်စစ်ဝန်ထမ်းများမှ ပြည်သူများကို အတင်းအကြပ် မီတာခ ပေးဆောင်ရန် ဖိအား ပေးနေခြင်းကြောင့် သတိပေးသည့်အနေဖြင့် ဖောက်ခွဲခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
News Link - http://bit.ly/3mKRhDq
.
#KBZTai #Shan #News5November2021
.
https://t.me/kbztainews
https://twitter.com/kbztainews
www.kanbawzatainews.com
www.facebook.com/kanbawzatai
www.facebook.com/kbztai
■ ရှမ်းတောင်ရှိ မြို့နယ် ၁၀ ခုကို COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ဦးစားပေးဆောင်ရွက်မည့် မြို့နယ်များအဖြစ် သတ်မှတ်ထား
.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၁၀ ခုကို COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ဦးစားပေးဆောင်ရွက်မည့် မြို့နယ်များအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ယင်းမြို့နယ် ၁၀ ခုမှာ တောင်ကြီးခရိုင်မှ တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ လွိုင်လင်ခရိုင်မှ လွိုင်လင်မြို့နယ်၊ နမ့်စန်မြို့နယ်၊ လင်းခေးခရိုင်မှ လင်းခေးမြို့နယ်တို့ ဖြစ်သည်။
.
COVID-19 ကူးစက်ပျံ့နှံ့မှု များပြားနေဆဲ ဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း ဦးဆောင်သော အဖွဲ့က အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ ကွင်းဆင်း ဆောင်ရွက်နေလျက် ရှိသည်ဟု သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒုညွှန်ချုပ် ဒေါက်တာ ထွန်းတင် ဦးဆောင်သော ကွင်းဆင်းအဖွဲ့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဒုညွှန်ချုပ် ဒေါက်တာထွန်းမြင့် ခေါင်းဆောင်သော ကွင်းဆင်းအဖွဲ့တို့က ကွင်းဆင်း ဆောင်ရွက်နေကြောင်းလည်း သိရသည်။
.
မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် COVID-19 ကူးစက်ပျံ့နှံ့မှု လျော့နည်းလာသော်လည်း ရှမ်းပြည်နယ်တွင်မူ သိသာစွာ လျော့နည်းသွားခြင်း မရှိသေးဘဲ လက်ရှိ တတိယလှိုင်းကာလတွင် COVID-19 ပိုးရှိသူ စုစုပေါင်း ၆၇၀၀၀ ဦးကျော် တွေ့ရှိခဲ့ပြီး ယင်းအနက် ၁၇၀၀ ဦးကျော် သေဆုံးခဲ့ရသည်။
.
News Link - http://bit.ly/31NaZ9H
.
#KBZTai #Shan #News10November2021
.
https://t.me/kbztainews
https://twitter.com/kbztainews
www.kanbawzatainews.com
www.facebook.com/kanbawzatai
www.facebook.com/kbztai
MSI - MYANMAR SECRET INFORMATIONS
Photo
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော ပအိုဝ်းတိုင်းရင်းသား ၂၉ ဦး ထိုင်းရဲဖမ်းဆီး
.......................
ခမ်းသားငေါဝ်း

https://www.facebook.com/612819968887929/posts/1945086235661289/

ထိုင်းနိုင်ငံ မဲဟောင်ဆောင်ဘက်သို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၇၀) ဦးကို ဒီဇင်ဘာ ၂၁ ရက်က ပန်မဖထိုင်းရဲများက ဖမ်းဆီးထားကြောင်း သိရသည်။​

ဖမ်းဆီးခံရ သူ (၇၀)ဦးထဲတွင် ပအိုဝ်းတိုင်းရင်းသား (၂၉) ဦးပါဝင်ပြီး အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီ ၁၉ ဦးဖြစ် ပြီး အသက်မပြည့်သည့် ကလေးတစ်ဦးပါဝင်ကြောင်း သိရသည်။

အဆိုပါ အဖမ်းခံရသူတို့သည် ရှမ်းပြည်တောင်ပိုင်းမှ လာသည်ဟု သိရပြီး အများစုမှာ ရှမ်းနှင့် ပအိုဝ်းတိုင်းရင်းသားများဖြစ်ကြောင်း ထိုင်းရောက်မြန်မာ တစ်ဦး ကပြောသည်။

​မြန်မာနိုင်ငံတွင် covid 19 ကပ်ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှု ကြောင့် ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုနှင့် လုံခြုံမှုမရှိခြင်းတို့ကြုံတွေ့နေရပြီး တိုင်းတပါးသို့ သက်စွန့်ဆံဖျားသွားရောက်အလုပ် လုပ်ကိုင်ကြရသည်။​

လက်ရှိအချိန်တွင် အခြားနိုင်ငံဖြတ်ကျော်ရန် အခက်အခဲအန္တရာယ်များစွာရှိသည့်အတွက် မသွားလာကြဖို့ ထိုင်းရောက်ပအိုဝ်းခေါင်းဆောင်တစ်ဦးက တိုက်တွန်းထာသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူ သောင်းဂဏန်းထက်မနဲရှိပြီး ၉၀၀၀ ကျော်အဖမ်းခံရကြောင်းသိရှိရသည်။​

https://t.me/ppv21/172

#shan,#khamsarngor
Forwarded from Taunggyi NwayOo Channel (Tgi NwayOo🌸)
မနေ့ညကကြားရတဲ့ ပေါက်ကွဲသံတွေကြောင့် ဒီမနက်ဟဲဟိုးမြို့ပေါ်မှာ စစ်ခွေးတွေစောင့်ကြပ်နေ

https://t.me/joinchat/ixuTcxrV9DUzMjU9


#10Jan2022 #Shan #SouthernShanState #Heho #tginwayoochannel #တောင်ကြီးနွေဦးချန်နယ်
MSI - MYANMAR SECRET INFORMATIONS
Photo
ရှမ်းပြည်နယ် တောင်ပိုင်း နောင်တရားတွင် စစ်းဘေးရှောင်ပြည်သူများ တိုးလာသည့်အတွက် အခက်ခဲရှိနေ
....................
ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၃၊ ၂၀၂၂

https://www.facebook.com/612819968887929/posts/1958340614335851/

ပင်လောင်းမြို့နယ် နောင်တရားဒေသသို့ ကရင်နီ (ကယား)ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများ ခန့်မှန်းလူဦးရေထက် ထပ်တိုးလာသည့်အတွက် အစားအသောက်များနှင့်စောင်များ အခက်ခဲရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများကို နောင်တရားပရဟိတအဖွဲ့နှင့် ဒေသခံစေတနာရှင်များက နေရာခင်းကျင်းလက်ခံ ကူညီထားကြောင်း နောင်တရားပရဟိတအဖွဲ့မှ ခွန်အောင်ထွန်းလေးက The People’s Voice(ခမ်းသားငေါဝ်း) သတင်းဌာနသို့ ပြောသည်။

“ဒီနေ့လည်း ထပ်ရောက်လာဖို့လည်းရှိတယ်လို့ ကြိုတင်ဖုန်းဆက်ထားတာရှိတယ် အဓိက လိုအပ် ချက်ကတော့ ဆန်၊ဆီ၊စား ပြီးတော့ အနွေးထည်တွေ စောင်တွေပေါ့ နေရာကတော့ အဆင်ပြေပါတယ် နောင်တရားထိကိုလည်းနွေးနွေးထွေးထွေး ကြိုဆိုပါတယ် ” ဟု နောင်တရားပရဟိတအဖွဲ့မှ ခွန်အောင်ထွန်းလေးက ပြောသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် နောင်တရားတွင် လေရိုးဘုရား၊ ရတနာရန်နိုင်ဘုရားနှင့် ဗုဒ္ဓဓမ္မတောင် ဓမ္မာရုံပေါ်တွင် စီစဉ်ထားကြောင်း လိုအပ်ပါက နေရာများလည်း တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်တရားပရဟိတအဖွဲ့မှ ဦးဆောင်ပေးနေသူ ခွန်ဆန်းဦးက “အစကတော့ ကျွန်တော်တို့က လူ ၅၀၀ ပဲပေါ့နော် အဲ့ဒါက ပထမ အစီအစဉ်ပေါ့ အခု ဒီနေ့လည်းထပ်ရောက်လာတယ် နေရာတွေလည်း ထပ်တိုးသွားမယ်”ဟု ပြောသည်။

နောင်တရားသို့ ရောက်လာသည့် စစ်ဘေးရှောင်ပြည်များအတွက် လိုအပ်သည့် ကျန်းမာရေး ဆေးဝါးများ၊ ကုသစောင့်ရှောက်မှုများ၊ ရေမီး အစားအသောက်များလည်း စီစဉ်ပေးနေကြောင်း သိရသည်။

နောင်တရားတွင် စစ်ဘေးရှောင်ပြည်သူများ ၆၀၀ ကျော် လက်ခံထားလျက်ရှိပြီး ပင်လောင်းမြို့နယ်ရှိ ဘော်ဒါဆောင်များ ၊ နီးစပ်ရာဆွေးမျိုးအသိတို့ထံ သက်ဆိုင်ရွာဒေသအလိုက် ခိုလှုံလာသူ ခန့်မှန်းခြေအရ စုစုပေါင်း ၁၀၀၀ ကျော် ရှိပြီဖြစ် ကြောင်း သိရသည်။

ကရင်နီ(ကယား)ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် နောင်တရားသို့လာရောက်လိုပါက ခွန်အောင်ထွန်းလေး ဖုန်း-၀၉၂၅၀၆၂၇၀၄၁၊ခွန်ဆန်းဦး ဖုန်း-၀၉၄၅၈၀၄၂၅၉၂၊ကိုဂျစ်တူး ဖုန်း- ၀၉၄၄၄၁၄၄၀၄၄ သို့ စုံစမ်းမေးမြန်း ဆက်သွယ်နိုင် ကြောင်းသိရသည်။

https://t.me/ppv21/215

#shan,#စစ်ရှောင်, #နောင်တရား

Photo ခွန်ဆန်းဦး
MSI - MYANMAR SECRET INFORMATIONS
Photo
ခန့်မှန်းလူဦးရေထက်များလွန်းတာကြောင့် ဆိုက်ခေါင်စစ်ရှောင်စခန်း ထပ်မံလက်ခံဖို့ ရပ်နား

.......................
ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၄၊ ၂၀၂၂

https://www.facebook.com/612819968887929/posts/1959095524260360/

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ မှာ စီစဥ်ထားတဲ့ စစ်ရှောင်အတွက် နေရာတွေမှာ ခန့်မှန်းလူဦးရေထက် ပိုမိုများပြားနေတာကြောင့် ဇန်နဝါရီ ၁၄ ရက်ကစပြီး ထပ်မံလက်မခံတော့ဘူးလို့သိရပါတယ်။

လက်ရှိ လက်ခံထားတဲ့ စစ်ရှောင်တွေအတွက် စားသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး၊သောက်ရေ၊ ချိုးရေ၊ သန့်စင်ခန်းနဲ့ အခြား ကြီးကြပ်ရေးကိစ္စတွေမှာ ရေရှည် အတွက်ပြင်ဆင်ရတာကြောင့် အခက်ခဲ ရှိနိုင်လို့ အသစ်လက်ခံခြင်းကို ရပ်နားထားတာလို့သိရပါတယ်။

"လက်ရှိတစ်ပတ်နှစ်ပတ်အတွင်းမှာ ကျွန်တော်တို့အားနဲ့ကူညီပေးလို့ရတယ်၊ ကာလကြာလာလို့ တစ်လ နှစ်လ သုံးလေးလဖြစ်သွားမယ်ဆို ကူညီတဲ့သူဘက်အများကြီးအခက်ခဲဖြစ်သွားတော့မှာ အဲတာကြောက့်အသစ်လက်ခံတာကို ခဏရပ်နားထားလိုက်တာ"လို့ စစ်ရှောင်ကူညီသူ ခွန်ကျော်ဇေယျ က ခမ်းသားငေါဝ်း သတင်းဌာနကိုပြောပါတယ်။

လက်ရှိဆိုက်ခေါင်မှာ စစ်ရှောင်ကူညီစောက်ရှောက်ရေးကော်မတီက စီစဥ်ပေးတဲ့နေရာမှာ စစ်ရှောသူ ၁၂၀၀ ကျော်ရှိနေပြီဖြစ်ပြီး ဆွေမျိုးနေအိမ်မှာ လာရောက်ခိုလုံသူတွေကလည်း သတ်သတ်ရှိနေသေးတယ်လို့သိရပါတယ်။

ဆိုက်ခေါင်မှာ စီစဥ်ထားတဲ့ ပထမတောင်ကျောင်းကြီး၊ ဇောတိကာရာမကျောင်း၊ သုခအောင်ညီကျောင်း၊ ဇေတဝန်ကျာင်း၊ ဖားအောက်တောရ ရိပ်သာကျောင်း၊ သုဝဏ္ဏဝံသ သာမဏေကျော်ကျောင်း၊ နှစ်ခြင်းဘုရားကျောင်း၊ ကက်သလစ်ဘုရားကျောင်းတွေမှာ စစ်ရှောင်မိဘပြည်သူ ၁၂၀၀ ကျော်ရောက်ရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာ ဆီဆိုင်ဆရာတော် စီစဥ်ထားတဲ့နေရာနဲ့ ဆိုက်ခေါင်မှာ စီစဥ်ထားတဲ့နေရာတွေမှာ အသစ်လက်မခံတော့ပေမယ့် လွိုင်လင်၊ ညောင်ရွှေ၊ ပင်းတယ စတဲ့နေရာတွေမှာ လက်ခံသေးတယ်လို့သိရပါတယ်။

https://t.me/ppv21/218

#shan,#ဆိုက်ခေါင်,#စစ်ရှောင်
မောက်မယ်မြို့နယ် ကတူးကြီးဒေသ ဒေါတခြောရွာနဲ့ ဆီဆိုင်မြို့နယ်ကကျေးရွာတွေမှာ ရောက်ရှိလာတဲ့ စစ်ရှောင် တွေက လိုအပ်နေတာပါ။

တိူက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်လာချိန်မှာ ဘာမှမသယ်လာနိုင်တဲ့အတွက် ရောက်တဲ့နေရာမှာ ချက်ပြုတ်နေထိုင်ဖို့ လိုအပ်တာဖြစ်ပါတယ်။

#shan,#စစ်ရှောင်

https://youtu.be/HHkZ1nMb74E
ဖက်ဒရယ်စနစ်ဆိုသည်မှာ
-------------------------
ရှမ်းဘာသာ
-----------
ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ ရိုးရှင်းစွာ ပုံဖော်ဖန်တီးထားတဲ့ ပိုစတာတွေကို ရှမ်းဘာသာနဲ့ ထပ်မံမျှဝေလိုက်ပါတယ်။ အခြားလူမျိုးစု ဘာသာများနဲ့လည်း ဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်။

#SFIG
#Federalism
#Shan
#Federalisminethniclanguage
Forwarded from DVB TV News
This media is not supported in your browser
VIEW IN TELEGRAM
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နေရာအချို့က စစ်ကောင်စီ တပ်စခန်းတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက အောက်တိုဘာ ၂၇ ရက်နေ့ မနက် အစောပိုင်းကစ တပြိုင်ထဲသွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

လားရှိုးက အမှတ် ၂ က ၆၈ တပ်စခန်းလည်း ဒီ မနက် အစောပိုင်းက တိုက်ခိုက်ခံရသလို အေးရှားဝေါဂိတ်လည်း ထိကာ အေတီ ဂိတ်ပိတ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။

Video - CJ
More updates to come.

##lashio #shan #myanmar