MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော်ရှန်း မြန်မာနိုင်ငံကို ဒုတိယ အကြိမ်ရောက်

13 Nov 2021 By MPA

အာရှရေးရာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော်ရှန်း မြန်မာနိုင်ငံကို ယနေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြောင်း နေပြည်တော် သံတမန် အသိုင်းအဝိုင်းကအတည်ပြုပြောဆိုခဲ့သည်။

ဆွန်းကော်ရှန်း၏ ယခုခရီးစဥ်သည် အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်ဖြစ်ပြီး ဩဂုတ်လ ၂၁ ရက် ကနေ ၂၈ ရက်အနေ့အထိ လာရောက်ခဲ့ရာ အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့်တွေ့ဆုံခဲ့သည်။

ယင်းတို့တွေ့ဆုံစဥ် မြန်မာ့နိုင်ငံရေးအခင်းအကျင်းအပေါ် သဘောထားအမြင်ဖလှယ်ခဲ့ကြောင်း၊ မြန်မာ့လူမှုတည်ငြိမ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အားထုတ်ကြိုးပမ်းမှုကို နိုင်ငံတကာအသိုင်းအဝန်းနှင့်အတူ အပြုသဘောဆောင် အားထုတ်ကူညီသွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက သတင်းထုတ်ပြန်ထားသည်။

တရုတ်အစိုးရသည် အာဏာသိမ်းထားသည့် အကြမ်းဖက်စစ်တပ်ခေါင်းဆောင်များနှင့် ပြောင်ကျကျ ဆက်ဆံရေး ရှိနေသကဲ့သို့ ရွေးကောက်ပွဲ အောင်နိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD နှင့်လည်း ဆက်ဆံရေး မပြတ်တည်ဆောက်လိုသည့် သဘောရှိနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

“တရုတ်က အရင်အချိန်တွေတုန်းကတွေလို စစ်အုပ်စုကို ပြတ်ပြတ်သားသားထောက်ခံနေတယ်လို့ ပြောဖို့ ခက်ပါတယ်။ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ပေါ်လစီနဲ့ နှစ်ဖက်စလုံးနဲ့ ဆက်ဆံရေး မပြတ်အောင် တည်ဆောက်နေတယ်လို့ ထင်တယ်။ သေချာတာကတော့ တရုတ်က စစ်အုပ်စုကို မျက်စိမှိတ်ယုံလိုက်မယ့် အခြေအနေ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

တရုတ်အထူးကိုယ်စားလှယ်၏ ဩဂုတ်လ ခရီးစဉ်အပြီးတွင် တရုတ်ကွန်မြူနစ်ပါတီက ကြီးမှူးကျင်းပသည့် တရုတ် ကွန်မြူနစ်ပါတီနှင့် အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများ အွန်လိုင်းတွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၉ ရက်နေ့ကပြုလုပ်ခဲ့ရာ NLD ပါတီအပါအဝင် မြန်မာနိုင်ငံမှ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသားပါတီ(ANP)နှင့် လီဆူအမျိုး သားဖွံ့ဖြိုးရေးပါတီတို့ကို ဖိတ်ကြားခဲ့သေးသည်။

ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီ၏ ရာပြည့်အထိန်းအမှတ်အတွက် NLD ၏ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို လည်း တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတကာ ရေးရာဌာနမှ ကျေးဇူးတင်ကြောင်း စာတစ်စောင် ပြန်လည်ရေးပို့ခဲ့သေးသည်။

တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်း မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့စဉ်တွင် အကြမ်းဖက် စစ်တပ်က သတင်းမထုတ်ပြန်ဘဲ လျှို့ဝှက်ထားခဲ့သော်လည်း တရုတ်နိုင်ငံဘက်က တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း တရုတ်နိုင်ငံသည် စစ်အာဏာသိမ်းမှုအပေါ် အနောက်နိုင်ငံအစိုးရများကဲ့သို့ ပြောင်ကျကျ ဆန့်ကျင်ခြင်း မပြုဘဲ အိမ်နီးချင်း မြန်မာ့ပြည်တွင်းရေး ဝင်မစွက်ဘဲ တည်ငြိမ်မှုရှိဖို့ အဓိကထားကြောင်း ထုတ်ဖော်ပြောထားသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အရေးပါနေသည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းမှ တရုတ်ပြည် ယူနန်အထိ အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းဖြင့် ဇီချွမ်ပြည်နယ် အနောက်တောင်ပိုင်းက ချင်ဒူးအထိ ရထားလမ်းဆက်သွယ်ရေးလမ်းကြောင်းများ ပွင့်ပြီဖြစ်ကြောင်း၊ အိန္ဒိယ သမုဒ္ဒရာ လမ်းကြောင်းသစ်သည် တရုတ်- မြန်မာ ကုန်သွယ်ဆက်ဆံရေးများကို အားကောင်းမောင်းသန် ဖြစ်လာစေနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ထားသည်။

#ဆွန်းကော်ရှန်း #တရုတ်အထူးကိုယ်စားလှယ် #နိုင်ငံရေး #MPA

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ Sun Guoxiang နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၁၇ မတ်လ ၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် (Photo: Myanmar Military)
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ ပထမဦးဆုံး သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

13 Nov 2021 By MPA

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ – NUCC မှ အနာဂတ် ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတည်ဆောက်နိုင်ရေးအတွက် လုပ်ဆောင်နေသည့် အရေးကြီးလုပ်ငန်းစဥ်များကို ပြည်သူများသိရှိစေရန်အတွက် သတင်းစာရှင်းလင်းပွဲကို နို၀င်ဘာ၁၆ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း NUCC မှ သိရသည်။

တိုင်ရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ စုဖွဲ့မှု အသီးသီးမှ ခေါင်းဆောင်များ၊ စုပေါင်းခေါင်းဆောင်မှုကိုဖော်ဆောင်နေသည့် ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီလုပ်ဆောင်နေသည့် လုပ်ငန်းများ၊ တော်လှန်ရေးအတွက် အရေးကြီးသည့် ရှေ့လုပ်ငန်းစဥ်များကို ပြည်သူများထံသို့ သတင်းမီဒီယာများမှ တစ်ဆင့်ရှင်းလင်းတင်ပြမည် ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုတေဇာဆန်း ၊ ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် အတူတိုင်းရင်းသား ခေါင်းဆောင်များ၊ သပိတ်ကော်မတီမှ ကိုယ်စားလှယ်များ က ဦးဆောင်ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ – NUCC မှ အနာဂတ် ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတည်ဆောက်နိုင်ရေးလုပ်ဆောင်ချက်များအတွက် သတင်းစာရှင်းလင်းခြင်းကို မူလက အောက်တိုဘာ ၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အချိန်မီ မပြီးစီးခဲ့သဖြင့် ရွှေ့ဆိုင်းခဲ့ရသည်။

တော်လှန်ရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် နိုင်ငံရေး ဦးဆောင်မှုပေးရမည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အ ကြောင်း ပြည်သူလူထုအား အမြန်ဆုံး အသိပေးရန် အရပ်ဘက်လူထုအင်အားစုများ တောင်းဆိုချက်ကို MM Spring – Civil Society Collective စသည့် အဖွဲ့အစည်း အချို့က တောင်းဆိုထားသည်။

#NUCC #သတင်းစာရှင်းလင်း #MPA
MSI - MYANMAR SOCIETY INFORMATIONS
Photo
အောင်လံပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စခန်းစီးနင်းခံရပြီး ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား ကျဆုံး

20 Nov 2021 By MPA

မကွေးတိုင်း၊ အောင်လံမြို့အခြေစိုက် အောင်လံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ ၁၉ရက်နေ့ညက ဝင်ရောက်စီးနင်းခဲ့ပြီး PDFရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးမှာ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် ကျဆုံးသူမှာ အသက်၁၈နှစ်အရွယ် မကွေးနည်းပညာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသား တစ်ဦးဖြစ်သူ ကိုမင်းခန့်သစ္စာ ဖြစ်ကြောင်း သိရသည်။

“တစ်ယောက်ကျတယ်။ တစ်ယောက်ဝင်စီးခံရတယ်။ လောလောဆယ်တစ်ဖွဲ့လုံး ပြေးနေကြရတယ်။ အဆက်အသွယ်တွေမရသေးဘူး” အောင်လံ(PDF)နှင့်နီးစပ်သူတစ်ဦးက MPAသို့အတည်ပြုပြောကြားသည်။

အောင်လံ(PDF)မှကာကွယ်ရေးတပ်များမှာ လက်ရှိအချိန်တွင် ယာယီစခန်းတစ်ခုသို့ ပြောင်းရွှေ့ထားကြောင်း ၎င်းတို့နီးစပ်သူများထံမှ သိရသည်။

ရဲရင့်စွာကျဆုံးခဲ့ရသော မင်းခန့်သစ္စာကို နည်းပညာတက္ကသိုလ်(မကွေး)၏ သူရဲကောင်းတစ်ဦးအဖြစ် လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း မကွေးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ သတင်းထုတ်ပြန်ထား သည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်သည် နိုင်ငံနှင့် အဝှမ်းရှိ ၎င်းတို့ဆန့်ကျင်သည့်လူများကို အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဖမ်းဆီးခြင်း၊ ၎င်းတို့သတင်းရရှိသော နေရာများကိုရှာဖွေခြင်း၊ စီးနင်းခြင်းများအပြင် ၎င်းတို့ အထိနာလျက်ရှိသောနေရာများတွင် ရဟတ်ယာဉ်များပါအသုံးပြုပြီး တိုက်ခိုက်နေသည်။

" စစ်တပ်က အင်အားအလုံးအရင်းနဲ့ လာတာမျိုးဆိုရင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အနေနဲ့ ပြန်လည်ပြီးတော့ တိုက်ခိုက်ဖို့မလွယ်ကူဘူး။ အချို့ကလက်နက်မရှိဘူး။ ရှိတဲ့စခန်းတွေ ဆိုရင်လည်း ပြန်ချဖို့က ကျည်ဆံမလောက်ငတာတွေ ဘာတွေရှိတော့ စခန်းကိုစွန့်ကြရတာပေါ့” ဟု တော်လှန်ရေးသမားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လက်နက်အားကိုးဖြင့် အာဏာလုယူထားသော အကြမ်းဖက်စစ်တပ်ကို ပြည်သူလူထု အနေဖြင့် နေရာအနှံ့ပြားတွင် တော်လှန်လျက်ရှိနေသည်။

လက်ရှိအချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များလည်း နိုင်ငံအဝှမ်း ပေါ်ပေါက်လာခဲ့ပြီး လက်နက်အင်အားကွာခြားသည့်တိုင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြောက်ကျားတိုက်ခိုက်ခြင်းများကို ပြုလုပ်လျက် ရှိနေသည်။

#အောင်လံ​ #MPA #ကျဆုံး #မကွေးတိုင်း #PDF
လက်ရှိအခြေအနေတွေအရတော့ နယ်စပ်ကုန်သွယ်ရေး စခန်းပြန်ဖွင့်တယ်ဆိုပေမယ့် ကုန်သွယ်ရေး ပြန်စတင်တယ်လို့တော့ ဆိုလို့ မရသေးပါဘူး။ နှစ်ဖက်စလုံးက ကုန်သည်တွေကတော့ အခြေအနေကို စောင့်ကြည့်နေကြတုန်းပါပဲ။
“ကွန်တိန်နာစနစ်ကို လုံး၀ပြောင်းလဲသွားနိုင်ပါတယ်”လို့ ကုန်သည်တစ်ဦးကတော့ အတိအကျ မှတ်ချက်ပေးပါတယ်။

လက်ရှိအချိန်မှာတော့ တကယ်သာ နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ဖြစ်ရင် ကွန်တိန်နာစနစ်ကို လုံးဝပြောင်းလဲမယ့် အလားအလာက သေချာနေသလို နယ်စပ်မတည်ငြိမ်မှုတွေကြောင့် ပြန်မဖွင့်နိုင်ခြေတွေကလည်း ရှိနေပါတယ်။

မန္တလေးအခြေစိုက် ကုန်သည်တစ်ဦးကလည်း “တရုတ်ဘက်က တွန်းပြီးပြန်ဖွင့်နေချင်ပေမယ့် နိုင်ငံရေးအခြေအနေမကောင်းသလို လမ်းကြောင်းတွေကလည်း မတည်ငြိမ်တော့ ကုန်သွယ်ရေးက မရေရာပါဘူး”လို့ သုံးသပ်ပါတယ်။

ပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ တရုတ်ဘက်က အရင်လို အသာစီးမယူဘဲ တွန်းအားပေး အလျော့ပေးပြီး ကုန်သွယ်မယ်ဆိုရင်တောင် ရုတ်ချည်း ပြန်အားကောင်းလာဖို့ မရှိပါဘူး။

#နယ်စပ်ကုန်သွယ်ရေး #တရုတ် #စီးပွားရေး #MPA
Mytel ပိုင်ဆိုင်မှု၏ ၄၉ ရာခိုင်နှုန်းကို ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment နှင့် ၂၈ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ လက်အောက်ခံ Star High ကုမ္ပဏီက ပိုင်ဆိုင်ထားပြီး ကျန် ၂၃ ရာခိုင်နှုန်းကို Myanmar National Telecom Holding က ပိုင်ဆိုင်ထားသည်။

Mytel ကုမ္ပဏီသည် ရောင်းချသူများအပါအဝင် သုံးစွဲသူများ၏ သပိတ်မှောက်မှုကြောင့် အာဏာသိမ်းပြီး သုံးလအတွင်းတွင် သုံးစွဲသူ နှစ်သန်းခန့် လျော့ကျသွားသည်။ ယင်းကြောင့်ပင် အကြမ်းဖက်စစ်တပ်၏ Mytel ကုမ္ပဏီမှ ဝင်ငွေ ဒေါ်လာ ၂၅ သန်းနီးပါး ထိခိုက်ဆုံးရှုံးခဲ့ကြောင်း Justice For Myanmar အဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နည်းလမ်းပေါင်းစုံဖြင့် အရောင်းမြှင့်တင်ခြင်းနှင့် အစွန်အဖျားဒေသများတွင် Mytel မှ တပါး အခြား အသုံးပြုစရာ မရှိအောင် ရွေးချယ်စရာနည်းပါးခြင်းတို့ကြောင့်သာ ကုမ္ပဏီအနေဖြင့် ရပ်တည်နိုင်နေသေးခြင်း ဖြစ်သည်။

ယင်းတို့ထက် စောစီးစွာ ပြိုကျခဲ့သည်က နှစ်ပေါင်းများစွာ တည်ဆောက်ထားသော အောင်ဘာလေထီပင် ဖြစ်သည်။ အကြမ်းဖက်စစ်တပ်ထံ ဝင်ငွေမစီးရန် ပြည်သူလူထု၏ အောင်ဘာလေထီ မဝယ်ယူရေးလှုပ်ရှားမှုကြောင့် အောင်ဘာလေထီကို လစဉ် မထုတ်ပြန်နိုင်တော့ဘဲ နှစ်လတစ်ကြိမ်သာ အဆင်ပြေသလိုသာ လည်ပတ်နေရပြီ ထီဆုငွေများလည်း ကြေညာထားသည့်အတိုင်း ထုတ်မပေးနိုင်ခဲ့တော့ပေ။

အကြမ်းဖက်စစ်တပ်၏ ယခုတစ်ကြိမ် အာဏာသိမ်းမှုကို မြန်မာပြည်သူလူထုက တုန့်ပြန်မှုများသည် ယခင်အကြိမ်များထက် သိသာစွာ ကွာခြင်းလာသည်။ လူထုမနာခံရေးလှုပ်ရှားမှု CDM တွင် ထောင်သောင်းချီသော အစိုးရဝန်ထမ်းများ နှုတ်ထွက်ခြင်း၊ အလုပ်မလုပ်ကိုင်တော့ခြင်းကြောင့် အကြမ်းဖက်စစ်တပ်သည် အုပ်ချုပ်ရေးယန္တရားကို ယနေ့ထိတိုင် လုံးဝ စီမံနိုင်ခြင်း မရှိသကဲ့သို့ပင် ပြည်သူလူထု၏ စစ်တပ်ကို ဝင်ငွေ မထောက်ပံ့ရေး၊ အခွန်မပေးရေးလှုပ်ရှားမှုများသည် အတိုင်းအတာ တစ်ခုအထိ ထိရောက်နေဆဲ ဖြစ်သည်။

ပြည်သူလူထုသည် ကြွေးကြော်သံတိုင်စရာ မလိုဘဲ ညီညွတ်နေဆဲ ဖြစ်သည်။
ပြည်သူလူထုသည် ရင်ထဲမှ နက်နက်ရှိုင်းရှိုင်းဆန္ဒများဖြင့် အာဏာရှင်စနစ်ကို တော်လှန်နေဆဲဖြစ်သည်။

တော်လှန်ကာလ ကြာရှည်လှသည့်တိုင် ကျနော်တို့ ပြည်သူများသည် ညီညွတ်နေဆဲပင် ဖြစ်သည်။

အယ်ဒီတာ

#MPA #Editorial
MSI - MYANMAR SOCIETY INFORMATIONS
Photo
ဒီပဲယင်းအနောက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်စခန်းတစ်ခုကို ဒေသခံကာကွယ်ရေးအဖွဲ့များ ပြောက်ကျားတိုက်ခိုက်

29 Nov 2021 By MPA

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင် အကြမ်းဖက်စစ်တပ်မှစခန်းချထားသောနေရာတစ်ခုကို ဒေသခံကာကွယ်ရေးအဖွဲ့များနိုဝင်ဘလ၂၉ရက်နေ့နံနက်ပိုင်းတွင် မိုင်းဆင်ပြီး ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြောက်ကျားတိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်တပ်၏ ယာယီစခန်းချရာတစ်ဝိုက်ကို မိုင်းများပတ်လည်ထောင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ဆက်သွယ်ရေးလိုင်းများအခက်အခဲရှိသဖြင့်ထိခိုက်သည်အထိ တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

“ညကသူတို့စတည်းချတဲ့တောကုန်းထက်က တဲကိုကျနော် တို့ဝိုင်းပြီးမိုင်းစင်တယ်။ မနက်အထမှာ မိုင်းဆွဲတိုက်ခိုက်တယ်။ ဒါပေမယ့် ကျနော်တို့မိုင်းတွေက ဖုန်းချို့ယွင်းခဲ့တဲ့ အတွက် အဆင်မပြေခဲ့ဘူးး”ဟု ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

ထို့သို့မိုင်းဆွဲတိုက်ခိုက်ခံရ​ပြီးနောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီး လမ်းကြောင်းတလျှောက်တွင် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၎င်းတို့သွားလာရာလမ်းတ​လျောက်ရှိ တောတဲကုန်းများကိုမီးရှို့ခဲ့ပြီး တဲ၇လုံးခန့်မီးရှို့ဖျက်ဆီးခံခဲ့ရကာ သိန်း ၁၀၀ နီးပါးဆုံးရှုံးခဲ့ရ​ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်သည် ယနေ့ နံနက်ပိုင်းတွင် စစ်တပ်အခြေချရာ ညောင်လှကျေးရွာမှ လည်းကောင်း၊ဒီပဲယင်းမြို့နယ်အနောက်ဘက်ရေဦးမြို့နယ်ဘက်မှလည်းကောင်း၊ နှောနယ်မြေ(ခ)ဘုတလင်နယ်စပ်ဘက်မှလည်းကောင်းကျေးရွာများအတွင်းသို့ စစ်ကြောင်းများဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းများသည် စစ်ကြောင်းထွက်ရာတွင် ကျေးရွာများထဲသို့ ဝင်ရောက်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များရှိနိုင်သော နေရာများကိုလက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများပြုလုပ်လျက်ရှိနေသည်။

"ရွာဘက်တွေစစ်ကြောင်းထိုးတော့ ရွာတွေမှာမနေရဲတဲ့အတွက် လူတွေကရှိသမျှစားသောက်ကုန်တွေတို့ အဝတ်အစား ဘာညာတွေကအစ တောတဲတွေထဲမှာ မိသားစုလိုက်တွေ ရင်းနှီးတဲ့မိသားစုဝင်တွေနဲ့ စုပေါင်းပြီးတော့ ဖွက်ထားတာမျိုးတွေရှိတယ်။" ဟု၎င်းကဆိုသည်။

ယမန်​နေ့များကလည်း ဒီပဲယင်းအရှေ့ဘက်ခြမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်များအကြား တိုက်ပွဲ၁၀မိနစ်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ၁၀ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးသမား၏ ပြောပြချက်အရသိရှိရသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်တပ်များအကြား စစ်ရေးအခြေအနေများ တင်းမာလျက်ရှိနေပြီးစစ်တပ်အနေဖြင့် နိုဝင်ဘာ၂၈ရက်နေ့ညနေပိုင်းတွင်လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူ၅ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒေသခံများအနေဖြင့်ထွက်ပြေး တိမ်းရှောင်နေကြရသည်။

#ဒီပဲယင်းအနောက်ခြမ်းရှိ #အကြမ်းဖက်စစ်တပ်အခြေချစခန်းတစ်ခု #ပြောက်ကျားတိုက်ခိုက်ခံရ #MPA
MSI - MYANMAR SOCIETY INFORMATIONS
Photo
NLD နာယက ဦးတင်ဦး နှင့် ထောက်လှမ်းရေး အကြီးအကဲဟောင်း ခင်ညွန့်ကို မင်းအောင်လှိုင် တွေ့ဆုံ

5 Dec 2021 by MPA

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် ထောက်လှမ်းရေးအကြီးအကဲဟောင်း ခင်ညွန့်ထံသွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဦးတင်ဦး၏ မြေးဖြစ်သူ မေချိုလွင်က “ဘဘ ဟာ အသက်အရွယ် လဲ အလွန်ကြီးရင့်နေပြီးတော့ လေဖြတ်ထားသူတစ်ဦးဖြစ်တဲ့ အတွက် လမ်းလဲ မလျောက်နိုင်တော့သလို စကားလဲ မပြောနိုင်တော့ပါဘူး။ အဲဒီအတွက် ဘဘ အနေ နဲ့ အိမ်အထိ လာရောက် တွေ့ဆုံသူကို ငြင်းပါယ် မရတဲ့ အခြေအနေ နဲ့ လက်ခံ တွေ့ဆုံလိုက်ရပေမဲ့ စကားတော့ ပြန်ပြောနိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

NLD နာယက ဦးတင်ဦးသည် NLD အမှတ်တံဆိပ် ပင်နီတိုက်ပုံဝတ်ဖြင့် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒါက လေဖြတ်ထားလို့ စကားမပြောနိုင်တော့တဲ့ ဘ ဘ က သူ့ရဲ့စိတ်သဘောထားရပ်တည်ချက်ကို ပင်နီတိုက်ပုံဝတ်ပြီး ပြသလိုက်တာလို့ဘဲ မေချိုကတော့ ယူဆ ပါတယ်ရှင့်” ဟု မြေးဖြစ်သူက ပြောသည်။

သူရဦးတင်ဦးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို စတင်တည်ထောင်ခဲ့သူများတွင် တစ်ဦး အပါအဝင် ဖြစ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌတာဝန်ကို ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်မှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်ထိ ထမ်းဆောင်ခဲ့သူဖြစ်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား ဗိုလ်ချုပ်ကြီး တစ်ဦးလည်း ဖြစ်သည်။

ထို့ပြင် မင်းအောင်လှိုင်သည် နဝတခေတ် တလျောက်လုံး ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို မွှေနှောက်ခဲ့သူ ထောက်လှမ်းရေးအကြီးအကဲဟောင်း ခင်ညွန့်ကိုလည်း တွေ့ဆုံခဲ့သည်။

ခင်ညွန့်သည် နဝတခေတ် ဝန်ကြီးချုပ်ဟောင်းနှင့် တပ်မတော်ထောက်လှမ်းရေးမှူးချုပ်အဖြစ်မှ နေအိမ်အကျယ်ချုပ်ဖြင့် ၇ နှစ်ခန့် ထိန်းသိမ်းခံခဲ့ရသူဖြစ်ပြီး ၁၉၉၀ နောက်ပိုင်းတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ၎င်း၏ ထောက်လှမ်းရေးကွန်ယက်ဖြင့် အကြီးအကျယ် ခြိမ်းခြောက်ဖိနှိပ်ခဲ့သည့် အာဏာရှင် လက်ကိုင်တုတ်တစ်ဦးလည်း ဖြစ်သည်။

ထို့ပြင် မင်းအောင်လှိုင်သည် စွယ်စုံရ အနုပညာရှင်ကြီးတစ်ဦးဖြစ်သည့် ဘိုကလေး တင့်အောင်ကို ပါ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဘိုကလေးတင့်အောင်သည် ဗမာ့လွတ်မြောက်ရေးတပ်မတော် BIA တပ်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူ ဖြစ်သော် လည်း BIA တပ်ဖျက်သိမ်းပြီးနောက် အနုပညာနယ်ပယ်သို့ ခြေစုံပစ်ဝင်ခဲ့သူ အနုပညာရှင် တစ်ဦး ဖြစ်သည့် မြန်မာ့ရုပ်ရှင် တစ်သက်တာ ထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်ပြီး အမျိုးသားစာပေဆုရ စာရေးဆရာတစ်ဦးဖြစ်သည်။

#NLDနာယကဦးတင်ဦး #ထောက်လှမ်းရေးအကြီးအကဲဟောင်းခင်ညွန့် #မင်းအောင်လှိုင်တွေ့ဆုံ
#MPA
ကြည့်မြင်တိုင်မြို့နယ်မှာ ငြိမ်းချမ်းစွာဆန္ဒပြပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက ကားနဲ့ အကြမ်းဖက်တိုက်ဖမ်းတဲ့ ဖြစ်စဉ်အတွင်း ဒဏ်ရာရခဲ့လို အရေးပေါ်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတဲ့ Myanmar Pressphoto Agency သတင်းဌာနရဲ့ အမျိုးသမီးသတင်းထောက် သတိပြန်ရလာပြီဖြစ်ပါတယ်။
#dvbtvnews #MPA #Journalist #WhatsHappeningInMyanmar
MSI - MYANMAR SOCIETY INFORMATIONS
Photo
အင်းစိန်ထောင် ဝန်ထမ်းအိမ်ရာဗုံးပေါက်ပြီး ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျောက် စစ်ကားများ ဥဩဆွဲကာ အရှိန်မြှင့်မောင်းနှင်နေ

28 Jan 2022 By MPA

ရန်ကုန်မြို့ရှိ ကမ်းနားလမ်းတစ်လျောက်တွင် အကြမ်းဖက်စစ်ကားများ ဥဩဆွဲကာ အရှိန်မြှင့်မောင်းနှင်လျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောသည်။

ယင်းသို့ ဥဩဆွဲမောင်းနှင်မှုသည် ရန်ကုန်တွင် ဒုတိယအကြိမ်ဖြစ်ပြီး အင်းစိန်ထောင် ဝန်ထမ်းအိမ်ရာဗုံးပေါက်မှုကြောင့်ဖြစ်သည်ဟု အမည်မဖော်လိုသူ ရဲတစ်ဦးက ပြောသည်။

"အင်းစိန်ဝန်းကျင်မှာကင်းချရမယ်လို့ အမိန့်ရထားတယ်။အင်းစိန်ထောင်၊ဝန်ထမ်းအိမ်ရာမှာ ဗုံးကွဲလို့ အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင်တွေ တော်တော်နာနေပုံရတယ်”ဟု အမည်မဖော်လိုသူ ရဲတစ်ဦးက ပြောသည်။

ယနေ့ည ၉နာရီ၃၅မိနစ်တွင် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှ ရဲမီးတန်း ကားတစ်စီး၊ DCအမျိုးအစားစစ်ကားနှစ်စီးသည် ဗားဂရာချောက်နားအရောက် ဥဩဆွဲ ဟွန်းရှည်တီးကာ အင်းစိန်ဘက်သို့ ကမ်းနားလမ်းတစ်လျောက်အရှိန်မြှင့်ကာ မောင်းနှင်သွားကြောင်း သိရသည်။

ယင်းအပြင် အလုံဘက်မှ ကမ်းနားလမ်းအတိုင်းမောင်းနှင်လာသည့် ရဲများပါသည့် Fawအမျိုးအစား စစ်ကားတစ်စီး၊DCအမျိုးအစား Faw ကားတစ်စီးတို့သည် ယနေ့ည၁၀နာရီ ၅မိနစ်အချိန်တွင် အင်းစိန်ဘက်တို့ ဥဩဆွဲဟွန်းရှည်တီးကာ ထပ်မံမောင်းနှင်သွားသည်။

"သူတို့တော်တော်အရေးကြီးနေပုံရတယ်။ည၉နာရီလောက်ထဲက ကမ်းနားလမ်းငါးဈေးဘက်ကို မော်တော်ပီကယ်တွေလာပြီးလမ်းရှင်းနေတာ။ကိုးနာရီခွဲလောက်မှ ဥဩဆွဲသံကြားတာ”ဟု ကြည့်မြင်တိုင်မြို့နယ်၊ကမ်းနားလမ်းနေထိုင်သူ တစ်ဦးက ရှင်းပြသည် ။

ရန်ကုန်အခြေစိုက် ပျောက်ကျားတပ်ဖွဲ့တွေဖြစ်သည့် GOD အဖွဲ့နှင့် ပူးပေါင်းမဟာမိတ်တပ်များဖြစ်သည့် Free Tiger Ranger၊ SRF၊ Black Eagle တို့သည်ချိန်ကိုက်ဗုံးအသုံးပြုပြီး လှိုင်သာယာ၊ ရွှေလင်ဗန်းလျှပ်စစ်ရုံး၊ စက်မှုဇုန်လျှပ်စစ်ရုံးတို့ကို ယနေ့ည၇နာရီခွဲခန့်က အဝေးထိန်းမိုင်းစနစ်ဖြင့် ဖောက်ခွဲခဲ့ကြောင်း အဆိုပါအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

လှိုင်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊မြို့နယ်တရားရုံး နှင့် မြောက်ဒဂုံမြို့နယ်၊ကုန်ပဒေသာမှတ်တိုင်အနီးရှိ မြို့နယ်လျှပ်စစ်ရုံးတို့ကို ယနေ့ည ၈နာရီခန့် က မြေအောက်တော်လှန်ရေး အဖွဲ့တစ်ခုမှ ချိန်ကိုက်ဗုံးခွဲခဲ့ကြောင်း သိရသည်။

#MPA #ရန်ကုန် #ဗုံးပေါက်ကွဲ #Myanamr #အကြမ်းဖက်စစ်ကောင်စီ

Website Link - https://wp.me/p9beg2-1SF
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
ဘင်္ဂလားပင်လယ်ပြင်က တရုတ်နိုင်ငံရဲ့စွန့်ပစ်အမှိုက်ကန်ဖြစ်နေပြီလား

23 Mar 2022 By MPA/မောင်ကံ(Analysis)


ရခိုင်ပြည်တောင်ပိုင်း သံတွဲနှင့်မာန်အောင်မြို့အနီးက ဘင်္ဂလားပင်လယ်ပြင်ထဲကို တရုတ်အာကာသ ယာဉ် အပိုင်းအစ (Aerospace Flight)တွေ စွန့်ပစ်ခဲ့တာဟာ တစ်နှစ်ကျော်အတွင်းမှာ သုံးကြိမ်ရှိခဲ့ပြီဖြစ်ပါတယ်။ အဲလို တရုတ်အာကာသယာဉ်ရဲ့ အပိုင်းအ စတွေ စွန့်ပစ်ခဲ့တာကို သံတွဲနှင့် မာန်အောင်မြို့မှာ နေထိုင်ခဲ့ကြတဲ့ ဒေသခံတချို့မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသလို မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး ဌာနအောက်ရှိ လေကြောင်း၊ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကလည်း တရားဝင်သတိ ပေးစာတွေ ထုတ်ပြန်ခဲ့ပါတယ်။

#MPA
သတင်းအပြည့်အစုံ 👇
ရန်ကုန်ရှိ ဒညင်းကုန်း သံလမ်းဘေးက စစ်ကားဗုံးဖောက်ခံရကာ စစ်သားတစ်ဦးသေဆုံး

ရန်ကုန်၊ဧပြီ ၉

https://mpanews.press/

#MPA #Myanmar #inseinprison #HumanRightsViolations
👇🏻👇🏻👇🏻
NUCC တွင် NLD ကိုယ်စားပြုမှု မပါဝင်ဘဲ မိတ်ဖက် ဆက်ဆံရေးအဖြစ်သာ ရပ်တည်တော့မည်

22 May 2022 By MPA

အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ကိုယ်စားပြုမှု မပါဝင်ဘဲ မိတ်ဖက် ဆက်ဆံရေးအဖြစ်သာ ရပ်တည်တော့မည် ဖြစ်ကြောင်း NLD အဖွဲ့ဝင်များထံမှ သိရသည်။

NLD သည် ပြည်သူ့ ညီလာခံပြီးသည့် နောက်ပိုင်းတွင် NUCC အစည်းအဝေးများသို့ တက်ရောက်ခြင်း မရှိဟုလည်း NUCC ကိုယ်စားလှယ်များနှင့် နီးစပ်သည့် နိုင်ငံရေး အသိုင်းအဝိုင်းမှ သိရသည်။

“ပါတီကိုယ်စားပြုပြီး ကောင်စီဝင်အဖြစ် မပါဝင်နိုင်တာပါ၊ မိတ်ဖက် ဆက်ဆံရေးအဖြစ် ရှိနေမှာပါ၊ အထွေအထူး ပြောစရာ မရှိပါ ”ဟု NUCC တွင် NLD ကိုယ်စားပြုအနေဖြင့် တက်ရောက်ခဲ့သည့် ကိုကျော်ထွေးက MPA ကိုပြောသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ ညီလာခံအပြီး နောက်ပိုင်းတွင် NLD သည် NUCC ၏ အစည်းအဝေးများကို တက်ရောက်ခဲ့ခြင်း မရှိတော့ဘဲ အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း NUCC ကိုယ်စားလှယ်များနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။

၎င်းက “ NLD က အစည်းအဝေး မတက်တာကြာတဲ့အတွက် ဘာဖြစ်နေလဲ၊ ဘာအခက်အခဲ ဖြစ်နေသလဲ ဆိုပြီး ပြန်ဆက်သွယ်တဲ့ အခါမှာ ကြားရတဲ့ သတင်းစကားက NUCC မှာ မပါဝင်တော့ဘဲ မဟာမိတ် အနေနဲ့ပဲ နေတော့မယ် ဆိုပြီး ပြန်ကြားရတယ် ” ဟု ပြောပြသည်။

အကြမ်းဖက် စစ်ကောင်စီက ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာ သိမ်းပြီးနောက်ပိုင်းတွင် NLD ဗဟို အလုပ်အမှုဆောင် (CEC) အများစုမှာ ဖမ်းဆီး ထိန်းသိမ်းခံရပြီး အနည်းငယ်သာ နိုင်ငံရေး အခင်းအကျင်းတွင် ရှိသဖြင့် နိုင်ငံရေး ဆုံးဖြတ်ချက်များ မချနိုင်သည့် အတွက် ယခုကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်နိုင်ကြောင်း NLD ပါတီ CEC များနှင့် နီးစပ်သူများ ကလည်း ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကို MPA က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ယခုလပိုင်းအတွင်း NLD ဗဟို သုတေသန လုပ်ငန်း အဖွဲ့ချုပ်၏ NUCC နှင့် ပတ်သက်ပြီး သုတေသန စာတမ်း တစ်စောင် နိုင်ငံရေး အသိုင်းအဝိုင်းကြား ထွက်ပေါ်လာခဲ့ပြီး ဖက်ဒရယ် လိုလားသည့် နိုင်ငံရေး အသိုင်းအဝိုင်းများကြား အငြင်းပွားမှုများ ဖြစ်လာခဲ့ကြောင်း နိုင်ငံရေးသမား အများစုက ပြောဆိုသည်။

NUCC ဦးဆောင်သည့် ပထမအကြိမ် ပြည်သူ့ ညီလာခံကို ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာ စာတမ်း အစိတ်အပိုင်း ၁ နှင့် အစိတ်အပိုင်း ၂ ကြားကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ အစီအမံအဖြစ် အတည်ပြုထားကာ NUCC ကို အစုအဖွဲ့ ၅ ဖွဲ့အား ကိုယ်စားပြုသည့် အစုအဖွဲ့ဝင် အဖွဲ့ အစည်း ၃၃ ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုထားသည်။

၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် CRPH ၏ အဆိုပြုချက်ဖြင့် NUCC က ဖွဲ့စည်းပေးခဲ့သော အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို ပြည်သူ့ ညီလာခံ ရှေ့မှောက်၌ ထပ်လောင်း အတည်ပြုကြောင်းလည်း ထုတ်ပြန်ထားသည်။

NUCC သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ စုဖွဲ့မှု အသီးသီးမှ ခေါင်းဆောင်များ၊ စုပေါင်း ခေါင်းဆောင်မှုကို ဖော်ဆောင်နေသည့် ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ တော်လှန်ရေး အတွက် အရေးကြီးသည့် ရှေ့လုပ်ငန်းစဉ်များကို ပြုလုပ်နေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံတဝန်းကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မဲအပြတ်အသတ်နှင့် အနိုင်ရရှိကြောင်း ယခင် UEC က ကြေညာထားသည်။

အဆိုပါ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည့်အတွက်ဟု အကြောင်းပြကာ မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စု က နိုင်ငံ့အာဏာကို မတရား သိမ်းယူလိုက်ပြီး ဒေါ်အောင်ဆန်းကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD ထိပ်ပိုင်း ခေါင်းဆောင်များကိုလည်း ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲသည် ဥပဒေများနှင့် ညီညွတ်မှု မရှိသည့် အပြင် လွတ်လပ်မျှတမှု မရှိသည့်အတွက် ဟုဆိုကာ ရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်လိုက်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ တာဝန် ပေးအပ်ခြင်း ခံရသည့် လက်ရှိ UEC ကလည်း ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန် ကြေညာခဲ့သည်။

ပြည်သူ့ညီလာခံပြီး နောက်ပိုင်း Kachin Political Interim Coordination Team (KPICT) သည်လည်း NUCC အစည်းအဝေးသို့ ကိုယ်စားပြု ကိုယ်စားလှယ် တက်ရောက်မှု မရှိသည်မှာ အချိန်ကာလတစ်ခု ရှိခဲ့ပြီ ဖြစ်ကြောင်း NUCC နိုင်ငံရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက သိရသည်။
#NUCC #NLD #MPA #Myanmar
တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း သွေးကွဲစေမည့် လုပ်ဆောင်ရေးသားချက်များပြုလုပ်ပါက ထိရောက်စွာအရေးယူသွားမည်ဟု KNDO သတိပေး

26 Sep 2022 By MPA 001

တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း သွေးကွဲစေမည့် လုပ်ဆောင်ရေးသားချက်များပြုလုပ်ပါက ထိရောက်စွာ အရေးယူအပြစ်ပေးသွားမည်ဟု ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) က သတိပေးထားကြောင်း အမည်မဖော်လိုသူ KNDO တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ အသိပေးစာကို တပ်မဟာ ၄၊ တပ်ရင်း ၇ တပ်ခွဲ ၂ ​၏ တပ်ခွဲမှူး ဗိုလ်ကြီးကျော်ထွန်းက တပ်ခွဲ ၂ နယ်မြေရှိ သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်း ၂ ခုထံ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ KNDO တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

"နယ်မြေထဲက အဖွဲ့အစည်းနှစ်ခု မကျေလည်မှုလေးတွေ ဖြစ်ကြတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမြင်စောင်းတာမျိုးပေါ့။ သူတို့ကို ဗိုလ်ကြီးကခေါ်ပြီး ဖြေရှင်းပေးပြီးပါပြီ။ ပြေလည်သွားကြပြီ"ဟု အမည်မဖော်လိုသူ KNDO တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့က တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းသွေးကွဲစေမည့် လုပ်ဆောင်ရေးသားချက်များမပြုလုပ်ရန် KNDO ဗိုလ်ကြီးကျော်ထွန်း အမိန့်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး NUG အစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကိုလည်း ရည်ညွှန်း သတိပေးထားကြောင်း MPA မှ စုံစမ်းသိရသည်။

ယင်းထုတ်ပြန်ချက်တွင် KNDO ထိန်းချုပ်နယ်မြေအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့အသီးသီးသည် တပ်ဖွဲ့ တစ်ဖွဲ့နှင့်တစ်ဖွဲ့အပေါ် သွေးကွဲစေမည့် အရေးအသားများ၊Social Media သတင်းများအပေါ်တွင်လည်းကောင်း၊ မြေပြင်လုပ်ဆောင်ချက်များတွင်လည်းကောင်း၊ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ ရဲဘော်တစ်ဦးချင်းအနေနှင့်ဖြစ်စေ ပြုမူလုပ်ဆောင်ရေးသားခြင်းများမပြုလုပ်ရန်နှင့် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း စည်းလုံးညီညွတ်စွာ ပြုမူနေထိုင်ကြရန် အသိပေးထားခြင်းဖြစ်သည်။

ထိုသို့ မလိုက်နာပါက ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဟု KNDO တပ်မဟာ ၄၊ ရင်း ၇ ခွဲ ၂ ​၏ တပ်ခွဲမှူး ဗိုလ်ကြီးကျော်ထွန်း​၏ လက်မှတ်ဖြင့် သတိပေးစာတွင် ပါရှိသည်။

လက်ရှိတွင် KNDO တပ်မဟာ ၄၊ ရင်း၇ ခွဲ ၂​ မှ KNDO တပ်ဖွဲ့ဝင်များနှင့် PDF အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ အကြမ်းဖက်စစ်ကောင်စီအား ပြောက်ကြားဗျူဟာဖြင့် တိုက်ခိုက်နေပြီး အကြမ်းဖက်စစ်ကောင်စီပိုင် ပုလောမြို့နယ်ရှိ နယ်မြေ ၃ ခုအား လုံးဝထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း MPA မှ စုံစမ်းသိရှိရသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://bit.ly/3BKLwvR
Telegram Link - https://t.me/MPANews

#KNDO #အကြမ်းဖက်စစ်ကောင်စီ #PDF #MPA
ဘာလို့လဲဆိုတော့ အမျိုးသမီးလစဉ်သုံးဂွမ်းလိပ်ဟာ တခြားဂွမ်းတွေနဲ့မတူ မလိုလားအပ်တဲ့ရောဂါပိုး မွှားတွေမဝင်အောင် သန့်စင်ထားပြီးသားဖြစ်သလို သွေးကို ရာနှုန်းပြည့်စုပ်ယူနိုင်စွမ်းရှိတာကြောင့် ဒဏ်ရာရ ဆန္ဒပြလူငယ်တွေသွေးထွက်မလွန်စေဖို့အတွက် ဖြစ်တယ်လို့ သိခဲ့ရတယ်။ ကျနော်တို့ရဲ့ဂျန်နရေးရှင်းဇက် အမျိုးသမီးငယ်တွေက အီဗာကိုရဲရဲတင်းတင်းကိုင်ကာ သူတို့လိုက်ဝေပေးတဲ့အထဲ လူငယ်အမျိုးသားတွေဒင်း ကြမ်းပြည့်။ ဝေတဲ့သူကလည်း အေးဆေး၊ အဝေခံရတဲ့သူကလည်း မသတီစရာ၊ ယောကျာ်းတို့ မကိုင်အပ်တဲ့အ ရာလို့ မထင်။

နွေဦးတော်လှန်ရေးမှာ ထဘီကိုအလံထူခဲ့ကြတယ်။ ထဘီကို ခေါင်းပေါင်းပေါင်းကာ ရှေ့ဆုံးတန်းကနေ ချီတက်ဆန္ဒပြတဲ့လူငယ်ကို တွေ့ခဲ့ရတယ်။ အမျိုးသမီးတို့ရဲ့ ဂါဝန်နဲ့ စကပ်ကိုဝတ်ကာ ဆန္ဒပြနေတဲ့ အမျိုးသား လူငယ်လေးတွေကို မြင်ခဲ့ရတယ်။

အီဗာတွေ၊ ထဘီတွေ၊ ဂါဝန်တွေနဲ့ သူတို့ဘာလုပ်နေသလဲလို့ သွားမေးရင် သေချာရှင်းပြနိုင်လိမ့်မယ်လို့မထင်။ အဲဒါတွေဟာ သူတို့ သွေးသားထဲ တလိပ်လိပ်တက်လာတဲ့ ရုန်းကန်ထကြွမှုသ‌င်္ကေတ။ နွေဦးတော်လှန်ရေးဆိုတာ စစ်အာဏာရှင်စနစ်ကိုသာ တော်လှန်ခြင်းမဟုတ်ဘဲ ကျနော်တို့လူ့အဖွဲ့အစည်းအတွင်း မလိုလားအပ်တဲ့ အစဉ်အလာအစွဲအလမ်း အညှီအဟောက်တွေကိုပါ မြေလှန်မယ်ဆိုတဲ့ အာဏာရှင် + ယဉ်ကျေးမှုတော် လှန်ရေး။ မလိုလားအပ်တဲ့ ရှက်စရာမဟုတ် ရှက်နေတာတွေ၊ မလိုလားအပ်တဲ့ မိန်းမတို့ အိန္ဒြေဆိုတာတွေ၊ မလိုလားအပ်တဲ့ စုံမှိတ်ကိုးကွယ်မှုတွေ၊ မလိုလားအပ်တဲ့ ကျားမ ခွဲခြားဆက်ဆံမှုတွေ၊ မလိုလားအပ်တဲ့ ယဉ်ကျေး သိမ်မွေ့မှုဆိုတာတွေ……စတဲ့ မလိုလားအပ်တာမှန်သမျှ တော်လှန်မယ်မြေလှန်မယ်ဆိုတဲ့ နွေဦးတော်လှန်ရေး။

တစ်ခါက လူစည်လှပါတယ်ဆိုတဲ့ လှည်းတန်းညနေခင်းမှာ စီးတီးမတ်ကနေ အီဗာတစ်ထုပ်ကိုင်ကာ သက်သောင့်သက်သာထွက်လာတဲ့ ချာတိတ်မတစ်ယောက်ကို မြင်တော့ ကျနော်ခိုက်သွားတယ်။

သိပ်မကြာသေး၊ အသက်၈၀ နားနီး ဘိုးတော်တစ်ယောက် ဆရာလေးတွေကို ဆွမ်းဆန်တင်မက တစ်ပါးကို အီဗာတစ်ထုပ်ကျ လောင်းလှူနေတာ လူမှုကွန်ရက်ပေါ် မြင်ရတော့ ဒီဘိုးတော်ကြီး ခေတ်မီလှချည်လားဆိုပြီး မလေးစားဘဲ မနေနိုင်။

မိန်းမဆို ရာသီလာမှာပဲ။ ရာသီလာတယ်ဆိုတာ သဘာဝကိစ္စ၊ အီဗာဆိုတာရှက်စရာတဲ့လား။ နွေဦးတော်လှန်ရေးဆိုတာ အဲဒီလိုကျပ်မပြည့်တဲ့ အစဉ်အလာအစွဲအလမ်းတွေကိုပါ တော်လှန်တယ်။ ကျနော်တို့ တော်လှန်ရမယ်။

အပြည့်အစုံ ဖတ်ရှုရန် >>> https://bit.ly/3SP65y5

#အီဗာ #တော်လှန်ရေး #ဆောင်းပါး #အမျိုးသမီး #MPA
တော်လှန်ရေးပေါင်းစည်းအင်အားကို ချေမှုန်းရန်မဖြစ်နိုင်တော့မှန်း စစ်ကောင်စီ သိနေပြီဟု ကာကွယ်ရေးဝန်ကြီးဆို

23 Nov 2022 By MPA

ယခု စနစ်တကျ တပ်ဆင် တိုက်ပွဲဝင်နေသည့် PDF တပ်မတော်၊ တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်(EROs) တို့၏ ပေါင်းစည်းအားကို ချေမှုန်းရန် လုံးဝမဖြစ်နိုင်တော့မှန်း အကြမ်းဖက်စစ်ကောင်စီအနေနှင့် ကောင်းကောင်းသိနေပြီဟု NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောသည်။

ယနေ့တွင် PDF ရဲဘော်များသို့ မိန့်ခွန်းပြောကြားရာမှာ ကာကွယ်ရေးဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီသည် တူမီးနှင့်စခဲ့သည့် ခုခံစစ်ကိုတောင် ချေမှုန်းနိုင်စွမ်းမရှိခဲ့ကြောင်းလည်းကာကွယ်ရေးဝန်ကြီးက ဆိုသည်။

“အခုဆို အညာက လူထုသပိတ်တိုက်ပွဲဟာ မုံရွာလို မြို့ကြီးတွေရဲ့ လမ်းမတွေပေါ် ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်။ ဒီအချက်က ပြည်သူ့တော်လှန်ရေးရဲ့ နယ်မြေစိုးမိုးထိန်းချုပ်နိုင်စွမ်း ဘယ်လောက် ရှိနေပြီဆိုတာ ဖော်ပြတယ်။ ငါတို့ရဲဘော်တွေ ဘယ်လောက်စွမ်းခဲ့ကြတယ်။ ရှေ့မှာ ဆက်ပြီး ဘာတွေ အစွမ်းပြကြလိမ့်ဦးမယ်ဆိုတာ ရန်သူကောင်းကောင်းအကဲခတ်နိုင်တယ်။ စစ်အာဏာရှင်ရဲ့နောက်ဆုံးနေ့ မဝေးတော့ဘူး ဆိုတာလည်း သူတို့နားလည်သဘောပေါက်နေပြီလို့ ပြောချင်တယ်”ဟု ၎င်းက ပြောသည်။

မည်သူမဆို တော်လှန်ရေးကို အောင်ပွဲနှင့်အတူ အမြန်ဆုံး အဆုံးသတ်ချင်ကြသော်လည်း တော်လှန်ရေးအနှေးအမြန် ဆိုသည်မှာ မိမိ၏ စိတ်ဆန္ဒတစ်ခုတည်းအပေါ်စီမံဆောင်ရွက်၍ မရကြောင်း မဟာမိတ်တည်ဆောက်မှု၊ တပ်မတော်ဖွဲ့စည်းမှုနှင့် လက်နက်တပ်ဆင်မှုတို့သည် စိတ်ရှိတိုင်းမမြန်နိုင်ကြောင်း ဦးရည်မွန်က ဆိုသည်။

“ခြေလှမ်းနှေးတာ၊ မြန်တာထက် ခြေလှမ်းမမှားဖို့က ပိုအရေးကြီးတယ်။ တည်တည်ငြိမ်ငြိမ်၊ ခေါင်းအေးအေးထားပြီး ခြေလှမ်းမှန်မှန်လှမ်းနိုင်ရင် ပန်းတိုင်ဟာ တစ်နေ့ထက်တစ်နေ့ နီးလာမယ်။ တော်လှန်ရေး လမ်းမလွဲဖို့၊ တော်လှန်ရေး လမ်းမချော်ဖို့ဆိုရင် ကိုယ့်အချင်းချင်းစိတ်ဝမ်းမကွဲရေး၊ နားလည်မှု ရှိရေးဟာ အင်မတန်အရေးကြီးတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

PDF တပ်မတော်ကို စစ်ရည်စစ်သွေးပြည့်ဝပြီး Chain of Command ရှိပြီး Code of Conduct ကို လေးစားလိုက်နာသည့် ပရော်ဖယ်ရှင်နယ် တပ်မတော် တစ်ရပ်ဖြစ်အောင် တစ်နေ့ပြီး တစ်နေ့ ကြိုးပမ်းတည်ဆောက်ကြရမည်ဟုလည်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://bit.ly/3U2GMsq
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

#ကာကွယ်ရေးဝန်ကြီး #NUG #စစ်ကောင်စီ #MPA
အပစ်ရပ်ထားသည့်ရခိုင်တွင် ပြည်နယ်မြို့တော်ထွက်ပေါက်ကို အကြမ်းဖက်စစ်တပ်က ပိတ်ထားဆဲဖြစ်

29 Nov 2022 By MPA

အကြမ်းဖက်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ယာယီအပစ်ရပ်ထားသော်လည်း နိုဝင်ဘာလ ၂၉ ရက်၊ ယနေ့နေ့လယ်အချိန်ထိ ပြည်နယ်မြို့တော်ထွက်ပေါက် စစ်တွေ-ရန်ကုန် ကားလမ်းမကြီးကို အကြမ်းဖက်စစ်တပ်က ပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံပြည်သူများက ဆိုသည်။

အဆိုပါရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေမှ ပုဏ္ဏားကျွန်းမြို့သို့သွားသည့် အဝေးပြေး ကားလမ်းမကြီးကို အကြမ်းဖက်စစ်တပ်၏ စစ်တွေတပ်ထိန်းဂိတ်မှ ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း ဆိုကြသည်။

ထိုအဝေးပြေးကားလမ်းမကြီးကို နိုဝင်ဘာလ ၁၀ ရက်မှ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်၏ စစ်တွေတပ်ထိန်းဂိတ်နှင့် ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းမှ ပိတ်ဆို့ထားခြင်းဟု ဒေသခံပြည်သူများက ဆိုသည်။

''စစ်တွေတပ်ထိန်းဂိတ်က ခုချိန်ထိဖွင့်မပေးသေးပါဘူး။ ရခိုင်မှာစစ်တွေက အဓိကမြို့တော်ပါ။ စစ်တွေကနေ ရခိုင်တစ်ပြည်လုံးကို ကုန်းရော၊ လမ်းပန်ဆက်သွယ်ရေးတွေက အစရှိနေတာပါ။ စစ်တွေကနေပိတ်ထားတော့ ဘယ်မှသွားလို့လုပ်လို့မရသလိုပါပဲ။ အမြန်ပြန်ဖွင့်ပေးစေချင်ပါတယ်''ဟု စစ်တွေမြို့ခံတစ်ဦးက MPA သို့ ပြောသည်။

ထိုလမ်းမကြီးတစ်လျှောက်ရှိ စစ်တွေတပ်ထိန်းဂိတ်အပြင် ကျောက်တန်းဂိတ်ကိုလည်း ပိတ်ဆို့ထားပြီး ပုဏ္ဏားကျွန်း မြို့နယ်ရှိ ကွန်းတောင်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်က စစ်ဆေးရေးဂိတ် ဖွင့်ကာ ပိတ်ဆို့ထားသည့်အပြင် ၅၅၀ တပ်ရင်းနှင့် ပုဏ္ဏားကျွန်း မြို့မရဲစခန်းရှေ့တွင်လည်း ပိတ်ဆို့တားမြစ်ထားကြောင်း ဒေသခံများက ဆိုသည်။

ထိုကဲ့သို့ ပိတ်ဆို့ထားသည့်အတွက် မြို့တွင်းနေသူများလည်း မြို့ပြင်သို့မသွားရောက်နိုင်သည့်အပြင် မြို့ပြင်ကျေးလက်နေသူများလည်း မြို့တွင်းသို့ မလာရောက်နိုင်သည့်အတွက် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးစသည့် အစစအရာ ထိခိုက်နစ်နာခံစားနေကြရသည်ဟု ပြည်သူများကဆိုသည်။

''အပစ်ရပ်လိုက်ပြီးဆိုပေမယ့် ကျွန်မတို့ကို မြို့တွင်းမှာ အကျယ်ချုပ်ချထားသလိုပါ။ စစ်တွေသို့သွားမယ် ဆိုရင်တော့ ပုံမှန်ကားလမ်းက သွားလို့မရသေးပါဘူး။ အမြန် ပြန်ဖွင့်ပေးစေချင်ပါတယ်''ဟု ပုဏ္ဏားကျွန်းမြို့ပေါ်နေ တက္ကသိုလ်ကျောင်းသူတစ်ဦးက MPA သို့ ပြောသည်။

အကြမ်းဖက်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများပြင်းထန်နေရာမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ရုတ်တရက်ယာယီအပစ်ရပ်လိုက်ကြောင်း နှစ်ဘက်စလုံးမှအတည် ပြုပြောထားသည်။

ထို့နောက် စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ရေလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တောကားလမ်းကို ပြန်ဖွင့်ပေးခဲ့သော်လည်း စစ်တွေ-ရန်ကုန်အဝေးပြေးလမ်းမကြီး အပါအဝင် တခြားမြို့ချင်းဆက်လမ်းများ၊ ရေလမ်းများကို ယနေ့အချိန်ထိ ပြန်ဖွင့် မပေးသေးကြောင်း ဒေသခံပြည်သူများက ဆိုသည်။

အကြမ်းဖက်စစ်တပ်၏ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားမှုကြောင့် အချိန်မီ ဆေးကုသခွင့်မရသဖြင့် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူများရှိခဲ့သည့်အပြင် အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်သူလူထုတစ်ရပ်လုံးကို ဖြတ်လေးဖြတ် စီမံကိန်းဖြင့် စစ်ရာဇဝတ်မှုကျူးလွန်ကာ လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်သူများက ဆိုသည်။

ထိုအပြင်အကြမ်းဖက်စစ်တပ်အတွက် နိုင်ငံခြားဝင်ငွေရှာပေးနေသည့် မောင်တောနယ်စပ် ကုန်သွယ်ရေးလည်း ရပ်တန့်ထားခဲ့ရပြီး မောင်တောနေပြည်သူများ ဆန်တစ်အိတ်ကို တစ်သိန်းခွဲအထိပေးပြီး ဝယ်ယူစားသုံးခဲ့ကြရသည်ဟု ဆိုကြသည်။

အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်အပြင် ချင်းပြည်၊ ပလက်ဝနှင့် ရခိုင်ပြည်သို့ ဆက်သွယ်သွားလာနေကြသည့် တစ်ခုတည်းသော ရေကြောင်းလမ်း ကုလားတန်မြစ် အသုံးပြုသွားလာမှုကိုလည်း သေနတ်များပစ်ခတ်ခြိမ်းခြောက်ပြီး တားမြစ်ကန့်သတ်ထားသည်ဟု ပလက်ဝဒေသခံများက ဆိုသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://bit.ly/3FcOtbE
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

Photo - MPA (ပုံစာ-ပုဏ္ဏားကျွန်းမြို့မရဲစခန်းရှေ့နားတွင် ရပ်နားစောင့်ဆိုင်းနေသည့် ကားများကို တွေ့ရစဥ်)

#ရခိုင်ပြည်နယ် #စစ်ကောင်စီ #အပစ်ရပ် #အေအေ #လမ်းပန်းဆက်သွယ်ရေး #MPA
လောင်းလုံး နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ထားဝယ်ထောင်သို့ လုံခြုံရေး အပြည့်ဖြင့် ပို့ဆောင်

5 Dec 2022 By MPA 008

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို လုံခြုံရေးအပြည့်ဖြင့် ထားဝယ် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

လောင်းလုံးမြို့မရဲစခန်းတွင် ဖမ်းဆီးထားသည်မှာ ၂ လနီးပါးကြာပြီဖြစ်သော နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ထားဝယ် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

"လမ်းတစ်လျှောက်မှာတော့ လုံခြုံရေး အပြည့်နဲ့ ပို့ဆောင်ခဲ့တာ ဖြစ်တယ်"လို့ လောင်းလုံး ဒေသခံ တစ်ဦးက ပြောသည်။

ထားဝယ်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သော နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီလက်အောက်ခံတရားရုံးက ထောင်ဒဏ်ချမှတ်ပြီးခြင်း ရှိ၊မရှိ မသိရသေးပေ။

"လောင်းလုံးမှာက မြို့နယ် တရားရုံးရှိပေမယ့် စစ်တပ်က အာဏာသိမ်းပြီး နောက် ပိတ်ထားတာ ကြာပါပြီ။ အခု ပြန်ဖွင့်နေပြီလို့ သိရပေမယ့် အခု ထောင်ကို ပို့ဆောင်လိုက်တဲ့ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးကို တရားရုံးက အမှုဖွင့်ပြီးပြီလားဆိုတာ မသိရသေးဘူး"ဟု ထားဝယ် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက ပြောသည်။

အဆိုပါ နိုင်ငံရေး အကျဉ်းသား ၁၅ ဦး သည် ယခုနှစ် အောက်တိုဘာလအတွင်း လောင်းလုံးကျေးရွာ တချို့မှ အကြမ်းဖက်စစ်တပ်က ညဘက် ဝင်ရောက်စစ်ဆေးဖမ်းဆီးခြင်း ခံရသူ၊ PDF တပ်ဖွဲ့များကို ထောက်ပို့လုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူနှင့် အကြမ်းဖက် စစ်တပ်စစ်ဆေးရေးဂိတ် များတွင် ဖမ်းဆီးရသူတို့ဖြစ်ကြောင်း လောင်းလုံးဒေသခံက ဆိုသည်။

#လောင်းလုံး #နိုင်ငံရေးအကျဉ်းသား #ထားဝယ်ထောင် #MPA
ဆားထုံးရွာသားများကမူ ဆားလင်းကြီးမြို့နယ် ပလဖ အလိုမရှိ၊ ဆားထုံးရွာသားများအပေါ် စစ်တပ် ထက် ပိုဆိုးသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့ခြင်းဟု တညီတညွတ်တည်း မှတ်ချက်ပြုကြသည်။

"သူတို့ (ပလဖ) မရှိတာဘဲ ကောင်းပါတယ်။ ဒါမရှိလို့ မဖြစ်ဘူးဆိုရင်တော့ နောက်လူ ပြောင်းလိုက်ပေါ့လေ။ တရားမျှတတဲ့ လူကိုပဲ ပြောင်းစေချင်ပါတယ်။ ဟိုဘက်ဒီဘက်ညီမျှတဲ့ သူပေါ့လေ။ မညီမျှဘဲနဲ့ သူတို့ဘက်သူတို့ပဲ ဆွဲယူမဲ့လူမျိုးဆို လက်မခံနိုင်ဘူး" ဟု မမြင့်စိန်က လေသံမာမာဖြင့် ဆိုလိုက်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/3gevB
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

#အာဏာရှင် #စစ်ကိုင်း #ဆားလင်းကြီး #ဆားထုံးရွာ #ချင်းတွင်းမြစ် #MPA #CJ007
Forwarded from MPANews
စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ဆိုင်းဘုတ်ထောင် ဝါဒဖြန့်နေ

30 June 2024 By Than Lyan / MPA

နိုင်ငံတဝှမ်း တိုက်ပွဲများဖြစ်ပွားနေပြီးပြည်သူများ၏ လူမှုစီပွားရေး အထွေထွေကြပ်တည်းနေချိန်တွင် စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်အတွက် ဆိုင်းဘုတ်ထောင်ဝါဒဖြန့်ချီလျှက်ရှိသည်။

ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီးနောက် ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတဝှမ်းလုံးတွင်စစ်ကောင်စီနှင့် တော်လှန်ရးတပ်ဖွဲ့များကြားတိုက်ပွဲများပြင်းထန်နေပြီး ပြည်သူ လူမှထုမှာ အကြပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေရသည့်အတွက်ကြောင့် စစ်ကောင်စီ ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း မဖြစ်နိုင်ကြောင်း ပြည်သူအများကပြောဆိုကြသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စုအရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ထားသည်။

၂၀၁၀ ခုနှစ် စစ်အုပ်ချုပ်ရေးမှ ဦးသိန်းစိန် အစိုးရ ပြောင်းလဲပြီးနောက်ပိုင်းတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်စီစဉ် ဆောင်ရွက်ခဲ့ပြီး နှစ် ၃၀ အကြာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၀ ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ခံခဲ့သည်။

#Photo #Census #MPA #Myanmar
Forwarded from MPANews
ကရင်နီတွင် အာဇာနည်နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲကျင်းပ
19 Jul 2024 By Tin Soe / MPA
ကရင်နီပြည် လွတ်မြောက်နေရာတစ်ခုတွင် အာဇာနည်နေ့အထိမ်းအမှတ် အဖြစ် ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် သစ်ပင်စိုက်ပွဲကျင်းပခဲ့ကြသည်။
သစ်ပင်စိုက်အပြီး ခေတ်အဆက်ဆက် ကျဆုံးသွားခဲ့သည့် အာဇာနည်ရဲဘော်များအား ၃ မိနစ်ခန့် ဂုဏ်ပြုငြိမ်သက်ခဲ့ကြသည်။
ယင်းအခမ်းအနားကို ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုက အဖွဲ့အစည်းအပါအဝင် ဒေသခံ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
Editor - JP
#သစ်ပင်စိုက် #ကရင်နီ #Photo #MPA #Myanmar