🚨 #ကိုဗစ်ကူးစက်မှုပြန်များပြီးတချို့ဒေသတွေမှာလူသေဆုံးမှုများလာတဲ့ကိစ္စ။
တကျော့ပြန်ကိုဗစ်အန္တရာယ်ကို #ကြိုတင်ကာကွယ်ကြပါ။ အခုရက်ပိုင်းတွေမှာ #ကိုဗစ်ကူးစက်မှုပြန်များနေပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်ကူးစက်မှုမြင့်လာကြောင်းသတင်းဖတ်ရသလို ကူးစက်မှု ဂရပ်တွေအရ ထိုင်းမှာကူးစက်နှုန်းမကျသေးတာကိုတွေ့ရပါတယ်။
အိန္ဒိယမှာတွေ့ရတဲ့ delta မျိုးဗီဇကွဲဟာ ကိုဗစ်ကာကွယ်ဆေးနဲ့နလန်ပြန်ထဖို့ အရှိန်ယူနေတဲ့ကမ္ဘာကြီးကိုခြိမ်းခြောက်နေတယ်လို့ဆိုပါတယ်။
အိန္ဒိယမှာဖြစ်တုန်းကလူတွေသောက်သောက်လဲသေခဲ့တာကို သိကြမှာပါ။
WHO ကလည်း ကိုဗစ်မျိုးဗီဇကွဲအသစ်ကိစ္စကို သတိပေးနေတာ သုံးပတ်လောက်ရှိပါပြီ။
အခုလက်ရှိမှာ ချင်းပြည်နယ်ဘက်မှာ #ကိုဗစ်ကြောင့်အသေအပျောက်များနေပါတယ်။ တစ်ပူပေါ်နှစ်ပူဆင့်နေတဲ့ သူတို့အတွက်ကျနော်စိတ်ပူနေတာပြီးခဲ့တဲ့အပတ်ကတည်းကပါ။
ကိုဗစ်ကူးစက်မှုကြောင့် လူသေဆုံးရတာဟာ အဓိကက "ရပါတယ်မဖြစ်နိုင်ပါဘူး" "မကူးနိုင်ပါဘူး" ဆိုတဲ့ပေါ့ပေါ့တွေးမှုကြောင့်ပါ။
မဖြစ်ခင်ကကြိုတင်ပြင်ဆင်တာ၊ ကြိုတင်ကာကွယ်တာမမှားပါ။
ဗောဇ္ဈင် (၇) ပါးမှာ "#သတိ"က နံပါတ် (၁) ပါ။
ဒါကြောင့် ဒီကပ်ဆိုးကြီးကာလမှာ #သတိလေးကပ်ထားပါ။ ငါ့တော့မဖြစ်ဘူး သူပဲကံမကောင်းလို့ဖြစ်တာလို့မထင်ကြပါနဲ့။ အဲ့လိုနဲ့ အသက်ပါပါသွားသူတွေအများကြီးပါ။
(၁) Mask ကိုနှမြောနေလို့မရတော့ပါ။ အိမ်ကို #ဧည့်သည်လာရင်အားမနာပါနဲ့။ ကိုယ် Mask ကိုတပ်ပြီးမှ အိမ်ထဲအဝင်ခံပါ။
delivery ပစ္စည်းပို့သူလာရင် Mask တပ်ပြီးမှထွက်ယူပါ။
ဒီကိစ္စဟာ ကျနော်ကိုယ်တိုင်ကြုံနေရတဲ့ကိစ္စပါ။ အိမ်ရှေ့မှာအဝတ်လှန်းနေတုန်း delivery သမားက ပစ္စည်းလာပို့ပါတယ်။
ဟိုအရင်က အိမ်ထဲတကူးတကပြန်ဝင်ပြီး mask ရှာတပ်ရမှာမို့ အိမ်ထဲပြန်မဝင်ပဲ လက်ခံမိပါတယ်။
(စိတ်ထဲမှာ စင်ကာပူမှာဒီလောက်ကူးစက်မှုနည်းတာမဖြစ်နိုင်လောက်ပါဘူး။ ဒီတစ်ခေါက်လေးနဲ့ ငါ့မကူးနိုင်ပါဘူးလို့ ကိုယ်တိုင်ပေါ့ဆမိတာပါ။)
အခုရက် စင်ကာပူမှာ #ကူးစက်မှုများလာတော့မှ ကျနော်လည်းမပေါ့ရဲတော့ပါ။ နောင်လည်းမပေါ့ဆရဲတော့ပါ။
delivery သမားက အိမ်အပြင်သံတံခါးကြားကလှမ်းပေးပေမယ့် #ပိုးကိုသံတံခါးကလုံးဝမကာဘူးဆိုတာသိထားပါ။ Mask တပ်ပြီးမှ တံခါးနားသွားတာအကျင့်လုပ်ပါ။
အမှန်တော့ delivery သမားတွေဟာ နေ့စဉ်အိမ်တကာနဲ့ ဈေးတကာနေရာစုံသွားရသူတွေဖြစ်ပါတယ်။
သူတို့ကိုကူညီချင်ရင် deli ခဈေးမဆစ်နဲ့။ ဒါပေမယ့် Mask တပ်ပြီးမှ အနားကပ်ပါ။ #လက်ပြန်ဆေးပါ။
ကျနော်ဆိုအိမ်မီးဖိုချောင်လာပြင်တဲ့ မြန်မာအကိုကြီးလာရင် သူက Mask ချွတ်ရင်ဘာမှမပြောခဲ့ပါ။ ကိုယ်ကအိမ်ထဲမှာတစ်ခုခုလုပ်နေရင်း သူခေါ်ရင် Mask မပါပဲ ကိုယ့်အိမ်ထဲမှာပဲဆိုပြီး သွားလိုက်တာရှိပါတယ်။
အဲ့ဒီကိုယ့်အိမ်ထဲမှာပဲလို့ ပေါ့ဆစိတ်ကပိုးကူးစေပါတယ်။ ပိုးကအပြင်ကလူနဲ့ အိမ်ထဲပါလာပြီးဖြစ်နေတတ်ပါတယ်။
အခုတော့မရပါ။ လှမ်းခေါ်ရင် Mask 😷 ကို #လုံအောင်တပ်ပြီးမှ သွားပါတယ်။ သူတို့ကန်ထရိုက်သမားတွေက တစ်နေ့ ၃ - ၄ အိမ်လှည့်သွားသလို ဆိုင်မျိုးစုံသွားရတာပါ။
ရေသန့်ပို့သမားတွေဆီက ကူးစက်တတ်ပါတယ်။ ဒီနေရာမှာ အမှန်တရားကိုပြောတာဖြစ်ပါတယ်။ သူ့မှာ Mask မပါလာရင် အိမ်ဝမှာအဆင်သင့်ထားတဲ့အထဲက ယူတပ်ခိုင်းပါ။ ပြီးမှအိမ်ထဲပေးဝင်ပါ။ ကူညီချင်ရင် စာနာရင်ဈေးမဆစ်ပါနဲ့။
စည်းကမ်းကိုတော့တပြားသားမှအလျော့မပေးပါနဲ့။ အိမ်သားတွေထိခိုက်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။
အပြင်မထွက်သူအတွက် ရောဂါပိုးက #အပြင်ထွက်သူသယ်လာလို့ကူးစက်တာပါ။
လူမှာရောဂါပိုးသယ်ပြီးအိမ်ထဲဝင်လာသလားဆိုတာ #မျက်စိနဲ့မမြင်ရပါ။
(၂) နာရေးတွေမှာသတိထားပါ။
နာရေးတွေမှာ အနီးကပ်စာနာမှုနဲ့မေးတတ်ကြသလို၊ အားနာလို့သူများ mask မေးချိတ်ရင် ကိုယ်လည်းလိုက်ချိတ်တတ်ပါတယ်။
ပြီးတော့ ဆုတောင်းပေးရတဲ့ ဆရာတော်တွေ၊ ဓမ္မဆရာတွေ ထိကုန်ကြတာများပါတယ်။
ဆရာတွေဆရာကတော်တွေ သေဆုံးကြတာကြားရတာ အတော့်ကိုစိတ်မကောင်းပါ။ ဒီဖြစ်ရပ်ဟာ သင်ခန်းစာယူရမယ့်ကိစ္စဖြစ်ပါတယ်။
သေဆုံးသူကနေကိုယ်ခန္ဓာအရည်တွေထွက်တတ်လို့ ကိုယ်ခန္ဓာမှာရောဂါပိုးရှိနေနိုင်တဲ့အတွက် #နောက်ဆုံးအနေနဲ့ထိတွေ့ကိုင်တွယ်ခြင်းကို ရှောင်ကြဉ်ဖို့လိုပါတယ်။
(၃) အိမ်မှာရော၊ ဘုရားကျောင်းတွေမှာ အရက်ပျံပါတဲ့ဖျန်းဆေးဆောင်ထားပါ။
လူအဝင်အထွက်လုပ်ပြီးတိုင်း တံခါးလက်ကိုင်တွေ၊ ဘုတွေကို စပရေးနဲ့ဖျန်းပါ။
#တိုက်အောက်ထပ်တံခါးသော့ခလောက်မျိုး၊ ကားလက်ရန်းမျိုး၊ ထိုင်ခုံစတဲ့နေရာတွေဟာ လူတကာမဖြစ်မနေထိတွေ့ကိုင်တွယ်တဲ့နေရာတွေဖြစ်တာမို့ အဲ့ဒီကနေကိုယ့်အိမ်သော့၊ တံခါးလက်ကိုင်အထိ အပြင်ကပြန်လာတဲ့လူရဲ့ လက်ကနေ ရောဂါပိုးပါလာတတ်ပါတယ်။
(၄) လူတွေမေ့နေတဲ့အချက်က အစားအသောက်ကို #ဇွန်းတစ်ခုတည်း တူတစ်စုံတည်းနဲ့မျှဝေစားတဲ့ကိစ္စပါ။
စင်ကာပူ အလုပ်သမားဝန်ကြီးဌာန MOM ကထုတ်တဲ့သတိပေးစာထဲမှာ ဇွန်းခရင်းတွေမျှဝေသုံးစွဲတာမလုပ်ဖို့ သတိပေးချက်ပါလာပါတယ်။
မြန်မာတွေမှာ ကျန်းမာရေးအသိနဲ့ တစ်ဇွန်းတည်းအတူမစားတာကို အဆင့်အတန်းခွဲတယ်၊ ရွံ့ရှာတတ်တယ်လို့ တလွဲမြင်လေ့ရှိပါတယ်။
မွေးနေ့ကိတ်ခွဲပြီး လူတကာလိုက်ခွံ့တာကို #ရှောင်ကြဉ်ပါ။ လူစုံရင် ဇွန်းတစ်ချောင်းနဲ့ ယူစားတာကို လုံးဝလက်မခံပါနဲ့။

This media is not supported in your browser
VIEW IN TELEGRAM
“တော်လှန်ရေးအောင်မှ အားရအောင် ငိုကြမယ်”
တော်လှန်ရေးအတွင်းကျဆုံးသွားသော ရဲဘော်များအား ဝမ်းနည်း ဂုဏ်ပြုခြင်းများစွာဖြင့်
#သုတ
#OurTomorrow
#poem

Forwarded from RFA Burmese
သူဌေးချောင်းဆည်ရေမြင့်တက်နေလို့ ဆည်အောက်ဘက်ရွာတွေ ပြောင်းရွှေ့ကြဖို့ AA သတိပေး
~~~
■ ရခိုင်ပြည်နယ် သံတွဲမြို့နယ် သူဌေးချောင်းဆည်ဟာ စိုးရိမ်ရေမှတ် (အနီရောင်အဆင့်) ကို ကျော်လွန်နေပြီဖြစ်လို့ ဆည်အနီး ပတ်ဝန်းကျင်နဲ့ ဆည်ကျရေ စီးဆင်းရာ လမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့ရွာတွေ ရေဘေးလွတ်ရာနေရာတွေကို အမြန်ဆုံးပြောင်းရွှေ့ကြဖို့ အာရက္ခတပ်တော် (AA) က ဇူလိုင်လ ၂၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဆည်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေသလို နောက်ရက်တွေမှာလည်း မိုးများနိုင်တဲ့အတွက် အရေးပေါ် ထုတ်ပြန်ရတာဖြစ်ပြီး ဒေသခံတွေအနေနဲ့ ကယ်ဆယ်ရေးဆောင်ရွက်မဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သူဌေးချောင်းဆည်အောက်ဘက်မှာ ချင်းတွင်း၊ ဘုရားမော်၊ ဆူးပုပ်ကုန်း၊ မကျည်းချောင်၊ ပေါက်တော၊ လင်းသီ၊ ကျောင်းကုန်း၊ ဘုန်းမော်၊ အောက်နတ်မော်၊ သပြုချိုင်၊ ပြင်ယောင်း၊ အင်တိုင်းကြီးစတဲ့ရွာတွေ ရှိနေပါတယ်။
သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းအနီး အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ ပြီးခဲ့တဲ့ဧပြီလကတည်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စီမံကိန်းမှာရှိတဲ့ဝန်ထမ်းတွေလည်း ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
သူဌေးချာင်းဆည်ဟာ သံတွဲမြို့ရဲ့ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာမှာရှိပြီး ပင်မရေလှောင်တမံဟာ ကန့်ရေအပြည့် သိုလှောင်ပမာဏ ၆ ဒသမ ၉၆ သိန်း ဧကပေ သိုလှောင်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မြဝတီသတင်းစာမှာ ဖော်ပြထားပါတယ်။
______
သူဌေးချောင်းဆည်ရေမြင့်တက်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဥ်။ (Photo: AA Info Desk)
#သူဌေးချောင်းဆည် #စိုးရိမ်ရေမှတ် #သံတွဲ #ရခိုင် #AA #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…

Radio Free Asia
သူဌေးချောင်းဆည်ရေမြင့်တက်နေလို့ ဆည်အောက်ဘက်ရွာတွေ ပြောင်းရွှေ့ကြဖို့ AA သတိပေး
သူဌေးချောင်းဆည်ဟာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေပြီဖြစ်လို့ ဆည်အနီးပတ်ဝန်းကျင်နဲ့ ဆည်ကျရေစီးဆင်းရာ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ရွာတွေ ရေဘေးလွတ်ရာနေရာတွေကို အမြန်ဆုံးပြောင်းရွှေ့ကြဖို့ (AA) က ထုတ်ပြန်ပါတယ်။