MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ကိုဂျင်မီ...သို့မဟုတ်

ကိုဂျင်မီ...
အလင်းပြဖို့
ဖယောင်းတိုင်လို လောင်ကျွမ်းခံခဲ့သူ။
သံစဉ်လှဖို့
ဂီယာတစ်လက်နဲ့ ညဥ့်နက်ပေးခဲ့သူ။

ကိုဂျင်မီ...
ကဗျာလှဖို့
အမှောင်ထုကို တိုးဝှေ့သွားတဲ့သူ။
မျိုးဆက်လျှောက်ဖို့
တံတားတွေ ဆောက်ခဲ့သူ။

ကိုဂျင်မီ...
ပန်းချီကားလှဖို့
ဆေးကောင်းကောင်းတွေ စပ်ခဲ့သူ။
အနာဂါတ်တွေလှဖို့
အမှောင်ညတွေကို ဖြတ်ခဲ့သူ။

ကိုဂျင်မီ...
ကမ္ဘာသစ်ဖြစ်ဖို့
ကန့်လန့်ကာနောက်က ပါရမီဖြည့်ခဲ့သူ။

Ko Jimmy …. Or

Ko Jimmy
To light the path,
You burned yourself like a candle
To embellish the tune,
You went over midnight
With a guitar.

Ko Jimmy
To rhythm a poem,
You crash into the darkness.
To journey through next generations
You build bridges.

Ko Jimmy
To aestheticize a painting,
You blend your color palette.
To have gorgeous future ,
You passed darkest nights.

Ko Jimmy
To have a new world,
You are virtuously behind the curtain.

#KoThetNaingSoe
#KoJimme #OurTomorrow #Poem

(ငွေမင်းတာရာ ဘာသာပြန်ဆိုသည်)
တော်လှန်ရေးရဲဘော်များအတွက် Our Tomorrow - ငါတို့မနက်ဖြန် Channel မှတစ်ဆင့် ပေးပို့လာသော ကိုမင်းကိုနိုင်၏ ခွန်အားဖြည့်ကဗျာ

- အမှာ -

တောရိုင်းဝါဒဟာ
သူ့ဗျူဟာခင်းကျင်းလို့
မြင်းခြောက်ကောင်က ရထားနဲ့
ရှေ့ကသွားနှင့်ပြီ
ဖုန်လုံးတွေ အီလို့

ဒီမှာ
ရိက္ခာပါပြီ
ရေဗူးပါပြီ
သီတာခုနှစ်တန် ကျော်နင်းဖို့
လွှာချင်းဖိနပ်လေး စီးကာ
ညီမလေးက မှာတယ်
"ပျိုးခင်းကို စောင့်ရစ်ပါတဲ့"

စိတ်ချ ညီမလေး
ဓားရေးတွေ ဘယ်လောက်လာပြပြ
မျိုးစေ့ကောင်းမှန်သမျှ
မတွန့်မဆုတ် သီးပွင့်ကြတာပဲ။

- The Note -

The jungle law
With its tactic
Six horses with carriage
Have gone ahead.
And left clouds of dust.

Here,
Rations ready,
Water bottles packed
To journey through seven rivers
With slip on shoes.
My sister says,
“Guard at the nursery”.

Be rest assured, my sister
No matter how much swordsmanship is displayed,
Every good seed
Will grow and bear fruit without hesitation.

(ငွေမင်းတာရာမှ ဘာသာပြန်ဆိုပါသည်)

#MinKoNaing
#OurTomorrow #Poem
"ရန်ကုန်မြို့ကြီး...အဆင်ပြေရဲ့လား?"

ရန်ကုန်မြို့ကြီး အ​ဆင်ပြေရဲ့လား။
ဒီမှာတော့ အဆင်ပြေပါတယ်။
အော့ဇ်ဝှစ်ချ် မှ မဟုတ်တာပဲ။
ဒဏ်ရာဟောင်းလေးထည့်ထားတဲ့
အပြာရောင်ကျောပိုးအိတ်ကတော့
ဖက်ဆစ်တွေ ပြန်ထည့်မပေးလိုက်ဘူး မေမေ။

ရန်ကုန်မြို့ကြီး အဆင်ပြေရဲ့လား။
"တပေါင်းစစ်ချီ ၊ ဒေါင်းစစ်သည် အင်းစိန်ရောက်ခဲ့သည်" ပေါ့လေ။
ဆန္ဒပြမှု ၊ ဖောက်ခွဲမှု ၊ လူသတ်မှု
ရပ်တည်ချက်၊ ခိုင်မာမှုတို့ဆိုတာ ရဲဘော်ရဲဘက်တွေ။
အင်တာနေရှင်နယ် ဆိုးဖော်ဆိုးဖက်တွေ။
"ကယ်တင်ရှင် ဘယ်သောအခါကမှမရှိပေ၊
နတ်သိကြား နဲ့ မင်းတရားတို့ မယုံပေ။"

ရန်ကုန်မြို့ကြီး အဆင်ပြေရဲ့လား။
ထောင်တစ်သက် လွတ်ရက်မရှိတွေ
သေဒဏ်တိုက်က ရဲဘော်တွေ၊
ဆေးရုံဆောင်မှာ တိုက်ပေါ်ကကြွေခဲ့တဲ့ မြေခကြယ်တွေ၊
ပရိုဒက်ရှင်းကြောင့် အမြင်အာရုံနဲ့ လက်တွေ
ဆုံးရှုံးလိုက်ရတဲ့ ညီငယ်တစ်ယောက်
သူတို့လဲအဆင်ပြေကြကြောင်း စကားပါးလိုက်ပါရဲ့။
"လူငယ်တွေမှာ... အနာဂတ်ရှိတယ်လေ"

ရန်ကုန်မြို့ကြီး အဆင်ပြေရဲ့လား ။
အင်းစိန်က "ရန်ကုန်သားတွေ"တော့ အဆင်ပြေပါတယ်။
စိတ်ပူမိတာက
တောထဲတောင်ထဲ၊ သံတိုင်တွေထဲ၊
သေမင်းမှတ်စုစာအုပ်ထဲ
မပျော်ခရီးထွက်သွားတဲ့ ရဲဘော်တွေနဲ့
သူတို့ရဲ့ မိသားစုဝင်တွေပါပဲ။
လွတ်လပ်ရေးကျောက်တိုင်ကြီးနဲ့
မီးရောင်စုံညရှုခင်းတွေ အဆင်ပြေရဲ့လား။
"ငါတို့နိုင်မှဖြစ်မှာ ခြေတွေလက်တွေလွန်နေပြီ"ဆိုတဲ့
အွန်လိုင်းကသူငယ်ချင်းတွေရော သေနတ်ပြောင်းကိုင်ကြပြီလား။

ရန်ကုန်မြို့ကြီး အဆင်ပြေရဲ့လား ။
ကျွန်တော်လဲ အဆင်ပြေပါတယ်။
မတရားရုံးတော်ရှေ့မှာ မတရားသူကြီးရွတ်ပြတဲ့
ပုဒ်မမျိုးစုံနဲ့ စွဲချက်တွေ သိပ်မကြားလိုက်တာကလွဲရင်ပေါ့။
သိပ်မကြားဆို Marlboro ကလည်း တစ်ခါတစ်လေမှ
ဖွာခွင့်ရတယ်လေ။
Red Ruby ကြီးက Boycott လုပ်ထားတယ်ရယ်...။

#OurTomorrow #Poem
"ရှေ့ဆက်ဖို့ မနက်ဖြန်များစွာရှိတယ်"

တကယ်ရှိတဲ့ မနက်ဖြန်တွေ…
မနက်ဖြန်မှာ ငါတို့ ဘာဖြစ်မယ်ဆိုတာ
ဒီနေ့မမြင်နိုင်ပေမယ့်
မနက်ဖြန်ကတော့ ရှိတာသေချာတယ်။

လာမယ့်မနက်ဖြန်တိုင်းမှာ
ငါတို့ အားလုံးက
ဇွဲ၊ လုံ့လ၊ အာသီသပြင်းစွာနဲ့ ဆက်လက်ရှင်သန်သွားကြမယ်။

ကျဆုံးသူတွေ
အကျဉ်းကျသူတွေ
ရှောင်တိမ်းနေရသူတွေနဲ့
မရပ်မနား ဆက်လျောက်နေသူတွေ
အားလုံးအတွက်လည်း
အားမာန်ပြည့်တဲ့ ငါတို့မနက်ဖြန်ရှိတယ်။

ငါတို့မနက်ဖြန်မှာ
ငါတို့အောင်မြင်မှာ အသေအချာပဲ။

ငါတို့အားလုံး
တညီတညွတ်တည်း ပုံဖော်နေကြတဲ့
ငါတို့မနက်ဖြန်။

Many More Tomorrows To Continue

Tomorrows truly exist,
Although, we cannot see what will happen tomorrow,
Tomorrow exists for sure.

Every coming tomorrow,
We will all continue to live through
With perseverance,
Diligence ambitiously.

People who have given lives,
People who are in custody,
People who are circumventing,
People who are continuing to walk.
For all of us, we have tomorrow
Full of power.

On our tomorrow,
We will definitely succeed.

It is our tomorrow,
That We all portray unanimously.

(ငွေမင်းတာရာမှ ဘာသာပြန်ဆိုပါသည်။)

#Tokyo
#OurTomorrow #Poem
(၇၅)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ်

တော်လှန်ရေးအနုပညာရှင်လူငယ်များမှ ပြည်သူ့တော်လှန်ရေးရဲဘော်များအတွက် ဂုဏ်ပြုရေးစပ်ပေးပို့သည့် ခွန်အားဖြည့်သီချင်းသစ်လေးပါ။
ကျွန်တော်တို့ "OurTomorrow-ငါတို့မနက်ဖြန်" Facebook page မှ စတင်ထုတ်လွှင့် တင်ဆက်လိုက်ရပါတယ်။

စွမ်းစွမ်းတမံကြိုးစားနေကြတဲ့ တော်လှန်ရေးအမောတွေကြားမှာ ဒီတော်လှန်ရေးသီချင်းလေးနဲ့အတူ စိတ်အပန်းဖြေရင်း ဆက်လက်တိုက်ပွဲဝင်ကြပါစို့။
ပြည်ထောင်စုသားအားလုံးအတွက် ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်းများ ဆောင်ကြဉ်းပေးမယ့် တော်လှန်ရေးခရီးကြမ်းကို ခွန်အားအပြည့်နဲ့ ချီတက်ကြပါစို့ ...။

အရေးတော်ပုံ မုချ အောင်တော့မည်။

သီချင်းအမည် - "ဂျိုးဖြူငှက်တို့ ငိုကြွေးသံ"
တေးဆို - Liam & Pancy
https://fb.watch/b6Ullkcuim/

#OurTomorrow #RevolutionSongs
ထောင်တွင်းရဲဘော်များမှ ၃ ရက်တာ အစာငတ်ခံ၍ နိုင်ငံရေးသိဒ္ဓိတင်ခြင်းစတင်

ချင်းမိုင်၊ ဖေဖော်ဝါရီလ ၁၂၊ ၂၀၂၂

အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအချုပ်အနှောင်ခံများ ယနေ့မှစပြီး ၃ ရက်တိုင် အစာငတ်ခံဆန္ဒထုတ်ဖော် သိဒ္ဓိတင်ခြင်းကို စတင်နေပြီဖြစ်ကြောင်း ထောင်တွင်းမှ အောက်ပါအတိုင်း ကြေညာချက်ထုတ်ပြန်ထားရှိသည်။

ကျွန်ုပ်တို့နိုင်ငံရေးအချုပ်နှောင်ခံများသည် (12.2.2022) မှ (14.2.2022) ထိ ၃ရက်တိုင်တိုင် မိမိကိုယ်မိမိ အဟာရဖြတ်ခြင်းပြုကာ နိုင်ငံရေးသိဒ္ဓိတင်သွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ ၄င်းနိုင်ငံရေးသိဒ္ဓိတင်မှုအားဖြင့် ကျွန်ုပ်တို့သက်သေထူလိုသည်မှာ -

၁။ စစ်အုပ်စုသည် နိုင်ငံသူ နိုင်ငံသားများမှ လက်ခံယုံကြည်သည့် ဒီမိုကရက်တစ်လူ့ဘောင်တခု၏ နိုင်ငံရေးယုံကြည်ချက်များအား ဖျောက်ဖျက်ရန်အတွက် ပြည်သူလူထုအား လက်နက်ကြီး/ငယ်များနှင့်သတ်ဖြတ်ဖြိုခွဲခြင်း၊ သောင်းနှင့်ချီသော လူပုဂ္ဂိုလ်များအား နံရံများသုံး၍ချုပ်နှောင်ခြင်း၊ ထောင်ဆွေးပုဒ်မများဖြင့်အမိန့်ချခြင်းတို့ကို အာဏာသိမ်းပြီးတနှစ်ကျော်ကာလထိ တစိုက်မတ်မတ်ကျူးလွန်ပြုလုပ်ခဲ့သည်။

သို့သော် နိုင်ငံရေးအိပ်မက်နှင့် ယုံကြည်ချက်အား အကြမ်းနည်းသုံး၍ နံရံများဖြင့် ဖျောက်ဖျက်ရန်ကြိုးပမ်းမှု မှန်သမျှသည် အချည်းနှီးဖြစ်ပြီး ဒီမိုကရက်တစ်လူ့ဘောင်တခု၏ နိုင်ငံရေးအိပ်မက်နှင့် ယုံကြည်ချက်များသည် မြူတမှုန်မျှ လွင့်ပြယ်မသွားကြောင်းကို ဤနိုင်ငံရေး သိဒ္ဓိတင်မှုအားဖြင့် ကျန်ုပ်တို့သက်သေထူသည်။

၂။ စစ်အုပ်စုကျူးလွန်ခဲ့သော မတရားမှုတိုင်းအတွက် မည်သည့်စကားပြောဆိုမှု၊ မည်သည့်ဆွေးနွေး ညှိုနှိုင်းမှုမျှ မပြုလုပ်လိုသော ကျွန်ုပ်တို့၏သဘောထားများအား ဤနိုင်ငံရေးသိဒ္ဓိတင်မှုအားဖြင့် ကျွန်ုပ်တို့သက်သေထူသည်။

#OurTomorrow #news
စကစ မှ တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ရန် လုပ်ဆောင်နေ

ချင်းမိုင်၊ ဖေဖော်ဝါရီ ၂၀

အကြမ်းဖက် စကစ သည် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ အရေးအပေါ်ကာလအဖြစ် သတ်မှတ်ပြီး အထူးစစ်ဆင်ရေးစီမံချက်များ ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း အတွင်းသတင်းများအရ သိရှိရပါသည်။

စကစ ကကကြည်းမှ တပ်မတော် တပ်ရင်း/တပ်ဖွဲ့/တပ်ဌာနချုပ်များအား ယခုအရေးပေါ် စစ်ဆင်ရေးကာလအတွင်း ဆက်သွယ်ရေးပြတ်တောက်မှု မရှိစေရေး ဆက်သွယ်ရေးစက်များဖြင့် အဆင့်ဆင့် ချိတ်ဆက် လုပ်ဆောင်သွားရန် ညွန်ကြားထားကြောင်း သိရှိရပါသည်။
စကစ ဒေါက်တိုင် ပြည်ထဲရေး လက်အောက်ခံ ရဲတပ်ဖွဲ့ဌာနချုပ်များ နှင့် ရဲတပ်ဖွဲ့၊ ရဲစခန်း အသီးသီးအား ဆက်သွယ်ရေးစက်များ၊ ကြားခံစက်များ၊ လက်ကိုင်စက်များ စနစ်တကျ ဆောင်ရွက်ထားရှိရန် နှင့် ဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေး အလေးအနက်ထား ကြိုတင်ပြင်ထားရှိရန် အရေးပေါ် ညွန်ကြားထားရှိပါသည်။

တပ်မတော် တပ်ရင်း/တပ်ဖွဲ့များ၊ ပြည်ထဲရေးဌာန ရဲဌာနချုပ် ရဲတပ်ဖွဲ့/ရဲစခန်းများ အား နေ့စဉ် အချိန်မှန် ဆက်သွယ်ရေးစက်များဖြင့် သတင်းပို့ ဆက်သွယ်သွားရန် ကြိုတင် ညွန်ကြားထားကြောင်း သိရှိရပါသည်။

ထို့ကြောင့် မိမိတို့ တော်လှန်ရေးအစုအဖွဲ့များ၊ မြေပေါ်/မြေအောက် တော်လှန်ရေးအင်အားစုများအနေဖြင့် ဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်လာနိုင်သဖြင့် မိမိတို့လုံခြုံရေး နှင့် ဆက်သွယ်ချိတ်ဆက်လုပ်ဆောင်မှုများအား ကြိုတင် ပြင်ဆင် ထားရှိ ဆောင်ရွက်သွားကြပါရန် အသိပေးအပ်ပါသည်။

#OurTomorrow #news
ကြည်းတပ်‌ခေါင်းဆောင်များအပေါ် လေတပ်က ဒေါသထွက် စိတ်ပျက်နေ

မင်းအောင်လှိုင် နဲ့ ထိပ်ပိုင်း ကြည်းတပ်စစ်ဗိုလ်ချုပ်များရဲ့ ထင်ရာစိုင်း လုပ်ရပ်များ၊ တလွဲစီမံ အမိန့်ပေး ထိန်းချုပ်နေမှုများအပေါ် လေတပ် အရာရှိ/စစ်သည် အများစုက ဒေါသထွက် စိတ်ပျက်နေကြကြောင်း ကြားသိနေရပါတယ်
စစ်ဗိုလ်ချုပ်ကြီးများနည်းတူ အသိပညာ ဗဟုသုတ နုံရှာကြသည့် ခြေလျင်စစ်အရာကြီး အများစုသည်လည်း မိုက်ရိုင်း ရင့်သီးမှုများကြောင့် လေတပ်ရဲ့ မကျေနပ်မှုများ ပိုမို ကြီးမားလာနေပါတယ်။

#OurTomorrow

ဆက်လက်ဖတ်ရှူရန်>>>
🔸 ပြည်သူတွေဆီ ဖွင့်ဟလာတဲ့ DSA ငရဲခန်း အကြောင်း ဆောင်းပါးကောင်း

ငရဲခန်းမှနိုးထခြင်း အပိုင်း ၁
=============
၂၀၀၆ မှာဆယ်တန်းအောင်ပြီး အဲ့နှစ် ၁၁ လပိုင်းလောက်ထဲက ပြင်ဦးလွင်ကိုရောက် DSA တက်ဆိုတော့ လူ့ဘဝအကြောင်းကို မသိတဲ့ လူမမယ်ကလေးအရွယ်ထဲက စစ်ထဲရောက်တယ်လို့ပဲဆိုရမှာပေါ့ဗျာ။
ဘာမှကို မသိတက်တဲ့အရွယ် စရောက်ပါပြီဆိုထဲက "အထက်အောက်အမိန့်နာခံရမယ် ရိုသေရမယ်" ဆိုတဲ့ စစ်တပ်ရဲ့ မူဝါဒအတိုင်း ကောင်းမွန်စွာ သင်ကြားပေးခြင်းမဟုတ်ပဲ နိုပ်စက်ညှင်းပန်းတာတွေပါ လုပ်လာကြပါတယ်။ အဲ့တုန်းကပြောတာတော့ စိတ်ဓာတ်မာအောင် လုပ်ပေးတာပေါ့။

▪️ ပထမနှစ် ငရဲခန်း >>> ဆက်လက်ဖတ်ရှူရန်

#OurTomorrow
This media is not supported in your browser
VIEW IN TELEGRAM
ငါတို့ အားလုံးပိုင်တဲ့ ငါတို့မနက်ဖြန်💪

#OurTomorrow
#PeopleDefenceForce
"မြို့ပြ ပြောက်ကျား"

မြေအောက်လှုပ်ရှား
အသံတိတ်သမား
စခတွေကြောက်တဲ့
ဤလူသား

မေ့ပျောက်ခံ နှလုံးသား
ပြည်သူ့သား
အသက်စွန့်ကာ
သူကြိုးစား
ရန်သူတထောင်
ဖြိုခွင်းအား

မမေ့အပ်တဲ့ ထိုလူသား
ပို့ထောက်ဝန်းရံ
ပြည်သူ့အင်အား
ပြည်အသစ်ကို ဖော်ဆောင်သွား
ငါတို့မြို့ပြ ပြောက်ကျားများ

Jumong
4.3.2022 2:45 AM

#OurTomorrow
#poem
This media is not supported in your browser
VIEW IN TELEGRAM
“တော်လှန်ရေးအောင်မှ အားရအောင် ငိုကြမယ်”

တော်လှန်ရေးအတွင်းကျဆုံးသွားသော ရဲဘော်များအား ဝမ်းနည်း ဂုဏ်ပြုခြင်းများစွာဖြင့်

#သုတ
#OurTomorrow
#poem
ဖမ်းဆီးခံထားရတဲ့ သူရဦးအောင်ကို ဆေးကုသမှုမရတာကြောင့် ကျန်းမာရေးဆိုးရွားနေ

မတ် ၁၅

စစ်ကောင်စီက မတရားဖမ်းဆီးပြီး မတ်လ၁၄ရက် ၂၀၂၂ခုနှစ်နေ့တွင်အလုပ်နှင့်ထောင်ဒဏ် ၁၂နှစ် ချမှတ်ခံထားရတဲ့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုဟာ ထောင်တွင်းမှာ ကျန်းမာရေး အခြေအနေ ဆိုးနေတယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ဆီးချို ၊ နှလုံး ၊ သွေးအားနည်းရောဂါ အခံရှိတဲ့ အသက် ၇၅ နှစ်အရွယ် သူရဦးအောင်ကို အင်းစိန်အကျဉ်းထောင် ၁၀ ပေ ပတ်လည်အခန်းမှာ ဖမ်းဆီးခံထားရတာဖြစ်ပြီး ထောင်တွင်းဆေးဝါးကုသမှု မရဘူးလို့ သူက ပြောပါတယ်။

ထောင်ဝင်စာကို ၂ပတ် တကြိမ်ပဲ ပို့ပေးလို့ရတာကြောင့် စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့လည်း သူကဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၄ မှု စွဲပြီးထောင်ဒဏ်ချမှတ်ခဲ့တာပါ။

စစ်ကောင်စီကစွပ်စွဲထားတဲ့ Ford ကားအမျိုးအစားအား လာဒ်ယူထားတယ်ဆိုတာ မတရားအမှုဆင်ခြင်းသာဖြစ်တယ်လို့မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

အဂတိ လိုက်စားထားတယ်လို့စွပ်စွဲထားတဲ့ Ford ကားဟာ သူရဦးအောင်ကိုရဲ့သမီးအကြီး မနှင်းစံပယ်အောင်ကို နာမည်ပေါက်ပိုင်ဆိုင်တဲ့ကားဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ Ford Car showroom မှ ဒေါ်လာ ၅၀၀၀၀ကျော်ဖြင့် ၃၀% ငွေချေပြီး အရစ်ကျပေးဝယ်ထားခြင်းဖြစ်ပါတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး သူရဦးအောင်ကိုကို နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်နဲ့ ထားပြီး မတ်လ ၅ ရက်မှာ ရန်ကုန် အင်းစိန်ထောင်ကို ပြောင်းရွှေ့ခဲ့တာပါ ။

စစ်ကောင်စီက နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်ချိန်မှာ သူရဦးအောင်ကို ပိုင်ဆိုင်တဲ့ Ford ကားနဲ့ မိသားစုအလှူအနေနဲ့ ဘုရားလှူဖို့ဝယ်ထားတဲ့ ရွှေကျပ်ချိန် ၂၀ သားရှိတဲ့ ရွှေပန်းကန်ကိုလည်း သိမ်းယူ ခံခဲ့ရပါတယ်။

သူရဦးအောင်ကိုဟာ စစ်တက္ကသိုလ် အပတ်စဉ် ၁၁ ဆင်းဖြစ်ကာ တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး သူရဘွဲ့တံဆိပ် ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ် ။

#News
#OurTomorrow
ခလရ(၉၇)တပ်ရင်းတွင် တပ်တွင်းဆန္ဒပြမှုဖြစ်ပွား၊ တပ်မိသားစုဝင်အများအပြား ဖမ်းဆီးထိန်းသိမ်းခံထားရ

ကော့ကရိတ်၊ မတ် ၁၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အခြေစိုက် အမှတ်(၉၇)ခြေလျင်တပ်ရင်းတွင် မတ်လ(၁၄)ရက်နေ့က တပ်တွင်းဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး၊ တပ်မိသားစုဝင်အများအပြားလည်း ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သိရှိရပါသည်။

KNU ရဲ့ တိုက်ခိုက်မှုကြောင့် ခလရ(၉၇)တပ်ရင်းမှ တပ်ရင်းမှူးအပါအဝင် စစ်သည်(၁၄)ဦး သေဆုံးကာ အများအပြား ဖမ်းဆီးခံခဲ့ရသည့်ဖြစ်စဥ်နဲ့ ပက်သက်ပြီး တပ်ရင်းဌာနချုပ်သို့ စကခ(၁၂)မှ ဗျူဟာမှူးဆိုသူ ရောက်ရှိလာကာ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံသည့် အခြေအနေများအား ပြင်ပသို့ သတင်းမပေါက်ကြားစေရန် ပြောကြားခဲ့ရာက တပ်တွင်းဆန္ဒပြမှု ဖြစ်ပွားခဲ့ရခြင်းဟု ဆိုပါသည်
ဗျူဟာမှူးဆိုသူက ...
"သေသွားတဲ့ နင်တို့ယောက်ျားတွေ ပြန်ချင်အောင် လုပ်ပေးလို့ မရဘူး၊ အဖမ်းခံရတဲ့ကောင်တွေကိုလည်း ပြန်ခေါ်ပေးလို့ မရဘူး၊ စစ်သားလို မတိုက်ဘူး၊ သောက်သုံးမကျလို့ အရှင်အဖမ်းခံရတာ၊ ဒီသတင်းနဲ့ ပတ်သက်ပြီး အပြင်ကို မပေါက်ကြားစေနဲ့" လို့ ပြောဆို ညွှန်ကြားတာကြောင့် တပ်မိသားစုများအကြား မကျေနပ်မှုတွေ ကြီးထွားစေခဲ့တာလို့ နီးစပ်သူတွေထံမှ သိရှိရပါသည်။

အထက်အရာရှိများအနေဖြင့် ခလရ(၉၇)တပ်မိသားစုဝင်များ၏ မကျေနပ်မှု နစ်နာချက်များအား ဖြေရှင်းပေးခြင်း မရှိသည့်အပြင်၊ တပ်တွင်းဆန္ဒပြသည်ဟုဆိုကာ တပ်မိသားစုအများအပြား ဖမ်းဆီးထိန်းသိမ်းခဲ့တာကြောင့် တပ်တွင်းမကျေနပ်မှုများ ကြီးမာလာနေသည်ဟု ကြားသိရပါသည်။

မတ်လ(၁၁)ရက်နေ့က ရိက္ခာထုတ်ပြန်လာသည့် အကြမ်းဖက်စကစ ခလရ(၉၇)တပ်ရင်း စစ်ကြောင်းအား ဖာပွန်ခရိုင် မယ်တရူလော်ကျေးရွာအနီးတွင် KNLA တပ်မဟာ(၅) နှင့် PDF ပူးပေါင်းအဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စကစ တပ်ရင်းမှူးအပါအဝင် (၁၄)ဦး သေဆုံးခဲ့ပြီး အများအပြား အရှင်ဖမ်းဆီးခံခဲ့ရသည်။

#OurTomorrow #news
စစ်ဘုရင်ဖြစ်ချင်တာလား ?
တိုင်းပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ချင်တာလား?

မောင်မောင်ဝမ်း
#OurTomorrow

အပြည့်အစုံဖတ်ရန်>>>
"တစ်ပွင့်တည်းသောနှင်းဆီ"အမေစုပုံတူပန်းချီကားနှင့် "ထွက်ပေါက်"ပန်းချီကား နှစ်ချပ်အား လေလံစတင်တော့မှာဖြစ်ပါတယ်

"တစ်ပွင့်တည်းသောနှင်းဆီ" Code "NOH 001"
Artist - MPP ဦးရဲမြင့်
Size - 80 x 80 cm
Type - Oil Acrylic on Canvas

"ထွက်ပေါက်" Code "NOH 002"
Artist - MPP ဦးရဲမြင့်
Size - 90 x 90 cm
Type - Oil Acrylic on Canvas

"တစ်ပွင့်တည်းသော နှင်းဆီ" ဆိုသည့် အမေစုပုံတူပန်းချီကား Code "NOH 001"နှင့် "ထွက်ပေါက်" ဆိုသည့် ပန်းချီကား Code "NOH 002" (၂ )ချပ်ကို လေလံတင် ရောင်းချမှာ ဖြစ်ပါတယ်

ပန်းချီကားလေလံအား မတ်လ( ၂၅)ရက်နေ့ မြန်မာစံတော်ချိန် နေ့လည်(၁၂)နာရီတွင် စတင်ပေးနိုင်ပြီး ဧပြီလ(၅)ရက်နေ့ မြန်မာစံတော်ချိန် ည(၈)နာရီတွင် လေလံပိတ်သိမ်းမည် ဖြစ်ပါတယ်

လေလံစျေးအတွက် ဆက်သွယ်ရမယ့် နေရာတွေက Our Tomorrow Page နှင့် D-Day Channel တို့ပဲ ဖြစ်ပါတယ်

ဆက်လက်ဖတ်ရှူရန် >>> https://m.facebook.com/story.php?story_fbid=131250919460609&id=110664421519259

#OurTomorrow
🕸 ရှောန် တွေကို ကယ်ပါ 🕸

၂၀၀၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့—- မစ်ဆူရီမြို့

အသက် ဆယ့်တစ်နှစ်အရွယ် ရှောန် (Shawn Hornbeck) ဆိုတဲ့ကောင်လေး သူငယ်ချင်းတစ်ယောက်အိမ်ကို စက်ဘီးစီးသွားတုန်းကပေါ့... ကားတစီးက ရည်ရွယ်ချက်ရှိရှိ ကလေးမလေးကို ဝင်တိုက်ပစ်လိုက်တာ..။

“ အား .. တောင်းပန်ပါတယ်.ကူညီပါရစေ”

ကားသမားက ကားထဲက ခုန်ထွက်ပြီး ရှောန် ကို သူ့ကားပေါ်တင်ခေါ်သွားတာ။

ရှောန်ကို အဲ့ဒီ အချိန်ကစပြီး ဘယ်လိုမှရှာမရတော့ဘူး။

🕸

နောက် လေးနှစ်ခွဲကြာတော့ အဲ့ဒီ ကားမောင်းသမားကပဲ ကျောင်းကားပေါ်က အသက် ၁၃ နှစ်အရွယ် ဘန် (William Benjamin Ownby ) ကို ထပ်ခေါ်သွားတယ်။

ဒီတစ်တခါတော့ မျက်မြင်သက်သေတစ်ဦးရှိနေတော့ ခြေရာခံလို့ရသွားတယ်။

ဆက်လက်ဖတ်ရှူရန် >>>

#MaShweMoe
#article
#OurTomorrow
#ငါတို့ရဲ့မနက်ဖြန်
MSI - MYANMAR SOCIETY INFORMATIONS
Photo
📌တော်လှန်ရေးမှ ဖယ်ခွာလာခြင်း📌
======================

တော်လှန်ရေးကာလက ရက်မှသည် လ၊ လမှသည် နှစ်သို့ တဖြည်းဖြည်းကူးပြောင်းလာခဲ့ပြီဆိုတော့ တော်လှန်ပြည်သူတွေ၊ လက်နက်ဆွဲကိုင် တော်လှန်ခဲ့ကြတဲ့ သူရဲကောင်းတွေ ပင်ပန်းနွမ်းနယ်မှုအဆင့်ကို ရောက်ရှိနေခဲ့ပါပြီ...

မိမိတို့နှင့်မိမိတို့နောက်မျိုးဆက်တွေအလှည့်ကျ စစ်အာဏာရှင်စနစ် အရိပ်အငွေ့မျှပင် မကျန်စေရေးအတွက် အာဏာရှင်အမြစ်ပြတ်မောင်းထုတ်နေသော စိတ်အားထက်သန်မှုဖြင့်သာ ယနေ့အချိန်ထိ တောင့်ခံနေကြခြင်းဖြစ်ပါသည်။

📌တစ်ချို့ တော်လှန်ရေးအဖွဲ့ငယ်လေးတွေဆို မိမိတို့ရသလောက်နှင့် တောင့်ခံခဲ့ကြပြီး၊ အခြေအနေအချိန်အခါအရ ထောက်ပံ့မှုမရရှိကြတဲ့အခါ၊ ငွေကြေး၊ ရိက္ခါ၊ လက်နက်ပစ္စည်း ထင်သလောက် ၊ မျှော်လင့်သလောက် မရရှိကြတဲ့အခါ တစ်ယောက်တစ်နေရာ လမ်းခွဲလို့ အဖွဲ့တွေလဲ ကွဲခဲ့ရပါတယ်..

📌တစ်ချို့ Facebook page လေးတွေဆို အစက တော်လှန်ရေးကို အားကြိုးမာန်တက်လုပ်နေသလောက် active တောင် မဖြစ်နိုင်တော့ပါဘူး...

📌တစ်ချို့ UG တွေလဲ အားမတန်မာန်လျှော့လို့
ကိုယ့်နေရာ ပတ်ဝန်းကျင်ကို စွန့်လို့ နယ်မြေသစ်မှာ ခိုလှုံခဲ့ကြပြီလေ..

📌တစ်ချို့ဆို စိတ်ဓာတ်ကျတာ လူသိမှာဆိုးလို့ Social media တွေကို စွန့်ပြီး စိတ်ကို လွှတ်ချ လိုက်တယ်သူတွေလဲ များလာပါတယ်...

သို့သော် ရောက်တဲ့နေရာ ရောက်တဲ့ဒေသမှာ ရရာလက်နက်ဆွဲကိုင်လို့ ပြတ်တစ်လှည့် ငတ်တလှည့်ဆိုစေကာမူ အားတင်းပြီး ရှေ့ဆက်ကာ အာဏာရှင်ကို အန်တုလို့ စစ်အာဏာရှင်ပြိုလဲစေရေး မီးကုန် ယမ်းကုန် စွမ်းစွမ်းတမံ တိုက်ခိုက်လို့ နေကြပါသေးတယ်
..
တက်နိုင်တဲ့ဘက်က ပါဝင်နေကြပါသေးတယ်...

<><><><><><><>><><><><>

သို့နှင့်တစ်ပြိုင်နက်
တစ်ဖက်မှာတော့

အရင်က အချိန်ရတိုင်း click သလောက် ခုဆိုပေါ်ပင်တွေပေါ်မှာ မျောလွှင့်ရင်း စိတ်ပေါ့ပါးရာ ရယ်မောစရာတွေ၊ နိုင်ငံခြားရုပ်သံဇာတ်လမ်းတွေ အပေါ် အာရုံထား Click ကိုမေ့ထားလို့ နေပါတော့တယ် ...

ပုံမှန်အတိုင်း အလုပ်သွား အလုပ်ပြန်နဲ့ တော်လှန်ရေးပြီးသွားသယောင် အရာရာကို
မေ့ထားကြတဲ့ သူတွေများလဲ ရှိလာပါတယ်...

နာမည်ကျော်cele တွေရဲ့ post တွေအောက်မှာ
ရင်ပြဖီပြနေတဲ့ -ဟာတွေရဲ့ posts တွေ အောက်မှာ ဟီးဟီးဟားဟားနဲ့ အနာဂတ်တွေပျောက်လို့ ယောင်ခြောက်ဆယ်တွေ ဖြစ်လာကြပါတယ်..

မိသားစုဘဝလေးတွေအပေါ်မှာ ခုံမင်ကြရင်း လွတ်မြောက်သော နယ်မြေများမှာ ကျည်လွတ်မြေမှာ ဘဝအမောတွေ ဖြေနေကြတဲ့ သူတွေလဲ များလို့လာပါတယ်..

တစ်ချို့ဆို ဒီလိုအနေအထားဆို ငါတို့ နိုင်နေပါပြီလို့ တွေးရင်း ဂိမ်းဆော့သူကဆော့၊ ဖုန်းသုံးသူကသုံး၊ ဂစ်တာလေးတီး သီချင်းညီးသူက ငြီးနဲ့...

social media ပေါ် တက်လာတဲ့ အောင်ပွဲတွေကို တော်လှန်ရေး အာသာဖြေရင်း မေ့မေ့လျော့လျော့နဲ့ နေလို့ ပျော်လို့ဖြစ်နေပါပြီ...

Line ပေါ်မှာ ဟာသလေးတွေတင်၊ အလှပုံလေးတွေတင်ရင်း နိုင်ကိုနိုင်ရမယ်လို့ အာပေါင် အာရင်း သန်သန်နဲ့ အော်လို့မော်လို့ ကြွေးကြော်နေသူများလဲ ဟန်ပြတော်လှန်ရေးသမားတွေ တစ်စတစ်စများလို့ လာပါပြီ..

သမီးလှလား သားချောလားနဲ့ကို တစ်နေ့တစ်မျိုး မရိုးရအောင် အလှပုံလေးတွေတင်ရင်း မြန်မာနိုင်ငံကြီး အေးချမ်းနေပြီလားတောင် ထင်နေရပါပြီ...

==============================

ပျော်ကြပါ မော်ကြပါ စိတ်ချမ်းသာသလိုနေကြပါလို့ ဒီကနေပြောလိုပါတယ်
...
တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရတဲ့ သူတွေကို မေ့ထားလိုက်ကြပါ..

အသက်တွေ ဘဝတွေ စတေးခဲ့ရတဲ့သူတွေကို
လျစ်လျူရှုလိုက်ကြပါ....

စစ်အာဏာရှင်ရဲ့ ထင်တိုင်းကျဲ ရမ်းကားမှုတွေကိုလဲ မသိချင်ယောင်ဆောင် လိုက်ကြပါ....

သားသမီးဆုံးရှုံးခဲ့ရတဲ့ မိခင်တွေ ဖခင်တွေ
သွေးသားရင်းတွေ ဆုံးရှုံးခဲ့ရတဲ့ ညီအစ်ကိုမောင်နှမတွေ...

ရှင်ကွဲသေကွဲ ကွဲခဲ့ရတဲ့ ချစ်သူခင်သူတွေ
စည်းစိမ်ဥစ္စာတွေ နေစရာ ပြန်စရာအိမ်တွေ စွန့်လွှတ်ခဲ့ရတဲ့သူတွေ......
😔😔😔

--------------------------------------

ခင်ဗျားတို့ နေပျော်သလို နေကြပါလို့ ..
သိပ်ပြီး အပင်ပန်းခံမနေပါနဲ့...
စိတ်ပင်ပန်းမနေကြပါနဲ့....
စိတ်ချမ်းသာသလိုနေကြပါ ။
....
ဟုတ်ပါတယ် ဘာမှဝင်မကူပဲ ဝင်မပါပဲနဲ့
ကိုယ်နဲ့မဆိုင်သလိုပဲနေကြပါ...
.....
တစ်နေ့ကျ မင်းအောင်လှိုင်တို့ စစ်အာဏာရှင်အုပ်စုက စိတ်ဓာတ်တွေ ပျော့ပျောင်းလာပြီး
တရားတွေပေါက်ပြီး

ရော့...ပြည်သူတွေဒီမိုကရေစီယူတော့

ပြည်သူအာဏာ ပြည်သူလွှဲပေးမယ်လို့
ပြောလာပါလိမ့်မယ်မယ်နော်

အဲ့အချိန်ကိုပဲ စောင့်နေကြပါ 😏😏😏

Aung Myo Htet(psdf)

#article
#OurTomorrow
#ငါတို့ရဲ့မနက်ဖြန်
Media is too big
VIEW IN TELEGRAM
🎥 Our Tomorrow - Facebook Page တွင် နေရာအသီးသီးမှ တော်လှန်ရေးရဲဘော်များ၊ ပြည်သူများ၏ တော်လှန်ရေး ခံယူချက်များ နှင့် ရင်တွင်းစကားသံများကို ကဏ္ဍ တစ်ခု အဖြစ် ယခုအပတ်မှ စတင် ထုတ်လွှင့်သွားတော့မှာ ဖြစ်ပါတယ်။

ရင်တွင်းထဲကအမေးအဖြေ ကဏ္ဍမှာ -
🔹ဘာကြောင့် တော်လှန်ခဲ့ကြတာလဲ ?​
🔹ဘာလို့ ဆက်တော်လှန်နေဖြစ်တာလဲ ?
🔹ဘယ်ထိ ဆက်တော်လှန်သွားမှာလဲ ?
အစရှိိတဲ့ တော်လှန်ရေး ခံယူချက်များနှင့် တော်လှန်ရေးအပေါ်ထားသော သဘောထားများ, တော်လှန်ရေးကာလအတွေ့အကြုံများကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။

အမေးအဖြေ ကဏ္ဍကို အပတ်စဉ် အင်္ဂါနေ့ နှင့် စနေနေ့များ မှာ Our Tomorrow Facebook Page တွင် ထုတ်လွှင့်သွားမည်ဖြစ်ပြီး တော်လှန်ရေး-စိတ်ဓါတ်ခွန်အားကို မြှင့်တင်ကြရန်လည်း ရည်ရွယ်ပါတယ်။

ပြည်သူများ အနေဖြင့်လည်း ကျွန်တော်တို့ရဲ့ "ရင်တွင်းထဲကအမေးအဖြေ ကဏ္ဍ" မှာ ၃မိနစ် မှ ၅မိနစ်အတွင်း အသံဖိုင်များ ပေးပို့ပြီး ပါဝင်ပေးဖို့လည်း လေးစားစွာဖြင့် ဖိတ်ခေါ်ပါတယ်။ 💪🏻

အရေးတော်ပုံ အောင်ရမည်။

#OurTomorrow
ဗဟို၀န်ထမ်းတက္ကသိုလ်ဖောင်ကြီးတွင် ကိုဗစ်ကူးစက်နေ

ချင်းမိုင် ၊ ဂျူလိုင် ၁၂ရက်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ဗဟို၀န်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် ဖွင့်လက်စ သင်တန်းမှာ သင်တန်းတက်ရောက်နေတဲ့ လူတစ်ဦး ကိုဗစ်ကူးစက်နေတယ်လို့ သိရှိရပြီး ၊ သင်တန်းသား အကုန်လုံး အပြင်ပေးမထွက်‌တော့ပဲ ထားရှိထားတယ်လို့ သတင်းရရှိပါ်ခင်ဗျာ။
ဗဟို၀န်ထမ်းတက္ကသိုလ်(ဖောင်ကြီး)ဟာ NLDအစိုးရ လက်ထက် ကိုဗစ်ကုသထိန်းချုပ်ရေးတွေမှာ အဓိကနေရာက‌နေပါ၀င်ခဲ့တဲ့ နေရာကြီးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

#OurTomorrow