MSI - MYANMAR SECRET INFORMATIONS
27K subscribers
88K photos
3.38K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
Forwarded from MMWeather
လေစီးကြောင်းတွေရဲ့ တိုက်ခတ်နေတဲ့ အခြေအနေကြောင့်ပါဘဲ။ ပုံမှာ မုတ်သုံလေဦးမျဉ်း(ခန့်မှန်း အပြာရောင်မျဉ်းပြတ်)နဲ့ လေတိုက်နေတဲ့ လားရာတွေ တွေ့ရပါမယ်။ လေတိုက်နှုန်းတွေက ပျမ်းမျှ တနာရီ ၁၅ မိုင်ခန့် ရှိပါတယ်။ အဲ့ဒီလေစီးကြောင်းတွေနဲ့ ပါလာတဲ့ ရေခိုးရေငွေ့တွေ တိမ်တိုက်တွေက အိန္ဒိယအရှေ့ဘက်ကမ်းရီုးတန်းတလျှောက်မှ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းကိုသာလျှင်ရောက်ရှိလာပြီး မြန်မာနိုင်ငံအောက်ပိုင်းကိုကျတော့ အဝင်နည်းပါတယ်။

ဒီအကြောင်းကြောင့်ဘဲ မေလ ၂၀ ရက်လောက်အထိ မိုးရွာနိုင်မဲ့အခြေအနေက ပြီးခဲ့တဲ့ post မှာပါတဲ့ အထက်ပိုင်းဒေသတွေမှာပဲ ရွာနိုင်မှာဖြစ်ပြီး အောက်ပြည်အောက်ရွာမှာ မိုးရွာရင်တောင် ပါးပါးလေးသာရွာနိုင်ပါမယ်။
https://www.facebook.com/uwinnaing/posts/pfbid0A7i23obvzbFP5Y2shsxUNvFfoD1gFk85nMjAJxYS3N89K9xssu4HNkSx1rdYqV3Bl

ခန့်မှန်းမုတ်သုံလေဦးမျဉ်း အထက်ကို ဆက်တက်လာပြီး အနောက်တောင်မုတ်သုံလေတိုက်လာချိန်မှာတောင် မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ ရွာသွန်းမြဲထက်လျော့နည်းနေဦးမယ်ဆိုတဲ့ ကြိုတင်ခန့်မှန်းချက်တွေကလဲ ရှိနေပါတယ်။

တနိုင်ငံလုံးအတွက်ဆိုရင်တော့ မိုးဦးမိုးလယ် မိုးအားနည်းနေနိုင်ပြီး မိုးနှောင်းကာလမှာသာ မိုးများ၊ မိုးကောင်းနိုင်မယ်လို့ဘဲ ဆက်ပြီး ခန့်မှန်းရပါဦးမယ်။
Forwarded from Tachileik News Agency
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RFA Burmese
နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းသာ ဖြန့်ဖြူးနိုင်
~~~
■ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးထားနိုင်တယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ မေလ ၁ ရက် မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဓာတ်အားပေးစက်ရုံတွေရဲ့ စုစုပေါင်း စက်တပ်ဆင်အားက မဂ္ဂါဝပ် ၇၂၀၀ နီးပါးရှိပေမယ့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေနဲ့ သဘာဝဓာတ်ငွေ့သုံး စက်ရုံတွေရဲ့ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာတာကြောင့် စွမ်းအားပြည့် မလည်ပတ်နိုင်တာလို့ ဆိုပါတယ်။

အခုတော့ တစ်ရက်ကို ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ပဲ ထုတ်လုပ်နိုင်ပြီး နိုင်ငံတစ်ဝန်း ဓာတ်အားလိုအပ်ချက်က ၅၅၀၀ မဂ္ဂါဝပ်ခန့် ရှိပါတယ်။

ဒီအတွက် ရန်ကုန်ကို ၄၆ ရာခိုင်နှုန်း၊ မန္တလေးကို ၁၆ ရာခိုင်နှုန်းနဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ၃၈ ရာခိုင်နှုန်း အချိုးကျ ခွဲဝေထားတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးကတော့ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေလို့ လူမှုစီးပွားတွေပါ ထိခိုက်လာတယ်လို့ RFA ကို ပြောပါတယ်။

“မီးက ပေးနေတဲ့အချိန် မမှန်တော့ အလုပ်လုပ်ရတာလည်း အဆင်မပြေဘူး။ မီးပြတ်သွားရင်လည်း အချိန်အကြာကြီး ပြတ်သွားတယ်။ လျှပ်စစ်မီးနဲ့ အလုပ်လုပ်နေရသူတွေကျတော့ ဒါက လုပ်ငန်းထိခိုက်လာတာမျိုးဖြစ်တယ်”

တစ်ချိန်တည်းမှာပဲ စည်းကမ်းမလိုက်နာတဲ့ မီတာအလုံးရေ လေးသိန်းကျော်ကို ဓာတ်အားဖြတ်တောက်ခဲ့သလို မီတာအလုံး ခြောက်သောင်းကျော်ကိုလည်း ဖြုတ်သိမ်းခဲ့တယ်လို့ဆို စစ်ကောင်စီ လျှပ်စစ်စွမ်အားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ဝန်း ဓာတ်အားပို့လွှတ်နေတဲ့ ၂၃၀ ကေဗီနဲ့ ၁၃၂ ကေဗီ ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံထားရပြီး တာဝါတိုင် ၈၉ တိုင်နဲ့ ဓာတ်အားခွဲရုံကြီး ငါးရုံက ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတာကြောင့်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်းမှာ လျှပ်စစ်ဓာတ်အားပေးနေတဲ့ ရေအားလျှပ်စစ် စက်ရုံ ၂၉ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံ နှစ်ရုံ၊ နေရောင်ခြည် စွမ်းအင်သုံးစက်ရုံ ခြောက်ရုံကနေ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဒဏ်ကို ပြည်သူတွေ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေကြရတာလည်း ဖြစ်ပါတယ်။
______

RFA Burmese Website တွင် ဖတ်ရှုရန်…
Forwarded from RSN WEB
DAILY HIGHLIGHTS (01 May 2024)
•••••••••••••••®•••••••••••••••

📰 စစ်ရေးထူးခြားသတင်းများ


ကျင်ဒွေးမြို့အား သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်​ကြောင်း ချင်းညီနောင်တရားဝင်ထုတ်ပြန် – PS

စစ်သင်တန်းကျောင်း ရောက်သူများ မိသားစုနှင့် အဆက်အသွယ်မရ – MN

စစ်ကောင်စီက စစ်တပ်အတွင်း ဒရုန်းတပ်ဖွဲ့များ စတင်ဖွဲ့စည်းလိုက်ပြီး ဖောင်ကြီး အမှတ် ၅ လေကြောင်းရန်ကာကွယ်ရေးတပ်တွင် ရုရှားစစ်သားများက ဒရုန်းသင်တန်း ပို့ချနေ – KT

တန်ပြန်တိုက်စစ်အတွက် စစ်ကောင်စီတပ်က အဆင့်မြင့်ဒရုန်းများ ပိုမိုအသုံးပြုလာ – DVB

စစ်ကောင်စီက ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်းကြေညာပြီး နယ်မြေရှင်းလင်းရေးလို့ဆိုကာ အင်အားရာချီနဲ့ စစ်ကောင်စီ စစ်ကြောင်းထိုးနေ – MZM

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မ​ဒေးကျွန်းသို့ တရုတ်နိုင်ငံသား ၅၀၀ ခန့်ပါ​သောသင်္ဘောကို စစ်​ကောင်စီကလုံခြုံ​ရေးယူ ပို့​​ဆောင်ပေး – PS

မြန်မာပြည်ပို့မည့် ဖောက်ခွဲရေးယမ်းများ မီဇိုရမ်တွင်ဖမ်းမိ – MZM

ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ၏သမီး ပြင်သစ် HEC Paris ကျောင်းတွင် တက်ရောက်နေမှုအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီးနောက် ကျောင်းဘက်က စုံစမ်းစစ်ဆေးမှု စတင်တော့မည်ဟုဆို – KT

ထိုင်း- မြန်မာ အမှတ်(၁)တံတားမှ UID နံပါတ် မပါသူများကို မြန်မာနိုင်ငံက ထွက်ခွင့်မပြု – MZM

ထိုင်းလေတပ်နှင့်ဆွေးနွေးရန် စစ်ကောင်စီလေတပ်ခေါင်းဆောင် ထိုင်းသို့ သွားရောက် – MN

📰 စီးပွားရေးထူးခြားသတင်းများ

ဘဏ်တွေမှာ အနည်းဆုံးထားရမယ့် ငွေလိုအပ်ချက်အချိုး ဗဟိုဘဏ် တိုးမြှင့် – RFA

📰 အခြားထူးခြားသတင်းများ

ပေါ်တာဆွဲခံရသော လူငယ်တချို့ အမြဲတမ်း စစ်သားအဖြစ် ရောင်းစားခံရမှုများရှိပြီး စစ်သားတစ်ဦးလျှင် အခြေခံပေါက်စျေး ငွေကျပ် ၁၅ သိန်းရှိကာ ၁၀ တန်းအောင်ဆိုလျှင် ၂၅ သိန်းစျေးပေါက် – KT

NUG ၏ ပကဖ၊ ပလဖ၊ ပအဖ ဝန်ထမ်းများပြည်သူအ​ပေါ်ကျူးလွန်​သောပြစ်မှုများရှိ​နေ​ကြောင်း ပြည်ထဲ​ရေးဝန်ကြီးဝန်ခံ – PS

တော်လှန်ရေးသည် NLD နှင့် စစ်ကောင်စီ အကြား ဖြစ်နေသယောင် ပုံဖျက်နေမှုအပေါ် NUG ရှင်းလင်း – PS

#rangoonscoutnetwork
Forwarded from Tachileik News Agency
ရက်(၁၀၀)ကျော်ဆက်တိုက် တိုက်ပွဲဝင်ခဲ့ရသည့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း ယော PDF ထုတ်ပြန်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

နွေဦးသမိုင်းတွင် မေ့မရနိုင်သည့် ရက်(၁၀၀)ကျော်ဆက်တိုက် တိုက်ပွဲဝင်ခဲ့ရသည့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း ယနေ့ ၂၀၂၄ခုနှစ် မေလ (၂)ရက်နေ့တွင် ယောကာကွယ်ရေးတပ်-YDFမှ ထုတ်ပြန်ကြေညာခဲ့သည်။

ကျင်းဒွေးမြို့သိမ်းတိုက်ပွဲ၏ အောင်မြင်မှုသည် ချင်းလူမျိုးများအပါအဝင် မဟာမိတ်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဘုံရန်သူကို မျက်ခြေမပျက် ခြေမှုန်းနိုင်ရေးဆိုသည့် ဦးတည်ချက်ဖြင့် ညီညွတ်ရေးတည်ဆောက်နိုင်မှုမှ ရရှိလာသည့် စုပေါင်းခွန်အားကြောင့်ဖြစ်သည်မှာ ယုံမှားသံသယဖြစ်စရာမလိုကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့စခန်းအား ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီး PDF၊ YDF၊ GZA၊ LPDF တပ်ဖွဲ့များပူးပေါင်း၍ အာရက္ခတပ်တော်၏ အကူအညီနှင့်အတူ အရှိန်အဟုန်မြှင့် တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီလ (၂၉)ရက်နေ့တွင် စခန်းတစ်ခုလုံးအား သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

ကျင်ဒွေးမြို့သည် ချင်းပြည်နယ် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း စသည့် ပြည်နယ်နှင့် တိုင်းသုံးခုကြားတွင်တည်ရှိနေရာ စစ်ရေးမဟာဗျူဟာအရ အရေးပါပြီး စစ်ကောင်စီဘက်မှ အလွယ်တကူလက်မလွှတ်ရရေးအတွက် အပြင်းအထန် ကြိုးစားကာကွယ်ခဲ့သည့် မြို့တစ်မြို့လည်းဖြစ်သည်။

News : https://www.tachileik.net/mm/news/35790

#TachileikNewsAgency
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from PNLA News&Info
အကြမ်းဖက်စစ်ကောင်စီ နှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က သဘက်ချောင်းကူးတံတားတစင်းကို ထပ်မံဖျက်ဆီး

မေလ ၂ ရက် ၂၀၂၄ ခုနှစ်

အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် နောင်စကာကျေးရွာနှင့် ရွှေတဂူဘုရားအနီးတွင် ရှိသည့် သဘက်ချောင်းတံတားကို မိုင်းဖောက်ဖျက်ဆီးခဲ့သဖြင့် တံတားမှား မီးလောင်ပျက်စီးသွားခဲ့ရသည်။

ယမန်နေ့မနက် ၆ နာရီအချိန်ခန့်တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် ရွှေတဂူဘုရားအနီးတွင်ရှိသည့် သဘက်ချောင်းကူးတံတားကို မိုင်းဖြင့်လာရောက်ဖောက်ခွဲသည့်အပြင် တံတားကို ဒရုန်းဖြင့် မီးလောင်ဗုံး ကျဲချ ပစ်ခတ်ခြင်းကြောင့် တံတားပျက်စီးသွားခဲ့သည်။

ထို့အပြင် ရွှေတဂူဘုရားဝင်းအတွင်းကိုလည်း စစ်ကောင်စီနှင့်PNO ပြည်သူ့စစ်များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ဘုရားစေတီများလည်း ပျက်စီးခဲ့ရသည်။

ထိုသို့ ပြည်သူများအသုံးပြုသွားလာနေသည့် တံတားနှင့် ပြည်သူများ အထွဋ်အထိပ်ထားရာ ဘာသာရေးအဆောက်အဦးကို လာရောက်ဖျက်ဆီးသည့် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ သွားရောက်ရှင်းလင်းရာ ၈ ဦးထက်မနည်းကျဆုံးပြီး အလောင်း ၂ လောင်း ကျန်ရှိခဲ့ပြီး ခဲယမ်းကျည်ဆံအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီနှင့်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်များက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း ဒရုန်းများဖြင့် ပစ်ခတ်ခြင်းကြောင့် သဘက်ကျေးရွာအုပ်စုရှိ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် သဘက်ကျေးရွာအုပ်စု ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်။

PNLA သတင်းစဥ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Breaking News

စစ်ကောင်စီက မေလ ၁ ရက်မှစ၍ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းပြီ
--------------

အမျိုးသားများ ပြည်ပသို့အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်နေ့မှစတင်ပြီး တားမြစ်ပိတ်ပင်လိုက်သည်ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က Myanmar Now ကို ယနေ့နေ့လည်ပိုင်းတွင် အတည်ပြုခဲ့သည်။

အပြည့်အစုံ 👇🏻👇🏻👇🏻
Forwarded from Tachileik News Agency
စစ်အုပ်စုထုတ် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေသော TNLA ရဲဘော်များအား ပြစ်ဒဏ်ပေး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသရှိ မွေးနေ့ပွဲပါတီတစ်ခုတွင် တားမြစ်ကန့်သတ်ထားသော စစ်အုပ်စုထုတ် မြန်မာဘီယာကို သောက်သုံးခဲ့သော ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(TNLA)မှ တပ်ဖွဲ့ဝင်များအား အပြစ်ပေးအရေးယူထားကြောင်း TNLA ထံမှ သိရသည်။

၂၀၂၄ ခုနှစ် မေလ (၂)ရက်နေ့တွင် တားမြစ်ထုတ်ကုန် မြန်မာဘီယာ သောက်သုံးနေသော ရဲဘော်များအား ကြိမ်ဒဏ် (၁၀)ချက်၊ အလုပ်ကြမ်း (၁)လနှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံနှင့် ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့သည်ဟု ဆိုသည်။

ထို့ပြင် TNLA အုပ်ချုပ်နယ်မြေ မြို့(၇)မြို့ နှင့် စစ်ဒေသတွင် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများ ရောင်း‌ဝယ်စားသုံနေသာသူများ တွေ့ရှိပါက ထုတ်ပြန်ချက်ပါ အမိန့်အတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ အမြစ်ပျက် ကျဆုံးရန် စစ်ကောင်စီ၏ အရေးပါသော စီးပွားရေးမဏ္ဏိုင်ပြိုလှဲရန်နှင့် စစ်ကောင်စီ ဝင်ငွေလမ်းကြောင်းများကို ပိတ်ပင်ရန် ရည်ရွယ်ပြီး TNLAမှ စစ်ကောင်စီထုတ်ကုန်များ ရောင်းဝယ်စားသုံးခြင်း မပြုလုပ်ရန် ထုတ်ကုန်များအား ပိတ်ပင်တားမြစ်ထားခြင်း ဖြစ်သည်။

၂၀၂၁ခုနှစ်၊ ဇွန်လ(၁၅)ရက်တွင် TNLAမှ စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း၀ယ်စားသုံးခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ၄င်းအမိန့်ထုတ်ပြန်ချက်အတိုင်း တားမြစ်ကုန်ထုတ်ပစ္စည်း ရောင်းဝယ်သူများကိုတွေ့ရှိပါက အကြိမ်ကြိမ် သတိပေးမှုပြုလုပ်ပြီးမှ ထုတ်ကုန်များကို ရောင်းသူဆိုင်ရှင် အများရှေ့တွင် ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။

News : https://www.tachileik.net/mm/news/35792

#TachileikNewsAgency
Photo: PSLF/TNLA News
အလိုမတူဘဲစစ်မှုထမ်းနေရသည့် ရှေ့တန်းရောက်လူငယ်များကို ကူညီပေးမည်ဟု NUG ပြော

ဝေဝေ
DVB

“တကယ်တော့ စစ်မှုမထမ်းမနေရဥပဒေဆိုပြီး သတ်မှတ်ထားပြီးတော့ မတရားသဖြင့် စစ်မှုထမ်းခိုင်းတယ်၊ ဒီလိုကိစ္စရပ်တွေမှာ ကျနော်တို့ ထွက်လာနိုင်ဖို့ နည်းလမ်းတွေ ဖန်တီးထားတယ်။ အဲဒီလိုကြားထဲမှာ ရှေ့တန်းဘာညာရောက်လာခဲ့ရင် ဆက်သွယ်ပြီး ထွက်လာနိုင်ဖို့ ကျနော်တို့ လုပ်ပေးပါတယ်။ သို့သော် တခုရှိတာကတော့ ယူနီဖောင်းလည်း ဝတ်ထားတယ်၊ လက်နက်လည်း ကိုင်ထားတယ်၊ စစ်ရေးပစ်မှတ်လည်း ဖြစ်တယ်ဆိုရင်တော့ ဘယ်သူဘယ်ဝါဆိုတာ တကယ့်တိုက်ပွဲထဲမှာ ခွဲခြားဖို့ ခက်ပါတယ်။ ကျနော်တို့ဘက်ကတော့ ထွက်လာဖို့အတွက်ကို အမြဲတမ်းအခွင့်အရေးလုပ်ပေးသွားမယ်၊ ဘယ်လိုမှ အဆင့်ဆင့် ထွက်ဖို့ ကြိုးစားခဲ့တာ မအောင်မြင်ဘူး၊ စစ်မြေပြင်ရောက်တဲ့အထိ စစ်ကောင်စီရဲ့ လက်အောက်ကနေ ထွက်နိုင်ဖို့ ဖန်တီးပေးသွားမှာတွေ ရှိမယ်။”

#DVB #News #မြန်မာသတင်း #စစ်မှုထမ်း #လူငယ် #NUG

https://burmese.dvb.no/archives/650617
May2 Khophyu 8PM
မေ၁: ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကို ကာကွယ်ပေးနေတယ်ဟု မအလပြော
မေ၂: အမျိုးသားတွေပြည်ပထွက်အလုပ်လုပ်ခွင့် ပိတ်
-စမထဥပဒေကြောင့် KNDFဆီ ရောက်လာတဲ့ လူငယ် ၅၀၀ကျော် သင်တန်းဆင်း
-မောင်တောက စခန်း၂ခု AAသိမ်း
-ချင်းတပ်အချင်းချင်း ပဋိပက္ခ မဖြစ်ရေး ကြိုးပမ်းနေဟု CNF ပြော
-ဆောမြို့နယ်ထဲ ညပိုင်း မဖြတ်ဖို့ PDF ထုတ်ပြန်
-နိုင်ငံ့ လျှပ်စစ်လိုအပ်ချက် ၅၀%သာ ပေးနိုင်
-ဖားကန့်မှာ နွံကန်ပြိုကျ
-မြစ်ကြီးနားထောင်တွင်းပစ်ခတ်မှု ဝန်ထမ်း ၁၉ဦးကို စကစ အရေးယူ
-စကစလေချုပ် ထိုင်း သွား
-ရခိုင်မှာ သတင်းတုတွေ ပျံ့နှံ့နေမှု ကုလစိုးရိမ်နေ
Forwarded from RFA Burmese
မြန်မာဒုက္ခသည် ပထမသုတ် အိန္ဒိယပြန်ပို့
~~~
■ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယကို ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည် အနည်းဆုံး ၃၈ ယောက်ကို မေလ ၂ ရက်နေ့က ပထမအသုတ်အဖြစ် မဏိပူရ်ပြည်နယ်ကနေ နေရပ်ပြန်ပို့လိုက်ပြီလို့ ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက ပြောလိုက်ပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ဒုက္ခသည်တွေ ပြန်ပို့ရေး သီတင်းပတ်နဲ့ချီ နှောင့်နှေးခဲ့ရတယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေကို အဆင့်အတန်းမခွဲခြားဘဲ ပြန်ပို့တာဖြစ်ပြီး တရားမဝင်ရောက်လာသူတွေကို ပြည်နယ်အစိုးရက ဆက်လက်ဖော်ထုတ်နေတယ်လို့လည်း မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ထောင်နဲ့ချီတဲ့အရပ်သားတွေနဲ့ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ နယ်စပ်ကိုဖြတ်ပြီး အိန္ဒိယကို ဝင်ရောက်လာကြပါတယ်။ ဒီလိုဝင်ရောက်လာတာတွေဟာ အိန္ဒိယနိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်ရတာကြောင့် နယ်စပ်စည်းရိုးကာဖို့နဲ့ ဗီဇာမလိုဘဲ နှစ်နိုင်ငံ ကူးလူးသွားလာခွင့်ပိတ်ပင်ဖို့ ကြေညာခဲ့ပါတယ်။

RFA Burmese Website တွင် ဖတ်ရှုရန် ...
NUG အောက်ခြေယန္တရား ယိုယွင်းနေဟု ဒေါက်တာတေဇာစန်း ဝေဖန်
======================

Myanmar Now
May 2, 2024

NUG လက်အောက်ခံ အုပ်ချုပ်ရေး၊ လုံခြုံရေးအဖွဲ့တို့၏ အလုပ်မဖြစ်မှုများကို ဖြေရှင်းရန် တုံ့ဆိုင်းမနေသင့်ကြောင်း အထင်ကရသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက တိုက်တွန်းလိုက်သည်။

NUG ဝန်ကြီးတစ်ဦးကမူ မြို့နယ်တချို့တွင် ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကို ကိုင်တွယ်ဖြေရှင်းပေးနေသည်ဟု ပြောသည်။

ပုံစာ - ၂၀၂၁ နှစ်ဦးပိုင်းအတွင်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ဒေါက်တာ တေဇာစန်း။

#MyanmarNow #TayzarSan #NUG

သတင်းအပြည့်အစုံ 👇👇👇
Forwarded from RSN WEB
ရန်ကုန်တိုင်းအတွင်း ဧပြီလ စစ်ရေးဖော်ဆောင်မှုများ
•••••••••••••••®•••••••••••••••
မေ ၃၊ ၂၀၂၄

ရန်ကုန်တိုင်းအတွင်းတွင် ဧပြီလ၌ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း (၃၉) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု (၂၄) ကြိမ်၊ လုပ်ကြံမှု (၅) ကြိမ်တို့ပါဝင်ခဲ့ပြီး စစ်ဆင်ရေးပစ္စည်းဖယ်ရှားခံရမှု (၁၀) ကြိမ်ထိ ရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိအခိုက်များစေနိုင်သည့် လှိုင် အမှတ်(၃)တပ်ထိန်းရုံးနှင့် တပ်မှူးအိမ်အား ၁၀၇ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ မင်္ဂလာဒုံ ခမရ ၁၀၆ တပ်ရင်းအား ဖောက်ခွဲတိုက်ခိုက်မှုနှင့် လေတပ်အရာရှိလူပျိုဆောင်အား လက်ပစ်ဗုံးဖြင့်တိုက်ခိုက်မှု၊ လှိုင်သာယာ ရွှေလင်ဗန်းအုပ်ချုပ်ရေးရုံး၊ မင်္ဂလာဒုံ ၃၂၃ ထောက်ပို့တပ်နှင့် ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံး၊ မြောက်ဥက္ကလာ ရွှေပေါက်ကံရဲစခန်းနောက်က အုပ်ရုံးတို့အား တိုက်ခိုက်နိုင်ခဲ့ကြပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးပျက်စီးမှုများရှိခဲ့သည်။

ထို့အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပန်းပင်နီလမ်း လူထုသပိတ်ကို အကြမ်းဖက်ကားတိုက်၊ ပစ်ခတ်ဖြိုခွင်းမှုတွင် အဓိကပါဝင်ခဲ့သော အကြမ်းဖက်စစ်ထောက်တိုင်သတင်းပေးဒလန် မောင်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့သည်။

ဧပြီလအတွင်း ၁၀၇ မမ၊ ၄၀ မမတို့အပြင် လက်ပစ်ဗုံးများအား ပိုမိုအသုံးပြုကာ အကြမ်းဖက်စစ်ကောင်စီ၏အင်အားကို ယုတ်လျော့သွားအောင် ဖြိုခွင်းတိုက်ခိုက်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှလည်း စစ်ရေးဖော်ဆောင်မှုများကို လက်ဦးမှုရယူကာ ဖယ်ရှားရှင်းလင်းမှုများ ပိုမိုပြုလုပ်နိုင်ခဲ့သည်။

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (02 May 2024)
•••••••••••••••®•••••••••••••••
မေ ၃၊ ၂၀၂၄

📰 စစ်ရေးထူးခြားသတင်းများ


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီတပ်စခန်းနှစ်ခု AA သိမ်းပိုက် – RFA

၁၀၂၇ စစ်ဆင်ရေးကြီးကို ၅ နှစ်ကြာ ပြင်ဆင်ခဲ့ရကြောင်း BNI-MPM အစီရင်ခံစာတွင် ဖော်ပြ – MZM

📰 နိုင်ငံရေးထူးခြားသတင်းများ

မြ၀တီမြို့သိမ်းတိုက်ပွဲတွင် BGF ခေါင်းဆောင် စောချစ်သူက စစ်ကောင်စီနှင့် KNU နှစ်ဖက်စလုံးကို ကစားခဲ့ကာ အကျိုး အမြတ်ထုတ် – KT

ချင်းတပ်ဖွဲ့များအချင်းချင်း စစ်ရေးပဋိပက္ခ မဖြစ်စေရေး ကြိုးပမ်းနေကြောင်း CNF ပြော – PS

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မိုင်းတုံတွင် တရုတ်ကျားဖြန့် လုပ်ငန်းများကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်က လာဘ်ငွေယူ အကာအကွယ် ပေးထားပြီး လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လုပ်ငန်းများစွာကို ဆက်ကြေးယူ ခွင့်ပြုထား – KT

ရခိုင်မှာ တိုက်ပွဲများပြင်းထန်နေချိန် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို တရုတ်နိုင်ငံသား ၅၀၀ ခန့်နဲ့ စက်ယန္တရားတွေ ရောက်လာ – MZM

စစ်တပ်နှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက် ပြင်သစ်တွင် ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိဟုဆို – KT

ရခိုင်ပြည် မြောက်ပိုင်းတွင် သတင်းတု၊ သတင်းအမှားနှင့် အမုန်းစကားများ ပြန့်ပွားနေပြီး လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နှင့် တင်းမာမှုများ ပိုမိုတိုးပွားလာနေသည့် အရိပ်အယောင်များမြင်နေရ၍ ကုလသမဂ္ဂက စိုးရိမ်နေ – KT

📰 အခြားထူးခြားသတင်းများ

‘ပ’ ၃ လုံးပြဿနာ အမြန်မဖြေရှင်းနိုင်ပါက တော်လှန်ရေးပုံရိပ်ကို ဆိုးရွားစွာ ထိခိုက်နိုင် – DVB

အမျိုးသားများနှင့်သက်ဆိုင်သည့် ပြည်ပအလုပ်ခေါ်စာများအားလုံး စစ်ကောင်စီက ယာယီပိတ်ပင်လိုက်ပြီး ပြန်လည်ခွင့်ပြုမည့်အချိန် မသိဟု အလုပ်သမားဝန်ကြီးဌာနက ပြော – KT

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ ပိတ်ပင် – RFA

ဓာတ်အားလိုင်းနှင့် တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရ၍ တစ်နိုင်ငံလုံး မီးပြတ်နေရဟု စစ်ကောင်စီက အကြောင်းပြပြန် – KT

နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းသာ ဖြန့်ဖြူးနိုင် – RFA

#rangoonscoutnetwork