MSI - MYANMAR SECRET INFORMATIONS
26.9K subscribers
87.9K photos
3.38K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
Forwarded from Tachileik News Agency
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Tachileik News Agency
မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းများထံပေးပို့မည့် ဖုန်းအလုံး တစ်ထောင်ကျော် မဲဆောက်တွင် ဖမ်းဆီးရမိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ကရင်ပြည်နယ် မြဝတီမြို့နှင့် အနီးဝန်းကျင်နေရာများရှိ ကျားဖြန့်လုပ်ငန်းများထံပေးပို့မည့် ဖုန်းအလုံးပေါင်း တစ်ထောင်ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များထံမှ သိရသည်။

မြဝတီမြို့နှင့် အနီးဝန်းကျင်ရှိ ကျားဖြန့်လုပ်ငန်းများထံသို့ နယ်စပ်ဖြတ်ကျော်ကာ ခိုးသွင်းရန်ပြင်ဆင်ထားသည့် ဖုန်း(၁၀၆၂)လုံးကို ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၃)ရက်နေ့တွင် မဲဆောက်ခရိုင် အထူးတပ်ဖွဲ့သည် နယ်စပ်တစ်လျှောက် ကင်းလှည့်နေစဉ် သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တာဝန်ရှိသူများက မဲဆောက်ခရိုင် သစိုင်းလွိုက်မြို့နယ် ဘန်သရက်နယ်မြေအား စစ်ဆေးရာ သေတ္တာ(၈)လုံးကိုတွေ့ရှိသဖြင့် စစ်ဆေးရာ သေတ္တာပေါ်တွင် စာလုံး KLK-T108 နှင့် တရုတ်စာလုံးများကို တွေ့ရှိရသည်ဟု သိရသည်။

စစ်ဆေးရာတွင် HUAWEI မော်ဒယ် P smart+2019 ပါ ဖုန်းများကို စစ်ဆေးတွေ့ရှိပြီး ဥပဒေကြောင်းအရ အရေးယူရန်လုပ်ဆောင်သွားမည်ဟု သိရသည်။

အာဏာပိုင်များကိုတွေ့ရှိသဖြင့် ဖုန်းများထည့်ထားသည့် သေတ္တာအား စွန့်ပစ်ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်ဟုလည်း ယူဆထားသည်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်နေသည့် နိုင်ငံခြားသားများအားလုံး အောက်တိုဘာလ နောက်ဆုံးထားထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် (BGF) က မေလတွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။

မြဝတီမြို့အပြင် BGF ထိန်းချုပ်ရာ ရွှေက္ကိုလ်မြို့သစ်နှင့် မယ်ထော်သလေးဒေသရှိ KK Park စီမံကိန်းများသည် အွန်လိုင်းငွေလိမ်လောင်းကစားများအပြင် လူမှောင်ခိုကူးမှုနှင့် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာနေရာအဖြစ် နိုင်ငံတကာက ဝေဖန်ထားသည်။

News : https://www.tachileik.net/mm/news/36267

#TachileikNewsAgency
Forwarded from Tachileik News Agency
ကျိုင်းတုံမြို့တွင် ရဲတပ်ကြပ်ကြီးတစ်ဦးကို ဓါးဖြင့် ထိုးသတ်သည့်အဖွဲ့မှာ ဆက်သွယ်ရေးတပ်က ဖြစ်နေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * *

တြိဂံဒေသတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့် ဇွန်လ(၉)ရက်နေ့က ဖြစ်ပွားခဲ့သည့် ရဲတပ်ကြပ်ကြီးတစ်ဦး ဓါးဖြင့် ထိုးသတ်ခံရမှု၏ ဖြစ်စဉ်တွင် ဓါးဖြင့် ထိုးသည့်အဖွဲ့မှာ အမှတ်(၄) အဆင့်မြင့်ဆက်သွယ်ရေးတပ်က ဖြစ်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ၂၀၂၄ခုနှစ် ဇွန်လ(၉)ရက်နေ့ ည(၁၂)နာရီ မထိုးမီအချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်တွင်းရှိ ရွှေနဂါးစားသောက်ဆိုင် ကနေ ဇင်မျိုးထွန်း၊ မင်းဇော်ထွန်း နှင့် စိုင်းဝေထွန်းတို့ (၃)ဦးသည် ဆိုင်ကယ်(၂)စီးဖြင့် မောင်းကာ နေအိမ်ရှိရာ ဝေါခုတ်ကျေးရွာသို့ ပြန်လာစဉ် လမ်း၌ Toyota Crown အဖြူရောင် အမျိုးအစား ကား နှင့် Toyota Wish ကားတို့ကို မောင်းလာသည့် အမျိုးသား(၄)ဦးနှင့် စကားများရန်ဖြစ်ရာမှ ကားမောင်းလာသည့်အဖွဲ့က ကားပေါ်က ဆင်းလာပြီး ဓါးဖြင့် ထိုးသတ်ခြင်း ဖြစ်သည်ဟု သိရသည်။

Tachileik News Agency မှ ဆက်လက် စုံစမ်းမှုများအရ ကားများကို မောင်းလာသူများအနက် အမျိုးသား (၂)ဦးမှာ အမှတ်(၄) အဆင့်မြင့်ဆက်သွယ်ရေးတပ်က ဖြစ်သည်ဟု သိရသည်။

လူသတ်တရားခံများကို ဖမ်းဆီးရမိထားပြီး လူသတ်သည့်အဖွဲ့မှာ စစ်တပ်က ဖြစ်နေ၍ ရဲလက်သို့ မအပ်တော့ဘဲ စစ်တပ်သို့ ခေါ်ဆောင်သွားကြောင်းနှင့် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အပြင်သို့ သတင်းမပေါက်ကြားရန်အတွက် လျှို့ဝှက်ထားကြောင်း သိရသည်။

"ဒီကိစ္စမှာ တပ်ဘက်က ပါနေတော့ ရဲလက်ထဲမထားတော့ဘဲ တပ်ကလူတွေကို တပ်ကိုပဲ ခေါ်ထားတယ်။ ကျန်တာကတော့ အထက်လူကြီးတွေကပဲ ဆက်လုပ်မဲ့ သဘောဘဲ၊ ဘယ်လို အရေးယူမလဲဆိုတာတော့ မသိသေးပါဘူး။ တပ်နဲ့ပတ်သက်တာဆိုတော့ ထုံးစံအတိုင်း လဝ(လျှို့ဝှက်)ပေါ့ဗျာ"ဟု အမည်မဖော်လိုသည့် တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ပြောသည်။

စကားများရန်ဖြစ်ပွားမှုကြောင့် ဆိုင်ကယ်စီးလာသည့် (၃)ဦးအနက် တစ်ဦးမှာ သေဆုံးသွားပြီး ကျန်(၂)ဦးမှာ ဒဏ်ရာအချို့ရရှိသွားကြောင်းနှင့် သေဆုံးသွားသူမှာ နေပြည်တော်တွင် တာဝန်ကျနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး မင်းဇော်ထွန်း ဖြစ်ပြီး ၎င်းသည် ကျိုင်းတုံသို့ ခွင့်ခေတ္တ ပြန်လာသူဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်း ရှိ မရှိကိုတော့ မသိရသေးပေ။

News: https://www.tachileik.net/mm/news/36275


#TachileikNewsAgency
Forwarded from Tachileik News Agency
အိန္ဒိယနိုင်ငံသို့ပို့ဆောင်မည့် ဘိန်းဖြူများကို တွန်းဇံမြို့နယ်တွင် ဖမ်းမိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ချင်းပြည်နယ် တွန်းဇံမြို့နယ်ရှိ လုံခြုံရေးဂိတ်တွင် အိန္ဒိယနိုင်ငံသို့ပို့ဆောင်မည့် ဘိန်းဖြူများ သယ်ဆောင်လာသူ (၂)ဦးကို ဖမ်းဆီးရမိကြောင်း ချင်းအမျိုးသားတပ်မတော်ထံမှ သိရသည်။

ချင်းအမျိုးသားတပ်တော်နှင့် ပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ခုနှစ် ဇွန်လ (၁၃)ရက်နေ့တွင် ဆပ်ပြာဗူးပေါင်း(၁၀၀၀)ဖြင့်ထည့်ကာ အိန္ဒိယနိုင်ငံသို့ ပို့ဆောင်မည့် ကာလတန်ဖိုး ရူပီးငွေသိန်း(၃၅၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းဖြူသယ်ဆောင်လာသူ(၂)ဦး၏ ယာဉ်ကို မူးယစ်ဆေးဝါးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ယာယီသိမ်းဆည်းထားပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် ကွင်းဆက်များကို ဆက်လက်စုံစမ်းနေသည်ဟု သိရသည်။

တွန်းဇံမြို့နယ်သည် ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသဖြစ်သည်ဟုလည်း သိရသည်။

News : https://www.tachileik.net/mm/news/36289

#TachileikNewsAgency
Forwarded from Tachileik News Agency
ညောင်ရွှေတိုက်ပွဲအတွင်း သေဆုံးတပ်သားများကို စစ်ကောင်စီ အလောင်းလာမကောက်၍ ‌ကာကွယ်ရေးတပ်များ ကောက်ယူသင်္ဂြိုလ်ပေးနေရ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကို စွန့်ပစ်သွားသဖြင့် တော်လှန်ရေးတပ်များက ကောက်ယူသင်္ဂြိုလ်ပေးနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလက ညောင်လေးပင်နှင့် ရေပူရွာကြား၌ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ သေဆုံးသွားသော စစ်ကောင်စီတပ်သားရုပ်အလောင်းများကို ယနေ့ ဇွန်လ (၁၆)ရက်နေ့တွင် ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းအထူးစစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်းရှင်းလင်းခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် (၂)လကျော်ကြာသည်အထိ အလောင်းလာရောက်ကောက်ယူခြင်းမရှိသည့်အတွက် ပူးပေါင်းအဖွဲ့များက ကောက်ယူ သင်္ဂြိုလ်‌ပေးခဲ့ရခြင်းဖြစ်သည်ဟု ပျားစစ်ကြောင်းက ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်‌ကောင်စီတပ်ဘက်က တပ်သား(၄၀)ကျော် သေဆုံးသည်ဟု သိရသည်။

News : https://www.tachileik.net/mm/news/36299

#TachileikNewsAgency
Forwarded from Tachileik News Agency
အိုးဘိုထောင်မှ နိုင်ကျဉ်း ၇၀ ကျော်ကို မကွေးနှင့် မြင်းခြံထောင်များသို့ ပြောင်းရွှေ့
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၇၀) နှင့် မူးယစ်မှု (၃)ဦးကို နှစ်ယောက်တစ်တွဲ ခြေကျင်းခတ်၍ မကွေးနှင့် မြင်းခြံအကျဉ်းထောင်များသို့ ထောင်ပြောင်းလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ (၁၅)ရက်နေ့ နံနက် (၆)နာရီဝန်းကျင်တွင် မြင်းခြံအကျဉ်းထောင်သို့ နိုင်ငံရေးအကျဉ်းသားအချို့ကို ပို့ဆောင်ခဲ့ပြီး ယင်းနေ့ နံနက်(၁၁)နာရီဝန်းကျင်တွင် မကွေးအကျဉ်းထောင်သို့ ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို ပို့ဆောင်ထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

ထောင်မပြောင်းရွှေ့မီ ဇွန်လ(၇)ရက်နေ့တွင် PPNM က မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို လူဦးရေ(၅၀)သာ ပုံမှန်ထားလေ့ရှိသည့်အခန်းများအတွင်း လူဦးရေ(၁၀၀)ကျော်ခန့်ထားနေကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ထောင်အာဏာပိုင်များ၏ အကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ထောင်အာဏာပိုင်များ၏ လာဘ်စားမှုများကို စောင့်ကြည့်ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

ထုတ်ပြန်ပြီး ဇွန်လ(၈)ရက်နေ့တွင် အကျဉ်းဦးစီးဝန်ထမ်းအမျိုးသမီး အိနွယ်ဦး (၁ ပွင့်)၊ ဒေါ်မြင့်မြင့်လှိုင်နှင့် ဒေါ်ခင်ပပလှိုင် တို့ကို အလုပ်မှထုတ်ပယ်ခြင်းနှင့် သုံးပွင့်(ဦးစီးအရာရှိ)တို့ကို ရာထူးလျှော့ချ၍ ထောင်ပြောင်းဖြင့် အပြစ်ပေးခြင်းတို့ကို လုပ်ဆောင်ခံရသည်ဟု သိရသည်။

ထို့အပြင် ထောင်ပိုင် အောင်မျိုးချွန်ကို လွိုင်ကော်အကျဉ်းထောင်၏ ထောင်ပိုင်အဖြစ် ပြောင်းရွှေ့ထမ်း‌ဆောင်စေခဲ့ပြီး လက်ရှိ မန္တလေးအိုးဘိုအကျဥ်းထောင်တွင် ထောင်ပိုင်အသစ် သိန်းဇော်မင်းဆိုသူ အုပ်ချုပ်နေကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/36302

#TachileikNewsAgency
Forwarded from Tachileik News Agency
တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးလုပ်ရန် မိတ္ထီလာတပ်များကို စစ်ခေါင်းဆောင်အမိန့်ပေး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်ရှိ တပ်ရင်းများကို တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးလုပ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ခုနှစ် ဇွန်လ(၁၆)ရက်နေ့တွင်ပြုလုပ်သည့် စည်းရုံးရေးခရီးစဉ်တွင် တပ်မှူးများကို အမိန့်ပေးကြောင်း သိရသည်။

စစ်တပ်ထောက်ခံသူအားကောင်းသည့် မိထ္ထိလာမြို့၌ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒီချုပ်ပါတီ(NLD)အနိုင်ရခဲ့သဖြင့် မိတ္ထီလာမြို့ရှိ တပ်တွင်းနှင့် တပ်ပြင်တို့ကပါ စည်းရုံးရေးလုပ်ရန် စစ်ခေါင်းဆောင်က တပ်မှူးများကို အမိန့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်း မိတ္ထီလာလွင်ပြင်တိုက်ပွဲများ၊ လွတ်လပ်ရေးရပြီးကာလ မိတ္ထီလာလွင်ပြင်၌ စစ်တပ်က စစ်ဆင်တိုက်ခိုက်ခဲ့မှုများကိုပြောကာ မိတ္ထီလာတပ်နယ်တွင် တာဝန်ထမ်းဆောင်ရသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုများသည် ထူးခြားသည့် သမိုင်းကြောင်းအခြေအနေများ၊ အခြေခံကောင်းများကို ပိုင်ဆိုင်ထားသည့်ဒေသတွင် တာဝန်ထမ်းဆောင်နေကြရခြင်းဖြစ်သည်ဟု ပြောဆိုစည်းရုံးသည်။

ခြေလျင်၊ ခြေမြန်တပ်ဖွဲ့များအပြင် လက်ရုံးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသည့် တပ်သားများသည်လည်း အမြဲတမ်း တိုက်ပွဲဝင်ရန် အသင့်ဖြစ်စေရေးအတွက် လေ့ကျင့်နေရမည်ဖြစ်ကာ လက်ရုံးတပ်ဖွဲ့များအနေဖြင့် တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များအလိုက် တိုက်ပွဲဝင်နိုင်ရန်အတွက် အမြဲအသင့်ရှိစေရေး ကြိုတင်ပြင်ဆင်ထားရန်လိုသည်ဟုလည်း ဆိုသည်။

တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာမှုမှသည် တပ်ပြင်စည်းရုံးရေးကို တည်ဆောက်၍ တပ်နှင့် ပြည်သူ တစ်သားတည်းဖြစ်အောင် တည်ဆောက်ထားရှိရန်လိုကြောင်း၊ တာဝန်များကို မှန်မှန်ကန်ကန်ထမ်းဆောင်ပြီး ပြည်သူက လေးစားရသည့်၊ အားကိုးရသည့် စစ်သည်များဖြစ်အောင် နေထိုင်ရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုသည်။

News : https://www.tachileik.net/mm/news/36312

#TachileikNewsAgency
Forwarded from Tachileik News Agency
စစ်ကောင်စီ တရုတ်မှဝယ်ယူအသုံးပြုနေသည့် ဝဘ်စောင့်ကြည့် ထောက်လှမ်းမှုနည်းပညာကြောင့် မတရားဖမ်းဆီးမှုများရှိလာနိုင်ကြောင်း Justice For Myanmar သတိပေး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

စစ်ကောင်စီက တရုတ်မှဝယ်ယူအသုံးပြုနေသည့် ဝဘ်စောင့်ကြည့် ထောက်လှမ်းမှုနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်မှု စနစ်သစ်သည် VPN အသုံးပြုမှုများအပါအဝင် အင်တာနက်ပေါ်ရှိ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ကွန်ရက်အက်ပလီကေးရှင်းများ အသုံးပြုနေမှုများကိုလည်း စောင့်ကြည့်ထောက်လှမ်းနိုင်စွမ်းရှိပြီး အဆိုပါစောင့်ကြည့်ထောက်လှမ်းစနစ်ကို အသုံးပြု၍ မတရားဖမ်းဆီးမှုများ ရှိလာမည်ဖြစ်နိုင်ကြောင်း Justice For Myanmar အဖွဲ့မှ သတိပေးသည်။

၂၀၂၄ ခုနှစ် မေလကုန်တွင် စစ်ကောင်စီသည် အဆိုပါ စနစ်သစ်တစ်ခုကို စတင်အသုံးပြုလာခဲ့ပြီး Justice For Myanmar က ကြည့်ရှုခွင့်ရသည့် လျှို့ဝှက်ပေါက်ကြားလာသော စာရွက်စာတမ်းများအရ အဆိုပါစနစ်သည် အင်တာနက်အသုံးပြုလှုပ်ရှားမှုများကို ကြားဖြတ် ဖမ်းယူနိုင်သလို၊ လျှို့ဝှက်ကုဒ်များကို မူလအချက်အလက်များအတိုင်း ဖတ်ရှုနိုင်ရန် ကုဒ်စနစ်ကို ဖယ်ရှားပေးနိုင်သည့် စွမ်းဆောင်ရည်များလည်း ရှိကြောင်း သိရသည်။

စစ်ကောင်စီဝယ်ယူထားသည့် နည်းပညာအသစ်သည် အင်တာနက်ဆင်ဆာဖြတ်တောက်မှုနှင့် စောင့်ကြည့်ထောက်လှမ်းမှုများကို ကျော်ဖြတ်ရှောင်ရှားရန်အတွက် အသုံးပြုလေ့ရှိသည့် ပုဂ္ဂလိကကွန်ရက်တုများ Virtual Private Networks(VPNs) အပါအဝင် အက်ပလီကေးရှင်းများနှင့် ဝဘ်ဆိုက်များကို ပိတ်ပင်နိုင်စွမ်းရှိကြောင်းလည်း Justice For Myanmar အဖွဲ့မှ ဆိုသည်။

စီမံကိန်းစာရွက်စာတမ်းများတွင် အဆိုပါစနစ်သည် မိုဘိုင်းဖုန်းအော်ပရေတာများအပါအဝင် အင်တာနက်ဝန်ဆောင်မှုပေးသူများနှင့် အင်တာနက်ဂိတ်ဝေးများတွင် စောင့်ကြည့်ထောက်လှမ်းရန်နှင့် အင်တာနက်ဆင်ဆာဖြတ်တောက်မှုများ လုပ်ဆောင်ရန်အတွက် အသေးစိတ်မွှေနှောက်စစ်ဆေးနိုင်သည့်(Deep Packet Inspection) ကွန်ရက်ဟာ့ဝဲလ် (သေချာစီစစ်နိုင်သည့်ဝဘ်ဂိတ်ဝေး)ကို အသုံးပြုထားကြောင်း သိရှိရသည်။

Deep Packet Inspection သည် စာတိုရေးသားပေးပို့မှုများ၊ အီးမေးလ်များနှင့် အင်တာနက်အသုံးပြုသူ၏ အသေးစိတ်အချက်အလက်များပါဝင်သော အချက်အလက်များစွာကို ကြားဖြတ်ဖမ်းယူခြင်း၊ စကားဝှက်ဖြည်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

စီမံကိန်းစာရွက်စာတမ်းများအရ အဆိုပါစနစ်သစ်သည် Tiangou Secure Gateway(TSG)နှင့် Geedge Networks ဟုလည်းသိကြသည့် တရုတ်ပုဂ္ဂလိကကွန်ရက်လုံခြုံရေး၊ ထောက်လှမ်းရေး ကိရိယာနှင့် ဝန်ဆောင်မှုကုမ္ပဏီ Jizhi (Hainan) Information Technology Company Limited ၏ Cyber Narrator တို့ကို အသုံးပြုထားကြောင်း Justice For Myanmar အဖွဲ့၏ စုံစမ်းဖော်ထုတ်မှုအရ သိရသည်။

TSG သည် ဝဘ်ဆိုက်များရှိ လုံခြုံရေးအတားအဆီးများကို စောင့်ကြည့်ခြင်းနှင့် ကျော်ခွခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်ပြီး၊ ၎င်းတို့အား လုပ်ဆောင်နိုင်ခြင်း မရှိသည့် အခြေအနေတွင်လည်း အဆိုပါစနစ်သည် အသုံးပြုသူများ၏ Metadata များကို ရယူနိုင်စွမ်းနှင့် အွန်လိုင်းအပြုအမူများကို ခွဲခြမ်းသုံးသပ် စီစစ်နိုင်စွမ်းများ ရှိနေကြောင်း သိရှိရသည်။

အဆိုပါ နည်းပညာသည် Geedge Networks ကုမ္ပဏီ၏ ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး ကုမ္ပဏီတည်ထောင်သူများမှ တစ်ဦးဖြစ်သူ၊ ခေါင်းဆောင်သိပ္ပံပညာရှင် Fang Binxing သည် တရုတ်အင်တာနက် ဆင်ဆာဖြတ်တောက်ရေးယန္တရား Great Firewall ၏ “ဖခင်” ဖြစ်ကြောင်း သိရှိရသည်။

Justice For Myanmar အဖွဲ့သည် စစ်ကောင်စီ၏ ရန်ပုံငွေနှင့် လက်နက်အရင်းအမြစ်များ၏ အချက်အလက်များကို စုံစမ်းဖော်ထုတ်နေပြီး ၊ ၎င်းတို့နှင့် ကမ္ဘာတစ်ဝန်းရှိ အခြားသောအဖွဲ့အစည်းများ၏ ကြိုးစားမှုကြောင့် စစ်ကောင်စီ၏ နိုင်ငံတကာနှင့်ချိတ်ဆက်လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများတွင် ဒေါ်လာသန်းပေါင်းများစွာကို ဆုံးရှုံးစေခဲ့ကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/36347

#TachileikNewsAgency
Forwarded from Tachileik News Agency
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Tachileik News Agency
ပအိုဝ်းဒေသရှိ သံဃာတော်များကို သင်္ကန်းကို ရိုသေသော်လည်း လူကိုမရိုသေနိုင်ဟု ခြိမ်းခြောက်ပြောဆို
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရ‌ဒေသအတွင်း ရဟန်းသံဃာများကိုပါ စစ်ဆေးမည်ဖြစ်ပြီး အစစ်ဆေးမခံပါက PNO ရဲဘော်များ အမှားမဟုတ်၊ သင်္ကန်းကို ရိုသေသော်လည်း လူကိုမရိုသေနိုင်ဟုဆိုကာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ဒေသခံများအား ခြိမ်းခြောက်ပြောဆိုကြောင်း PNLA ထံမှ သိရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များသည် ၂၀၂၄ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် ရပ်ရွာများအား အစည်းအဝေးခေါ်ယူပြီး ဒေသခံများအား ရွာအပြင်သို့ ထွက်ခွင့်မပြုကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည့်အပြင် ပင်အွန်းရွာသူကြီးကိုလည်း ရိုက်နှက်၍ ယင်းသို့ ပြောဆိုခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ဒေသခံများ ရွာအပြင်ထွက်ပါက တော်လှန်ရေးတပ်ဖွဲ့များဟု သတ်မှတ်ကာ ပစ်ခတ်မည်ဖြစ်ကြောင်း ရဟန်း၊ သံဃာတော်များအနေဖြင့်လည်း သတိထားသွားလာကြရန် ပြောဆိုသည်။

ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များသည် လွယ်မောတောင်ဒေသတွင် ကျေးရွာအတွင်းနေထိုင်ခြင်း၊ လက်နက်ကြီးများဖြင့် တောင်ယာအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူများအား ရွာပြင်ထွက်ခွင့်မပြုခြင်းများကြောင့် ကလေးငယ်များ စာသင်ခွင့်ဆုံးရှုံးနေသည့်အပြင် ဒေသခံများလည်း တောင်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်းမရှိဟု သိရသည်။

ယမန်နေ့က ဆီဆိုင်မြို့နယ် နောင်စကာကျေးရွာအနီးတွင် အင်အား (၃၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PNLA တို့ တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သဘက်ချောင်းအနီးရှိ ကျေးရွာမှ ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ရသည်ဟု သိရသည်။

ထို့အပြင် သဘက်ချောင်းအနောက်ဘက်ကမ်းရှိ ရွှေတဂူဘုရားကိုလည်း စစ်ကောင်စီက ဒုတိယအကြိမ် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်သည်ဟု သိရသည်။

News: https://www.tachileik.net/mm/news/36369

#TachileikNewsAgency
Forwarded from Tachileik News Agency
ဆော်ဒီနိုင်ငံ မက္ကာမြို့တွင် အပူချိန် အဆမတန် လွန်ကဲလာမှုကြောင့် ဟာ့ဂျ်ခရီးစဥ်အတွင်း လူ(၁၀၀၀)ကျော် သေဆုံး

ကမ္ဘာတဝန်းမှ အစ္စလာမ်ဘာသာဝင်များ၏ ၂၀၂၄ ခုနှစ် ဟာ့ဂျ် ခရီးစဥ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံတွင် အပူချိန် အလွန်အမင်း မြင့်တက်မှုကြောင့် သေဆုံးသူ (၁,၀၀၀) ကျော်အထိရှိလာကြောင်း AFP သတင်းဌာန၏ ၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့ စာရင်းအရ သိရှိရသည်။

အလွန်ပူပြင်းနေသည့် ဆော်ဒီအာရေဗျတွင် ဟာ့ဂျ်ခရီးစဥ်အတွင်း သေဆုံးခဲ့သူများအနက် ထက်ဝက်ကျော်မှာ တရားဝင် စာရင်းသွင်းထားခြင်းမရှိသည့် ဟာ့ဂျ်ဘုရားဖူးများဟု ဆိုသည်။

၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ဟာ့ဂျ်ခရီးစဥ်အတွင်း နောက်ထပ် သေဆုံးသူများအနက် အီဂျစ်နိုင်ငံမှ (၅၈) ဦး ပါဝင်ကြောင်း အာရပ်သံတမန်တစ်ဦးက ပြောသည်။

ဟာ့ဂျ်ခရီးစဥ်အတွင်း အီဂျစ်နိုင်ငံသား (၆၅၈) ဦး သေဆုံးခဲ့ရာ (၆၃၀) ဦးမှာ တရားဝင် စာရင်းသွင်းထားခြင်းမရှိသော ဟာ့ဂျ်ဘုရားဖူးများ ဖြစ်သည်။

ဟာ့ဂျ်ခရီးစဥ်အတွင်း နိုင်ငံ (၁၀)နိုင်ငံဝန်းကျင်မှ လူ (၁,၀၈၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဟာ့ဂျ်ခရီးစဥ်မှာ အလွန်ပူပြင်းသော ဆော်ဒီ၏ နွေရာသီအတွင်း ထပ်မံကျရောက်ခဲ့သည်။

National Meteorological Centre က ထုတ်ပြန်မှုအရ ယခု သီတင်းပတ်တွင် ဆော်ဒီနိုင်ငံ မက္ကာမြို့ရှိ Grand Mosque ဗလီ၌ အပူချိန် (၅၁.၈) ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်း ထုတ်ပြန်ခဲ့သော ဆော်ဒီ၏ လေ့လာမှုတစ်ခုက ဒေသတွင်း အပူချိန်မှာ ဆယ်စုနှစ်တစ်ခုလျှင် (၀.၄) ဒီဂရီဆဲလ်စီးယပ် မြင့်တက်လာနေကြောင်း ပြောထားသည်။

ဆော်ဒီသို့ နှစ်စဥ် ဟာ့ဂျ်ခရီးစဥ် လာရောက်ကြသူများအနက် ထောင်ပေါင်းများစွာမှာ အကုန်အကျများသော တရားဝင် ခရီးစဥ်ကို မတတ်နိုင်ကြရာ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဟာ့ဂျ်ဘုရားဖူး လာရောက်လေ့ရှိကြသည်။

၂၀၂၄ ခုနှစ် ဇွန်လအတွင်း တရားမဝင် ဟာ့ဂျ်ဘုရားဖူး ထောင်ပေါင်းများစွာကို မက္ကာမြို့ကနေ ထွက်ခွာစေခဲ့ကြောင်း ဆော်ဒီအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။

သို့သော် အများအပြားမှာ ကျန်ရှိနေဆဲဖြစ်ပြီး ဟာ့ဂျ်ပြုမှုတွင် ပါဝင်ခဲ့ကြပုံရကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ပါကစ္စတန်နှင့် အင်ဒိုနီးရှားကလည်း ၎င်းတို့၏ နိုင်ငံသားများ နောက်ထပ် သေဆုံးမှုရှိကြောင်း အတည်ပြုခဲ့ကြသည်။

ပါကစ္စတန်နိုင်ငံမှ ဟာ့ဂျ်ဘုရားဖူး (၁၅၀,၀၀၀) ဝန်းကျင်အနက် ယခုအချိန်အထိ (၅၈) ဦး သေဆုံးခဲ့ကြောင်း သံတမန်တစ်ဦးက AFP သတင်းဌာနကို ပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှာ ဟာ့ဂျ်ခရီးစဥ် လာရောက်ကြသူ (၂၄၀,၀၀၀) ခန့်အနက် (၁၈၃) ဦး သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား ဘာသာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အီရတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ္စတန်နယ်မြေ၊ မလေးရှား၊ အိန္ဒိယ၊ ဂျော်ဒန်၊ အီရန်၊ ဆီနီဂေါ၊ တူနီးရှား၊ ဆူဒန် နိုင်ငံတို့ကလည်း ဟာ့ဂျ်ခရီးစဥ်အတွင်း သေဆုံးမှုများရှိကြောင်း အတည်ပြုထားသည်။

ဟာ့ဂျ်ပြုခြင်းမှာ အစ္စလာမ်၏ မဏ္ဍိုင်ကြီး (၅) ခုအနက်မှ တစ်ခုဖြစ်ပြီး ကမ္ဘာတဝန်းမှ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်များက ဟာ့ဂျ်ပြုရန် နှစ်စဥ် ဆော်ဒီသို့ လာရောက်ကြသည်။

News: https://www.tachileik.net/mm/news/36373

#TachileikNewsAgency
Source: AFP
Forwarded from Tachileik News Agency
စစ်ကိုင်းမြို့မှ ရိက္ခာသယ်ဆောင်လာသည့် တွဲကားနှစ်စီးနှင့် စစ်ကောင်စီကင်းများအား PDF ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်
https://youtu.be/Q_7HHH0NmV4?si=7NxVK3Vw4rhzdGtU
* * * * *

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှ မုံရွာမြို့ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်(နမခ) သို့ ပို့ဆောင်ရန် ရိက္ခာအပြည့်သယ်ဆောင်လာသည့် စစ်ကောင်စီတွဲကား (၂)စီးနှင့် စစ်ကောင်စီကင်းများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Special Forces 11–PDF အဖွဲ့မှ သတင်းထုတ်ပြန်သည်။

စစ်ကိုင်းမြို့မှ မုံရွာမြို့ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ) သို့ ပို့ဆောင်ရန် ရိက္ခာအပြည့်သယ်ဆောင်လာသည့် စစ်ကောင်စီတွဲကား (၂)စီးနှင့် ချောင်းဦး မြပုလဲဂိတ်မှ ကင်းလာယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မုံရွေးတိုးဂိတ်အနီးတွင် ၂၀၂၄ခုနှစ် ဇွန်လ (၂၁)ရက်နေ့ မနက် (၇) နာရီခွဲတွင် ရှေ့ထွက်မိုင်း (၄) လုံး တစ်ပွိုင့် နှင့် ပဒေသာမိုင်း (၄)လုံး တစ်ပွိုင့်တို့ဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် တွဲကား ပထမအစီးမှာ နောက်ပိုင်းပွင့်ထွက်၍ တိုးဂိတ်ရှေ့ထိုးရပ်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် ထိခိုက်မှုများရှိနိုင်ကြောင်း Special Forces 11–PDF အဖွဲ့မှ ဆိုသည်။

ထို့နောက် ဇွန်လ (၂၂) ရက်နေ့ မနက် (၉) နာရီဝန်းကျင်တွင် ချောင်းဦး မြပုလဲ စစ်ကောင်စီဂိတ်မှ ကင်းလာယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းနှင့် ဗုံးသီး (၄)လုံးချ၍ ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်သော်လည်း အရပ်သား ပြည်သူ (၂)ဦး ထိခိုက်မှုရှိကြောင်း သိရသဖြင့် အနူးအညွတ်တောင်းပန်ကြောင်း Special Forces 11 – PDF အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို Special Force-11(PDF)၊ မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)နှင့် Monywa Dynamite(STF)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency
Video : Special Forces 11 - PDF
Forwarded from Tachileik News Agency
မြင်းခြံတွင် လူနာလိုက်ပို့သည့် ဆခမဆရာတော် ဥူးဥတ္တမကို စစ်ကောင်စီတပ် ပစ်သတ်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း မြင်းခြံမြို့တွင် လူနာလိုက်ပို့သည့် ဆခမဆရာတော် ဥူးဥတ္တမကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းတွင် ပစ်သတ်လိုက်ကြောင်း သိရသည်။

ယမန်နေ့ ည(၁၀)နာရီဝန်းကျင်က မြင်းခြံမြို့၊ အမှတ်(၁၈)၊ ဝန်ထမ်းကွက်သစ်တွင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းနေစဉ် မြင်းခြံမြို့ပေါ်သို့ လူနာတင်ယာဉ်ဖြင့် လူနာလိုက်ပို့သည့် ဆရာတော်ကို ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်မှာ သက်တော်(၅၀)၊ ဝါတော် (၁၂)ဝါရှိပြီး စစ်တပ်ဂိတ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကာ စစ်ကောင်စီဘက်က Myingyan Black Tiger PDF အဖွဲ့က ပစ်ခတ်သည်ဟု စွပ်စွဲထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်သည် Myingyan Black Tiger အဖွဲ့နှင့် လုံးဝမသက်ဆိုင်ကြောင်း၊ Myingyan Black Tiger (MBT)က မြင်းခြံနှင့် နီးနီးကပ်ကပ်မှာရှိမနေသည့်အပြင် ယခုရက်ပိုင်းတွင်လည်း စစ်ရေးလှုပ်ရှားမှုမရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကောင်စီသည် ငါန်းဇွန်နယ်၌ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကိုလည်း ပစ်ခတ်ပြီးနောက် PDFက ပစ်ကြောင်း သတင်းမှားဖြန့်ဝေပြီးနောက် အတူပါဆရာတော်ကြီးက စစ်တပ်ကပစ်ကြောင်း မိန့်ကြားမှသာ ၎င်းတို့ပစ်ခတ်ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။

News : https://www.tachileik.net/mm/news/36388

#TachileikNewsAgency
Forwarded from Tachileik News Agency
ငပလီရှိ တပ်မိသားစုဝင်များ ထွက်ပြေးရန် နာရေးကားများကို ငှားရမ်း

* * * * *

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်စခန်းမှ တပ်မိသားစုဝင်များ ရန်ကုန်သို့ပြေးရန် နာရေးကားများကိုငှားရမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၂၃)ရက်နေ့ ညနေပိုင်းတွင် အာရက္ခတပ်တော်(AA)သည် လေဆိပ်အနီး Amazing ဟိုတယ်အထိ ထိန်း ချုပ်ထားကာ လေဆိပ်အတွင်းမှ ပြည်သူ့စစ်များက ခုခံ‌နေပြီး တပ်မိသားစုဝင်များလည်း ရန်ကုန်သို့ထွက်ပြေးရန် နာ‌ရေကားများကိုငှားရမ်းနေကြကြောင်း သိရသည်။

"မြေပြင်က နာရေးကားက ရန်ကုန်သွားရင် အငှားလိုက်ပေးတာ။ နာ ရေးကားဆိုပေမယ့် ပြောင်းမယ်၊ ရွေ့မယ်ဆိုရင်လည်း လိုက်ပေးတယ်။ အဲ့ဒါ ညနေ(၄)နာရီလောက်က တပ်မိသားစုတွေက ငှားကြတာရှိတယ်။ ချက်ခြင်း ကား(၃၊ ၄)စီးလိုတာမျိုးငှားကြတယ်။"ဟု ဒေသခံတစ်ဦးက ယနေ့ ဇွန်လ(၂၃)ရက်နေ့ ည(၉)နာရီခွဲတွင် Tachileik News Agency ကိုပြောသည်။

ထို့အပြင် လေဆိပ်အနီးရှိ ခမရ(၅၆၆)မှ တပ်သားများ ခလရ (၅၅)တပ်အတွင်းသို့ သွားရောက်ပူးပေါင်းနေကာ လက်နက်ချရန်လုပ်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

"ဇီးဖြူကုန်းနဲ့ Amazing(Amazing Ngapali Resort ) ဟိုတယ်ကို AA ယူလိုက်ပြီ။ လေဆိပ်က ပြည်သူ့စစ်တွေ ရှိနေသေးတုန်းပဲ။ AA က ပိတ်ဆို့ထားတာပဲရှိ သေးတယ်။ ခမရ (၅၆၆)ကလေဆိပ်နားပဲလေ ကပ်နေတာ။"ဟု ဒေသခံတစ်ဦးကပြောသည်။

Amazing Ngapali Resort သည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ရင်းနှီးသူဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဟော်နန်းအတု ဆောက်လုပ်ခွင့်နှင့် တာချီလိတ်မြို့နှင့်ကျိုင်းတုံတို့တွင် ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ဦးအောင်မျိုးမင်းဒင် ပိုင်ဆိုင်သည့် Resort ဖြစ်သည်။

ခမရ(၅၆၆)တပ်ရှိ လက်နက်များကို ဂျိတ္တောရဲစခန်းသို့ ရွေ့ပြီး ဂျိတ္တောတွင် သတိဝရိယနှင့်နေထိုင်ကြရန် မခြေအနေအရ ညတွင်း ခြင်းပြေးရနိုင်ကြောင်း အုပ်ချုပ်ရေးမှူးများက ပြောဆိုနေသည်။

ယမန်နေ့ညပိုင်းကလည်း သံတွဲမြို့အနီး ရွှေကျောင်းပြင်ရွာကို AA ဝင်ရောက်သည်ဆိုသော သတင်းကြောင့် စစ်ကောင်စီတပ်က လေ ကြောင်းမှ ဗုံးကြဲရာ နေအိမ်နှစ်လုံးပျက်စီးပြီး (၂)ဦးသေ၊ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။

သံတွဲတိုက်ပွဲအခြေအနေကြောင့် သံတွဲမြို့ပေါ်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသည်။

ပုံအညွှန်း - သံတွဲတိုက်ပွဲအခြေအနေကြောင့် သံတွဲမြို့ပေါ်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ အလုံးအရင်းဖြင့် ထွက်ခွာနေကြပုံ


#TachileikNewsAgency
Forwarded from Tachileik News Agency
ငပလီရှိ ခမရ ၅၆၆ တပ်ကို AA စတင်ထိုးစစ်ဆင်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်၏ ခလရ(၅၆၆)တပ်ကို အာရက္ခတပ်တော်(AA)က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၂၃)ရက်နေ့ ည(၉)နာရီခွဲတွင် စတင် ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၂၃)ရက်နေ့ ညနေပိုင်းတွင် အာရက္ခတပ်တော်(AA)သည် လေဆိပ်အနီး Amazing Ngapali Resort ဟိုတယ်အထိ ထိန်းချုပ်ထားပြီးနောက် ညပိုင်းတွင် ခမရ(၅၆၆)ကို ထိုးစစ်ဆင်တိုက် ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

"စစ်ကောင်စီတပ်စခန်း ကျဖို့များနေပြီ။ ခလရ(၅၅)နဲ့ ခမရ (၅၆၆)ပူးပေါင်းတပ်က တပ်ဆုတ်နေပြီလို့ ကြားတယ်။ ဘယ်ကနေ ဘယ်ဖက်ကို ဆုတ်တယ်ဆိုတာ အတည်ပြုဖို့ခက်သေးတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ယနေ့ ညပိုင်းတွင် ပြောသည်။

တပ်ဆုတ်နေသည့်သတင်းကို Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ထို့အပြင် လေဆိပ်အနီးရှိ ခမရ(၅၆၆)မှ တပ်သားများ ခလရ (၅၅)တပ်အတွင်းသို့ သွားရောက်ပူးပေါင်းနေကာ လက်နက်ချရန် လုပ်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ခမရ(၅၆၆)တပ်ရှိ လက်နက်များကို ဂျိတ္တောရဲစခန်းသို့ ရွေ့ပြီး ဂျိတ္တောတွင် သတိဝရိယနှင့်နေထိုင်ကြရန် မခြေအနေအရ ညတွင်း ခြင်းပြေးရနိုင်ကြောင်း အုပ်ချုပ်ရေးမှူးများက ပြောဆိုနေသည်။

"အခု ငပလီ ခလရ(၅၅)တပ်နား နတ်ရေကန်၊ အရင် ဓူဝံကြယ်ဆိုင် အနောက်ဖက် လမ်းကြားမှာ လူနှစ်ဦး ပစ်သတ်ခံထားရတယ်။ အလောင်း မကောက်နိုင်သေးဘူး။"ဟုလည်း ဒေသခံတစ်ဦးက ဆိုသည်။

ဇွန်လ(၂၂)ရက်နေ့ နေ့ ညပိုင်းကလည်း သံတွဲမြို့အနီး ရွှေကျောင်းပြင်ရွာကို AA ဝင်ရောက်သည်ဆိုသော သတင်းကြောင့် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲရာ နေအိမ်နှစ်လုံးပျက်စီးပြီး (၂)ဦးသေ၊ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။

သံတွဲတိုက်ပွဲကြောင့် ဒေသခံများလည်း ယနေ့ညနေပိုင်းတွင် ဘေးကင်းသို့ အများအပြားတိမ်းရှောင်နေကြသည်။

လက်ရှိအခြေနေကြောင့် စစ်ကောင်စီတပ်၏ တပ်မိသားစုများကလည်း ယနေ့တွင် နာရေးကားများ ကားရမ်းကာ ထွက်ပြေးတိမ်းရှောင်ရန်အတွက် လုပ်ဆောင်နေကြသည်ဟုလည်း သိရသည်။

News: https://www.tachileik.net/mm/news/36391

#TachileikNewsAgency
Forwarded from Tachileik News Agency
အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်များကို လျစ်လျူရှုထားခြင်းကြောင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း စစ်ကောင်စီအား MNDAA အသိပေး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီမှ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်များကို လျစ်လျူရှုထားပြီး တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးတွင် စစ်ကောင်စီ၏ စတင်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ( ၂ ) ဦး ကျဆုံးခဲ့ပြီး ၊ ( ၃ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ ၂၀၂၄ ခုနှစ် ဇွန်လ ( ၂၉ ) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လားရှိုးမြို့ မြောက်ဘက် နမ့်ဖူးယိုင်ရှိ မဟာမိတ်တပ်များ ထိန်းချုပ်နယ်မြေကို စစ်ကောင်စီ တပ်ရင်း ( ၅၇၉ ) မှ ဇွန်လ (၂၉) ရက်နေ့ မနက် (၈) နာရီတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၊ မဟာမိတ်တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MNDAA အဖွဲ့မှ ဆိုသည်။

ဇွန်လ ( ၂၉ ) ရက်နေ့ နံနက် ဆယ်နာရီခွဲတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကို MNDAA တပ်ဖွဲ့ဝင်များမှ ဖြတ်တောက်ပိတ်ဆို့ထားနိုင်ခဲ့ပြီး နံနက် (၁၁) နာရီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ထိုးစစ်ဆင်လာသည့်အဖွဲ့ ဆုတ်ခွာခဲ့ပြီးနောက် စစ်ကောင်စီမှ လားရှိုးမြို့၊ ဟိုပိတ် ၊(၁၃) မိုင် မှနေ၍ မဟာမိတ်တပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအား အမြောက်ကျည်မျိုးစုံဖြင့် ပစ်ခတ်ခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့ ညရှစ်နာရီခွဲအချိန်အထိ စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မဟာမိတ်တပ်များဖြစ်သည့် တအောင်းတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့နှင့်အတူ လက်မှတ်ထိုးထားသည့် ဟိုဂင်သဘောတူညီချက်ကို စစ်ကောင်စီမှ ချိုးဖောက်ပြီး တအောင်းတပ်မတော်၏ ခံစစ်နယ်မြေကို ဇွန်လ (၁၈) ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း MNDAA အဖွဲ့မှ ဆိုသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တွင် ပါဝင်သည့် တအောင်းတပ်မတော်နှင့် စစ်ကောင်စီတို့အကြား ဇွန်လ (၂၅)ရက်နေ့မှ စတင်ပြီး ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်တို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ၏ စတင်တိုက်ခိုက်မှုကြောင့် လားရှိုးမြို့အနီးတွင် MNDAA အဖွဲ့နှင့် စစ်ကောင်စီတို့ စစ်ရေး ပြန်လည်တင်းမာနေခြင်းဖြစ်သည်။

News : https://www.tachileik.net/mm/news/36485

#TachileikNewsAgency
Forwarded from Tachileik News Agency
ဂျိုင်းမြစ်ဝှမ်းဒေသရှိ နေရပ်ပြန် စစ်ဘေးရှောင် အရွယ်ကောင်းအမျိုးသမီးများကို စစ်ကောင်စီတပ်သားများမှ နှောင့်ယှက်မှုများလုပ်ဆောင်နေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မွန်ပြည်နယ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံများသည် တိုက်ပွဲများငြိမ်သက်၍ ၎င်းတို့ နေထိုင်ရာဒေသသို့ပြန်လာချိန်တွင် အရွယ်ကောင်း အမျိုးသမီးများကို စစ်ကောင်စီတပ်သားများမှ နှောင့်ယှက်မှုများလုပ်ဆောင်နေကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဂျိုင်းမြစ်ဝှမ်းဒေသတွင် စစ်ကောင်စီတပ်များသည် ကျေးရွာများထဲမှ လက်နက်ကြီးပစ်ခတ်ခြင်း၊ စစ်သင်္ဘောမှ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းတို့ကို လုပ်ဆောင်ခဲ့သောကြောင့် ဒေသခံပြည်သူများမှာ မတ်လ စတုတ္ထပတ်မှစတင်ပြီး နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း သိရသည်။

ထို့နောက် တိုက်ပွဲများ ပြန်လည်ငြိမ်သက်လာချိန်တွင် နေရပ်ပြန်လာကြသည့် ဒေသခံအမျိုးသမီးများကို စစ်ကောင်စီတပ်သားများက ၎င်းတို့စားသောက်ရန်အတွက် ထမင်းဟင်းနှင့် စားသောက်ဖွယ်ရာများ ချက်ပြုတ်ရန် စေခိုင်းခြင်း၊ ညအချိန်မတော် အိမ်တံခါးများခေါက်ခြင်းနှင့် လမ်းသွားလမ်းလာများကို စစ်ဆေးသည်ဟုဆိုကာ လူငယ်အမျိုးသမီးများကို နှုတ်အားဖြင့် နှောင့်ယှက်နေကြောင်း ပြည်သူများထံမှတဆင့် ပြန်လည်ကြားသိရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ဂျိုင်းမြစ်ဝှမ်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့တပ်စွဲထားရာကျေးရွာနှင့် အနီးအနားရှိကျေးရွာများမှ ဒေသခံပြည်သူများ၏ နေအိမ်နှင့် ခြံဝင်းများထဲရှိ ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းယူဆောင်ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားစဉ်တွင် လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ရုံမျှမက တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူများ နေရပ်မပြန်ရဲစေရန် လူ့အခွင့်အရေးချိုးဖောက်မှုကို နည်းလမ်းမျိုးစုံဖြင့် ဆက်တိုက်ကျူးလွန်နေဆဲဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ဆိုသည်။

စစ်ကောင်စီတပ် ယခုကဲ့သို့ ဂျိုင်းမြစ်ဝှမ်းဒေသမှ နေရပ်ပြန် အမျိုးသမီးများအပေါ် နှောင့်ယှက်နေပြီး ပြည်သူများ ရှင်သန်ခြင်းအပေါ် အန္တရာယ်ပြုနေခြင်းနှင့် စစ်ကောင်စီလက်ချက်ကြောင့် အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး အကူအညီများလိုအပ်နေသည့် ပြည်သူများအပေါ် လူ့အခွင့်အရေးများ ထပ်မံချိုးဖောက်နေခြင်းအား မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ပြင်းထန်စွာရှုံချကြောင်း သိရသည်။

ထို့အပြင် မွန်ဒေသမှ အကူအညီများလိုအပ်နေသည့် ပြည်သူများကို ပြည်တွင်း၊ ပြည်ပရောက် ပြည်သူများ၊ နိုင်ငံတကာအဖွဲ့အစည်းတို့မှ လူသားစာနာမှုအကူအညီများပေးအပ်နိုင်ရန်အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ တိုက်တွန်းထားသည်။

News : https://www.tachileik.net/mm/news/36567

#TachileikNewsAgency
Photo : Mon State Federal Council - MSFC
Forwarded from Tachileik News Agency
ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား သယ်ယူသည့်ကားကို SSPP က ပစ်ခတ်ဟု TNLA ထုတ်ပြန်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် TNLA က ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား သယ်ယူပို့ဆောင်နေစဥ် SSPP က ပစ်ခတ်သဖြင့် TNLA မြို့နယ်မှူးသေဆုံးပြီး (၃)ဦးဒဏ်ရာရသည်ဟု TNLAက သတင်းထုတ်ပြန်သည်။

သီပေါမြို့နယ် ကြံခင်း(ရေပူ)ရွာအနီးတွင် TNLA၏ စစ်သုံ့ပန်း သယ်ဆောင်လာသည့်ကားကို ဘုန်းကြီးကျောင်းဝင်းတွင် အသင့်စောင့်ဆိုင်းနေသည့် SSPPက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

SSPP ပစ်ခတ်မှုကြောင့် သီပေါမြို့နယ်မှူး ဗိုလ်ကြီး နေအုပ်သည် ကားပေါ်တွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး မိုင်းအလင်းနှင့် မိုင်းအညီ တို့ (၂)ဦးမှာ လက်တွင်ဒဏ်ရာရရှိခဲ့ကာ မိုင်းထွန်းအေးမှာ ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယခင် သီပေါမြို့နှင့် ကျောက်မဲမြို့အား  ဖြတ်သန်းသွားလာရာတွင် SSPP တပ်မှ TNLA အား ပစ်ခတ်ခြင်းမရှိခဲ့ဘဲ ယခု စစ်သုံ့ပန်းများအား ခေါ်ဆောင်လာသည့် သီပေါမြို့နယ်မှူးအဖွဲ့အား ပစ်ခတ်မှုကြောင့် TNLA တပ်ဖွဲ့များ ရောက်ရှိကာဖြေရှင်းရန်ကြိုးပမ်းစဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာနှင့် နောင်ပိန်ကြီးကျေးရွာတို့တွင်လည်း SSPP မှ TNLA တပ်ဖွဲ့အား စတင်ပစ်ခတ်တိုက်ခိုက်မှု‌ကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

နှစ်ဖက်အောက်ခြေ နားလည်မှုလွှဲမှားပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားသည်ကို သက်ဆိုင်ရာ ခေါင်းဆောင်များဆွေးနွေးညှိနှိုင်းပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရပ်တန့်အဆုံးသတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

SSPP ဘက်ကမူ ကျောက်မဲနှင့် သီပေါမြို့နယ်တို့ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တပ်ကို တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ဝင်ရောက်တိုက်ခိုက်သည်ဟု ထုတ်ပြန်သည်။

ဇူလိုင်လ (၅)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်ကစတင်၍ ကျောက်မဲမြိုနယ်၊ ခေးနင်းကျေးရွာအုပ်စု လုပ်ပါကျေးရွာအနီးရှိ SSPP တပ်စခန်းကို TNLAက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လုပ်ပါကျေးရွာ၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် ကျောက်မဲမြိုနယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ နောင်ပိန်ကြီးကျေးရွာ အနီးတွင်လည်း TNLA တပ်သားများက SSPPတပ်ကို ဝင်ရောက်တိုက်ခိုက်သည်ဟု ဆိုသည်။

ထို့အပြင် သီပေါမြို့နယ်၊ ကြံခင်းကျေးရွာအုပ်စု၊ ကြံခင်းကျေးရွာအတွင်း၌လည်း TNLA တပ်က SSPP တပ်ကို တိုက်ခိုက်ခဲ့သည်ဟု SSPP က ထုတ်ပြန်ထားသည်။

တိုက်ပွဲမဖြစ်ခင်ကပင် သီပေါ - ကျောက်မဲ - နောင်ချို ကားလမ်း အရှေ့ဘက်ခြမ်းတစ်လျှောက်၌ SSPP တပ်များ လုံခြုံရေးတပ်ချဖြန့်ကျက်နေရာယူထားသည့်အကြောင်း TNLA ကို အသိပေးအကြောင်းကြားမှုရှိခဲ့သည်ဟုလည်း ဆိုသည်။

News : https://www.tachileik.net/mm/news/36574

#TachileikNewsAgency
Forwarded from Tachileik News Agency
ရန်ကုန်တွင် ဝမ်းရောဂါဖြစ်ပွားသူများနေပြီး ကာလဝမ်းရောဂါပိုးရှိသူ ၅ ဦး ဓါတ်ခွဲတွေ့ရှိထား
https://www.tachileik.net/mm/news/36581

* * * * *
ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူများရှိလာပြီးနောက် ကာလဝမ်းရောဂါပိုးဖြစ်ပွားသူ (၅)ဦးကို ဓါတ်ခွဲစစ်ဆေးတွေ့ရှိထားသည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ၂၀၂၄ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လတ်တလောအချိန်ထိ ဆေးရုံတက် ဝမ်းရောဂါဖြစ်ပွားသူများအား ဓါတ်ခွဲစစ်ဆေးတွေ့ရှိချက်အရ ဝိတိုရိယဆေးရုံမှ လူနာ (၁)ဦးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံမှ လူနာ (၄)ဦးတို့တွင် ကာလဝမ်းရောဂါပိုး တွေ့ရှိထားသည်ဟု သိရသည်။

ရန်ကုန်မြို့ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်၊ သဲကွင်းကျူးကျော်ရပ်ကွက်တို့တွင် ဇွန်လကုန်ပိုင်းကစတင်၍ ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူနာ (၁၂)ဦးအနက် (၉)ဦး ဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့သည့်အနက် (၁)ဦး သေဆုံးသွားသည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ရေးက သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုအား ဖြေရှင်းရေးအတွက် လမ်းဘေးစားသောက်ဆိုင်များပိတ်ခြင်းနှင့် ရေနှင့်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

သို့သော် ဒေသတွင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံများကို ကိုးကားရေးသားထားသည့် သတင်းဌာနများတွင် ရန်ကုန်၌ ဝမ်းရောဂါဖြင့် သေဆုံးသူ (၅)ဦးရှိသည်ဟုဆိုသည်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူများကို ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် လက်မခံဘဲ ပြည်သူ့ဆေးရုံကြီးကိုသာ စေလွှတ်နေသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူနာအများအပြားရောက်နေသည်ဟု ဇူလိုင်လ (၇)ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှောလူနာအား ဆေးရုံပို့ခဲ့သည့် လူနာရှင်တစ်ဦးထံမှ သိရသည်။

ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းရောဂါဖြစ်ပွားစေသော ကာလဝမ်းရောဂါပိုး (Vibrio Cholerae) ကဲ့သို့သော ရောဂါပိုးမွှားများပါရှိသည့် မသန့်ရှင်းသော ရေနှင့် အစားအစာများ စားသောက်မိခြင်းမှတစ်ဆင့် ကူးစက် ဖြစ်ပွားစေသည်။

မသန့်ရှင်းသော ရေကို သောက်သုံးမိခြင်း၊ ယင်နားစာများနှင့် မသန့်ရှင်းသော အစားအစာများ စားသုံးခြင်း၊ အိမ်သာတက်ပြီး လက်မဆေးခြင်း၊ အစားမစားမီ လက်ကို စင်ကြယ်စွာ မဆေးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှု နည်းပါးခြင်း သို့မဟုတ် သန့်ရှင်းမှု မရှိခြင်းနှင့် ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲမှု အားနည်းခြင်းတို့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရခြင်းဖြစ်သည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကြောင့် ခန္ဓာကိုယ်မှ ရေနှင့် ဓာတ်ဆားများ လျင်မြန်စွာ ဆုံးရှုံးပြီး အားအင် ကုန်ခမ်းကာ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်၍ ရောဂါဖြစ်ပွားပါက စောလျင်စွာကုသမှုခံယူရန် လိုအပ်သည်ဟု ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် ရေကို ကျိုချက်၍သော်လည်းကောင်း၊ ကလိုရင်း ဆေးခပ်၍ သော်လည်းကောင်း အသုံးပြုခြင်း၊ အစားအစာများကို ယင်မနားစေရန် ဖုံးအုပ်ခြင်းနှင့် ပူပူနွေးနွေးစားသုံးခြင်း၊ မှိုတက်နေသော အစားအစာများ၊ ယင်နားစာများနှင့် အမှည့်လွန်သော အသီးများကို မစားသုံးခြင်း၊ အစာမစားမီနှင့် အိမ်သာမှဆင်းလျှင် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း၊ အစားအစာများကို ကိုင်တွယ်ခြင်း၊ ပြင်ဆင်ခြင်း၊ အစာစားခြင်းမပြုမီနှင့် အိမ်သာအသုံးပြုပြီးချိန်တို့တွင် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်းတို့ လုပ်ဆောင်ရန် လိုအပ်သည်ဟု ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။

ကာလဝမ်းရောဂါပိုးသည် ရောဂါရှိသူစွန့်ထုတ်လိုက်သည့် မစင်မှတစ်ဆင့် ပျံ့နှံ့ခြင်းဖြစ်၍ လူနာ၏ အဝတ်အစားများကို သောက်သုံးရေကန်များအနီးတွင် မလျှော်ဖွပ်ခြင်း၊ ကလေးငယ်များ၏ မစင်များကို ယင်မနားစေရန် စနစ်တကျစွန့်ပစ်ခြင်းနှင့် ယင်လုံအိမ်သာများ ဆောက်လုပ်သုံးစွဲခြင်းဖြင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ကြောင်း ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။
#TachileikNewsAgency
Photo: သာကေတမြို့နယ် ထူပါရုံလမ်းသွယ်တွင် ကျန်းမာရေးဌာနက ဇူလိုင်လ ၅ ရက်နေ့က ဝမ်းရောဂါ စစ်ဆေးနေသည်ကို သင်္ခါရဝိမုတ္တိအသင်းက မှတ်တမ်းပုံ ဖေါ်ပြထားခြင်းဖြစ်ပါသည်။
Forwarded from Tachileik News Agency
လားရှိုးတိုက်ပွဲ ဆက်လက်ပြင်းထန်သဖြင့် ဒေသခံများ အလုံးအရင်းထွက်ပြေးရကာ ကားလမ်းပိတ်နေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသဖြင့် ဒေသံများ မြို့တွင်းမှ အလုံးအရင်းဖြင့် ထွက်ခွာတိမ်းရှောင်နေရာ ကားများထောင်ချီ ပိတ်မိနေကြောင်း သိရသည်။

လားရှိုးမြို့ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲပြီး ဒေသခံများထိခိုက်သေဆုံးနေရခြင်းကြောင့် ဒေသခံအများအပြား လားရှိုးမြို့မှ ထွက်ခွာနေကြခြင်းဖြစ်ကြောင်း သိရသည်။

“တိမ်းရှောင်တဲ့သူတွေများတော့ လားရှိုးမြို့အဝင်ကော၊ အထွက်ကော ကားတွေပိတ်မိနေတယ်။ စစ်ဘေးရှောင် ကားတွေ မြို့ဝင်မုဒ်ဦးကနေ မယ်ဟန်ဂိတ်ထိပိတ်နေတာ။ ပြည်ထောင်စုလမ်းမကြီး နောင်မွန်ရွာနားမှာလည်း ပစ်ခတ်မှုဖြစ်နေတယ်လို့ သိရတယ်။”ဟု ဒေသခံတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် Tachileik News Agency ကို ပြောသည်။

လက်ရှိ လားရှိုးမြို့အခြေအနေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ကောင်းမွန်စွာမရသည့်အခြေအနေဖြစ်သည်ဟု သိရသည်။

“လက်နက်ကြီးတွေက မြို့တွင်းပိုင်းကိုကျတော့ တိမ်းရှောင်တဲ့လူပိုများလာတာ။ နေတဲ့သူကလည်းနေတုန်းပေါ့။ ပထမတစ်ကြိမ်တုန်းကလည်း ပြေးခဲ့ကြရပြီးပြီ။ တခါပြောင်းရင် တခါကုန်ကျစာရိတ်ကများတော့ မပြေးကြတော့တဲ့သူတွေလည်းရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့မနက်ပိုင်းတွင် လားရှိုး ရက်ကွက်(၅)အထက်မန်အိုင်နှင့် (၅၀၇)တပ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။

"လားရှိုးကနေ မန္တလေးရောက်ဖို့ (၃)ရက်တောင်ကြာတယ်။ စဥ့်အင်ကနေ လားရှိုးမြို့တွင်း လွတ်လပ်ရေးပန်းခြံနားထိ ပိတ်နေတာ။ ပြည်သူ တွေအရမ်းခက်ခဲနေကြပါတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ကလည်း ရက်ကွက်(၅)အတွင်းသို့ လက်နက်ကျသည့်အပြင် ရက်ကွက်(၇) ကွက်သစ်နယ်မြေ(၁၉)ကိုလည်း လက်နက်ကြီးကျကာ ဒေသခံ(၄)ဦး ထပ်မံသေဆုံးသည်ဟု သိရသည်။

#TachileikNewsAgency
Photo: CJ