MSI - MYANMAR SECRET INFORMATIONS
27K subscribers
88K photos
3.39K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
Forwarded from RSN WEB
DAILY HIGHLIGHTS (22 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


သိုင်းငင်းရွာတိုက်ပွဲ ပြင်းထန်၊ ကနေဒီတောင်စခန်းကို ချင်းပြည်ကောင်စီထိန်းချုပ် – MZM

မိတ္တီလာမြို့နယ်၊ မြင်တော်ကန်ကျေးရွာအနီးတွင် စစ်ကောင်စီလေယာဉ် ၁ စီး ပျက်ကျ၊ ပျက်ကျသည့် နေရာကိုစစ်တပ်ဖြင့် ပိတ်ဆို့ပြီး ဓာတ်ပုံရိုက်ခွင့်နှင့် ပြည်သူများ ဝင်ခွင့် မပြုဘဲ သတင်းအမှောင်ချ – KT

စစ်ကောင်စီက ဖားဆောင်းတိုက်ပွဲအတွင်း အသုံးပြုသည့် လက်နက်ဆန်းကြောင့် မျက်စိ၊ မျက်နှာစပ်ပြီး ယားယံမှုတွေဖြစ် – MKN

📰 နိုင်ငံရေးထူးခြားသတင်းများ

စစ်ကောင်စီနှင့် တွေ့ဆုံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို ဦးတည်သော ၂၀၀၈ ခြေ/ဥ ပြင်ဆင်နိုင်ရေး ဆွေးနွေးခဲ့ဟု ဦးကိုကိုကြီးပြော – AT

📰 စီးပွားရေးထူးခြားသတင်းများ

အကြမ်းဖက်စစ်ကောင်စီက ဆန်စျေးနှုန်းများ သတ်မှတ်ထုတ်ပြန်လိုက်ပြီး သတ်မှတ်စျေးထက် ပိုရောင်းလျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက် – KT

ရန်ကုန်နှင့်ဧရာ၀တီတိုင်းမှ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များကို စစ်ကောင် စီက လိုက်လံ ဖမ်းဆီးနေပြီး ဆန်စက်နှင့်ဆန်ဂိုဒေါင်များ၊ ဘုရင့်နောင်မှ ဆန်ပွဲရုံများကိုပါ ချိတ်ပိတ် – KT

တစ်နိုင်ငံလုံး ဆန်စျေးကွက်တွင် ဆန်စျေးကို လိုသလို ကစားနိုင်သည်ဟု ယူဆရသော လက်ကြီး ကုန်သည်များ၊ ဆန်စက်များကို စစ်ကောင်စီက စီမံချက်ဖြင့် ဖမ်းဆီးနေ၊ စစ်ဆေးချက်အပေါ် မူ တည်​ပြီး အရေးယူမည် – KT

စစ်ကောင်စီက စားအုန်းဆီ လုပ်ငန်းရှင်များကို အရေးပေါ် အစည်းအဝေးခေါ်ယူ – KT

📰 အခြားထူးခြားသတင်းများ

ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်တပ်က ပစ်ခတ်ရာမှ ပျံလွန်တော်မူခဲ့သည်ကို မူလကတည်းက သိရှိခဲ့သော်လည်း PDF အပေါ် အပြစ်ပုံချ သတင်းထုတ်ပြန်ရန် မင်းအောင်လှိုင် အပါ အဝင် စစ်ကောင်စီက အမိန့်ပေးညွှန်ကြားခဲ့ – KT

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသည့်ဖြစ်စဥ်ကို သည်းခံမေ့ပျောက်‌ရန် သီတဂူဆရာတော် မိန့်ကြား – PS

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (24 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


ငပလီလေဆိပ်ကို AA ထိန်းချုပ် – RFA

သံတွဲရဲစခန်းကို AAသိမ်းယူပြီးစစ်သုံ့ပန်း ၂၀၀ နီးပါးဖမ်းမိထားဟု စစ်ရေးသတင်းရင်းမြစ်ပြော – MZM

ငပလီကမ်းခြေတိုက်ပွဲအတွက် တပ်မ (၂၂) ကို စစ်ကောင်စီတာဝန်ပေး – MN

ရခိုင်ပြည်၊ သံတွဲလေဆိပ်ကို AA က ထိန်းချုပ်ထားပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ စစ်ကောင်စီကလည်း စစ်သင်္ဘောများစွာ စေလွှတ်ပြီးခုခံနေ – KT

မိုးညှင်းက စစ်ကောင်စီတပ်စခန်း သုံးခုကို KIA သိမ်းပိုက် – RFA

ကတိမတည်သည့် စစ်ကောင်စီနှင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ကြောင်း တအာင်းတပ် သတိပေး – MN

စစ်မှုထမ်း ပထမအသုတ် ၅၀၀၀ ယခုလကုန်တွင် စတင်တာဝန်ထမ်းရတော့မည် – MPA

📰 နိုင်ငံရေးထူးခြားသတင်းများ

NCA အပစ်ရပ် ၇ ဖွဲ့နှင့် UNA အဖွဲ့ဝင်ပါတီများ တွေ့ဆုံမည် – DVB

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာနိုင်ငံမှ ထပ်မံ ထွက်ပြေးလာမည့် ရိုဟင်ဂျာဒုက္ခသည်များကို လက်မခံတော့ဟု ဘင်္ဂလားဒေ့ရှ်ပြော – KT

နိုင်ငံရေးတည်ငြိမ်မှုမရှိသရွှေ့ မြန်မာစစ်ဘေးရှောင်များကို နေရပ်ပြန်မပို့ဟု မီဇိုရမ်ဝန်ကြီးချုပ် ပြော – MZM

အီရန်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ကောင်စီဒုတိယဝန်ကြီးချုပ်က နိုင်ငံတကာ စာမျက်နှာတွင် ပူးပေါင်းဆောင်ရွက်ရန်ပြော – AT

မလေးရှားတွင် မြန်မာနိုင်ငံသားများ အပါအဝင်နိုင်ငံခြားသား ၁၇၀၀ ကျော် ဖမ်းဆီးခံရ – AT

📰 စီးပွားရေးထူးခြားသတင်းများ

စားအုန်းဆီဈေးမြင့်တက်နေချိန်တွင် စားအုန်းဆီတင်သင်္ဘောရောက်ရှိကြောင်း စစ်ကောင်စီထုတ်ပြန် – AT

နိုင်ငံခြားငွေရှားပါး၍ စစ်ကောင်စီက စားအုန်းဆီတင်သွင်းမှုကို ထက်ဝက်လျော့ချ – PS

စစ်ကောင်စီက ဆန်ကုန်သည်၊ ဆန်စက်နှင့် စပါး သိုလှောင်သူများကို ဖမ်းဆီးနေခြင်းကြောင့် ဆန်နှင့် စပါး စျေးကွက်များပျက်စီး – KT

စစ်အာဏာသိမ်းမှုအောက် မြန်မာ့လူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရ – MZM

📰 အခြားထူးခြားသတင်းများ

သာသနာ့အမှတ်အသားမပါခြင်း၊ အရပ်အိမ်စီးကားဖြစ်ခြင်း၊ ယာဉ်မရပ်တန့်ခြင်း၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းတို့ကြောင့် ဝင်းနိမ္မိတာရုံဆရာတော်၏ကားကို စစ်တပ်က ပစ်ခတ်ခဲ့ရဟု အကြမ်းဖက် မင်းအောင်လှိုင်က တောင်းပန် – KT

မြင်းခြံမှာ ဆရာတော်တစ်ပါး ပစ်သတ်ခံရမှု အပြန်အလှန်စွပ်စွဲ – RFA

မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်အဖြစ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ချောင်းဦးသံဃာတော်များ စတင် – MKN

ဒီပဲယင်း သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မှု စတင် – MPA

နေပြည်တော် လေတပ်မှ Su 30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေး လေယာဉ်ဆီခိုးရောင်းချမှုဖြင့် စုံစမ်းစစ်ဆေးခံရပြီး တောင်ငူလေတပ်စခန်းသို့ အရွှေ့ခံရ – KT

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (25 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


မတူပီမြို့သိမ်း တိုက်ပွဲအတွင်း စစ်တပ်၏ ခလရ ၁၄၀ တပ်ရင်းနှင့် ဗျူဟာစခန်းကုန်းတို့ရှိ ကာကင်းများကို ထပ်မံသိမ်းပိုက်၊ ကျန်ရှိနေသော စခန်းနေရာ ၂ ခုကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်နေ – KT

နောင်ချိုမြို့ပေါ် ဌာနဆိုင်ရာအချို့ကို TNLA ပူးပေါင်းတပ် သိမ်းပိုက် – MPA

မတ္တရာတွင် MDY-PDF နှင့် TNLA ပူးပေါင်းတပ်တို့က ၁၀၂၇ စစ်ဆင်ရေးအဆက်အဖြစ် တိုက်ပွဲဖော်ဆောင်နေပြီး စစ်ကောင်စီက အင်အားထောင်ချီပို့၍ ခုခံနေ – AT

ကျောက်မဲ၊ နောင်ချိုနှင့် မိုးကုတ်တို့တွင် တိုက်ပွဲဖြစ်ပွားနေဟု TNLA အသိပေး – PS

နောင်ချိုမြို့ပေါ်တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ် တပ်စွဲထားသော မိုးဇလရုံးကို TNLA က တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်က မြို့နေပြည်သူများကို စစ်ရှောင်ခွင့် မပေးဘဲ လူသားဒိုင်း ပြုလုပ်ထား – KT

မတ္တရာ လေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF သိမ်းပိုက်ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်နေ – MPA

မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်ကို စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ပစ္စည်းများကို သယ်ယူကာ ခံစစ်ပြင်ဆင်နေသည့် ဗီဒီယို မှတ်တမ်း AA ထုတ်ပြန် – KT

ကော့ကရိတ်- မြဝတီလမ်းကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်တွင် တပ်သားသစ်များ ပါဝင် – DVB

📰 နိုင်ငံရေးထူးခြားသတင်းများ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး စစ်ကောင်စီ ဆွေးနွေး – TI

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

တာချီလိတ်မြို့မှာ တရုတ်နိုင်ငံသား ရှစ်ဆယ်ခန့် ထပ်မံဖမ်းမိ – RFA

မြန်မာနိုင်ငံအတွင်း ပြန်ပေးဆွဲခံရသော မော်ရိုကိုနိုင်ငံသားသုံးဦး ဒေါ်လာ၁၀,၀၀၀ စီ ပေးပြီးနောက် ပြန်လွတ်လာ – MPA

ထိုင်း ရှစ်ရက်ကြာစစ်ဆင်ရေးအတွင်း တရားမဝင်မြန်မာလုပ်သားအများဆုံး ဖမ်းဆီးမိ – MPA

📰 စီးပွားရေးထူးခြားသတင်းများ

AA ထံ ကုန်ပစ္စည်းမရောက်ရန် မြန်မာပြည်တွင်းသို့ ကုန်တင်သွင်းမှု မီဇိုရမ် လူငယ် အဖွဲ့ပိတ်ပင် – MZM

ဆီကုန်သည်အသင်းဝင် ကုမ္ပဏီများကို စစ်ကောင်စီ အမည်ပျက်စာရင်းသွင်း – PS

စစ်ကောင်စီက ဆန်သို‌လှောင်မှုနှင့်ပတ်သက်၍ မှတ်ပုံတင်ရန် သုံးကြိမ်မြောက်သတိပေး၊ စျေးဝယ်စင်တာများတွင် ဆန်ကိုလွတ်လပ်စွာ ရောင်းချနိုင်ခြင်းမရှိ၍ ကုန်စည်များကို သိမ်းဆည်းထား – AT

ဆန်တန်ချိန် ၅၀ နှင့် အထက်သို့လှောင်သူများ မဖြစ်မနေမှတ်ပုံတင်ရမည်ဟုစစ်ကောင်စီ ခြိမ်းခြောက် – PS

မြန်မာတွင် ‌လူလတ်တန်းစား ၅၀ ရာခိုင်နှုန်းကျဆင်း၊ ၁၃ သန်းကျော် စားနပ်ရိက္ခာမလုံလောက် – DVB

📰 အခြားထူးခြားသတင်းများ

ဝင်းနိမ္မိတာရုံဆရာတော်ကြီးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုအပေါ် မင်းအောင်လှိုင် တောင်းပန်မှု စစ်ကောင်စီထုတ် သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများတွင် လုံး၀ ဖော်ပြခြင်းမပြု – KT

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (01 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


မိုးကုတ်မြို့ အနောက်ပိုင်းရှိ လက်ကျန် စစ်တပ်စခန်းကို TNLA တပ်သိမ်းပိုက်ရရှိ – DVB

မတ္တရာလေကြောင်းရန်ကာကွယ်ရေးတပ်ကို ပြန်သိမ်းရန် စစ်ကောင်စီ ကြိုးစား၊ ကောလင်း စစ်ရှောင်များ အကူအညီလိုအပ် – DVB

ချောင်းဦးမှာ ခရီးသည်တင်ကားတွေ တိုက်ခိုက်ခံရမှု အပြန်အလှန်စွပ်စွဲ – RFA

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

တရုတ်နဲ့မြန်မာဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းတွေလို့ သမ္မတဟောင်း ဦးသိန်းစိန် ပြော – AT

တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး မြှင့်တင်ရန် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိပြော – DVB

ဖမ်းဆီးခံထားရ​​သော AEON ဒါရိုက်တာဂျပန်နိုင်ငံသားကို ပြန်လွှတ်​ပေးရန် ဂျပန်​အစိုးရ​တောင်းဆို – PS

အသက် ၁၃ နှစ်အရွယ်မြန်မာ​ရွေ့​ပြောင်းလူငယ်တစ်ဦး အ​မေရီကန် ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် သေဆုံး – PS

📰 စီးပွားရေးထူးခြားသတင်းများ

စီးတီးမတ်၊ ဂျပန်မှAeon ၊စိန်​ဂေဟာနှင့် One Stop Market တို့ကို ဆန်ဈေး အမြတ်တင်ရောင်းသည်ဟုစွပ်စွဲကာအ​ရေးယူမည်ဟုစစ်​ကောင်စီခြိမ်း​​ခြောက် – PS

ပြည်သူများအကြား ရေပန်းစားသော ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုကို အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန် – KT

📰 ကျားဖြန့်

မြန်မာပြည် ကျားဖျန့်ဂိုဏ်းတွင် ပိတ်မိနေသော မော်ရိုကိုနိုင်ငံသား ၂၁ ဦး အကူအညီမရသေး – DVB

ချင်းမိုင်တွင် မြန်မာ ၆ ဦးပါ တရုတ်ကျားဖြန့် ငွေလိမ်ဂိုဏ်း ဖမ်းမိ – DVB

📰 အခြားထူးခြားသတင်းများ

ကချင်မှာ ရေကြီးမှုကြောင့် လူတစ်သောင်းခန့် အရေးပေါ်ရွှေ့ပြောင်း – RFA

အကြမ်းဖက် ယာယီသမ္မတ မြင့်ဆွေ မျက်လုံးခွဲစိတ်မှုအပြင် နာတာရှည် အသည်းရောဂါပါ ကုသနေရ – KT

မြန်မာနိုင်ငံ၏ နယ်မြေထက်ဝက်ခန့် အင်တာနက်ဖြတ်တောက်ခံထားရ – DVB

Khit Thit သတင်းဌာန၏ ပိုင်ရှင် အပါအဝင် ပြည်ပ အခြေစိုက် မီဒီယာများ၏ ပိုင်ရှင်များကို အမည်ပျက်စာရင်းသွင်းရေး၊ အရေးယူနိုင်ရေး အကြမ်းဖက် စစ်ကောင်စီ၏ ဝန်ကြီးဌာန ပေါင်းစုံက ဆောင်ရွက်နေဟု ခြိမ်းခြောက် – KT

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (02 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


သံတွဲမြို့ရှိ ကျန်ရှိနေသော စစ်စခန်း အားလုံးကို AA က အပြင်းအထန် ဆက်လက် ထိုးစစ်ဆင်နေပြီး ULA/AA အမည်ကို အသုံးချ၍ လုပ်ငန်းရှင်များထံမှ ငွေကြေး လိမ်လည်နေသူများ ချက်ချင်းရပ်တန့်ရန် AA သတိပေး – KT

မြောက်ဦးတိုက်ပွဲတွင် သေဆုံးခဲ့သည်ဟု သတင်းထွက်ခဲ့သည့် တပ်မ ၁၁ တပ်မ မှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း သေဆုံးခြင်းမရှိဘဲ တရုတ်-မြန်မာ နယ်စပ်တွင် ထွက်ပြေးနိုင်ခဲ့၊ တပ်ကိုလည်းမပြန်ဘဲ တိမ်းရှောင် – KT

မတူပီမြို့သိမ်းတိုက်ပွဲ၌ ဟောင်ဝစ်ဇာအမြောက်အပါအ၀င် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ – DVB

ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ဆင်း တပ်သားသစ်များကို စစ်ကောင်စီက ခွင့်လုံး၀ မပေး – KT

ရှမ်းမြောက်တိုက်ပွဲများတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များအနေဖြင့် လက်နက်ချ အညံ့ခံမှုများမဖြစ်စေရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြား – KT

ဖမ်းဆီးခံထားရသော အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နေရာတွင် မင်းအောင်လှိုင်၏ လက်ရုံး တြိဂံတိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းကို အစားထိုး – KT

မတ္တရာမှာ တပ်စခန်းရှစ်ခုကို သိမ်းပိုက်ရရှိကြောင်း မန္တလေး PDF ပြော – RFA

📰 နိုင်ငံရေးထူးခြားသတင်းများ

ရခိုင်အမျိုးသားပါတီ မှတ်ပုံတင်လျှောက်ထားမှု စစ်ကောင်စီ ပယ်ချ – DVB

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာနိုင်ငံမှ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံနေတယ်လို့ အာဆီယံဉက္ကဌ လာအိုနိုင်ငံ ပြော – AT

ထိုင်းနိုင်ငံက စီအိုင်စင်တာအားလုံး ပိတ်သိမ်းတော့မည် – DVB

📰 စီးပွားရေးထူးခြားသတင်းများ

ပုဂ္ဂလိကဘဏ်နဲ့ ဗဟိုဘဏ်တာဝန်ရှိသူတချို့ အရေးယူခံရ – RFA

📰 ကျားဖြန့်

တာချီလိတ်အွန်လိုင်းငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသား ၃ဝဝ နီးပါးကို ဖမ်းဆီး – RFA

📰 အခြားထူးခြားသတင်းများ

"ပ သုံးလုံးတွေက ကျောင်းသားတွေကို စာသင်ခန်းတွေထဲမှာ ဖိနှိပ်နေတာတွေ ၊ ကိုယ်ထိ လက် ရောက်ကျူးလွန်နေတာတွေရှိနေသလိုမျိုး ပြည်သူလူထုကလည်း ဒီပသုံးလုံးရဲ့ ဖိနှိပ်ရေး ယန္တရားရဲ့ ဒဏ်တွေကို ခံစားနေရပါတယ်" – KT

မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၆ ပေခွဲ ကျော်အထိ ယခု ရောက်ရှိနေပြီး မြစ်ရေမှာ ၈ ပေကျော်အထိ စံချိန်တင်ရေကြီးနိုင်ဟု သတိပေး – KT

မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေ တအိအိ ပြန်လည် ကျဆင်းလာ – KT

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (03 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


လားရှိုးမြို့အနီးရှိ စခန်း ၄ ခုကို မြောက်ပိုင်းတပ်များ တစ်ပြိုင်နက်ဝင်တိုက် – MN

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၉ ရက်မြောက်နေ့တွင် နောင်ချိုနှင့် မိုးမိတ် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး TNAL က ထိုးစစ်ဆင် တိုက်ခိုက်နေ – KT

လားရှိုးထိုးစစ် ကိုးကန့်တပ်ဖွဲ့နှင့်အတူ ရှမ်းတပ် SSPP လည်း ပါဝင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ဟု သတင်းရင်းမြစ်အချို့ပြော – PS

လားရှိုးမြို့နားထိ တိုက်ပွဲတွေကပ်လာပြီး ကိုးကန့် MNDAA တပ်က နမ့်ပေါင်တံတားကိုထိန်းချုပ်ထား – MKN

မတ္တရာ၊ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်ရင်းကို PDF က တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ် တပ်မှူးများနှင့် လက်နက်ချ အညံ့ခံသော အရာရှိနှင့်စစ်သည်များကို စစ်ကောင်စီက အရေးယူမည် – KT

📰 စီးပွားရေးထူးခြားသတင်းများ

အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၀၀ ကျပ်ကျော်သို့ စျေးမြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်းကျော် စျေးပေါက်နေ – KT

ပြည်သူလူထု စားသုံးမှုကို ဝန်ပိစေသော ကုန်သွယ်လုပ်ငန်းခွန် စစ်ကောင်စီက စံချိန်တင်တိုးမြှင့် ကောက်ခံ – MPA

📰 အခြားထူးခြားသတင်းများ

စစ်ခေါင်းဆောင်ဇနီးကို ဂါရဝပြုခဲ့တဲ့ အဖြူရောင်အနုပညာရှင်များ – PS

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (05 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


လားရှိုးမြို့နယ် အနီးရှိ ကာကင်းစခန်းတချို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ရရှိထားပြီး စစ်တပ်ဘက်မှ သေဆုံးသူများရှိကာ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိထား – KT

လားရှိုးရှိ ခလရ ၆၈ တပ်နှင့် ခမရ ၅၀၇ တပ်ရင်းတို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက စုပေါင်းတိုက်ခိုက်နေပြီး စစ်မျက်နှာ ၅ ခုကို တစ်ပြိုင်နက်တည်း တိုက်နေ – KT

သီပေါနှင့် ကျောက်မဲ၌ SSPPနှင့် TNLAတိုက်ပွဲဖြစ်ပွားမှု ခေါင်းဆောင်များညှိနှိုင်းပြီး အပစ်ရပ် – PS

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် ပါဝင်တိုက်ပွဲဝင်နေ – DVB

မိုးကုတ်ဘဏ်နှစ်ခုမှ ငွေနှင့်ကျောက်မျက် ကျပ်သိန်းနှစ်သောင်းဝန်းကျင် စစ်တပ် ဖောက်ထွင်းသွား ဟုဆို – MPA

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ခေါင်းဆောင်နှင့် တရုတ်သံအမတ်တွေ့ဆုံ၊ ရွေးကောက်ပွဲကျင်းပရေးကိစ္စ ဆွေးနွေး – DVB

တရုတ်သံအမတ်ကြီး တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည်ဟု သံရုံးထုတ်ပြန် – PS

စစ်ကောင်စီဖမ်းဆီးထားသော Aeon Orange အကြီးအကဲနှင့် ဂျပန်သံအမတ်ကြီး တွေ့ခွင့်ရ – MPA

📰 စီးပွားရေးထူးခြားသတင်းများ

စားဆီ၊ မြေဩဇာနှင့် ဆေးဝါးတင်သွင်းရန် ဒေါ်လာ ၅ သန်းကျော် ဗဟိုဘဏ် ထုတ်ရောင်း – DVB

အခွန်ရှောင်သူများကို ရဲစခန်းတွင် တိုက်ရိုက်အမှုဖွင့် အရေးယူနိုင်ရန် စစ်ကောင်စီ စီစဉ် – MN

ရခိုင်တွင် ဘဏ်စနစ်ရပ်တန့်ပြီး ငွေသားပြတ်လပ်မှု မြင့်တက်လာ – DVB

ရှမ်းပြည်မြောက်ပိုင်းရှိ လိုင်စင်ရ စက်သုံးဆီ အရောင်းဆိုင် ၄၈ ခုထံသို့ စက်သုံးဆီများ ရောင်းချသယ်ယူခွင့် စစ်ကောင်စီက ပိတ်ပင် – KT

📰 အခြားထူးခြားသတင်းများ

နေပြည်တော် VIP စားသောက်ဆိုင် တွင် သီဆိုဖျော်ဖြေမှုကြောင့် သပိတ် မှောက် BC အလုပ်ခံရမည့်အပေါ် အင်္ဂလိပ်လို နားမလည်ဟု လှောင်ပြောင်သည့် အဆိုတော် လေးဖြူကို ပြည်သူများက အပြင်းအထန် ဝေဖန် – KT

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (06 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


လားရှိုးမြို့နယ်၊ နမ့်ပေါင် စစ်ကောင်စီတပ်စခန်းကို MNDAA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဆင်တောင်၊ ခမရ ၅၀၇ ၊ ခလရ ၆၈ တို့တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေ – KT

လားရှိုးအသိမ်းခံရပါက ဝန်ကြီးချုပ်၊ ကစထမှူးနှင့် တိုင်းမှူးတို့ကို အနားပေးမည်ဟု ညွန်ကြား – DVB

လားရှိုးရှိ တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ (၂၉၁)တပ်ရင်းဌာနချုပ်ကို MNDAA သိမ်းပိုက်၊ မြို့အနီးတိုက်ပွဲ ပြင်းထန်နေ – PS

ကျောက်မဲ၊ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က တပ်စခန်းများ မကျဆုံးရေး လေကြောင်းဖြင့် အပြင်းအထန် ခုခံနေရ – KT

လွိုင်ကော်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား – MZM

၃ နှစ်ကျော်ကြာသည်အထိ ဖရဲသီးနှိမ်နင်းရေးစီမံချက် မအောင်မြင်၍ လုံခြုံရေးဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားအောင် ပြုလုပ်သူများကို စုံစမ်းဖော်ထုတ်အရေးယူရမည်ဟု မင်းအောင်လှိုင် အမိန့်ထပ် ပေးပြန် – KT

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကိစ္စကို တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ဟု ဆိုသော်လည်းတရုတ်လိုလားချက်နှင့် ကွာဝေးနေ – AT

မြဝတီကိုလူကုန်ကူးခံရတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ထိုင်းရဲကယ်တင် – RFA

📰 စီးပွားရေးထူးခြားသတင်းများ

အမေရိကန်တစ်ဒေါ်လာလျှင် ၄၇၇၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၇ သိန်းခွဲအထိ စျေးနှုန်းများ ပြန်လည်မြင့်တက် – KT

ရာသက်ပန် လိုင်စင်ပိတ်သိမ်းခံရသော ပြင်ပအလုပ်သမားအေဂျင်စီများ၏ အာမခံကြေး ကျပ်သိန်း ၁၀၀၀ကို စစ်ကောင်စီသိမ်း – AT

📰 အခြားထူးခြားသတင်းများ

နိုင်ငံကူးလက်မှတ် PJ မှ PV သို့ ပြောင်းလိုပါက ၁၀ သိန်းဝန်းကျင် ပေးနေရ – MN https://myanmar-now.org/mm/news/54294/

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (07 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


မောင်တော နခခ၂ နယ်ခြားစောင့်စခန်းနှင့် သံတွဲ ခမရ ၅၆၆ တို့အပြင် သံတွဲလေဆိပ် ကိုပါရရှိခဲ့ပြီး တိုက်ပွဲ ၂ ခုမှ စစ်ကောင်စီတပ်ဖွဲ့ အလောင်း ၇၅၀ ကျော် ရရှိကြောင်း AA ကြေညာ – AT

သံတွဲ လေဆိပ်ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ လေယာဉ်ကွင်းနှင့် လေဆိပ်ကိုပါ ထိန်းချုပ်ထားဟု AA ပြော – KT

သံတွဲဒေသ တိုက်ပွဲများအတွင်း စစ်သား အလောင်း ၄၀၀ ကျော်နှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိကာ ငပလီ (မဇင်) လေဆိပ်ကို ထိန်းချုပ်ထားပြီး အမ်းမြို့နယ်ရှိ တောဟိန်းတောင်ဗျူဟာကိုလည်း AA က သိမ်းပိုက်ထား – KT

လားရှိုးမြို့ ၏ခံတပ်စခန်းကြီးဖြစ်သော ခမရ ၅၀၇ တပ်ရင်းဌာနချုပ်စခန်းကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်ရရှိ – KT

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁၃ ရက်မြောက်နေ့တွင် မိုးမိတ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ – KT

📰 နိုင်ငံရေးထူးခြားသတင်းများ

NUG၊ CRPH နှင့် PDF ကို အကြမ်းဖက် အဖွဲ့များအဖြစ် တရုတ် အပါအဝင် စစ်ကောင်စီ ၏ မိတ်ဆွေ နိုင်ငံများက သတ်မှတ်ကြေညာရေး စစ်ခေါင်းဆောင်များက ကြိုးပမ်းနေ – KT

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ကောင်စီအဖွဲ့ ဒုတိယခေါင်းဆောင် တရုတ်နိုင်ငံ ရောက်ရှိ – RFA

📰 အခြားထူးခြားသတင်းများ

ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏မိခင် ထိုင်းနိုင်ငံတွင် ကွယ်လွန် – DVB

ပြင်းထန် ဝမ်းရောဂါကြောင့် သေဆုံးသူမရှိသေးဟု ကျန်းမာရေးဌာန ထုတ်ပြန် – DVB

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (10 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


နောင်ချိုမြို့ရှိ စစ်တပ်၏ လက်ကျန်တပ်စခန်းဖြစ်သော ၆၀၆ ဒုံးတပ်ရင်းကို TNLA ပူးပေါင်း တပ်ဖွဲ့က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ တန့်ယန်းနှင့် မိုးမိတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ – KT

ငပလီ ခလရ ၅၅ မှ ဆုတ်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေ – AT

သံတွဲတိုက်ပွဲအတွင်း Myanmar Navy SEALs တပ်ဖွဲ့ဝင်တွေပါ အသုံးပြုထားရတယ်လို့ ဆို – AT

မြ၀တီနှင့်သင်္ဃန်းညီနောင်ကို သိမ်းပိုက်ရေး စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင် ရေးသို့ အပို့ခံခဲ့ရသော လောက်ကိုင်မှ လက်နက်ချ စစ်သား ၁၀၀ ကျော် တိုက်ပွဲများတွင် သေဆုံးဒဏ်ရာရဟု အလင်းဝင်လာသူ ခမရ ၁၈ မှ တပ်သား ချစ်ထွေး ထွက်ဆို – KT

စစ်ကောင်စီက လားရှိုး ခမရ ၅၀၇ ပြန်ရပြီဆိုပြီး လိမ်လည်နေ – MKN

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ခေါင်းဆောင် အာဏာစွန့်ရေး စည်းရုံးပေးဖို့ ဦးသိန်းစိန်ကို တရုတ်တိုက်တွန်း – RFA

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာသို့ပြန်ပို့ရေး အစွမ်းကုန် ကူညီမယ်လို့ တရုတ်က ဘင်္ဂလားဒေ့ရှ်ကို ကတိပြု – AT

စစ်ကောင်စီ ဖမ်းဆီးထားသည့် Aeon Orange အကြီးအကဲကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဂျပန်အစိုးရ တောင်းဆို – MPA

ဗီယက်နမ်၊ တရုတ်နှင့် ယူအေအီးက မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ပံ့ပိုးပေးနေ – DVB

📰 စီးပွားရေးထူးခြားသတင်းများ

ပုဂ္ဂလိကဘဏ်အများစုတွင် ငွေအပ်နှံသူ လုံး၀ မရှိတော့ဘဲ ငွေထုတ်သူ အဆမတန်များပြားလာ၍ တစ်ပတ်လျှင် ငွေကျပ် ၁၀ သိန်းမှ အများဆုံး သိန်း ၂၀ သာ ထုတ်ပေးတော့ – KT

ရိုးမဘဏ်သူဌေးကြီး ဦးသိမ်းဝေနှင့် သူ၏ကုမ္ပဏီအရာရှိများကို စစ်တပ်က နေပြည်တော်တွင် ဆက်လက်စစ်မေးနေ – MN

ရိုးမသူဌေးကို ဖမ်းဆီးစွဲချက်တင်ထားခြင်းမရှိဟု ကုမ္ပဏီ တုံ့ပြန် – DVB

မြန်မာ့လူဦးရေထက်ဝက်နီးပါး ဆင်းရဲမွဲတေနေ၊ ကယားပြည်နယ်က အဆိုးရွားဆုံး ကြုံနေရ – DVB

📰 ကျားဖြန့်

အွန်လိုင်းငွေလိမ်မှုနဲ့ တရုတ်နိုင်ငံသား ငါးသောင်းကျော် ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီပြော – RFA

ရှမ်းမြောက်တွင် ကျားဖြန့်တိုက်ဖျက်ရေး​ ခေါင်းစဉ်ဖြင့် MNDAA နှင့် TNLA တို့က နယ်မြေချဲ့ထွင် တိုက်ခိုက်နေသဖြင့် လုံခြုံရေး အလေးထားနေရဟု အကြမ်းဖက်ဇော်မင်းထွန်းပြောဆို – KT

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (11 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


သံတွဲမြို့နယ်ရှိ စစ်တပ်လက်ကျန်စခန်း ခလရ ၅၅ တပ်ရင်းကို သိမ်းပိုက်ရရှိပြီး မြို့တွင် ခုခံနေသော စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်မည်၊ မောင်တောရှိ စခန်းများကို သိမ်းပိုက်ပြီး စစ်သား ၃၀ ဘင်္ဂလားဒေ့ရှ် ပြေး – KT

စစ်ကောင်စီတပ်များရှိသည့် တန့်ယန်းမြို့ကို “ဝ”တပ်ဖွဲ့ အင်အားနှစ်ထောင်ကျော်ဖြင့် ဝင်ရောက်လာ – MN

တန့်ယန်းဒေသတွင် ပဋိပက္ခများ ကူးမလာစေရေးအတွက် UWSA တပ်ဖွဲ့များ ဝင်ရောက်ထိန်းချုပ်ဟု "၀" တပ်ဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် အတည်ပြု – KT

📰 နိုင်ငံရေးထူးခြားသတင်းများ

ကြံ့ဖွံ့ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄ ခုအား တရုတ်နိုင်ငံသို့ ဖိတ်ခေါ် – MZM

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ကောင်စီကို အကူအညီပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ထိုင်းဘဏ်တွေ ခုခံပြောဆို – PS

ထိုင်းလေတပ်အရာရှိများ မြနန်းနွယ်ဆီ အရောက်သွား – TI

📰 စီးပွားရေးထူးခြားသတင်းများ

စည်းကမ်းဖောက်မှုများရှိလာ၍ ဘဏ်များကို ကြီးကြပ်နေဟု စစ်ကောင်စီ ပြော – TI

ပုဂ္ဂလိကဘဏ်များတွင် ငွေသား ပြတ်လပ်မှုနှင့် ငွေထုတ်ယူမှု ကန့်သတ်မှုများ ဖြစ်ပေါ်နေချိန် စစ်ကောင်စီဗဟိုဘဏ်က Special Bank Accountများအနေဖြင့် ငွေသားထည့်သွင်းသည့် ပမာဏအတိုင်း ထုတ်ယူနိုင်ဟု ဗြောင်လိမ် – KT

နိုင်ငံတစ်ဝန်း ရိုးမဘဏ်ခွဲများတွင် ငွေထုတ်ယူသူများကို နံနက်ပိုင်း ငွေကျပ် ၂ သိန်းမှ ၅ သိန်းအထိသာ ထုတ်ပေးနိုင်ပြီး မွန်းလွဲပိုင်းတွင် ငွေကုန်ပြီဟုဆိုကာ ငွေထုတ်သူအများအပြားကို လှည့်ပြန်ခိုင်း – KT

ဇူလိုင် ၁၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ – TI

📰 ကျားဖြန့်

မြဝတီမြို့ရှိ လောင်းကစားဆိုင်များပိတ်ရန် DKBA နှင့် KNU/ KNLA PC ထုတ်ပြန် – TI

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (14 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးကျင်းပနေချိန် အပစ်ရပ်ထားမည်ဟု ကိုးကန့်အဖွဲ့ထုတ်ပြန် – TI

လက်နက်သယ်လာသည့် RCSS တပ်ဖွဲ့ဝင် ၅ ဦး စစ်ကောင်စီ ဖမ်းမိ – IT

📰 မိတ်ဖက်ပြဿနာ

TNLA နှင့် SSPP ခေါင်းဆောင်များ ပန်ဆန်း၌တွေ့ဆုံ – TI

မိုင်းရယ်မြို့မှာ SSPP/SSA ၏ စိုးမိုးနယ်မြေဖြစ်၍ အခြားအဖွဲ့အစည်းလက် အောက် မကျရောက်ရန် အင်အား ၁၀၀၀ ကျော်ဖြင့် ဝင်ရောက်တပ်စွဲဟု SSPP က ကြေညာ – KT

📰 နိုင်ငံရေးထူးခြားသတင်းများ

တရုတ်ခရီးစဉ်၌ မြန်မာ့လက်နက်ကိုင်ပဋိပက္ခအခြေအနေ ရှင်းပြမည်ဟု ဦးကိုကိုကြီး ပြော – TI

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေးမှာ မြန်မာစစ်ကောင်စီက အပြုသဘောဆောင်စွာ တုံ့ပြန်ခဲ့ဟု ဘင်္ဂလားဒေ့ရှ် ပြော – AT

📰 စစ်ကောင်စီ ရာထူးအပြောင်းအရွှေ့

စစ်ခေါင်းဆောင်၏လူယုံ စစ်ထောက်ချုပ် ကျော်စွာလင်း ရာထူးမှ ဖယ်ရှားခံရ – AT

အာဏာသိမ်း ၃ နှစ်အတွင်း ရေတပ်စစ်ဦးစီးချုပ် ၃ ဦးပြောင်း၊ စစ်ဆေးခံနေရသည့် ဒုဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နေရာတွင် ဒုဗိုလ်ချုပ်ကြီးထိန်ဝင်းကို အစားထိုး – AT

📰 အခြားထူးခြားသတင်းများ

ပြည်ပရောက် အလုပ်သမား၏အချက်အလက် မပို့သည့်အေဂျင်စီ ၄၀၀ နီးပါးရှိဟု စစ်ကောင်စီဆို – TI

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိမြို့ ၂၂ မြို့တွင် စိုးရိမ် ရေမှတ် အထက် ဆက်လက်ရှိမည် – AT

#rangoonscoutnetwork
Forwarded from RSN WEB
ရန်ကုန်မှတ်တမ်း (ဇူလိုင် ၈ - ၁၄၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
▪️မြို့ပြစစ်ဆင်ရေး
ဇူလိုင်လ ၁၀ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်ခန့်က ဗဟန်းမြို့နယ်၊ လင့်လမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ လုံခြုံရေးကင်းတဲကို ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ပြီး ရဲတပ်သား ၂ ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း GHF မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။
အခြား ဗုံးပေါက်ကွဲသံဟု ယူဆရသော အသံကျယ်များကြားလိုက်ရသည့် ဖြစ်စဉ်များလည်း ရှိပြီး အသေးစိတ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။

▪️စစ်မှုထမ်း
ရခိုင် မြို့သိမ်းတိုက်ပွဲများအပြင် ၁၀၂၇ ဒုတိယလှိုင်းနှင့် ရှမ်းမန်းစစ်ဆင်ရေးတို့ စတင်ပြီးနောက် ရှေ့တန်းနေရာအသီးသီးသို့ တပ်သားများပါဝင်သော စစ်ကားအများအပြား ယခုအပတ်တွင်း ရန်ကုန်မှ ထွက်ခွာသွားသည်။ အများစုမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များဖြစ်ပြီး စစ်သင်တန်းကျောင်းနှင့် ဘုရင့်နောင်စစ်ကြောရေးမှ တသုတ်ပြီး တသုတ် ခေါ်ယူသွားသည်။
နောက်ထပ် စစ်မှုထမ်း အသုတ်များအတွက်လည်း နေ့စဉ် နည်းမျိုးစုံဖြင့် အသည်းအသန် လူရှာနေကြဆဲဖြစ်သည်။ ညဘက် ကင်းလှည့်ကာ တွေ့ရာလူ ဆွဲခြင်း၊ ရပ်ကွက်များ ရွာများတွင် စာရင်းပါသူများကို လိုက်ဖမ်းခြင်း၊ ရုံးသို့ လိမ်လည်ခေါ်ယူသွားကာ ပြန်မလွှတ်တော့ပဲ ခေါ်ထားလိုက်ခြင်း စသည့် နည်းအမျိုးမျိုးဖြင့် လူစုဆောင်းနေကြသည်။

▪️ဝမ်းပျက်ဝမ်းလျှော
ရန်ကုန်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု များပြားနေပြီး ဆေးရုံ ဆေးခန်းများတွင် လူနာများ ပြည့်နေသည်။ အသုပ်၊ မုန့်ဟင်းခါး၊ ထမင်းဟင်းဆိုင်၊ အထောင်းဆိုင် စသည့် အစားအစာများရောင်းချသည့် လမ်းဘေးဈေးဆိုင်များကို စစ်ကောင်စီမှ ကာလ အကန့်အသတ်မရှိ ပိတ်ခိုင်းထားသည်။ စစ်ကောင်စီ၏ ဌာနဆိုင်ရာနေရာများနှင့် လိုင်းခန်းတချို့တွင်ပါ ရောဂါဖြစ်ပွားနေပြီး ၎င်းနေရာတို့တွင် အပြင်မထွက်ရအမိန့်များထုတ်ထားကြောင်းလည်း သိရှိရသည်။

▪️ဘဏ်
ရန်ကုန်တွင် ပုဂ္ဂလိကဘဏ်များထံမှ ငွေထုတ်ယူနေသူ များပြားနေပြီး ဘဏ်များဘက်မှ နည်းမျိုးစုံဖြင့် အချိန်ဆွဲနေသည်။ ကမ္ဘောဇဘဏ်မှ ATM စက်များပိတ်လိုက်ကာ Kpay ဖြင့် ငွေထုတ်လိုပါကလည်း ဘဏ်ထဲဝင်၍ မှတ်ပုံတင်ပြ ထုတ်ရပြီး ရာခိုင်နှုန်းတချို့လည်း ဖြတ်ယူခံရသည်။ ရိုးမဘဏ်တွင်လည်း မနက်ပိုင်း ကျပ် ၂ သိန်းမှ ၅ သိန်းထိသာ ထုတ်ပေးပြီး မွန်းလွဲပိုင်းတွင် ငွေကုန်ပြီဟုဆိုကာ လှည့်ပြန်ခိုင်းကြောင်း သိရသည်။ Special Account ဖြင့် ငွေထုတ်သူများကိုလည်း ၅ သိန်းအောက်သာ ထုတ်ပေးသည်။ ဘဏ်များတွင် တန်းစီစောင့်ဆိုင်းနေသည့် လူအုပ်ကြီးများ မရှိစေဖို့ဟုဆိုကာ တုံကင်ပေးပြီး နာရီဖြင့်ချိန်းဆိုသည့် စနစ်ကျင့်သုံးရန်လည်း စစ်ကောင်စီ ဗဟိုဘဏ်မှ အမိန့်ထုတ်ထားသည်။

▪️အကျဉ်းထောင်
အင်းစိန်ထောင်တွင် ထောင်တွင်း စတိုခန်းပြင်ခ၊ ဆေးသုတ်ခ စသဖြင့် အကြောင်းအမျိုးမျိုးပြကာ နိုင်ကျဉ်းများထံမှ ထောင်အာဏာပိုင်များ ငွေညစ်ယူနေကြကြောင်း သိရှိရသည်။ ငွေမပေးနိုင်သည့် အကျဉ်းသားများကိုလည်း နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်မှုများလုပ်နေကြကြောင်း ဆိုသည်။
ဆန်ဈေးတင်ရောင်းသည်ဟုဆိုကာ ဖမ်းဆီးထားသည့် Orange စူပါမားကတ်အကြီးအကဲ ဂျပန်နိုင်ငံသား ဟီရိုရှိ ကာဆာမတ်ဆူကို ဇူလိုင် ၁၁ ရက်နေ့က ရန်ကုန်မြို့ရှိ တရားရုံးတစ်ခုတွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

▪️ထိုင်းလေတပ်
ဇူလိုင်လ ၁၀ ရက်နေ့က ထိုင်းဘုရင်လေတပ်မှ ကိုယ်စားလှယ်အဖွဲ့ ဗိုလ်တထောင်ဘုရားသို့ ရောက်ရှိလာပြီး ဗိုလ်တထောင် ရောဟဏီ ဘိုးဘိုးကြီးနှင့် အစ်မတော် မြနန်းနွယ်ရုပ်တုများကို ပူဇော်ခဲ့ကြသည်။ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ် အရာရှိများ ရန်ကုန်ရောက်တိုင်း အဆိုပါနေရာသို့ လာရောက်ပူဇော်လေ့ရှိသည်။

▪️လျှပ်စစ်မီး
ဘုရားကြီး - လှိုင်သာယာ ၅၀၀ ကေဗွီဓာတ်အားလိုင်း တည်ဆောက်မည်ဟုဆိုကာ ရန်ကုန်ရှိ မြို့နယ် ၁၅ ခု၏ နေရာတချို့တွင် တွင် ဇူလိုင် ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ၄ ရက်ခန့် တစ်ရက်ကို ၁၁ နာရီကြာ မီးပျက်မည်ဟု စစ်ကောင်စီ YESC မှ ဆိုထားသည်။

▪️စစ်ကောင်စီ ရာထူးတိုး
ရန်ကုန်တိုင်း ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်စိုးမိုးဆိုသူကို ဗိုလ်ချုပ်ရာထူး တိုးပေးပြီး တွဲဘက်စစ်ထောက်ချုပ်အဖြစ် စစ်ကောင်စီက ခန့်အပ်လိုက်သည်။ အောင်စိုးမိုးသည် စစ်ကောင်စီ အာဏာမသိမ်းမီကာလက ရန်ကုန်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးလုပ်ခဲ့သူဖြစ်ကြောင်းလည်း သိရသည်။

▪️အာဇာနည်နေ့
ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့အတွက် စစ်ကောင်စီမှ ပြင်ဆင်နေပြီး ရန်ကုန်မြို့တွင်း လုံခြုံရေးအခြေအနေ တိုးမြှင့်ထားကာ လမ်းတချို့ကိုလည်း ခေတ္တလမ်းပိတ် လမ်းလွဲများလုပ်မည်ဟု ကြေညာထားသည်။

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (15 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


မောင်တော ကညင်ချောင်း စီးပွားရေးဇုန်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွား၍ စီးပွားရေးဇုန်ကို AA ထိန်းချုပ်ဟုပြော – AT

ကိုးကန့်တပ်ဖွဲ့ကဲ့သို့ TNLA လည်း ၄ ရက်ကြာ အပစ်ရပ် – PS

မိုးမိတ်မြို့ကို TNLA နဲ့ပူးပေါင်းတပ် ထိန်းချုပ်နိုင်ပြီး စစ်ကောင်စီ ဗျူဟာကို ဆက်လက်တိုက်ခိုက်နေ – MKN

လားရှိုးမှာ MNDAA ဘက်က ထိုးစစ်ဆင်တာ ရပ်ဆိုင်းထားပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်နေ – MKN

ရွှေဘိုတွင် စစ်ကောင်စီစခန်းတစ်ခုကို PDF များက သိမ်းပိုက်နိုင်ခဲ့ပြီး အနီးအနားရှိပျူရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များစခန်းစွန့်ခွာ ထွက်ပြေးနေ – AT

မြဝတီတံတား ၂ ဘက် ဆုတ်ခွာသည့် ၄၄ တပ်မမှူး ထောင် ၁၄ နှစ် ကျ – TI

📰 မိတ်ဖက်ပြဿနာ

KNUတပ်မဟာ(၄)တပ်ဖွဲ့ဝင်များကို ဗိုလ်ကော်လာဖိုးဦးဆောင်သည့်အဖွဲ့က ထပ်မံခြုံခိုတိုက်ခိုက် – PS

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အိန္ဒိယ ထောက်ခံ (မြန်မာရှိ ကျားဖြန့်လုပ်ငန်းတွေမှ ထိန်းသိမ်းခံ အိန္ဒိယနိုင်ငံသားတွေကို စောလျင်စွာ နေရပ်ပြန်ပို့ဖို့ တောင်းဆို)" – AT

📰 စီးပွားရေးထူးခြားသတင်းများ

စစ်ကောင်စီက ငွေစက္ကူအသစ်များ ရိုက်ထုတ်ထားပြီးဖြစ်၍ ငွေသားထုတ်ယူမှု ကန့်သတ်ထားသည့်ဘဏ်များတွင် ကျပ်သိန်းရာချီ ငွေသားထုတ်ယူနိုင် – AT

ယနေ့ ငွေထုတ်သူများအားလုံးကို တစ်သောင်းတန် ငွေစက္ကူအသစ်များသာ ထုတ်ပေးပြီး ၅၀၀၀ တန်နှင့် ၁၀၀၀ တန် ငွေစက္ကူအကြွေ တောင်းသော်လည်း မရှိသေးဟု ပုဂ္ဂလိကဘဏ်များဘက်က ပြောဆို – KT

ဘဏ်များတွင် ကျပ်သိန်း ၂၀၀ ကျော် ငွေထုတ်လိုပါက စာတင်ရမည် – DVB

"ဒေါ်လာ ၇ ဘီလီယံ​ကျော်တန်ဖိုးရှိ ထိုင်းရင်းနှီးမြှပ်နှံမှု စီမံကိန်းများ မြန်မာနိုင်ငံမှထွက်ခွာ " – PS

📰 အခြားထူးခြားသတင်းများ

စစ်တပ် ထောက်ခံသော လူရွှင်တော် ဒိန်းဒေါင်နှင့် အဖွဲ့ကို စစ်ကောင်စီက နေပြည်တော်တွင် မြေကွက်များ ထပ်မံချထားပေး၊ မြေကွက်မရသော ဟာသဇတ်ပို့အမျိုးသမီးတစ်ဦးက တိုင်တန်းမှုရှိ – KT

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (16 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


လားရှိုး လေ့ကျင့်ရေးတပ်မှ ဖမ်းမိသော စစ်သုံ့ပန်းမိသားစုဝင်များကို ပြန်လွှတ် – TI

သီပေါရှိ ဆင်ကျော့စစ်ကောင်စီ တပ်စခန်းကို MNDAA သိမ်းပိုက် – MZM

လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် လက်နက်ချပါက ကျပ် သိန်း ၁ သောင်း ချီးမြှင့်မည်ဟု MNDAA ကြေညာ – TI

အပစ်ရပ်စာထုတ်ထားတဲ့ MNDAA က သီပေါရှိ စိန်ကျာ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် – MKN

မတ္တရာ Alpha ဘိလပ်မြေစက်ရုံ မန်း PDF အပြီးသတ် သိမ်း – TI

နေပြည်တော် အေလာလေတပ်စခန်း ထပ်မံ တိုက်ခိုက်ခံရ – TI

တပ်သားသစ်များပါဝင်သည့် အောင်ဇေယျစစ်ကြောင်း ကော့ကရိတ်တွင် ခံစစ်ပြင် – DVB

AA သိမ်းပိုက်ထားသည့် ငပလီ ဟိုတယ်ဇုန်ရှိ ဟိုတယ်များကို စစ်ကောင်စီက ဗုံးကြဲ ချသည့်အပြင် မီးရှို့၍ပါဖျက်ဆီးနေ – AT

စစ်ကောင်စီက လားရှိုးကို ဆာလာအိတ်ခွံများသိန်းချီပို့၍ ခံစစ်ပြင်ဆင် – AT

TNLA အပစ်ရပ်ထားသော်လည်း စစ်တပ် တိုက်ခိုက်နေ – TI

📰 မိတ်ဖက်ပြဿနာ

SSPP နှင့် TNLA တို့ပြဿနာ FPNCC ကြားဝင်မှုဖြင့် ဆွေးနွေးပြေလည်မှုရ – DVB

မြန်မာပို့မည့် ဒီဇယ်ပီပါ ၂၀ နီးပါးကို မီဇိုရမ်လိုင်လူငယ်အဖွဲ့ ဖမ်းဆီး – MZM

ဒိုင်ရ်(ချင်း)မျိုးနွယ်စု ပြန်လည်ပေါင်းစည်းရေးအတွက် ချင်းလဲန်းကောင်စီမှ CDF-Daai နုတ်ထွက် – AT

CNA ဖမ်းဆီးထား​သော YDF ရဲ​ဘော်နှစ်ဦး ပြန်လွတ်လာ – PS

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မောင်တောတိုက်ပွဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေကြောင်းမှထွက်ပြေးရာ ဘင်္ဂလားဒေ့ရှ်ကအဝင်မခံ၍ လှေများဖြင့် နတ်မြစ်အတွင်း မျောနေ – AT

တရုတ်သို့ သွားရောက်မည့် စစ်ကောင်စီ အသိအမှတ်ပြု နိုင်ငံရေးပါတီ အစုအဖွဲ့ကို ပိုးလမ်းမနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာပြတိုက်တို့ကို ပြသမည်ဖြစ်ပြီး ထူးခြားဖွယ်မရှိနိုင် – AT

ICJ တရားရုံးတွင် မြန်မာကိုတရားစွဲထားသည့်အမှု မော်လဒိုက်ကြားဝင်ဆောင်ရွက်ခွင့်ရ – DVB

မြန်မာစစ်ကောင်စီရဲ့ တောင်းဆိုမှုကြောင့် ထိုင်းအစိုးရက CI ကတ် ထုတ်ပေးရေးရုံး ၇ ခုကို ယာယီ ပိတ်သိမ်း – AT

📰 စီးပွားရေးထူးခြားသတင်းများ

စစ်ရေးပဋိပက္ခကြောင့် ဘဏ်စနစ်ပြိုလဲနေသော ရခိုင်တွင် ငွေသားရှားပါးမှုဖြစ်နေ – MN

ရှမ်းအရှေ့ကနေ တရုတ်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖော်ဆောင်ဖို့ စစ်ကောင်စီလုပ်ဆောင်နေ – MKN

KIO က ပိဿာချိန် ၃၀၀ နီးပါးရှိ ကျောက်စိမ်းတုံးကြီး တူးဖော်ရရှိ – DVB

AA လက်ထဲရောက်သွားသည့် ငပလီကမ်းခြေမှ စစ်ဗိုလ်ချုပ်များနှင့်ခရိုနီတို့၏ ဇိမ်ခံဟိုတယ်များ – MN

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (18 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


ငပလီကမ်းခြေ၌ တိုက်ပွဲများ ပြင်းထန်နေ – TI

သံတွဲလေဆိပ်ကို စွန့်ခွာမှုဖြင့် နယ်မြေခံတပ်အရာရှိကြီးတချို့၊ လေဆိပ်လုံခြုံရေး ရဲနှင့်ရဲမေများကို စစ်တပ်က ဖမ်းဆီးပြီး ထောင်ချထား၊ ငပလီဟိုတယ်ဇုန်နှင့် သံတွဲလေဆိပ်၊ သံတွဲမြို့ကို မဖြစ်မနေ ပြန်သိမ်းရန် စစ်ခေါင်းဆောင် အမိန့်ပေး – KT

သံတွဲမြို့ အသိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီက မာန်အောင်၊ တောင်ကုတ်နှင့် အမ်းတို့တွင် စစ်ကူအင်အားတိုးချဲ့၍ ခံစစ်ပြင်ဆင် – AT

သံတွဲထောင်၌ တပ်ချခဲ့သည့် တပ်မမှူးနှင့် ဗျူဟာမှူးတို့ ပျောက်ဆုံးနေဟုဆို – TI

မိုးကုတ်မြို့တွင်း တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးသုံးတိုက်ခိုက် – DVB

မိုးကုတ် အရှေ့ပိုင်းတိုက်ပွဲတွင် TNLA က စစ်ကောင်စီစခန်း ၃ ခုနှင့် လက်နက်ခဲယမ်း အချို့ ထပ်မံသိမ်းဆည်းရမိ – AT

နိုင်ငံအလယ်ပိုင်း ပျူစောထီးစခန်းများကို တော်လှန်ရေးအင်အားစု ထိုးစစ်ဆင် – MN

စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက စဉ့်ကူးမြို့တစ်ခုလုံးကို လေကြောင်းဖြင့် ဗုံးကျဲမှု နေအိမ်အများအပြား ပျက်စီး – KT

📰 မိတ်ဖက်ပြဿနာ

"နှစ်ဖက်လုံးက သဘောတူတဲ့ သာ့ဒ်ပါတီကို သူတို့ဟာသူတို့ ဆုံးဖြတ်ရမယ် ဆိုတာတော့ ကျနော်တို့သဘောထားဖြစ်တယ်" ချင်းပြည်ကောင်စီ – MZM

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

ထွက်ပြေးစစ်သားများ ဘင်္ဂလားဒေ့ရှ်လက်မခံခဲ့သည့်နောက် သံအမတ်ကို ခေါ်တွေ့ – TI

မြန်မာပြည်ဘက် စက်သုံးဆီမရောင်းချရန် မီဇိုရမ်ခရိုင်တရားသူကြီး အမိန့်ထုတ် – MZM

စစ်ကောင်စီလက်နက်ဝယ်ဖို့ ငွေကြေးလွှဲပြောင်းမှုကိစ္စ ဘဏ်တွေနဲ့ ထိုင်းအစိုးရတွေ့ဆုံမည် – RFA

📰 စီးပွားရေးထူးခြားသတင်းများ

အမေရိကန်နှင့်အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု ရှောင်လွှဲနိုင်ရေး အိန္ဒိယအစိုးရပိုင် Punjab National Bankနှင့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိကဘဏ် ၁၀ ခုတို့အကြား ရူပီးနှင့်ကျပ် ပေးချေရေး စနစ် ဆောင်ရွက်မည် – KT

စစ်ကောင်စီ၏ ရေနံနှင့် သဘာဓာတ်ငွေ့ရှာဖွေရေး လုပ်ကွက်အသစ်များ ရှာဖွေရေးတွင် ရခိုင်ကမ်းလွန်ကို ထည့်သွင်းနိုင်ခြင်းမရှိတော့၊ ရခိုင်ပြည်၏ နေရာအများစုကို AA က ထိန်းချုပ် – KT

တစ်ဒေါ်လာ ၄၈၀၀ ကျပ်ကျော်ဖြစ်ပေါ်နေချိန် ဗဟိုဘဏ်သတ်မှတ်စျေးဖြင့် ဆီစျေးနှုန်းသတ်မှတ်နေရမှု အရှုံး ပေါ်နေ၍ ဒေါ်လာစျေး ပြင်ဆင်သတ်မှတ်ပေးရန် စစ်ကောင်စီထံ တင်ပြ တောင်းဆို – KT

ငွေကျပ် သိန်းပေါင်း လေးသောင်းကျော် အလွဲသုံးစားမှုဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါ်ကေသီကို စစ်ကောင်စီက ဖမ်းဆီး – KT

အင်းစိန်(ရွာမ) လျှပ်စစ်ထုတ်စီမံကိန်းမှ စင်ကာပူကုမ္ပဏီ အရှုံးခံရောင်းချပြီး ထွက်ခွာ – MN

📰 အခြားထူးခြားသတင်းများ

ဒုသမ္မတ ကျန်းမာရေး မတိုးတက်၍ အနီးကပ်စောင့်ကြည့်နေရဟု စစ်ကောင်စီဆို – TI

ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတွေ ထိန်းသိမ်းထားကြောင်း IEC ပြော – RFA

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (19 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


အပစ်ရပ်ကာလအလွန် လားရှိုးမြို့ကို MNDAA ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန် – PS

မတူပီမှဆုတ်ခွာသည့် စစ်ကောင်စီတပ်နှင့် မိသားစုဝင် ၆၀၀ခန့်အနက် အချို့မှာလမ်းတွင် သေဆုံး – PS

ပြင်ဦးလွင်မြို့တွင် မနက်ဖန်တိုက်ပွဲဖြစ်မည်ဟု သတင်းပျံ့နေ – PS

စစ်ကောင်စီ၏ လေတပ်နှင့် လက်နက်ကြီးကြောင့် စဉ့်ကူးတစ်မြို့လုံးနီးပါးပျက်စီး – MZM

ကျောက်မဲမြို့ လက်မလွှတ်ရရေး စစ်ကောင်စီတပ်စစ်ကူ ၃၀၀ ကျော် ရောက်ရှိလာ – MN

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

ရှမ်းပြည်နယ် မြောက်ပိုင်းက တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပြန်ပိတ် – MKN

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ရှစ်သောင်းကျော် ဖမ်းဆီးခံရ – RFA

မြန်မာနိုင်ငံကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာကို မထောက်ခံဘူးလို့ ထိုင်း ပြော – AT

ကမ္ဘာ့ထိပ်တန်း ရာဇဝတ်မှုဖြစ်ပွားမှုနှုန်း အမြင့်မားဆုံး (၁၀) နိုင်ငံစာရင်းမှာ မြန်မာက အဆင့် (၁) သတ်မှတ်ခံရ – AT

📰 စီးပွားရေးထူးခြားသတင်းများ

ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ စစ်ကောင်စီက ထားရှိသည့်နေရာတွင် နေထိုင်နေရပြီး ပြင်ပသို့ ဆက်သွယ်မှု ကန့်သတ်ထားဟု Yoma Strategic Holdings က ပြောဆို – KT

ဟိုပန်တွင် တရုတ်ငွေစျေး အဆမတန်တက်လာ၍ "ဝ" ပြည်သူ့အစိုးရ သတိပေး – TI

📰 အခြားထူးခြားသတင်းများ

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနား တက်ခွင့် မရ – TI

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (20 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


မန္တလေးတိုင်းအတွင်း ပထမဆုံး PDF သိမ်းသည့်မြိုအဖြစ် စဉ့်ကူး မှတ်တမ်းဝင် – TI

တရုတ်တောင်းဆိုချက်အရ ဇူလိုင်လကုန်အထိ MNDAA အပစ်ရပ် – PS

မိုးကုတ်အရှေ့ပိုင်းစခန်းတချို့ TNLA ပူးပေါင်းတပ် ထပ်မံရရှိ – TI

ဟားခါးမြို့မရဲစခန်းကို CDF ဝင်ရောက်စီးနင်း၊ ရဲ ၃ ဦးသေဆုံးပြီး နိုင်ကျဥ်းအပါအဝင် အကျဉ်းသား ၆၂ ဦး ကယ်ထုတ် – MZM

AA ထိန်းချုပ်ထားသော သံတွဲနှင့် ငပလီကို ပြန်သိမ်းရန် စစ်ကောင်စီက စစ် အင်အား ရာချီ ဖြည့်တင်းနေ – KT

လားရှိုး ရမခ တိုက်ခိုက်ခံနေရသည့်အတွက် စစ်တိုင်းမှူး ဖြုတ်ချခံရပြီး အသစ်ထပ်မံ ခန့်အပ် – AT

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မြောက်ပိုင်းတပ် ထိန်းချုပ်သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ တရုတ်ဘက်က ပိတ် – MN

ရူပီး-ကျပ် ငွေပေးချေမှုအတွက် မြန်မာဘဏ် ၈ ခုကို အိန္ဒိယ အတည်ပြု – DVB

ရွှေကုက္ကိူရှိ ကျားဖြန့်လုပ်ငန်းမှာ ပိတ်မိနေတဲ့ သူ့နိုင်ငံသား ၁၁ ဦး လွတ်မြောက်ပြီလို့ အိန္ဒိယ ပြော – AT

မြန်မာကို လက်နက်တင်ပို့မှု တောင်အာဖရိက ဆိုင်းငံ့ – RFA

မူးယစ်ဆေးဝါးကွန်ရက်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူရေး ဦးစားပေးဖို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin ညွှန်ကြား – AT

📰 စီးပွားရေးထူးခြားသတင်းများ

အမေရိကန်တစ်ဒေါ်လာ ၄၉၀၀ ဝန်းကျင်နှင့်အခေါက်ရွှေတစ်ကျပ်သား ၅၉ သိန်း ၈ သောင်းစျေးပေါက်နေ – KT

ဗဟိုဘဏ် ညွှန်ချုပ် စစ်အရာရှိဟောင်း မင်းဟန်စိုးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေတို့အကြား လုပ်ငန်းခွင် ပြဿနာဖြစ်ပွားနေမှု စစ်ထောက်လှမ်းရေးက လာရောက်စစ်ဆေးနေ – KT

📰 အခြားထူးခြားသတင်းများ

လူသတ်မှုစစ်ဆေးရင်း လူထပ်သေခဲ့တဲ့ NUG ပလဖ ဖြစ်ရပ် – TI

Signal ပိတ်လိုက်ခြင်းကြောင့် ပြည်သူ့တို့ ဆက်သွယ်ရေးလမ်းကြောင်း ပိုခက်ခဲလာ – TI

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (21 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


အမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်း လက်နက်ကြီးကျည်ကျပြီး ထိခိုက်မှုများနိုင် – AT

AAသိမ်းထားသည့် ကညင်ချောင်း စီးပွားရေးဇုန်ကို စစ်ကောင်စီ ပြန်လည်တိုက်ခိုက် – AT

မန္တလေးတိုင်းအတွင်း KIA တပ်ဖွဲ့များပါ ပူးပေါင်းတိုက်ခိုက်နေပြီး အင်းနက်ရွာ တာဝါ တိုင်စခန်းကို သိမ်းပိုက်ရရှိ – AT

ယာယီအပစ်ရပ် ကြေညာထားသော လားရှိုး တိုက်ပွဲ ပြင်းထန် – TI

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို တာဝန်မကျေပွန်မှု ၊ အမိန့်မနာခံမှုများဖြင့် ဖမ်းဆီးထား – KT

📰 မိတ်ဖက်ပြဿနာ

ချင်းပြည်အရေးကိစ္စများတွင် AA ဝင်ရောက်စွက်ဖက်မှုရပ်တန့်ရန် ချင်းပြည်အစိုးရတောင်းဆို – MZM

ဆေးဝါးနှင့်စက်သုံးဆီမှအပ စားသောက်ကုန်များကိုသာ မီဇိုရမ်မှ မြန်မာပြည်ဘက်သို့ ပြန်လည်သယ်ယူခွင့်ပြု – MZM

📰 နိုင်ငံရေးထူးခြားသတင်းများ

မြန်မာနိုင်ငံရေးပါတီလေးခု တရုတ်နိုင်ငံသို့ လေ့လာရေးသွား – TI

အပစ်ရပ်စဲရန် ဗဟိုညွှန်ကြားချက် မရှိ၊ တရုတ်အစိုးရ ဖိအားပေးနေဟု TNLA ပြော – PS

UNFPA က စစ်ကောင်စီ ကောက်ယူမည့် သန်းခေါင်စာရင်းကိစ္စရပ်တွင် ကူညီမည်မဟုတ်ဟု ဆိုထားသော်လည်း အကူအညီပေးရန် စစ်ကောင်စီ ထပ်မံတောင်းဆို – AT

📰 စီးပွားရေးထူးခြားသတင်းများ

"ဆေး​ဈေးတက်ပြီးရှားပါးလာချိန်တွင် စစ်ကောင်စီက ​ဆေးဝါးကုမ္ပဏီများကို အရောင်းပြပွဲလုပ်၍​ရောင်း​ပေးရန် ဖိအား​ပေး" – PS

တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် လမ်းကြောင်းများကို သိမ်းပိုက်လိုက်မှုကြောင့် ရေကြောင်းကုန်သွယ်ရေးဖြင့် အစားထိုးရန် ဒုစစ်ခေါင်းဆောင်စိုးဝင်း ဦးဆောင် အပူတပြင်းလုပ်နေ – KT

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (22 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


ဟားခါး- ထန်တလန်ကြားရှိ တပ်စခန်း ၃ ခု ချင်းပူးပေါင်းတပ် သိမ်းပိုက် – TI

မတူပီက စစ်သုံ့ပန်းတစ်ရာကျော်ကို ချင်းညီနောင်အဖွဲ့တွေ ထိန်းသိမ်းထား – RFA

လားရှိုးတွင် ယနေ့ ဆက်လက်တိုက်ပွဲ ပြင်းထန်ပြီး လက်နက်ကြီးများ ကျရောက်မှု​ကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများရှိ ၊ လားရှိုးမြို့တွင်းတွင် တော်လှန်ရေးတပ်ပေါင်းစု တဖြည်းဖြည်း စိမ့်ဝင်ရောက်ရှိနေပြီဟုဆို – KT

AA တပ်များဝင်မလာရေး ဧရာဝတီတိုင်းတွင် စစ်ကောင်စီယတြာချေဟုဆို – MZM

လားရှိုးမြို့ ခလရ ၄၁ တိုက်ပွဲတွင် စစ်ဦးစီးမှူး ဗိုလ်မှူးကြီး သန့်ဇင်ဝင်း သေဆုံး – DVB

စစ်ကိုင်းတိုင်း ကန့်ဘလူ၊ တန့်ဆည်နှင့် ကျွန်းလှမြို့နယ်တို့တွင် စစ်တပ်က စိုးမိုးနယ်မြေချဲ့ထွင်နေ – MN

သပိတ်ကျင်း အင်းနက်တာဝါတိုင်စခန်းကို PDF သိမ်းယူ – RFA

📰 နိုင်ငံရေးထူးခြားသတင်းများ

ယာယီသမ္မတရာထူး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယူ – TI

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာကို လူသားချင်းစာနာကူညီရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမည် – DVB

📰 စီးပွားရေးထူးခြားသတင်းများ

အွန်လိုင်းမှ အစားအသောက်၊ အလှကုန်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသုံးကုန်များရောင်းချမှုများကို တရားမဝင် ကုန်သွယ်မှု အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးရန် စစ်ကောင်စီက ညွှန်ကြား – KT

📰 ကျားဖြန့်

မြန်မာနိုင်ငံ၊ မြ၀တီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် မလေးရှားဒုဝန်ကြီးဟောင်း အပါအဝင် မလေးစီးပွားရေးသမားများ ပါဝင်ဆက်နွယ်ပတ်သက်နေ – KT

#rangoonscoutnetwork