MSI - MYANMAR SECRET INFORMATIONS
27.1K subscribers
88.4K photos
3.4K videos
135 files
16.2K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
ဝေါနယ်က ရွာတွေမှာ စစ်မှုထမ်းလူငှားထည့်ဖို့ တအိမ်ထောင် ကျပ်သုံးသောင်း တောင်းယူနေ

ဝေါ၊ ဇွန် ၅၊ ၂၀၂၄ ။

ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းလူငှားထည့်ဖို့ တအိမ်ထောင် ငွေကျပ်သုံးသောင်း တောင်းယူနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လပထမအပတ်ကစတင်ပြီး ဘုရားပျိူရွာနဲ့ပန်းဘဲစုကျေးရွာတွေက နေအိမ်တွေမှာ တအိမ်ထောင် ၃ သောင်းပေးဖို့ စစ်ကောင်စီအဖွဲ့က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို လိုက်တောင်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

" ပထမက စစ်မှုထမ်းဖို့ မဲနှိုက်ကြ စာရင်းသွင်းကြ။ အဲဒီလူတွေလည်း တိမ်းရှောင်ကြလို့ ခေါ်မရ။ ပြီးတော့ စာရင်းပါသူတွေလည်း နေအိမ်တွေမှာဝင်ဖမ်း မိတာလည်းရှိ မမိတာလည်းရှိ။ ခုတခါကျတော့ ဖမ်းလို့လည်းလူမရတော့ ငွေပေးငှားဖို့ ပိုက်ဆံကောက်လာပြန်တယ်"လို့ ဝေါဒေသခံတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ဝေါနယ်ကရွာတွေမှာ_စစ်မှုထမ်းလူငှားထည့်ဖို့_တအိမ်ထောင်ကျပ်သုံးသောင်းတောင်းယူနေ
Forwarded from The Irrawaddy - Burmese
ဇွန် ၅ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ ဖြစ်ပါသည်။

ဆန်ဈေး

ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၄၅၀၀၀ ကျပ် ဝန်းကျင်မှ ၁၇၆၀၀၀ ကျပ်
ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၃၅၀၀၀ ကျပ်မှ ၁၅၅၀၀၀ ကျပ်
ပေါ်ကျွဲဆန် ၁ အိတ် ၁၀၅၀၀၀ ကျပ်ကျော်မှ ၁၁၃၀၀၀ ကျပ်
ဆန်ကြမ်း (အဟောင်း ရက် ၉၀) ၁ အိတ်လျှင် ၁၂၀၀၀၀ ကျပ်ကျော် မှ ၁၂၈၀၀၀ ကျပ်အထိ
ဆန်ကြမ်း ( အသစ် ရက် ၉၀) ၁ အိတ်လျှင် ၉၅၀၀၀ ကျပ်မှ ၁၀၈၀၀၀ ကျပ်အထိရှိ
ဆန်ကြမ်း (နှံကား) ၁ အိတ်လျှင် ၉၀၀၀၀ ကျပ်ကျော်
မနောသုခဆန် ၁ အိတ်လျှင် ၉၀၀၀၀ ကျပ်

ယခုတပတ်ပြင်ပ ဆန်ဈေးကွက်တွင် ဆန်တအိတ်လျှင် ၁၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်မှုများ ရှိပြီး ရွှေဘိုပေါ်ဆန်းအမြင့်(စ) များမှာ ပစ္စည်းသည်အထိ ရှိကြောင်းဝါးတန်းလမ်းကုန်စည်ဒိုင်ရှိ ဈေးကွက်အတွင်းမှ သိရသည်။ ယခုဖော်ပြပါ ဈေးနှုန်းများသည်ကုန်စည်ဒိုင်လက်ကားဈေး ဖြစ်ပြီး လက်လီဈေးမှာ ဆန်တအိတ်လျှင် ၄၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိမြို့နယ်အနီးအဝေးနှင့် ဆိုင်ပေါ်မူတည်၍ ဈေးနှုန်း မြင့်တက်မှုများ ရှိနိုင်သည်။

ထို့ပြင် လက်ရှိတွင် စစ်ကောင်စီ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးမှာလည်း ကုန်စည်ဒိုင်တွင် ယခင်အတိုင်း ရှိနေဆဲ ဖြစ်သော်လည်း ယင်းဖြင့် အလုပ်လုပ်ခြင်းမရှိတော့ကြောင်း ကုန်သည်များထံက သိရသည်။

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကား သတ်မှတ်ဈေးမှာ ၁ ပိဿာ ၅၃၄၅ ကျပ်

ယင်းဈေးမှာ ဇွန်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ စစ်ကောင်စီ သတ်မှတ်ထားသည့် ရန်ကုန် အထိုင် လက်ကားဈေးဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှတဆင့် စားဆီ တင်သွင်းသည့် ကုမ္ပဏီများထံမှ ခွဲတမ်းရသည့် ဆိုင်တချို့က ရောင်းချ ပေးနကြောင်း လူမှုကွန်ယက်စာမျက်နှာများမှ တဆင့်သိရသည်။

ထိုသို့ ရောင်းချပေးနေသော်လည်း စားဆီ ဈေးမှာ လက်လီ စားသုံးသူများ၊ ဆိုင်သမားများ လိုသလောက်မရရှိပဲ ပြင်ပပေါက်ဈေး (မှောင်ခိုဈေး) မှာရန်ကုန်ဈေးကွက်မှာပင် ၁ ပိဿာလျှင် ၈၀၀၀ ကျပ်ကျော် တွင်ရှိနေသည်။ (ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများ ဖြစ်ပြီး နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများ၊ ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။)

စက်သုံးဆီ

ဓာတ်ဆီ ၉၂ ၁ လီတာ ၂၅၆၅ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၂၆၆၅ကျပ်
ဒီဇယ် ၁ လီတာ ၂၃၃၀ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၂၃၈၀ ကျပ်

ယင်းမှာ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသည့် ရန်ကုန်မြို့ အခြေစိုက် စက်သုံးဆီ ဈေးနှုန်းများဖြစ်ပြီး ယင်းကို တပတ်တခါ ဈေးနှုန်းအပြောင်းအလဲ ပြုလုပ်ထားသည်ကို တွေ့ရသည်။ လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် စက်သုံးဆီ ရရှိရန်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်း၊ တချို့နေရာများတွင် ပြတ်လပ်ခြင်းများ ရှိနေဆဲဖြစ်သည်။

ထို့ပြင် တခြားတိုင်းနှင့် ပြည်နယ်များတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှု ရှိနိုင်သလို ပြင်ပဈေးကွက်နှင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မှု စစ်ကောင်စီ၏ သတ်မှတ်ဈေး ထက် ပို၍မြင့်တက်မှုများ ရှိနိုင်သည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၄၃၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၄၈၁၅၀၀၀ ကျပ်
ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂၃၃၃ ဒေါ်လာ
ပြင်ပ အကယ်ဒီအခေါက်ရွှေဈေး ၅၃၀၀၀၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ
ပြင်ပ လက်ဝတ်ရတနာ (၁၅ ပဲရည်) ရွှေဈေး ၅၁၀၀၀၀၀ ကျပ်ကျော်တွင်ရှိနေ

စစ်ကောင်စီ၏ လက်အောက်ခံ ဗဟိုဘဏ်က သတ်မှတ်သည့် ဒေါ်လာဈေးမှာ တဈေးရှိပြီး ယင်းဈေးမှာ ဝန်ဆောင်မှု လုပ်ငန်းများအတွက်သာ အလုပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အထက်ပါ ဈေးနှုန်းများမှာ အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။

#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
Forwarded from Infinity Group
တန့်ဆည်မြို့နယ်တွင် ပျံ့နှံ့​နေ​သောသတင်းမှား

ဇွန် ၅ ၊ ၂၀၂၄

တန့်ဆည်မြို့နယ်အ​နောက်ခြမ်းအား စစ်​ကြောင်း ၆ ​ကြောင်းခွဲကာ စစ်​ကြောင်းထိုးမည်ဆိုသည့်သတင်းမှားတခု ယခုရက်ပိုင်း တန့်ဆည်မြို့နယ်ပြည်သူများထံပျံ့နှံ့​နေ​ကြောင်း သိရပါသည်။

ဇွန်လ ၁ ရက်​နေ့မှစတင်ကာ စစ်​ကောင်စီနှင့်ပျူ​စောထီးပူး​ပေါင်းအင်အား ၁၃၀ ခန့်ပါစစ်​ကြောင်းသည် လက်ရှိအချိန်ထိ တန့်ဆည်မြို့အ​နောက်ဘက် ၁ မိုင်အကွာရှိ ဝါးရငယ်၊ရွာသစ်၊ခနုသည်ရွာများ၌သာ စစ်​ရေးလှုပ်ရှားလျက်ရှိပြီး ဘက်ဟိုးဖြင့် ဆက်သွယ်​ရေး​မြောင်းတူးကာ ခံစစ်အခိုင်အမာ​တည်ဆောက်၍ အထိုင်ချ​တပ်စွဲရန်ပြင်ဆင်​နေလျက်ရှိ​ကြောင်း သိရပါသည်။

စစ်​ကြောင်း ၆ ​ကြောင်းဖြင့် တန့်ဆည်မြို့နယ်အ​နောက်ခြမ်းအား စစ်​ကြောင်းထိုးမည်ဆို​သော အထက်​ဖော်ပြပါ ပျံ့နှံ့သတင်းမှာ မည်သည့်သတင်းရင်းမြစ်ထံမှလာသည်ကို မသိရပါ။တ​ယောက်စကားတ​ယောက်ကြား​သောစကားများဖြင့် စိုးရိမ်ကြီးစွာ အများပြည်သူများကြား ပျံ့နှံ့​နေ​သော သတင်းမှားသာဖြစ်ပါသည်။

ထို့အပြင် တန့်ဆည်မြို့အနီးမှ မကြာခဏထွက်​ပေါ်လာ​သော လက်နက်ကြီးသံများမှာ နှစ်ဖက်တပ်များအကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုသာဖြစ်​ကြောင်း သိရပါသည်။

တန့်ဆည်မြို့အနီးဖြစ်​ပေါ်​နေ​သော လက်တ​လောစစ်​ရေးအ​ခြေအ​နေ​ကြောင့် ဝါးရငယ်မူး​ဘောင်လမ်းအသုံးပြု၍ မရ​သေး​ကြောင်း သိရပါသည်။

#infinitygroup
Forwarded from MPANews
ဆယ်လီမီဒီယာများအား ဆင်ဆာ တင်းကျပ်ရန် စစ်ကောင်စီ ပြန်ကြားရေး စီစဥ်နေ

5 June 2024 By Maung Dagon / MPA

ဆယ်လီ မီဒီယာများအား ဆင်ဆာ တင်းကျပ်ရန်အတွက် စစ်ကောင်စီ၏ ပြန်ကြာရေး ဝန်ကြီးဌာနက စီစဥ်နေကြောင်း အဆိုပါ ဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနသည် ဆယ်လီမီဒီယာများအား ယဥ်ကျေးမှုနှင့် မလျော်ညီသည်များ၊ အဖော်အချွတ်ကိစ္စများ၊ အတင်းအဖျင်းများ လက်လွတ်စပယ် တင်ရှိနေ၍ ယင်းသို့ ဆင်ဆာ တင်းကျပ်ရန် စီစဥ်လာခြင်းဟု သိရသည်။

"အတင်းအဖျင်းတွေ အဖော်အချွတ်တွေကို ထိန်းဖို့လို့ကြားပါတယ်" ဟု ဆင်ဆာတင်းကျပ်ရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရုပ်ရှင်အစည်းအရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/ej824hkc
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from RFA Burmese
ရိုဟင်ဂျာ နှစ်သိန်းကျော်အပါအဝင် ဒုက္ခသည်သုံးသန်းနီးပါး နေရာချထားရေး UNHCR ထုတ်ပြန်
~~~
■ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် နှစ်သိန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း ဒုက္ခသည် သုံးသန်းနီးပါးကို ပြန်လည်နေရာချထားဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဇွန်လ ၅ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

၂ဝ၂၅ ခုနှစ်အတွက် UNHCR ရဲ့ ကမ္ဘာတစ်ဝန်း ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး စီမံကိန်းမှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ တောင်ဆူဒန်၊ မြန်မာ၊ ကွန်ဂိုသမ္မတနိုင်ငံ စတဲ့ နိုင်ငံတွေက ဒုက္ခသည်တွေ ပါဝင်ပါတယ်။

အဲဒီထဲမှာ ဆီးရီးယားက ဒုက္ခသည် ကိုးသိန်းကျော်(၉၃၃,ဝဝဝ)နဲ့ အများဆုံးဖြစ်ပြီး မြန်မာပြည်က ရိုဟင်ဂျာဒုက္ခသည် နှစ်သိန်းကျော် (၂၂၆,၀၀၀) နဲ့ အဆင့် လေးနေရာမှာ ရှိနေတာပါ။

အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ လွတ်မြောက်ဖို့အတွက် ဒုက္ခသည်တွေကို အမြန်ဆုံးကူညီပေးဖို့ UNHCR က တိုက်တွန်းထားပါတယ်။

တစ်ကမ္ဘာလုံးမှာ စီးပွားရေးအကျပ်အတည်း ရင်ဆိုင်နေရပြီး နေထိုင်မှုစရိတ်မြင့်မားလာချိန်မှာ ဒုက္ခသည်တွေ နေရာချထားရေး လိုအပ်ချက် သိသိသာသာမြင့်မားလာတာဟာ လူသားချင်း စာနာမှုအကူအညီ ပေးအပ်နိုင်တဲ့အခြေအနေ လျော့နည်းစေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်ရတဲ့အချိန်ကာလ ကြာမြင့်တာ၊ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခအသစ်တွေအပြင် ရာသီဥတုပြောင်းလဲတာတွေရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကြောင့် ဒုက္ခသည်တွေအခြေအနေတွေ ပိုမို ဆိုးရွားလာစေတယ်လို့ UNHCR က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒုက္ခသည် တစ်သိန်းနီးပါး(၉၆,၃၁၁) ကို နေရာချထားပေးပြီး အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျနဲ့ ဂျာမဏီတို့က အများဆုံးလက်ခံပေးခဲ့တယ်လို့ ဆိုပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
Forwarded from RFA Burmese
အင်တာနက် ဖြတ်ခံထားရတဲ့နေရာ သုံးရာနီးပါးရှိလာ
~~~
■ စစ်တပ်အာဏာသိမ်းပြီးနောက် ထိန်းချုပ်ဖို့ ခက်ခဲတဲ့နေရာတွေကို စစ်ကောင်စီက အင်တာနက် ဖြတ်တောက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

မြန်မာပြည်မှာ အင်တာနက်သုံးစွဲနိုင်တဲ့အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာအင်တာနက်စီမံကိန်းက ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂ဝ၂၄ မေလကုန်အထိ စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ အင်တာနက်ဖြတ်တောက်ထားတဲ့နေရာ ၂၇၉ ခုအထိရှိပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အင်တာနက်ဖြတ်ခံရတဲ့ နေရာအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ ကချင်ပြည်နယ် နဲ့ တတိယကတော့ ချင်းပြည်နယ်မှာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ အင်တာနက်ဖြတ်ခံရတဲ့နေရာတွေရှိပြီး စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာတော့ အင်တာနက်ဖြတ်ထားတဲ့နေရာမရှိသေးပါဘူး။
Forwarded from Tachileik News Agency
ငပလီမြို့ ဂေါ့‌ကျေးရွာအနီးကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲနေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ရှိ ဂေါ့ကျေးရွာအနီးတွင် ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၆)ရက်နေ့ နံနက်ပိုင်းကစတင်ကာ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းတို့မှ ဗုံးကြဲနေသည်ဟု သိရသည်။

ဂေါ့ကျေးရွာအနီးရှိ ပျိုးတောင်ကြီးအပါအဝင် တောင်ကြောများကို လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲနေပြီး သံတွဲ-တောင်ကုတ်အထွက်ရှိ ဘားတောင်မှလည်း လက်နက်ကြီးနှင့်ပစ်နေကာ ငပလီရှိတပ်များကလည်း လက်နက်ကြီးနှင့် ပစ်ခတ်နေသည်ဟု ဆိုသည်။

"မနက်အစောကြီးဗျာ လေယာဉ်နဲ့ မဆက်မပြတ်ကြဲနေတာ။ ပျိုးတောင်ကြီးဖက်၊ ဂေါ့ဖက် နေရာစုံပစ်နေတာ။ ဘားတောင်ကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်နေ‌သေးတယ်။ ရွာထဲလူမ၀င်ရဲလို့ ဘယ်သူမှ သေချာမသိဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ငပလီဒေသခံများ၏ ပြောဆိုချက်အရ အာရက္ခတပ်တော်(AA)သည် ဂေါ့ရွာအနီး မှိုဟင်းပြင်ရွာရှိ စစ်ကောင်စီ၏ ခမရ(၅၆၆) တပ်ထံ ဦးတည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုဆိုသော်လည်း Tachileik News Agency အနေဖြင့် တိကျသည့် အချက်အလက် မရထားပါ။

"ညက ဂေါ့က အုပ်ချုပ်ရေးမှုးအိမ် ဒုံးစာမိသွားတယ်‌ပြောတယ်။ အတည်တော့ မပြုနိုင်သေးဘူး။ လေယာဥ်က ပတ်သွားပြီးချနေတယ်။ သွားလိုက်ပြန်လာလိုက်နဲ့။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ(၂)ရက်နေ့ ညပိုင်းက စတင်ကာ ဂေါ့ရွာအနီးတွင် တိုက်ပွဲများပြင်းထန်ပြီး စစ်ကောင်စီက လက်နက်ကြီးအပြင် တိုက်လေယာဉ်၊ Y12 လေယာဉ်များဖြင့်လည်း ဗုံးကြဲတိုက်ခိုက်သည်။

ယင်းနေ့တိုက်ပွဲတွင် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရပြီး ရွာလုံးကျွတ်ထွက်ပြေးရကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများလည်း ထိမှန်ခဲ့သည်။

လက်ရှိတွင် သံတွဲလေဆိပ်ကိုလည်း ပိတ်ထားရပြီး ခရီးစဉ်များအားလုံး ဖျက်သိမ်းလိုက်ရကာ လေဆိပ်မှလာနိုင်သည့် ငပလီလမ်းကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားသည်ဟု သိရသည်။

ဂေါ့ရွာအနီးတွင် ငပလီဟိုတယ်ဇုန်ရှိပြီး ဇွန်လ(၃)ရက်နေ့က တိုက်ပွဲတွင် ဟိုတယ်တစ်လုံးလည်း လက်နက်ကြီး ထိမှန်ခဲ့သေးသည်။

News : https://www.tachileik.net/mm/news/36183

#TachileikNewsAgency
Forwarded from RSN WEB
DAILY HIGHLIGHTS (05 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


နှစ်ပေါင်း ၃၀ လက်နက်ကိုင်တော်လှန်ရေးအတွင်း ကယန်းပြည်သစ်ပါတီ တပ်ဖွဲ့ဝင် ၅၀၀ ကျော်ကျဆုံး – DVB

KNU တပ်မဟာ ၅ နယ်မြေတွင် မေလတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၀ ဝန်းကျင် သေဆုံးထိခိုက်ဒဏ်ရာရရှိမှုရှိပြီး စစ်တပ် စခန်း ၅ ခုကို သိမ်းပိုက်ရရှိ – KT

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာဘက်သို့ ကုန်ပစ္စည်းများမတင်ပို့ရန် အိန္ဒိယနိုင်ငံ လိုင်လူငယ်အသင်း ထပ်မံသတိပေး – MZM

မြန်မာ့အရေး ဝင်မစွက်ခြင်းသည် လျစ်လျူရှုရန် ဆင်ခြေတစ်ခု မဟုတ်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆို – MPA

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေး – KT

📰 စီးပွားရေးထူးခြားသတင်းများ

ရွှေဆိုင်များ ဖွင့်လှစ်ရန်၊ သတ်မှတ်ရွှေစျေးနှုန်းဖြင့် ရောင်းဝယ်ရန် စစ်ကောင်စီက ညွှန်ကြားလာပြီး လိုက်နာကြရန် ရန်ကုန်ရွှေအသင်းက သတိပေးကြေညာချက်ထုတ်ပြန် – KT

📰 ကျားဖြန့်

BGF တပ် စီးပွားရေးလုပ်ငန်းများတွင် ခေါင်းဆောင်ဖြစ်သူ စောချစ်သူ၏ မိသားစု ပါဝင်ပတ်သက်မှုများအပေါ် စောချစ်သူအပါဝင် BGF ခေါင်းဆောင်များ လိမ်လည်ဖြေကြား (အပိုင်း- ၂) – KT

📰 အခြားထူးခြားသတင်းများ

KIO က ယခုပညာရေးနှစ်တွင် ကျောင်းပေါင်း ၄၈၈ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်လိုက်ပြီး အခြေခံပညာရေး သင်ရိုးညွှန်းတမ်း မူဘောင်များ ရေးဆွဲပြီးစီး – KT

လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ထံမှ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသော ရွှေ၊ ကျောက်သံပတ္တမြားများကို စစ်ဆေးသည့် စစ်ထောက်လှမ်းရေးအဖွဲ့က အတုများဖြင့် လဲလှယ်ခဲ့မှု စစ်အရာရှိနှင့်စစ်သည်များ အဖမ်းခံရ – KT

ဖမ်းဆီးအရေးယူခံထားရသော ဒေါ်လာဝယ်ရောင်းနှင့် ဟွန်ဒီငွေလွှဲသူများ၏ ဘဏ်အကောင့်နှင့် ငွေစာရင်းများကို စစ်ကောင်စီက ပိတ်သိမ်းလိုက်ပြီး အဆိုပါ ငွေစာရင်းများရှိ ငွေကြေးများအားလုံးကို စစ်တပ်က သိမ်းယူ – KT

စစ်ကောင်စီက ဖမ်းဆီးထားသည့် ရွှေဆိုင်နှင့်ရွှေကုန်သည်များထံမှ ရွှေများတောင်းနေပြီး မပေးလျှင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်မည်ဟု ခြိမ်းခြောက် – KT

NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ စျာပနကျင်းပ – DVB

မြန်မာမူးယစ်မှောင်ခိုကွန်ရက်နှင့် ပတ်သက်သည့် ထိုင်းဝရမ်းပြေးကို ဘာလီကျွန်း၌ ဖမ်းမိ – DVB

ပုဂံတွင် စစ်ကောင်စီက ရေကန် ၁၀၀နီးပါးအား ကန်ဆယ်ပြီးယတြာချေ။ ထီးလိုမင်းလိုဘုရားကိုပါ မိုးကြိုးလွှဲတပ်ဆင်သွား – PS

#rangoonscoutnetwork
Forwarded from RFA Burmese
မြန်မာနိုင်ငံမှာ လူသုံးသန်းခန့် စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေအနေ ကြုံတွေ့နိုင်
~~~
■ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဇွန်လကနေ ဩဂုတ်လအထိ သုံးလအတွင်း လူ ၂ ဒသမ ၇ သန်းဟာ စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့နိုင်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ WFP နဲ့ FAO တို့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့ (FAO) တို့က ဇွန်လ ၅ ရက်မှာ ပူးတွဲအစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ အရေအတွက် တိုးလာနေသလို အစားအသောက်နဲ့ အကူအညီပေးရေးကိစ္စတွေလည်း ကန့်သတ်ခံထားရတယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။

အရေးပေါ်အခြေအနေ ကြုံရနိုင်တဲ့ လူဦးရေ ၂ ဒသမ ၇ သန်းအပြင် နောက်ထပ် လူဦးရေ ၁၀ ဒသမ ၆ သန်းကလည်း စားနပ်ရိက္ခာမလုံလောက်မှုကို ၂၀၂၄ ခုနှစ်အတွင်း ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။

ကလေးငယ် လေးသိန်းကျော် (၄၂၈,၀၀၀) လည်း အစာအာဟာရချို့တဲ့မှုနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့နိုင်ပြီး ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၅၄ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဟာ စံချိန်တင်မြင့်တက်လာတဲ့ နေရပ်စွန့်ခွာမှု အခြေအနေတွေကြောင့် အန္တရာယ်ကြီးမားတဲ့ အခြေအနေကိုရောက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
_________

ကယား (ကရင်နီ) ပြည်နယ်မှ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

RFA Burmese Website တွင် ဖတ်ရှုရန်…
Forwarded from The Irrawaddy - Burmese
ဒီတိုက်ခန်းတွေကို ကန်ထရိုက်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ဆိုထားတာတွေ၊ နဝရတ် ဆောက်လုပ်ရေးက မောင်မောင်ဦးရဲ့ လက်မှတ်ထိုးတွေနဲ့ တရားဝင်ရောင်းချပေးခဲ့တာ၊ အိုးအိမ်ကနေ ပြည်သူတွေ သက်သာချောင်ချိရေးအနေနဲ့ ဆောက်ပြီးတော့ ရောင်းပေးတာဆိုပြီး စာချုပ်ချုပ်ခဲ့ကြ တာ၊ ကျနော်တို့ကလည်း ခိုင် မာတယ်ဆိုလို့ ဝယ်ပြီးနေခဲ့ကြတာမျိုးပါ

Website တွင် ဖတ်ရန် https://bit.ly/4bQcPG2
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from RFA Burmese
Media is too big
VIEW IN TELEGRAM
မကွေးတိုင်းက ရေနံမြေနှစ်ခုကို PDF တွေ ထိန်းချုပ်ထား
~~~

■ မကွေးတိုင်းမြောက်ပိုင်းက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) လက်အောက်မှာရှိတဲ့ ကျောက်ခွက်ရေနံမြေနဲ့ လက်ပံတို ရေနံမြေတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ စွန့်ခွာသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားပါတယ်။ ကိုရဲစည်သူကာ တင်ပြပါမယ်။
____________
RFA Burmese Website တွင် ဖတ်ရှုရန်…
Forwarded from RFA Burmese
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ရုရှားအတည်ပြု
~~~
■ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေခံမူကြမ်းကို ရုရှားအစိုးရက အတည်ပြုလိုက်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မသဇင်လှိုင် တင်ပြထားပါတယ်။
---------------

RFA Burmese Website တွင် ဖတ်ရှုရန် .....
Forwarded from MPANews
ချောင်းဦးမြို့ခံများကို လူသားဒိုင်းအဖြစ် အသုံးချရန် စစ်ကောင်စီတပ် ပေါ်တာ‌ဆွဲ

6 June 2024 By Ra Wai / MPA

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးချရန် မြို့ခံများကို ယနေ့(ဇွန်ခြောက်ရက်)နံနက်တွင်ပေါ်တာဆွဲခဲ့ကြောင်းသိရသည်။

ဇွန်လ ခြောက်ရက်၊ နံနက် ခြောက်နာရီဝန်းကျင်၌ ချောင်းဦးမြို့ပေါ် အခြေစိုက် စစ်သားများက မြို့ထဲရှိ ပြည်သူများကို လိုက်လံဖမ်းဆီးခဲ့ရာ အောင်ချမ်းသာရပ်ကွက်က သိုးကျောင်းသား နှစ်ဦးနှင့် လမ်းသွားလမ်းလာ အမျိုးသား တစ်ဦးတို့ ဖမ်းဆီးခံထားရကြောင်း ချောင်းဦးမြို့ခံတစ်ဦးထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/4cm2c4yv
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from MPANews
နွားထိုးကြီး ဘုန်းကြီးကျောင်းထဲ စစ်တပ်ကြဲချသည့် ဗုံးသုံးလုံးကျ၊ ဘုန်းကြီး နှစ်ပါးနှင့် ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရဟု ကနဦး သိရ

6 June 2024 By Ra Wai / MPA

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပေါ်သို့ ဗုံးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးနှစ်ပါးနှင့် ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။

ယနေ့(ဇွန်လခြောက်ရက်)နံနက် ၁၁နာရီဝန်းကျင်တွင် နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးလေးလုံးကြဲချခဲ့ရာ ဘုန်းကြီးကျောင်းထဲသို့ သုံးလုံးနှင့် စာသင်ကျောင်းသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း နွားထိုးကြီးမြို့နယ်ပကဖထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/5d5tjkut
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from MPANews
စစ်ကောင်စီတပ် ဖမ်းဆီး မိုင်းရှာခိုင်းခြင်းခံရသော မြင်းမူပြည်သူတစ်ဦး မိုင်းထိ သေဆုံး

6 June 2024 By Nway / MPA

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီတပ် ဖမ်းဆီး မိုင်းရှာခိုင်းခြင်းခံရသော ပြည်သူ တစ်ဦး မိုင်းထိ သေဆုံးသွားကြောင်း သိရသည်။

ယနေ့ (ဇွန်လ ခြောက်ရက်) ၊ နံနက် ကိုးနာရီခွဲခန့်က မြင်းမူမြို့နယ်၊ အာလကပ္ပရွာမှ ပြည်သူ ၁၀ဦးထက်မနည်းကို စစ်ကောင်စီတပ်က ရွာထဲဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် နေ့ခင်း ၁၁နာရီခွဲခန့်တွင် ယင်းပြည်သူများ အား မိုင်းရှာခိုင်းခြင်းဖြစ်ကြောင်း မြင်းမူမြို့နယ်အနောက်ခြမ်းမှ ဒေသခံပြည်သူတစ်ဦးထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yxrm7jcj
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from MPANews
ရေး ခလရ ၁၀၆မှ ဗိုလ်မှူးကို သေနတ်နှစ်လက်၊ကားတစ်စီးနှင့်တကွ အရှင်ဖမ်းမိ

6 June 2024 By Nway / MPA

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်အခြေစိုက် ခလရ၁၀၆ တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးကို သေနတ်နှစ်လက်၊ကားတစ်စီးနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇွန်လ ငါးရက်တွင် ခလရ ၁၀၆ တပ်ရင်းမှ ဗိုလ်မှူး သန်းနိုင်စိုး ဈေးဝယ်ထွက်လာစဉ် MA5 ပစ္စတိုတစ်လက် ၊ MA3 တစ်လက်၊ ကားတစ်စီးနှင့်အတူ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/mt4fv2vu
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
အလုပ်ရုံက ဝန်ထမ်း ၉ ဦးကို စစ်မှုထမ်းရန် စစ်ကောင်စီက အတင်းအဓမ္မဝင်ဖမ်း

ဆင်ပေါင်ဝဲ၊ ဇွန် ၆၊ ၂၀၂၄။

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အလုပ်ရုံတခုမှာ အလုပ်လုပ်နေတဲ့ လုပ်သား ၉ ဦးကို စစ်မှုထမ်းဖို့ ဆိုကာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်အုပ်စု၊ သာယာကုန်းရွာ သားသတ်ရုံက လုပ်သားတွေကို ဇွန် ၃ ရက် ည ၈ နာရီခွဲ လောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် မဲနှိုက်မပေးလို့ဆိုပြီး စစ်တပ်နဲ့ ရဲတွေက အလစ်ဝင်ဖမ်းသွားတာ“ လို့ ဒေသခံတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/အလုပ်ရုံကဝန်ထမ်း၉ဦးကို_စစ်မှုထမ်းရန်_စစ်ကောင်စီကအတင်းအဓမ္မဝင်ဖမ်း
Forwarded from RFA Burmese
အထောက်အထားမဲ့သူတွေကို မလေးရှားအစိုးရနှိမ်နင်း
~~~
■ မလေးရှားနိုင်ငံဘော်နီယိုကျွန်း အရှေ့မြောက်ပိုင်း ဆာဘားပြည်နယ် ကမ်းရိုးတန်းရေစပ်မှာ တဲထိုးပြီး ဒါမှမဟုတ် သစ်သားလှေတွေပေါ်မှာ နေထိုင်ကြတဲ့ အထောက်အထားမဲ့ လူ ၅၀၀ ကျော်ကို တာဝန်ရှိသူတွေက ဖယ်ရှားပစ်လိုက်တယ်လို့ ဒေသတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အင်္ဂါနေ့ကစလို့ အိမ်တွေကို မီးရှို့ပြီး ဖျက်ဆီးပစ်တယ်လို့ ဘန်ကောက်ပို့စ်က ဇွန် ၆ ရက်က ဖော်ပြပါတယ်။ ဆားဘားခရိုင်မှာ နိုင်ငံမဲ့နေထိုင်သူတွေနဲ့ နေထိုင်ခွင့် အထောက်အထားမဲ့ သူ တသန်းလောက်ရှိတယ်လို့ ခန့်မှန်းရပြီး ဒါဟာ ပြည်နယ်မှာရှိတဲ့ လူဦးရေ စုစုပေါင်းရဲ့ သုံးပုံတပုံရှိတယ်လို့ ဆိုပါတယ်။

ဒါဟာ အထောက်အထားမဲ့ နေရပ်ရွှေ့ပြောင်းလာသူတွေကို မလေးရှား အစိုးရက နှိမ်နင်းနေတာရဲ့ အစိတ်အပိုင်းတစ်ရပ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကပြောပါတယ်။

ကွာလာလမ်ပူ မြို့တော် ကို စာရွက်စာတမ်း အထောက်အထားမဲ့ ရွှေ့ပြောင်းလာတာတွေ ရပ်ဆိုင်းသွားအောင် မြို့တော်အတွင်းနဲ့ မြို့တော် တဝိုက်မှာ အခြေချနေထိုင်နေသူတွေကို အာဏာပိုင်တွေက စတင်နှိမ်နင်းနေတယ်လို့လည်း CNA သတင်းက ဇွန် ၆ ရက်က ဖော်ပြပါတယ်။

မလေးရှားမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူနဲ့ ဒုက္ခသည် တစ်သန်း ရှစ်သောင်းခွဲကျော် (၁၈၈၂၀၀) က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ မှတ်ပုံတင်ထားပြီး ဒီထဲက ၈၇ % လောက်က မြန်မာနိုင်ငံက ဖြစ်ပါတယ်။ အများစုကတော့ ရိုဟင်ဂျာတွေဖြစ်ပြီး ဒုက္ခသည် ၅၂၂၀၀ ဟာ ၁၈ နှစ်အောက်အရွယ်မရောက်သေးသူတွေ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ရဲအဖွဲ့နဲ့ မြို့ကောင်စီ ပူးပေါင်းအဖွဲ့က အင်အား ၁၀၀ ကျော်နဲ့ မိသားစု ၃၀ လောက်၊ အများစုက ရိုဟင်ဂျာတွေ နေထိုင်နေတဲ့အိမ်တွေကို မေ ၂၈ ရက်ညဘက်က ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…