MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from RSN WEB
DAILY HIGHLIGHTS (10 Sep 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

စစ်ကောင်စီ၏ ပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်သတ်ဖြတ်မှု မှတ်တမ်းများ တရုတ်အပါအဝင် နိုင်ငံတကာထံပေးပို့မည်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန် – PS

AA သိမ်းပိုက်ထားသော မောင်တောမြို့ ၊ ၄ မိုင်အခြေစိုက် နယ်ခြားစောင့်တပ် ဖွဲ့ခွဲ နခခ ၂ ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်သုံ့ ပန်းများ အပါ အဝင် ဖမ်းဆီးရရှိထားသော စစ်ကောင်စီဘက်တော်သား ၅၀ ကျော်သေဆုံး၊ မောင်တော UN ရုံးကိုလည်း စစ်လေယာဉ်က ဗုံးကျဲ – KT

လေကြောင်းအန္တရာယ်ကာကွယ်နိုင်ရန် ခေါင်မိုးတွင် ဆေးပြာသုတ်ကာ UN ဟုရေးထားသည့် ကုလသမဂ္ဂရုံးကို စစ်ကောင်စီဗုံးကြဲ – AT

AA ရဲ့ အကျဉ်းစခန်းနှစ်ခု ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လူ ခုနစ်ဆယ်ခန့် သေဆုံး – RFA

KIA နှင့် PDF များကို ချေမှုန်းရန် ဦးဇခုန်တိန့်ယိန်း စစ်မိန့်ပေးစာ ထွက်လာ – TI

KIA နှင့် PDF ကို တိုက်ခိုက်ချေမှုန်းရန် စစ်တပ်လက်အောက်ခံ ဇခုန်တိန့်ယိန်း အမိန့်ပေးမှု မထုတ်ပြန်သင့်သော စစ်မိန့်ဟု KIO ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ဂွန်မော် မှတ်ချက်ပေး – KT

MNDAA က ဖမ်းဆီးရရှိထားသော လားရှိုး အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့၏ သတင်းကို ၁ လကျော်ကြာသည်အထိ မထုတ်ပြန်၊ လက်နက်ချအညံ့ခံခြင်းဖြစ်၍ ကောင်းမွန်စွာထားဖွယ်ရှိဟုဆို – KT

တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်ကောင်စီက စစ်မှုထမ်း အမှတ်စဉ် (၅) သင်တန်းဖွင့် – RFA

💬 နိုင်ငံရေးထူးခြားသတင်းများ

စစ်ကောင်စီရဲ့ UEC က မှတ်ပုံတင်ခွင့်ပြုတဲ့ နိုင်ငံရေးပါတီ ငါးဆယ်ကျော်ရှိလာ – RFA

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး တရုတ်လုံခြုံရေး ဖိုရမ်တက် – TI

ရိုဟင်ဂျာများအပါအဝင် မြန်မာဒုက္ခသည် ၁၄၂ဦး အာသံပြည်နယ်အကျဥ်းထောင်၌ အစာငတ်ခံဆန္ဒပြနေ – PS

စစ်တပ်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီဆောင်ရွက်နေကြောင်း ICRC ဥက္ကဋ္ဌကို ပြော – TI

📊 စီးပွားရေးထူးခြားသတင်းများ

ပို့ကုန်ရငွေဖြင့် ဆေးဝါးနှင့် Oil ကို လိုင်စင်အသစ်လျှောက်ရမည်ဖြစ်၍ Export Earnings ဈေးကွက် ဖြစ်ပေါ်နိုင် – AT

🗑 ကျားဖြန့်

ရွှေကုက္ကိုလ်က ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ နေရာပြောင်းရွှေ့လုပ်ကိုင်နေ – DVB

အင်ဒိုနီးရှားနိုင်ငံသားအယောက် ၂၀ ခန့် မြန်မာ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် ပိတ်မိနေ – DVB

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (11 Sep 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

စစ်ကောင်စီက မောင်တောမြို့ ၊ ၄ မိုင်အခြေစိုက် နယ်ခြားစောင့်တပ် ဖွဲ့ခွဲ နခခ ၂ ကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် စစ်ကောင်စီဘက်တော်သား ၅၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသည့် မှတ်တမ်းများ AA က ထုတ်ပြန် – KT

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး အောင်သီဟဆွေ၊ ဒုဗိုလ်မှူးကြီး ဝင်းမိုးနိုင်၊ ဗိုလ်မှူး သက်ပိုင်ကျော်ဦး၊ ဗိုလ်မှူးကျော်နိုင်၊ ဗိုလ်မှူးနိုင်လင်း အပါအဝင် ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူး အရာရှိ ၅၃ ဦးကို MNDAA က ကောင်းမွန်စွာ ဖမ်းဆီး ထိန်းသိမ်းထား – KT

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာရဲကို တရုတ်က ယွမ် ၅သန်း ကူညီမည် – TI

နိုင်ငံတော်သီချင်းကြောင့် ထိုင်းက မြန်မာရွှေ့ပြောင်းစာသင်ကျောင်း အပိတ်ခံခဲ့ရတာလား – BBC

📊 စီးပွားရေးထူးခြားသတင်းများ

အမေရိကန်ဒေါ်လာဈေး တရက်အတွင်း ကျပ် ၅၀၀ မြင့်တက် – DVB

အမေရိကန်ဒေါ်လာနှင့် ရွှေစျေးနှုန်းများ မတည်မငြိမ်ဖြစ်နေပြီး အတက်အကျ ကြမ်းနေကာ နာရီနှင့်အမျှ အပြောင်းအလဲ မြန်လွန်းနေ – KT

ငွေကြေးဖောင်းပွမှု သိသိသာသာတိုးလာဟု စစ်ကောင်စီ၏ ဗဟိုဘဏ် ဝန်ခံ – PS

🔴 သဘာဝဘေး

တပ်ကုန်းမြို့ နဲ့ မြဝတီမြို့ အပါအဝင် နိုင်ငံတဝန်း မြို့ ၇ မြို့ထက်မနည်းမှာ အဆိုးရွားဆုံး‌ရေကြီးမြင့်တက် – BBC

မြို့ကြီး ၈ မြို့တွင် မြစ်ရေကြီးမှု သတိပေးထား – TI

🖥 အခြားထူးခြားသတင်းများ

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီထံသို့ ပြန်လွှဲပြောင်း ခံရသည့် လူငယ် ၂၇ ဦးကို စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရန် ခေါ်ဆောင်စဉ် ထွက်ပြေးလွတ်မြောက်လာ၊ လူငယ်များက အစောင့် စစ်သား ၂ ဦးကို သတ်၍ MA လက်နက် ၂ လက်ကိုပါ ယူလာ – KT

မဲဆောက်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုအပေါ် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် NUG ထံသို့ လူထုလက်မှတ် ၁၆၇၉ ခုနှင့်အတူ အိတ်ဖွင့်စာပေးပို့ – KT

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (12 Sep 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ဖားကန့် ဆိုင်းတောင်ရဲစခန်း KIA သိမ်းပိုက်ပြီး ရပ်ကွက်ထဲ တိုက်ပွဲ ဆက်ဖြစ် – TI

စစ်ကောင်စီက သင်တန်းသားအဖြစ် အဓမ္မစုဆောင်းကာ ရှေ့တန်းပို့ဆောင်ခဲ့သည့် စစ်မှုထမ်းအမှတ်စဉ် ၁ မှ စစ်သင်တန်း ဆင်း ၄၀၀ ကျော်သေဆုံး – AT

လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည် သိမ်းပိုက်ရေးက "ရန်နိုင်မင်း" စစ်ဆင်ရေး၏ ဦးစားပေးထိပ်တန်း စစ်ရေးရည်မှန်းချက်အဖြစ်ပါဝင်၊ လေယာဉ်ဆီ၊ လေယာဉ်ပစ်ဒုံးကျည်နှင့်ခဲယမ်းများကို အိန္ဒိယနှင့်ဥဘက်ကစ္စတန်နိုင်ငံမှ အဓိက ဝယ်ယူနေ – KT

⚠️ မိတ်ဖက်ပြဿနာ

ရှမ်းမြောက်၌ တိုင်းရင်းသားတော်လှန်ရေးတပ်များအကြား အောက်ခြေပြဿနာများ မကြာခဏဖြစ်နေ – PS

💬 နိုင်ငံရေးထူးခြားသတင်းများ

ရခိုင်ကို Unitary State System ဖြင့် အုပ်ချုပ်မည်ဟု AA စစ်ဦးစီးချုပ်ပြော – WN

နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ရန် NUGနှင့် ABSDF နားလည်မှုစာချွန်လွှာချုပ်ဆို – PS

📊 စီးပွားရေးထူးခြားသတင်းများ

FEC ငွေကြေးပုံစံ လုပ်ဆောင်ရန် အစီအစဉ်မရှိဟု စစ်ကောင်စီ ဗဟိုဘဏ်ပြော – MZM

သင်္ဘောသားလစာငွေ ပြည်တွင်းဘဏ်တချို့မှ ထုတ်ယူရန် ခက်ခဲနေ – TI

🔴 သဘာဝဘေး

ပုဂံတွင် မိုးများပြီး ဘုရားအချို့ပြိုကျ – TI

ထူးကဲဒီရေ တက်ဦးမည် – TI

နိုင်ငံတဝှမ်းရေမြုပ်စဉ် လူကယ်ပြန်ဝန်ကြီး သဘာဝဘေးလျှော့ချရေး ဆွေးနွေးပွဲတက်နေ – TI

နိုင်ငံတဝန်း မိုးများ ရေကြီးရေလျှံပြီး လူအသေအပျောက်ရှိ၊ ပျက်စီးဆုံးရှုံးမှုများပြား – DVB

တာချီလိတ်ရေဘေးသင့်သူများကိုထိုင်းတော်ဝင်လေတပ်က ရဟတ်ယာဉ်ဖြင့် အစားအသောက်များချပေး – PS

🖥 အခြားထူးခြားသတင်းများ

မဲဆောက်က သက်ငယ်မုဒိမ်းမှုကို အရေးယူဖို့ လူတစ်ထောင်ကျော် NUG ထံ တောင်းဆို – RFA

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (14 Sep 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ရက္ခိုင်တွင် သိမ်းရန်ကျန်နေသည့်မြို့ ၈မြို့ သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေဟု AA အသိပေး – PS

တနင်္သာရီမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာ၍ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား – KT

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

အ​ကြောင်းမဲ့အပြစ်တင်မှုများအ​ပေါ် ဆန့်ကျင်ဟုတရုတ်သံရုံးဆို – PS

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်ဖို့ ဗဟိုအစိုးရ အဆိုပြုချက် မီဇိုရမ်အရပ်ဘက်အဖွဲ့ ထောက်ခံ – RFA

📊 စီးပွားရေးထူးခြားသတင်းများ

ရန်ကုန်ရွှေအသင်းက ရွှေရည်ညွှန်းဈေးကို ၂ ပတ်အတွင်း ၁ သိန်းနီးပါး တိုးမြှင့်သတ်မှတ် – DVB

🔴 သဘာဝဘေး

ပြည်သူ ၂ သိန်းကျော်ရေဘေးသင့်နေပြီး သေဆုံးသူ ၃၀၀ကျော်ရှိလာ – DVB

ပုဂံတွင် စံချိန်တင်မိုးရွာပြီး ရှေးဟောင်းစေတီ ၂ ဆူပြိုကျပျက်စီး – DVB

ရေဘေးနှင့် ပတ်သက်၍ နိုင်ငံတကာ အကူအညီ စစ်ခေါင်းဆောင် တောင်းခံနေ – TI

ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်း၊ မြန်မာနှင့် လာအိုတွင် ရေကြီး – TI

မြန်မာလေတပ်က အရပ်သားများကို ဗုံးကြဲနေစဉ် ထိုင်းလေတပ်က အကူအညီများ ချပေးနေ – TI

🖥 အခြားထူးခြားသတင်းများ

၂၀၂၄ ခုနှစ် သဘာဝပတ်ဝန်းကျင်စွမ်း​ဆောင်မှုဆိုင်ရာညွှန်းကိန်း မြန်မာ​​အောက်ဆုံးအဆင့် ၄ တွင်ရပ်တည် – PS

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (15 Sep 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်ကြေညာပြီးပါက စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များအားလုံး နိုင်ငံကူးလက်မှတ်လျှောက် ထားခြင်းနှင့် ပြည်ပထွက် ခွာခြင်းတို့အတွက် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့က ထုတ်ပေးသည့်စာ တင်ပြရတော့မည် – KT

💬 နိုင်ငံရေးထူးခြားသတင်းများ

စစ်ကောင်စီနှင့်တွေ့ဆုံသည့် အပစ်ရပ်အဖွဲ့တွင် ကိုယ်စားလှယ်စေလွှတ်ထားခြင်းမရှိဟု PNLO ရှင်းလင်း – PS

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

ပြည်တွင်းရေးဝင်စွက်ဖက်သည့် အပြစ်တင်မှုများ တရုတ် ဆန့်ကျင် – TI

🔴 သဘာဝဘေး

ရေကြီးမှုကြောင့် သေဆုံးသူ ၇၄ ဦးအထိမြင့်တက်လာပြီး ၈၉ ဦး ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီ ထုတ်ပြန်သော်လည်း မြေပြင်မှာ အရေအတွက်ပိုမိုများပြားနိုင် – KT

🖥 အခြားထူးခြားသတင်းများ

မဲဆောက်မြို့ သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်၍ တရားမျှတမှုရအောင် ကြိုးစားမည်ဟု ကလေးငယ်၏မိခင်ဖြစ်သူပြော – PS

ရေကြီးသည့်ကိစ္စ ကောလာဟလလွှင့်ဟု မီဒီယာများကို ဒုစစ်ခေါင်း ဆောင် အပြစ်တင် – TI

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (16 Sep 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

နောင်ချိုမြို့နယ်ရှိ စစ်တပ်၏ အမြောက်တပ် ၃၅၄ တပ်စခန်း၊ ၉၀၂ တပ်စခန်း၊ တောင်ခမ်းရွာနှင့် မကျီးရေ ရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ – KT

စစ်တွေမြို့ခံ အမျိုးသမီးနှင့်ကလေးများ အပါအဝင် အယောက် ၇၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး – DVB

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာရေဘေးအတွက် အိန္ဒိယက အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ၁၀ တန် ကူညီ – DVB

မြန်မာ အပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ကုန်သွယ်မှုအများဆုံး နိုင်ငံများစာရင်း အိမ်ဖြူတော် ထုတ်ပြန် – DVB

📊 စီးပွားရေးထူးခြားသတင်းများ

စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာခပ်စိပ်စိပ် ထုတ်ရောင်းမှုနှင့်အတူ ဒေါ်လာဈေး ကျလာ – DVB

🔴 သဘာဝဘေး

စစ်ကောင်စီက ရေဘေးကူညီပေးရေးထက် ဆုံးရှုံးနယ်မြေ ပြန်ရရေးသာ အာရုံစိုက်နေ – DVB

🖥 အခြားထူးခြားသတင်းများ

ရန်ကုန်လေဆိပ်တွင် အစစ်အဆေးမရှိ ပြည်ပထွက်ခွင့်ရရှိရန် VIP Service ရရှိမည်ဟုဆိုကာ ငွေလိမ်လည်မှုများ ဖြစ်ပွားနေပြီး လေဆိပ်ဝန်ထမ်းနှင့်ရဲများပါ ပါဝင်ပတ်သက်၊ VIP Service အတွက် ငွေကျပ် သိန်း ၅၀ အထိ စျေးပေါက်လာ – KT

မီဒီယာများက ၎င်းတို့၏ကယ်ဆယ်ရေးလုပ်ငန်းများကို မှေးမှိန်အောင် နည်းမျိုးစုံလုပ်နေကြောင်း ဒုချုပ်စိုးဝင်းနှင့် ဗိုလ်ချုပ်ဇော်မင်းထွန်းစွပ်စွဲ – AT

ကျပ်သိန်း ခုနှစ်သောင်းကျော်တန်ကြေးရှိ ရွှေဆိုင်ဓားပြတိုက်သူပျူများဖမ်းမိရေး ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ကို စစ်​ကောင်စီရဲ အကူအညီတောင်းခဲ့ရ – PS

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (17 Sep 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

စစ်တွေအနီး ကျေးရွာ ၂ ရွာနေ ပြည်သူများကို စစ်ကောင်စီ အဓမ္မနှင်ထုတ် – DVB

နိုင်ငံတစ်ဝန်း စစ်မှုထမ်းဥပဒေအရ လူငယ်များကို ပေါ်တာဆွဲခြင်း၊ ဆင့်ခေါ်ခြင်းနှင့် စုဆောင်းပေးခြင်းများ လုပ်ဆောင်ပေးနေသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ၏ သား၊ တူနှင့်ဆွေမျိုးများကို နားလည်မှုဖြင့် စစ်မှုထမ်း ကင်းလွတ်ခွင့်ပြု – KT

💬 နိုင်ငံရေးထူးခြားသတင်းများ

PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ အဖွဲ့မှနှုတ်ထွက်ကြောင်း ကြေညာ – PS

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ကောင်စီ လေတပ်အတွက် တရုတ်က နည်းပညာ ထောက်ပံ့ – TI

စစ်ပွဲသုံးမောင်းသူမဲ့ဒရုန်း ထုတ်လုပ်ရေးအတွက် တရုတ်ကုမ္ပဏီများနှင့်ဆွေးနွေးရန် စစ်ကောင်စီကို တရုတ်စစ်ဘက်ကခွင့်ပြုခဲ့ – MN

တရုတ်က မြန်မာ့အရေးကို ဝင်မစွက်ဖက်ဟု ငြင်းဆို၍ မီဒီယာအချို့နှင့် လူပုဂ္ဂိုလ်များက အကြောင်းမဲ့ အပြစ်တင်နေကြောင်း စွပ်စွဲ – AT

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာစစ်ကောင်စီ ရေဘေးကိစ္စဆွေးနွေး – DVB

မြန်မာသူပုန် ၁ ဦးကို ဖမ်းမိဟု မဏိပူရဝန်ကြီးချုပ်ပြော၊ ကူကီးကျောင်းသားအဖွဲ့ ငြင်းဆို – DVB

အာသံထောင်က အစာငတ်ခံ ဆန္ဒပြနေတဲ့ မြန်မာတွေ ဆန္ဒပြမှု ခေတ္တရပ်ဆိုင်း – RFA

📊 စီးပွားရေးထူးခြားသတင်းများ

ပြင်ပဒေါ်လာဈေးပြန်ကျချိန် စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၅ သန်းထပ်မံရောင်းချ – DVB

🔴 သဘာဝဘေး

တိုင်ဖွန်းယာဂီကြောင့် မြန်မာနိုင်ငံတွင် ရေဘေးသင့်သူ ၆ သိန်းကျော်ရှိကြောင်း UNOCHAM ထုတ်ပြန်၊ စစ်ကောင်စီစာရင်းတွင်မူ ရေဘေးသင့်သူ ၁သိန်းကျော်သာပါဝင်ပြီး သေဆုံးသူ ၂၂၆ ဦးရှိဟုဆို – AT

မြန်မာပြည်အနှံ့ ရေဘေးကြောင့် လူ ရာနဲ့ ချီသေဆုံး – BBC

ရေဘေးကူညီသူတွေရဲ့ KBZ Pay အကောင့်တွေ အပိတ်ခံနေရ – RFA

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (18 Sep 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ထန်တလန်မြို့က စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက် – RFA

💬 နိုင်ငံရေးထူးခြားသတင်းများ

NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်း၊ မန္တလေးနှင့် တောင်ကြီးကို စစ်ဆင်မည် မဟုတ်ဟု MNDAA ထုတ်ပြန် – MZM

ဗိုလ်မှူးကြီး ခွန်ဥက္ကာ PNLO မှ နှုတ်ထွက်သွားသော်လည်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကို ဆက်လက်ဆင်နွှဲမည်ဟုဆို – AT

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဒုတိယအကြိမ် ကျင်းပမည် – DVB

🗑 ကျားဖြန့်

ဘုရားသုံးဆူတွင် တရုတ်နိုင်ငံသား ၁ ဦး သံခြေချင်းဖြင့် ကျားဖြန့်ဂိုဏ်းမှ ထွက်ပြေးလာ – DVB

🔴 သဘာဝဘေး

ရေကြီးရေလျှံမှုများအတွက် EUက အရေးပေါ်အကူအညီ ယူရို ၁.၂ သန်း ပေးအပ်ရန် အသင့်ဖြစ်နေဟု ကြေညာ – PS

ရေဘေးသင့် ပြည်သူများကို ရေဘေးတုံ့ပြန်မှု အကူအညီများ စတင်ပေးအပ်မည်ဟု WFP ထုတ်ပြန် – KT

မြန်မာ့ရေဘေးအတွက် အမေရိကန်နှင့် ဩစတြေးလျတို့ ကူညီမည် – TI

ရေဘေးသင့်သူများကို သန်းခေါင်စာရင်းမကောက်မီ နေရပ်အမြန်ပြန်ပို့ရန် စစ်ခေါင်းဆောင်အမိန့်ပေး – MZM

သဘာဝဘေးရန်ပုံငွေ ကျပ်သိန်းထောင်ချီ အလွဲသုံးစားလုပ်ခဲ့သည့် နည်းဗျူဟာမှူးနှင့်အဖွဲ့ ဖမ်းဆီးခံရ – DVB

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (19 Sep 2024)
•••••••••••••••®•••••••••••••••
💬 နိုင်ငံရေးထူးခြားသတင်းများ

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးမူဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု KNU ၊ KNPP ၊ KSCC ၊ CNF အပါအဝင် အဖွဲ့ ၉ ဖွဲ့ ကြေညာ – KT

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးတည်ဆောက်ရန် ရူပီးကုဋေ ၃၀,၀၀၀ ကျော် သုံးစွဲခွင့်ပြု – DVB

🔴 သဘာဝဘေး

ရေဘေးကယ်ဆယ်ရေးစခန်း ၂ ခုတွင် အစာအဆိပ်သင့်မှုဖြစ်ပွားပြီးနောက် ချက်ပြီးသား အစားအစာ မလှူရန်နှင့် အလှူပစ္စည်းများကို အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့်လှူဒါန်းရမည်ဟု စစ်ကောင်စီထုတ်ပြန် – AT

ရေဘေးကြောင့် သေဆုံးသူ တဦးကို ကျပ် ၈ သိန်း စစ်ကောင်စီ ထောက်ပံ့မည် – TI

စင်ကာပူစစ်တပ်က လာအို၊ မြန်မာနဲ့ ဗီယက်နမ်ရှိ တိုင်ဖွန်းမုန်တိုင်းဘေးသင့် အသိုင်းအဝိုင်းတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့မယ် – AT

🖥 အခြားထူးခြားသတင်းများ

CDM ဝန်ထမ်းနှင့် နာမည်တူသူများ နိုင်ငံကူးလက်မှတ် လျှောက်ထားမရဘဲ ဝန်ခံချက်နှင့်အတူ လာဘ်ငွေပေးသူများသာ နိုင်ငံကူးလက်မှတ်ရရှိ – KT

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (21 Sep 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ခင်ဦးမြို့နယ်ရှိ မဒေါင်းလှပျူရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်များ စခန်းစွန့်ခွာထွက်ပြေး – DVB

ချင်းတွင်းမြစ်အတွင်း စစ်​ရေယာဥ်အုပ်စုက နိုင်ကျဉ်းအချို့အပါအဝင် အကျဉ်းသား ၁၀၀ကျော်ကို ​ခေါ်​ဆောင်လာ – PS

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

သေဒဏ်ချမှတ်ခံထားရသူများကို ချက်ချင်းပြန်လွှတ်ရန် အာဆီယံအမတ်များတောင်းဆို – DVB

ယူရေးရှား အမျိုးသမီးဖိုရမ်ကို စစ်ခေါင်းဆောင် ဇနီး ဗီဒီယိုမိန့်ခွန်း ပို့ – TI

📊 စီးပွားရေးထူးခြားသတင်းများ

စက်သုံးဆီသွင်းရန် ဒေါ်လာ သန်း ၃၀ ထပ်ရောင်းမည် – DVB

🗑 ကျားဖြန့်

မြဝတီက တရုတ် ငွေလိမ်ဂိုဏ်းလုပ်ငန်းအများအပြားပြောင်းရွှေ့လာတာကြောင့် ဘုရားသုံးဆူမှာ အိမ်စျေး အဆမတန်မြင့်တက် – RFA

🔴 သဘာဝဘေး

စစ်ခေါင်းဆောင်က ရေဘေးသင့်ဒေသများကို ဘုရားဆင်းတုများလှူဒါန်းမည် – DVB

ကမ္ဘာကြီးနှင့် ရေဘေး ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ ၏ အသိအမှတ်ပြုမှုနှင့် တရားဝင် အစိုးရ ဖြစ်မှုကို သက်သေထူကြရန် အကြမ်းဖက် မင်းအောင်လှိုင်ညွှန်ကြား – KT

🖥 အခြားထူးခြားသတင်းများ

လေဆိပ်တွင် အိုင်ဖုန်း သယ်ဆောင်လာသူများအား အခွန်အဖြစ် ကျပ် ၉၀၀,၀၀၀ ကောက်ခံ – MZM

#rangoonscoutnetwork
Please open Telegram to view this post
VIEW IN TELEGRAM