MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from MPANews
ဘန်ကောက်တွင် မြန်မာအပါအဝင် လိင်လုပ်သားများ ရိုက်နှက်စော်ကားခံရသည်ကို ရဲ မတိုင်ရဲကြ

3 Jun 2024 By MPA

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြန်မာအပါအဝင် လိင်လုပ်သားများသည် ပြည့်တန်ဆာမှုဖြင့် တရားစွဲခံရမည်ကို ကြောက်သောကြောင့် ရိုက်နှက်စော်ကားခံရသည့်အပေါ် ရဲမတိုင်ရဲကြကြောင်း Bangkok Post သတင်း၌ ဖော်ပြသည်။

ထိုင်းနိုင်ငံ၏ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ ပြည့်တန်ဆာအလုပ်ဖြင့် ၀င်ငွေရှာနေသည့် အသက် ၁၆ နှစ်အထက် မည်သူမဆို ထောင်ဒဏ် ခုနှစ်နှစ်မှ နှစ် ၂၀ အထိနှင့် ဒဏ်ငွေ ဘတ် ၁၄၀၀၀ မှ ဘတ် ၄၀၀၀၀ အထိ ချမှတ်ခံရမည်ဖြစ်ပြီး အခြားသူများကို ပြည့်တန်ဆာလုပ်ကိုင်ရန် အတင်းအကျပ် ခိုင်းစေသူများသည်လည်း ထောင်ဒဏ် တစ်သက် ချမှတ်ခံရနိုင်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yp3uykb8
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from RFA Burmese
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီ ကျောင်းတွေမှာ ကျောင်းအပ်နှံသူ ရှစ်သောင်းခန့် လျော့ကျ
Forwarded from Myanmar Now
ထိုင်းတွင် ကွန်ဒိုဝယ်ယူမှုဖြင့် လူ ၅ ဦးကို စစ်ကောင်စီဖမ်းဆီး
- ပြည်ပနိုင်ငံများမှ တိုက်ခန်းများကို ရောင်းသူများသာမက ဝယ်ယူသူများကိုပါ ဖမ်းမည်ဟုကြေညာ
- ပြည်ပတွင်ဘဏ်စာရင်းဖွင့်ထားသူများကိုပါ ဖမ်းမည်ဟုခြိမ်းခြောက်
Myanmar Now
ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူမှုဖြင့် မြန်မာနိုင်ငံမှ တိုက်ခန်းရောင်းချပေးသူ နှစ်ဦးနှင့် ဝယ်ယူသူသုံးဦးတို့ကို ဖမ်းဆီးကြောင်း စစ်ကောင်စီက ယနေ့ည မြန်မာစံတော်ချိန် ၈ နာရီသတင်းတွင် ကြေညာခဲ့သည်။
ထို့ပြင် ထိုင်းအပါအဝင် ပြည်ပနိုင်ငံများတွင် တိုက်ခန်းဝယ်ယူသူများကို ဆက်လက်ဖမ်းဆီးမည်ဟုလည်း စစ်ကောင်စီကြေညာခဲ့သည်။
https://www.facebook.com/myanmarnownews/posts/pfbid027s1156nsQRi2HjNEZsEwqxf69i7Ptic6EcmSKEkAs5CTptqmBg5SFLc59qFpUWtul
Forwarded from The Irrawaddy - Burmese
တရုတ်ဝယ်လက် မရှိသလောက်ဖြစ်ပြီး ဈေးကွက်ပျက်နေကာ အရောင်းအဝယ်များ ရပ်တန့်နေသော် လည်း နေပြည် တော် ကျောက်မျက်ပွဲများတွင်မူ လက်ရှိ ကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းများကြောင့် ငွေသားကိုင် မထား လိုသည့် လုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများက သိုလှောင်ရန် အများဆုံး ဝယ်ယူနေကြောင်း
Website တွင် ဖတ်ရန် https://bit.ly/455lBNP
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from Infinity Group
MSI - MYANMAR SOCIETY INFORMATIONS
Photo
ကန့်ဘလူ၊ကျွန်းလှ၊တန့်ဆည် စစ်​ရေးအ​ခြေအ​နေဘယ်လိုရှိ​နေလဲ

ဇွန် ၄ ၊ ၂၀၂၄

အကြမ်းဖက်စစ်တပ်နဲ့သူတို့လက်​အောက်ခံပျူ​စောထီး​တွေဟာ ၂၀၂၄ ခုနှစ် ဧပြီလက​နေစပြီး​တော့ ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့နယ်​တွေထဲက စစ်​ရေးအရအ​ရေးပါပြီး အချက်အခြာကျ​တဲ့ နေရာတချို့ကို အထိုင်ချတပ်စွဲလာတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်​ရေပိုလွှဲ ၁၂ ​ပေါက်အနီးဘုရားကုန်း၊တန့်ဆည်မြို့နယ်နဲ့ကန့်ဘလူမြိူ့နယ်အစပ်က သဲကုန်းရွာ အဲ့ဒီ​နေရာ ၂ ခုကို စစ်​ကောင်စီနဲ့ပျူ​စောထီးပူး​ပေါင်းအဖွဲ့​တွေက အထိုင်ချတပ်စွဲခဲ့ပါတယ်။

​စစ်​ကောင်စီတပ်ဟာ အထက်က ၂ ​နေရာတပ်စွဲပြီးတစ်လအကြာ မေလ​နောက်ဆုံးအပတ်ထဲမှာ​တော့ ကန့်ဘလူမြို့နယ် ကင်းတပ်ဆည်အနီးက ကင်း​တောင်၊တန့်ဆည်မြို့​ပေါ်က ယခင်လက်လွှတ်ခဲ့ရ​သော မြို့အဝင်အထွက်​နေရာအများစု၊တန့်ဆည်မြို့နယ် ဝါးရငယ်၊ရွာသစ်နဲ့ခနုသည်ရွာ​တွေအနီးကို စစ်​ရေးအရနယ်​မြေတိုးချဲ့အထိုင်ချတပ်စွဲလာတာကို ​တွေ့ရပါတယ်။

ယခုစစ်​ကောင်စီတပ်နဲ့ပျူ​စောထီး​တွေအထိုင်ချတပ်စွဲလာတဲ့​နေရာအများစုဟာ ယခင်က ၄င်းတို့တပ်ဖွဲ့​တွေအထိုင်ချတပ်စွဲထားတဲ့ မြို့၊ပျူ​စောထီးရွာ​တွေနဲ့ စစ်တပ်အထိုင်​စခန်းတွေအနီးမှာဖြစ်တာ​ကြောင့် ပြည်သူ့ကာကွယ်​ရေးတပ်​တွေအ​နေနဲ့ ထိုးစစ်ပြုလုပ်တဲ့အချိန်မှာ ယခင်ကထက် ပိုမိုခက်ခဲလာမယ့်အ​ခြေအ​နေလို့ဆိုနိုင်ပါတယ်။

စစ်​ကောင်စီဟာ ၄င်းတို့အထိုင်ချတပ်စွဲနိုင်ရန် ပြင်ဆင်​နေစဥ်ကာလမှာလည်း ​စစ်​​ကြောင်းထိုးလှုပ်ရှားလျက်ရှိပြီး ​​ကျေးရွာတွင်း​နေအိမ်များသာမက စစ်​ရှောင်တဲများအထိပါ လိုက်လံမီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။ဒါ့အပြင် စစ်​ဘေး​ရှောင်ပြည်သူများကို ပစ်မှတ်ထားကာ ဒရုန်း၊လက်နက်ကြီးများနဲ့ မကြာခဏပစ်ခတ်လာတာကိုလည်း ​တွေ့ရပါတယ်။

အခုလိုစစ်​ကောင်စီတပ်က အထိုင်စခန်း​တွေ ထပ်မံတိုးချဲ့လာတာ​ကြောင့် ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့နယ်​တွေထဲက စစ်တပ်အထိုင်စခန်းနဲ့နီးတဲ့ ​ကျေးရွာ ၁၀ ရွာ​ကျော်က စစ်ရှောင် ၅၀၀၀ နီးပါးဟာလက်ရှိအချိန်ထိထွက်​ပြေးတိမ်း​ရှောင်​နေရပြီး အမြဲတမ်းစစ်​ဘေး​ရှောင်ရ​တော့မယ့်အ​ခြေအ​နေဖြစ်ကာ လယ်ယာစိုက်ပျိုး​ရေးလုပ်ငန်း​တွေပါ စွန့်ပစ်ရမယ့်အ​နေအထား​ကြောင့် စားဝတ်​နေ​ရေးကြပ်တည်းလာနိုင်ပါတယ်။

တခါ အကြမ်းဖက်စစ်​ကောင်စီတပ်ဟာ ကန့်ဘလူနဲ့ကျွန်းလှမြို့နယ်​​တွေထဲကရွာ​တွေကို အမျိုးသား​တွေသာမက အမျိုးသမီး​တွေကိုပါ စစ်မှုထမ်းဖို့ဆိုပြီး မလိုက်မ​နေရပုံစံနဲ့ အတင်းအကြပ်လိုက်လံစည်းရုံး​နေတာ​ကြောင့် ​နေရပ်စွန့်ခွာ​ထွက်​ပြေးတိမ်း​ရှောင်သူ​တွေ ပိုမိုများပြားလာ​နေပါတယ်။

လက်ရှိအချိန်ထိ ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့နယ်​တွေထဲမှာ စစ်​ကောင်စီနဲ့ပျူ​စောထီး​​တွေ ပူး​ပေါင်းအထိုင်ချတပ်စွဲထားတဲ့ စစ်စခန်းနဲ့ပျူ​စောထီးစခန်းကြီးငယ် ၆၀ ​ကျော်အထိရှိ​နေပါတယ်။

ဓါတ်ပုံ–ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့​နယ်​တွေထဲက စစ်စခန်းများအ​ခြေပြ​မြေပုံ

#infinitygroup
သို့/
ဗဟိုကော်မတီ
ကယန်းပြည်သစ်ပါတီ

အကြောင်းအရာ။ ။ နှစ် (၆၀) ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်း အနားသို့ သဝဏ်လွှာပေးပို့ခြင်း။
သို့/
ဗဟိုကော်မတီ
ကယန်းပြည်သစ်ပါတီ

အကြောင်းအရာ။ ။ နှစ် (၆၀) ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်း အနားသို့ သဝဏ်လွှာပေးပို့ခြင်း။

ကလလတ
မင်္ဂလာပွဲလေကြောင်းဗုံးကျဲခံရမှု ကလေးငယ် ၈ ဦးအပါ သေဆုံးသူ ၃၀ အထိ မြင့်တက်လာ

မင်းကင်း၊ ဇွန် ၄၊ ၂၀၂၄ ။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာ မင်္ဂလာဆောင်ကို လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ၈ ဦးအပါအဝင် သေဆုံးသူ ၃၀ အထိ စာရင်းရှိလာပြီလို့ သိရပါတယ်။

သေဆုံးသူတွေအားလုံးဟာ မတောရွာဝန်းကျင် ရွာ ၅ရွာက ပြည်တွေသူဖြစ်တယ်လို့ မတောရွာဒေသခံတဦးက ပြောပါတယ်။

“ ကျနော်တို့က လေယာဉ်သံကြားလို့ ဝပ်ပစ်လိုက်တာ၊ အဲ့တာမို့ လွတ်ခဲ့တာ။ တယောက်ဆို မှန်လို့သေတာ မဟုတ်ဘူး၊ အုန်းပင်ပိလို့ သေတာ၊ အုန်းပင်တွေဆိုအမြစ်ကနေကို ကျွတ်ပြီးလဲတာ။ ဗုံးထိပ်တိုက်ကျတဲ့သူတွေက ခါးပြတ်ကြီးနဲ့ လွင့်သွားတာ။ အော်နေတဲ့သူတွေကတော့ ဒုနဲ့ဒေးပဲ၊ ခြေထောက်ပြတ်တဲ့သူဆို ဒရွတ်တိုက်ဆွဲနေရတာ၊ ကယ်ကြပါဦး ပစ်မထားကြပါနဲ့၊ ခြေထောက်ကြီး ဘာဖြစ်သွားလဲမသိဘူး လုပ်ကြပါဦး။ အော်တဲ့သူတွေရော၊ အော်ငိုတဲ့ကလေးက ငို၊ ပွဲချင်းပြီး သေတဲ့ကလေးကသေ တော်တော်ဆိုးဆိုးပါ "လို့ လေကြောင်းတိုက်ခိုက်မှုကလွတ်မြောက်လာတဲ့ မတောရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

https://www.myaelattathan.org/articles/မင်္ဂလာပွဲလေကြောင်းဗုံးကျဲခံရမှု_ကလေးငယ်_၈ဦးအပါ_သေဆုံးသူ၃၀အထိ_မြင့်တက်လာ
စစ်တွေဗျိုင်းဖြူရွာမှ အပြစ်မဲ့ ပြည်သူများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိစေရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများမှ အရေးယူဆောင်ရွက်ပေးရန် ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသားကွန်ရက်တောင်းဆို

AB News-ဇွန် ၄၊ ၂၀၂၄
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
ရန်ကုန်မှတ်တမ်း (ဇွန် ၃ - ၄၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
ဇွန်လ ၄ ရက်နေ့ညက ရန်ကုန်၌ ဗုံးပေါက်ကွဲမှု အနည်းဆုံး ၃ ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ ည ၇ နာရီ ၄၀ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်ရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး NOKA UG တပ်ဖွဲ့မှ ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ည ၉ နာရီခန့်ကလည်း မင်္ဂလာဒုံမြို့နယ်တွင်း ဗုံးပေါက်ကွဲသံထပ်ကြားရကြောင်း သတင်းရရှိပြီး စစ်တပ်ပိုင် MEC နို့ချက်စက်ရုံ၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ကနဦးသိရှိရသည်။ ထို့ပြင် ရွှေပြည်သာမြို့နယ်တွင်း၌ ည ၁၀ နာရီ ၂၂ မိနစ်ခန့်က ဗုံးပေါက်ကွဲသံ ထပ်မံကြားလိုက်ရပြီး ၎င်းအသံမှာ ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်ရုံး၌ ပေါက်ကွဲခဲ့ခြင်းကြောင့် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ကနဦးသိရပြီး ထိခိုက်မှုတချို့ရှိနိုင်ကြောင်းလည်း သတင်းရရှိသည်။

မှော်ဘီမြို့နယ်၊ ၉၁ ဂိတ်အနီးဝန်းကျင်မှလည်း ဇွန်လ ၄ ရက်နေ့ ည ၇ နာရီခန့်မှစ၍ ည ၉ နာရီခွဲကျော်သည်အထိ လက်နက်ပစ်ခတ်သံဟုယူဆရသည့် ကျယ်လောင်သည့်အသံများ ဆက်တိုက်ကြားရကြောင်း သတင်းရရှိပြီး ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်သည်။

ဇွန်လ ၄ ရက်နေ့တွင်ပင် ရန်ကုန်မြို့တစ်နေရာ၌ ဗကသများအဖွဲ့ချုပ်၊ တာမွေသပိတ်ကော်မတီ၊ လူ့ဘောင်သစ်လူငယ်၊ MDF၊ KMD18၊ လင်းရောင်နီ (လူငယ်အဖွဲ့အစည်း) နှင့် Owl Community အဖွဲ့တို့ ပူးပေါင်း၍ "မတရားစစ်မှုထမ်းဥပဒေကို လူထုအားနှင့် ဆန့်ကျင်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ ဆန္ဒထုတ်ဖော် လှုံ့ဆော် လှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်း၌ တရားမဝင်ရောင်းချနေ၍ဟုဆိုကာ ပုဇွန်တောင်မြို့နယ်၊ ၅၁ လမ်းအထက်ရှိ Minn Thu ကုမ္ပဏီမှ တာဝန်ရှိသူ ၁ ဦးနှင့် တိုက်ခန်းဝယ်ယူထားသူ ၃ ဦးတို့ကို ဖမ်းဆီးလိုက်ပြီး Minn Thu ကုမ္ပဏီမှ အထွေထွေမန်နေဂျာမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဇွန်လ ၃ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီမှ ဖမ်းဆီး၊ ဝရမ်းထုတ်ထားသည့် နိုင်ငံခြားငွေ ဝယ်ရောင်းပွဲစား ၂၅ ဦးတို့အနက် လက်ရှိ ငွေလဲလုပ်ငန်း မလုပ်ကိုင်နေတော့သူများကိုပါ ကျော်စော၍ဆိုကာ ရမ်းသမ်းဖမ်းဆီးထားကြောင်း Khit Thit မှ သိရှိရသည်။

နာမည်ကြီး ရွှေလုပ်ငန်းရှင်များ ဖမ်းဆီးခံရပြီးနောက် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေ ရည်ညွှန်းဈေးကို ၁ ရက်အတွင်း ကျပ် ၇ သိန်းကျော် တင်လိုက်ကြောင်း Ayeyarwaddy Times မှ သိရှိရသည်။ ယခင် ၄၁ သိန်းဝန်းကျင် သတ်မှတ်ထားရာမှ ဇွန်လ ၄ ရက်နေ့တွင် ၄၈ သိန်း ၇ သောင်းဝန်းကျင်ထိ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ရန်ကုန်နှင့် မန္တလေး ရွှေဈေးကွက်တွင် မီးလင်းရွှေ အရောင်းအဝယ် လုံးဝရပ်ဆိုင်းသွားပြီး ရွှေဆိုင်အများစုတွင် အခေါက်ရွှေနှင့် ဖြတ်စများ မရောင်းဟု စာသားများ ကပ်ထားကြောင်းလည်း Khit thit မှ သိရှိရသည်။

ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် ရန်ကုန်ရှိ စာသင်ကျောင်း စုစုပေါင်း ၂၇၅၄ ကျောင်းတို့၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀ သိန်းကျော် တက်ရောက်နေကြောင်း စစ်ကောင်စီ လော်ဘီမီီဒယာများမှ ဖော်ပြထားကြသည်။

NLD ပါတီ နာယက သူရဦးတင်ဦး၏ ဈာပနအခမ်းအနားကို ဇွန်လ ၅ ရက်နေ့ နေ့လည် ၂ နာရီတွင် ရေဝေးသုသာန်၌ ကျင်းပမည်ဖြစ်ပြီး ယခင် ကွယ်လွန်ခဲ့ပြီးသော NLD ပါတီ နာယက ဟံသာဝတီဦးဝင်းတင်၏ အုတ်ဂူနှင့် တစ်တန်းတည်းထား၍ ဂူသွင်းသင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ သူရဦးတင်ဦး၏ နာရေးသို့ ဒေါ်အောင်ဆန်းစုကြည်အမည်နှင့် လွမ်းသူပန်းခြင်းတစ်ခု စစ်ကောင်စီမှ ပို့ဆောင်ပေးထားကြောင်း သိရပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း လွမ်းသူပန်းခြင်းနှင့် သင်္ကန်းတစ်စုံပေးပို့ခဲ့ကြောင်း RFA မှ သိရှိရသည်။

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (04 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


နယ်ခြားစောင့်စခန်း ၂ ခု AA သိမ်းပိုက်ပြီး နခခ ၆ ကို ထိုးစစ်ဆင်၊ ဗျိုင်းဖြူရွာဖြစ်စဉ်တွင် သေဆုံး သူ ၇၆ ဦးရှိလာ – DVB

ငပလီမြို့ ၃ မိုင်အကွာ AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန် – KT

အာရှလမ်းအနီးတဝိုက် စစ်တပ်နှင့် KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား – DVB

စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်း ၁ လကျော်ကြာသည်အထိ မြဝတီသို့မရောက်နိုင်သေး – MN

မင်းကင်းမှာ မင်္ဂလာဆောင် ဗုံးကြဲခံရလို့ လူနှစ်ဆယ်ကျော်သေဆုံး – RFA

နေပြည်တော်တိုင်းမှူးနှင့် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များကို အရန်အင်အားပို့ထားပြီး စကခမှူးများကို အခြေချစစ်ဗျူဟာများသို့ ပို့ဆောင် – AT

စစ်ကောင်စီက ဒုတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ လက်ထောက်စစ်ထောက်ချုပ်နှင့် တွဲဖက်စစ်ရေးချုပ်ရာထူးနေရာများတွင် မျက်နှာသစ် ဗိုလ်ချုပ်များဖြင့် ရာထူးတိုးပေး အစားထိုး – KT

အမျိုးသမီးများကို စစ်မှုထမ်းအပတ်စဥ် ၅ တွင် ခေါ်ယူရန် စစ်ကောင်စီ ညွှန်ကြား – DVB

ဘူးသီးတောင်မြို့သိမ်း တိုက်ပွဲကာလမတိုင်မီက မီးရှို့ခံရသည့် နေအိမ် ၂,၀၀၀ ကျော်ရှိသည်ဟု AA စစ်ဦးစီးချုပ် ပြော – MZM

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီတပ်က အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုအပေါ် NUGက ပြင်းထန်စွာရှုတ်ချလိုက်ပြီး တရားမျှတမှု ရရှိရေး ကြိုးပမ်းဆောင်ရွက်မည် – KT

📰 နိုင်ငံရေးထူးခြားသတင်းများ

ရှမ်းမြောက်တွင် KIA နှင့် ပြဿနာကြီးထွားလာမှု ကြားဝင်​ဖြေရှင်း​ပေးရန် FPNCC ထံ TNLA ​တောင်းဆို – MZM

ရှမ်းပြည်မြောက်ပိုင်းမှာ TNLA နဲ့SSPP/SSA နယ်မြေ အငြင်းပွားမှု ဖြစ်ပွား – MZM

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြောက်ကိုရီးယားနှင့်အီရန်နိုင်ငံကဲ့သို့ အဆုံးစွန် ဘဏ္ဍာရေးဆိုင်ရာများ ပိတ်ဆို့အရေးယူရေး လာမည့် စင်ကာပူ အစည်းအဝေးတွင် ဆုံးဖြတ်ရန် ရှိနေ – KT

📰 စီးပွားရေးထူးခြားသတင်းများ

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက ရွှေဈေးကို ၁ ရက်အတွင်း ကျပ် ၇ သိန်းကျော်အထိ ဆွဲတင် – AT

မြန်မာ့ရွှေစျေးကွက်တွင် မီးလင်းရွှေ အရောင်းအဝယ် လုံး၀ ရပ်ဆိုင်းသွားပြီး ရွှေဆိုင်အများစု အခေါက်ရွှေနှင့် ဖြတ်စ မရောင်းဟု စာကပ်ထားကြ – KT

ပြည်ပမှ သွင်းကုန်များတင်သွင်းမှုကို စစ်​ကာင်စီ ကန့်သတ်​လျှော့ချ။ ကန့်သတ်ပိတ်ပင်ခံရ​​သောသွင်းကုန်ပစ္စည်းများ​ရှားပါး​ဈေးကြီးလာနိုင်ဟုလုပ်ငန်းရှင်အချို့​ပြော – PS

စစ်အသုံးစရိတ် စံချိန်တင်မြင့်တက်၊ ကျပ်ငွေ တန်ဖိုး ၂၅ ရာခိုင်နှုန်းအထိ ကျဆင်း – DVB

အမေရိကန် ထိန်းသိမ်းထားသည့် မြန်မာပိုင် ကန်ဒေါ်လာ ၁ ဘီလီယံ‌ကျော်မှ အတိုးရရှိရေး NUG ကြိုးပမ်း – MZM

📰 အခြားထူးခြားသတင်းများ

ထိုင်းအိမ်ခြံမြေရောင်းဝယ်ရေးလုပ်နေသူ မြန်မာများကို စစ်ကောင်စီက ဖမ်းနေ၊ ရိုးမဘဏ်သူဌေး ဦးသိမ်းဝေလည်း ဖမ်းခံရဟု ကောလာဟလထွက် – MN

စစ်ကောင်စီက ဖမ်းဆီး ၊ ၀ရမ်းထုတ်ထားသော နိုင်ငံခြားငွေဝယ်ရောင်း ပွဲစား ၂၅ ဦးတွင် ငွေလဲလုပ်ငန်း မလုပ်ကိုင်တော့သူများကိုပါ ကျော်စောဖြင့် ရမ်းသမ်း ဖမ်းဆီးထား – KT

စာရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ်အား မဖြစ်မနေသင်ရန် စစ်ကောင်စီ အမိန့်ထုတ် – DVB

မြန်မာနိုင်ငံတွင် VPN ဖြင့် Facebook အသုံးပြုမှုကို မေလ ၃၀ ရက်နေ့မှစတင် ပိတ်ပင်လိုက်ပြီး စီမံချက်ကို ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဦးဆောင်ကာ ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက် ၊ Mascots ကုမ္ပဏီမှ ဒေါက်တာဝင်းကျော်နှင့် တရုတ်နည်းပညာရှင်အဖွဲ့က ပူးပေါင်းဆောင်ရွက် – KT

စစ်ကောင်စီ၏ Facebook အစားထိုး My Space Myanmar ကို ဆန့်ကျင်မှု အောင်မြင် – DVB

#rangoonscoutnetwork
မင်းတုန်းမှာ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၃၀ နီးပါး ပေါ်တာဆွဲခံရ

မင်းတုန်း၊ ဇွန် ၅၊ ၂၀၂၄။

မကွေးတိုင်း၊ မင်းတုန်းမြို့ပေါ်နဲ့ ကျေးရွာတချို့မှာ စစ်ကောင်စီက ပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးကာ ပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၄ ရက် မနေ့ မနက် ၈ နာရီဝန်းကျင်ကစပြီး ပုသိမ်-မုံရွာလမ်းမပေါ်မှာရှိတဲ့ မင်းတုန်း ၅ မိုင်ဂိတ်၊ အမှတ်၁ ရပ်ကွက်၊ အမှတ်၂ ရပ်ကွက်၊ မဲဇလီရွာ၊ အင်းလည်ကုန်း၊ တောင်မြင့်စတဲ့ ရွာတွေမှာ မတရား ဖမ်းဆီးမှုတွေ လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဂိတ်တွေကနေလည်း စောင့်ဖမ်းတယ်၊ ရွာတွေထဲ ဝင်ဖမ်းတာတွေလည်း ရှိတယ်၊ သူတို့ဆွဲတဲ့ချိန် ရွာသူရွာသားတွေက ပုန်းရှောင်နေရတဲ့အဆင့်ထိ ရောက်တယ်၊ ပေါ်တာဆွဲတဲ့အနေထားက တော်တော်ဆိုးပါတယ်၊ မြို့ပေါ် ရပ်ကွက်က အယောက် ၃၀ လောက်ပါတယ်၊ အမျိုးသမီးတွေကိုပါ ဆွဲတာ။” လို့ မင်းတုန်းဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/မင်းတုန်းမှာ_အမျိုးသမီးတွေအပါအဝင်_ပြည်သူ၃၀နီးပါးပေါ်တာဆွဲခံရ