MSI - MYANMAR SOCIETY INFORMATIONS
27.1K subscribers
89.7K photos
3.43K videos
140 files
16.8K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from Infinity Group
တန့်ဆည်နယ် စစ်​ရေးသတိပြုပါ

​ဖေ​ဖော်ဝါရီ ၂၀ ၊ ၂၀၂၄

ကန့်ဘလူ–တန့်ဆည်အစပ် မူးမြစ်တဖက်ကမ်း ကန့်ဘလူနယ်အခြမ်းတွင် ယ​နေ့ည​နေပိုင်း စစ်​ကောင်စီနှင့်ပျူ​စောထီးများအင်အားစုစည်းကာ စစ်​ရေးလှုပ်ရှားလာခြင်း။

တန့်ဆည်–​ရေဦးအစပ်ရှိ စစ်​ကောင်စီစစ်​ကြောင်း ၁ ခု တန့်ဆည်နယ် ​ချောင်းရိုးရွာ၌တပ်စွဲ​နေခြင်း။

ယ​နေ့ည ၉း၀၀ ဝန်းကျင်အချိန်ခန့်မှစ၍ ၁ နာရီအထက်ကြာမြင့်စွာ Y12 ​​လေယာဥ် ၁ စီး တန့်ဆည်မြို့နယ်အတွင်းသာ ဝဲပျံ​နေခြင်း။

ပြီးခဲ့သည့် ရက်ပိုင်းများက တန့်ဆည်နယ်အ​နောက်ခြမ်းသို့ ​လေ​ကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်ထားခြင်း။

အဆိုပါအချက်များ​ကြောင့် တန့်ဆည်မြို့နယ်တွင်းပြည်သူများ စစ်​ရေးသတိပြုရမည့်အချိန်ကာလဖြစ်ပါသည်။

#infinitygroup
Forwarded from Infinity Group
MSI - MYANMAR SOCIETY INFORMATIONS
Photo
တန့်ဆည်မြို့နယ်တွင်း စစ်​ရေးအ​ခြေအ​နေ

​ဖေ​ဖော်ဝါရီ ၂၁ ၊ ၂၀၂၄

တန့်ဆည်မြို့နယ်အ​နောက်ခြမ်း ကံထူးမစံပြရွာရှိ စစ်​ကောင်စီလက်​အောက်ခံရဲစခန်းအား ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက ယ​နေ့မနက်အ​စောပိုင်း ၂း၀၀ နာရီအချိန်ခန့်မှစတင်ကာ စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု သိရသည်။

အထိနာ​သော စစ်​ကောင်စီတပ်သည် တန့်ဆည်မြို့နယ် ကံထူးမစံပြရွာအနီးသို့ ​လေ​ကြောင်းတိုက်ခိုက်မှုအကြိမ်​ရေများစွာပြုလုပ်ခဲ့ကာ တိုက်ပွဲဧရိယာမဟုတ်​သော ​ကျေးရွာများကိုပါ ​လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း​ကြောင့် အရပ်သားပြည်သူအချို့ ထိခိုက်​သေဆုံးမှုရှိသည်ဟု ကနဦးသိရသည်။

စစ်​ကောင်စီသည် တန့်ဆည်မြို့နယ်အား ​ဖေ​ဖော်ဝါရီလ ၂၁ ရက် ယ​နေ့မနက်အ​စောပိုင်း ၄း၃၀ ဝန်းကျင်အချိန်ခန့်မှစတင်ကာ ည​နေပိုင်း ၃း၀၀ ဝန်းကျင်အချိန်ထိ FTC 2000 နှင့် A5 အမျိုးအစား ဂျက်တိုက်​လေယာဥ်များဖြင့် ၁၇ ကြိမ် ၊ Mi 35 တိုက်ခိုက်​ရေးရဟတ်ယာဥ်ဖြင့် ၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တဖန် ​ရေဦး–တန့်ဆည်အစပ်​ကျေးရွာများသို့ စစ်​ကြောင်းထိုး​နေ​သော အကြမ်းဖက်စစ်​ကောင်စီ၏ စစ်​ကြောင်း ၁ ​ကြောင်းသည် ယ​နေ့ည​နေပိုင်းတွင် ကံထူးမစံပြရွာသို့ ​ရောက်ရှိ​နေပြီဖြစ်ကာ ကန့်ဘလူမြို့နယ်ဘက်မှကူးလာ​သော စစ်​ကောင်စီနှင့်ပျူ​စောထီးပူး​ပေါင်းစစ်​ကြောင်း ၁ ​ကြောင်းသည်လည်း တန့်ဆည်မြို့​ပေါ်သို့ ယ​နေ့မနက်ပိုင်းက ​ရောက်ရှိ​နေပြီဖြစ်သည်ဟု သိရသည်။

တန့်ဆည်မြို့နယ်တွင်းလက်ရှိ​ဖြစ်​ပွား​နေ​သောစစ်​ရေးအ​ခြေအ​နေများ​ကြောင့် ​မြို့နယ်အ​နောက်ခြမ်းရှိ ​ကျေးရွာများမှ ​ဒေသခံပြည်သူများမှာ ​​လေ​ကြောင်းအန္တရာယ်၊စစ်​ကြောင်းအန္တရာယ်​များကြောင့် ​နေရပ်စွန့်ခွာ ထွက်​ပြေးတိမ်း​ရှောင်​နေရ​ကြောင်း သိရသည်။

ဓါတ်ပုံ(Infinity Group)–ယ​နေ့ ​တန့်ဆည်မြို့နယ်အတွင်း ​လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်​နေ​သော Mi 35 တိုက်ခိုက်​ရေး ရဟတ်ယာဥ်၊တန့်ဆည်မြို့နယ်စစ်​ရှောင်မြင်ကွင်း

#infinitygroup
Forwarded from Infinity Group
MSI - MYANMAR SOCIETY INFORMATIONS
Photo
ကံထူးမရဲစခန်းသိမ်းပီးနောက် တန့်ဆည်မှာဘာတွေဖြစ်နေလဲ

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၄

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မနက်အစောပိုင်း ကံထူးမစံပြရွာရှိ စစ်တပ်လက်အောက်ခံရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနေ့ချင်းပင် စစ်ကောင်စီသည် တန့်ဆည်မြို့နယ်အနောက်ခြမ်းအား စစ်ကြောင်း ၂ ကြောင်း အသုံးပြုကာ စစ်​ရေးလှုပ်ရှားလိုက်သည်။

ရေဦးမြို့နယ်အား စစ်ကြောင်းထိုးနေသော စစ်ကောင်စီ၏ အင်အား ၈၀ ခန့်ပါ ခမရ ၇၀၈ နှင့် ခလရ ၁၁ ပူးပေါင်းစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်း၌ ကံထူးမစံပြရွာသို့ ရောက်ရှိလာကာ ကန့်ဘလူမြို့နယ်မြောက်ခြမ်းအား စစ်ကြောင်းထိုးခဲ့သော အင်အား ၁၃၀ ခန့်ပါ ခမရ ၃၆၁ နှင့် ပျူစောထီးစစ်ကြောင်းသည်လည်း တန့်ဆည်မြို့ပေါ်သို့ ၂၁ ရက်နေ့ မနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညပိုင်းတွင် ကံထူးမစံပြရွာသို့ စစ်ကူရောက်ရှိနေသော ခမရ ၇၀၈ နှင့် ခလရ ၁၁ ပူးပေါင်းစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တဖန်ပြန်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ၂၃ ရက်နေ့မနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကံထူးမရွာဘက်မှထွက်ခွာလာသော ခမရ ၇၀၈ နှင့် ခလရ ၁၁ ပူးပေါင်းစစ်ကြောင်း၊တန့်ဆည်မြို့မှထွက်ခွာလာသော ခမရ ၃၆၁ ပူးပေါင်း စစ်ကြောင်းတို့နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပဲခင်းကြီးရွာအနီးတွင် နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှစတင်ကာ တန့်ဆည်-ကံထူးမကားလမ်းပိုင်းအား စစ်ကောင်စီတပ်များက အသာစီးရယူပြီးနောက် ကားလမ်းအနီးရှိကျေးရွာများကို စစ်ကြောင်းထိုးမွှေနှောက်လျက်ရှိရာ ကံထူးမ၊သပြေရင်း၊ကော်တက်၊ဖိုနုတ်၊ပဲခင်းကြီး အစရှိသည့်ကျေးရွာများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးထားသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စစ်ကောင်စီသည် တန့်ဆည်မြို့ပေါ်ရှိ ဘောလုံးကွင်းထဲသို့ လက်နက်ခဲယမ်းများပါသော အထုပ် ၂၄ ထုပ်အား Y8 ထောက်ပို့လေယာဥ် ၁ စီးဖြင့် ပို့ဆောင်ခဲ့ကာ ကံထူးမစံပြရွာဘက်သို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစတင်ကာ လက်နက်ခဲယမ်းများအား ခြေလျင်စစ်ကြောင်းများဖြင့် ပို့ဆောင်လျက်ရှိသည်။

စစ်ကောင်စီသည် တန့်ဆည်-ကံထူးမကားလမ်းအနီးရှိ ဝါးရငယ်၊မှန်ချိုင်၊မှန်ရင်း၊အင်တံခါး၊သာယာကုန်း၊ရွာသစ်၊ရွှေကြာတန်း၊ကုန်းရိုး၊သပြေရင်း၊ခရမ်းခြံ၊ပဲခင်းကြီး၊ဖိုနုတ်၊ကော်တက်၊လက်ဆည်၊ပေကုန်း၊မရမ်းမိ၊သရက်ခါး အစရှိသည့်ကျေးရွာများအား အခြေပြုကာ စစ်ရေးလှုပ်ရှားလျက်ရှိသည်။

အခြေပြုကာ စစ်ရေးလှုပ်ရှားလျက်ရှိတယ်ဆိုသည်မှာ စစ်ကောင်စီသည် ၄င်းတို့လွယ်ကူစွာ တနေရာနှင့်တနေရာ လှုပ်ရှားသွားလာနိုင်ရန်အတွက် ကင်းပုန်းဝပ်ခြင်း၊လှည့်ကင်းများထားရှိခြင်းကို ဆိုလိုသည့်အတွက် အဆိုပါကျေးရွာများအနီးရှိဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုရမည့်အခြေအနေဖြစ်သည်။လက်ရှိအချိန်ထိ စစ်ကောင်စီစစ်ကြောင်းများနှင့်တွေ့ကာ တန့်ဆည်ဒေသခံ ၂ ဦး သတ်ဖြတ်ခံထားရသည်။

လက်ရှိစစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုအခြေအနေအရ တန့်ဆည်-ကံထူးမလမ်းပိုင်းအနီး စစ်ကောင်စီတပ်များလှုပ်ရှားသည့်ကျေးရွာများအပါအဝင် နီးစပ်ရာကျေးရွာအများစု ရက်ရှည်စစ်ဘေးရှောင်ရမည့်အခြေအနေဖြစ်ကာ စစ်ရှောင်များအတွက် စားနပ်ရိက္ခာအခက်အခဲကြုံတွေ့လာနိုင်ပါသည်။

ဓာတ်ပုံ(Infinity Group)-တန့်ဆည်မြို့နယ် ကံထူးမစံပြရွာအား ဖေဖော်ဝါရီ ၂၄ ရက် နှင့် ဖိုနုတ်ရွာအား ၂၆ ရက်ညနေပိုင်း၌ စစ်တပ်ကမီးရှို့နေစဥ်၊စစ်ဘေးရှောင်နေသော တန့်ဆည်ဒေသခံများ

#infinitygroup
Forwarded from Infinity Group
ကောလင်းကိုလှူချင်ရင် QR လေးတွေဖတ်ပီး လှူပါ

ဖေဖော်ဝါရီ ၂၉ ၊ ၂၀၂၄

အခုဆိုရင် ကောလင်းမြို့ဟာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံရတာကြောင့် မြို့ပျက်ကြီးဖြစ်သွားပါပီ။မြို့ပျက်ကြီးဖြစ်သွားတာအပြင် မြို့ထဲကနေ မြို့ပြင်ထွက်စစ်ရှောင်နေရတဲ့ ပြည်သူတွေအတွက် အခက်အခဲတွေက တရက်ထက်တရက်ပိုများလာတယ်။

ကောလင်းမြို့ကစစ်ရှောင်တွေကို ကူချင်ရင် ဒီအကောင့်လေးတွေထဲ လှူပေးလို့ရပါတယ်ဗျ။မြေပြင်မရောက်မှာမပူပါနဲ့။တကယ်ကူနေတဲ့ " ပြည်သူမှ ပြည်သူသို့ ကောလင်း " ဆိုတဲ့ ကောလင်းအခြေစိုက် စစ်ရှောင်ကူညီရေးအဖွဲ့ပါ။

#infinitygroup
Forwarded from Infinity Group
MSI - MYANMAR SOCIETY INFORMATIONS
Photo
ကန့်ဘလူနယ်မှာ မွတ်စ်လင်ဘာသာဝင်တွေကိုလည်း ပျူစောထီးသင်တန်းပေးပီ

မတ် ၁၃၊၂၀၂၄

စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီးနောက် ၁ လအကြာ၌ စစ်ကောင်စီသည် ကန့်ဘလူမြို့နယ်တွင်းမှ မွတ်စ်လင်ဘာသာဝင်များကိုပါ ပျူစောထီးသင်တန်းတက်ခိုင်းနေပြီဖြစ်ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်များမှတဆင့်သိရသည်။

ယခင်က မွတ်စ်လင်ဘာသာဝင်များအား ပျူစောထီးများကောက်ခံသည့် အခကြေးငွေများကို ရပ်ထဲရွာထဲမှ အများနည်းတူပေးဆောင်စေခြင်း၊လက်နက်မဲ့ကင်းစောင့်ခြင်းများကို စေခိုင်းခဲ့ကာ ပျူစောထီးသင်တန်းတက်ဖို့ရန်ပင် ခေါ်ယူခဲ့ခြင်းမရှိပေ။

မွတ်စ်လင်ဘာသာဝင်များအား ပျူစောထီးသင်တန်းတက်ခိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ " အခုဟုတ်တယ် ကုလား(မွတ်စ်လင်ဘာသာဝင်)တွေကော ကန့်ဘလူ ၆၀၀၆ မှာ သင်တန်းပေးနေပီ။လူကအရမ်းရှားသွားပီဆိုတော့ မဲနှိုက်လို့ပေါက်ရင် ဘယ်သူမဆိုတက်ရမယ်။အရင်ကလို ဘယ်သူမှအချောင်နေလို့ မရတော့ဘူး။ " လို့ ပျူစောထီးသတင်းရင်းမြစ်က Infinity Group သို့ပြောသည်။

ကန့်ဘလူမြို့နယ်တွင် စစ်တပ်အာဏာသိမ်းယူသည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထဲတွင် အမျိုးဘာသာအစွန်းရောက်ဘုန်းကြီး ဝါသဝဦးဆောင်ကာ မွတ်စ်လင်ဘာသာဝင်အများဆုံးနေထိုင်သည့် မှော်တော်ရွာ၌ ပျူစောထီးသင်တန်းများစတင်ပေးခဲ့သော်လည်း စစ်တပ်ထောက်ခံသူနှင့်မဘသအစွန်းရောက်များကိုသာ သင်တန်းတက်စေခဲ့သည်။

စစ်ကောင်စီသည် နိုင်ငံတဝှမ်းရှိ အရွယ်ရောက်ပြီးသူ အမျိုးသား၊အမျိုးသမီးများအား စစ်မှုထမ်းဆောင်ရန်ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်ပြီးနောက် ယခုလထဲ၌ ကန့်ဘလူမြို့နယ်တွင်းရှိ မွတ်စ်လင်ဘာသာဝင်များအား ပထမဆုံးအကြိမ် ပျူစောထီးသင်တန်းပေးလာခြင်းဖြစ်သည်။

လက်ရှိတွင် ကန့်ဘလူမြို့နယ်၌ ပျူစောထီးသင်တန်းတက်နေသည့် မွတ်စ်လင်ဦးရေမည်မျှရှိသည်ကို မသိရသေးပါ။

ဓာတ်ပုံ(စစ်တပ်လော်ဘီချန်နယ်လ်)-၂၀၂၄ ခုနှစ် မတ်လ ၂ ရက်နေ့က ကန့်ဘလူမြို့နယ်တွင်း၌ပြုလုပ်သော ပျူစောထီးသင်တန်းဆင်းပွဲ

#infinitygroup #ကန့်ဘလူ #မွတ်စ်လင်ဘာသာဝင် #ပျူစောထီး
Forwarded from Infinity Group
မလည်ရွာတိုက်ပွဲနဲ့ပတ်သက်ပီး ဝါသဝဘာပြောလဲ

မေ ၈ ၊ ၂၀၂၄

ဒီနေ့ညမှာပဲ အရေခြုံဝါသဝက စစ်တပ်လော်ဘီချန်နယ်လ်ကနေ မလည်ရွာတိုက်ပွဲအကြောင်းနဲ့ပတ်သက်ပီး ပြောသွားတာတွေ့ရပါတယ်။သူပြောတဲ့အကြောင်းအရာတွေထဲမှာ တစွန်းတစလောက်ရတဲ့ အချက်အလက်တခုတလေနဲ့ ပြည်သူကို ဝေဝါးအောင်လုပ်သွားတာတွေ့ရပါတယ်။

တစ်အချက်အနေနဲ့ မလည်ရွာစခမ်းသိမ်းတိုက်ပွဲမှာ PDF အယောက် ၅၀ ကျတယ်၊တပ်ခွဲမှူး ကိုမုတ်ဆိတ်ကျတယ်လို့ ပြောသွားတယ်။
(တပ်ခွဲမှူး ကိုမုတ်ဆိတ် တိုက်ပွဲတွင်းကျသွားတာ မှန်ပါတယ်။PDF အယောက် ၅၀ ကျတာ လုံးဝမဟုတ်ပါဘူး)

နှစ်အချက် ရင်း ၁ ၊ ရင်း ၄ က ဖြတ်တောက်ရေးလိုလို ဘာလိုလိုနဲ့ ရှောင်သွားတယ်။ရင်း ၂ က တပ်ရင်းမှူး ရဲဝင်းနိုင်နဲ့ ရဲဘော် ၆၀ က ထွက်ပြေးသွားတယ်လို့ဆိုတယ်။
(ဒါလည်း လုံးဝမှားပါတယ်။လေကြောင်းရန်၊လက်နက်ကြီးရန်ကြားကနေ ကန့်ဘလူခရိုင်တပ်ရင်းတွေဟာ ဟန်ချက်ညီညီ ရန်သူ့စခမ်းကို တိုက်ခိုက်ခဲ့တာပါ။)

သုံးအချက်အနေနဲ့ အခါတိုင်း Videoတွေမှာလို PDF တွေကိုဆဲတာလုံးဝမတွေ့ရတဲ့အပြင် " ငါ့ညီကိုတို့ " ဆိုတဲ့စကားလုံးကို မကြာမကြာသုံးသွားပီး " နိုင်ငံရေးဆိုတာရှုပ်ထွေးတယ်၊သူများပါးစပ်တင်လမ်းမဆုံးစေနဲ့ " ဆိုပီး စကားချိုချိုနဲ့ သပ်လျှိုလာတာတွေ့ရတယ်။

အရေးကြီးဆုံးအချက်က " ဆရာတော့်ထံကို အချိန်နဲ့တပြေးညီ သတင်းပေးပို့လာတဲ့ ရင်း ၁၊၂၊၃၊၄ အဖွဲ့က ညီကိုတွေကို ကျေးဇူးတင်တယ် " ဆိုတဲ့ စကားကိုပြောသွားတာ တွေ့ရတယ်။ဒါဟာ တပ်ရင်းတပ်ဖွဲ့တွေအချင်းချင်းကြား၊တပ်ရင်းထဲက ရဲဘော်တွေအချင်းချင်းကြား၊ပြည်သူနဲ့PDFတွေကြားက ယုံကြည်မှုကို ပြိုကွဲအောင်ပြောနေတာဖြစ်ပါတယ်။

မလည်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပီး PDF အယောက် ၅၀ ကျတာမှန်ကန်တယ်ဆို ဝါသဝဟာ တဟီးဟီး တဟားဟားနဲ့ လက်သီးလက်မောင်းတန်းပီး ပြောနေမှာဖြစ်ပါတယ်။အခုတော့ ယုံကြည်မှုပျောက်ဆုံးပီး မျက်နှာက ညှိုးနွမ်းနေတဲ့အပြင် စကားချိုသွေရင်း သပ်လျှိုသွေးခွဲစကားတွေပဲပြောသွားတာဖြစ်ပါတယ်။

ဘာလို့ဒါတွေပြောနေရလဲဆိုရင် တချို့ပြည်သူတွေဟာ လော်ဘီချန်နယ်လ်တွေကတင်ရင် သတင်းအမှန်လို့ ထင်လာတာကတကြောင်း၊တချို့သော မီဒီယာက သတင်းသမားတွေက လော်ဘီချန်နယ်လ်တွေကသတင်းတွေကို ဟုတ်သလားလို့ လာလာမေးတာကတကြောင်းမို့ ပြောပြရခြင်းပါ။

ဓာတ်ပုံ-မကြာခင် ပိန္နဲသီးတဝကြီးစားရတော့မယ့် စိတ်ဓာတ်ကျနေသော ဝါသဝ

#infinitygroup
Forwarded from Infinity Group
ရွှေဘိုမြို့ပေါ်၌ စစ်ကောင်စီတပ်က နေ့စဥ်လူဖမ်းပွဲပြုလုပ်နေကာ ဖမ်းခံရသည့်လူများအား ငွေဖြင့်ရွေးခိုင်သည်ဟုဆို

မေ ၉ ၊ ၂၀၂၄

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်၌ စစ်ကောင်စီတပ်က နေ့စဥ်လူဖမ်းပွဲပြုလုပ်နေကြောင်း သိရသည်။မေလဆန်းပိုင်းမှစတင်ကာ ရွှေဘိုမြို့ပေါ်ရှိ လူသွားလူလာအများဆုံးဖြစ်သည့် လမ်းများ၌ အိမ်စီးကားများအသုံးပြုကာ ရှောင်တခင်စစ်ဆေးသည့်ပုံစံဖြင့် နေ့စဥ်ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသည် လမ်းသွားလမ်းလာပြည်သူများအား တားဆီးကာ ကား၊ဆိုင်ကယ်များအားစစ်ဆေးခြင်း၊ဖုန်းထဲ၌ နှံ့နှံ့စပ်စပ်ရှာဖွေစစ်ဆေးခြင်းများပြုလုပ်သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ လူငယ်တဦးကဆိုသည်။

" အခုက မြို့ထဲမှာတော်တော်ဆိုးလာတယ်။ဆိုင်ကယ်နဲ့ပဲဖြစ်ဖြစ် ကားနဲ့ပဲဖြစ်ဖြစ် အသေစစ်တယ်။ဖုန်းထဲဆိုရင်လဲ ဖေ့စ်ဘုတ် မက်ဆင်ဂျာ ဂယ်လာရီ အကုန်စစ်တယ်။ဖေ့စ်ဘုတ် မသုံးဘူးဆိုရင်လည်း ဘာလို့မသုံးတာလဲဆိုပီး ရစ်တာ။ဖုန်းထဲမှာ နိုင်ငံရေးနဲ့ဆိုင်တဲ့ဟာတွေ့မှမဟုတ်ဘူး ၂ လုံး ၃ လုံး ထိုးထားတဲ့လူလဲ ဖမ်းပီး ငွေညစ်တာ။ " ဟု အဆိုပါလူငယ်က ပြောသည်။

စစ်ကောင်စီသည် ရွှေဘိုမြို့နေပြည်သူများအား ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားကာ နံနက် ၆ နာရီမတိုင်ခင် လှည့်ကင်းပတ်လေ့ရှိပြီး ဈေးခင်းရန် နံနက်စောစောထွက်သည့်ဈေးသည်များကိုလည်း ပစ်မှတ်ထားဖမ်းဆီးကာ ငွေဖြင့်ရွေးခိုင်းလျက်ရှိကြောင်း သိရသည်။

ရွှေဘိုမြို့ပေါ်၌ စစ်တပ်ကလူဖမ်းနေသည့် အခြေအနေနှင့်ပတ်သက်၍ " အခုက တွေ့ရာလူဖမ်းတာပါ။အဓိက,ကတော့ လူငယ်ယောကျ်ားလေးအများစုကို ပစ်မှတ်ထားဖမ်းတာ။ငွေနဲ့ရွေးနိုင်သူရွေးပေါ့။မရွေးနိုင်တဲ့လူလဲ စစ်မှုထမ်းပေါ့။တချက်ခုတ် နှစ်ချက်ပြတ်လုပ်နေတာ။ပြန်ရွေးရတဲ့သူတွေဆိုရင်လဲ အနည်းဆုံး ၅ သိန်းကနေ သိန်း ၂၀ ထိတောင်းတာများတယ်။ " လို့ အခြေအနေသိရှိသူတဦးက ရှင်းပြသည်။

ရွှေဘိုမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်သည့် တော်လှန်ရေးအင်အားစုများ အားကောင်းသည့်အပြင် မြို့တွင်းရှိစစ်ကောင်စီတပ်ဆွဲထားရာနေရာများအား တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏ ပြောက်ကြားဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

#infinitygroup
Forwarded from Infinity Group
ကန့်ဘလူအခြေအနေက အရင်ကထက်ဆိုးလာပါပီ။ဒီရက်ပိုင်း စစ်ကောင်စီလက်အောက်ခံအဖြစ်နေထိုင်တဲ့မြို့နဲ့ ပျူစောထီးကျေးရွာတွေက လူငယ်၊လူလတ်ပိုင်းတွေကို ထပ်မံပီး အတင်းအဓမ္မမဲနှိုက်တာ၊အလိုမတူပဲ စစ်မှုထမ်းခိုင်းတာတွေကို ရက်ပိုင်းခြားပီး လုပ်လာတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အရင်ကပျူစောထီးအဖွဲ့ဝင်လုံးဝမရှိသေးတဲ့ သင်ပန်းတော၊စန္ဒယား၊ကျောက်အိုင် အစရှိတဲ့ကျေးရွာတွေကိုလဲ အတင်းအဓမ္မလူသစ်စုဆောင်းကာ သင်တန်းပေးလာတာကို တွေ့ရပါတယ်။ပီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က စစ်တပ်လော်ဘီချန်နယ်လ်တွေမှာ သင်ပန်းတောရွာကပျူစောထီးသင်တန်းဆင်းပွဲဗီဒီယိုဖိုင်ကို ထုတ်ပြန်လာတာတွေရပါတယ်။နီးစပ်သူတွေကတော့ သင်တန်းဆင်းသူဦးရေ ၁၅၀ ရှိတယ်လို့ပြောပါတယ်။

တခါ ကန့်ဘလူနယ်အနောက်ခြမ်းက မွတ်စ်လင်ဘာသာဝင်တွေအများစု နေထိုင်တဲ့ကျေးရွာတွေကိုလည်း ဒီရက်ပိုင်းမဲတွေနှိုက်ပီးလူသစ်စုရာမှာ မွတ်စ်လင်လူငယ်တွေမဲပေါက်ကြလို့ စိတ်သောကရောက်နေတယ်လို့ဆိုပါတယ်။အရင်ကလည်း မဲပေါက်တဲ့မွတ်စ်လင်လူငယ်တွေကို ရွှေဘို လေ့ကျင့်ရေး (၈) ၊ မုံရွာ နမခ တို့ဘက်ကို ရဟတ်ယာဥ်နဲ့ ပို့ဆောင်ထားတယ်လို့ဆိုပါတယ်။

ကန့်ဘလူနယ် ပျူစောထီးကျေးရွာတွေဘက်က ရွာမှာအကြောင်းအမျိုးမျိုးကြောင့် အဝေးမသွားနိုင်တဲ့ အမျိုးသားလူငယ်အများစုဟာ ခရီးထွက်ဖို့သွားရာမှာ ပျူစောထီးဂိတ်တွေက ဖမ်းဆီးပီး ရွာပြန်ပို့ခံရတဲ့အဖြစ်မျိုးတွေတောင် မကြာမကြာဖြစ်လာတယ်လို့ဆိုပါတယ်။

ဒါကြောင့် မိမိတို့ကိုယ်တိုင်က စစ်မှုမထမ်းနိုင်ဘူးဆိုရင် ရွာမှာကျန်ရစ်တဲ့သူတွေက ရရာလမ်းကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေဘက်ကို ရအောင်ထွက်ကြပါ။အဝေးအလုပ်ထွက်လုပ်နေတဲ့သူတွေကလည်း ဘယ်လိုအခက်အခဲကြုံနေပါစေ နေရပ်မပြန်ပါနဲ့။

တော်လှန်ရေးထဲမပါဝင်နိုင်စေအုံးတော့ တော်လှန်ရေးကိုအနှောက်အယှက်ဖြစ်စေမယ့်လူစားမျိုးတွေအဖြစ်မခံပါနဲ့။ဝါသဝလိုအရေခြုံတယောက်ရဲ့ ဝါဒမှိုင်းအောက်ကနေ မိမိတို့အသက်ခန္ဓာကို မပေးဆပ်ပါနဲ့။စစ်ကောင်စီဟာ စစ်ရှုံးနေပီဆိုတာ မမေ့ပါနဲ့။

#infinitygroup
Forwarded from Infinity Group
MSI - MYANMAR SOCIETY INFORMATIONS
Photo
ကန့်ဘလူ၊ကျွန်းလှ၊တန့်ဆည် စစ်​ရေးအ​ခြေအ​နေဘယ်လိုရှိ​နေလဲ

ဇွန် ၄ ၊ ၂၀၂၄

အကြမ်းဖက်စစ်တပ်နဲ့သူတို့လက်​အောက်ခံပျူ​စောထီး​တွေဟာ ၂၀၂၄ ခုနှစ် ဧပြီလက​နေစပြီး​တော့ ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့နယ်​တွေထဲက စစ်​ရေးအရအ​ရေးပါပြီး အချက်အခြာကျ​တဲ့ နေရာတချို့ကို အထိုင်ချတပ်စွဲလာတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်​ရေပိုလွှဲ ၁၂ ​ပေါက်အနီးဘုရားကုန်း၊တန့်ဆည်မြို့နယ်နဲ့ကန့်ဘလူမြိူ့နယ်အစပ်က သဲကုန်းရွာ အဲ့ဒီ​နေရာ ၂ ခုကို စစ်​ကောင်စီနဲ့ပျူ​စောထီးပူး​ပေါင်းအဖွဲ့​တွေက အထိုင်ချတပ်စွဲခဲ့ပါတယ်။

​စစ်​ကောင်စီတပ်ဟာ အထက်က ၂ ​နေရာတပ်စွဲပြီးတစ်လအကြာ မေလ​နောက်ဆုံးအပတ်ထဲမှာ​တော့ ကန့်ဘလူမြို့နယ် ကင်းတပ်ဆည်အနီးက ကင်း​တောင်၊တန့်ဆည်မြို့​ပေါ်က ယခင်လက်လွှတ်ခဲ့ရ​သော မြို့အဝင်အထွက်​နေရာအများစု၊တန့်ဆည်မြို့နယ် ဝါးရငယ်၊ရွာသစ်နဲ့ခနုသည်ရွာ​တွေအနီးကို စစ်​ရေးအရနယ်​မြေတိုးချဲ့အထိုင်ချတပ်စွဲလာတာကို ​တွေ့ရပါတယ်။

ယခုစစ်​ကောင်စီတပ်နဲ့ပျူ​စောထီး​တွေအထိုင်ချတပ်စွဲလာတဲ့​နေရာအများစုဟာ ယခင်က ၄င်းတို့တပ်ဖွဲ့​တွေအထိုင်ချတပ်စွဲထားတဲ့ မြို့၊ပျူ​စောထီးရွာ​တွေနဲ့ စစ်တပ်အထိုင်​စခန်းတွေအနီးမှာဖြစ်တာ​ကြောင့် ပြည်သူ့ကာကွယ်​ရေးတပ်​တွေအ​နေနဲ့ ထိုးစစ်ပြုလုပ်တဲ့အချိန်မှာ ယခင်ကထက် ပိုမိုခက်ခဲလာမယ့်အ​ခြေအ​နေလို့ဆိုနိုင်ပါတယ်။

စစ်​ကောင်စီဟာ ၄င်းတို့အထိုင်ချတပ်စွဲနိုင်ရန် ပြင်ဆင်​နေစဥ်ကာလမှာလည်း ​စစ်​​ကြောင်းထိုးလှုပ်ရှားလျက်ရှိပြီး ​​ကျေးရွာတွင်း​နေအိမ်များသာမက စစ်​ရှောင်တဲများအထိပါ လိုက်လံမီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။ဒါ့အပြင် စစ်​ဘေး​ရှောင်ပြည်သူများကို ပစ်မှတ်ထားကာ ဒရုန်း၊လက်နက်ကြီးများနဲ့ မကြာခဏပစ်ခတ်လာတာကိုလည်း ​တွေ့ရပါတယ်။

အခုလိုစစ်​ကောင်စီတပ်က အထိုင်စခန်း​တွေ ထပ်မံတိုးချဲ့လာတာ​ကြောင့် ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့နယ်​တွေထဲက စစ်တပ်အထိုင်စခန်းနဲ့နီးတဲ့ ​ကျေးရွာ ၁၀ ရွာ​ကျော်က စစ်ရှောင် ၅၀၀၀ နီးပါးဟာလက်ရှိအချိန်ထိထွက်​ပြေးတိမ်း​ရှောင်​နေရပြီး အမြဲတမ်းစစ်​ဘေး​ရှောင်ရ​တော့မယ့်အ​ခြေအ​နေဖြစ်ကာ လယ်ယာစိုက်ပျိုး​ရေးလုပ်ငန်း​တွေပါ စွန့်ပစ်ရမယ့်အ​နေအထား​ကြောင့် စားဝတ်​နေ​ရေးကြပ်တည်းလာနိုင်ပါတယ်။

တခါ အကြမ်းဖက်စစ်​ကောင်စီတပ်ဟာ ကန့်ဘလူနဲ့ကျွန်းလှမြို့နယ်​​တွေထဲကရွာ​တွေကို အမျိုးသား​တွေသာမက အမျိုးသမီး​တွေကိုပါ စစ်မှုထမ်းဖို့ဆိုပြီး မလိုက်မ​နေရပုံစံနဲ့ အတင်းအကြပ်လိုက်လံစည်းရုံး​နေတာ​ကြောင့် ​နေရပ်စွန့်ခွာ​ထွက်​ပြေးတိမ်း​ရှောင်သူ​တွေ ပိုမိုများပြားလာ​နေပါတယ်။

လက်ရှိအချိန်ထိ ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့နယ်​တွေထဲမှာ စစ်​ကောင်စီနဲ့ပျူ​စောထီး​​တွေ ပူး​ပေါင်းအထိုင်ချတပ်စွဲထားတဲ့ စစ်စခန်းနဲ့ပျူ​စောထီးစခန်းကြီးငယ် ၆၀ ​ကျော်အထိရှိ​နေပါတယ်။

ဓါတ်ပုံ–ကန့်ဘလူ၊ကျွန်းလှနဲ့တန့်ဆည်မြို့​နယ်​တွေထဲက စစ်စခန်းများအ​ခြေပြ​မြေပုံ

#infinitygroup
Forwarded from Infinity Group
တန့်ဆည်မြို့နယ်တွင် ပျံ့နှံ့​နေ​သောသတင်းမှား

ဇွန် ၅ ၊ ၂၀၂၄

တန့်ဆည်မြို့နယ်အ​နောက်ခြမ်းအား စစ်​ကြောင်း ၆ ​ကြောင်းခွဲကာ စစ်​ကြောင်းထိုးမည်ဆိုသည့်သတင်းမှားတခု ယခုရက်ပိုင်း တန့်ဆည်မြို့နယ်ပြည်သူများထံပျံ့နှံ့​နေ​ကြောင်း သိရပါသည်။

ဇွန်လ ၁ ရက်​နေ့မှစတင်ကာ စစ်​ကောင်စီနှင့်ပျူ​စောထီးပူး​ပေါင်းအင်အား ၁၃၀ ခန့်ပါစစ်​ကြောင်းသည် လက်ရှိအချိန်ထိ တန့်ဆည်မြို့အ​နောက်ဘက် ၁ မိုင်အကွာရှိ ဝါးရငယ်၊ရွာသစ်၊ခနုသည်ရွာများ၌သာ စစ်​ရေးလှုပ်ရှားလျက်ရှိပြီး ဘက်ဟိုးဖြင့် ဆက်သွယ်​ရေး​မြောင်းတူးကာ ခံစစ်အခိုင်အမာ​တည်ဆောက်၍ အထိုင်ချ​တပ်စွဲရန်ပြင်ဆင်​နေလျက်ရှိ​ကြောင်း သိရပါသည်။

စစ်​ကြောင်း ၆ ​ကြောင်းဖြင့် တန့်ဆည်မြို့နယ်အ​နောက်ခြမ်းအား စစ်​ကြောင်းထိုးမည်ဆို​သော အထက်​ဖော်ပြပါ ပျံ့နှံ့သတင်းမှာ မည်သည့်သတင်းရင်းမြစ်ထံမှလာသည်ကို မသိရပါ။တ​ယောက်စကားတ​ယောက်ကြား​သောစကားများဖြင့် စိုးရိမ်ကြီးစွာ အများပြည်သူများကြား ပျံ့နှံ့​နေ​သော သတင်းမှားသာဖြစ်ပါသည်။

ထို့အပြင် တန့်ဆည်မြို့အနီးမှ မကြာခဏထွက်​ပေါ်လာ​သော လက်နက်ကြီးသံများမှာ နှစ်ဖက်တပ်များအကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုသာဖြစ်​ကြောင်း သိရပါသည်။

တန့်ဆည်မြို့အနီးဖြစ်​ပေါ်​နေ​သော လက်တ​လောစစ်​ရေးအ​ခြေအ​နေ​ကြောင့် ဝါးရငယ်မူး​ဘောင်လမ်းအသုံးပြု၍ မရ​သေး​ကြောင်း သိရပါသည်။

#infinitygroup
Forwarded from Infinity Group
MSI - MYANMAR SOCIETY INFORMATIONS
Photo
စစ်​ကောင်စီလက်​အောက်ရှိ မြို့နယ်အ​နောက်ခြမ်းနှင့်အ​နောက်​တောင်ခြမ်းမှ ​တောင်သူလယ်သမားများသည် ဆည်​ရေဝင်​တောများဖြစ်သဖြင့် ၂ သီးစားစိုက်ပျိုးနိုင်ခြင်း၊ဆန်​ရေစပါးအလုံအ​လောက်ထွက်ရှိခြင်း​တို့ကြောင့် စားဝတ်​နေ​​ရေး​ချောင်လည်ကြသည့်အပြင် ဆန်၊စပါး​ဈေးမှာလည်း ​​ပေါက်​ဈေးအတိုင်း​ရောင်းချရသဖြင့် ​ပြေလည်ကြသည်ဟုဆိုရမည်။

သို့​သော် ​တော်လှန်​ရေးအင်အားစုများ ထိန်းချုပ်သည့်​ဒေသများရှိ လယ်ယာများမှာ မိုး​​​ကောင်းတောများဖြစ်ခြင်း၊စစ်​ဘေးအန္တရာယ်​ကြောင့် ကာလအလိုက်စိုက်ပျိုးနိုင်သည့်အ​​ခြေအ​နေမရှိခြင်းအပြင် ဆန်စပါး​ဈေးမှာလည်း ကုန်စည်လမ်း​ကြောင်းများဖြတ်​တောက်ခံထားရသဖြင့် ​​ကာလပေါက်​ဈေး၏ထက်ဝက်ခန့်​လျှော့​ဈေးဖြင့်နှိမ်၍​ဝယ်ယူခံရခြင်း၊​ဈေးကြီး​ပေးဝယ်ရခြင်း စသည့်အ​ကြောင်းတရားတို့​ကြောင့် ထို​ဒေသမှ​တောင်သူလယ်သမားများ စားဝတ်​နေ​ရေးကြပ်တည်းလာသည့်အပြင် ​ကြွေးမြှီးပါတင်​နေကြသည်။

စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများ စိုးမိုးထားသည့်​၆၀ %​ သောဒေသ​နေပြည်သူများသည် အတင်းအဓမ္မဆက်​ကြေး​တောင်းခံရခြင်း၊စစ်မှုထမ်း​ရန် လူသစ်စုဆောင်းခံရခြင်းအပြင် လူ့အခွင့်အ​ရေးချိုး​ဖောက်မှုများကို စစ်​ကောင်စီအလိုကျ ခံစား​နေရသည်။​

တော်လှန်​ရေးအင်အားစုများစိုးမိုးထား​သည့် ၄၀ % ​သော​​ဒေသ​နေပြည်သူများသည် စစ်​ကောင်စီတပ်၏ သတ်ဖြတ်မှု​ဘေးမှလွတ်​မြောက်ရန် ​နေရပ်စွန့်ခွာထွက်​ပြေး​နေရခြင်း၊​စစ်​ကောင်စီတပ်မှ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊အ​ခြေခံ​ဆေးဝါးနှင့်စား​သောက်ကုန်​များ ရရှိနိုင်ရန်ခက်ခဲခြင်း၊ကုန်​ဈေးနှုန်းမြင့်မားမှုဒဏ်ခံရခြင်း အစရှိသည့်ဒုက္ခမျိုးစုံအား ကြုံ​တွေ့​နေရသည်။

၂၀၁၄ ခုနှစ်က ​ကောက်ယူထား​သော သန်း​ခေါင်စာရင်းအချက်အလက်များအရ ကန့်ဘလူတမြို့နယ်လုံးအတိုင်းအတာဖြင့် လူဦး​ရေ ၂၉၅,၀၀၀ ​ကျော်ရှိရာ လူဦး​ရေ ၁၃၀,၀၀၀ ​ကျော်မှာ ​တော်လှန်​ရေးအင်အားစုများ၏စိုးမိုးနယ်​မြေတွင်​နေထိုင်လျက်ရှိပြီး ကျန်လူဦး​ရေ ၁၆၅,၀၀၀ ​ကျော်မှာ စစ်​ကောင်စီလက်​အောက်တွင် ​နေထိုင်လျက်ရှိသည်။

​၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်​ မေလအထိ ဒေသတွင်းစစ်​ရေးအ​ခြေအ​နေအရ အင်အားစုဖွဲ့မှုအား​လေ့လာကြည့်​သောအခါ စစ်​ကောင်စီသည် စစ်ထွက်အင်အားအပါအဝင် အရန်ပျူ​စောထီးအင်အား ၅၀၀၀ နီးပါးအား ပိုင်ဆိုင်ထားသည်။​တော်လှန်​ရေးအင်အားစုများဘက်ကမူ စစ်သည်အင်အားဖြည့်တင်းမှု၊တပ်ရင်းတပ်ဖွဲ့ ထပ်မံတိုးချဲ့ထားမှုအားမ​တွေ့ရ​ပေ။

ထို့အပြင် ​တော်လှန်​ရေးအင်အားစုများစိုးမိုးထား​သောနယ်​မြေအတွင်းမှ ​​ပကဖလက်​အောက်ရှိ ​ကျေးရွာကာကွယ်​ရေးအဖွဲ့အချို့ အ​ကြောင်းအမျိုးမျိုး​ကြောင့် ဖွဲ့စည်းပုံပျက်သွားခြင်း၊အဖွဲ့လုံးဝပြိုကွဲသွားခြင်း စသဖြင့် စုဖွဲ့မှုယိုယွင်း​နေ​သော်လည်း စစ်​ကောင်စီကမူ စစ်မှုထမ်းလူသစ်စု​ဆောင်းခြင်းအား တစိုက်မက်မက်လုပ်​ဆောင်လာသည့်အပြင် ကျစ်လစ်​သောစစ်တပ်ဖြစ်လာ​စေရန် ​လေ့ကျင့်​ပေး​နေသည်။

ကန့်ဘလူမြို့နယ်တွင်းအ​ခြေအ​နေအရပ်ရပ်အား သုံးသပ်ကြည့်ပါက အမျိုးသားညီညွတ်​ရေးအစိုးရ NUG အ​နေဖြင့် မိမိ၏အုပ်ချုပ်​ရေးယန္တရား​အောက်ရှိ အုပ်ချုပ်​ရေး၊ကာကွယ်​ရေးဘက်မှ အ​ရေးကြီးဆုံး​သောခရိုင်နှင့်မြို့နယ်တာဝန်ခံများအား လူထု​နှင့်ရဲ​ဘော်များထောက်ခံသည့် အသင့်​တော်ဆုံးဖြစ်မည့်သူများအား အစားထိုးအ​ပြောင်းအလဲလုပ်သင့်ကာ ဆုံးရှုံးနယ်​မြေများပြန်မရ​သေးသည့်တိုင် စိုးမိုးနယ်​မြေများအား ​ကောင်းမွန်စွာထိန်းချုပ်သင့်​​ကြောင်း တင်ပြအပ်ပါသည်။

(မှတ်ချက်။နယ်​မြေစိုးမိုးမှုအ​ခြေအ​နေအား ​မြေ​နေရာအကျယ်အဝန်းဖြင့် တိုင်းတာထားခြင်းမဟုတ်ပဲ လူ​နေထူထပ်မှု၊ကုန်သွယ်လမ်း​ကြောင်း ထိန်းချုပ်မှုတို့ဖြင့် ​ဖော်ပြထားခြင်းဖြစ်သည်။)

ဓါတ်ပုံ-စစ်​ကောင်စီတပ်စိုးမိုးထား​သော ကန့်ဘလူမြို့နယ်​အ​ခြေပြ​မြေပုံအစိတ်အပိုင်းတစ်ခု

ကိုအနန္တ​ရေးသည်
#infinitygroup
Forwarded from Infinity Group
MSI - MYANMAR SOCIETY INFORMATIONS
Photo
ကန့်ဘလူမြို့နယ်​​တွင် စစ်​ကောင်စီနှင့်ပျူ​စောထီးများက စစ်မှုထမ်းရန်ဟုဆိုကာ လူ ၄၀ နီးပါးကို အတင်းအဓမ္မဖမ်းဆီးသွား

ဇွန် ၁၂ ၊ ၂၀၂၄

ကန့်ဘလူမြို့နယ်​​တောင်ခြမ်း ထန်းကုန်းစံပြရွာအနီးရှိ ​ခေါ်သန္တီ၊မိုးကြိုး၊အုတ်ဖို၊အုန်း​တော အစရှိသည့်​ကျေးရွာများကို ဇွန်လ ၁၂ ရက် ယ​နေ့ည​နေ့ပိုင်း၌ စစ်​ကောင်စီနှင့်ပျူ​စောထီးများက အင်အားအများအပြားဖြင့် ဝင်​ရောက်စီးနင်းပြီး စစ်မှုထမ်းရမည်ဟုဆိုကာ လူ ၄၀ နီးပါးအား အတင်းအဓမ္မဖမ်းဆီး​ခေါ်​ဆောင်သွား​ကြောင်း သိရသည်။

ယခုအ​ခြေအ​နေနှင့်ပတ်သက်၍ " လူလက်ပိုင်းအရွယ် ၃၀ ​ကျော် ၄၀ ​လောက်ကို စစ်မှုထမ်းဖို့ဆိုပီး ထန်းကုန်းဘက် အဓမ္မဖမ်း​ခေါ်သွားတယ်ဗျ။စစ်တပ်နဲ့ပျူ​တွေက​တော့ အဲ့ရွာ​တွေမှာ ဒီညထိ တပ်စွဲထားတုန်း။ရွာသူရွာသား​တွေကိုလည်း ရွာပြင်အထွက်မခံပဲ ပိတ်ထားပါတယ်။ " လို့ ​ဒေသခံတဦးက Infinity Group သို့ ​ပြောသည်။

ယခုကဲ့သို့ စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများ ဝင်​ရောက်ပိတ်ဆို့ကာ လူဖမ်းပွဲပြုလုပ်​ခံနေရသည့်ရွာများသည် စစ်မှုထမ်းဥပ​ဒေမပြဌာန်းမီ ၂၀၂၄ ခုနှစ်မတိုင်ခင် ယခင်နှစ်များကလည်း ပျူ​စောထီးဖွဲ့ရန် အကြိမ်ကြိမ်ဖိအား​ပေးခံ​နေရ​သော်လည်း လက်မခံပဲ ငြင်းဆန်​နေသည့် ရွာများဖြစ်သည်။

ကန့်ဘလူမြို့နယ်တွင် စစ်​ကောင်စီ၏အလိုကျ ပျူ​စောထီးများဖွဲ့စည်းခြင်း၊စစ်မှုထမ်း​ခေါ်ယူခြင်းများအား ​သင်္ကန်းဝတ်အ​ရေခြုံ ဝါသဝက ဦး​ဆောင်လျက်ရှိပြီး " ပြည်သူ့စစ်မှုထမ်းဥပ​ဒေက ​ရှောင်​ပြေးလို့မရဘူး၊သ​ဘော​ပေါက်တယ်​နော်။ " ဟုဆိုကာ ပြီးခဲ့သည့်ရက်ပိုင်းက စစ်တပ်​လော်ဘီချန်နယ်လ်များမှထုတ်လွှင့်​သော ဝါဒဖြန့်ဗွီဒီယိုမှတဆင့် ချိန်း​ခြောက်ခဲ့​သေးသည်။

၂၀၂၄ ခုနှစ် ဇွန်လပထမအပတ်အတွင်း အဓမ္မစစ်မှုထမ်း​ခေါ်​ဆောင်ခံရခြင်း​ကြောင့် ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်အတွင်းမှ ​ချောက်​စောက်၊သင်ပန်း​တော၊စန္ဒယား၊တ​ပေါင်၊​ရွှေ​ပေါ်ကုန်း၊ငှက်​ပျော​တောနှင့်ကျောင်အိုင်ရွာများမှ ​ဒေသခံ ၃၀၀၀ ​ကျော် ​နေရပ်စွန့်ခွာထွက်​ပြေး​နေရပြီး ထွက်​ပြေးသွားသူများ၏ ​နေအိမ် အလုံး ၂၀ နီးပါးအား စစ်​ကောင်စီနှင့်ပျူ​စောထီးများက ဖျက်ဆီး၍ သယ်ယူ​​ရောင်းချနေကြသည်။

ဓါတ်ပုံ – ဇွန်လ ၁၂ ရက်​နေ့ စစ်​မှုထမ်းရန် အဓမ္မ​ခေါ်​ဆောင်ခံ​ရ​သော ​ကျေးရွာများအ​ခြေပြ​မြေပုံ

#infinitygroup
Forwarded from Infinity Group
ကန့်ဘလူမြို့နယ်​နေပြည်သူများသို့ အသိ​ပေးချက်

ဇွန် ၁၃ ၊ ၂၀၂၄

ကန့်ဘလူမြို့နယ်​နေပြည်သူများခင်ဗျာ ၂၀၂၄ ခုနှစ် မေလမှစတင်ပြီး ဝါသဝနဲ့စစ်​ကောင်စီတပ်တို့ ပူး​ပေါင်းကာ စစ်မှုထမ်းလူသစ်စု​ဆောင်းခြင်းကို ​နေ့စဥ် တစိုက်မက်မက်လုပ်​ဆောင်လာပါတယ်။

ဝါသဝတို့အဖွဲ့ဟာ ဒီရက်​တွေအတွင်းမှာ ကုလား၊ဗမာ၊​ယောကျ်ား၊မိန်းမ၊အရွယ်မ​ရွေးကို စစ်မှုထမ်းခိုင်းဖို့ အကြမ်းဖက်လုပ်ရပ်​တွေကို ပိုမိုကျူးလွန်လာပါတယ်။

ဘယ်​လောက်ထိဆိုးလဲဆိုရင် အသက်အရွယ်မပြည့်​သေးတဲ့ ​ကျောင်း​နေအရွယ်က​လေးငယ်​တွေ၊ကျန်းမာ​ရေးမ​ကောင်းတဲ့ လူကြီးပိုင်း​တွေ၊အားနွဲ့တဲ့ မိန်းမသား​တွေကိုပါ စစ်မှုထမ်းဖို့​ခေါ်​နေတာပါ။

ဒါ​ကြောင့်မို့ မိမိတို့​နေအိမ်​တွေမှာ စစ်မှုထမ်းနိုင်မယ့် သန်သန်မာမာအရွယ်​ကောင်း​တွေရှိပါက ​ဘေးလွတ်ရာအရပ်​ဒေသ​တွေဆီကို အချိန်ရတုန်း လွတ်​မြောက်​အောင် ​ပြောင်း​ရွှေ့​နေထိုင်ကြပါခင်ဗျာ။

ဝါသဝတို့အဖွဲ့ဟာ စစ်မှုမထမ်းနိုင်ဘဲငြင်းဆိုပြီး ထွက်​ပြေး​နေတဲ့ အိမ်​​တွေကို ရိုက်ဖျက်တာ၊ပစ္စည်း​တွေသယ်ယူတာ၊လယ်​တွေ၊နွား​တွေကို သိမ်းယူတာ ဒါမျိုး​တွေကိုလည်း ပိုလုပ်လာပါတယ်။

ဘာလို့ဒီလိုလုပ်ရသလဲဆိုရင် အ​ကြောက်တရားဝင်ပီး သူတို့ခိုင်းသမျှလုပ်လာ​အောင်လို့ပါ။ပြည်သူများအ​နေနဲ့ စစ်မှုထမ်းဖို့ ဖိအား​ပေးလာပါက စစ်အုပ်စုနဲ့မပူး​ပေါင်းပဲ တက်စွမ်းသမျှ ငြင်းဆန်ကြပါ။

အခုဆိုရင် ဝါသဝနဲ့စစ်အုပ်စုဟာ ဖ​အေကိုဖမ်း သားကိုပြန်​ခေါ် လယ်၊ယာ၊နွားကိုသိမ်း ရွာပြန်​ခေါ် အဲ့သလိုနည်းလမ်းတွေသုံးပြီး အ​ဝေး​ရောက်​နေတဲ့အရွယ်​ကောင်း​တွေကို စစ်မှုထမ်းခိုင်းဖို့ အကြပ်ကိုင်​နေပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံအနှံ့ စစ်ရှုံး​နေတဲ့ မင်း​အောင်လှိုင်ဟာ အင်အားပြုန်းတီး​နေလို့ စစ်မှုထမ်းဥပ​ဒေပြဌာန်းပြီး မြို့ကြီး​တွေမှာ​တောင် အကြပ်ကိုင်လူသစ်စု​ဆောင်း​နေပါတယ်။

ဝါသဝတို့အုပ်စုဟာ မင်း​အောင်လှိုင်အလိုကျ ကန့်ဘလူနယ်ထဲကိုလည်း စစ်မှုထမ်းလူသစ်စု​ဆောင်းတာကို နည်း​ပေါင်းစုံနဲ့လုပ်​နေမှာဖြစ်တာ​ကြောင့် လွတ်​မြောက်​အောင် ကြိုးစားကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။

#infinitygroup
Forwarded from Infinity Group
အထူးမေတ္တာရပ်ခံချက်

ဇွန် ၁၅ ၊ ၂၀၂၄

ကန့်ဘလူနယ်တွင်း စစ်ရေးလှုပ်ရှားမှုသတင်းများနဲ့ပတ်သက်၍

-အွန်လိုင်းပေါ် သတင်းဖြန့်ဝေသူများ
-အွန်လိုင်းကင်းထောက်ချန်နယ်လ်များ
-ရရှိသောသတင်းများကို မက်ဆေ့မှတဆင့် ပြန်လည်မျှဝေကြသူများ
-ကာကွယ်ရေးတပ်ဖွဲ့များရှိ IO များ
အစရှိသည့် သတင်းရယူသူ၊ထပ်ဆင့်မျှဝေသူများခင်ဗျာ ယခုအခါ ကန့်ဘလူမြို့နယ်တွင်းရှိ ပျူစောထီးကျေးရွာ ၃ ရွာမှာ ရွာလုံးကျွတ် ဖုန်းအသိမ်းခံထားရပါတယ်။

အထူးသဖြင့် စစ်ရေးလှုပ်ရှားသတင်းများ အွန်လိုင်းပေါ်တွင်ပျံ့နှံ့သောကြောင့် သတင်းပေးရှာဖွေဖမ်းဆီးနိုင်ရန်နှင့် ထပ်မံသတင်းမပေးနိုင်ရန် ရွာခံပျူစောထီးများက လုပ်ဆောင်နေပါတယ်။

ဒါကြောင့်မို့ မိမိတို့ဖြန့်ဝေမည့် စစ်ရေးလှုပ်ရှားသတင်းသည် စစ်ကောင်စီနှင့်ပျူစောထီးအားကောင်းသောနယ်မြေတွင်းမှဖြစ်ပါက သတင်းပေးလုံခြုံရေးနှင့်သတင်းလုံခြုံမှုအတွက် သတိပြုကာ အွန်လိုင်းပေါ် လုံးဝမတင်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

#infinitygroup
Forwarded from Infinity Group
ကန့်ဘလူ၊ကျွန်းလှ၊တန့်ဆည်နယ်​တွေမှာ ဇူလိုင်လအတွင်း စစ်​ရေးအ​ခြေအ​နေဘယ်လိုရှိ​နေသလဲ

ဇူလိုင် ၂၀ ၊ ၂၀၂၄

ရှမ်း​မြောက်စစ်​ရေးနှင့်အတူ ရှမ်း-မန်းစစ်​ဆင်ရေးအရှိန်အဟုန်​ကောင်း​နေချိန် ဇူလိုင်လပထမအပတ်မှစ၍ စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူ၊ကျွန်းလှနှင့်တန့်ဆည်မြို့နယ်များအတွင်းရှိ အချက်အခြာကျ​သော​နေရာများအား စိုးမိုး​ထိန်းချုပ်နိုင်ရေး အကြမ်းဖက်စစ်​ကောင်စီသည် တစိုက်မက်မက်ဆက်လက်လုပ်​ဆောင်​နေလျက်ရှိသည်။

အကြမ်းဖက်စစ်​ကောင်စီနှင့်လက်​ဝေခံပျူ​စောထီးပူး​ပေါင်းစစ်​ကြောင်းသည် ဇူလိုင်လပထမအပတ်မှစတင်ကာ ကန့်ဘလူမြို့အ​ရှေ့ဘက်ရှိ ကန့်ဘလူ-စံပယ်နံ့သာလမ်းပိုင်းအား ပြန်လည်စိုးမိုးထိန်းချုပ်နိုင်​ရေး စစ်​ကြောင်းထိုးလှုပ်ရှားခဲ့သည်။

ဇူလိုင်လ ၁၁ ​ရက်​နေ့တွင် ​ကန့်ဘလူ-စံပယ်နံ့သာ-​ရွှေဘိုလမ်းပိုင်းရှိ ရေ​အေးရွာအနီး၌ အကြမ်းဖက်စစ်​ကောင်စီစစ်​ကြောင်းကင်းပုန်း၏ ပစ်ခတ်တိုက်ခိုက်ခံရခြင်း​ကြောင့် ​ဒေသခံကာကွယ်​ရေးရဲ​ဘော် ၂ ဦး ကျဆုံးခဲ့​ကြောင်း သိရသည်။

ကန့်ဘလူ-စံပယ်နံ့သာလမ်းပိုင်းရှိ ဝက်ပုတ်ရွာ၌ ဇူလိုင်လ ၁၆ ရက်​နေ့မှစတင်ကာ အကြမ်းဖက်စစ်​ကောင်စီစစ်​ကြောင်းက အထိုင်ချတပ်စွဲသွားပြီး ရွာခံအမျိုးသားများအား ပျူ​စောထီးအဖွဲ့ဝင်များအဖြစ် လူသစ်စု​ဆောင်း​နေ​ကြောင်း သိရသည်။

ကန့်ဘလူ-စံပယ်နံ့သာ-​ရွှေဘိုလမ်းပိုင်းတွင်ဖြစ်​ပေါ်​နေ​သော စစ်​ရေးအ​ခြေအ​နေများ​ကြောင့် စစ်​ကောင်စီနှင့်ကာကွယ်​ရေးတပ်ဖွဲ့များမှ ကားလမ်းပိတ်ထားလျက်ရှိသည်မှာ ၁ လနီးပါးကြာမြင့်​နေပြီဖြစ်ပြီး ကန့်ဘလူ-စံပယ်နံ့သာလမ်းပိုင်းအား စစ်​ကောင်စီတပ်မှ အပြည့်အဝထိန်းချုပ်နိုင်ရန် ကြိုးပမ်း​နေလျက်ရှိသည်။

တဖန် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးရှိ အင်တိုင်းရွာ၌ စစ်​ကောင်စီနှင့်ပျူ​စောထီးများက အခိုင်အမာတပ်စွဲထားဆဲဖြစ်ပြီး ဇူလိုင်လ ဒုတိယအပတ်ထဲ၌ အင်အား ၂၀၀ ​ကျော်အသုံးပြုကာ ကျွန်းလှ-တန့်ဆည်အစပ်ရှိ ​ညောင်ကိုင်း၊ပုတီး၊စည်းသာရွာများသို့ စစ်​ကြောင်းထိုး လှုပ်ရှားခဲ့​ကြောင်း သိရသည်။

အကြမ်းဖက်စစ်​ကောင်စီနှင့်ပျူ​စောထီးပူး​ပေါင်းစစ်​ကြောင်းသည် ဇူလိုင်လ ၁၃ ရက်​နေ့၌ ကျွန်းလှမြို့နယ် ​ညောင်ကိုင်းအုပ်စုတွင်းရှိ မြင်သာရွာမှ ​နေအိမ် ၁၁ လုံး၊တန့်ဆည်မြို့နယ်တွင်းရှိ စည်းသာရွာမှ ​နေအိမ် ၆၃ လုံးနှင့် ဇူလိုင်လ ၁၄ ရက်​နေ့၌ တန့်ဆည်မြို့နယ် ပုတီးရွာမှ ​နေအိမ် ၈၆ လုံးအား မီးရှို့ဖျက်ဆီးခဲ့​ကြောင်း သိရသည်။

ဇူလိုင်လ ဒုတိယအပတ်အတွင်း ကျွန်းလှ-တန့်ဆည်အစပ်ရှိ ​ကျေးရွာများသို့ စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီနှင့်ပျူ​စောထီးပူး​ပေါင်းစစ်​ကြောင်းအား ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ပြီး စစ်​ကောင်စီတပ်ဘက်မှ ၅ ဦး​သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိ​ကြောင်း စုံစမ်းသိရှိရသည်။

ဇွန်လမှစတင်ကာ ဇူလိုင်လ၏ယခုရက်ပိုင်းများအထိ အကြမ်းဖက်စစ်​ကောင်စီသည် နယ်​မြေခံပျူ​စောထီးများအား လက်နက်တပ်ဆင်​ပေးကာ အင်အားအလုံးအရင်းဖြင့် ကန့်ဘလူ၊ကျွန်းလှနှင့်တန့်ဆည် ၃ မြို့နယ်အစပ်ရှိ သဖန်းဆိပ်ဆည်နှင့်ကင်း​တောင်(ကင်းတပ်ဆည်)အနီးတို့တွင် စစ်​ရေးလှုပ်ရှား​နေခြင်း​ကြောင့် စစ်​ဘေး​ရှောင်ရွာ​ပေါင်း ၁၃ ရွာအထိရှိ​နေကာ စစ်​ရှောင်​နေရသည်မှာ ၁ လ​နီးပါး ကြာမြင့်​နေပြီဖြစ်သည်။

#infinitygroup
Forwarded from Infinity Group
စစ်​ကြောင်း​တွေထိုး​နေတဲ့ ကန့်ဘလူမြို့နယ်​တောင်ခြမ်းအ​ခြေအ​နေ

ဩဂုတ် ၄ ၊ ၂၀၂၄

ကန့်ဘလူမြို့နယ်​တောင်ခြမ်းကို ဇူလိုင်လ ၂၅ ရက်​နေ့ကစပြီး စစ်​ကောင်စီနဲ့ပျူ​စောထီးအင်အား ၂၀၀ ​ကျော်ပါတဲ့ စစ်​ကြောင်း​တွေထိုး​နေတာ ဒီ​နေ့ထိဆို ၂ ပတ်ထဲ​ရောက်​နေပါပြီ။ဒီ ၂ ပတ်အတွင်းမှာ စစ်​ကောင်စီဟာ ကန့်ဘလူမြို့နယ်​တောင်ခြမ်းရဲ့ စစ်​ရေးအရ အချက်အခြာကျတဲ့ ​နောက်ထပ်​နေရာတခုမှာ အထိုင်ချတပ်စွဲလာပါတယ်။

ထန်းကုန်း–ဇီးကုန်းမူး​ဘောင်လမ်း​ဘေးက မင်းကုန်း(က)ရွာ–​ဒေသအ​ခေါ် မဂုံးရွာကို ဇူလိုင်လ ၂၇ ရက်​နေ့မှာ မီးရှို့ပြီး ဘန်ကာများပြုလုပ်ကာ အထိုင်ချတပ်စွဲခဲ့ပါတယ်။ဇူလိုင်လ ၃၁ ရက်​နေ့မှာ​တော့ မင်းကုန်း(က)ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်​ကောင်စီနဲ့ပျူ​စောထီးအဖွဲ့ကို ကာကွယ်​ရေးပူး​ပေါင်းတပ်​တွေက ဝင်​ရောက်တိုက်ခိုက်ခဲ့ရာမှာ ကာကွယ်​ရေးပူး​ပေါင်းတပ်က ရဲ​ဘော် ၁ ဦး ကျဆုံးခဲ့ကာ စစ်​ကောင်စီဘက်ကလည်း အကျအဆုံးရှိခဲ့​ပေမယ့် အ​ရေအတွက်ကို မသိရ​သေးပါ။

စစ်​ကောင်စီဟာ မင်းကုန်း(က)ရွာမှာ အ​ထိုင်ချတပ်စွဲလာပြီး​နောက်​ အနီးနားပတ်ဝန်းကျင်​ကျေးရွာ​တွေကို လှည့်လည်စစ်​ကြောင်းထိုးလျက်ရှိပြီး ပြည်သူပိုင် စားနပ်ရိက္ခာများ၊ကျွဲနွားများ၊စက်ပစ္စည်းများ၊ပရိ​ဘောဂများကို ထန်းကုန်းစံပြရွာဘက်သို့ ကားများဖြင့် ခိုးယူသယ်​ဆောင်ခဲ့ပါတယ်။

ဇူလိုင်လ ၂၅ ရက်​နေ့မှ ဩဂုတ်လ ၄ ရက်​နေ့ထိ စစ်​ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းခံထားရ​သော ​ကျေးရွာများမှာ မင်းကုန်း(က)၊မဲသည်(​နေအိမ် ၄၀ မီး​လောင်ကျွမ်း)၊ရှမ်းတပ်(​နေအိမ် ၁၁၅ မီး​လောင်ကျွမ်း)၊သရက်​ခေါင်း(​နေအိမ် ၇၁ မီး​လောင်ကျွမ်း)၊​ညောင်ဇင်ကြီး၊ကိုးမြို့၊​တောင့်တည်းကုန်း၊​ပေလည်၊ဘိုတည်းကုန်း၊ဘိုကုန်း(​နေအိမ် ၇၄ မီး​လောင်ကျွမ်း)၊ဆူးဘုတ်ကုန်း(​နေအိမ် ၈ မီး​လောင်ကျွမ်း)နဲ့ သ​ပြေသာ​လေး(​နေအိမ် ၄၀ မီး​လောင်ကျွမ်း) စတဲ့​ကျေးရွာ ၁၂ ရွာ မီးရှို့ဖျက်ဆီးခံထားရပါတယ်။

စစ်​ကောင်စီတပ်ဟာ ကန့်ဘလူမြို့နယ်​တောင်ခြမ်းကို အငြိုးအ​တေးထားပြီး မင်းကုန်း(က)​ကျေးရွာမှာ အထိုင်ချတပ်စွဲ​လာကာ လှည့်လည်စစ်​ကြောင်းထိုးလှုပ်ရှားနေခြင်း​ကြောင့် မင်းကုန်း(က)၊မဲသည်၊ကျွန်းပင်ကုန်း၊ရှမ်းတပ်၊သရက်​ခေါင်း၊​ညောင်ဇင်ကြီး၊သိုးဘိုး၊ကိုးမြို့၊ဖလံချိုင်၊​တောင့်တည်းကုန်း၊ငါးရာနဲ၊​ပေလည်၊ဘိုတည်းကုန်း၊ဘိုကုန်း၊ဆူးဘုတ်ကုန်း၊သ​ပြေသာ​လေး အစရှိတဲ့ ​ကျေးရွာ​ပေါင်း ၁၆ ရွာက ပြည်သူ​ပေါင်း ၂၀,၀၀၀ နီးပါးဟာ စစ်​ဘေး​ရှောင်​နေရပါတယ်။

မင်းကုန်း(က)​ကျေးရွာဟာ ပျူ​စောထီးအား​ကောင်းရာ​ကျေးရွာ​တွေဖြစ်တဲ့ ထန်းကုန်းစံပြရွာနဲ့ ၄ မိုင်အကွာ၊​ညောင်ဇင်၊သင်​ပေါင်းကျင်း၊ဒါန်းပင်ရွာ​တွေနဲ့ ၃ မိုင်အကွာမှာရှိတာ​ကြောင့် စစ်​ကောင်စီအ​နေနဲ့ ​ရေရှည်အထိုင်ချတပ်စွဲကာ နယ်​မြေစိုးမိုးမှုအရယူမည်ဆိုပါက အထက်ပါ​စစ်​ရှောင်ကျေးရွာ ၁၆ ရွာအပြင် ကန့်ဘလူမြို့နယ်​တောင်ခြမ်း​ရှိကျေးရွာအားလုံးနီးပါးမှာ ​​ရှေ့​လျှောက် စားဝတ်​နေ​ရေး၊လမ်းပန်းဆက်သွယ်​ရေး လွန်စွာခက်ခဲလာမည်ဖြစ်သည်။

စစ်​ကောင်စီစစ်​ကြောင်း​တွေထိုး​နေတဲ့ ၂ ပတ်အတွင်းမှာ ကန့်ဘလူမြို့နယ်​တောင်ခြမ်းက အရပ်သားပြည်သူ ၃ ဦး စစ်တပ်ရဲ့ဒရုန်း၊လက်နက်ကြီး​ကြောင့် ထိခိုက်​သေဆုံးခဲ့ရပြီး အဖမ်းဆီးခံဓါးစာခံအရပ်သား​တွေလည်း ရှိ​နေပါ​သေးတယ်။ထို့အတွက်​ကြောင့် ကန့်ဘလူမြို့နယ်​တောင်ခြမ်းရှိ စစ်​ရှောင်​ကျေးရွာများအား တတ်နိုင်သမျှ စားနပ်ရိက္ခာအကူအညီများ၊လူသားစာနာအကူအညီများ ​ပေးအပ်နိုင်ရန် ​မျှော်လင့်ပါသည်။

#infinitygroup