MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from Tachileik News Agency
ဖယ်ခုံမြို့နယ် သိကျိတ်ရွာ တောင်ကျရေကြောင့် ဒေသခံ ၃ ဦးသေဆုံး နေအိမ် ၂၅ လုံးပျက်စီး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ကရင်နီပြည်နယ် ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာတွင် တောင်ကျရေကြောင့် ဒေသခံ(၃)ဦး သေဆုံးပြီး နေအိမ်(၂၅)လုံး ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာ (၁၁)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်တွင် တောင်ကျချောင်းရေများ စီးဆင်းလာပြီး သိကျိတ်ရွာအတွင်းရှိ လူနေအိမ်များနှင့် လမ်းပိုင်းကို တိုက်စားကာ နေအိမ်များ ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သိကျိတ်ရွာတွင် တောင်ကျရေကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် အဘွားအိုတစ်ဦး ဆေးရုံတွင်ဆုံးကာ မိန်းကလေးတစ်ဦး၏ အလောင်းကို ကံဆန်းချောင်း၌ ပြန်တွေ့ပြီး လူငယ်တစ်ဦးလည်း ဆုံးပါးသွားသည်ဟု သိရသည်။

သိကျိတ်ကျေးရွာတွင် အရေးပေါ်ကူညီကယ်ဆယ်မှုများကို ရွာအတွင်းရှိ ပြည်သူလူထုများက လုပ်ဆောင်နေကြကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/37413

#TachileikNewsAgency
Photo : CJ
Forwarded from Tachileik News Agency
နေပြည်တော်တွင် ရေကြီးမှုကြောင့် လျှပ်စစ်မီးဖြတ်တောက်ထားပြီး ဖုန်းလိုင်းများလည်း ဆက်သွယ်ရခက်ခဲနေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

နေပြည်တော်ကောင်စီနယ်မြေနှင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ရေကြီးမှုကြောင့် ၂၀၂၄ခုနှစ် စက်တင်ဘာလ ( ၁၁ ) ရက်နေ့မှ စတင်ပြီး လျှပ်စစ်မီးဖြတ်တောက်ထားကာ ဖုန်းလိုင်းများလည်း ဆက်သွယ်ရခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသန်းထန်စွာရွာသွန်းခဲ့ပြီး နေပြည်တော်တွင် စက်တင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းမှစတင်ကာ နေအိမ်ထောင်နှင့်ချီ ရေနစ်မြုပ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးများလည်း လုံလောက်မှုမရှိဘဲ လိုအပ်နေကြောင်း သိရသည်။

“နေပြည်တော်မှာတော့ မီးဖြတ်ထားတယ် ၊ ပျဉ်းမနားမှာတော့ ရသေးတယ်ပြောတယ်။ ဖုန်းလိုင်းတွေကလည်း လျှပ်စစ်မီးမရတော့ ရတချက် မရတချက်ပဲ။ ဒေတာ (Data) တွေတော့ ရသေးတယ်။”ဟု နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

လက်ရှိအချိန်တွင် နေပြည်တော်နယ်မြေအတွင်း ရေဆက်လက်မြင့်တက်နေကာ ရေစီးအားလည်းသန်သဖြင့် စိုးရိမ်ရသည့် အခြေအနေဖြစ်နေကြောင်း၊ထို့ပြင် ရေဘေးကြုံတွေ့နေရသည့် ဒေသခံများအနေဖြင့် အရေးပေါ် အကူအညီများရရှိရန် လိုအပ်နေကြောင်း သိရသည်။

ရာဂီမုန်တိုင်းအရှိန်ဖြင့် နိုင်ငံအနှံ့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ကာ မြို့ပေါင်း (၁၀)မြို့ထက်မနည်း ရေနစ်မြုပ်နေပြီး ပြည်သူပေါင်း သောင်းနှင့်ချီ ရေဘေးသင့်နေကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများ၏ ပြောပြချက်အရသိရသည်။

News : https://www.tachileik.net/mm/news/37416

#TachileikNewsAgency
Photo: အနာဂတ်ကြယ်ပွင့် သွေးအခမဲ့နှင့် လူမှုကူညီရေးအသင်း
Forwarded from Tachileik News Agency
ဖားကန့်မြို့ ဆိုင်းတောင်ရွာ လက်နက်ကြီးကျကာ နေအိမ်အများအပြား မီးလောင်နေ
https://youtu.be/8sLOoW94ORE?si=YhMNhvCLGlQ2ibTg
* * * * *

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ရွာ ဖားပြင်ရပ်ကွက်(၄)ကို လက်နက်ကြီးကျကာ နေအိမ်အများအပြား မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန်မြို့ Lucky Man Hotel စစ်တပ်ကတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ဖားပြင်ရပ်ကွက် (၄)ကိုကျကာ နေအိမ်များ မီးလောင်နေသည်ဟု သိရသည်။

"ဖားပြင်ရပ်ကွက်(၄)ကိုကျတာ။ နေအိမ်ဘယ်လောက် မီးလောင်နေလဲ မသိရသေးဘူး။ ဖားပြင်စျေးနားလောင်နေတာ။ အခု လေယာဉ်နဲ့ပါ ဗုံးကြဲနေတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယနေ့နံနက်ကတည်းက လက်နက်ကြီးကျကာ မီးလောင်နေခြင်းဖြစ်ပြီး ယခုနေ့လယ်ပိုင်းအထိ မီးငြိမ်းသတ်နိုင်ခြင်း မရှိသေးဘဲ ဒေသခံတချို့လည်း ရွာအတွင်းပိတ်မိနေသည်ဟု သိရသည်။

#TachileikNewsAgency
Video: Myat Min Htut
Forwarded from Tachileik News Agency
ရမည်းသင်းတွင် ရေစီးနှင့်မျောပါလာသည့် အလောင်း ၇ လောင်း ထပ်မံတွေ့ရှိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မြင်းနားကျေးရွာအနီးတွင် ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ရေစီးနှင့်အတူ မျောပါလာသော ရုပ်အလောင်း(၇)လောင်းကို တွေ့ရှိကြောင်း သိရသည်။

အဆိုပါရုပ်အလောင်းများမှာ မည်သူမည်ဝါဖြစ်ကြောင်း နှင့် မည်သည့်ဒေသကဖြစ်ကြောင်းကိုမူ မသိရသေးပါ။

လက်ရှိတွင် ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဆယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်တစ်ခုတည်းတွင် ရေကြီးရေလျှံမှုများကြောင့် ရပ်ကွက်နှင့်ကျေးရွာများမှ လူ(၁၀)ဦး သေဆုံးသွားပြီး လူဦးရေ ငါးသောင်းခွဲနီးပါ ရေဘေးသင့်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယနေ့ စက်တင်ဘာလ (၁၂)ရက်နေ့ အစောပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ရမည်းသင်းမြို့နယ်တစ်ခုတည်းတွင် ရေကြီးရေလျှံမှုများကြောင့် ရပ်ကွက်နှင့် ကျေးရွာများမှ အမျိုးသား (၂၃,၉၉၅)ဦး နှင့် အမျိုးသမီး (၂၉,၉၇၇)ဦး စုစုပေါင်း (၅၃,၉၇၂)ဦး ရေဘေးသင့်ခဲ့ရာ အိမ်ထောင်စုအနေဖြင့် (၁၅,၁၁၃)စုရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

နံနက်အစောပိုင်းထုတ်ပြန်ချက်အရ ရမည်းသင်းမြို့နယ်အတွင်း ဆည်ကြီးကျေးရွာမှ အမျိုးသား (၁)ဦး၊ ညောင်အိုင်ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်း ကံသာအေးကျေးရွာမှ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၄)ဦး သေဆုံးသွားကြောင်း သိရသည်။

ယင်းအပြင် ရွှေနန်းပေါက်ကျေးရွာမှ အမျိုးသမီး (၁)ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စုအတွင်း ချောင်းဖျားကျေးရွာမှ အမျိုးသား(၁)ဦး စုစုပေါင်း (၁၀)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/37419

#TachileikNewsAgency
Photo: Myanmar Fire Services Department
Forwarded from Tachileik News Agency
ပျော်ဘွယ်မြို့တွင် လူ ၁၅ ဦး ရေစီးနှင့် မျောပါ ၂ ဦးသာ ကယ်တင်ထားနိုင်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်တွင် လူ(၁၅)ဦး ရေစီးနှင့် မျောပါသွားပြီး (၂)ဦးသာ ကယ်တင်နိုင်ကာ (၃)ဦးသေဆုံးပြီး (၁၀)ဦး ပျောက်ဆုံးနေသည်ဟု ကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရသည်။

"ရေစီးနောက်မျောပါသွားတဲ့လူ (၁၅)ဦးရှိပါတယ်။ (၂)ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်။ (၃)ဦးကတော့ သေဆုံးတာ ပြန်တွေ့တယ်။ (၁၀)ဦးကတော့ ပျောက်ဆုံးနေလို့ ရှာနေကြတယ်။"ဟု ကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက Tachileik News Agency ကိုပြောသည်။

ပျော်ဘွယ်မြို့နယ်တွင် ရန်အောင်ကန်နှင့် ကျောက်ဆည်ကန်ကျိုးကာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့အထိ ရွာပေါင်း (၃၁၈)ရွာ ရေနစ်မြုပ်နေသည်။

"ပျော်ဘွယ်မြို့နယ်ထဲ ရေကြီးရေလျှံမှုက နေရာအနှံ့နီးပါးကိုဖြစ်နေတာပါ။ ဖြစ်တဲ့နေရာတိုင်းကို ကယ်ဆယ်ရေးဆောင်ရွက်နိုင်ဖို့ အခက်အခဲရှိပါတယ်။"ဟု ကယ်ဆယ်ရေးသမားတစ်ဦးက Tachileik News Agency ကို ယနေ့ မနက်ပိုင်းက ပြောသည်။

ထို့အပြင် လမ်းများလည်းပျက်စီးပြီး တံတားများပါ ကျိုးကျ မျောပါသွားပြီဖြစ်သဖြင့် လမ်းပန်းဆက်သွယ်‌ရေး ပြတ်တောက်နေသည်။

ရေနစ်မြုပ်မှုကြောင့် နေအိမ်များအတွင်း၌ ပိတ်မိနေသူ အများအပြားရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/37420

#TachileikNewsAgency
Forwarded from Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း စက်မှုဇုန်အလွန် ဓါတ်တိုင် (၂၇)တိုင် ပြိုလဲသွား၍ လျှပ်စစ်မီး အမြန်ဆုံး ပြန်လည်ရရှိရေး မြို့မီးလင်းရေးက လုပ်ဆောင်နေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * * *

ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် တာချီလိတ်မြို့နယ်အတွင်း လျှပ်စစ်မီးနှင့်ပတ်သက်၍ မိုင်းဖုန်းကျေးရွာအုပ်စုသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးတိုက် (၂၇)တိုင် ပြိုလဲမှုများရှိခဲ့၍ လျှပ်စစ်မီးများ အမြန်ဆုံး ရရှိရေးအတွက် မြို့မီးလင်းရေးဦးဆောင်ကော်မတီကော်မတီက လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။

မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း ဆွတ်ဆိုင် လမ်းဆုံကနေ စက်မှုဇုန်သွားလမ်းရှိ ဦးထွန်းအောင်တံတားအကြား သွယ်တန်းထားသော့် လျှပ်စစ်ပါဝါမီးတိုင် (၂၇)တိုင်တိတိ ပြိုလဲသွားသည့်အတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ချိန်အတွင်း အမြန်ဆုံးမီးပြန်လည်ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောက်ရွက်လျှက်ရှိကြောင်း တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီ က စက်တင်ဘာလ(၁၂)ရက်နေ့က အသိပေးထားရှိသည်။

တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာ(၁၀)ရက်နေ့ စပြီး စက်တင်ဘာလ(၁၃)ရက်နေ့အထိ ရေကြီးရေမှုများ ဖြစ်ပွားနေခြင်းကြောင့် စက်တင်ဘာလ(၁၀)ရက်နေ့ကတည်းက တာချီလိတ်မြို့နယ်တစ်ခုလုံး လျှပ်စစ်မီး ဖြတ်တောက်ထားရကြောင်းနှင့် စက်တင်ဘာလ(၁၁)ရက်နေ့ ညပိုင်းက ရေကြီးရေလျှံမှုနှင့် ကင်းလွတ်သည့် ရပ်ကွက်အချို့အပိုင်းတွင်သာ လျှပ်စစ်မီး ပြန်လွတ်နိုင်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်မီးများ ပြတ်တောက်နေ၍လည်း ဆက်သွယ်ရေးများလည်း ပြတ်တောက်နေကြောင်း သိရသည်။

News: https://www.tachileik.net/mm/news/37423

#TachileikNewsAgency
Photo: တာချီလိတ်မြို့မီးလင်းရေး
Forwarded from Tachileik News Agency
ကရင်နီပြည်နယ် ပွန်ချောင်းရေတလျှောက် ရွာများနှင့် စစ်ရှောင်စခန်းများ ရေဘေးကြုံနေရ
* * * * *

ကရင်နီ (ကယား)ပြည်နယ်အတွင်း ပွန်ချောင်းတစ်လျှောက်ရှိ ရှားတောနှင့် ဒီးမော့ဆိုမြို့နယ်များအတွင်းရှိ ကျေးရွာ (၃)ရွာနှင့် စစ်ရှောင်စခန်းများတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့ ညပိုင်းမှစ၍ ချောင်းရေ ရုတ်တရက်မြင့်တက်ကာ ရေဘေးကြုံနေကြရသည်။

ရှားတောမြို့နယ်တွင်းမှ ကျေးရွာ (၃)ရွာနှင့် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် နေအိမ်များ ရေနစ်မြုပ်သွားကြခြင်းဖြစ်သည်။

“ ရုတ်တရက် ရေကတတ်လာတာ။ တချို့ဆိုအိပ်နေတုန်းပဲ အိပ်ယာအောက်မှာ စိုလာတော့ထကြည့်မှ ရေတွေ တစ်ဖြည်းဖြည်း တက်ပြီး မြုပ်လာတာကို သိတာပေါ့။ သက်ကြီးရွယ်အိုတွေ ၊ ကလေးတွေရော အကုန်ပဲ တောင်ကုန်းဖက်တွေကို အမြန်ပြေးရှောင်ရတယ်။ ကျွန်တော်တို့က စစ်ဘေးရှောင်စခန်းဆိုတော့ တဲအိမ်လေးတွေပေါ့။ အကုန်မြုပ်တာမဟုတ်ဘဲ ရေကြီးတာနဲ့ ရေစီးလည်းသန်တော့ အဲဒီရေစီးထဲ အကုန်မျောပါသွား ကုန်တယ်။ တစ်ချို့အိမ်တွေလောက်ပဲမြုပ်ပြီးကျန်တယ် ။ ဘာပစ္စည်းမှ မယူရဘူး။ အကုန်ရေထဲပါကုန်တယ်။ လူတွေတော့ အထိခိုက်မရှိကြဘူး ။ “ ဟု ပွန်ချောင်းအနီးရှိ စစ်ရှောင်စခန်းမှ ဦးရှားရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာလ (၁၁)ရက်နေ့ ည (၈)နာရီကျော်အချိန်မှစ၍ ပွန်ချောင်းရေမြင့်တက်လာရာ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ပွန်ချောင်အနီးတွင် နေထိုင်ကြသော စစ်ဘေးရှောင်စခန်းများ စစ်ရှောင်များမှာ ညတွင်းချင်းအရေးပေါ် ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရပြီး စစ်ရှောင်များ၏ တဲအိမ်ပေါင်းများစွာ ရေစီးထဲမျောပါသွားခဲ့သလို အချို့နေအိမ်များမှာ ရေနစ်မြုပ်သွားခြင်းဖြစ်သည်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ပွန်ချောင်းအနီးတွင် နေထိုင်သည့် စစ်ဘေးရှောင်စခန်း (၇)ခုထိရှိ၍ လူဦးရေးများပြားကာ ချောင်းဘေးတစ်လျှောက်ရှိ ရိတ်သိမ်းနေဆဲနှင့် ရိတ်သိမ်းပြီးသည့် နှမ်း ၊ မြေပဲများ နှင့် နေအိမ်များအတွင်းသိုလှောင်ထားသည့် စိုက်ပျိုးသီးနှမ်းများလည်း ရေစီထဲ မျောပါသွားခဲ့သည်။

ရှားတောမြို့နယ်ထဲရှိ ပွန်ချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများဖြစ်သည့် တနော်ကလု ၊ ပွန်ချောင်း နှင့် ဆူဖဲလောကျေးရွာ တို့တွင်လည်း စက်တင်ဘာလ (၁၁)ရက်နေ့ မှစ၍ ပွန်ချောင်းရေမြင့်တက်လာကာ စက်တင်ဘာလ (၁၂) ရက်နေ့တွင် နေအိမ်အများအပြား ရေနစ်မြုပ်နေပြီး ဒေသခံများမှာ ရေနစ်မြုပ်ခြင်းမရှိသေးသည့် အဆောက်အဦးအမြင့်နေရာများ နှင့် နီးစပ်ရာကျေးရွာများတွင် တိမ်းရှောင်နေရကြောင်းသိရသည်။

လက်ရှိ စက်တင်ဘာလ (၁၂) ရက်နေ့တွင် ပွန်ချောင်းရေးမြင့်တက်မှုမှ ပြန်ကျခြင်းမရှိသေးဘဲ ညနေပိုင်းအချိန်ထိ အနည်းငယ်သာ ပြန်ကျသည်ကို တွေ့ရသည်။

ယခုကဲ့သို့ ပွန်ချောင်းရေ အဆမတန်မြင့်တက်လာခြင်းမျိုးကို ယခင်ကကြုံဖူးလေ့မရှိဘဲ ယခုအကြိမ်တွင် ပုံမှန်ထက် အဆမတန်မြင့်တတ်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

News: https://www.tachileik.net/mm/news/37421

#TachileikNewsAgency
Forwarded from Tachileik News Agency
တာချီလိတ်မြို့တွင် တစ်နေ့တည်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မြေပြို၍ သေဆုံးပြီး ရေထဲမျောပါ၍ သေဆုံးသူ (၂)ဦး ရှိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * * *

ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် တစ်နေ့တည်း ကိုယ်ဆောင်အမျိုးသမီးတစ်ဦး မြေပြိုမှုကြောင့် သေဆုံးပြီး လူ(၂)ဦး ရေထဲမျောပါ သေဆုံးသွားကြောင်း သိရသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ တစ်နေ့တည်းတွင် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း မြေပြိုမှုကြောင့် ကိုယ်ဆောင်တစ်ဦး ပိတ်မိပြီး သေဆုံးသွားကြောင်း သိရသည်။

မြေပြိုရာသို့ ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ သွားရောက် ရှာဖွေ ကယ်ဆယ်မှုများ ပြုလုပ်ရာတွင် အမျိုးသမီးအား သေဆုံးလျှက်ဖြင့် တွေ့ရပြီး ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ရင်ခွဲစစ်ဆေးချက်အရ ဝမ်းတွင်း၌ ကလေးမှာလည်း သေဆုံးနေကြောင်း သိရသည်။

ယင်းအပြင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် နှင့် ဝမ်ကောင်းရပ်ကွက်အကြားရှိ နမ့်ယွန်းချောင်း ရေလျှံပြီး ရေစီးသန်မှုကြောင့် မကာဟိုခမ်းဘက်ခြမ်း ချောင်းဘေးနေ အသက်(၅၆)နှစ်ရွယ် ဒေါ်ချို ဆိုသူမှာ ရေစီးနှင့်အတူ မျောပါပြီး သေဆုံးသွားကြောင်း သိရည်။

အလားတူ အဆိုပါ နေ့မှာပင် တာချီလိတ်မြို့နယ်အတွင်း ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းရှိ မယ်ဟုတ်တံတားပေါ် ရေလွှမ်းမိုးပြီး ရေစီးသန်မှုကြောင့် စိတ်မနှံ့သည့် အမျိုးသားတစ်ဦး ရေထဲ မျောပါသေဆုံးသွားကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ(၁၃)ရက်နေ့အထိ ဖြစ်ပွားသည့် ဆိုးရွားဆုံး ရေကြီးရေလျှံ မြေပြိုမှုများကြောင့် ရေထဲမျောပါသေဆုံးသူ (၂)ဦး မြေပြိုမှုကြောင့် သေဆုံးသူ (၄)ဦးအထိ ရှိကြောင်း သိရသည်။

လက်ရှိတွင် အချို့နေရာများတွင် ဆက်သွယ်မှု ပြတ်တောက်နေဆဲဖြစ်၍ အဆိုပါ အရေအတွက်မှာ နီးစပ်ဆုံး အရေအတွက်သာဖြစ်သည်။

News: https://www.tachileik.net/mm/news/37422

#TachileikNewsAgency
Forwarded from Tachileik News Agency
တာချီလိတ်မြို့တွင် ၃ ရက်ကြာပိတ်မိနေသည့် ရေဘေးသင့်ပြည်သူများက သောက်ရေများ လိုအပ်နေ

ရေကြီးရေလျှံမှု့ဖြစ်ပွါးနေသည့် တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့အထိ (၃)ရက်ကြာပိတ်မိနေသည့် ထောင်နှင့်ချီသော ရေဘေးသင့် ပြည်သူများက အစားရေစာများပျက်လပ်နေပြီး လက်ရှိမှာ အစားအစာများ လာရောက်မပေးနိုင်ပါကလည်း သောက်ရေများလာ ရောက်ပို့ပေးနိုင်ပါရန် မျှော်လင့်နေကြသည်။


ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ မေဖလားဝါးကွင်း၊ လွယ်တော်ခမ်း နှင့် မယ်ယန်း တို့မှ ရေဘေးသင့်ပြည်သူများအတွက် အစားအစာနှင့် သောက်ရေသန့်များ အဓိက လိုအပ်နေပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်သူများလည်း လက်လှမ်းမမှီဖြစ်နေကြောင်း သိရသည်။

#TachileikNewsAgency
Forwarded from Tachileik News Agency
ဆန်ဆိုင်းဘုန်းကြီးကျောင်း အုတ်တံတိုင်း ပြို

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ဆေးရုံဟောင်း
အနောက်ဘက်၊ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ ဆန်ဆိုင်းဘုန်းကြီးကျောင်း၏ အုတ်တံတိုင်း ပြိုကျနေသည်ကို ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့က တွေ့ရသည်။

#TachileikNewsAgency