MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
စစ်ကောင်စီ နှင့် MNDAA စစ်ရေးတင်းမာမှုကြောင့် မုံးကိုး နော့ဂူရွာသားများ ထွက်ပြေးရန် နေရာပြင်ဆင်နေရ
စက်တင်ဘာ ၄၊ ၂၀၂၁

မုံးကိုးမြို့နယ် နော့ဂူအုပ်စု၊ နော့ဂူဒေသခံများမှာ စစ်ကောင်စီ နှင့် ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်နေမှုကြောင့် ကျေးရွာတွင် ဆက်လက်နေထိုင်ရန် မလုံခြုံတော့သဖြင့် နေရာအသစ်တွင် စစ်ရှောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“ကျွန်တော်တို့ စစ်ရှောင်တွေ နောက်တစ်ခေါက် ပြန်ရွှေ့ဖို့ ပြင်နေတယ်။ တရုတ်နိုင်ငံ နယ်စပ်။ ဟိုနေရာတစ်စု၊ ဒီနေရာတစ်စု နေရာပြင်ဆင်နေကြတာခု။ တဲဆောက်တဲ့သူကဆောက်။ တောရှင်းတဲ့သူကရှင်း နဲ့ ကြိုးစား ပြင်ဆင်နေပါတယ်။” ဟု လက်ရှိ စစ်ရှောင်တစ်ဦးက ပြောသည်။

စစ်ရှောင်ရန် ပြင်ဆင်နေသူများမှာ အိမ်ခြေ ၅၀ ကျော်ရှိ နော့ဂူကျေးရွာသားများဖြစ်ပြီး အမျိုးသမီးများ ကျေးရွာတွင်ကျန်နေခဲ့ကာ အမျိုးသားများသည် စစ်ရှောင်စခန်းအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

၎င်းတို့ ကျေးရွာအနီးတွင် ဩဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီနှင့် ကိုးကန့် MNDAA တို့အကြားတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်တစ်နေရာတွင် ထွက်ပြေးရန် စခန်းတည်ဆောက်နေခြင်းဖြစ်သည်။ တိုက်ပွဲငြိမ်သက်နေသည်မှာ ၄ ရက်ခန့်ရှိပြီဖြစ်သော်လည်း ဆက်လက်ပြင်းထန်လာမည်ကို စိုးရိမ်သောကြောင့် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“၃၁ ရက်နေ့ တိုက်ပွဲ ဖြစ်ကတည်းက ခုထိ ငြိမ်တော့ ငြိမ်နေတယ်။ ဒါပေမယ့် ရွာသူရွာသားတွေက အိမ်ပြန်ဖို့ ကြောက်လန့် စိုးရိမ်နေကြလို့ ဒီလို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။” ဟု ရွာခံတစ်ဦးက ရှင်းပြသည်။

ရှမ်းမြောက် တရုတ်နယ်စပ် မုံးကိုးမြို့နှင့် ပန်ဆိုင်း (ကြူကုတ်) အနီး တိုက်ပွဲများကြောင့် ဒေသခံထောင်ကျော် စစ်ရှောင်နေရဆဲဖြစ်ကာ လက်နက်ကြီးကြောင့် သေဆုံးသွားသော ပြည်သူ ၆ ဦး ရှိပြီ ဖြစ်သည်။

Bum Shep

KNG
💥Breaking News💥

ယခု ည ၈နာရီ ၂၀မိနစ်ကစလို့ မြောက်ဥက္ကလာပမြို့နယ်အတွင်း ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ အကြမ်းဖက် စစ်ကောင်စီတပ်များရောက်ရှိနေပြီလို့သိရပါတယ်။ ဖြစ်စဥ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

4.9.2021
#NorthOkkalapaInformation
ရဲတွေကင်းလှည့်စဉ် တီးတိန်မြို့အဝင်မှာ ခြုံခိုပစ်ခတ်ခံရလို့ ဒုရဲအုပ်ဒဏ်ရာ ရရှိ
===========
ချင်းပြည်နယ်၊ တီးတိန်မြို့ မြို့မရဲစခန်းမှ စခန်းမှူးဦးဆောင်ပြီး ဒီနေ့ စက်တင်ဘာ ၄ ရက် မနက် ၁၁ နာရီအချိန်တွင် ကင်းလှည့်နေစဉ် မြို့အဝင်ဆိုင်းဘုတ်အနီးမှာ PDF တပ်ဖွဲ့ကပစ်ခတ်လို့ ဒုရဲအုပ် သန်းလင်းဦးတွင် ကျည်ဆံ (၃)ချက် ရှပ်ထိဒဏ်ရာရရှိတယ်လို့ ရဲကြေးနန်းအရသိရပါတယ်။
Read More website https://bit.ly/3h16wVw
Telegram https://t.me/zalenmedia/3091
ဂျပန်ပြည်ကိုစစ်ပညာ သွားသင်တဲ့ အတွေ့အကြုံတွေကို စာရေးဆရာကြီးမြတ်ထန်(ဗိုလ်မှူးကြီးတင်မောင်) ရေးတဲ့ စာအုပ်တွေကိုဖတ်ပြီး အတွေးလေးတစ်ခုဝင်လာလို့ပါ။ ရင်ထဲရောက်သွားတဲ့စာသားလေးကတော့ မင်းမောသလိုပင်ပန်းသလို မင်းရဲ့ ရန်သူကလဲ ပင်ပန်းနေမယ်ဆိုတာကို သိထားပါတဲ့(စာသားအတိအကျမဟုတ်ပါ)။ အဲဒီလိုပဲ ကျွန်တော်တို့တတွေ ပင်ပန်းနွမ်းနယ်နေတာကို နားလည်ပါတယ် ခံစားပေးလို့ရပါတယ်။ ထိုနည်းတူစွာပဲ အာဏာသိမ်းဖို့ကြိုးစားနေတဲ့ ကမကလ မအလ နဲ့ သူတို့ အပေါင်းပါတစ်သိုက်ကလဲ ကျွန်တော်တို့ထက်ပိုပြီး ဒုက္ခဆင်းရဲတွင်းထဲရောက်နေပါပြီဗျာ။
.
စစ်သူတောင်းစားတွေက ကိုင်ထားတဲ့သေနတ်ကြောင့်သာ ဟန်ကိုယ့်ဖို့လုပ်နေရတာပါ။ အဲဒီသူတောင်းစားတွေလဲ လူပဲ ကြောက်တာပဲ။ မကြောက်ချင်ယောင်ဆောင်နေတာ။ အဲဒီကောင်တွေကြောက်တာများဖင်တုန်အောင်ကြောက်နေတာ။ သေနတ်ပြောင်းပြန်လှည့်လာမှာကြောက်ရ၊ ခင်ဗျားမအုပ်ချူပ်နိုင်တော့ဘူး ကျန်းမာရေးအကြောင်းပြပြီး အနားပေးခံရမှာကြောက်ရ၊ ပြည်သူ့အစိုးရ ပြန်တက်လာခဲ့အခါမှာ စွဲချက်တွေ တလှေကြီးတပ်ပြီး တရားဥပဒေ ရင်ဆိုင်ရမှာကြောက်ရ၊ နိုင်ငံတကာခုံရုံးအတင်ခံရမှာကြောက်ရ၊ အာဏာပါဝါမရှိတော့ရင် သူတို့ခိုးထားတဲ့ပိုင်ဆိုင်မှု့တွေကို ပြည်သူပိုင်အသိမ်းခံရမှာကြောက်ရနဲ့ တဖြေးဖြေးနဲ့နီးကပ်လာပြီဖြစ်တဲ့ကြိုးစင်ကိုကြောက်ရနဲ့အကြောက်သံသရာလည်နေတဲ့ကောင်တွေပါ။
.
အဲဒီတော့ အမှန်တရားကို မြတ်နိုးပြီး မတရားအာဏာသိမ်းဖို့ကြိုးစားတာကို မကြိုက်တဲ့ ၊ ဆန့်ကျင်တွန်းလှန်ခုခံနေတဲ့ တရားတဲ့ဖက်မှာ ရပ်တည်နေတဲ့ ကျွန်တော်နဲ့ ရင်ဘတ်ချင်းတူတဲ့သူတွေကို သွယ်ဝိုက်မနေတော့ပဲ ဒဲ့ပဲ မိုတီဗေးရှင်းလေး ပေးချင်တာကတော့ ကျွန်တော်တို့တတွေ ပင်ပန်းဆင်းရဲနေသလို၊စိတ်ဆင်းရဲနေသလို ကမကလ မအလတို့တတွေပါ ဒုက္ခရောက်ပြီး တိုင်ပတ်နေတယ်ဆိုတာကိုပါ။ သူတို့က ကျွန်တော်တို့ထက်ပိုပြီး ဒုက္ခရောက်နေပါတယ်။ ကျွန်တော်တို့ပြည်သူတွေကမှ ငါတို့မှာငါတို့ပဲ ရှိတယ်ဆိုပြီးပြောပေမဲ့ ကျွန်တော်တို့က အများစု ပြီးတော့ အချင်းချင်းလဲ ရိုင်းပင်းကူညီစောင့်ရှောက်ကြသေးတယ်။ စစ်သူတောင်းစားတွေက အချင်းချင်းလဲ မယုံရဲ၊ အောက်လူက ပြန်ပြီးသေနတ်လှည့်လာမှာကြောက်ရနဲ့ ပိုပြီးဆိုးနေပါတယ်။
.
အခုဆိုရင် ကျွန်တော်တို့ရဲ့ သာယာရွှေပြည်ကြီးက အလုံးစုံကိုပျက်ဆီးတော့မယ်။စီးပွားရေး၊ကျန်းမာရေး၊သယ်ယူပို့ဆောင်ရေး ဘာတစ်ခုမှ အဖတ်ဆည်မရအောင်ဖြစ်နေပြီ။ မပူနဲ့ သဘာဝဘေးအန္တရယ်တွေကြောင့်ဖြစ်တဲ့ဟာတွေကိုတောင် ပြန်ပြီးထူထောင်နိုင်သေးတာပဲ လူက လုပ်တဲ့ ပျက်ဆီးယိုယွင်းမှု့တွေဆိုတာကို ကျွန်တော်တို့ ပြန်လုပ်နိုင်ပါတယ်။ အရေးကြီးတာ စစ်သူတောင်းစားတွေ မြန်မာပြည်ကြီးမှာ အမြှစ်ပြတ်သွားဖို့ပဲလိုတာ။ ကျွန်တော်တို့အားလုံး စစ်သူတောင်းစားတွေ အလွန်မှာ တက်ညီလက်ညီနဲ့ တိုင်းပြည်ကိုသာ ပြန်လည်ထူထောင်မယ်ဆိုရင် တိုင်းပြည်ကို ရွှေပါချထားလို့ရတယ်။ စစ်သူတောင်းစားတွေ မရှိဖို့ပဲလိုတာ။ အဲဒီတော့ ကျန်းမာအောင်နေပါ။ အားမွေးထားပါ အလုပ်တွေ အများကြီးလုပ်ရပါအုန်းမယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
.
ဖီလင်.....ကျွန်တော်တို့မကြာခင်ပြန်ဆုံကြမယ်
.
သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ (ချမ်းသာကြပါစေ၊ ဆင်းရဲဒုက္ခလွတ်ကြပါစေ။)
#savemyanmar
#voiceofmyanmar
#saveaungsansuukyi
#saveourpresident
#fuckyouminaunghlaing
#CivilDisobedienceMyanmar
#FightForDemocracy
#WeSupportNUG

Crd
This media is not supported in your browser
VIEW IN TELEGRAM
သွေးသစ္စာသီချင်းကို cmt မှာ တယောက်တကြောင်းစီ ညီညီညာညာလေးဆိုပေးပြီး မနက်ဖြန်တိုင်းအတွက် အားဖြည့်ကြရအောင်လား

ကျနော်ကနေ စလိုက်မယ်ဗျာ။
🎼🥁အရေးကြီးပြီ ညီနောင်အပေါင်းတို့......🎹🎺
(ဆုံးတဲ့နေရာမှ ဆက်ဆိုသွားရန်)

အဆိုပါ သွေးသစ္စာသီချင်းပြီးပါက
🔥အလိုမရှိ
🔥ကမ္ဘာမကြေဘူး
🔥အာဏာရှင်စနစ်အဆုံးသတ်ရမည်
အစရှိတဲ့ အရေးတော်ပုံနဲ့ ပတ်သက်တဲ့ သီချင်းတွေပါ ဆက်ဆိုပေးပြီး အဆုံးမှာ သပိတ်သံချပ်များနဲ့ ညီညီရွတ်ဆိုပေးကြရန်။

ဒီလိုညစဥ်ညတိုင်းပြုလုပ်ပေးခြင်းဟာ သွေးမအေးဖို့၊ ဒလန်တွေ စခဘောမတွေမြင်ရင်လည်း ပြည်သူတွေ ဘယ်လောက်တောင် တော်လှန်ရေးနိုင်ချင်စိတ်ပြင်းပြနေကြလဲ၊ ဘယ်လောက်သွေးစည်းညီညွတ်ကြလဲဆိုတာ သိစေချင်တဲ့အတွက် ပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်ခမျာ။💜

#ukn
Notice 🚨

မြန်မာပြည်မှာ ပြည်တွင်းစစ် စတင်နေပြီလို့ ပြောလို့ရပါတယ်

နောက်ပိုင်း ဒီထက် အခြေအနေတွေက ပြင်းထန်လာဖို့ပဲရှိပါတယ် ဆေးရုံ ဆေးခန်း အလွယ်တကူ သွားလာလို့ မရနိုင်တဲ့ အခြေအနေတွေ ဆေးပစ္စည်း အလွယ်တကူ ဝယ်ယူမရနိုင်တဲ့ အခြေအနေတွေမျိုး ဖြစ်လာနိုင်သည့်အတွက် ( တချို့နေရာတွေမှာ ဖြစ်နေပါပြီ ) မင်မင်တို့ပြည်သူတွေ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ မှာချင်ပါတယ်

မပြီးပြတ်သေးတဲ့ Covid 19 ကပ်ရောဂါကိုလည်း သတိလက်မလွတ်ပဲ ကာကွယ်နေထိုင်ကြပါ

Covid 19 Vaccines ကို လုံခြုံစိတ်ချရသော ရပ်ဝန်းကနေ ရရှိပါက ထိုးဖြစ်အောင် ထိုးနှံကြပါ

MSI
အာဆီယံအထူးသံ မြန်မာခရီးစဥ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုထား

အထူးသံက အာဆီယံခေါင်းဆောင်တွေ တွေ့ဖို့ရှိတဲ့ အောက်တိုဘာအကုန်ပိုင်းမတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်လိုတာ ဖြစ်ပေမဲ့ အခုထိ မြန်မာနိုင်ငံသွားမယ့်ရက်ကို အဆုံးသတ် မရွေးချယ်ရသေးဘူးလို့ ဆိုပါတယ်။

BBC
Forwarded from Cape Diamond
UK နိုင်ငံ Sky News သတင်းဌာနရဲ့နောက်ဆုံး အထူးစုံစမ်းဖော်ထုတ်သတင်းတစ်ရပ်မှာတော့ မြန်မာ့အာဏာသိမ်းကာလမှာ စစ်တပ်ရဲ့ပြည်သူတွေကို ဖမ်းဆီးချုပ်နှောင်မူအတွင်း နှိပ်စက်မူ၊ အနိုင်ကျင့်မူနဲ့ လူသေဆုံးတဲ့အထိ ပြုလုပ်မူတွေအကြောင်း ဖော်ပြလိုက်ပါတယ်။ အဆိုပါကိစ္စများအတွက် ပညာရှင်များနဲ့အတူ ၃ လကြာအချိန်ယူ စုံစမ်းဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။


သတင်းအပြည့်အစုံကို အောက်ပါ Link များမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Tweet - https://twitter.com/cape_diamond/status/1434191631050174470?s=21

ရုပ်သံ YouTube - http://youtu.be/A7EpR2-vqps

News Page - https://news.sky.com/story/the-student-a-politician-and-a-uk-trained-dancer-claims-of-torture-and-death-in-custody-under-myanmars-military-rule-12397750

t.me/cape_diamond ကို subscribe လုပ်ပြီး သတင်းများကို ပြန်လည်မျှဝေနိုင်ပါတယ်ခင်ဗျာ။
ဧည့်စာရင်းအကြောင်း ထပ်မံသိရှိချက်

အရှေ့ဒဂုံဘက်မှ ရပ်ကွက်အချိုတွင် ဧည့်စာရင်းမတိုင်ရသေးတဲ့လူတွေကို တိုင်ခိုင်းပါတယ်။ တိုင်ပြီးရင်လည်း ဆယ်ကျော်သက်ကလေးတွေပါရင်စာရင်းမှတ်ထားပါတယ်။ ရန်သူတွေက ကလေးတွေကိုလိုအပ်ရင်ထုတ်သုံးဖိုလိုပြောပါတယ်။
ကလေးတွေရဲ့ မိဘတွေကိုလည်း Training ထဲကိုဝင်ဖိုအုပ်ကြီးတွေကနေပြောပါတယ်။ ငွေပေးပြီး ကမ်းလှမ်းတာမျိုးတွေတောင်ရှိတယ်သိထားရပါတယ်။ တချိုမိဘတွေဆို ဧည့်စာရင်းတိုင်မိတာကိုနောင်တတွေရနေကြတာမျိုးတွေရှိနေပါတယ်။

ပိုမိုပြည့်စုံသောအချက်အလက်များအတွက် မေးမြန်းစုံစမ်းနေဆဲပါ။

ထူးခြားတာရှိရင် @NEinformer ကိုသတင်းပေးပြောပြပေးနိုင်ပါတယ်ရှင့်
ရှမ်း​မြောက်မှာ တိုက်ပွဲပြင်းထန်​နေ

5 sep 2021-Kachinwaves

ရှမ်း​မြောက် မူဆယ်မြို့နယ် ​ဖောင်း​ဆိုင်​ကျေးရွာမှာ ယ​နေ့ မနက် ၈ နာရီခန့်ကစတင်ပြီး စစ်​ကောင်စီတပ်နှင့် ကိုးကန့်တပ် MNDAA တို့ကြား တိုက်ပွဲပြင်းထန်​နေ​ကြောင်း သတင်းရရှိသည်။

ယ​နေ့မနက် ၅ နာရီ ၇ နာရီထိလည်း လရှပ်​ကျေးရွာနားမှာ တိုက်ပွဲပြင်းထန်ခဲ့​ကြောင့် သိရသည်။

လက်ရှိအချိန် ရှမ်း​မြောက်မှာ ​စစ်​ကောင်စီ တပ်ဘက်မှ စစ်အင်အားတိုးချဲ့ ​နေပြီး တိုက်ပွဲလည်း ​နေ့စဥ်ဖြစ်ပွားလျှက်ရှိသည်။

#shan
Kachinwaves
၄ ရက်နေ့ MSI Summary News တွေကို MSI ရဲ့ Facebook Page 👉 MSI - Revolution Diary (MSIRD) Page မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

-

Comment တွင်လည်းဖတ်နိုင် 👇
💕အားလုံးဘဲမင်္ဂလာမနက်ခင်းပါဗျ💕

စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့ တော်လှန်နေသူများအား -

(၁) ဆုတောင်းမေတ္တာပို့သပေး ပြီး

(၂) "အရေးတော်ပုံအောင်ရမည်" ဟု မန့်ခဲ့ပေးကြပါဦး📝
မြို့သစ်မြို့ရှိ ရဲဝန်ထမ်းအိမ်ရာ ဗုံးခွဲတိုက်ခိုက်ခံရ
DVB

မကွေးတိုင်း၊ မြို့သစ်မြို့၊ ရွှေလရောင်ကွက်သစ်မှာရှိတဲ့ ရဲဝန်ထမ်းအိမ်ရာကို စက်တင်ဘာ ၅ ရက် ဒီမနက် ၅ နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
http://burmese.dvb.no/archives/485800
#DVB #News #မြို့သစ်မြို့ #ရဲဝန်ထမ်းအိမ်ရာ #ဗုံးခွဲတိုက်ခိုက်ခံရ
အချိန်မလင့်ခင်ပြည်သူနှင့်အတူ ပူပေါင်းစို့

တပ်မတော်သားများ/ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ

မိမိတို့ တပ်အတွင်း စခန်းအတွင်း အခြေအနေ အရပ်ရပ်ကို မိမိသည်သာ အသိဆုံးဖြစ်မှာပါ

အသင်တို့ ဖမ်းဆီးပစ်ခတ်လို့ ပြည်သူ့သားကောင်း/သမီးကောင်းများသည် မိသားစုနှင့်ဝေးရာ တစ်နယ်တစ်ကျေး ရပ်ဝေးမှာ ထွက်ပြေးတိမ်းရှောင် နေထိုင်ကြရပါသည်။ ကံအားလျှော်စွာပင် တိုင်းရင်းသားဒေသများအတွင်းရှိ မိမိတို့၏ သွေးသားတိုင်းရင်းသားများ ၊ နေရာအနှံ ဒေသတွင်းရှိ ပြည်သူများ၏ ကူညီစောင့်ရှောက်ဖေးမကူညီပေးမှုကြောင့် ဘေးမသိရန်မခစွာ နေထိုင်စားသောက်နေနိုင်ပါသည်။

အသင်တို့ စစ်ရှုံးခဲ့သည်ရှိသော် အသင်တို့အသက်ပေး ကာကွယ်ပေးနေသော စစ်ခေါင်းဆောင်များသည် အသင်တို့ကို ဘေးမသိရန်မခစွာ နေနိုင်ရန် ကူညီပေးမည်လော ၊ အသင်တို့ တတိယနိုင်ငံမှာ နိုင်ငံရေးခိုလှုံနိုင်အောင် ကူညီပေးမည်လော သို့တည်းမဟုတ် အသင်တို့ အသက်ပေး ကာကွယ်နေသော စစ်ခေါင်းဆောင်များသည်သာ ၎င်း တို့မိသားစုနှင့်အတူ အသင်တို့ကို လျှစ်လျှူရှုပြီး ကိုယ်လွတ်ရုန်းထွက်ပြေးမည်လော အသင်တို့ သိပါသည်။

အသင်တို့ပြည်သူမပါပဲ ဘယ်အရာမှ မအောင်မြင်နိုင်ဖူးဆိုတာ အသင်တို့သိသင့်ပါသည်။ မြန်မာပြည်သူတွေက သေနတ်ကိုင်ထားတဲ့လူကိုတောင် အုတ်ခဲနဲ့ ထုပြီး အမိဖမ်းရဲလောက်အောင် သတ္တိပြောင်ခဲ့ကြသူတွေပါ ( ဦးကိုနီ Case)။ စစ်ရှုံးခဲ့သော်အသင်တို့ပြေးစရာမြေမရှိပါ အချိန်ရှိတုန်း အာဏာကို ကိုယ့်စည်းစိမ် ကိုယ့်မိသားစု ကိုယ်သားသမီးများအတွက်သာ လိုသလိုအသုံးချပြီး မိမိအောက်လက်ငယ်သားများ ၎င်းတို့၏ မိသားစုဝင်များ အသက်ကို စတေးနေသော အသင်တို့ရဲ့ စစ်ခေါင်းဆောင်များကို ကျောခိုင်းပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံဖို့ အသိတရားရစေဖို့ တိုက်တွန်းအပ်ပါသည်။

အသင်တို့ အသိတရားတွေ နိုးထဖို့ အချိန်တန်ပြီ။

အသင်တို့လက်နှင့်ပဲ အသင်တို့ တပ်မတော် အသင်တို့ တပ်ဖွဲ့ကို နိုင်ငံတကာ အဆင့်မီ တပ်မတော် တပ်ဖွဲ့ ဖြစ်အောင်ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပြီ။

အသင်တို့်မိသားစု ဘဝ တွေကို အောက်ခြေနင်းပြား ဘဝကနေ သင်တို့ကိုယ်တိုင် ကယ်ထုတ်ဖို့ အချိန်တန်ပြီ။

MSI
MSI - MYANMAR SOCIETY INFORMATIONS pinned «အချိန်မလင့်ခင်ပြည်သူနှင့်အတူ ပူပေါင်းစို့ တပ်မတော်သားများ/ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ မိမိတို့ တပ်အတွင်း စခန်းအတွင်း အခြေအနေ အရပ်ရပ်ကို မိမိသည်သာ အသိဆုံးဖြစ်မှာပါ အသင်တို့ ဖမ်းဆီးပစ်ခတ်လို့ ပြည်သူ့သားကောင်း/သမီးကောင်းများသည် မိသားစုနှင့်ဝေးရာ တစ်နယ်တစ်ကျေး…»
စီးပွားရေးလုပ်ငန်းများကို ထုတ်ချေးထားသည့် ကိုဗစ်ချေးငွေများ စစ်ကောင်စီ ပြန်တောင်း
DVB

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုအများဆုံး ခံစားခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကုစားဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က အတိုးနှုန်း သက်သာစွာ ထုတ်ချေးပေးခဲ့တဲ့ ချေးငွေတွေကို အရင်းနဲ့အတိုး တပေါင်းတည်း ပြန်ဆပ်ဖို့ စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ချေးငွေကပြန်ဆပ်ဖို့ ပျက်ကွက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း တည်ဆဲဥပဒေအရ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
http://burmese.dvb.no/archives/485804
#DVB #News #စီးပွားရေးလုပ်ငန်း #ကိုဗစ်ကာလချေးငွေ #စစ်ကောင်စီ
နိုင်ငံသားကောင်းပြည်သူ့တပ်ဖွဲ့ဝင် တစ်ဦးဆုံးရှုံးသွားရသည့်အတွက် MSI မှ အထူးဝမ်းနည်း ကြေကွဲနှမြောတဿဖြစ်မိပါသည်။
- မြို့သစ်မြို့ရှိ ရဲဝန်ထမ်းအိမ်ရာ စက်တင်ဘာ၅ရက်နေ့မနက် ဗုံးခွဲတိုက်ခိုက်ခံရ
- မူးယစ်ဆေးသုံးသူများကို စစ်တပ်က ဖမ်းဆီးပြီး ပိုက်ဆံတောင်းပြန်လွှတ်ပေးနေ
- စစ်တပ် မီးရှို့သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့သူ ကင်းမရွာသားအပါအဝင် ကျဆုံးပြည်သူ ၁၀၄၆ ဦး ရှိလာ
#dvbtvnews #SpringRevolution #WhatsHappeningInMyanmar
မင်္ဂလာဒုံပြည်သူများအားမေတ္တာရပ်ခံအပ်ပါသည်။

မင်္ဂလာဒုံအမျိုးသားအစည်းအရုံး-MNU