ပွင့်ဖြူတွင် ဗုံး ၆ ကြိမ်ပေါက်ကွဲ၊ စစ်မှုထမ်းဟောင်း၏ ကော်ဖီဆိုင်ခေါင်မိုးတချို့ ပျက်စီး
DVB
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ထဲက ကျေးရွာ ၆ ရွာမှာ မေလ ၂၃ ရက်နေ့ည ၁၁ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှု ၆ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
http://burmese.dvb.no/archives/465500
#DVB #ပွင့်ဖြူ #ဗုံး ၆ ကြိမ်ပေါက်၊ #စစ်မှုထမ်းဟောင်း #ကော်ဖီဆိုင်

burmese.dvb.no
ပွင့်ဖြူတွင် ဗုံး ၆ ကြိမ်ပေါက်ကွဲ၊ စစ်မှုထမ်းဟောင်း၏ ကော်ဖီဆိုင်ခေါင်မိုးတချို့ ပျက်စီး
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ထဲက ကျေးရွာ ၆ ရွာမှာ မေလ ၂၃ ရက်နေ့ည ၁၁ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှု ၆ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဗုံးပေါက်ကွဲတဲ့ နေရာတွေကတော့ ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာ စစ်မှုထမ်းဟောင်း ဦးတင်သောင်းရဲ့ လှိုင်ကော်ဖီဆိုင်မှာ…
ပြင်ဦးလွင် စစ်ဗိုလ်လောင်းတက္ကသိုလ် (DSTA)ကျောင်း ဂိတ်ပေါက်အား ဒုတိယအကြိမ် ဗုံးဖြင့်ပစ်ခတ်ခံရ
ဧရာဝတီတိုင်းမ်
သြဂုတ် ၂၂ ရက်
မန္တလေးတိုင်းဒေသကြီးအတွင်းက စစ်တပ်မြို့ဟု ခေါ်ဆိုသည့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်အင်ဂျင်နီယာဗိုလ်လောင်းတက္ကသိုလ် -DSTA အား ယနေ့ သြဂုတ်လ ၂၂ရက်နေ့ ညနေပိုင်းက ဗုံးဖြင့် ပစ်ဖောက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေး-လားရှိုးပြည်ထောင်စု လမ်းမကြီးဘေးရှိ ယင်းစစ်နည်းပညာတက္ကသိုလ်၏ ဂိတ်ပေါက်ဝအား ဗုံးဖြင့်ပစ်ဖောက်ခဲ့ခြင်းဖြစ်ပြီး လာရောက်ပစ်ဖောက်သူအား စစ်ကောင်စီတပ်များက ဖမ်းမိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ယခုဖြစ်စဥ်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ဇူလိုင်လ ၁၉ရက်နေ့ညပိုင်းကလည်း ပြင်ဦးလွင်ရှိ စစ်နည်းပညာတက္ကသိုလ်၏ ဂိတ်ပေါက်ဝအား ဗုံးဖြင့်ပစ်ခတ်ခံရသေးကြောင်း မြို့ခံအချို့ကဆိုသည်။
ယခင် စစ်တပ်နှင့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်မျာတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့စဥ်ကလည်း ၄င်း DSTA ဗိုလ်လောင်းကျောင်းသို့ တအာင်းတိုင်းရင်းသားလက်နက်ကိုင်-TNLA တပ်ဖွဲ့က ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျောင်းတွင်း အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
#ပြင်ဦးလွင် #ဗိုလ်လောင်းတက္ကသိုလ် #DSTA #ဗုံး #ပစ်ဖောက်ခံရ
#Ayeyarwaddy_Times

မော်လမြိုင်တွင် ဗုံး ၂ လုံး ဆက်ပေါက်ကွဲ
DVB
မွန်ပြည်နယ်၊ မော်လမြိုင် ကမ်းနားလမ်း Strand Walking Street အနီးမှာ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
http://burmese.dvb.no/archives/488370
#DVB #News #ဗုံး #မော်လမြိုင်

မွန်ပြည်နယ်၊ မော်လမြိုင် ကမ်းနားလမ်း Strand Walking Street အနီးမှာ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဗုံးတွေဟာ မနက် ၈ နာရီခွဲနဲ့ မနက် ၉ နာရီခွဲလောက်မှာ…
Forwarded from Mizzima
လက်ပံတန်းမြို့တွင် ထရန်စဖော်မာအနီး ဗုံးတွေ့ရှိမှုကြောင့် ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
=====================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ရဲစခန်း၊ တရားရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးတို့တည်ရှိရာ လမ်းဆုံ၌ ထရန်စဖော်မာအနီး ဧပြီလ ၂၂ ရက်တွင် ဗုံးတွေ့ရှိသဖြင့် စစ်ကောင်စီတပ်မှ အရပ်သားပြည်သူ ခြောက်ဦးကိုဖမ်းဆီးသွားသည်ဟု ဒေသခံတချို့မှ မဇ္ဈိမကို ပြောသည်။
"ဘယ်လိုတွေ့လဲတော့မသိဘူး။ သတင်းပေးတဲ့သူရှိလို့သာနေမယ်။ ဖရဲသီးသတင်းအရဆိုရင် စခန်းမှူးက EPC ကိုမကြည်နေလို့ ပျူတွေကို ဗုံးထောင်ခိုင်းတယ်လို့တောင်ကြားတယ်။ အဖမ်းခံရတဲ့ ခြောက်ဦးထဲမှာ ရဲသတင်းပေးတောင်ပါတယ်။ သူ့လူသူ ပြန်ဖမ်းပြတာပေါ့ဗျာ။ အဲ့တစ်ယောက်ကတော့ အခုအာမခံနဲ့ပြန်လွတ်လာပြီ။ ကျန်တဲ့ ငါးယောက်ကတော့ ဖမ်းခံထားရဆဲပဲ” ဟု လက်ပံတန်းမြို့နေ ဒေသခံတစ်ဦးမှပြောသည်။
အဆိုပါ ဗုံးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထောင်ခြင်းမဟုတ်ကြောင်းနှင့် ဖမ်းဆီးခံရသူများသည် အရပ်သားများသာဖြစ်ကြောင်း လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမကိုပြောသည်။
"ဒီဗုံးက ကျွန်တော်တို့ထောင်တာလည်းမဟုတ်ဘူး။ EPC နဲ့ရဲစခန်းကြားမှာက အစထဲကပြဿနာရှိတယ်။ လက်ပံတန်း EPC က မီတာခ သိန်း တစ် သောင်း အကြွေးကျန်နေတဲ့ကိစ္စထဲမှာ ရဲစခန်းကနေ မီတာခအကြွေး သိန်း ၅၀ လောက်ရဖို့ရှိနေသေးတာကို ရဲဘက်ကမပေးဘူး။ အဲ့တာနဲ့စကားများပြီး ရဲတပ်ကြပ်အိမ်ကို မီးဖြတ်ထားဖူးတယ်။ EPC နဲ့စခန်းမှုးက မတည့်နေတော့ သူတို့ဘာသာပြန်ခွဲတာဖြစ်နိုင်တယ်။ အရပ်သားတွေက ကြားထဲက ခံရတာပါ" ဟု လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံထားရသူများသည် (၃) လမ်းမြောက်ပိုင်းမှ ကိုဝေယံစိုး၊ လက်ပံတန်းစာတိုက်ရုံးမှ ဝန်ထမ်းကိုရဲမင်း၊ ဘီလင်းတန်းရပ်ကွက်နေ ရဲသတင်းပေးဆိုသူ ကိုနေလင်းဦး (ပြန်လည်လွတ်မြောက်လာ) နှင့် ပေါက်ကုန်းရပ်ကွက် ပြည်တော်အေးလမ်းနေ ကိုစန်းဝင်းတို့ဖြစ်ကြပြီး ကျန်ဖမ်းဆီးခံရသူ နှစ်ဦး၏ အချက်အလက်အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
“စာတိုက်ဝန်ထမ်း ကိုရဲမင်းကို မနေ့က သူ့စာတိုက်မှူးက လိုက်ထုတ်တယ်တဲ့။ တွေ့မရသေးဘူးဆိုပြီးပြောတယ်။ ဗိုလ်ကြီးလမ်းကြောင်းရှိလို့တဲ့။ တကယ်လုပ်တဲ့သူတွေကို မဖမ်းနိုင်ဘဲ ပတ်ရမ်းနေတာပါဗျာ” ဟု လက်ပံတန်းဒေသခံက ပြောသည်။
လက်ရှိတွင် ဆက်လက်ဖမ်းဆီးခံထားရသူ ငါးဦးအား သာယာဝတီ ခလရ (၃၅) တပ်တွင် ဖမ်းဆီးထားကြောင်းဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#လက်ပံတန်းမြို့
#ဗုံး
#EPC
#ရဲစခန်း
#ဖမ်းဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U