MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရန်ကုန် စစ်ဒေသခွဲ တပ်ရင်း ၅၁၀၁ ၏ ၇၆ နှစ်မြောက် အာဇာနည်နေ့အလေးပြု အခမ်းအနားပုံရိပ်များ (ဓာတ်ပုံ)

#DVB #အာဇာနည်နေ့ #ရန်ကုန်
ယင်းမာပင်နယ်မှ ကနီမြို့နယ်ကို စစ်ဘေးတိမ်းရှောင်တဲ့ ပြည်သူ ၈၂ ဦးကို ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု၊ CDM ဆရာဝန်တွေ၊ ဒေသခံပြည်သူတွေ စုပေါင်းပြီး ဆေးဝါးကုသမှုအခမဲ့ ပြုလုပ်ပေးခဲ့ပါတယ်။ ကုန်သွယ်ရေးလမ်းကြောင်းများ ပျက်တောက်နေတာကြောင်း ဆေးဝါးပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

#DVB #News #Photo #ယင်းမာပင် #ကန#CDM #ပြည်သူ #ဆေးဝါးကုသ #အခမဲ့
စစ်အုပ်စု အကြမ်းဖက် ထိုးစစ်ဆင်နေတာကြောင့် မြိုင်မြို့နယ် ကျေးရွာပေါင်း ၁၈ ရွာမှ ပြည်သူ ၁၀၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

#DVB #News #Photo #စစ်အုပ်စု #အကြမ်းဖက် #ထိုးစစ်ဆင် #မြိုင်ပြည်သူ #ထွက်ပေးတိမ်းရှောင်
တာမွေတွင် အမျိုးသမီး ၂ ဦး နေအိမ်အတွင်း လုယက်သတ်ဖြတ်ခံရ
DVB

ရန်ကုန်၊ တာမွေမြို့နယ် ကျောက်မြောင်း ဓမ္မစိန္တာလမ်းနဲ့ နိဂြောဓလမ်းထောင့်ရှိ တိုက်အမှတ် ၁၅၊ ၈ လွှာမှာ နေထိုင်တဲ့ အမျိုးသမီးနှစ်ဦးကို အောက်တိုဘာ ၁၉ ရက် ညပိုင်းက အမည်မသိသူတဦးက သတ်ဖြတ်ခဲ့ပြီး ရွှေထည်ပစ္စည်းနဲ့ ငွေကြေးတချို့ကို ယူသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

“သူ့အစ်ကိုက သူ့ညီမဆီ ဖုန်းဆက်တာ မရလို့ တိုက်ခန်းအထိ လိုက်လာတာ၊ ဟိုရောက်တော့ တံခါးကပိတ်ထားတယ်။ တံခါးကိုဖျက်ပြီး ဝင်ကြည့်မှ အသတ်ခံထားရတာ သိတာ။ တဦးက အိမ်ရှေ့မှာသေနေတယ်၊ နောက်တဦးက ရေချိုးခန်းထဲမှာ သေနေတာ။ ရွှေတွေရော ပိုက်ဆံတွေရော ယူသွားတယ်လို့ ကြားတယ်။”
#DVB #news #တာမွေ #ကျောက်မြောင်း #လူသတ်မှု #လုယက်မှု
အနုပညာရှင်များ ရှေ့တန်းထွက်ဖျော်ဖြေရမည်ဟု စစ်ကောင်စီ ဝန်ကြီးပြော
DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်စခန်းတွေ သိမ်းပိုက်ခံနေရပြီး အကျအဆုံးများပြားနေတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့၊ မိသားစုဝင်တွေကို ဖျော်ဖြေဖို့ အနုပညာရှင်တွေ ရှေ့တန်းထွက်ဖျော်ဖြေရမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောလိုက်ပါတယ်။

ရုပ်ရှင်လောကသားတွေအနေနဲ့ အဆိုပါလုပ်ရပ်တွေအပေါ် လက်မခံ ကြောင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြသူတွေဆီ စာရေးသား ပေးပို့တာ၊ သဝဏ်လွှာပေးပို့တာ၊ ကူညီထောက်ပံ့မှုတွေပေးတာမျိုးတွေကို ပြုလုပ်ပေးရမယ်လို့လည်း ပြောပါတယ်။
#DVB #news #အနုပညာရှင် #ရှေ့တန်းစခန်း #စစ်ကောင်စီ


https://burmese.dvb.no/post/623677
ငါတို့လုံချည်၊ ငါတို့အောင်ပွဲဆိုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့တယ်လို့ YANGON REVOLUTION FORCE - YRF က ဒီနေ့ ဓာတ်ပုံတွေကို ထုတ်ပြန် လာပါတယ်။
သရုပ်ဆောင် မြတ်နိုးအေး၊ သရုပ်ဆောင် ပိုင်ဖြိုးသု၊ မစ္စတာရှောင်တာနယ်၊ ဒေါက်တာတေဇာဆန်း၊ ရက်ပါအဆိုတော် သဇင်ညွန့်အောင်၊ အီဂေါဗလာဇီဗစ် စတဲ့ မြန်မာနိုင်ငံနဲ့ ဩစတြေးလျ၊ ယူကရိန်း၊ အမေရိကန်နဲ့ ချက်နိုင်ငံ တို့က တက်ကြွ လှုပ်ရှားသူတွေ ပါဝင်ခဲ့ကြပါတယ်။
#DVB #News #Photo #ငါတို့လုံချည် #ငါတို့အောင်ပွဲ #စစ်အာဏာရှင် #ဆန့်ကျင်ရေး #လှုပ်ရှားမှု #YRF
ပေါက်တောပြင် ဗျူဟာကုန်းကို အေအေမီးရှို့၊ ပခုက္ကူတွင် စစ်ယာဥ်တန်းတိုက်ခိုက်ခံရ၊ မြိုင်ရဲဒုတပ်ကြပ်တဦး အလင်းဝင်
======================

DVB
November 14, 2023

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ပေါက်တောပြင် တောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို နိုဝင်ဘာ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

#DVB #News #Photo #ပေါက်တောပြင် #ဗျူဟာကုန်း #အေအေ #မီးရှို့ #ပခုက္ကူ #စစ်ယာဉ်တန်း #တိုက်ခိုက်ခံရ #ရဲဒုတပ်ကြပ် #အလင်းဝင်

သတင်းအပြည့်အစုံ 👇👇👇
ကြံ့ခိုင်ရေးပါတီက ကိုရီးယားကိုပို့ပေးမယ်ဆိုပြီး တရားမဝင် အလုပ်သမားစုဆောင်းနေ
======================

DVB
November 19, 2023

USDP ပါတီ အတွင်းသတင်းအရင်းအမြစ်တဦးက "ဘူးလက်လှဆွေက ကိုရီးယား-မြန်မာချစ်ကြည်ရေးဥက္ကဋ္ဌ နဲ့ ဆွေးနွေးပြီး ဒီကိစ္စအကောင်အထည်ဖော်နေတာ၊ သွားချင်တဲ့ အလုပ်သမားတွေကို ရက်တိုသင်တန်းတက်ခိုင်းနေတာတွေ လုပ်နေတာ" လို့ ပြောပါတယ်။

"ပထမအရစ် ၁၅ သိန်း သွင်းခိုင်းတယ်။ တချို့က သင်တန်းကြေးလောက်ပဲ သွင်းထားကြသေးတယ်။ ဆက်သွင်းဖို့က အခြေအနေက ဘာမှန်းမသိသေးလို့။"

#DVB #News #Photo #ကြံ့ခိုင်ရေးပါတီ #ကိုရီးယား #အလုပ်သမား #တရားမဝင် #စုဆောင်း

သတင်းအပြည့်အစုံ 👇👇👇
ရေတာရှည်တိုက်ပွဲတွင် စစ်ကောင်စီဗိုလ်ကြီးအပါအဝင် ၄၀ ကျော်သေဟု NUG ပြော
====================

DVB
November 19, 2023

ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ထိ တွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ခလရ (၈၄) က ဗိုလ်ကြီး လှမျိုးသူ အပါအဝင် အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

#DVB #News #Photo #ပဲခူးတိုင်း #ရေတာရှည်တိုက်ပွဲ #စစ်ကောင်စီ #ဗိုလ်ကြီး #သေဆုံး #NUG

သတင်းအပြည့်အစုံ 👇👇👇
မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် တက်တူးထိုး ရန်ပုံငွေရှာ ကမ်ပိမ်း လှုပ်ရှားမှု ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

#DVB #News #Photo #စစ်ဘေးရှောင် #နိုင်ငံရေးအကျဉ်းသားများ #တက်တူး #ရန်ပုံငွေရှာကမ်ပိန်း #ထိုင်းနိုင်ငံ #မဲဆောက်