နားလှည့်ပါးရိုက်
.
ပိုက်ဆံအသစ်တွေ ရိုက်ထုတ်တယ်။ ဒေါ်လာတွေ ဗဟိုဘဏ်က ထုတ်ရောင်းတယ်။ အကောင်ကြီးတွေရဲ့ လူတွေက ပြင်ပမှောင်ခိုစျေးကွက်ကနေ ဒေါ်လာတွေ ပြန်ဝယ်တယ်။ သူတို့ရဲ့ ခိုးထားဝှက်ထားတဲ့ မြန်မာငွေကနေ ဒေါ်လာနဲ့ လဲယူနေတာ။
.
အာဏာမသိမ်းခင် ဒေါ်လာစျေး ၁၃၀၀ ကျော်ကနေ အခု ၁၈၀၀ ကျော်ဖြစ်သွားပြီ။ အကြမ်းအားဖြင့် ၃၇% တက်သွားပြီ။
.
ငါတို့က ဒေါ်လာမှ မဝယ်နိုင်တာ။ ဒေါ်လာစျေးတက်တာ ငါတို့နဲ့ဘာဆိုင်လဲ မေးစရာရှိတယ်။ ဆိုင်သပ အရမ်းဆိုင်ပဲ။ အရင် ၁၀ သိန်းနဲ့ ဝယ်လို့ရတဲ့ အရာဟာ အခု ၁၃သိန်း၇သောင်းပေးမှ ဝယ်လို့ ရတော့မယ်။
.
အရင်က သိန်း၁၀၀ ပိုင်ဆိုင်တဲ့သူဟာ အခု ၆၃ သိန်းပဲ ပိုင်တော့တဲ့သဘော။ သိန်း၁၀၀ ကို မြင်နေရပေမယ့် တကယ်တမ်းမှာ ၆၃ သိန်းပဲ တတ်ဖိုးရှိတော့တာ။
.
၁၀ သိန်းပိုင်တဲ့သူဟာ ၆သိန်း၃သောင်းပဲ ကျန်တော့တယ်။ ၁သိန်းပိုင်သူဟာ ၆သောင်း၃ထောင်ပဲ ကျန်တော့တာ။
.
ဘယ်သူအုပ်ချုပ်အုပ်ချုပ် ကိုယ်လုပ်မှ ကိုယ်စားရတာလို့ မတွေးကြပါနဲ့။ မှားနေပါတယ်။

Forwarded from TGK Bulletin Channel
💥ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အပိုင်း (၄)
"လက်နက်ကြီးဖြင့် ပစ်ခတ်ခံရနိုင်သည့် ဒေသများရှိ အရပ်သားပြည်သူများအတွက် သတိပြုရန် အချက်များ"
ဘေးအန္တရာယ်ဆိုသည်မှာ သဘာဝဘေးသာမက
❗လူ့ကြောင့်ဖြစ်သောဘေး နှင့်
❗ပဋိပက္ခများကြောင့် ဖြစ်သော ဘေးများလည်း ပါဝင်ပါသည်။
👉ပြည်သူများသည် သိသင့်သိထိုက်သည့် အချက်များကို သိရှိနားလည်ထားရမည်ဖြစ်ပြီး ပြင်ဆင်ရမည့်အရာများကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်သည်။
👉ပြည်သူများ ပါဝင်နိုင်မည့်လုပ်ငန်းစဥ်များကိုလည်း သဘောပေါက်နားလည်ထားရန် အရေးကြီးပါသည်။
📣လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက "ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ" အား
အပိုင်းလိုက် အသိပေးထုတ်ပြန်ထားပါသည်။ လိုအပ်သူများကို ထပ်ဆင့်မျှဝေခြင်းဖြင့် ကူညီနိုင်ပါသည်။
အပိုင်း (၃) ➡️ https://www.facebook.com/mohadmNUG/posts/161999992736416
အပိုင်း (၂) ➡️ https://www.facebook.com/mohadmNUG/posts/160626366207112
အပိုင်း (၁) ➡️ https://www.facebook.com/mohadmNUG/posts/160623262874089

#ဘာလက္ခဏာမှမပြဘူး_မဖျားဘူး_ချောင်းမဆိုးဘူး_အနံ့မပျောက်ဘူး
#Swab_စစ်လဲမပေါ်ဘူး_တန်းပြီးသေသွားတာ
#ဓာတ်မှန်ရိုက်စစ်မှအဆုတ်ရောင်နေတာတွေ့တယ်
#မျိုးကွဲသစ်_နှင့်_ဖိန့်လုံး
ဘာမှန်းမသိတဲ့ခြောက်လုံးလှန့်လုံးတွေနဲ့ ကြီးပြင်းလာခဲ့ရတော့ #ဘာမှန်းမသိတာကြီးတွေဆို ကြောက်ပါတယ်
ကိုဗစ်ဆိုတာ
ဘယ်လိုကာကွယ်ရမလဲ
ဘာလက္ခဏာတွေရှိလဲ
ဘယ်လိုကုသရမလဲ ဆိုတာတွေ
- တော်တော်လည်း သိနေပြီ
- ကြုံလည်း ကြုံဖူးတယ်
- ကောင်းကောင်းလည်း ရင်ဆိုင်ပြီးပြီ
- နိုင်လည်း နိုင်ခဲ့ပြီ
စတဲ့ ယုံကြည်မှုနဲ့ တည်တည်ငြိမ်ငြိမ် ရှေ့ဆက်နေကြတာကို "အမြဲကြောက်ရွံ့ထိတ်လန့်" နေစေလိုတဲ့ အောက်တန်းစားမိစ္ဆာတွေက ပေါက်ပန်းဆေးတွေ သတင်းလွှင့်ပါတယ်။
ကိုဗစ်မျိုးကွဲသစ်က ကြောက်ဖို့ကောင်းတယ်
- ဖျားလည်းမဖျားဘူး
- နှာမစေး ချောင်းမဆိုး
- အနံ့မပျောက်
- ကိုယ်လက် ကိုက်ခဲတာမရှိပဲ
👉 ရုတ်တရက်သေသွားတတ်တယ်တဲ့
- Swab စစ်လဲ မပေါ်ဘူးတဲ့
- ကာကွယ်ဆေးထိုးထားလဲ မရဘူးတဲ့
အဲ့ဒါ ဘာမှမဖြစ်တဲ့ လူကောင်းကြီးပဲမလား (လူတိုင်းက ဒီအတိုင်းပဲလေ)
{အဲ့လိုလျှောက်ပြောတော့ ဘာမှမဖြစ်နေတဲ့လူတွေက ကြောက်ကုန်ကြရောပေါ့}
အဲ့လိုလူကြီးက ရုတ်တရက် ဖုတ်ခနဲ သေသွားရောတဲ့ (အဲ့လိုကြီးဖြစ်တာတဲ့)
ပေါက်ကရတွေ
ဘယ်လိုမှစစ်မရတာကို အဲ့လိုဖုတ်ခနဲ သေသွားပြီးမှ ဘာနဲ့စစ်လို့ရမှာလဲ (Swab စစ်လဲမပေါ်ဘူးဆိုတော့)
ဓာတ်မှန်ရိုက်ကြည့်တော့ အဆုတ်ရောင်နေတာတဲ့ ( သေနေတဲ့လူနာ ဘယ်သူမှ ဓာတ်မှန်ရိုက်မနေဘူး)
ကာကွယ်ဆေးလည်းမရဘူးဆိုတော့ ဒီမှာက ဘယ်နှစ်ယောက်များ ကာကွယ်ဆေးထိုးပြီးနေလို့လဲ (ကာကွယ်ဆေးထိုးလည်း မထူးပါဘူးဆိုပြီး ကာကွယ်ဆေးမထိုးကြအောင် လျှောက်လှိမ့်နေတာပါ)
အရေမရအဖတ်မရ ရှေ့နောက်မညီ အကျိုးအကြောင်းမဆီလျော် ဖောလျှောတွေ ဟို Channel ကြည့်နေရသလိုပဲကို "#အရေးလုပ်မနေကြပါနဲ့
ကျွန်တော် ခဏခဏရေးပါတယ် ကိုဗစ်မျိုးကွဲ ဆိုတာကလည်း ကိုဗစ်ပါပဲ
👉 ကိုဗစ်လိုပဲ အသက်ရှူလမ်းကြောင်းက ကူးပါတယ်
👉 အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေပေါ်ပါတယ်
👉 အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆိုးကျိုးတွေခံစားရပါတယ်။
#ကူးစက်မှုက အသက်ရှူလမ်းကြောင်းက လေရှူတာကနေပဲဖြစ်လို့
✳️ လူထူတဲ့နေရာမသွားတာ
✳️ အိမ်မှာပဲနေတာ
✳️ အပြင်ထွက်ရလျှင် Mask တပ်တာ
✳️ ဟိုကိုင်ဒီကိုင်လျှောက်မကိုင်ပဲ လက်ခဏခဏ ဆေးတာ
✳️ ကိုယ်ခံအားကောင်းအောင် အစားပုံမှန်စား၊ ရေများများသောက်၊ အိပ်ချိန်မှန်မှန်အိပ်၊ စိတ်အေးအေးထား
✳️ အသက်ရှူလေ့ကျင့်ခန်းလုပ် ၊ အပေါ့စားလေ့ကျင့်ခန်းလေးတွေ အိမ်မှာပဲလုပ်ပေါ့
#ကုသမှုကလည်း
✴️ Virus နဲ့ဆိုင်တဲ့ဆေးပေးတာ
✴️ Oxygen ပေးတာ
✴️ အရောင်ကျဆေး ပေးတာ ဒါတွေပဲလေ
#ကာကွယ်ဆေး ကလည်း ရတာသာထိုးထားပေါ့ (ဟိုဟာမှ ဒီဟာမှ ထက်စာရင်) ၁၀ ရာခိုင်နှုန်းပဲ ကာကွယ်တယ်ဆိုရင်တောင် သုညရာခိုင်နှုန်း ထက်တော့ သာတယ်လေ။
ဟိုဟာကြီးဝင်လာတော့မယ် ဒီဟာကြီးဝင်လာတော့မယ်ဆိုပြီး သတင်းတွေလျှောက်လွှင့်တော့ ဟိုဟာစောင့်ဒီဟာစောင့်နဲ့ သူများတွေတောင် 2nd dose ထိုးပြီးသွားကြပြီလေ။
မဟုတ်ကဟုတ်ကတွေကြောက်မနေကြစေဖို့ပါ
တို့တွေက 3rd wave မှာ ကိုဗစ်စကျွမ်းကြီးတွေ ဖြစ်သွားကြပြီမလား
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
#credit and respect to Dr. ဘုန်းစည်သူလွင်

Forwarded from DYC - Democratic Youth Council
ဒီမိုကရက်တစ်လူငယ်ကောင်စီ - သုတေသနနှင့် မူဝါဒရေးရာ ကော်မတီ (Research and Policy Committee) လူငယ်များမှ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်းထုတ်ဝေလျက်ရှိသော Research Newsletter Volume 1, No.2 ကို ဖတ်ရှုအားပေးကြပါနော်...
(၁) CDM စစ်သားများက လူထုကို တောင်းပန်.
(၂) သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ခန့်အပ်နိုင်ရေး ကမ္ဘာလုံးဆိုင်ရာ တော်လှန်ရေးကွန်ရက်တိုက်တွန်း
(၃) တရားမဝင်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၈ ခု ခြွင်းချက်မရှိ ရပ်ဆိုင်းထားရန် NUG သတိပေး..
(၄) ရိုဟင်ဂျာလူမျိုးမရှိဘူး သတ္တိရှိရှိပြောဖို့ စစ်ကောင်စီက ဝန်ထမ်းတွေကို ညွှန်ကြား.
(၅) အမေရိကန်ပြည်ထောင်စုက လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန် ၅၀ ကူညီထောက်ပံ့ထား....
Google Link မှတဆင့် လည်း ဖတ်ရှုလို့ရပါတယ်.
👇👇👇
https://drive.google.com/.../1p_HTLfWQ9lYK6hPWHZeJW...
''အကြမ်းမဖက်ရှေ့သို့ဆက်မည် ဒီမိုကရက်တစ်လူငယ်ကောင်စီ"

##Thingunkyun BC
🗞Emergency Response Plan (ERP) ဘာလဲ၊ ဘယ်လိုလဲ? 🗞
လောကမှာလူရယ်လို ဖြစ်လာပြီးတာနဲ့ မသိတာတွေ၊ မမြင်ဖူးတာတွေ ၊ မခံစားဖူးတာတွေ စသဖြင့် ကြုံတွေ့လာရပါတယ်၊ ထိုကဲ့သို လူသားအားလုံးအတွက် အရေးပေါ်အခြေအနေဆိုတာကလဲ ကလေး၊ လူကြီး၊ ကျားမ မရွေး တနည်းတဖုံ ကြုံတွေ့ရစမြဲပါပဲ ။
ကျွန်ုပ်တို လက်ရှိမျက်မှောက်ခေတ်မှာတော့ တိုင်းပြည်တိုင်း၊ မြိုတိုင်း၊ လုပ်ငန်းတိုင်း ၊ မိသားစုတိုင်း၊ လူတိုင်းတွင် တနေ့ကြုံတွေ့လာရနိုင်သည့် အရေးပေါ်အခြေအနေ အား စနစ်တကျ တုံပြန်နိုင်ရန်အတွက် Emergency Response Plan (ERP) _ အရေးပေါ်တုံပြန်မှုအစီအစဉ်ကို ကြိုတင်ပြင်ဆင် လာကြပါတယ်၊ စာရေးသူကျွန်တော်ဟာဖြင့် အမိမြေမှာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်းကို
စာရေးသူကျွန်တော်သည် အမိမြေ၏လက်ရှိကြုံတွေ့နေရသော အကြပ်အတည်းများကို စနစ်တကျ တုံပြန်ရန် ပြင်ဆင်မှုများမပြုလုပ်မိပဲ လှိင်းလုံးကြီးနှင့်အတူ ယောင်ဝါးဝါးဖြစ်နေခဲ့ပါသည်။ မိမိတို တိုင်းပြည်ကြီးအနေဖြင့်လည်း အကြမ်းဖက်စစ်အာဏသိမ်းမှု မျက်ဝါးထင်ထင်အကြိမ်ကြိမ်တွေ့မြင်ကြားသိခဲ့ရပေသိ အရေးပေါ် တုံပြန်နိုင်ရန်အစီအစဉ်တွေ ပြင်ဆင်ခဲ့သလားကိုတော့ စာရေးသူဟာ ညဏ်မမီတဲ့အတွက် မသိနိုင်ပါ / မသိပါ။
ထိုကြောင့် နေရာတိုင်း၊ ကဏ္ဍတိုင်း ၊ မိမိ မိသားစု၊ မိမိကိုယ်တိုင်တွင်ပင် အရေးပေါ်အခြေအနေကြုံလာရပါက ရင်ဆိုင်တုံပြန်နိုင်ရန်အတွက် ပြင်ဆင်ထားသင့် /မသင့်၊ ပြင်ဆင်ထားပြီး /မပြီးကို စာရေးသူကိုယ်တိုင် အဖြေရှာလို၍ မိမိကိုယ်တိုင် ပြန်မေးနေပြီး ရောင်းရင်းတိုရဲ့ အကြံညဏ်များကို တောင်းခံလိုက်ရပါတယ်။
မိမိနိုင်ငံအတွက် ERP ရှိသလား ?
မိမိမြိုအတွက် ERP ရှိသလား ?
မိမိမြိုနယ်အတွက် ERP ရှိပြီလား?
မိမိ မိသားစုအတွက် ERP ရှိပြီလား ?
မိမိ ကိုယ်တိုင်အတွက် ရော ERP ရှိပြီလား ?
လွတ်လပ်စွာအကြံညဏ်ပေးနိုင်ပါတယ်
စာရေးသူ၏ အာဘော်သာလျှင်ဖြစ်သော်ကြောင့် အမှားများပါခဲ့သော်နားလည်မှုဖြင့် ပြင်ဆင်ပေးစေလိုပါသည်။
ကျေးဇူးတင်ပါသည်
မှ -စာရေးသူ

❗❗❗စမ်းချောင်းအထူးအရေးပေါ်သတိပေးချက်
🚨#လက်နက်ငယ်များဖမ်းစီးခံရခြင်း 😪
မနေ့ညကဗိုလ်မိုးလမ်းမှာ စစ်ခွေးများဝင်ရောက်စီးနင်းခြင်းမှာ ...
မနေ့(4Sep)က လွတ်မြောက်နယ်မြေမှ ဗိုလ်မိုးလမ်းက လူတစ်ယောက်ဆီ ပစ္စည်းတွေပို့လိုက်တယ် ... ဒါကို သူကကိုယ်တိုင်မသွားဘူး(လုံခြုံရေးအရ) ... Taxi ကို
အောင်မဂ်လာမှာသွားယူခိုင်းခဲ့တယ် ...Taxi သမားက ကားဂိတ်မှ ပစ္စည်းယူပြီး ကားပေါ်ပြန်တက်တာနဲ့ စစ်ခွေးတစ်ကောင်းက အဆင်သင့်ကားနောက်မှာထိုင် စောင့်နေတယ် ပြီးနောက် ပစ္စည်းများ(အတိုများ) ဖမ်းခံထိတယ်... အဲ့နောက်မှာ စစ်ခွေးများရှိတဲ့Alphard ကားလဲပါတယ်...
🚨အဲ့အဆက်နဲ့ မနေ့ည က ဗိုလ်မိုးလမ်းထဲဝင်ပြီး စီးနင်းမှုလုပ်တယ် ... ဘာမှမဆိုင်တဲ့ ကိုကျော်ကြီး ဆိုတဲ့ အကို ကို လက်ထိပ်ခတ်ဖမ်းသွားတယ်... အဲ့ကိစ္စနဲ့ဆက်စပ်ပတ်သတ်သူတွေ သတိထား ရှောင်သင့်ပါတယ် ....
🚨အဲ့ကိစ္စနဲ့ပတ်သတ်ပြီး နောက်ဆက်တွဲတွေအများကြီးဖြစ်လာနိုင်တယ်...သတိထားသင့်ပါတယ်... စမ်းချောင်းမှာတော့ ထပ်ပြီးစီးနင်းမှုများရှိနိုင်ပါကြောင်း ကြိုတင်သတိပေးပါတယ် ✊✊✊
(ဒီသတင်းရေးခြင်းဟာ ထင်မြင်ချက်ဖြင့် မြင်မြင်ရာဖမ်းနေတဲ့စစ်ခွေးရန်မှ မဆိုင်တဲ့သူများ အသွားအလာ အထူးသတိရှိဖို့ရေးခြင်းဖြစ်ပါတယ် 😌)
🙏🙏🙏ပြည်သူအပေါင်းကျန်မားပြီးစစ်ခွေးရန်ကကင်းဝေးပါစေ...
Sep5
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#အရေးတော်ပုံအောင်နေပြီ

ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်များ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ
မဲခေါင်၊ စက်တင်ဘာ ၅
ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် စစ်ကောင်စီတပ် ခလရ ၅၈၃က လက်နက်ကြီးများဖြင့် စက်တင်ဘာလ ၅ရက် နံနက်အစော ၂နာရီခန့်က ရမ်းသမ်းပစ်ခတ်နေကြောင်း ရေးမြို့နယ်တော်လှန်ရေးသတင်းအချက်အလက် ကွန်ယက် - YRIN က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်များသည် မွန်ပြည်သစ် ထိန်းချုပ်နယ်မြေဖြစ်သည့် ရေးမြို့နယ်၊ ဝယ်ပေါင်ကျေးရွာအတွင်း စက်တင်ဘာလ ၄ရက်က စတင်ကာ စခန်းချနေပြီး ပြည်သူတစ်ဦးကို လက်ပြန်ကြိုးတုတ်ကာ ဖမ်းဆီးထားကြောင်းလည်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်များသည် စက်တင်ဘာလ ၃ရက်နေ့ကတည်းက မွန်ပြည်သစ်ထိန်းချုပ်နယ်မြေများအနီးသို့ ဝင်ရောက်လာပြီး လက်ရှိတွင် ဝယ်ပေါင်ရွာ၌ စခန်းချနေခြင်းဖြစ်သည်။
ဝယ်ပေါင်ရွာကိုကျော်လွန်းပြီး ရှေ့ဆက်တိုးပါက မွန်ပြည်သစ်တပ်များနှင့် စစ်ကောင်စီတပ်များ ထိတွေ့မှု ရှိလာနိုင်ကြောင်း YRIN က ထုတ်ပြန်ထားသည်။
#MeKongNews

“ပြည်သူကာကွယ်ရေး တပ် PDF အတွက် ပြည်သူကလည်းပြန်ကာကွယ်ပေးပါ”
“ဘယ်သူက မွေးတဲ့ ကလေးဖြစ်ဖြစ် PDF ကလေးတိုင်းက ကိုယ့် ကလေးတွေပဲ” လို့ပြောခဲ့ဖူးကြတာမှတ်မိမယ် ထင်ပါတယ်။ အဲ့ဒါဆိုရင် ဒီနေ့ကစပြီး ဘာမြင်မြင်/ဘာကြားကြား မြဝတီနဲ့ ဇော်မဲလုံးဆန်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။
ခင်များတို့ကျုပ်တို့်တွေက နိုင်ငံရေးတွေ/ တရားရေးတွေ/ ဥပဒေတွေနားမလည်တဲ့ သာမာန်ပြည်သူတွေပါ။ အဲ့အတွက် ကျုပ်တို့ကို လုပ်ထားတဲ့ သူတွေ မုန့်ဟင်းခါးပွဲ ထွက်ရင် မခံချင်စိတ်နဲ့ ဒီကောင်တွေပြန်ထိပြီကွဆိုပြီး ဝမ်းသာခဲ့ကြတယ်။ လိုင်းပေါ်တက်ပြီး တဖက်ကိုဆွကြတယ်။
ကောင်းပြီ။ ခင်များတို့ မြင်ပါသလား။ ဆန္ဒပြပွဲတွေတုန်းက ပြည်သူဘယ်လောက်သေသေ ဒင်းတို့ဘာသံထွက်ခဲ့ကြပါသလဲ။ ဒင်းတို့လုပ်တာလို့ အားရဝမ်းသာပြခဲ့ကြပါသလား။ ဘုရားတရား တွေပိုလုပ်ပြပြီး ငြိမ်းချမ်းပါစေမြန်မာပြည်တွေဘာတွေနဲ့ လူတွေသတ်ပြီး မေတ္တာတွေ ရှိပြခဲ့ကြပါသလား။ စဉ်းစားကြည့်ကြစေချင်တယ်။
ပြည်သူခေါင်းတွေကြီး မှန်တာတောင် မိုးပေါ်ပဲ ထောင်ပစ်ခဲ့တာပါလို့ဗြောင်လိမ်ခဲ့ကြတာမြင်ပါသလား။ မသိရင်ပဲ လူတွေကပဲ ခုန်ပြီးမိုးပေါ်က ကျည်ကို ခေါင်းနဲ့ ဝင်တိုက်ပစ်သလိုလို့ နဲ့ အရူးကွက်နင်းဗြောင်လိမ်ခဲ့ကြတယ်။ သူတို့ပစ်သတ်လို့သေတဲ့သူကို ဘာလို့ရင်ခွဲစစ်ဆေးပြသလဲ။ မကြယ်စင်လို ဟိုးလေးတကျော်ကျော် ကမ္ဘာကျော်သွားတဲ့သေဆုံးမှု့တောင် ဘာလို့ အလောင်းပြန်ဖော်ပြီး ပြန်စစ်တယ်လုပ်ခဲ့ကြပါသလဲ။
ဒါတွေဟာ ဒင်းတို့ ရူးလို့/ပေါလို့မဟုတ်ကြဘူးဆိုတာ သိပေးကြပါ။ ဒင်းတို့ က နောက်ဆုံးချိန်ထိ သွားရရင်လို့ ကြိုတွေးပြီး သက်သေ အတုတွေ သေဆုံးခြင်း အတု တွေ အပြင် ဘယ်သူမှ ဝန်ခံတဲ့ပုံမျိုး မပြောခဲ့ကြပါဘူး။ ခုံးရုံးတက်ရရင်ဆိုတာကို ကြိုပြင်ဆင်နေတာရောမဖြစ်နိုင်ဘူးလားဆိုတာ တွေး ကြည့်ပါ။
ခင်များတို့ကျုပ်တို့တွေက တနေရာမှာ တခုခုဆိုပြောပြီ။ မုန်းဟင်းခါး ပွဲရေတိုးလည်း တင်ပြီး ဂုဏ်ယူပြီးတင်ကြ၊ မခံချင်စိတ်ကြောင့် စောင်းချိတ်ပြီးတင်ကြနဲ့ ဒါတွေက အမှန်တော့ ကျုပ်တို့ လူတွေကို ကျုပ်တို့ကိုယ်တိုင် ဒုက္ခပေးနေတယ်ဆိုတာ သိဖို့ အချိန်တန်ပါပြီ။ မြင်လိုက်လား မမြင်ချင်ယောင်ဆောင်ပါ/ ကြားလိုက်လား မကြားသလိုနေပေးပါ။ လိုင်းပေါ်တင်ပြီးပြောလိုက်ရမှာ ဖြစ်မှာလားလို့လည်း ပြန်တွေးပေးပါ။
စကစဘက် က လက်ရှိမှာ PDF တွေကို အကြမ်းဖက်ပါလို့ စွပ်စွဲဖို့တွက် ပြင်ဆင်နေတာတွေက Paperwork နဲ့တင်မက လိုင်းပေါ်တင်လာတာ အလကားမဟုတ်ဘူးဆိုတာ သိထားပေးပါ။
အားလုံးပြီးရင်ကလေးတွေ အိမ်ပြန်လာတာ မြင်ချင်ကြတယ် မဟုတ်လား။
အဲ့ဒါဆိုပါးစပ်လေး ပိတ်ရင်း လက်လေးလည်းမြင်သမျှကို တင်ချင်တာလေးလျော့ပါလို့ပြောချင်ပါတယ်။
မဟုတ်ရင် အားလုံးပြီးလို့ သူ့ဘက် /ကိုယ့်ဘက်အပြန်အလှန်စွဲကြမယ်ဆိုရင် ခင်များတို့ ကျုပ်တို့တင်လိုက်မိတဲ့ အရာကြောင့် ခင်များတို့ကိုယ်တိုင် ကျုပ် တို့ PDFတွေကို ပြန်ပြီး သက်သေလိုက်ပေးရတဲ့ကြိုးကွင်းစွပ်သူတော့ မဖြစ်ချင်ကြဘူးလို့တော့ ထင်ပါတယ်။ အဲ့တွက် အခုက စပြီး ဘာပေါက်ပေါက်/ ဘာသေသေ ဘာမှ မတင်ပဲ၊ မပြောပဲ ကျေနပ်လည်း တိတ်တိတ်နေပေးကြပါလို့ နောင်လာမယ့် နေ့တွေတွက် ကြိုပြီးတောင်းပန်ရင်းမေတ္တာရပ်ခံထားပါရစေ။
နိုင်ငံရေးက တကယ်ကိုရှုပ်တာပါ။ အဲ့တွက် သူတို့ဘက်က အကွက် ကျကျနဲ့ လူညီညီဗြောင် လိမ်ခဲ့ကြလို့ပဲ ဒီနေ့ထိ သက်စိုးရှည် နေတာပါ။ အဲ့ဒါတွေကြောင့် ကျုပ်တိုတွေလည်း အသံတိတ်ပြီး တိတ်တိတ် ဝမ်းသာရင်း မုန့်ဟင်းခါးပွဲတွက် မေတ္တာပို့ပေးကြရ အောင်ပါ။ လော်နေ/ အော်နေ ပြီး ဟိုဘက် ကို စောင်းမြောင်းပြောနေတာက အဖြေမဟုတ်ပါ။ အဲ့လိုအော်နေတဲ့သူတွေကိုလည်း ပါးစပ်လေး ပိတ်ထားပေးဖို့ ဝိုင်းတားပေးကြပါ။ ခင်များတို့ကတော့ လော်ရင်း သက်သေတွေ ဆွဲထုတ်ပေးနေတယ်ဆိုတာ သိသင့်ပါတယ်ဗျာ။
ခပ်ရှင်းရှင်းနဲ့ရိုင်းရိုင်းပြောရရင် ခင်များတို့ မဂ်လာဆောင်ကိုတော့ ရွာလုံးကျွတ်ဖိတ်ပြီးဆောင်ကြတယ်ဆိုပေမယ့် မဂ်လာဦးညကိုတော့ ရွာထိပ်မှာ projector နဲ့ Live မပြကြဘူးမဟုတ်လား။ အေး … အဲ့လိုပဲ။ အကုန်ပျော်ရမှာကို ပျော်ပြီး၊ တိတ်တိတ်နေပေးပြီး မသိမသာရှောင်တောင်ပေးရမယ့်ဟာကို မသိသလိုနေပေးရင်း သိသာသိစေ မမြင်စေနဲ့ပေါ့ဗျာ (ရှင်းပြီလား)
"အကြမ်းဖက် လုရက်ခြင်း၊ ပြည်သူများရဲ့ အိုးအိမ် ပျက်စီးအောင်လုပ်ခြင်း များကို ဘယ် PDF ကမှမလုပ်ပါ။ ပြည်သူကိုကာကွယ်ဖို့တွက်ဖွဲ့ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF သာဖြစ်ပါတယ်”
People's Voices

Forwarded from နွေဦးလုံခြုံရေး
အင်တာနက်မပြတ်တောက်ခင် လုပ်ဆောင်သင့်သည့်အချက်များ 🚨🚨🚨
ရောင်းရင်းတို့ရေ…
သတင်းတွေက အားလုံး ကြားတဲ့အတိုင်းပဲ။ အမြဲတမ်းသတိပေးနေတဲ့အတိုင်း သတိဆိုတာ ပိုတယ်ရယ်လို့မရှိပါဘူး။ အင်တာနက်မပြတ်တောက်ခင် သတိထားပြီး လုပ်ဆောင်ရမှာလေးတွေကို ပြောပြပေးထားပါတယ်။ ပြတ်တောက်သွားရင် အဆက်အသွယ် အချိတ်အဆက်တွေပြုလုပ်နိုင်ဖို့ကို အင်တာနက် ရရှိချိန်မှာ ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်နော်။ ကဲ အင်တာနက်မပြတ်တောက်သွားတာကတော့ အကောင်းဆုံးဆိုပေမယ့် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပြီး အင်တာနက် ပြတ်တောက်သွားတဲ့အခါမှာလည်း နွေဦးလုံခြုံရေးဝိုင်းတော်သားတွေကို သတိရပေးကြပါဦးဗျို့။
အားလုံးသိသွားအောင် Channel တွေမှာ မျှဝေတာ မိတ်ဆွေတွေကို မျှဝေပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Join ရန် Link များ :
https://www.facebook.com/springrevsec
https://t.me/SpringSecClinic
https://t.me/SpringRevSecurity