MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
🍂🍂Burmese Spring Revolution 🍁🍁

#စကားပြောသောဓာတ်ပုံများ၁

#WhatsHappeningInMyanmar
#FightForDemocracy
#CoupMustFail
#Insein
#Insein_GTI

#Acolyte_Diary

#mar23coup
ဂျပန်ပြည်ကိုစစ်ပညာ သွားသင်တဲ့ အတွေ့အကြုံတွေကို စာရေးဆရာကြီးမြတ်ထန်(ဗိုလ်မှူးကြီးတင်မောင်) ရေးတဲ့ စာအုပ်တွေကိုဖတ်ပြီး အတွေးလေးတစ်ခုဝင်လာလို့ပါ။ ရင်ထဲရောက်သွားတဲ့စာသားလေးကတော့ မင်းမောသလိုပင်ပန်းသလို မင်းရဲ့ ရန်သူကလဲ ပင်ပန်းနေမယ်ဆိုတာကို သိထားပါတဲ့(စာသားအတိအကျမဟုတ်ပါ)။ အဲဒီလိုပဲ ကျွန်တော်တို့တတွေ ပင်ပန်းနွမ်းနယ်နေတာကို နားလည်ပါတယ် ခံစားပေးလို့ရပါတယ်။ ထိုနည်းတူစွာပဲ အာဏာသိမ်းဖို့ကြိုးစားနေတဲ့ ကမကလ မအလ နဲ့ သူတို့ အပေါင်းပါတစ်သိုက်ကလဲ ကျွန်တော်တို့ထက်ပိုပြီး ဒုက္ခဆင်းရဲတွင်းထဲရောက်နေပါပြီဗျာ။
.
စစ်သူတောင်းစားတွေက ကိုင်ထားတဲ့သေနတ်ကြောင့်သာ ဟန်ကိုယ့်ဖို့လုပ်နေရတာပါ။ အဲဒီသူတောင်းစားတွေလဲ လူပဲ ကြောက်တာပဲ။ မကြောက်ချင်ယောင်ဆောင်နေတာ။ အဲဒီကောင်တွေကြောက်တာများဖင်တုန်အောင်ကြောက်နေတာ။ သေနတ်ပြောင်းပြန်လှည့်လာမှာကြောက်ရ၊ ခင်ဗျားမအုပ်ချူပ်နိုင်တော့ဘူး ကျန်းမာရေးအကြောင်းပြပြီး အနားပေးခံရမှာကြောက်ရ၊ ပြည်သူ့အစိုးရ ပြန်တက်လာခဲ့အခါမှာ စွဲချက်တွေ တလှေကြီးတပ်ပြီး တရားဥပဒေ ရင်ဆိုင်ရမှာကြောက်ရ၊ နိုင်ငံတကာခုံရုံးအတင်ခံရမှာကြောက်ရ၊ အာဏာပါဝါမရှိတော့ရင် သူတို့ခိုးထားတဲ့ပိုင်ဆိုင်မှု့တွေကို ပြည်သူပိုင်အသိမ်းခံရမှာကြောက်ရနဲ့ တဖြေးဖြေးနဲ့နီးကပ်လာပြီဖြစ်တဲ့ကြိုးစင်ကိုကြောက်ရနဲ့အကြောက်သံသရာလည်နေတဲ့ကောင်တွေပါ။
.
အဲဒီတော့ အမှန်တရားကို မြတ်နိုးပြီး မတရားအာဏာသိမ်းဖို့ကြိုးစားတာကို မကြိုက်တဲ့ ၊ ဆန့်ကျင်တွန်းလှန်ခုခံနေတဲ့ တရားတဲ့ဖက်မှာ ရပ်တည်နေတဲ့ ကျွန်တော်နဲ့ ရင်ဘတ်ချင်းတူတဲ့သူတွေကို သွယ်ဝိုက်မနေတော့ပဲ ဒဲ့ပဲ မိုတီဗေးရှင်းလေး ပေးချင်တာကတော့ ကျွန်တော်တို့တတွေ ပင်ပန်းဆင်းရဲနေသလို၊စိတ်ဆင်းရဲနေသလို ကမကလ မအလတို့တတွေပါ ဒုက္ခရောက်ပြီး တိုင်ပတ်နေတယ်ဆိုတာကိုပါ။ သူတို့က ကျွန်တော်တို့ထက်ပိုပြီး ဒုက္ခရောက်နေပါတယ်။ ကျွန်တော်တို့ပြည်သူတွေကမှ ငါတို့မှာငါတို့ပဲ ရှိတယ်ဆိုပြီးပြောပေမဲ့ ကျွန်တော်တို့က အများစု ပြီးတော့ အချင်းချင်းလဲ ရိုင်းပင်းကူညီစောင့်ရှောက်ကြသေးတယ်။ စစ်သူတောင်းစားတွေက အချင်းချင်းလဲ မယုံရဲ၊ အောက်လူက ပြန်ပြီးသေနတ်လှည့်လာမှာကြောက်ရနဲ့ ပိုပြီးဆိုးနေပါတယ်။
.
အခုဆိုရင် ကျွန်တော်တို့ရဲ့ သာယာရွှေပြည်ကြီးက အလုံးစုံကိုပျက်ဆီးတော့မယ်။စီးပွားရေး၊ကျန်းမာရေး၊သယ်ယူပို့ဆောင်ရေး ဘာတစ်ခုမှ အဖတ်ဆည်မရအောင်ဖြစ်နေပြီ။ မပူနဲ့ သဘာဝဘေးအန္တရယ်တွေကြောင့်ဖြစ်တဲ့ဟာတွေကိုတောင် ပြန်ပြီးထူထောင်နိုင်သေးတာပဲ လူက လုပ်တဲ့ ပျက်ဆီးယိုယွင်းမှု့တွေဆိုတာကို ကျွန်တော်တို့ ပြန်လုပ်နိုင်ပါတယ်။ အရေးကြီးတာ စစ်သူတောင်းစားတွေ မြန်မာပြည်ကြီးမှာ အမြှစ်ပြတ်သွားဖို့ပဲလိုတာ။ ကျွန်တော်တို့အားလုံး စစ်သူတောင်းစားတွေ အလွန်မှာ တက်ညီလက်ညီနဲ့ တိုင်းပြည်ကိုသာ ပြန်လည်ထူထောင်မယ်ဆိုရင် တိုင်းပြည်ကို ရွှေပါချထားလို့ရတယ်။ စစ်သူတောင်းစားတွေ မရှိဖို့ပဲလိုတာ။ အဲဒီတော့ ကျန်းမာအောင်နေပါ။ အားမွေးထားပါ အလုပ်တွေ အများကြီးလုပ်ရပါအုန်းမယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
.
ဖီလင်.....ကျွန်တော်တို့မကြာခင်ပြန်ဆုံကြမယ်
.
သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ (ချမ်းသာကြပါစေ၊ ဆင်းရဲဒုက္ခလွတ်ကြပါစေ။)
#savemyanmar
#voiceofmyanmar
#saveaungsansuukyi
#saveourpresident
#fuckyouminaunghlaing
#CivilDisobedienceMyanmar
#FightForDemocracy
#WeSupportNUG

Crd