ထီးလင်းနယ် ကင်းပန်းရွာက စစ်မှုထမ်းဟောင်း ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရ
သြဂုတ် ၊ ၂၄ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကင်းပန်းကျေးရွာနေ စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်သူ ဦးသော်တာဟာ မနေ့ သြဂုတ် ၂၃ မနက် အစောပိုင်းအချိန်က သူ့ရဲ့ နေအိမ်ရှေ့မှာတင် သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ကင်းပန်းရွာခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။
" ရွာမှာတော့ စစ်ပြန်ကြီးလို့ခေါ်တဲ့ ဦးသော်တာရဲ့ အိမ်ကို မနက်အစောကြီး လူဝိုင်းခံရတယ် ၊ ဆူညံအော်ဟစ်ပြောသံတွေကြားရပြီး သိပ်မကြာဘူး ခဲပေါက်သံတွေနဲ့ သေနတ်သံတွေကြားလိူက်ရတယ် ၊ မိုးလင်းမှ သိရတာက စစ်ပြန်ကြီး ဦးသော်တာ သေနတ်မှန် သေနေတာ " လို့ ကင်းပန်းရွာခံ တစ်ယောက်က ပြောပါတယ်။
အဲ့ဒီ သေဆုံးသူ ဦးသော်တာဟာ စစ်မှုထမ်းဟောင်း တစ်ယောက်ပြီး ရွာရေးရပ်ရေး လုပ်ဆောင်တဲ့အခါ တက်ကြွစွာပါဝင်လေ့ရှိပြီး မြို့နယ် လူကြီးတွေဆီ ပြောရဲဆိုရဲရှိသူတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။
ဇူလိုင် ၂၈ ရက် မနက် အစောပိုင်း ၃ နာရီဝန်းကျင်ကလည်း ထီးလင်းမြို့နယ်၊ လောင်းဘို (ချောင်းပေါက်)မှာ နေထိုင်နေတဲ့ ထွေအုပ်စာရေး မိသားစုဟာ သတ်ဖြတ်ခံရပါသေးတယ် ။
အဲ့ဒီ လူသတ်မှုဖြစ်စဥ်မှာ ထွေအုပ်စာရေး ကိုချမ်းသာနဲ့ အသက် ၈ နှစ်အရွယ် သူ့သမီးလေးက ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားပြီး အိမ်မှာကျန်ခဲ့တဲ့ ကိုချမ်းသာရဲ့ မိန်းမ မတင်တင်ဝင်းနဲ့ အသက် ၁၀ နှစ်အရွယ် သားလေးတို့ ခုတ်သတ်ခံခဲ့ရတဲ့ ဖြစ်ခဲ့ပါတယ်။
#voiceofmyanmar #vom #ထီးလင်း #စစ်မှုထမ်းဟောင်း

ပုသိမ်မြန်မာ့စီးပွားရေးဘဏ်အနီး ဗုံးပေါက်ကွဲလို့ စစ်သားအချို့ဒဏ်ရာရ
သြဂုတ်လ ၂၄ -၂၀၂၁
KK(VOM)
စစ်တပ်က လုံခြုံရေးယူထားတဲ့ ပုသိမ်မြို့နယ်၊ အမှတ် ၄ရပ်ကွက်၊ ရွှေစေတီလမ်းရှိ မြန်မာစီးပွားရေဘဏ်(တိုင်းရုံး)အနီးမှာ ဒီကနေ့မနက် ၇နာရီခွဲက ဗုံးပေါက်ကွဲခဲ့လို့ စစ်သားအချို့ဒဏ်ရာရရှိခဲ့တယ်လို့ဘဏ်အနီးနေထိုင်သူအချို့က ပြောပါတယ်။
အမှတ် ၄ရပ်ကွက်က ပြည်သူတစ်ဦးက " မြို့နယ်ရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်တာပါ၊ စစ်သားလေးဦး ဒဏ်ရာရတယ်လို့ကြားတယ်"လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ အမှတ်၄ရပ်ကွက်၊ ရွှေစေတီလမ်းနဲ့မြို့နယ်ရုံးအနီးတစ်ဝိုက်ကလမ်းတွေက်ို ပိတ်ဆို့ ရှာဖွေနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုသိမ်မြို့နယ်မှာ မေလ ၂၅ရက် နေ့လယ်၁၂ နာရီက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲလို့ ရုံးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အလားတူ မေလ ၁၉ ရက် ညပိုင်းကလည်း မြန်မာ့စီးပွားရေးဘဏ်ရှေ့ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး အုတ်ခဲနဲ့ အထုခံခဲ့ရလို့ ဆေးရုံတင်ခဲ့ရပါသေးတယ်။
#voiceofmyanmar #VOM #ပုသိမ်

သင်္ဃန်းကျွန်းမှာ Zello အသုံးပြုသူကိုဖမ်းမိပြီး ခြေရာခံကာ မြို့နယ်အချို့က လူငယ်တွေကို ဖမ်းဆီး
သြဂုတ် ၂၄-၂၀၂၁
KK(VOM)
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက်၊ ဇဗ္ဗူမေတ္တာလမ်းမှာ မနေ့ ဩဂုတ်လ ၂၃ရက် ညနေ ၆နာရီခွဲက တက်ကြွလူငယ်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
" ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက သင်္ဃန်းကျွန်းမြို့နယ်က Zello Apk ကွန်ယက်အသုံးပြုတဲ့ လူငယ်တစ်ဦးကို စစ်တပ်က ဖမ်းဆီးမိပြီးနောက်ပိုင်းမှာ ခြေရာခံပြီး လိုက်လံဖမ်းဆီးနေတာဖြစ်တယ်၊ ဝေါ်ကီတော်ကီလိုမျိုး အဖွဲ့လိုက်စုပြောလို့ရတဲ့ဆော့ဖ်ဝဲမျိုး၊ ကျနော်တို့လူငယ်တွေ ဆက်သွယ်လို့ရအောင် Channel တစ်ခုလုပ်ထားတာ Zelloဆိုပြီး အဲ့စကားပြောစက်က တစ်ဆင့်လူငယ်တွေကိုလိုက်ဖမ်းတာ"လို့ သင်္ဃန်းကျွန်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
မနေ့က သင်္ဃန်းကျွန်းမြို့နယ်က လူငယ်တွေကို ဖမ်းဆီးပြီးနောက် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်းတောင်ရပ်ကွက်၊ မကြီးကြီးလမ်း၊ အိမ်အမှတ် ၅၄က မိတ်ဆက် ခေါက်ဆွဲကြော်ဆိုင် ပိုင်ရှင်လင်မယားနဲ့ လူ၅ဦးပါ ထပ်မံဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
တောင်ဥက္ကလာမြို့နယ်၊ ၁၂ ရပ်ကွက်၊ မိဂသီ ၁၈ လမ်းက လူငယ်တစ်ဦးကိုလည်း မနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခဲ့တယ်လို့ ၁၂ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်က Zello apkအသုံးပြုသူ ဖမ်းဆီးခံရပြီးနောက် အဲ့ဒီဆော့ဖ်ဝဲအသုံးပြုသူ လူငယ်တွေဟာ zello ထဲ ရှိသမျှလူတွေကို အကုန်ထွက်ထားဖို့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးခဲ့တာလည်း ရှိပါတယ်။
မနေ့ ဩဂုတ်လ ၂၃ရက် တစ်ရက်တည်း မရမ်းကုန်း
၊စမ်းချောင်း၊သဃ်န်းကျွန်း၊တောင်ဥက္ကလာ၊မင်္ဂလာဒုံနဲ့ခရမ်းမြို့နယ်က တက်ကြွလှုပ်ရှားသူလူငယ်တွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ရန်ကုန်

ဂန့်ဂေါမြိုနယ် လယ်ကြီးအရှေ့ရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရ
သြဂုတ် ၂၅-၂၀၂၁
KK(VOM)
ဂန့်ဂေါမြို့နယ်၊ လယ်ကြီးအရှေ့ရွာက အုပ်ချုပ်ရေးမှူး ဦးဝင်းဆွေဟာ ဒီကနေ့ မနက် ၅နာရီလောက်မှာ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက"အိမ်မှာ လာပစ်သွားတာ၊ ဒဏ်ရာကတော့စိုးရိမ်ရတယ်၊ သေတော့မသေဘူး အခုဆေးရုံမှာလို့"လို့ ပြောပါတယ်။
သေနတ်ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာ၃ချက်ရရှိခဲ့တဲ့ လယ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ကလေးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လယ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒေသခံလူငယ်များကို ဖမ်းဆီးခံရအောင် သတင်းပေးခဲ့လို့ ပစခတ်ခံရတယ်လို့ ရပ်မိရပ်ဖတွေက မှတ်ချက်ပေးပါတယ်။
လက်တလောမှာတော့ လယ်ကြီးကျေးရွာမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ နေအိမ်တွေကို လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
#voiceofmyanmar #VOM #ဂန့်ဂေါ

ရွှေဘိုနယ်က မိုးကြိုးမုန်တိုင်း အဖွဲ့ဝင် ၁ ဦး အဖမ်းခံရ
သြဂုတ် ၊ ၂၆ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ မင်းကုန်းကျေးရွာနေ မိုးကြိုးမုန်တိုင်း အဖွဲ့ဝင် ၁ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒီကနေ့ သြဂုတ် ၂၆ မှာ
ရွှေဘိုမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီကိစ္စအတည်ပြုနိုင်ဖို့ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့ရုံးကိုမေးကြည့်တော့
" ရွှေဘိုခရိုင်ထဲက မြို့နယ်တွေနဲ့ မုံရွာခရိုင်ထဲက မြို့နယ်တွေမှာ ဒလန်ရှင်းလင်းရေး လုပ်နေတဲ့ နယ်စည်းမခြား မိုးကြိုးမုန်တိုင်း အဖွဲ့ဝင် တစ်ယောက် ရွှေဘိုမှာ ဖမ်းမိထားတယ် ၊ သူ့နာမည်က အောင်ကိုကို အသက် ၃၈ နှစ် ဖြစ်တယ်" လို့ ရုံး တာဝန်ကျ ရဲဝန်ထမ်း တစ်ယောက်က ပြောပါတယ်။
အဲ့ဒီ ဖမ်းဆီးခံရတဲ့သူဟာ မင်းကုန်းရွာမှာနေထိုင်ပြီး စျေးရောင်းနဲ့ ဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူတစ်ယောက်ဖြစ်ကာ သူ့ရဲ့နေအိမ်ခြံဝန်းအတွင်းက ဘောစကိုင်းသစ်ပင်အောက်မှာ မြေကျင်းတူးပြီး သိမ်းဆည်းထားတဲ့ လက်လုပ်မိုင်း ၆၅ လုံးနဲ့အတူ ဖောက်ခွဲရေးသုံး ဆက်စပ် ပစ္စည်းတွေ အများအပြားနဲ့ ကျည်ဆံ တစ်တောင့်ထိုး သေနတ် ၁ လက်ကို သိမ်းဆည်းရမိတယ်လို့ ဒေသတွင်းကလာတဲ့ သတင်းတွေအရသိရပါတယ်။
ဒါ့အပြင် ရွှေဘိုခရိုင်နဲ့ မုံရွာခရိုင်ထဲက မြို့နယ် ရပ်ကွက် ကျေးရွာတွေမှာ နယ်စည်မခြား မုန်းကြိုး မုန်တိုင်းအဖွဲ့က သူတို့အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ အင်တာနက် လူမှုကွန်ရက်ကနေ ထုတ်ပြန်ကြေညာတဲ့အခါ အခု သြဂုတ်လ ၃ ရက်ကနေ ၁၈ ရက်အထိ အုပ်ချုပ်ရေးမှူး ၇ ယောက် ၊ သတင်းပေး ဒလန် ၁၆ ယောက် ၊ ပျူစောထီး အဖွဲ့ဝင် ၈ ယောက် ၊ အွန်လိုင်း အာချောင်သူ ၃ ယောက်နဲ့ CDM ဝန်ထမ်းတွေအပေါ် ဖိအားပေး ပြောဆိုသူ ၁ ယောက် အပါအဝင် လူ ၃၅ ယောက်ကို သုတ်သင်ရှင်းလင်း သတ်ဖြတ်ခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
#voiceofmyanmar #vom #မိုးကြိုးမုန်တိုင်း

ဖေ့စ်ဘုတ် ပရိုဖိုင်ပုံမှာ NUG စာတမ်း နောက်ခံအသုံးပြုထားတဲ့ ဗိုလ်မှူး ကတော်တစ်ယောက် ၅၀၅ - က နဲ့ အမှုဖွင့်
သြဂုတ် ၊ ၂၆၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
စစ်ကိုင်းတိုင်း မုံရွာမြို့ ရန်ကင်းရပ်ကွက် ၊ ကျောက္ကာလမ်းမှာရှိတဲ့ ဖက်ရှင်စတိုးဆိုင်ပိုင်ရှင် ဗိုလ်မှူး ကတော်တစ်ယောက်ဟာ သူအသုံးပြုနေတဲ့ အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘုတ် ပရိုဖိုင်ပုံမှာ NUG စာတမ်းနောက်ခံ အသုံးပြုဖော်ပြထားတဲ့အတွက် တပ်မတော် အရာရှိ တစ်ဦးက တရားလိုလုပ်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်တန်း လိုက်တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
" အမှုဖွင့်ခံရတဲ့သူက ဖက်ရှင်စတိုးဆိုင် ပိုင်ရှင် တစ်ယောက်ဖြစ်သလို ဗိုလ်မှူး ကတော် တစ်ဦးလဲဖြစ်တယ် ၊ သူအသုံးပြုနေတဲ့ facebook Account က ပရိုဖိုင်မှာ NUG စာတမ်းနောက်ခံ ထည့်ပြီး သူ့မိသားစု ပုံတင်ထားတာကြောင့် မုံရွာ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ခံထားရတာ ဖြစ်တယ် " လို့ ရဲစခန်းနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ် ။
အဲ့ဒီ အမှုကိစ္စနဲ့ ပတ်သက်လို့ မုံရွာမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ရဲစခန်း တာဝန်ကျ ရဲအရာရှိက တစ်စုံတရာ ပြန်ကြားပြောဆိုတာ မရှိခဲ့ပေမယ့် ရဲအသိုင်းအဝိုင်းဆီက ကြားသိခဲ့ရတာက
" အမှုကိုတော့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က တပ်မတော် အရာရှိ တစ်ဦးက တရားလိုပြုလုပ် တိုင်တန်းခဲ့တဲ့အတွက် မုံရွာမြို့မရဲစခန်းက (ပ) ၂၁၀ / ၂၀၂၁ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ - က အရ အမှုလက်ခံ ဖွင့်ထားတာ" လို့ ဖြစ်ပါတယ်။
#voiceofmyanmar #vom #မုံရွာ #နမခ

ရေစကြိုနယ်မှာ စစ်ဗိုလ် ၁ ဦးရဲ့ အဖေဖြစ်သူ သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး
သြဂုတ် ၊ ၂၇ -၂၀၂
ရွှေဘုန်းမြတ်စံ( VOM)
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ၊ ဇီးတောကျေးရွာနေ တပ်မတော်အရာရှိ စစ်ဗိုလ် ၁ ဦးရဲ့ အဖေဖြစ်သူ ၁ ယောက်ဟာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဇီးတောရွာခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။
အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဇီးတောရွာခံ တစ်ယောက်က " ဒီမနက် ၈ နာရီဝန်းကျင်လောက်ကဖြစ်တာပါ ၊ ရွာထဲကနေ သေနတ်သံ ၅ ချက် ၆ ချက်လောက်ကြားရတယ် ၊ သေဆုံးသူက ဦးသန်းထွေးဖြစ်တယ် ၊ သူက ရွာမှာ ပရဟိတအလုပ်တွေလုပ်တယ် ၊ ကြက်ခြေနီလည်းဖြစ်တယ် ၊ သူ့သားတစ်ယောက်က စစ်ဗိုလ် ၊ သူ့တူတစ်ယောက်က လက်ရှိမှာ ရွာက အုပ်ကြီးဖြစ်တယ် ၊ မနက်က တောသွားရင်း ပစ်ခံရတာပါ ၊ တောနဲ့ရွာက သိပ်မဝေးဘူး ၂ ဖာလုံလောက်ပဲဆိုတော့ သေနတ်သံတွေ ရွာထဲကနေ ကြားရတာ " လို့ ပြောပါတယ်။
ဒါ့အပြင် သေဆုံးသူ ဦးသန်းထွေးရဲ့ ဆွေမျိုးတော်စပ်သူ တစ်ယောက်က " ကျွန်တော်တို့ မိသားစုတွေကို ရွာရေးရပ်ရေးလုပ်တယ်ဆိုပြီး မလိုတဲ့သူတွေက ငြိုးနေကြတာဖြစ်တယ် ၊ ပြီးခဲ့တဲ့ ၆ လပိုင်း ၂၁ ရက် နေ့ခင်းပိုင်း ၁၂ နာရီကလည်း ဦးလေးဖြစ်သူ လက်ရှိရွာ အုပ်ချုပ်ရေးမှူး ကိုဝင်းမြင့်အောင်ဟာ ရေစကြိုမြို့နယ် ထွေ/အုပ်ရုံးကနေ ရွာအပြန်မှာ ဆိုင်ကယ် ၂ စီး လူ ၆ ယောက်က သေနတ်ပစ်ပြီး ဓားနဲ့ လိုက်ခုတ်တယ် ၊ အုပ်ကြီးက ပြန်ချလို့ အသက်မသေခဲ့တာ " လို့ ပြောပါတယ်။
ဇီးတောကျေးရွာဟာ ရေစကြိုမြို့နယ်၊ မုံရွာ-ပခုက္ကူကားလမ်း မအူရွာနဲ့ ဂန့်ဂေါ-ပခုက္ကူလမ်းဆုံအကြားမှာတည်ရှိပါတယ်။
အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ရေစကြိုနယ် ရဲတပ်ဖွဲ့နဲ့ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့ကို သီးခြားသတင်းအတည်ပြုချက်ရရှိဖို့ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့မရသေးပါဘူး။
#voiceofmyanmar #VOM #ရေစကြို

KBZ Pay နဲ့ Wave Pay ငွေလွှဲကိစ္စကြောင့် ဒီပဲယင်းနယ်မှာ လူ ၃ ဦး အဖမ်းခံထားရ
စက်တင်ဘာ ၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ KBZ Pay နဲ့ Wave Pay ကနေ ငွေလွှဲ၊ငွေထုတ် လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူ ၃ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
အဲ့ဒီ အဖမ်းခံထားရတဲ့ လူ ၃ ယောက်နဲ့ ပတ်သက်ပြီး ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ခံ တစ်ယောက်က " စိုင်ပြင်က လူ ၂ ဦးနဲ့ ဒီပဲယင်း သပြေစျေးသစ်က လူ ၁ ဦး အားလုံး ၃ ဦးကို K ပေးနဲ့ Wave ပေး ငွေလွှဲ ငွေထုတ် လုပ်တဲ့ကိစ္စတွေကြောင့် အဖမ်းခံထားရတာ အတည်ပြုလို့ရတယ် ၊ နာမည်တွေက စိုင်ပြင်လူ ၂ ယောက်က ငြိမ်းချမ်းနဲ့ နေစိုးဖြစ်တယ် ၊ ဒီပဲယင်း သပြေစျေးသစ်က ထွန်းရာဇာ အားလုံး ၃ ဦး ဖမ်းခံထားရတာ " လို့ ပြောပါတယ်။
အဲ့ဒီလို K ပေး ၊ Wave ပေး တွေနဲ့ ငွေလွှဲ၊ငွေထုတ် လုပ်ရင် ရဲနဲ့စစ်သားတွေက လိုက်ဖမ်းနေတယ်ဆိုပြီး သတင်းတွေထွက်နေတာကြောင့် ကုန်စုံအရောင်းဆိုင် စျေးသည်တွေက ကုန်ပစ္စည်းဖိုး ငွေလွှဲပေးချေးဖို့အတွက် အဖမ်းခံရမှာကိုလည်း ကြောက်နေရတယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် သတင်းအခြေအနေမှန် သိလိုတဲ့အတွက် စစ်ကိုင်းတိုင်း တစကရုံးကို ဆက်သွယ်မေးမြန်ကြည့်တဲ့အခါ တာဝန်ရှိသူတစ်ယောက် ဖြေကြားတာက
" K pay ၊ Wave payတွေနဲ့ ငွေလွှဲ၊ငွေထုတ်ကိစ္စနဲ့ ပတ်သက်ပြီး အမှုဖွင့် ဖမ်းဆီးထားတာရှိတယ် ၊ မြေအောက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ငွေလွှဲ၊ငွေထုတ် လုပ်တဲ့အတွက်ကြောင့်မို့ အရေးယူဖို့ ဖမ်းတာပါ ၊ သာမန် ရိုးသားစွာ ငွေလွှဲ၊ငွေထုတ် လုပ်ရတဲ့ မိဘပြည်သူတွေအဖို့ စိုးရိမ်ထိတ်လန့်စရာ မလိုပါဘူး ၊ ငွေလွှဲ ငွေထုတ် လုပ်တဲ့သူတိုင်းကို ဖမ်းနေတာ မဟုတ်ပါဘူး " လို့ ပြောပါတယ်။
ဒါ့အပြင် ဒီပဲယင်းမြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက " မတရား အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ငွေလွှဲ၊ငွေထုတ် လုပ်နေတယ်ဆိုတာ စစ်ဆေးပေါ်ပေါက်လို့ အရေးယူတာဖြစ်တယ် ၊ ကျန်တဲ့ ငွေလွှဲ ၊ငွေထုတ်ကိစ္စတွေ ဘာမှစိုးရိမ်စရာအကြောင်းမရှိဘူး " လို့ ပြောပါတယ်။
K pay၊ Wave payနဲ့ ငွေလွှဲငွေထုတ် ကိစ္စနဲ့ ပတ်သက်လို့ အဖမ်းခံထားရတဲ့ လူ ၃ ယောက်ကို အခုလ ၁ ရက်နေ့ ညနေပိုင်းက ဒီပဲယင်းမြို့မရဲစခန်း (ပ) ၃၀ / ၂၀၂၁ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ဒီပဲယင်း

ပင်လည်ဘူးမှာ အမှုစစ်သွားတဲ့ ရဲတွေ သေနတ်နဲ့ပစ်ခံရပြီး ရဲတပ်သား(၁)ဦးသေဆုံး
စက်တင်ဘာ ၄ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်က ရဲတွေဟာ မနေ့ စက်တင်ဘာ ၃ ရက် ညနေပိုင်းက အမှုကိစ္စစစ်ဆေးပြီး ရဲစခန်းကို ပြန်လာတဲ့လမ်းမှာ
အမည်မသိအဖွဲ့ ၁ ဖွဲ့ရဲ့ ပစ်ခတ်မှုကိုခံခဲ့ရပြီး ရဲတပ်သား(၁)ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိတယ်လို့ ပင်လည်ဘူးဒေသခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။
ပင်လည်ဘူးပြည်သူ့ဆေးရုံး အရေးပေါ်လူနာဌာနနဲ့ နီးစပ်သူက" ဒဏ်ရာရ ရဲ ၂ ယောက်အရေးပေါ်ရောက်လာတယ် ၊ရဲတပ်သား ပီရှင်းနဲ့ ရဲတပ်သား ရာဇာထွန်းဖြစ်တယ် ၊ ညနေ ၄ နာရီဝန်းကျင်မှာ ရဲတပ်သား ပီရှင်းက ရရှိ သေနတ်ဒဏ်ရာနဲ့ သေသွားတယ် ၊ ကျန်တဲ့ရဲတစ်ယောက်ကတော့ ဆေးကုသမှုခံနေယူဆဲ "လို့ ပြောပါတယ်။
အဲ့ဒီ ရဲတွေတိုက်ပွဲဖြစ်တဲ့နေရာနဲ့ ၁ မိုင်လောက်ပဲ ဝေးတဲ့ မြေလင်းရွာခံ တစ်ယောက်ကလည်း " ပေါက်ကွဲသံတွေနဲ့ ပစ်ခတ်သံတွေ နာရီဝက်၊ ၁ နာရီနီးပါးကြားရတယ်၊
ရဲတွေ တိုက်ပွဲဖြစ်တာက ပင်လည်ဘူးမြို့ရဲ့ တောင်ဘက် ၁၅ မိုင်လောက်ဝေးတယ် ၊နန့်အောင်ရွာနဲ့ ပန်းခူးရွာအကြားမှာ " လို့ ပြောပါတယ်။
ဒါ့အပြင် ပင်လည်ဘူးဒေသခံတစ်ယောက်က " ရေးကြီးသုတ်ပြာနဲ့ ရဲကားတွေသွားတာတွေ့ရတယ် ၊ တိုက်ပွဲဖြစ်ပြီး ဒဏ်ရာရတယ်လို့ သိရတယ်၊ အခု ပင်လည်ဘူး ဆေးရုံးမှာ ရောက်နေကြတယ် " လို့ ပြောပါတယ်။
ပင်လည်ဘူးမြို့မရဲစခန်းက ရဲအုပ်ရာထူးအဆင့်ရှိတဲ့ ရဲတစ်ဦးနဲ့ အခြားအရာရှိ ၁ ဦး ပါအဝင် ရဲဝန်ထမ်း ၆ ယောက်ဟာ လူသတ်မှု ၁ ခုအတွက် အမှုစစ်ဆေးဖို့ မြေလင်းရွာကနေ အပြန်လမ်းမှာ မိုင်းထောင်ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ၊ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးရုံး တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ညနေပိုင်းက ပင်လည်ဘူးမြို့နယ် ၊ တောင်ဖီရွာအနီးမှာ မိုသောက်ကြယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ ဥက္ကဌ လဲဖြစ် ၊ ကင်းပန်းကျေးရွာအုပ်စုရဲ့ အုပ်စုအုပ်ချုပ်ရေးမှူးလဲဖြစ်သူ ဦးခင်ဇော်ဝင်း ဆိုသူဟာ ရွာလမ်းတံတားပြုပြင်နေချိန် သေနတ်နဲ့ ၄ ချက်ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ပေါက်ပေါက်ခဲ့ပါသေးတယ်။
#voiceofmyanmar #VOM #ပင်လည်ဘူး

ဂျပန်ပြည်ကိုစစ်ပညာ သွားသင်တဲ့ အတွေ့အကြုံတွေကို စာရေးဆရာကြီးမြတ်ထန်(ဗိုလ်မှူးကြီးတင်မောင်) ရေးတဲ့ စာအုပ်တွေကိုဖတ်ပြီး အတွေးလေးတစ်ခုဝင်လာလို့ပါ။ ရင်ထဲရောက်သွားတဲ့စာသားလေးကတော့ မင်းမောသလိုပင်ပန်းသလို မင်းရဲ့ ရန်သူကလဲ ပင်ပန်းနေမယ်ဆိုတာကို သိထားပါတဲ့(စာသားအတိအကျမဟုတ်ပါ)။ အဲဒီလိုပဲ ကျွန်တော်တို့တတွေ ပင်ပန်းနွမ်းနယ်နေတာကို နားလည်ပါတယ် ခံစားပေးလို့ရပါတယ်။ ထိုနည်းတူစွာပဲ အာဏာသိမ်းဖို့ကြိုးစားနေတဲ့ ကမကလ မအလ နဲ့ သူတို့ အပေါင်းပါတစ်သိုက်ကလဲ ကျွန်တော်တို့ထက်ပိုပြီး ဒုက္ခဆင်းရဲတွင်းထဲရောက်နေပါပြီဗျာ။
.
စစ်သူတောင်းစားတွေက ကိုင်ထားတဲ့သေနတ်ကြောင့်သာ ဟန်ကိုယ့်ဖို့လုပ်နေရတာပါ။ အဲဒီသူတောင်းစားတွေလဲ လူပဲ ကြောက်တာပဲ။ မကြောက်ချင်ယောင်ဆောင်နေတာ။ အဲဒီကောင်တွေကြောက်တာများဖင်တုန်အောင်ကြောက်နေတာ။ သေနတ်ပြောင်းပြန်လှည့်လာမှာကြောက်ရ၊ ခင်ဗျားမအုပ်ချူပ်နိုင်တော့ဘူး ကျန်းမာရေးအကြောင်းပြပြီး အနားပေးခံရမှာကြောက်ရ၊ ပြည်သူ့အစိုးရ ပြန်တက်လာခဲ့အခါမှာ စွဲချက်တွေ တလှေကြီးတပ်ပြီး တရားဥပဒေ ရင်ဆိုင်ရမှာကြောက်ရ၊ နိုင်ငံတကာခုံရုံးအတင်ခံရမှာကြောက်ရ၊ အာဏာပါဝါမရှိတော့ရင် သူတို့ခိုးထားတဲ့ပိုင်ဆိုင်မှု့တွေကို ပြည်သူပိုင်အသိမ်းခံရမှာကြောက်ရနဲ့ တဖြေးဖြေးနဲ့နီးကပ်လာပြီဖြစ်တဲ့ကြိုးစင်ကိုကြောက်ရနဲ့အကြောက်သံသရာလည်နေတဲ့ကောင်တွေပါ။
.
အဲဒီတော့ အမှန်တရားကို မြတ်နိုးပြီး မတရားအာဏာသိမ်းဖို့ကြိုးစားတာကို မကြိုက်တဲ့ ၊ ဆန့်ကျင်တွန်းလှန်ခုခံနေတဲ့ တရားတဲ့ဖက်မှာ ရပ်တည်နေတဲ့ ကျွန်တော်နဲ့ ရင်ဘတ်ချင်းတူတဲ့သူတွေကို သွယ်ဝိုက်မနေတော့ပဲ ဒဲ့ပဲ မိုတီဗေးရှင်းလေး ပေးချင်တာကတော့ ကျွန်တော်တို့တတွေ ပင်ပန်းဆင်းရဲနေသလို၊စိတ်ဆင်းရဲနေသလို ကမကလ မအလတို့တတွေပါ ဒုက္ခရောက်ပြီး တိုင်ပတ်နေတယ်ဆိုတာကိုပါ။ သူတို့က ကျွန်တော်တို့ထက်ပိုပြီး ဒုက္ခရောက်နေပါတယ်။ ကျွန်တော်တို့ပြည်သူတွေကမှ ငါတို့မှာငါတို့ပဲ ရှိတယ်ဆိုပြီးပြောပေမဲ့ ကျွန်တော်တို့က အများစု ပြီးတော့ အချင်းချင်းလဲ ရိုင်းပင်းကူညီစောင့်ရှောက်ကြသေးတယ်။ စစ်သူတောင်းစားတွေက အချင်းချင်းလဲ မယုံရဲ၊ အောက်လူက ပြန်ပြီးသေနတ်လှည့်လာမှာကြောက်ရနဲ့ ပိုပြီးဆိုးနေပါတယ်။
.
အခုဆိုရင် ကျွန်တော်တို့ရဲ့ သာယာရွှေပြည်ကြီးက အလုံးစုံကိုပျက်ဆီးတော့မယ်။စီးပွားရေး၊ကျန်းမာရေး၊သယ်ယူပို့ဆောင်ရေး ဘာတစ်ခုမှ အဖတ်ဆည်မရအောင်ဖြစ်နေပြီ။ မပူနဲ့ သဘာဝဘေးအန္တရယ်တွေကြောင့်ဖြစ်တဲ့ဟာတွေကိုတောင် ပြန်ပြီးထူထောင်နိုင်သေးတာပဲ လူက လုပ်တဲ့ ပျက်ဆီးယိုယွင်းမှု့တွေဆိုတာကို ကျွန်တော်တို့ ပြန်လုပ်နိုင်ပါတယ်။ အရေးကြီးတာ စစ်သူတောင်းစားတွေ မြန်မာပြည်ကြီးမှာ အမြှစ်ပြတ်သွားဖို့ပဲလိုတာ။ ကျွန်တော်တို့အားလုံး စစ်သူတောင်းစားတွေ အလွန်မှာ တက်ညီလက်ညီနဲ့ တိုင်းပြည်ကိုသာ ပြန်လည်ထူထောင်မယ်ဆိုရင် တိုင်းပြည်ကို ရွှေပါချထားလို့ရတယ်။ စစ်သူတောင်းစားတွေ မရှိဖို့ပဲလိုတာ။ အဲဒီတော့ ကျန်းမာအောင်နေပါ။ အားမွေးထားပါ အလုပ်တွေ အများကြီးလုပ်ရပါအုန်းမယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
.
ဖီလင်.....ကျွန်တော်တို့မကြာခင်ပြန်ဆုံကြမယ်
.
သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ (ချမ်းသာကြပါစေ၊ ဆင်းရဲဒုက္ခလွတ်ကြပါစေ။)
#savemyanmar
#voiceofmyanmar
#saveaungsansuukyi
#saveourpresident
#fuckyouminaunghlaing
#CivilDisobedienceMyanmar
#FightForDemocracy
#WeSupportNUG
Crd

ဒီမော့ဆိုရဲစခန်းကို ကရင်နီတပ် နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်ခဲ့ပေမယ့် သိမ်းနိုင်ခဲ့ခြင်းမရှိသေးဘူးလို့ သိရ
စက်တင်ဘာ ၈-၂၀၂၁
CKC(VOM)
ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်ရဲစခန်းကို မနေ့ စက်တင်ဘာ ၇ရက်နေ့ညပိုင်းက ကရင်နီတပ်မတော်၊ KNDF နဲ့ မဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
" ဟုတ်ပါတယ်။စခန်းကိုတော့ မသိမ်းနိုင်သေးဘူးလို့သိရပါတယ်၊ အသေးစိတ်ကို Kndf page ရဲ့ကြေညာချက်ကို စောင့်ကြည့်ပေးပါ၊ အခုတော့ငြိမ်နေပါတယ်။ " လို့ တိုက်ပွဲအခြေအနေအပေါ်မေးမြန်းမှုကို ည ၁၀ နာရီဝန်းကျင်မှာ KNDF ဘက်က ပြောထားပါတယ်။
ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ တိုက်ပွဲကပြင်းထန်ခဲ့ပြီး ထိခိုက်ကျဆုံးမှု အခြေအနေတွေကို မသိရသေးဘူးလို့ KNDF ဘက်ကပြောဆိုပြီး ၊ န.စ.က ဘက်ကိုမေးမြန်းရာမှာတော့ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး န.စ.က သတင်းထုတ်ပြန်ရေးအဖွဲ့က " ညက ၆ နာရီခွဲလောက်ကစတယ်။ အကြီးနဲ့ဘေးပတ်လည်ကနေလာပစ်တယ် ၊ လာချောင်းတာပေါ့။ ပစ်တာကတော့ မီးသတ်ဒေါင့်ကနေ အကြီးနဲ့ ၄ ၊ ၅ ချက်လောက်ဖြစ်တယ်။ ဒီကဝိုင်းပစ်တာ နဲ့ သူတို့ ပြန်ဆုတ်သွားတယ်။ဘုန်းကြီးကျောင်းဘက်က အသေးနဲ့လာပစ်တယ်။အထိအခိုက်တော့ မရှိဘူး။ " လို့ ပြောတယ်။
မနေ့ စက်တင်ဘာ ၇ ရက်နေ့ ၊ နေ့လယ် ၃ နာရီဝန်းကျင်ကလည်း ကယားပြည်နယ် ၊ လွိုင်ကော် နဲ့ ဒီးမော့ဆိုမြို့နယ်အကြား ဒေါပိုးစီကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ညနေပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်၊ ၅ မိုင်နဲ့ ၆ မိုင် အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၄ ဦးသေဆုံးခဲ့တယ်လို့ KNDF ကထုတ်ပြန်ထားသလို ဒေသခံတွေဆီကလည်းသိရပါတယ်။
ဒေသခံတစ်ဦးက " ဒေါပိုးစီနား မှာ ပစ်ကြတယ်ပြောတယ်၊ ညနေကတော့ လက်နက်ကြီးသံလား ဗုံးသံလားမသိဘူး ကြားတယ်၊ ငွေတောင်က သူငယ်ချင်းတော့ မိသားစုလိုက် လွိုင်ကော်ပြန်ပြေးလာကြတယ် ၊ ဒီးမော့ဆိုဘက်ဖြစ်တာတော့ ခုမသိရသေးဘူး " လို့ ပြောပါတယ် ။
မနေ့က နေ့လယ်ပိုင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာစစ်သား ၄ ဦးသေဆုံးတာနဲ့ပတ်သက်ပြီး VOMဘက်ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
#voiceofmyanmar #VOM #ဒီးမော့ဆို

ပုလဲနယ် လှော်ကားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၂ ဦး သတ်ခံရ
စက်တင်ဘာ ၊ ၈ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် လှော်ကားကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၂ ဦးကို အမည်မသိ လက်နက်တွေကိုင်းထားတဲ့ လူတစုက ဒီမနက်က နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နေ့ခင်းပိုင်းမှာ သေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရတယ်လို့ ပုလဲမြို့နယ် မင်းတိုင်ပင် စံပြရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
" နေ့ခင်းပိုင်းက လှော်ကားကြီးရွာနဲ့ တနယ်ရွာအကြား လမ်းက တံတားနားမှာ သေဆုံးနေတဲ့ ရုပ်အလောင်း ၂ လောင်း ပြန်တွေ့ရတယ် ၊ ဦးခေါင်းပြတ် ဒဏ်ရာတွေနဲ့ သေဆုံးနေတာ " လို့ လှော်ကားကြီးကျေးရွာအနီး လက်ပုဂံ ရွာခံ တစ်ယောက်က ပြောပါတယ်။
အဲ့ဒီ သေဆုံးနေတဲ့ ရုပ်အလောင်း ၂ လောင်းအနက် ၁ ဦးကတော့ လှော်ကားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စိုး ဆိုသူဖြစ်ပြီး ကျန် ၁ ယောက်ကိုတော့ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ စီစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီ လူသတ်မှုဖြစ်စဥ်နဲ့ပတ်သက်လို့ ယင်းမာပင် ခရိုင်ကောင်စီရုံးကို သိလိုတာတွေ မေးမြန်း အတည်ပြု VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်အထိ ဆက်သွယ်လို့ မရသေးတာကြောင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်ထဲက ပုလဲမြို့နယ် မုံရွာ ဂန့်ဂေါ ကလေး ကားလမ်း ၅၂ ပျဥ်းပင်ကွေ့အနီး သလင်းတောင် လျိုတခုထဲမှာ အသက် ၃၀ ဝန်းကျင် လူငယ် ၁ ဦးရဲ့ ဦးခေါင်းဖြတ်ထားတဲ့ ရုပ်အလောင်း ၁ လောင်း တွေ့ခဲ့ရတဲ့ ဖြစ်စဥ် ပေါ်ပေါက်ခဲ့ပါသေးတယ်။
#voiceofmyanmar #VOM #ပုလဲ #လှော်ကားကြီးရွာ

လျှော်ဖြူရွာမှာ ပစ်ခတ်မှုတွေဖြစ်လို့ မိသားစုဝင် ၄ ယောက်သေဆုံး၊ ၁နှစ်ကျော်ကလေးနဲ့ လူအချို့ဒဏ်ရာရ
စက်တင်ဘာ ၂၁-၂၀၂၁
GH ( VOM )
နွားထိုးကြီးမြို့နယ်၊ လျှော်ဖြုရွာမှာ မနေ့ စက်တင်ဘာ ၂၀ ရက်နေ့ ည ၁၂နာရီကျော်ခန့်က ပစ်ခတ်မှုတွေ ၊ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့လို့ လျှော်ဖြူရွာအလယ်ပိုင်း ကျေးရွာထဲက မိသားစုဝင် ၄ ယောက်သေဆုံးခဲ့ပြီး ကလေးငယ် အပါအဝင် လူ၂ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
"အရင်ကမဖြစ်ခဲ့ဘူးတော့ ဘယ်အသံက စစ်ဖြစ်တဲ့အသံလဲ ၊ဘယ်အသံက လက်နက်ကြီးအသံလဲမသိဘူး။ကြားနေတာတော့ ဝုန်း ဝုန်း နဲ့ပါအေ။မြေကိုတုန်နေပါရော ၊ တစ်ယောက်ကဒဏ်ရာရတယ်၊ ဒေါ်ညွန့် သူ့သမီးပေါ့။ သူကမန္တလေးဆေးရုံမှာ တင်ထားရတယ်၊ ရဲစာပါမှကုပေးမယ်ပြောလို့ အခုထိ မကုရသေးဘူးကြားတယ်။ခေါင်းမှန်တာ အခြေအနေမကောင်းဘူးလို့ကြားတယ်။ ဦးနှောက်သွေးယိုစိမ့်တယ်ကြားတယ်။တစ်နှစ်ကျော်ကလေးလေးရော လက်တွေရောခြေထောက်တွရော ဒဏ်ရာရတယ်လို့သိရတယ်၊ ဆီစက် ဆီကျိတ်တာပေါ့ သူတို့မိသားစုက အရမ်းကိုအေးဆေးတဲ့မိသားစုပါ။ " လို့ ရွာခံတစ်ဦးကပြောပြပါတယ်။
အဲ့ဒီပစ်ခတ်မှုတွေကြောင့် လျှော်ဖြူရွာ အလယ်ပိုင်းမှာနေထိုင်တဲ့ ဆီကြိတ်တဲ့ ဆီစက်ပိုင်ရှင် ဦးဘိုခင် နဲ့ သူဇနီး ဒေါ်သန့် ၊ သားဖြစ်သူ ဦးမောင်ထွန်း နဲ့ ချွေးမဖြစ်သူ ဒေါ်မော်ဌေး တို့ သေဆုံးခဲ့ရတယ်လို့သိရပြီး သေဆုံးသူတွေကို ဒိကနေ့မနက်ပိုင်းကပဲ သင်္ဂြိုဟ်လိုက်ပြီလို့လည်း သိရပါတယ်။
လျှော်ဖြူရွာရဲ့ အထက်တန်းကျောင်းမှာ အရင်လတွေထဲက စစ်တပ်က တပ်စွဲထားကြောင်း ၊ အခုလည်း စစ်ကားတွေ ထပ်ပြီးရောက်လာတယ်လို့ကြားရကြောင်း ဒေသခံတွေကပြောပါတယ်။
အဲ့ဒီ ပစ်ခတ်မှုနဲ့ပတ်သက်ပြိး နွားထိုးကြီး ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိတာကြောင့် VOM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
#voiceofmyanmar #VOM #နွားထိုးကြီး #ပစ်ခတ်မှု #လူသေဆုံး

ချင်းတွင်းမြစ်ကြောင်း ခရီးသွားမယ်ဆိုရင် မှတ်ပုံတင်နဲ့ ရပ်ကွက်ထောက်ခံစာ မဖြစ်မနေ လိုအပ်
စက်တင်ဘာ ၊ ၂၄ ၊ ၂၀၂၁
ရွှေဘုန်းမြန်စံ (VOM)
ပြေးဆွဲသွားလာခွင့်ကို အချိန် ၁ နှစ်ကျော်ကြာ ရပ်နားထားခဲ့ရတဲ့ ချင်းတွင်းမြစ်ကြောင်းက ခရီးသွားလုပ်ငန်း ရေယာဥ်ပြေးဆွဲရေး လုပ်ငန်းတွေဟာ အခုလ ၂၅ ရက် မနက်ဖန်ကစလို့ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးတော့မှာ ဖြစ်တယ်လို့ ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင် ရေယာဥ် အသင်းတွေဆီက သိရပါတယ်။
" ရေလမ်းကြောင်းနဲ့ ခရီးသွားလိုက်ပါမယ်ဆိုရင် ခရီးသည်တွေဘက်က မဖြစ်မနေ ယူဆောင်လာရမှာက နိုင်ငံသား မှတ်ပုံတင် နဲ့ နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ ပါရမှာဖြစ်တယ် ၊ ကိုဗစ်စည်းကမ်းချက်နဲ့အညီ ပြေးဆွဲရမှာမို့ ခရီးသည်တွေဘက် လက်ဆေးတာ ၊ mask တပ်တာ ၊ မျက်နှာကာတပ်တာတွေ လုပ်ပေးရမှာဖြစ်တယ် " လို့ ခရီးသည်တင်ရေးယာဥ်များ စနစ်တကျ ပြေးဆွဲရေး ညှိနှိုင်းမှုကော်မတီ ၊ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
မနက်ဖန် မနက်ကနေ စတင်ပြီး မုံရွာဆိပ်ကမ်းကနေ ၊ ကနီ ၊ မင်းကင်း ၊ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး စတဲ့မြို့တွေဆီကို ခရီးသည်တင် ရေယာဥ်တွေ စတင်ပြေးဆွဲပေးမှာဖြစ်ပါတယ်။
"အခုလ ၂၅ ရက်မှာ စတင်ပြေးမယ့် ရေယာဥ် အသင်းလိုင်းတွေက မိုးဇင်ယော် ၊ ငွေဇင်ဦး ၊ ရွှေနဒီ ၊ MGRG အသင်းတွေပါ ၊ စက်သုံးဆီးစျေးနူန်းပေါ် မူတည်ပြီး စျေးနူန်းအပြောင်းအလဲတော့ရှိတယ် ၊ ကိုဗစ်စည်းကမ်းနဲ့ အညီဆိုတော့ ထိုင်ခုံပြည့် လူမတင်ရတော့ ခရီးသည်တွေ လိုက်ပါတဲ့အခါ သက်တောင့် သက်သာဖြစ်စေသလို ဝန်ဆောင်ခပေးရတာနဲ့ တန်မှာပါ " လို့ ခရီးသည်တင်ရေယာဥ် ပြေးဆွဲရေး တာဝန်ရှိသူ တစ်ယောက်က ပြောသည်။
အဲ့ဒီ ခရီးသည်တင် ရေယာဥ်တွေပြေးဆွဲတဲ့အခါ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာရှိတဲ့အတွက် ခရီစဥ် အချိန်တချို့ အပြောင်းအလဲ ရှိနိုင်တယ်လို့ သိရပါတယ်။
ချင်းတွင်းမြစ်ကြောင်းသွား ရေယာဥ်တွေအသင်းလိုင်တွေဟာ မနှစ်က နှစ်လယ်ပိုင်းကစလို့ ကိုဗစ်ရောဂါကြောင့် ပြေးဆွဲခွင့် ယာယီရပ်နားရပြီး အချိန် ၁ နှစ်ကျော်ကြာမှ အခုလို ပြန်လည်ပြေးဆွဲဖို့ ခွင့်ပြုမိန့် ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #vom #ချင်းတွင်းမြစ်
ပုံစာ ၊ ချင်းတွင်းမြစ်ကြောင်းသွား ရေယာဥ်ဂိတ်တခု မြင်ရစဥ်

ပိတ်ထားတဲ့ တာချီလိတ်လေဆိပ် ဒီကနေ့မှာ ပြန်ဖွင့်
ဒီဇင်ဘာ ၁၃-၂၀၂၁
GH ( VOM )
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ကို Stay At Home ကနေပယ်ဖျက်ပြီးနောက် လေဆိပ်ကို ဒီနေ့ ဒီဇင်ဘာ ၁၃ မှာ ပြန်လည်ဖွင့်လှစ်ပြီး ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
တာချီလိတ်လေဆိပ်ပြန်ဖွင့်တဲ့ ဒီနေ့ကစပြီး တာချီလိတ် - ရန်ကုန်၊ တာချီလိတ် - မန္တလေး ၊ တာချီလိတ် - လားရှိုး - ဟဲဟိုး - တာချီလိတ် ခရီးစဉ်တွေကို Air Thanlwin လေကြောင်းလိုင်းနဲ့ မန်းရတနာပုံလေကြောင်းလိုင်းတွေက ပြေးဆွဲမှာဖြစ်ပြီး Air KBZ လေကြောင်းလိုင်းက ဒီဇင်ဘာ ၁၄ ရက်မှာပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။
" ဒီနေ့ လေကြောင်းလိုင်းတွေ စပြေးပါပြီ။ တာချီလိတ်ခရီးစဉ်အတွက်က ကာကွယ်ဆေးထိုးပြီးသားဆိုရင် ဆေးထပ်စစ်ဖို့မလိုပါဘူး။ဆေး၂ကြိမ်ထိုးပြီး ၁၄ ရက်ပြည့်ပြီးရင် ရပါတယ်။ဆေးမထိုးရသေးသူဆိုရင်တော့ ဆေးစစ်ရပါမယ်။သူတို့သတ်မှတ်ချိန်မှာဆေးစစ်မယ်ဆိုရင် အခမဲ့စစ်ပေးမယ်လို့သိရပါတယ် " လို့ တာချီလိတ်အခြေစိုက် Air Tickets အရောင်းဝန်ဆောင်မှုလုပ်ကိုင်သူတဦးကပြောပါတယ်။
တာချီလိတ် လေကြောင်းခရီးစဉ် လိုက်ပါမယ့်သူတွေအနေနဲ့ COVID-19 ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားပြီး ၁၄ ရက်ပြည့်ပါက ကိုဗစ်ပိုးရှိ၊မရှိ Rapid Antigen Diagnostic Test RDT ထပ်မံစစ်ဆေးဖို့ မလိုဘူးလို့ သိရပါတယ်။
ကာကွယ်ဆေးမထိုးထားတဲ့သူတွေကို တာချီလိတ်မြို့က ဆေးရုံဟောင်းနေရာဝန်းမှာ မနက် ၉ နာရီ ကနေ နေ့လယ် ၁၂ နာရီအထိ RDT အခမဲ့စစ်ဆေးပေးမှာဖြစ်ပြီး အဲ့ဒီသတ်မှတ်အချိန်ထက် ကျော်လွန်မှ လာရောက်စစ်ဆေးသူတွေကိုတော့ ဆေးစစ်ခ ကျပ် ၁သောင်း ကောက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ကစပြီး Stay at Home အဖြစ်ကနေပယ်ဖျက်လိုက်ပြီးနောက် ၂ ရက်အကြာမှာ လေဆိပ်ကို ပြန်လည်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။
#voiceofmyanmar #VOM #တာချီလိတ် #လေဆိပ်ပြန်ဖွင့်

MSI - MYANMAR SOCIETY INFORMATIONS
Photo
မြန်မာစစ်ဘက်ကို ဖိအားပေးဖို့ နောက်ထပ်နည်းလမ်းတွေရှာဖွေနေတယ်လို့ အမေရိကန်ပြော
ကွာလာလမ်ပူ၊ ဒီဇင်ဘာ-၁၅-၂၀၂၁
မျိုးဆက်(VOM)
မြန်မာစစ်ဘက်ကို ဖိအားပေးဖို့ နောက်ထပ်နည်းလမ်းတွေကို ရှာဖွေနေကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြန်မာစစ်ဘက်ကို ဖိအားပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ ရနိုင်သမျှနည်းလမ်းတွေကို ရှာဖွေနေတယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမျာ ဘလင်ကင်က ဆိုပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာလူနည်းစုအပေါ် မြန်မာနိုင်ငံရဲ့လုပ်ဆောင်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုလို့ တံဆိပ်ကပ် သတ်မှတ်သင့်လားဆိုတာကိုလည်း အမေရိကန်က တက်ကြွစာစောင့်ကြည့်နေတယ်လို့ သူကဆိုပါတယ်။
၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာတော့ မြန်မာစစ်ဘက်ရဲ့ ထိပ်တန်းတာ၀န်ရှိသူတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူနည်းစုအပေါ် စစ်ရာဇ၀တ်မှုကျူးလွန်မှုတွေအတွက် စုံးစမ်းစစ်ဆေးပြီး တရားစွဲသင့်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဟာ ၀င်ရောက်မစွက်ဖက်ရေးမူဝါဒကို ဆက်လက်ကိုင်စွဲထားပေမယ့် ဥပေက္ခာမပြုတဲ့ မူဝါဒကိုလည်း ကျင့်သုံးသင့်တယ်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေး၀န်ကြီး Saifuddin ကလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။
Ref: Boomberg
Photo: Malaysia's Foreign Ministry
#voiceofmyanmar #VOM #ကွာလာလမ်ပူ

ပြည်ထဲရေးဝန်ကြီးဌာနမှာ ရဲချုပ် အပြောင်းအလဲပြုလုပ်
မေလ ၂-၂၀၂၂
KT(VOM)
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်နေရာမှာ ရဲချုပ်အသစ်အဖြစ် ဗိုလ်ချုပ် ဇင်မင်းထက်ကိုခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ဟာ စစ်ဘက်တာဝန်ဖြစ်တဲ့ ကာကွယ်ရေးနှင့်စစ်ဆင်ရေးအထူးဖွဲ့မှူး(ကစထ)တာဝန်ကို ပြန်လည်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အသစ်ခန့်အပ်လိုက်တဲ့ ရဲချုပ်ဟာ တပ်မတော်မှာ တွဲဖက်စစ်ရေးချုပ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး စစ်တက္ကသိုလ်အမှတ်စဉ် (၃၂) ဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ပြည်ထဲရေး #ရဲချုပ်အသစ်ခန့်