MSI - MYANMAR SECRET INFORMATIONS
27K subscribers
88.4K photos
3.4K videos
135 files
16.2K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
MSI - MYANMAR SECRET INFORMATIONS
Photo
ပြည်သူ့ညီညွတ်ရေးတပ်ဦး ဖွဲ့စည်းခြင်းသို့ ကြယ်နီတပ်ဦး(RSF)မှ ပေးပို့သော သဝဏ်လွှာ

#ကြယ်နီတပ်ဦး
#Red_Star_Front
#RSF
Forwarded from MMWeather
ကျနော် ၂၀၀၈ ခုနှစ် မေလအတွင်း အတိအကျဆိုရင် မေလ(၁၈)ရက်နေ့ နာဂစ်မုန်တိုင်းကြီးတိုက်ခတ်အပြီး ရုံးတွေ ပြန်ဖွင့်နိုင်ချိန်မှာ - MMWeather ကို စ လုပ်ဖြစ်ပါတယ်။ စ တင်တည်ထောင်စဉ်က Facebook ဆိုတာ မသုံးတတ်သေး/မြန်မာပြည်မှာ မတွင်ကျယ်သေး၊ domain name တခုရဖို့ဆိုတာလဲ မလွယ်သေး၊ website တခု ကိုယ်တိုင်/ကိုယ်ပိုင် တည်ဆောက်နိုင်ဘို့ဆိုတာ ဝေလာဝေးပါ။
- CONTINUE -
Forwarded from MMWeather
အခုခေတ် ICT နည်းပညာတွေတိုးတက်လာချိန်မှာ MMweather Website ကို ပြန်လည်တည်ဆောက်၊ ပြောင်းလဲ/ပြင်ဆင်တာတွေတော့ ပြီးသွားပါပြီ။ ကျနော်တို့ လေ့လာသင့်တဲ့ မိုးလေဝသ(Meteology) - ရာသီဥတု(Climatology)ဆိုတာတွေနဲ့ ပတ်သက်တာကို ဆက်လက်လေ့လာပြီး site ပေါ်မှာ လိုအပ်ရင် ထပ်တင်ပေးသွားပါမယ်။
အခုလက်ရှိပြီးသလောက် အချိန်အထိတော့ Global Warming(ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းများအကြောင်း) page တခု နဲ့ Monsoon(မုတ်သုံလေအကြောင်း) Page တခု ထည့်သွင်းတည်ဆောက်ပေးထားပါတယ်။ လိုအပ်တာတွေကို ထပ်ပြီး ထည့်သွင်း update လုပ်ပေးသွားပါမယ်။
အယ်လ်နီညို၊ လာနီညာနဲ့ အိုင်အိုဒီ(Indian Ocean Dipole - positive and negative)အကြောင်းစာမျက်နှာ(page)တခုလဲ ထပ်ပြီးရေးထားပေးပါမယ်။
Real Time Satellite(ဂြိုဟ်တု ပုံရိပ်) နဲ့
မိုးလေဝသအခြေအနေ
(လေတိုက်နှုန်း၊ တိမ်ဖြစ်ပေါ်မှုအခြေအနေ၊ အပူချိန်၊ လေထုစိုထိုင်းဆ ... )
ဆိုတာတွေ ကြည့်နိုင်ဘို့အတွက် Windy App Widget ကိုလဲ ထည့်ပေးထားတာကြောင့် -
ပင်လယ်ပြင်တွေမှာ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်း စသည်ဖြင့် ဖြစ်လာရင် MMWeather Site ပေါ်က Windy App Widget မှ live ကြည့်လို့ ရနိုင်မှာ ဖြစ်ပါတယ်။
ထပ်ပြီးထည့်ပေးစေချင်တာ၊ ထည့်သင့်တာ ရှိရင် comment မှာ ရေးပြီး အကြံပြုပေးစေချင်ပါတယ်။
🙏 မိုးလေဝသထူးခြားဖြစ်စဉ်များနဲ့ ရာသီဥတုပြောင်းလဲခြင်းများ၊ သဘာဝဘေးများကြောင့် လူ့အသက်တွေဆုံးရှုံးနစ်နာရခြင်းမှ ကင်းဝေးအောင် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြပါ။ ကျေးဇူးတင်ပါတယ်ဗျာ 🙏
Site Link : https://www.mmweather.org/home
Forwarded from MMWeather
၂၀၂၄ ခုနှစ်သည် အယ်လ်နီညိုနှစ် ဖြစ်သည်နှင့်အညီ ပူပြင်းခြောက်သွေ့ခြင်းကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြုံတွေ့ရနိုင်မည်ဖြစ်ပါသည်။
Forwarded from MMWeather
အယ်လ်နီညိုဖြစ်စဉ်သည် ဇန်နဝါရီလအတွင်း အားအကောင်းဆုံး အခြေအနေဖြစ်ပေါ်ခဲ့ပြီးနောက် ဧပြီလကုန်အထိ ဆက်လက်ရှိနေနိုင်ကာ မေလအလယ်ခန့်မှသာ အယ်လ်နီညိုမဟုတ်/လာနီညာမဟုတ်သော ENSO-NEUTRAL ပြန်ဖြစ်နိုင်ချေ ၇၃% ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ရာသီဥတုလေ့လာစောင့်ကြည့်သူသိပ္ပံပညာရှင်များ၊ မိုးလေဝသဌာနကြီးများက ခန့်မှန်းထုတ်ပြန်ထားကြပါသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လမှ စတင်၍ လာနီညာရာသီဥတု ဖြစ်နိုင်ချေတဖြည်းဖြည်းများလာပြီး ဇူလိုင်လမှ အောက်တိုဘာလအတွင်း လာနီညာဖြစ်နိုင်ချေ ၅၀ % ကျော်မှ ၆၀% ကျော်အထိ ရှိနိုင်ကြောင်းလည်း ခန့်မှန်းထားကြပါသည်။

မြန်မာနိုင်ငံ၏ မိုးဦးကာလတွင် ဧပြီလသည် အပူရှိန်အပြင်းဆုံးသောလ တလ ဖြစ်လာနိုင်ပြီး တိုင်းနှင့်ပြည်နယ်ဒေသအချို့ ၌ အပူချိန် ၄၀°C အထက် မှ ၄၅°C အထက်အထိရောက်နိုင်ကြောင်း၊ မိုးဦးကာလအတွင်း အများအားဖြင့်မေလမှ စတင်၍ စက်တင်ဘာလအထိ မိုးများလာနိုင်ကြောင်း၊ နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းအထိ မိုးရွာနိုင်မည့်အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း တွေ့ရပါသည်။

မြန်မာနိုင်ငံတိုင်းနှင့်ပြည်နယ်များတွင် ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပေါ်နိုင်သည့် အပူချိန်နှင့် မိုးရွာသွန်းနိုင်ချေများကို MMWeather Site တွင် တင်ပေးထားပြီး အောက်ပါလင့်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.mmweather.org/2024-weather-forecast
Forwarded from Tachileik News Agency
နိုင်ငံရေးပါတီများ စစ်ကောင်စီ၏ လက်ကိုင်တုတ်များအဖြစ် သွတ်သွင်းအသုံးချခြင်းမှ ရုန်းထွက်ကြရန် NUG တိုက်တွန်း
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

နိုင်ငံရေးပါတီများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေး နှင့် လက်ကိုင်တုတ်များအဖြစ် သွတ်သွင်း အသုံးချခြင်းမှ ရုန်းထွက်ကြရန် အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG)က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ တွင် သတိပေးတိုက်တွန်းလိုက်သည်။

အာဏာသိမ်း စစ်‌ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းတို့ တရားမဝင် ပြဌာန်းထားသည့် ဥပဒေအရ မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နိုင်ငံရေးပါတီများအနေဖြင့် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူများအား သတင်းပေးပို့ရန်ပြောကြားခဲ့သည်ဟု ဆိုသည်။

စစ်ခေါင်းဆောင်၏ ပြောကြားချက်သည် အဆိုပါ နိုင်ငံရေးပါတီများ၏ နိုင်ငံရေးရာလုပ်ငန်းတာဝန်များကို အသိအမှတ်ပြုခြင်း မရှိသည့်အပြင် နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ပါတီဝင်များကို အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးများသဖွယ် အသုံးပြုရန် ကြိုးပမ်းနေခြင်း၊ အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးစနစ်အမည်ခံ လက်ကိုင်တုတ်များအဖြစ် အသုံးပြုရန် ရည်ရွယ်ခြင်း၊ ဒီမိုကရေစီကို ပုံဖျက်သည့် သမိုင်းတရားခံ ပါတီများအဖြစ် သွတ်သွင်းခြင်းဖြစ်သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်အုပ်စုမှ ဖွဲ့စည်းထားသော အတုအယောင် ရွေးကောက်ပွဲကော်မရှင်ထံတွင် နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ပါတီဝင်များအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ငန်းများတွင် သတင်းပေးများအဖြစ် ပါဝင်ဆောင်ရွက်၍ ပြည်သူ့သစ္စာ ဖောက်ဘဝဖြစ်နေရခြင်း၊ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်ရေးယန္တရားအတွင်း အစိတ်အပိုင်းအဖြစ် ပါဝင်သွားနိုင်ခြင်း၊ သမိုင်းတရားခံ ဖြစ်နေရခြင်းတို့မှ လွတ်မြောက်ရေးအတွက် နိုင်ငံရေးပါတီများ အဖြစ်မှ မှတ်ပုံတင်မှု ရုတ်သိမ်းခြင်း၊ ပါတီဝင်များအဖြစ်မှ နှုတ် ထွက်ခြင်း၊ ကင်းကွာပါတီဝင်များအဖြစ် ပြုမူနေထိုင်ခြင်းတို့ ပြုလုပ်ကာ နိုင်ငံရေးဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ကြရန် သတိပေးတိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

News: https://www.tachileik.net/mm/news/35035

#TachileikNewsAgency
Forwarded from Tachileik News Agency
တိုက်ပွဲအတွင်း စွန့်ခွာ သေဆုံး ထွက်ပြေးသူများလာသည့် စစ်ကောင်စီတပ်က အင်အားတိုးချဲ့ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ပြဌာန်းလိုက်ကြောင်း ကြေညာလာသည်။

#TachileikNewsAgency
အရေးနိမ့်နေတဲ့စစ်တပ်က တနိုင်ငံလုံးစစ်မှုထမ်းရမယ့်ဥပဒေ ကျင့်သုံးမယ်လို့ ထုတ်ပြန်

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄။

ယခင် နအဖစစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက် ဒီကနေ့ ရက်စွဲနဲ့ အာဏာတည်ကြောင်း အခုညပိုင်းမှာ စစ်တပ်ထိန်းချုပ်မီဒီယာတွေက ထုတ်ပြန်လာပါတယ်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားအားလုံး စစ်မှုထမ်းဆောင်ရမှာဖြစ်ပြီး အမျိူးသားဖြစ်ပါက အသက် ၁၈ နှစ်နဲ့ ၃၅ အကြား၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်အကြား၊ ကျွမ်းကျင်သူအမျိုးသားဖြစ်ပါက ၄၅ နှစ်နဲ့ အမျိုးသမီးဖြစ်ပါက ၃၅ နှစ်အတွင်း အကျုံးဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် စစ်မှုထမ်းကာလကို သာမာန်အားဖြင့် ၂၄ လ ထက်မပိုတဲ့ကာလ၊ ကျွမ်းကျင်ပညာရှင်ဖြစ်ပါက ၃၆ လထက်မပိုတဲ့ကာလအဖြစ် သတ်မှတ်ထားပြီး နိုင်ငံတော်မှာ အရေးပေါ်အခြေအနေဖြစ်ပေါ်ရင် စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/အရေးနိမ့်နေတဲ့စစ်တပ်က_တနိုင်ငံလုံးစစ်မှုထမ်းရမယ့်ဥပဒေကျင့်သုံးမယ်လို့_ထုတ်ပြန်
MSI - MYANMAR SECRET INFORMATIONS
အရေးနိမ့်နေတဲ့စစ်တပ်က တနိုင်ငံလုံးစစ်မှုထမ်းရမယ့်ဥပဒေ ကျင့်သုံးမယ်လို့ ထုတ်ပြန် မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄။ ယခင် နအဖစစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက် ဒီကနေ့ ရက်စွဲနဲ့ အာဏာတည်ကြောင်း အခုညပိုင်းမှာ…
သတင်းတူပါသည်။

အရွယ်ရောက်သူတိုင်း အမြင့်ဆုံး ၅ နှစ်ကြာ စစ်တပ်ထဲဝင်ရမည့်ဥပဒေ စစ်ကောင်စီအသက်သွင်း

စစ်ထဲဝင်ရန် ငြင်းဆိုပါက ထောင် ၅ နှစ်အထိချနိုင်

==========================

Myanmar Now
February 10, 2024

အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေအမိန့်ဖြင့် ၂၀၁၀ ကတည်းက ပြဋ္ဌာန်းခဲ့သည့် အရွယ်ရောက်သူတိုင်း စစ်တပ်ထဲတွင် အချိန်အကြာဆုံး ၅ နှစ်အထိ ဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်သည်ဟု ယနေ့တွင် ကြေညာလိုက်သည်။

ထိုဥပေဒအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ္တပ္က ဆင့်ဆိုနိုင်သည်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အျခား အတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မွ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။

အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။

စစ်မှုထမ်းခြင်းကို ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိချနိုင်ကြောင်းလည်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ကျန်းမာရေးအဆင့်မမီကြောင်း စစ်တပ်ထောက်ခံချက်ရထားသူများ၊ စစ်ကောင်စီဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မည့်သူ မရှိသော မိအိုဖအိုမ်ားကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ၊ ထောင်ဒဏ်ကျခံနေသူများသည် စစ်မှုထမ်းရန် ယာယီရွှေ့ဆိုင်းနိုင်သည်။

စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ရသူများသည် သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ ကျန်းမာရေးအဆင့်မမီကြောင်း စစ်တပ်ထောက်ခံချက်ရထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ ဖြစ်သည်ဟုလည်း ထိုဥပေဒက ဆိုသည်။

#MyanmarNow #MyanmarJunta #MilitaryService #စစ်မှုထမ်း
စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းမလား၊ တော်လှန်ရေးတပ်ထဲ စစ်မှုထမ်းမလားဆိုတာ ရွေးချယ်ရတော့မယ်အချိန်ကို ရောက်လို့လာပါပြီ။

BPLA က တပ်သားသစ်တွေ စိစစ်ရွေးချယ်ခေါ်ယူနေပါပြီ။ Page Messenger မှာ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

https://www.facebook.com/BamarPeoplesLiberation?mibextid=2JQ9oc
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသည့် လက်နက်များ KNDF ရဲဘော်များကို တပ်ဆင်
======================

ဂျူချန်း
Mizzima
February 10, 2024

မဇ္ဈိမ။ ။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF )၏ ဗျူဟာအမှတ်(၆) အပတ်စဉ်(၃) အခြေခံစစ်သင်တန်းဆင်းပွဲတွင် စစ်ကောင်စီတပ်ထံမှ ရရှိထားသည့် လက်နက်များဖြင့် KNDF ရဲဘော်များကို စစ်ကောင်စီတပ်ထံမှ ရရှိထားသည့် လက်နက်များဖြင့် တပ်ဆင်ထားကြောင်း KNDF မှ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် တွေ့ရသည်။

“အားလုံးရယ်လို့ မဟုတ်ပါဘူးခင်ဗျာ၊ ရထားသလောက်နဲ့ပါ” ဟု KNDF ဗဟိုကော်မတီဝင်တဦးက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

သတင်းအပြည့်အစုံ 👇👇👇
ဘယ်သူတွေဘယ်လောက်ကြာ
စစ်ကောင်စီတပ်ထဲ ဝင်ရမလဲ


Myanmar Now
February 10, 2024