MSI - MYANMAR SOCIETY INFORMATIONS
27.1K subscribers
89.7K photos
3.43K videos
140 files
16.8K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
စစ်မှုထမ်းဟောင်းတွေနဲ့ စစ်တပ်အင်အားပြန်လည်ဖြည့်တင်းမလား
======================

မိုးသောက်
Mizzima
February 10, 2024

(မဇ္ဈိမ) ။ ။ တပ်အင်အားပြုန်းတီးမှုတွေ နေ့စဉ်ဖြစ်နေတဲ့ စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေကို စစ်မှုပြန်ထမ်းစေတာတွေရှိလာနေတယ်လို့ သိရပါတယ်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ စာတစောင်မှာတော့ အငြိမ်းစား ဗိုလ်ကြီးအောင်ချစ်မင်းကို အမှတ် (၂၆ )ခြေလျင်တပ်ရင်း(တောင်ငူ)သို့ တပ်ခွဲမှူး(ဗိုလ်ကြီး) အဖြစ်လည်းကောင်း၊ အငြိမ်းစားဗိုလ်ကြီးဘုန်းမြင့်အောင်ကို အမှတ်( ၁၉ )ခြေမြန်တပ်ရင်း(ဆွာ) သို့ တပ်ခွဲမှူး(ဗိုလ်ကြီး) အဖြစ် လည်းကောင်းပြန်လည် ခန့်ထားလိုက်တယ်လို့ တွေ့ရပါတယ်။

တင်ဆက်၊ တည်းဖြတ်။ ။မိုးသောက်

သတင်းအပြည့်အစုံ 👇👇👇
လက်နက်ကိုင်တော်လှန်ရေးကိုမဖြစ်မနေရွေးချယ်ရမည်ဆိုလျှင်

ရေဆန် 
ဖေ/၁၀/၂၀၂၄

ယနေ့ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ရက်နေ့မှာပဲ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကိုတရားဝင်အတည်ပြုလိုက်ပါတယ်။ စကစရဲ့ အတင်းအဓမ္မဥပဒေအောက်မှာ စစ်အာဏာရှင်လူတစ်စုအတွက် အသက်ပေးအသေခံရမယ့်အစား တော်လှန်ရေးအဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်တာကမှ ပိုပြီးမွန်မြတ်တယ်လို့ ခံယူကြမယ့်သူတွေအတွက် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ပေါင်းများစွာရှိတဲ့အထဲကမှ ဘယ်လိုအချက်တွေနဲ့စံနှုန်းရှိတဲ့အဖွဲ့တွေကို ရွေးချယ်ချိတ်ဆက်သင့်တယ်ဆိုတာ သိထားသလောက် မျှဝေချင်ပါတယ်။ 

💢မတတ်သာတဲ့အဆုံးမှသာ လက်နက်ကိုင်တော်လှန်ရေးကိုရွေးချယ်သင့်ခြင်း

ပထမဆုံးအနေနဲ့ အရေးကြီးဆုံးအချက်ကတော့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ရခြင်းဟာ ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး နောက်ဆုံးရွေးချယ်စရာအဖြစ် မဖြစ်မနေရွေးချယ်လိုက်ရတယ်ဆိုတဲ့ အကျိုးအကြောင်း ခိုင်ခိုင်မာမာ စဉ်းစားဆုံးဖြတ်ထားဖို့ပါ။ နောက်တချက်ကတော့ သေနတ်ကိုင်ချင်ရုံ သေနတ်ပစ်ချင်ရုံ ၊ လူသတ်ချင်ရုံ စစ်တိုက်ချင်ရုံလောက်ပဲဆိုရင် အစထဲက မရွေးချယ်တာ အကောင်းဆုံးပါပဲ။ အရင်ထဲကလက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ထားပြီးတဲ့သူတွေတောင် လက်နက်ခဲယမ်းရိက္ခာအတွက် အနိုင်နိုင်ရုန်းကန်နေရဆဲဖြစ်လို့ နောက်မှဝင်လာမယ့်သူတွေအတွက်ဆို ပိုလို့တောင်ခက်ခဲနိုင်ပါတယ်။ စကစဆီကရထားတဲ့လက်နက်တွေကို ပြန်ဝေခွဲရင်တောင် လက်ရှိရဲဘော်တပ်သားတွေအတွက်နဲ့တင် လုံလောက်အောင်သေချာစီမံရဦးမှာပဲဖြစ်ပါတယ်။

💢တပ်ပုံ/စစ်ပုံကျသောတပ်ဖွဲ့များကိုသာရွေးချယ်ချိတ်ဆက်ခြင်း

အများစုက စစ်ထဲ/တပ်ထဲဝင်ရင် လက်နက်ကိုင်ဖို့ သေနတ်ပစ်တတ်ဖို့ကိုပဲ အဓိကအာရုံစိုက်/အားကျကြတာများပါတယ်။ လက်နက်တွေအဆင်သင့်ချပေးထားပြီး လမ်းပေါ်မှာကျနေတဲ့လက်နက်တွေကို ကိုယ်ကြိုက်တာကိုယ်ယူပြီးပစ်လို့ရတာဟာ ဂိမ်းထဲမှာပဲရှိပြီး လက်တွေ့စစ်မြေပြင် စစ်ရေးဟာတော့ ဂိမ်းနဲ့များစွာကွာခြားပါတယ်။ လက်နက်ကိုင်တော်လှန်ရေးရဲ့အဓိကအရေးကြီးဆုံးအချက်ကတော့ သေနတ်ပစ်တတ်ဖို့မဟုတ်ပဲ တပ်ပုံ/စစ်ပုံကျဖို့ စစ်သားကောင်းတစ်ယောက်ဖြစ်ဖို့ပဲ ဖြစ်ပါတယ်။ တပ်ပုံ/စစ်ပုံကျတယ်ဆိုတာ အမိန့်ပေးကွပ်ကဲမှုစနစ် (chain of command)၊ စစ်ရေးကျင့်ဝတ် (code of conduct)နဲ့ IHL(International Humanitarian Law) အပါအဝင် အရေးအကြီးဆုံးနောက်တစ်ချက်ကတော့ နိုင်ငံရေးအမြင်နဲ့ မူဝါဒရပ်တည်ချက်တွေ စနစ်တကျ ထုတ်ပြန်ထားခြင်းပဲဖြစ်ပါတယ်။

💢စစ်ရေးအမြင်နဲ့တကွ နိုင်ငံရေးအမြင်/မူဝါဒများအတည်ပြုပြဌာန်းထားရှိခြင်း

စစ်တပ်တစ်တပ်ဟာ ပြည်သူရွေးချယ်တင်မြောက်ထားတဲ့အရပ်သားအစိုးရအောက်မှာရှိရမယ် ၊ အရပ်သားအစိုးရရဲ့ထိန်းကျောင်းမှုနဲ့အညီ ပြည်သူနဲ့တိုင်းပြည်ကိုကာကွယ်ရမယ် ဆိုပေမယ့် ဒါဟာတိုင်းပြည်ပုံမှန်အခြေအနေ (သို့) တိုင်းပြည်တစ်ခုတည်ဆောက်ဖို့အတွက်ကာကွယ်ရေးအခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရတဲ့အခါမှသာ လက်တွေ့ကျပြီးဖြစ်သင့်ဖြစ်ထိုက်တာပါ။ အခုလို တိုင်းပြည်ပုံမှန်မဟုတ်တဲ့ ပြိုလုပျက်ဆီးနေတဲ့အခြေအနေ (တော်လှန်ရေးကာလ) မှာတော့ လက်နက်ကိုင်တော်လှန်ရေးရဲ့ စစ်ရေး/စစ်တပ်တစ်ခုတည်ဆောက်ရာမှာ စစ်ရေးအမြင်နဲ့တကွ နိုင်ငံရေးအမြင်/မူဝါဒ/ရပ်တည်ချက်စသဖြင့် ခိုင်ခိုင်မာမာ ပြဌာန်းထားရှိမှသာ ဒီတပ်ဖွဲ့တွေဟာ လေးစားအားကိုးထိုက်တဲ့ စစ်တပ်တွေအဖြစ် ပြည်သူကိုကာကွယ်နိုင်မှာ အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ 

💢နိုင်ငံရေးမှူးနှင့် လူထုလက်ရုံး လူငယ်ရေးရာအဖွဲ့များထားရှိခြင်း

တချို့တပ်ဖွဲ့တွေမှာ နိုင်ငံရေးမှူးကိုပါ တွဲဖက်ထားရှိသလို လူထုလက်ရုံး လူငယ်လက်ရုံး ရေးရာအဖွဲ့တွေအသီးသီးထားရှိပြီး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုထက်ပိုတဲ့ တော်လှန်ရေးတပ်ဦးများအဖြစ် အခိုင်အမာတည်ဆောက်ထားကြပြီးဖြစ်ပါတယ်။ နိုင်ငံရေးစစ်ရေးမူဝါဒရပ်တည်ချက်များအပြင် တပ်သားသစ်စုဆောင်းရေးမူဝါဒ ဖက်ဒရယ်ရေးရာရပ်တည်ချက် စတဲ့ နိုင်ငံသစ် လူ့အဖွဲ့အစည်းသစ်ကိုပါ မျှော်မြင်ပြီး စနစ်တကျ ထုဆစ်တည်ဆောက်ထားတဲ့အဖွဲ့တွေလည်းရှိပါတယ်။ (ဒါပေမယ့်အလွန်နည်းပါတယ်) 

💢ဘယ်လိုအဖွဲ့တွေကိုရွေးချယ်သင့်သလဲ

တော်လှန်ရေးမှာ ဘယ်လိုလက်နက်ကိုင်အဖွဲ့တွေရှိသလဲဆိုရင်တော့ သူ့သက်ဆိုင်ရာစစ်ဒေသအလိုက် အသီးသီးရှိကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(INUG) ရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)တွေလည်းရှိသလို ဒေသခံကာကွယ်ရေးအဖွဲ့ (LDF)တွေလည်းရှိပြီး NUG-MOD နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ERO/EAO နဲ့အတူပူးပေါင်းဆောင်ရွက်နေတဲ့ လူမျိုးအခြေပြု ဒေသအခြေပြု Independent တပ်တော်တွေ စစ်တပ်တွေလည်း အသီးသီးရှိပါတယ်။ ဘယ်အဖွဲ့ကပိုကောင်းတယ် ဘယ်အဖွဲ့ကိုဝင်ပါ ဘယ်အဖွဲ့ကိုမဝင်နဲ့ဆိုတာမျိုး ခွဲခြားပြီးအကြံပြုတာမျိုးမလုပ်လိုပေမယ့် အကယ်၍ မဖြစ်မနေလက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ကြမယ်ဆိုရင်တော့ အပေါ်မှာမျှဝေထားခဲ့တဲ့အချက်တွေနဲ့အညီ ရွေးချယ်ချိတ်ဆက်ကြဖို့ကိုတော့ အသိပေးတိုက်တွန်းလိုပါတယ်။
 
နောက်ဆုံးအချက်အနေနဲ့ မဖြစ်မနေရွေးချယ်ဖို့ဖြစ်လာတဲ့လက်နက်ကိုင်တော်လှန်ရေးအပြင် အခြားသော လူထုအခြေပြုအာဏာဖီဆန်ရေးနည်းနာများကိုပါ ပြည်သူအထိအခိုက်အနည်းဆုံးနဲ့ ရွေးချယ်ကြဖို့ ပူးပေါင်းပါဝင်ကြဖို့ ထပ်လောင်းအသိပေးလိုက်ရပါတယ်။
果敢县兴旺区向辖区困难群众发放爱心组织捐赠的大米和食用油
====
【果敢通讯社】2月10日讯:2月9日,在华夏民族传统节日除夕当天,第一特区果敢县兴旺区向辖区困难群众发放大米和食用油,该物资由无国界爱心组织捐助。
据悉,当天兴旺区政府工作组共向民全乡满回村的困难群众发放大米81包、食用油91桶。

ကိုးကန့်ခရိုင်၊ ရှိန်ဝန်းဒေသ၏ အုပ်ချုပ်‌ရေးနယ်မြေအတွင်း အခက်အခဲဖြစ်နေသောပြည်သူများသို့ ပရဟိတအဖွဲ့များမှ လှူဒါန်းသည့် ဆန်နှင့်စားသုံးဆီများ ပေးအပ်

Kokang News Agency
ဖေဖော်ဝါရီလ (၁၀) ရက်နေ့


ယမန်နေ့၊ ဖေဖော်ဝါရီလ (၉) ရက်နေ့၊ တရုတ်လူမျိုးများ၏ရိုးရာပွဲတော်အကြိုနေ့ (Lunar New Year's Eve) တွင် အထူးဒေသ (၁) ကိုးကန့်ခရိုင်၊ ရှိန်ဝန်းဒေသ၏ အုပ်ချုပ်ရေးနယ်မြေအတွင်း အခက်အခဲဖြစ်နေသည့် ဒေသခံအရပ်သားပြည်သူများကို ဆန်နှင့် စားသုံးဆီများ ပေးအပ်ခဲ့ပါသည်။

အဆိုပါပစ္စည်းများကို နယ်စည်းမခြားပရဟိတအဖွဲ့မှ လှူဒါန်းပါသည်။

ရှိန်ဝန်းဒေသအစိုးရလုပ်ငန်းအဖွဲ့မှ မန်ဟွေရွာ၏ အခက်ခဲဖြစ်နေသော ဒေသခံအရပ်သားပြည်သူများသို့ ဆန် (၈၁) အိတ်နှင့် စားသုံးဆီ (၉၁) ဗူးတို့အား ပေးအပ်ခဲ့ကြောင်းသိရပါသည်။

#MNDAA
#The_Kokang

https://www.facebook.com/share/p/yUzeqkMQtxL64N5j/?mibextid=qi2Omg
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၇) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး (၁၀၇) ရက်မြောက်နေ့တွင် ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ ရေကြောင်း၊ လေကြောင်းမှ ခုခံစစ်များနှင့် ရက္ခိုင့်တပ်တော်၏ ထိုးစစ်တို့ကြား တိုက်ပွဲများသည် ပြင်းထန်နေခဲ့သည်။

ယ‌နေ့တွင်လည်း ရက္ခိုင်ပြည်၊ မြို့နယ်အချို့တွင် ထိတွေ့တိုက်ပွဲအချို့ရှိခဲ့သကဲ့သို့ စစ်ကောင်စီ၏ မြို့၊ ရွာများနှင့် အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်မှုများမှာလည်း ဆက်လက်ရှိနေဆဲဖြစ်သည်။

(၁) ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သော ရက္ခိုင်ပြည်၊ မင်းပြားမြို့အား ယနေ့တစ်ရက်လုံးတွင် စစ်ကောင်စီသည် ရေကြောင်း၊ လေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်၌ အခြေစိုက်ထားသည့် စစ်ရှုံးစစ်ကောင်စီ၏ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၂) ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်နေရာများသို့ ယနေ့၊ နံနက် (၈) နာရီ (၄၂) မိနစ်မှ နေ့လယ် (၁၂) နာရီ (၁၀) မိနစ်အချိန်ထိ စစ်ကောင်စီ၏ သိမ်တောင်ဘုရားကုန်းပေါ်တွင် အခြေချတပ်စွဲထားသည့် တပ်စခန်းမှ လက်နက်ကြီးများဖြင့် (၃၁) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တစ်ပြိုင်နက်တည်း၌ပင် ရန်သူ၏ “အမှတ် (၄၁) တိုက်ခိုက်ရေးနေဗီ” မှ လက်နက်ကြီးဖြင့် (၁၉) ကြိမ်နှင့် ကမ်းထိုးဇက်နေဗီမှ လက်နက်ကြီးများဖြင့် (၅) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ နေ့လယ် (၁) နာရီ (၂၂) မိနစ်အချိန်မှစ၌ ဂျက်ဖိုက်တာဖြင့် (၄) ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး Mi-17 ဖြင့်လည်း (၁) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြန်သည်။

ဤသို့ ရက္ခိုင်စစ်မြေပြင်တွင် အထိနာနေသောကြောင့် အငြိုးအတေးဖြင့် ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် ရမ်းဗြဲမြို့၊ အောင်ဓမ္မဗိမာန်ဓမ္မာရုံ၊ သမိုင်းဝင်ကိုယ်ရံတောင်စေတီ၏ တောင်ကုန်းအနီးဝန်းကျင်နှင့် ရမ်းဗြဲမြို့ပေါ်ရပ်ကွက် များထဲမှ အမှတ် (၅) နှင့် (၆) တို့မှာ လက်နက်ကြီးကျည်၊ ဗုံးစများ ကျရောက်ပေါက်ကွဲခဲ့သည်။

ယမန်နေ့ နောက်ဆက်တွဲသတင်းများအနေဖြင့်

(၃) အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲအခြေချခဲ့သည့် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေကျေးရွာအနီးရှိ ဂြင်းတပ်တောင်သို့ ယမန်နေ့၊ နံနက် (၆) နာရီအချိန်ခန့်က ဒေသခံသက်ကြီးပိုင်းအမျိုးသားတစ်ဦးသည် နွားကို စားကျက်လွှတ်ရန် နေအိမ်မှထွက်သွားခဲ့သည်။ အဆိုပါအမျိုးသားမှာ နေ့လယ်ထိ အိမ်ပြန်မရောက်လာသည့်အတွက် အသက် (၄၆) နှစ်အရွယ် သားမက်ဖြစ်သူသည် ဂြင်းတပ်တောင်တွင် လိုက်လံရှာဖွေခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၎င်းတို့အခြေချတပ်စွဲခဲ့စဉ် ထောင်ထားခဲ့သောမြေမြှုပ်မိုင်းအား နင်းမိ၍ ဘယ်ဘက်ခြေထောက်တစ်ချောင်းမှာ ဒူးအောက်ပိုင်းမှ ပြတ်ထွက်သွားခဲ့ရသည်။
မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
MSI - MYANMAR SOCIETY INFORMATIONS pinned «လက်နက်ကိုင်တော်လှန်ရေးကိုမဖြစ်မနေရွေးချယ်ရမည်ဆိုလျှင် ရေဆန်  ဖေ/၁၀/၂၀၂၄ ယနေ့ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ရက်နေ့မှာပဲ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကိုတရားဝင်အတည်ပြုလိုက်ပါတယ်။ စကစရဲ့ အတင်းအဓမ္မဥပဒေအောက်မှာ စစ်အာဏာရှင်လူတစ်စုအတွက် အသက်ပေးအသေခံရမယ့်အစား တော်လ…»
Mratt Kyaw Thu ရေးသည်

ပေါ့ပေါ့မတွေးဘဲ ကြိုတင် ပြင်ဆင်ကြပါ
⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯☐

စစ်ပွဲတွေ မရှိတဲ့ ရန်ကုန်၊ နေပြည်တော်၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီနဲ့ တိုက်ပွဲတွေ ရှိပေမဲ့ နေရာလိုက်ကွက်ပြီး တည်ငြိမ်တဲ့ ကချင်၊ ကရင်၊ ကရင်နီ၊ မကွေးတို့လို နေရာတွေမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၃ တနှစ်လုံး Biometric Data ကောက်တာ လုပ်ခဲ့ပါတယ်။
.
Biometric Data (ဇီဝဆိုင်ရာအချက်အလက်) ကောက်ယူတယ်ဆိုတာက လက်ဗွေရာ အပြည့်အစုံယူတာ၊ မျက်စိကို စကန်ဖတ်တာတွေ ဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင်တော့ အသံကို သွင်းယူတာ၊ မျက်နှာအနေအထားကိုပါ မှတ်တမ်းတင်ယူတာမျိုးတွေထိ ပါဝင်ပါတယ်။
.
◉ အချိန်ယူခဲ့ပုံရ

Burma Affairs & Conflict Study အဖွဲ့ရဲ့ စစ်တမ်းတွေအရ ဒီလို ဇီဝအချက်အလက် ကောက်ယူတာတွေကို ပြီးစလွယ်လုပ်ခဲ့တာ မဟုတ်ဘဲ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်နဲ့ တနင်္သာရီတို့မှာဆိုရင် ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက စာရင်း ကောက်ယူနည်းသင်တန်းတွေပါ ပေးခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ တနှစ်လုံး သန်းခေါင်စာရင်းကောက်ယူမှုကိုပါ အင်တိုက်အားတိုက် လုပ်ခဲ့တာပါ။
.
အဖွဲ့အချို့က စစ်ကောင်စီရဲ့ ဇီဝအချက်အလက် ကောက်ယူမှုနဲ့ သန်းခေါင်စာရင်းကောက်မှုကို ဆန့်ကျင်ဖို့ တိုက်တွန်းခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ တိုက်ရိုက် လက်တွေ့မြင်သာတဲ့ အန္တရယ် မရှိတာရယ်၊ ဖိနှိပ်ခြိမ်းခြောက်မှုရယ်ကြောင့် လူထုဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို စစ်အာဏာရှင်ထံ ပေးခဲ့ကြရပါတယ်။
.
ဒီအချက်အလက်တွေ ကောက်ယူနေတုန်းက စမတ်ကတ် လုပ်တော့မလား၊ ရွေးကောက်ပွဲအတွက်လားလို့ ခန့်မှန်းခဲ့ကြဖူးပါတယ်။ ခုတော့ ဒီအချက်အလက်တွေကို မသမ္မာတဲ့နည်းနဲ့ အသုံးချဖို့ စတင်ပြင်ဆင်တာကို မြင်ရပါပြီ။ မနေ့က ကြေညာခဲ့တဲ့ စစ်မှု မထမ်းမနေရ ဥပဒေပါ။ စစ်ကောင်စီက ချည်ပြီးတုပ်ပြီး ရိုက်တဲ့သဘောပါပဲ။
.
◉ ညစ်ချင်သလို ညစ်တော့မယ့် အကွက်

ပထမဆုံးအနေနဲ့ စစ်မှု မထမ်းမနေရ ကင်းလွတ်ခွင့်ရသူတွေဆိုတာနဲ့ စချင်ပါတယ်။ ဘာသာပေါင်းစုံက သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည် အမျိုးသမီးတွေ၊ အမြဲတမ်းမသန်စွမ်းသူတွေ အပြင် စစ်တပ်ဖွဲ့ စစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူဖြစ်တယ်လို့ သတ်မှတ်ခံရသူတွေလို့ ဆိုပါတယ်။
.
ဒီထဲမှာ ‘စစ်တပ်ဖွဲ့ စစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူဟု သတ်မှတ်သူ’ ဆိုတာ ငွေကို သဲ့နေအောင် ဓားပြတိုက်မဲ့စာသားဖြစ်ပါတယ်။ သဘောကတော့ ငွေကြေးတတ်နိုင်သူတွေက ‘ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူ’ အဖြစ်သတ်မှတ်ခံရအောင် ဘုံးပေါလအော ‘ရေလောင်း’ ကြတော့မှာပါ။
.
ကျောကော့နေအောင် ခံရမှာက ၃ နှစ်အတွင်း ဘဝလည်းပျက်၊ အနာဂတ်လည်း မဲ့၊ ရုန်းကန်နေရတဲ့ အသက်ပြည့်ပြီးသား အခြေခံလူတန်းစားတွေပဲ ဖြစ်ပါတယ်။ ဆိုးရွားတာကတော့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုတဲ့ ရပ်ကွက်၊ ကျေးရွာအဆင့်နဲ့ မြို့နယ်အဆင့်အဖွဲ့တွေ အာဏာအကြီးဆုံး ဖြစ်လာတော့မှာပါပဲ။
.
အမျိုးသမီးတွေဆိုရင် ယောက်ျားယူမယ်၊ သီလရှင်ဝတ်မယ်ဆိုတာမျိုး တွေ့ရတယ်။ ယောက်ျားယူရင် ကိုယ်က 'အိမ်ထောင်ရှင်မ' ဖြစ်လို့ မပါတော့ပေမဲ့ ကိုယ့်ယောက်ျားကတော့ စစ်မှုထမ်းရနိုင်ပါတယ်။ အမျိုးသားတွေဆိုရင် ဘုန်းကြီးဝတ်တာက လွတ်နိုင်ပေမဲ့ နောက်ပိုင်းမှာ ဘုန်းကြီးဝတ်တာကိုပါ ကန့်သတ်တာမျိုးထိ ဖြစ်လာနိုင်တယ်။
.
◉ အဆင့်ဆင့် ငွေညှစ်ဓားပြတိုက်မယ်

သူ့ဥပဒေအရဆိုရင်တော့ အချိန် တခုယူလိမ့်ဦးမယ်ထင်ပါတယ်။ ဘယ်လောက်ကြာမယ်တော့ မသိနိုင်ပါ။ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟို ကနေ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တွေ ထပ်ဖွဲ့မယ်။
.
ပထမဆုံးအနေနဲ့ ရပ်ကွက်/ကျေးရွာ ကောင်စီတွေကနေ ‘စစ်မှုထမ်းရမဲ့ အရွယ်ရောက်သူများ၏ စာရင်းကို’ စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့ကို ‘သတ်မှတ်ချက်’ တွေနဲ့ ပို့ပေးရမယ်။ (ဒီစာရင်းက ရှိနေပြီးသားလို့ ထင်ပါတယ်။ ဒါမှမဟုတ် မကောက်ရသေးတဲ့နေရာတွေမှာ ချက်ချင်းအကောင်အထည်ဖော်တာမျိုး လုပ်လာနိုင်ပါတယ်။)

ဒါ ရပ်ကွက်/ကျေးရွာအဆင့်က လုပ်ရမယ့်တာဝန်။
.
နောက်တဆင့်က မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က အဲ့ဒီစာရင်းထဲကလူတွေကို ဆင့်ခေါ်ပြီး မှတ်ပုံတင်ထားမယ်။ အဲ့ဒီလို မှတ်ပုံတင်ထားပြီးရင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးမယ်။ ဒီအဆင့်မှာ မှတ်ပုံတင်လက်မှတ်ပေးလိုက်တယ်ဆိုတာ ခေါ်မယ် မခေါ်မယ် မသိနိုင်ဘူး။ ခေါ်ချင်လည်း ခေါ်မယ်၊ မခေါ်ချင်လည်း မခေါ်ဘူး။
.
ဒီနေရာမှာ အရေးကြီးတာက စာရင်း လာမသွင်းရင် ထောင် ၃ နှစ်ချလို့ရပါတယ်။ ဆေးစစ်တဲ့အဆင့်ကို မရောက်သေးပါဘူး။ ဆိုတော့ စစ်မှုထမ်းဖို့ အရွယ်ရောက်ပြီးသူတယောက်က အဲ့ဒီ မှတ်ပုံတင် ကိုင်မထားရင်ကို ပြဿနာရှိနေပြီ။ လမ်းမှာ ရုတ်တရက်စစ်ဆေးလို့ စစ်မှုထမ်း စာရင်း သွင်းပြီးသား မှတ်ပုံတင် မပြနိုင်ရင် ထောင် ၃ နှစ်ချလို့ရနေတဲ့ အနေအထား။ တရားဝင် ဖမ်းခေါ်သွားလို့ရတဲ့ အခြေအနေ။
.
အဲ့ဒီ စစ်မှုထမ်းဖို့ စာရင်းသွင်းထားပြီးသား မှတ်ပုံတင်ရှိသူတိုင်းကို ဆေးစစ်ဖို့ မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကနေ ‘ဆင့်ခေါ်နိုင်တယ်’။ ဒီနေရာမှာ ဆင့်ခေါ်လို့ ရောက်မလာရင်၊ နောက်တခုက စာရင်းသွင်းပြီး ဆေးမစစ်ရင်၊ နေရပ်လိပ်စာတွေ အထောက်အထားတွေ လိမ်ထားရင် ထောင် ၃ နှစ်ချလို့ရတယ်။
.
ပိုဆိုးတာက ဆေးမအောင်အောင် ဉာဏ်များတာ၊ တခုခုဖြစ်အောင် လုပ်ထားတာမျိုးဆိုရင် ထောင် ၅ နှစ်ဖြစ်ပြီး စစ်ထဲ မဝင်အောင် အားပေးကူညီရင်တော့ ၁ နှစ်ချမယ်။
.
◉ စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ရဖို့...?

စစ်မှု မထမ်းချင်ဘူးဆိုရင် ဒါမှမဟုတ် နှစ်ကိုလျှော့ချင်ရင် အကြောင်းပြချက်တွေကို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဆီ တင်ပြလို့ရတယ်။ ဒါပေမဲ့ မြို့နယ်အဆင့်ကို အရင်တင်၊ အဲ့ဒီကနေ ခရိုင်အဆင့်၊ အဲ့ဒီကနေ ထပ်ပြီး တိုင်းနဲ့ ပြည်နယ်အဆင့်၊ အဲ့ဒီကနေ နောက်တဆင့် ဗဟို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဆီရောက်မယ်။ တင်ပြချက်ကို အဲ့ဒီဗဟိုအဖွဲ့က ကြည့်ပြီးတော့...
.
‘ကျန်းမာရေး အဆင့်မမီ’ ကြောင်း စစ်ဆေးရေးဘုတ်အဖွဲ့က ထောက်ခံချက်ရထားသူဖြစ်ရင်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ရင်၊ ပညာသင်ကြားနေသူဖြစ်ရင်၊ ဘယ်သူမှမရှိဘဲ ကိုယ်တိုင်က မိအိုဖအိုတွေကို လုပ်ကျွေးနေသူဖြစ်ရင်၊ မူးယစ်ဆေးဖြတ်ဖို့ ကုသမှုခံနေသူဖြစ်ရင်... စစ်မှုထမ်းခြင်းကနေ ယာယီကင်းလွတ်ခွင့်ရမယ် ဒါမှမဟုတ် နှစ်ကိုလျှော့ပေါ့ပေးမယ်။
.
ဒါကြောင့် ‘စစ်ဆေးရေးဘုတ်အဖွဲ့က ထောက်ခံချက်’ ဆိုတာ သိန်း ရာဂဏန်းလောက်ထိ ပေါက်ကြေး ရှိလာနိုင်တယ်။
.
◉ နိဂုံး

ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှု ပိတ်ပင်ထားတဲ့ ရခိုင်ရဲ့မြို့အများစုမှာ ဓာတ်ဆီ ၁ လီတာ (ရေသန့်တဗူး) ကို ၁ သောင်းကနေ ၁ သောင်းခွဲထိ ဒီနေ့ ပေါက်ကြေးရှိပါတယ်။ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေရဲ့ နေ့စဉ်အသုံးစရိတ်ဟာ ပုံမှန်ထက် ၂ ဆကနေ ၃ ဆလောက်ထိ တက်သွားတာပါ။ ထုတ်မပြောကြပေမဲ့ ငတ်လုနီးနီးဖြစ်နေသူတွေ ဒုနဲ့ဒေး။
.
သုံးနိုင်ဖြုန်းနိုင်သူတွေကတော့ ဘယ်ခေတ်ရောက်ရောက် အနေချောင်ကြဦးမှာပါပဲ။ စစ်မှုထမ်း မှတ်ပုံတင်လား၊ စစ်ဆေးရေးဘုတ်အဖွဲ့ ထောက်ခံချက်လား ယူနိုင်ကြဦးမှာပါပဲ။ ဘားလား၊ ကလပ်လား သွားမြဲလာမြဲဖြစ်နေကြဦးမှာပါ။
.
လူများစုဖြစ်တဲ့ အခြေခံလူတန်းစားတွေသာ နင့်နေအောင် ခံကြရပါတော့မယ်။ စစ်အာဏာရှင်ကတော့ သူ့အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်မှာပါ။ ပေါ့ပေါ့မတွေးဘဲ ကြိုတင်ပြင်ဆင်ထားကြပါ မိတ်ဆွေများ။
Forwarded from Khit Thit Media
စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များ ဖွဲ့စည်းပြီးလျှင် နိုင်ငံကူးလက် မှတ် လျှောက်ထားရယူခြင်းနှင့် ပြည်ပသို့ လူငယ်များ ထွက်ခွာမှုများကို ပိတ်ပင်ကန့်သတ်မှုများရှိလာလိမ့်မည်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းပြီးပါက နိုင်ငံကူးလက်မှတ်များ လျှောက်ထားရယူခြင်းနှင့် ပြည်ပသို့ လူငယ်များ ထွက်ခွာမှုများကို ပိတ်ပင်ကန့်သတ်မှုများရှိလာလိမ့်မည်ဖြစ် ကြောင်း နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၆ အရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဖွဲ့များကို စစ်ကောင်စီက မကြာမီဖွဲ့စည်းမည်ဖြစ်ရာ ယင်းသို့ ဖွဲ့စည်းပြီးလျှင် နိုင်ငံကူးလက်မှတ်လျှောက်ထားရယူခြင်း၊ ပြည်ပသို့ ထွက်ခွာမည့် လူငယ်များကို လေဆိပ်တွင် အဆိုပါအဖွဲ့များ၏ ထောက်ခံစာ၊ စစ်မှုထမ်းရန် ပြန်လာပါမည်ဆိုသော ဝန်ခံ ကတိပြုချက်များ ပေးရလိမ့်မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

"ပြည်ပထွက်တာတွေကို စိစစ်ဖို့ လူငယ်တွေ ပြည်ပထွက်တာတွေကို စိစစ်ဖို့ တပ်ချုပ်က ပြောခဲ့တာရှိပါတယ်။ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့တွေ ဖွဲ့စည်းပြီးရင် နိုင်ငံခြားထွက်ဖို့ ပတ်စ်ပို့လျှောက်တာတွေမှာ စစ်မှုထမ်းပြီးကြောင်း လက်မှတ် တင်ပြရတာ၊ စစ်မှုထမ်းဖို့ ပြန်လာပါမယ်ဆိုတဲ့ ကတိပြု ဝန်ခံချက် တင်ပြရတာ ပါလိမ့်မယ်။ နောက်ပြီး ပြည်ပထွက်မယ်ဆိုရင်လည်း လေဆိပ်မှာ အဲဒါတွေ တင်ပြမှ ထွက်ခွာခွင့်ပေးတာမျိုးတွေ ရှိလာလိမ့်မယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် ပြည်ပသို့ လူငယ်များထွက်ခွာမှု အလွန်များပြားနေသဖြင့် စိစစ်ကြပ်မတ်ရန် ၊ ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက်ထွက်ခွာနေမှုကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု အပါအဝင် ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန် အမိန့်ပေးခဲ့ဖူးကြောင်း သိရှိရသည်။

ပြည်ပရောက် မြန်မာများအနေဖြင့်လည်း သက်ဆိုင်ရာ သံရုံးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပါက အခွန်ဆောင်သည့် သက်သေအထောက်အထားအပြင် မြန်မာနိုင်ငံမှ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ ထောက်ခံချက်၊ ဝန်ခံကတိပြုချက်များ ပေးရလိမ့်မည်ဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်လေဆိပ်၊ ထွက်ခွာမြင်ကွင်း ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- EPA။
လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) (၃)နှစ်ပြည့် အထိမ်းအမှတ်သို့ ‌ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၃/ဗကသ/၂၀၂၄
ရက်စွဲ - ၁၁ ရက် ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ်

Read More - http://www.abfsu.org/2024/02/gscn.html

“စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ပြတ်တိုက်ဖျက်ကြ”
“လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ အဓွန့်ရှည်ပါစေ”

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
နွေဦးတော်လှန်ရေးနှင့် BARD O'NELL'S FRAMEWORK

ဒေါနခင် | အတွေးအမြင်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄

————-

ကြေညာ | အမှတ် ၄၁ ဂျာနယ်စာစဉ် ဖတ်ရှုနိုင်ပြီ

ဂျာနယ်စာစဉ်များကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ၃ လတကြိမ် ပုံမှန် ထုတ်ဝေလျှက်ရှိနေပါတယ်။

အခုတခေါက် ထုတ်ဝေတဲ့ ဂျာနယ်စာစဉ် ခေါင်းစဉ်ကတော့ “၂၀၂၄ မှာ ဘာတွေကိုဖြိုချလို့ ဘာတွေကိုတည်ဆောက်ကြမလဲ” လို့ ပေးထားတာဖြစ်ပြီး စာစဉ်အပြည့်အစုံကို သိမ်းဆည်းဖတ်ရှုနိုင်ဖို့ ဖော်ပြပါ လင့်ခ်မှာ အခမဲ့ ဝင်ရောက်ဒေါင်းလုတ် ရယူနိုင်ပါတယ်။

ဒေါင်းလုတ်လင့်ခ် – https://drive.google.com/file/d/1sk-DAgsVX_WlYKa4kt2-W5KKBZMZJ-Mp/view?usp=drive_link