MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
MSI - MYANMAR SOCIETY INFORMATIONS
Photo
ဖယ်ဒရယ်ပြည်ထောင်စုကို ဖော်ညွှန်းခဲ့သော ကရင်အမျိုးသားနေ့

ဒဿန (မြစ်ဝကျွန်းပေါ်)

(ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၂၄ခု)

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့သည် (၇၄)နှစ်မြောက် ကရင်အမျိုးသားနေ့ဖြစ်သည်။ လွန်ခဲ့သည့် ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ မြန်မာပြည်ရှိ ကရင်ဒေသအသီးသီးမှ တစ်ချိန်တည်း ကရင်လူထုအင်အား (၄၅၄,၁၀၀)က ပိုစတာ(၄)ခုကိုင်၍ ဖဆပလ အစိုးရအား ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။ အဆိုပါဆန္ဒဖော်ထုတ်ပွဲ သည် ကရင်အမျိုးသားထုတရပ်လုံး၏ဆန္ဒကို ဒီမိုကရေစီနည်းလမ်းတကျ ဖော်ထုတ်နိုင်ခဲ့ခြင်းနှင့် လူမျိုးပေါင်းစုံနေထိုင် သော အနာဂတ်မြန်မာနိုင်ငံတော်ကြီးကို တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေးဦးလမ်းပြခဲ့ခြင်းလည်းဖြစ်သည်။

၁၉၅၃ခုနှစ်၊ နိုဝင်ဘာလ(၂၃-၂၅)ရက် ဖာပွန်မြို့၊ ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ကရင်လူမျိုး များ ဆန္ဒဖော်ထုတ်ခဲ့သည့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ကို မြစ်ဝကျွန်းပေါ်တိုင်း အမှတ်(၁)ခရိုင်ဥက္ကဌ မန်းကျော်အေး အဆိုပြုချက်နှင့် မြစ်ဝကျွန်းပေါ်တိုင်း အမှတ်(၁)ခရိုင် တပ်မမှူး ဗိုလ်ချုပ်ကော်ထူး (ခ) ဗိုလ်ချုပ်ကျော်မြသန်း၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့ခြင်းကြောင့်ဖေဖော်ဝါရီလ(၁၁)ရက်နေ့သည် ကရင်အမျိုးသားနေ့ဟူ၍ ဖြစ်ပေါ်လာခဲ့ သည်။

ကရင်လူမျိုးများသည် မြန်မာနိုင်ငံတွင်းသို့ ပထမအသုတ်အဖြစ် ဘီစီ(၁၁၂၅)တွင် စတင်ရောက်ရှိခဲ့ရာ ယခု အေဒီ(၂၀၂၂)တွင် ကရင်လူမျိုးများ မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိအခြေချနေထိုင်ခဲ့သည်မှာ နှစ်ပေါင်း(၃၁၄၇)နှစ် ရှိခဲ့ပြီး ဖြစ်သည်။ ကရင်လူမျိုးများသည် မိမိတို့ဒေသအကြီးအကဲများဖြင့် အေးချမ်းစွာနေထိုင်လာခဲ့ကြပြီး ပဒေသရာဇ်အချင်း ချင်း အားပြိုင်မှုများတွင်လည်းကောင်း၊ ပဒေသရာဇ်အတွင်း မိသားစုနန်းလုပွဲများတွင်လည်းကောင်း၊ ကင်းကင်းရှင်း ရှင်းနေလိုစိတ်ကြောင့်လည်းကောင်း၊ နေရာတစ်ခုတွင် အခြေချနေထိုင်လာရာမှ အခြားလူမျိုးများ ဝင်လာခြင်းကြောင့် လည်းကောင်း၊ အေးချမ်းရာနေရာသစ်သို့ အဆင့်ဆင့် ပြောင်းရွေ့နေထိုင်လာခဲ့ကြခြင်းကြောင့် ယနေ့တောင်ပေါ်-တောင်ခြေ-မြေပြန့်-ပင်လယ်ကမ်းစပ်အထိ ကရင်လူမျိုးများ ပျံ့နှံ့နေထိုင်မှုများကိုကြည့်ခြင်းဖြင့် သိနိုင်သည်။

ထို့ကြောင့် မာရှယ်ဆိုသူ သမိုင်းပညာရှင်က (The Karen People Of Burma)စာအုပ်တွင် ကရင်လူမျိုးများ သည် မိမိတို့ဘ၀ လုံခြုံရေးအတွက် အစဉ်ပြေးလွှားနေရသည်ဟု မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်သည်။ သမိုင်းဆိုသည်မှာ အောင်နိုင်သူတို့သာ ရေးသားကြသည်။ (History is Always Written By The Winner) ဟူသောစကားအရ ကရင်လူ မျိုးများ၏သမိုင်းသည်လည်း ကွင်းဆက်ပြတ်လုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် (ဝက်ခြေရာကို ခွေးက ဖျက်ဆီးခဲ့သည်) ဟူသော ရှေးကရင်ဘိုးဘေးတို့ စကားကျန်ခဲ့ခြင်းဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်းပိုင်း(၁၈၂၄)ခုနှစ်၊ ပထမအင်္ဂလိပ်ကျူးကျော်စစ်-၁၈၅၂ခုနှစ်၊ ဒုတိယအင်္ဂလိပ် ကျူး ကျော်စစ်အပြီး မြန်မာပဒေသရာဇ်စနစ်အစား ဝင်ရောက်လာသည့် ဥရောပလူနေမှုစနစ်တွင် မြန်မာပညာရှင်များကဲ့သို့ ကရင်လူမျိုးများသည်လည်း အမြင်ကျယ်လာပြီး ဥရောပနိုင်ငံများသို့ ပညာသွားရောက်သင်ယူလာကြသည်။ နိုင်ငံတ ကာအတွေ့အကြုံ ရရှိလာကြသည်။ ကရင်ပညာတတ်များ မိမိတို့လူမျိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့ဖြင့် နေတတ် ရန်လိုကြောင်း သိရှိလာကြရာ အမေရိကန်နိုင်ငံသို့ မိမိစရိတ်ဖြင့် M.A ဘွဲ့ရရှိခဲ့သူ ဒေါက်တာတီသံပြာသည် (၁၈၈၁)ခု နှစ်တွင် ကရင်အမျိုးသားအသင်း (Karen National Association-KNA) ကိုတည်ထောင်ခဲ့သည်။ အဆိုပါ ကရင်အမျိုး သားအသင်းသည် အိန္ဒိယကွန်ဂရက်ထက် (၄)နှစ်၊ (YMBA)အသင်းထက်(၂၅)နှစ်စောခဲ့ပြီး ကရင်လူမျိုးတို့၏ ပထမဦး ဆုံးသော ရှေ့ဆောင်အဖွဲ့ကြီးလည်းဖြစ်သည်။

၁၉၂၃ခုနှစ်က မိမိပိုင်ဆင်ဖြူဖြင့် အင်္ဂလန်-အမေရိကန်နိုင်ငံများသို့ လှည့်လည်ပြသခဲ့သည့် ဒေါက်တာဒါမေဖိုး မင်း-(၁၉၂၈ခုနှစ်) ထုတ်ဝေခဲ့သော ဒေါက်တာစံစီဖိုး၏ “ဗမာပြည်နှင့် ကရင်လူမျိုးများ(Burman And The Karen)” စာအုပ်တွင် ပဒေသရာဇ်စနစ်ကြောင့် ကရင်များတိုင်းပြည်ပျောက်ခဲ့ပုံ စသည်တို့ကြောင့် ကရင်လူမျိုးများအကြောင်းကို ကမ္ဘာက ပိုမိုသိရှိလာကြသည်။ ဒုတိယကမ္ဘာစစ်ကြီးတွင် ကမ္ဘာ့ဘုံရန်သူ ဖက်ဆစ်ဂျပန်များ မြန်မာ့မြေပေါ်သို့ ခြေမချ နိုင်ရေး ထားဝယ်စစ်မျက်နှာတွင် မဟာမိတ်တပ်များနှင့်အတူ ကရင်တပ်များ အသက်ပေးခုခံ တိုက်ခိုက်ခဲ့ကြခြင်း၊ အိန္ဒိယပြည်သို့ ဆုတ်ခွာသွားသည့် မဟာမိတ်တပ်နှင့်အတူ ကရင်တပ်သား (၂၀၀၀)လိုက်ပါသွားခြင်း၊ မြန်မာ့မြေပေါ်မှ ဖက်ဆစ်ပြန်လည်မောင်းထုတ်ရာတွင် မဟာမိတ်တပ်နှင့်အတူ ကရင်တပ်များ ပါဝင်တိုက်ခိုက်ခဲ့ခြင်းများသည် ဒုတိယ ကမ္ဘာစစ်နှင့် မြန်မာ့လွတ်လပ်ရေးအတွက် ကရင်လူမျိုးများ မဟာဗျူဟာနှင့် နည်းဗျူဟာ ပေါင်းစပ်တတ်သည့် နိုင်ငံ ရေးအမြင်၊ ရန်သူနှင့် မိတ်ဆွေကို ခွဲခြားတတ်ခြင်းနှင့် စမီတန်ရေးသည့် “မြန်မာပြည်ရှိ သစ္စာရှိသောကရင်များ (The Loyal Karen Of Burma)” စာအုပ်ကြောင့် ကရင်လူမျိုးတို့၏ နိုင်ငံရေးသစ္စာရှိမှုကို ပိုမိုထင်ပေါ်စေခဲ့သည်။
MSI - MYANMAR SOCIETY INFORMATIONS
Photo
၁၉၄၁ ခုနှစ်၊ သြဂုတ်လ(၁၄)ရက် အမေရိကန်သမ္မတ ဖရန်ကလင်ဒီရုစဗဲ့နှင့် အင်္ဂလန်ဝန်ကြီးချုပ် ဝင်စတန်ချာ ချီတို့ ချုပ်ဆိုခဲ့သော အတ္တလန်တိတ်စာချုပ်(Atlantic Charter) အရ နိုင်ငံတိုင်းလွတ်လပ်သည့် အချုပ်အခြာအာဏာ တည်ရှိခွင့်၊ လူမျိုးတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်ရှိစေရမည်ဟူသော အချက်များသည်လည်း ကရင်လူမျိုးတို့အား နိုင်ငံရေး မျက်စိပွင့်စေခဲ့သည်။ ကဗျာဆရာ (Alphad Lord Tenngson)၏ (လူမျိုးတမျိုးသည် မိမိနေထိုင်ရာအရပ်ကို မိမိကိုယ် တိုင် စီမံခန့်ခွဲခွင့်မရခြင်းသည် အသက်ရှင်လျက် သေနေသူဖြစ်သည်။) ဟူသောစကားသည်လည်း ကရင်လူမျိုးတို့၏ မျိုးချစ်စိတ်ဓာတ်ကို မြှင့်တင်စေခဲ့သည်။ မဟာမိတ်တပ်ဆုတ်ရာ အိန္ဒိယသို့ လိုက်ပါသွားသည့် ကရင်စစ်ဗိုလ် (၄၀)တို့ သည်လည်း ၁၉၄၅ခုနှစ် အစပိုင်းတွင် မဟာမိတ်တို့ မြန်မာပြည်ပြန်ရောက်က ကရင်လူမျိုးတို့အား ကရင်ပြည်နယ်ပေး သင့်ကြောင်း အင်္ဂလန်အစိုးရထံ စာတစ် စောင်ရေးရေး၍ တင်ပြခဲ့ဘူးသည်။ ၁၉၄၅ခုနှစ် မဟာမိတ်များ မြန်မာပြည် ပြန်ရောက်ချိန် ကရင်အမျိုးသားအသင်း (KNA) ခေါင်းဆောင်များ မော်လမြိုင် အစည်းအဝေးတခုတွင် ဗိုလ်မှူးအဲဘေ ခေါင်းဆောင်ပြီး တနင်္သာရီတိုင်းကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။

၁၉၄၅ခုနှစ်၊ ဇွန်လ(၂၈)ရက်နှင့် ဇူလိုင်လ(၅)ရက် ရန်ကုန်ကရင်ခေါင်းဆောင်များ ကရင်ပြည်နယ်ရရှိရေး ဆွေး နွေးခဲ့ကြသည်။ ကရင်လူမျိုးများ၏ နိုင်ငံရေးနိုးကြားလာမှုများကြောင့် ၁၈၈၁ခုနှစ်တွင် ကရင်အမျိုးသားအသင်း(Karen National Association-KNA) ဖွဲ့စည်းပြီးနောက် ၁၉၄၀ခုနှစ်တွင် ဗုဒ္ဓဘာသာကရင်အမျိုးသားအသင်း(Buddhist Karen National Association-BKNA)၊ ၁၉၄၃ခုနှစ် ဇွန်လ(၂၈)ရက်နေ့ ကရင်ဗဟိုအကြံပေးအဖွဲ့(Karen Central Advisory Board – KCAB)၊ ၁၉၄၅ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့ ကရင်ဗဟိုအဖွဲ့ချုပ်(Karen Central Organization – KCO)၊ ၁၉၄၅ခုနှစ် ၊ ဒီဇင်ဘာ(၁၄)ရက်နေ့ ကရင်လူငယ်အစည်းအရုံး(Karen Youth Organization -KYO) စသည်ဖြင့် ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။ ၁၉၄၆ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့ ကရင်ဗဟိုအဖွဲ့ချုပ် (KCO)၊ ရန်ကုန် အစည်းအဝေးတွင် ကရင်ပြည် ရရှိရေးအတွက် ကရင်မိတ်သဟာရအဖွဲ့အဖြစ် အင်္ဂလန်နိုင်ငံသို့ စောသာဒင်- စောဖိုးချစ် – စောစစ်ဒနီလူနီ – စောဘဦးကြီးတို့အား စေလွှတ်ခဲ့သည်။ ၎င်းကရင်မိတ်သဟာရအဖွဲ့မှ အင်္ဂလန်တွင် ရေးသားဖြန့်ဝေ ခဲ့သည့် (Care For The Karen )စာအုပ်ကြောင့် ကရင်လူမျိုးများအကြောင်းကို ကမ္ဘာက ပိုမိုသိရှိလာကြသည်။

ကရင်အမျိုးသားအသင်း(KNA) ခေါင်းဆောင်ကြီးများ အသက်အရွယ်ကြီးရင့်လာပြီး စိတ်သွားတိုင်းကိုယ်မပါ ဖြစ်လာသည့်အခါ ဆရာစောဖိုးအေး၏ အကြံပေးချက်အရ ပြောင်းလဲလာသည့် ကမ္ဘာ့အခြေအနေတွင် ကရင်အရေးကို စုစုစည်းစည်း ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့ပြီးသော ကရင်အဖွဲ့အစည်းများဖြစ်သည့် (KNA+ BKNA+KCBA+KCO+KYO) တို့ကိုပေါင်း၍ ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (Karen National Union -KNU) ကို ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းခဲ့ပြီး (KNU)က အောင်ဆန်း-အက်တလီစာချုပ်ကို ကရင်လူမျိုးအရေးနှင့်ပတ်သက်၍ သဘောတူ လက်ခံနိုင်ခြင်းမရှိသောကြောင့် ကန့်ကွက်ကြောင်းဆုံးဖြတ်ပြီး အင်္ဂလန်ဝန်ကြီးချုပ်ထံ ကြေးနန်းဖြင့် ၁၉၄၇ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားရန် တင်ပြခဲ့သည်။

(KNU)၏တောင်းဆိုချက်ကို လက်ခံ ခြင်းမရှိက အောင်ဆန်း-အက်တလီစာချုပ်ကို ဆန့်ကျင်သွားမည်ဖြစ်ပြီး တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို လည်း သပိတ်မှောက်သွားရန်နှင့် စောဘဦးကြီးက လက်ရှိဝန်ကြီးရာထူးတွင် နှုတ်ထွက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

တဆက်တည်း (KNU)ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဥက္ကဌ စောစံဖိုးသင် – မန်းဘခိုင် – မန်းဝင်း မောင် – စောကျော်စိန် – စောအောင်ပ – စောစိန်တင် စသည့်(KYO)အဖွဲ့ဝင်များ (KNU)ထဲမှနှုတ်ထွက်၍ ဖဆပလအဖွဲ့ ထဲသို့ ဝင်ရောက်ခဲ့ပြီး တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲသို့ ဝင်ကြသည်။ စောဘဦးကြီး ဝန်ကြီးနေရာတွင် လည်း စောစံဖိုးသင်က ဝင်ရောက်ခဲ့သည်။ တိုင်းပြုပြည်ပြုရွေးကောက်ပွဲတွင် မဲပေးနိုင်သူ ကရင်လူဦးရေ ၈% သာ လာရောက်မဲပေးခဲ့ကြပြီး ကရင်မဲဆန္ဒနယ် (၁၂)နေရာတွင် (၄)နေရာသာ ဝင်ရောက်အရွေးခံ သူရှိခဲ့သည်။ ဖဆပလ အစိုးရကလည်း (KNU)ကိုဆန့်ကျင်သွားရန် (KYO)တို့အား လက်ကိုင်တုတ်အဖြစ် ဆက်လက် အသုံးချခဲ့သည်။

၁၉၄၇ခုနှစ်၊ ဇွန်လ(၁၆)ရက် တိုင်းပြုပြည်ပြုလွှတ်တော်ပထမညီလာခံတွင် အောက်ပါလမ်းညွှန်မူ လေးချက် ဖြစ်သော

၁။ လွတ်လပ်သောနိုင်ငံဖြစ်ရမည် (Independence)

၂။ အချုပ်အခြာအာဏာပိုင်ရမည် (Sovereignty)

၃။ ဒီမိုကရေစီနိုင်ငံဖြစ်ရမည် (Republic)

၄။ ပြည်ထောင်စုနိုင်ငံဖြစ်ရမည် (Union State) ဟူ၍ ချမှတ်ခဲ့သော်လည်း ၁၉၄၇ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့ တွင် အတည်ပြုပြဌာန်းခဲ့သော အခြေခံဥပဒေသည် ပြည်ထောင်စုစနစ်မှ သွေဖီပြီး တစ်ပြည်ထောင်စနစ်သို့ ရောက်ရှိခဲ့ သည်။ ၎င်းအခြေခံဥပဒေကို ကိုယ်တိုင်ရေးဆွဲခဲ့သူ ဥပဒေပညာရှင် ဦးချန်ထွန်းကပင် (ကျနော်တို့ရဲ့ အခြေခံဥပဒေဟာ သဘောတရားအားဖြင့် ပြည်ထောင်စုဖြစ်ပေမဲ့ လက်တွေ့မှာ တစ်ပြည်ထောင်စနစ်ဖြစ်ပါတယ်)ဟု ထုတ်ဖော်ပြောဆိုခဲ့ ကြောင်း
MSI - MYANMAR SOCIETY INFORMATIONS
Photo
ရန်ကုန်တက္ကသိုလ်၊ သမိုင်းပါမောက္ခဟူးတင်ကာက သူ၏ ပြည်ထောင်စုမြန်မာနိုင်ငံတော်စာအုပ် (The Constitution Adviser, Chan Htoon Observe Much Later That “Our Constitutional, Though In Theory Federal, Is In Practice Unitary”) “The Union Of Burma By Hugh TinKer, Page-30 တွင် ဖော်ပြပါရှိပါသည်။

၁၉၄၇ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့ လူအင်အား(၇၀၀) တက်ရောက်ခဲ့သည့် မော်လမြိုင်ကရင်အမျိုး သားညီလာခံတွင် ကရင်ကိုယ်စားလှယ် အစစ်အမှန်မပါသည့် တိုင်းပြုပြည်ပြုလွှတ်တော်မှ ရေးဆွဲသည့်ဥပဒေများကို လက်မခံရန်၊ ကရင်ပြည်နယ်အရေးကို ကုလသမဂ္ဂသို့တင်ပြရန် မြန်မာပြည်လွတ်လပ်ရေးရသည်နှင့် ကရင်ပြည်နယ်အ ရေးကို မြန်မာအစိုးရထံ တင်ပြရန်နှင့် လက်ရှိအသုံးပြုနေသည့် ကရင်အမျိုးသားအလံအား ဆက်လက် အသုံးပြုရန် ဆုံး ဖြတ်ခဲ့ကြသည်။ မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ကရင်ပြည်နယ် ကိစ္စကို ဖဆပလအစိုးရထံ တင်ပြခဲ့ရာ ဖဆပလအစိုးရက ကရင်ပြည်နယ် မပေးသည့်အပြင် ကရင်လူမျိုးတို့အား လူနည်းစုနှင့် နယ်ချဲ့လက်ကိုင်တုတ်အဖြစ် ရှုတ်ချစွပ်စွဲပြောဆိုခဲ့သည်။ (KNU)မှလည်း ကရင်လူထုဆန္ဒအမှန်ဖြစ် ကြောင်း ဖော်ပြရန် ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် အောက်ပါကြွေးကြော်သံ (၄)ချက်ဖြင့် ပိုစတာကိုင်ပြီး တစ်ပြည်လုံး တစ်ချိန်တည်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။

၎င်းပိုစတာပါ အချက် (၄)ချက်မှာ

၁။ ကရင်ပြည်ချက်ချင်းပေး (ကိုယ်ပိုင်ပြဌာန်းခွင့်)

၂။ ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ (တန်းတူရေး)

၃။ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ (လူမျိုးစုံချစ်ကြည်ရေး)

၄။ ပြည်တွင်းစစ်အလိုမရှိ (စစ်ဆန့်ကျင်ရေး – ငြိမ်းချမ်းရေး) အနှစ်သာရများပင်ဖြစ်သည်။

၁၉ရာစု အမေရိကန်သမ္မတဝီလ်ဆင်၏ ငြိမ်းချမ်းရေးအဆို (၁၄)ချက်တွင် လူမျိုးတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး အချုပ်အခြာအာဏာ ထူထောင်ခွင့်ရှိသည်ဟု ဖော်ပြခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလ(Cold War)တွင် အမျိုးသားလှုပ်ရှားမှုများ (National Liberation Movement )တွင် ကိုယ်ပိုင်ပြဌာန်းခွင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် လည်း ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်တစ်ရပ်ဖြစ်လာခဲ့သည်။ ၁၉၉၂ခုနှစ် စပိန်နိုင်ငံ မဲဒရစ်မြို့ (မဲဒရစ်သဘောတူညီ ချက်အရ ပြင်ပရေးရာကိုယ်ပိုင်ပြဌာန်းခွင့် (External Self – Determination)တွင် အချုပ်အာဏာထူထောင်ခွင့် (Decolonization Interpretation)နှင့် စီးပွားရေးလွပ်လပ်ခွင့်(NE colonization Interpretation)တို့ဖြစ်ပြီး တိုင်း ပြည်တစ်ခုအတွင်း လူမျိုးအသီးသီး၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အတွင်းရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့် (Internal Self -Determination)တွင် အမျိုးသားရေးအမြင်ဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် (Nationalist Interpretation)ပင်ဖြစ်ပြီး ၁၉၉၈ခု နှစ်၊ နိုဝင်ဘာလ (၂၁-၂၇) စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့အစည်းအဝေးတွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ လိုက်နာရန် ပဋိဉာဉ်စာတမ်းအဖြစ် ကြေညာခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့ လူမျိုးစုံနေထိုင်သော (Multi Nation State) နိုင်ငံမျိုးတွင် အမျိုး-ဘာသာ-သာသနာ-တစ်ခု တည်းသော နိုင်ငံမျိုးမဟုတ်ဘဲ စုံလင်ကွဲပြားသည့် ပကတိတည်ရှိမှုကို အသိအမှတ်ပြုပြီး စုစည်းညီညွှတ်စွာ နေထိုင် သည့် (Unity In Diversity)မျိုးဖြင့်နေထိုင်လိုခြင်းသည် ကမ္ဘာ့နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ဖြစ်လာနေပြီးဖြစ်သည်။ လူမျိုးစုံနေထိုင်သောနိုင်ငံများတွင် လူမျိုးတစ်မျိုးနှင့်တစ်မျိုး လွှမ်းမိုးမှုရှိပါက နိုင်ငံတည်ငြိမ်မှုကင်းမဲ့ပြီး နိုင်ငံပြိုကွဲ သည်အထိဖြစ်တတ်ကြောင်း (ချက်ကိုစလိုဗီယားမှ ချက်နှင့် စလိုဗက်)၊ (ယူဂိုစလာဗီယားမှ ခရိုအေးရှာနှင့် စလိုဗေးနီး ယား) ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်း စသည်တို့သည် ဒီမိုကရေစီအရေးထက် အမျိုးသားရေး ရှေ့တန်းရောက်လာခြင်းပင် ဖြစ်သည်။ စစ်မှန်သော ပြည်ထောင်စုဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံ (ဂျာမန်-ပြင်သစ်-အီတလီ နေထိုင်)၊ သြစတြေးလျ (၆ ပြည်နယ်)၊ အမေရိကန်ပြည်ထောင်စု (ပြည်နယ်-၅၀)တို့သည် နိုင်ငံတည်ငြိမ်တိုးတက်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။

ထို့ကြောင့် အမေရိကန်နိုင်ငံ၊ George Town တက္ကသိုလ်၊ ပါမောက္ခ David Steinberg က မြန်မာ့နိုင်ငံရေး ပြဿနာသည် တိုင်းရင်းသားပြဿနာဖြစ်ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။ အချုပ်အခြာအာဏာတည်မြဲရန်နှင့် ငြိမ်းချမ်း သာယာတိုးတက်သည့် ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်ရန် လူမျိုးတိုင်း တန်းတူညီမျှရေး(Equitably)နှင့် ကိုယ်ပိုင်ပြဌာန်း ခွင့် (Self-Determination)ရှိသည့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရမည်ဟူသော နိုင်ငံရေးအတွေး အခေါ်သည် လွန်ခဲ့သည့် (၇၄)နှစ်ကတည်းက ကရင်လူထုဆန္ဒဖော်ထုတ်ပွဲ၏ အနှစ်သာရများပင်ဖြစ်ကြောင်း ဖော်ပြ အပ်ပါသည်။

#article #KarenNationalDay
လူမျိူးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် နှစ်ပတ်လည်ထုတ်ပြန်ကြေညာချက်

ရက်စွဲ ။ ။ ၂၀၂၄ခုနစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်
Forwarded from The Irrawaddy - Burmese
ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရဲရဲရေးဆွဲဖို့လိုတယ် (ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄

စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူခဲ့တာ ၃ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီအာဏာသိမ်းမှု ၃ နှစ် အတွင်းမှာ တိုင်းပြည် အတွင်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အပါအဝင် အပြောင်းအလဲများစွာ ဖြစ်ပွားခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမြအေး ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

ဦးမြအေး ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) နဲ့ လက်ရှိအာဏာသိမ်း စစ်ကောင်စီလက်ထက်တို့မှာ ဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့ ဝါရင့် နိုင်ငံရေးသမား တဦးဖြစ်ပါတယ်။

ဒါ့အပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှာ တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို ပါဝင်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

https://youtu.be/ogIrXyjYBMQ
“အသွင်သစ် ပြည်သူ့စစ်စုဆောင်းမှုအရေး ဘယ်လိုကာကွယ်ဖြေရှင်းကြမလဲ”
အပိုင်း (၁)

(၂၀၂၄ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်းအစီအစဉ် အပိုင်း (၉၅) စကားဝိုင်း အနှစ်ချုပ်)

မေး။ စစ်ကောင်စီဟာ အင်အားချိနဲ့ လာတဲ့အချိန်မှာ ရပ်ရွာကာကွယ်ရေးခေါင်းစဉ်တပ်မယ်။ ပြည်သူ့စစ်တွေ အတင်းအကျပ် စုဆောင်းနေပါတယ်။ ပဲခူးတိုင်းအတွင်းမှာ ပြည်သူ့စစ်စုဆောင်းနေတဲ့ အခြေအနေတွေ ဘယ်လိုမျိုးရှိပါသလဲ။ ရှေ့ဆက်ပြီး ဘယ်လိုမျိုးတွေ ရှိလာနိုင်ပါသလဲ။

ကိုဝေယံ (ပဲခူးတိုင်း ပကဖ၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ)

ကျွန်တော်ပထမပြောကြားလိုတာက ဒီဖြစ်စဉ်တွေက ပဲခူးတိုင်းအတွင်းမှာ တကယ်ကြီးဖြစ်နေတဲ့ ဖြစ်စဉ်တွေပါ။ ဒီဖြစ်စဉ်တွေဖြစ်ရတဲ့ အကြောင်းရင်းကလည်း စစ်ကောင်စီဟာ ဘယ်လောက်အထိ အင်အားချိနဲ့ပြီးတော့ အတွင်းထဲမှာ လှိုက်စားပျက်သုဉ်းနေလဲဆိုတာကို ဖော်ပြချက်လို့ ကျွန်တော် သုံးသပ်တယ်။ အားအင်ချိနဲ့လာတဲ့ စစ်ကောင်စီတပ်ကတော့ ရပ်ရွာကာကွယ်ရေးအတွက်ဆိုပြီး ပြည်သူ့စစ်တွေ ဖွဲ့မယ်ပေါ့။ သမိုင်းတလျှောက်မှာ ပြည်သူ့စစ်ဆိုတဲ့ အသုံးကို သုံးတယ်။ ဒီနေ့အချိန် တချို့သောနေရာတွေမှာ ရပ်ရွာကာကွယ်ရေး အကြောင်းပြချက်နဲ့ ယခင်သုံးနေကျစကားလုံးဖြစ်တဲ့ ပြည်သူ့စစ်ဆိုတဲ့ စကားလုံးကို သုံးပြီးတော့ အင်အားသစ် စုဆောင်းတာတွေ လုပ်ဆောင်လာတာတွေ့ရတယ်။

ပဲခူးတိုင်းကတော့ ပထဝီအနေအထားအရ ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ အနောက်ခြမ်းဆိုပြီး ရှိတယ်။ ပဲခူးတိုင်းရဲ့ အရှေ့ခြမ်းက ERO KNU နဲ့ ထိစပ်နေတဲ့ နယ်မြေဘက်မှာလည်း အလားတူလုပ်ရပ်တွေ လုပ်ဆောင်လာတာကို သတိပြုမိတယ်။ ကျွန်တော်တို့ဆီကို ရောက်ရှိလာတဲ့ သတင်းတွေအရ ERO နဲ့ ထိစပ်မှု မရှိတဲ့ ပဲခူးတိုင်းရဲ့ အနောက်ခြမ်းဘက်မှာ ဆိုရင်လည်း ရပ်ရွာမှာ ရှိတဲ့ လူငယ်တွေကို အင်အားစုဖွဲ့ခိုင်းတာတွေ ရှိတယ်။ ခိုင်းစေတဲ့ လူတွေကတော့ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေနဲ့ ယခင်ရှိပြီးသား ပျူစောထီးခေါင်းဆောင်တွေက စုဖွဲ့ခိုင်းတာတွေ၊ အတင်းအဓမ္မ စေခိုင်းခြင်း လုပ်ရပ်တွေကို လုပ်ကိုင်လာတာတွေ့ရတယ်။

တချို့သောရွာတွေ၊ မြို့နယ်တွေမှာကျတော့ စုဖွဲ့ပေးနိုင်မှု မရှိဘူးဆိုရင် အိမ်ထောင်စု တစ်စုကို သိန်းသုံးဆယ်၊ သိန်းနှစ်ဆယ်သော်လည်းကောင်း ဒီလိုမျိုး ငွေကြေးရော အတင်းအဓမ္မကောက်ခံနေတာ တွေ့ရတယ်။ ဒါကတော့ ကျွန်တော်တို့ဘက်က စစ်တမ်းတွေအရပါ။ သတင်းပေးပို့လာတာတွေအရ တိတိကျကျ ပြောနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်ဗျ။ ရှေ့ဆက်ပြီးလည်း ကျွန်တော်တို့ကတော့ စောင့်ကြည့်ရပါမယ်။ သတိကြီးကြီးထားပြီး စောင့်ကြည့်ရမယ့် အခြေအနေတစ်ခုလို့ပဲ လောလောဆယ် ကျွန်တော့် အနေနဲ့ သုံးသပ်ထားပါတယ်။ ဒီကိစ္စတွေက မျက်ခြေပြတ်လို့လည်း မဖြစ်ဘူး။ အမှုမဲ့ အမှတ်မဲ့ နေလို့လည်း မဖြစ်ဘူး။ ဒီကိစ္စတွေအပေါ်မှာ နေ့စဉ်နဲ့အမျှ စောင့်ကြည့်ပြီး ဘယ်လိုခြေလှမ်းတွေ တိုးလာလဲ။ ဘယ်လိုပုံစံပြောင်းပြီး ရှေ့ကို တစ်လှမ်းတိုးလာလဲဆိုတာကို စောင့်ကြည့်နေရမယ့်အနေအထားတစ်ခုမှာပဲ ရှိသေးတယ်လို့ ကျွန်တော်သုံးသပ်ပါတယ်။

မေး။ မင်းအောင်လှိုင်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီးတော့ ရွေးကောက်ပွဲကိစ္စတွေ ပြောခဲ့တာရှိတယ်။ အဲ့မှာ ထူခြားတဲ့အချက်က ပြည်သူ့စစ်တပ်ပေါင်းစု ဖွဲ့ဖို့ဆိုပြီး တိုက်တွန်းခဲ့တာရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ပြင်ဆင်လုပ်ဆောင်မှုတွေရှိလာနိုင်သလဲ။ နောက်ပြီး ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်ပါသလဲ။

မမေသဲ (ဗဟိုဦးဆောင်ကော်မတီဝင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပိတ်ကော်မတီ)

ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ လက်ဝေခံနိုင်ငံရေးပါတီ လေးဆယ်လောက်က ဒီဇန်နဝါရီ ခြောက်ရက်နေ့က တွေ့ဆုံခဲ့တယ်။ အဲ့ဒီအချိန်မှာ ရွေးကောက်ပွဲကိစ္စတွေပါတယ်။ ထူခြားတာက ပြည်သူ့တပ်ပေါင်းစု ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ဖို့တွေကို တိုးမြှင့် လုပ်ဆောင်သွားမယ်ဆိုတာ အဓိကထားပြောဆို ဆွေးနွေးသွားတာတွေ့ရတယ်။

ဒီနေရာမှာ ကျွန်မတို့ သတိထားမိတာက ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလလောက်တည်းက စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွေမှာ ပြည်သူ့စစ်ဖွဲ့ဖို့လိုအပ်နေပြီ ဆိုတဲ့စကားကို တောက်လျှောက်ပြောခဲ့တယ်။ ကျွန်မတို့ သတိပြုဖို့လိုတာက အခုလို ပြည်သူ့တပ်ပေါင်းစုဖွဲ့ဖို့၊ ပြည်သူ့စစ်ဖွဲ့ဖို့ လက်နက်တပ်ဆင်ဖို့ စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်းခဲ့တဲ့သူတွေဟာ ၂၀၂၁ မှာလည်း အာဏာသိမ်းဖို့ တိုက်တွန်းခဲ့တဲ့ စစ်တပ်လက်ဝေခံ နိုင်ငံရေးပါတီတွေနဲ့ စစ်တပ်လောဘီတွေပဲ ဖြစ်တယ်ဆိုတာဖြစ်တယ်။

အခုလိုမျိုး ဖက်ဆစ်စစ်တပ်က လုပ်ဆောင်လာတာက ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်မှာ ဒီအကြမ်းဖက်စစ်တပ်ကို ပြည်သူလူထုရဲ့ ခုခံစစ်က ကျယ်ပြန့် အောင်မြင်လာတာကြောင့်လည်း ဖြစ်တယ်။ ဒီ စစ်တပ် အာဏာသိမ်းတဲ့ သုံးနှစ်တာ ကာလမှာ၊ အခု ၁၀၂၇ လို စစ်ဆင်ရေးမျိုးတွေမှာ တော်လှန်ရေး အင်အားစုတွေဘက်ကနေဆိုရင် မြို့သိမ်းတိုက်ပွဲ၊ ရွာသိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲတွေ အောင်ပွဲတွေ ရတယ်။ ဒါတွေကြောင့် ဖက်ဆစ်စစ်တပ်ရဲ့ အင်အားက ယုတ်လျော့ပြီး ချိနဲ့လာတာလည်း မြင်ရတယ်။ ဒါ့အပြင် ဖက်ဆစ်စစ်တပ် စစ်သားတွေရဲ့ တိုက်ပွဲတွေမှာ တိုက်ခိုက်လိုစိတ် နည်းပါးလာတယ်။ အဲ့ဒီလို လျော့နည်းလာတဲ့နေရာတွေမှာ
အစားထိုးဖြည့်ဆည်းဖို့ဆိုပြီးတော့ မင်းအောင်လှိုင်က ဒီပြည်သူ့လုံခြုံရေးစနစ် ပြည်သူ့ကာကွယ်ရေးစနစ် ဖော်ဆောင်ဖို့ကို တိုးမြှင့်လုပ်ဆောင်မယ်ဆိုပြီးတော့ အပြင်းအထန်ကြိုးစားလာတာ ဖြစ်တယ်လို့ ကျွန်မ မြင်တယ်။

ပြီးတော့ ဘယ်လို ဆောင်ရွက်မှုတွေရှိလာမလဲဆိုရင် ကျွန်မတို့ ဒီ ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တော်လှန်ရေး အရှိန်အားကောင်းတဲ့ဒေသတွေမှာဆိုရင် ပြည်သူ့စစ်ဖွဲ့စည်းမှု လက်နက်တပ်ဆင်မှုတွေကို လုပ်ဆောင်လာပါတယ်။ ပဲခူးတိုင်းလိုနေရာမျိုးတွေကအစ စစ်ကိုင်းတိုင်းလို နေရာမျိုးတွေမှာဆိုရင်လည်း မဘသတို့ ပျူစောထီးတို့လို အဖွဲ့တွေကို ကျေးရွာအလိုက် စုဖွဲ့သင်တန်းပေးတာတွေလုပ်တယ်။ တချို့ဆိုရင် လက်နက်တပ်ဆင်ပြီးတော့ ရှေ့တန်းပို့ တိုက်ခိုင်းတာတွေအထိ လုပ်တယ်။ အဲ့ဒါအပြင် လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့ အကြမ်းဖက်မှုတွေကို ဒီအဖွဲ့တွေက ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အင်တိုက်အားတိုက် လုပ်ဆောင်လာတာ တွေ့မြင်ရတယ်။

နဝတ၊ နအဖ ခေတ်မှာတည်းက စစ်တပ်ရဲ့ လူမဆန်မှုနဲ့ ဆိုးရွားယုတ်မာမှုတွေကို ကျွန်မတို့ မြန်မာပြည်သူလူထုက ကောင်းကောင်းကြီး သိရှိနားလည်တဲ့အချိန်တွေ ဖြစ်တယ်။ အဲ့ဒါကြောင့်လည်း လူငယ်တွေက စစ်တပ်ထဲဝင်ဖို့ဆိုတာ တော်တော်များများမှာ မရှိဘူး။ အဲ့ဒီအချိန်တည်းက စစ်တပ်ရဲ့ တပ်အင်အားစုဆောင်းမှု၊ တိုက်ခိုက်ရေးအင်အားစုဆောင်းမှုက ခရီးမရောက်ခဲ့တာကို ကျွန်မတို့ တွေ့နိုင်တယ်။ ဒါကြောင့်လည်း ဖက်ဆစ်စစ်တပ်က ခေတ်အဆက်ဆက် စစ်သားစုဆောင်းမှုတွေ ပြုလုပ်တဲ့အခါမှာ ခိုးဆိုးလုနှိုက်မှု၊ မုဒိန်းမှု စတဲ့ ရာဇဝတ်မှုတွေနဲ့ ထောင်ကျနေတဲ့သူတွေကို အတင်းအဓမ္မ စစ်ထဲဝင်ခိုင်းတာမျိုးလုပ်တယ်။ ပြီးတော့ ရထားဂိတ်၊ ကားဂိတ်တွေမှာ အရပ်ဝတ်တွေနဲ့ အသွင်ယူပြီးတော့ စစ်တပ်ထဲဝင်ရင်တော့ လစာတော့ ဘယ်လောက်ရမယ်။ နေစရာရမယ်။ မိသားစုကို ဘယ်လိုထောက်ပံ့နိုင်မယ် စသည်ဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ မြူဆွယ်တာတွေလုပ်တယ်။ အဲ့လိုမှမရရင် အတင်းအဓမ္မ ပေါ်တာဆွဲတာမျိုး၊ ဖမ်းဆီးခြိမ်းခြောက် အကျပ်ကိုင်တာမျိုးတွေနဲ့ စစ်သားအင်အားစုဆောင်းမှုကို ခေတ်အဆက်ဆက် လုပ်ဆောင်ခဲ့တယ်။

အခုလို တော်လှန်ရေး အားကောင်းလာတဲ့ အခြေအနေမျိုးမှာဆိုရင် စစ်တပ်က သူထိန်းချုပ်နိုင်တဲ့ဒေသတွေမှာ စစ်သားစုဆောင်းမှုတွေကို ဖိနှိပ်မှုမျိုးစုံနဲ့ ပိုပြီး လုပ်ဆောင်လာတယ်။ အခုဆိုရင် ပဲခူးတိုင်းဘက်မှာ ရပ်ရွာအခြေပြု ပြည်သူ့စစ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် တစ်အိမ်ကို ဘယ်နှစ်ယောက်ပေးရမယ်။ မပေးနိုင်ရင် ပိုက်ဆံဘယ်လိုပေးရမယ် ဆိုတဲ့ ဟာတွေနဲ့ ပေါ်ပေါ်ထင်ထင် အတင်းအဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်လာနေတာလည်း တွေ့ရပါတယ်။ ဒီထက်ပိုဆိုးတဲ့ နည်းလမ်းတွေကိုလည်း နောက်ထပ်ပိုပြီးတော့ ဖက်ဆစ်စစ်တပ်က သုံးလာနိုင်တယ်။ တချို့ဒေသက ပြည်သူတွေဆိုရင် အခု ကိုယ့်နေရာဒေသကိုတောင်မှ စွန့်ခွာပြီးတော့ တခြားနေရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်ရတာမျိုးတွေ လက်ရှိမှာ ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။

အခုလို တော်လှန်ရေးအရှိန်အဟုန် အမြင့်မားဆုံးအချိန်မှာဆိုရင် စစ်တပ်ရဲ့ တိုက်ခိုက်ရေးအင်အားတွေက နေ့စဉ်နှင့်အမျှ ပြုန်းတီးနေတာကို ကျွန်မတို့အားလုံး သတင်းတွေမှာလည်း မြင်နေရတယ်။ ဒါ့ကြောင့် သူတို့ရဲ့ လျော့နည်းလာတဲ့ အင်အားတွေနေရာမှာ ဒီပြည်သူ့စစ်ဆိုတဲ့ အင်အားတွေနဲ့ သူတို့က အစားထိုးအသုံးပြုလာဖို့ ကြိုးစားကြတယ်။ ဒါ့အပြင် တချို့နေရာတွေမှာ လုံခြုံရေးအင်အားမလုံလောက်လို့ အုပ်ချုပ်ရေးမလုပ်နိုင်တာရှိတယ်။ ဒါကတော့ မြို့ပေါ်ဒေသ တော်တော်များများမှာ ဖြစ်နေတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ နောက်ပိုင်းမှာ ရဲနဲ့ ပြည်သူ့စစ်ပူးပေါင်းတာတို့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတာတို့ အဲ့လိုပူးပေါင်းမှုတွေလုပ်ပြီးတော့ ပြည်သူ့စစ်အင်အားတွေကို အတင်းအကျပ် စေခိုင်းအသုံးပြုတာမျိုးတွေ လုပ်လာနိုင်ပါတယ်။
ပြီးတော့ လက်ရှိမှာ ပြည်သူ့စစ်ဖွဲ့စည်းတယ်ဆိုတဲ့ ကိစ္စက စစ်တပ်အတွက် အရမ်းအရေးကြီးတယ်။ သူတို့ရဲ့ အသက်ရှူပေါက် တစ်ခုအနေနဲ့ ဒါကို လုပ်မှာဖြစ်တယ်။ အဲ့အတွက်ကြောင့် သူတို့က ပြည်သူကို ပိုပြီးဒုက္ခပေးလာဦးမှာပဲ။ ပြည်သူက ဒါနဲ့ပတ်သက်ပြီး ပိုပြီးရင်ဆိုင်ကြုံတွေ့ရနိုင်တယ်။ ပြည်သူလူထုတွေနဲ့ တော်လှန်ရေး အင်အားစုတွေက ဒီဟာကို ပိုပြီး သတိပြု ကြိုတင်ပြင်ဆင်ပြီးတော့ လုပ်ဆောင်ထားသင့်ပါတယ်။

စစ်တပ်က ပြည်သူ့စစ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အကောင်အထည်ဖော်ပြီး အသုံးချလာနိုင်မယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးလှုပ်ရှားမှု ဘောင်တွေလည်း ကျဉ်းလာနိုင်တယ်။ စစ်ရေးစီမံချက်တွေကိုလည်း သူတို့ ဘက်က အားနည်းအောင် လုပ်ဆောင်လာနိုင်တယ်။ ဒါ့အပြင် မြို့ပြတွေမှာဆိုရင် ပြည်သူ့စစ်တွေကို အခုသူတို့လုပ်နေတဲ့ ပူးပေါင်းစစ်ဆင်ရေးတွေ၊ သူတို့ရဲ့ လျော့နည်းလာတဲ့ လုံခြုံရေးအင်အားတွေနေရာမှာ အသုံးပြုတာတွေ အခုထက်ပိုပြီး ရမ်းကားတဲ့ စစ်ဆေးမှုတွေ၊ ပြည်သူတွေအပေါ် ငွေညှစ်အကျပ်ကိုင်တာတွေ သူတို့လုပ်နေတဲ့ တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်တာတွေ စတဲ့ ဖိနှိပ်မှုတွေကို ပြည်သူ့စစ်တွေရဲ့ အင်အားနဲ့ပေါင်းပြီး ပိုပြီးတော့ တိုးမြှင့်လုပ်ဆောင်လာနိုင်တယ်။
တကယ်တော့ အကြမ်းဖက်စစ်တပ်လုပ်နေတဲ့ ပြည်သူ့စစ်ဆိုတာက ပြည်သူတွေကို အတင်း စစ်ပွဲထဲကို ဆွဲခေါ်တယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကို ထိပ်တိုက် ထိတွေ့ခိုင်းတယ်။ သူတို့ ပြည်သူ့စစ်ဆိုပြီး အတင်းဆွဲခေါ်ထားတဲ့သူတွေကလည်း ပြည်သူတွေပဲ ဖြစ်တယ်။ သူတို့က ပြည်သူတွေကို ပြည်သူ့စစ်ဆိုပြီး အတင်းအဓမ္မစုဆောင်းပြီးတော့ ကျွန်မတို့ ပြည်သူတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ရိုက်ထိတွေ့စေတယ်။ ကျွန်မတို့ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ကြားမှာ အကျပ်ရိုက်မှုတွေဖြစ်အောင် ပြည်သူတွေကို ဓားစာခံလိုမျိုး ပိုပြီးထိခိုက်သေကျေအောင် လုပ်ဆောင်နေတာဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ စစ်တပ်ရဲ့ ပြည်သူ့စစ်ဖွဲ့စည်းဖို့ လုပ်ဆောင်နေမှုရဲ့ အကြီးမားဆုံး အကျိုးဆက်အနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူလူထုတွေကြားထဲ သူတို့က နည်းလမ်းပေါင်းစုံသုံးပြီးတော့ ထိုးခွဲလာနိုင်တယ်။ ဒီထိုးခွဲလာနိုင်တဲ့ အနေအထားတွေကို ကျွန်မတို့တွေက သတိကြီးကြီးထားပြီး ပြင်ဆင်မှုတွေကို လုပ်ဆောင်ဖို့အတွက် လိုအပ်လာပြီလို့မြင်ပါတယ်။

မေး။ စစ်တပ်ဟာ ပြည်သူ့စစ်အဖွဲ့တွေကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ စုဖွဲ့မှုတွေ လုပ်ဆောင်မှုရှိပါသလဲ။ လက်ရှိပြည်သူ့စစ်စုဆောင်းမှုတွေက မင်းအောင်လှိုင်တို့အနေနဲ့ အဓိက ဘာကို ရည်ရွယ်ပါသလဲ။ ရှေ့ဆက်ပြီး ဘာတွေဖြစ်လာနိုင်ပါသလဲ။ ဒီပြည်သူ့စစ်တွေက မင်းအောင်လှိုင်အတွက် ယုံကြည်အားထားရတဲ့ အင်အားစုတွေ ဖြစ်လာနိုင်ပါသလား။

ကိုဝင်းနိုင်စိုး (CDM ဗိုလ်ကြီး)

ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်တဲ့ အဓိကရည်ရွယ်ချက်က စစ်ရေးလှုပ်ရှားမှုတွေမှာ ပြည်သူတွေ ပါဝင်ဖို့ ရည်ရွယ်တယ်။ ပြည်သူ့စစ်ဆိုတာက ပြည်သူများ၏ စစ်ပွဲလို့လည်း အဓိပ္ပါယ်ကောက်နိုင်ပါတယ်။ အခု ကျွန်တော်တို့ တော်လှန်ရေးက ပြည်သူများ၏ စစ်ပွဲမဟုတ်ဘူး။ အာဏာရှင်စနစ်ကို နောက်ဆုံးအကြိမ် အမြစ်ဖြတ်မယ့် နောက်ဆုံးတိုက်ပွဲ ဖြစ်ပါတယ်။ ပြည်သူ့စစ်ဖွဲ့တဲ့ အဓိကရည်ရွယ်ချက်က သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ ပြည်သူလူထုတွေ ပါဝင်ဖို့ရည်ရွယ်တယ်။

ရှမ်းပြည်နယ်ဘက်မှာဆိုရင် ယခင်တည်းက ဖွဲ့ထားတဲ့ ပြည်သူ့စစ်တွေရှိတယ်။ ပြည်သူ့စစ်ကို လေးမျိုးလောက် ဖွဲ့ထားတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အတွင်းသို့ ပေါင်းစည်းထားသော ပြည်သူ့စစ်ဆိုရင် BGF တွေလို့ နားလည်တယ်။ ပြီးတော့ စစ်တပ်အတွင်းသို့ ပေါင်းစည်းထားခြင်းမရှိသော ပြည်သူ့စစ်ပေါ့နော်။ သူတို့ကတော့ EAO တွေကနေ အချင်းချင်း မသင့်မြတ်လို့ ပြန်ခွဲထွက်လာတဲ့သူတွေကို သူတို့လက်နက်တွေနဲ့ပဲ ပြည်သူ့စစ်ဆိုပြီး ဖွဲ့ပေးထားတာကတော့ တပ်မတော်အတွင်းသို့ ပေါင်းစည်းထားခြင်းမရှိသော ပြည်သူ့စစ်ပါ။ ကျွန်တော်ဆိုရင် သူတို့နဲ့ ပေါင်းပြီး အလုပ်တွေလုပ်ခဲ့ရပါတယ်။

နောက်တစ်ခုက အခုလက်ရှိဖြစ်ပေါ်နေတဲ့ ပဲခူးတိုင်းထဲကလို ပြည်သူ့စစ်တွေကို ခေါ်တာပေါ့။ စစ်တပ်က ထိန်းချုပ်လုပ်ဆောင်သော ရပ်ရွာအခြေပြု ပြည်သူ့စစ်ပေါ့နော်။ စစ်တပ်ကထောက်ပံ့ထားတဲ့ ပြည်သူ့စစ်လို့လည်း ခေါ်တယ်။ ပြည်သူ့စစ်တွေရဲ့ အားသာချက်က တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းကို စုံစမ်းဖော်ထုတ်ဖို့ အထောက်အကူရတယ်။ နောက်ပြီး ပြည်သူ့စစ်တွေက ဒေသအလိုက်မှာ နယ်မြေ ကျွမ်းကျင်မှုရှိတယ်။ တိုင်းရင်းသားဒေသတွေမှာဆိုရင် ဘာသာစကား အားကိုးရတယ်။ ရပ်ရွာလူထုရဲ့ နိုင်ငံရေး၊ စီပွားရေး၊ စစ်ရေး ခံယူချက်တွေက ဘယ်လောက်အထိရှိတယ် ဆိုတာကို သိခွင့်ရတယ်။

အကြမ်းဖက်စစ်တပ်အတွက် လူအင်အား၊ လက်နက်အင်အားက ပြီးခဲ့တဲ့ ၂၀၂၃ ရဲ့ နောက်ဆုံး ၄ လပတ်ထဲမှာ မယုံနိုင်စရာကောင်းအောင် တော်လှန်ရေးရဲ့ Changes တစ်ခုဖြစ်လောက်အောင် ပြောင်းလဲခဲ့ပါတယ်။ နယ်မြေတွေအများကြီး ဆုံးရှုံးလိုက်ရတော့ စစ်တပ်က ဒီအင်အားယုတ်လျော့မှုတွေကို အစားထိုးနိုင်ဖို့ လုပ်တယ်လို့မြင်တယ်။ သူတို့ အဓိကရည်ရွယ်တာကတော့ သူတို့ရဲ့ စစ်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ဖြစ်ပြီး ဒေသဖွံ့ဖြိုးဖို့ ဆိုတာက တမင်ခေါင်းစဉ်တပ်တာပါ။ အဓိကက သူတို့ လူအင်အားနည်းနေတဲ့အတွက် ပြည်သူ့စစ်တွေကို ဖွဲ့စည်းတာပဲဖြစ်ပါတယ်။
ပြည်သူ့စစ်လေးမျိုးထဲက ရပ်ရွာအခြေပြု ပြည်သူ့စစ်မှာ အဓိက သတင်းစုံစမ်းဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ လက်နက်တပ်ဆင်မပေးတဲ့ အဖွဲ့တွေရှိတယ်။ စစ်တပ်က လုပ်ဆောင်ချက်တိုင်းမှာ ရည်ရွယ်ချက်တော့ရှိတယ်။ ဒါကို ကျွန်တော်တို့ သတိပြုရမယ်။ ဘာလို့လက်နက်တပ်ဆင်မပေးတာလဲဆိုရင် မလိုအပ်သေးလို့ တပ်ဆင်မပေးတာလို့ပဲ နားလည်ပါတယ်။ အခုကတော့ မနူးမနပ် ပြည်သူ့စစ်တွေပေါ့ဗျာ။ သူတို့အင်အားက ၁၀၀ အောက်တွေပဲ ဖြစ်မှာပါ။ ရွာတစ်ရွာမှာ ရွာရဲ့လူဦးရေနဲ့ အဓိက လုပ်လာနိုင်တာကတော့ သူတို့ကျေးရွာ အဝင်အထွက် သတင်းအချက်အလက်တွေယူမယ်။ တော်လှန်ရေးရဲ့ လှုပ်ရှားမှုကို အဓိက သိချင်လို့ ပြည်သူ့စစ်တွေကို ဖွဲ့တယ်။ အခြေအနေကောင်းရင် တပ်မတော်ကို ဘယ်လိုသဘောထားလဲ၊ နိုင်ငံအပေါ်ဘယ်လိုသဘောထားလဲ သုံးသပ်ပြီးတော့ ယုံကြည်မှု အဆင့်အတန်းရှိရင် ရှိသလိုမျိုး လက်နက်တွေ တပ်ဆင်သွားမယ်လို့ ထင်မြင်ယူဆပါတယ်။
စစ်ကောင်စီအတွက်အားထားရမယ့် အင်အားစုတွေ ဖြစ်လာနိုင်သလားဆိုတာကရှင်းပါတယ်။ သူတို့က ဘယ်လိုလုပ် ယုံမလဲဗျာ။ သူတို့နဲ့ အတူနေ၊ အတူစားပြီး အမိန့်တစ်ခုတည်းအောက်မှာ အတူနေခဲ့တဲ့ သူတွေတောင်မှ သူတို့ရဲ့ လုပ်ရပ်တွေက မှားတယ်ဆိုတာ လက်ခံပြီးတော့ ဒီဘက်မှာ ဘက်ပြောင်းပြီး လာနေကြတဲ့ အခြေအနေရှိတယ်။ အဲ့ဒီတော့ ရပ်ရွာအခြေပြု မနူးမနပ် ပြည်သူ့စစ်တွေမှာက ပြဿနာတွေ အများကြီးရှိပါတယ်။ တပ်ထဲမှာ အတူနေတဲ့ သူတွေတောင်ယုံကြည် အားကိုးရမှု မရှိတာကို ပြည်သူထဲကနေ ပြည်သူ့စစ်ဖြစ်လာတဲ့သူတွေက သူတို့အတွက် အားကိုးရတဲ့သူတွေဖြစ်ဖို့ မလွယ်ပါဘူး။

#PeoplesGoal
#ပြည်သူ့ပန်းတိုင်
#အတွေးအခေါ်လမ်းအစီအစဉ် #ပြည်သူ့စစ်
“အသွင်သစ် ပြည်သူ့စစ်စုဆောင်းမှုအရေး ဘယ်လိုကာကွယ်ဖြေရှင်းကြမလဲ”
အပိုင်း (၂)

(၂၀၂၄ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်းအစီအစဉ် အပိုင်း (၉၅) စကားဝိုင်း အနှစ်ချုပ်)

မေး။ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်ဟာဆိုရင် ပြည်သူ့စစ်စုဆောင်းမှုကနေ ဘယ်လိုမျိုး ကာကွယ်မှုတွေ လုပ်နိုင်သလဲ။ စစ်ကောင်စီရဲ့လက်အောက်ကို ပြည်သူ့စစ်အနေနဲ့ စုဆောင်းခံရလို့ ရောက်သွားတဲ့သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာ ကြားခံပြဿနာတွေ မဖြစ်အောင် ဘယ်လိုမျိုး သတိပြုပြင်ဆင်ဖို့ လိုအပ်ပါမလဲ။ ပဲခူးတိုင်းဒေသကြီးမှာ ပြည်သူ့စစ်စုဆောင်းမှုတွေကို လုပ်နေတာ ဘယ်သူတွေလဲ။ စစ်တပ်ကပဲ တိုက်ရိုက်လုပ်နေတာလား။

ကိုဝေယံ (ပဲခူးတိုင်း ပကဖ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ)

ဒီအပိုင်းမှာ အချက်နှစ်ချက်လောက် ပြောချင်တယ်။ ပထမအချက်က တော်လှန်ရေး အင်အားစုတွေပေါ့နော်။ တော်လှန်ရေး အင်အားစုတွေက ပြည်သူလူထုကြားမှာ ဒီထက်ပိုပြီး ထိတွေ့ပြီးတော့ သူတို့ရဲ့ရပ်ရွာနေအိမ်တွေအနီးမှာ ချဉ်းကပ်နိုင်လောက်တဲ့ အနေအထားကို ရောက်ရှိအောင်သွားဖို့ လိုအပ်တယ်လို့ ပထမအချက်အနေနဲ့ ကျွန်တော်မြင်တယ်။ ဒုတိယအချက်ကတော့ မင်းအောင်လှိုင်အနေနဲ့၊ ကျရှုံးနေတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ သူတို့ပြည်သူ့စစ်ကို အရင်ကပဲ ရှိထားရှိထား၊ နောက်မှပဲဖွဲ့ဖွဲ့ သေချာတာက ရာခိုင်နှုန်းနဲ့တွက်ရင် သုံးဆယ်ရာခိုင်နှုန်းလောက်တောင် ယုံဖို့က မလွယ်ဘူးဆိုတာ သေချာပါတယ်။

ဘာကြောင့်လဲဆိုတော့ လက်ရှိ ယူနီဖောင်းအတူတူ ဝတ်ထားပြီးတော့ သူတို့တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ လူတွေအပေါ် မှာတောင် ၅၀ လောက်ပဲ သူတို့ယုံကြည်မှု ရှိတော့တယ်ဆိုတာကို ကျွန်တော်တို့ ကြားသိထားရတယ်။ ဒုတိယအချက်မှာ ကျွန်တော်တို့ဘက်က ဘာတွေပိုလုပ်နိုင်ရင် ပိုကောင်းမလဲဆိုတော့ PDF တပ်တွေဖွဲ့တာက တော်လှန်ရေးရဲ့ လိုအပ်ချက်ဖြစ်တယ်ဆိုတာ ကျွန်တော်မငြင်းဘူး။ အခုလို အခြေအနေမျိုးမှာ ကျွန်တော်တို့က ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ) တွေနဲ့ ပတ်သက်လို့က သူကတော့ စစ်တပ်မဟုတ်ဘူးဗျ။ ပကဖဆိုတာက မိမိမြို့နယ်၊ မိမိရပ်ရွာအလိုက် စုဖွဲ့ထားတဲ့ အင်အားစုတွေပေါ့။ သို့သော် သူတို့က လက်နက်ကိုင်ဆောင်ထားရတဲ့ သူတွေဖြစ်တာပေါ့။

ကျွန်တော်တို့က အများနားလည်အောင် ရိုးရိုးရှင်းရှင်းပြောကြမယ်ဆိုရင် ပကဖဆိုတာက ဒေသကာကွယ်ရေးတပ်အဖွဲ့ ပုံစံမျိုးပဲ ကျွန်တော်တို့ သဘောပေါက်တယ်။ ဒီထက်ပိုတဲ့ နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ်တွေတော့ ရှိတာပေါ့။ သို့သော် လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ အံဝင်ခွင်ကျဖြစ်မှုကို နှိုင်းယှဉ်ပြီးပြောတဲ့ အခါမှာတော့ ပကဖတွေက ဒေသဆိုင်ရာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တယ်လို့ ခံယူထားတယ်ဆိုပါစို့။ ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီဘက်က ပြည်သူတွေကို ခေါ်ယူသင်တန်းပေး လက်နက်တပ်ဆင်တဲ့ လုပ်ရပ်မျိုးတွေကို လုပ်ဆောင်လာပြီဆိုရင် ကျွန်တော်တို့ ဘက်ကလည်း PDF တပ်ရင်း တပ်မကြီးတွေကိုသွားနေကြတဲ့ တော်လှန်ရေး ရဲဘော်တွေရှိသလို ကျေးရွာနေ ပြည်သူလူထုတွေကို ပကဖ အဖြစ် အင်အားစုဖွဲ့ပြီးတော့ ကျွန်တော်တို့ဘက်က သင်တန်းတွေပို့ချ သင်တန်းတွေပေးပြီးတော့ လက်နက်တွေ တပ်ဆင်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့က ရန်သူထက် ခြေတစ်လှမ်း ပိုသာတဲ့ အနေအထားမှာ ရှိတယ်လို့ ကျွန်တော့်အမြင်ကို ပြောကြားလိုပါတယ်။

ဒီအချက်နှစ်ချက်ကို ပြန်ပေါင်းပြီးပြောရမယ်ဆိုရင်တော့ အဓိက ဒီနေ့ တော်လှန်ရေးအောင်မြင်နေတာက ပြည်သူလူထု ပါဝင်ပူးပေါင်းလို့ အောင်မြင်နေတာဖြစ်တယ်။ ပြည်သူလူထုကလည်းပဲ စစ်ကောင်စီကို ရတဲ့နည်းနဲ့ တော်လှန်ချင်နေကြတဲ့သူတွေပေါ့။ အထူးသဖြင့် ပဲခူးတိုင်းသားတွေဆိုရင် စစ်အာဏာရှင်ကို ဘယ်လောက်အထိ မုန်းတီးနေကြလဲဆိုတာကတော့ ကျန်တဲ့တိုင်းတွေပြည်နယ်တွေထက် မပိုရင်သာရှိပါမယ်။ ကျန်တဲ့တိုင်းတွေ ပြည်နယ်တွေလိုပဲ ပဲခူးတိုင်းသားတွေကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့နေရာမှာ ပြတ်သားမှုရှိပါတယ်။

အဲဒီလိုအနေအထားမျိုးမှာ ပြည်သူလူထုဟာ ကျွန်တော်တို့ရဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ အဓိက ပံ့ပိုးကူညီပေးနေတဲ့ သူတွေဖြစ်တယ်။ သတင်းအချက်အလက်တွေကအစ ပြည်သူလူထုသည် ပူးပေါင်းပါဝင်မှု ရှိတဲ့အတွက် ကျွန်တော်တို့ရဲ့ တော်လှန်ရေးအရွေ့က ဒီနေ့အထိရောက်လာတယ်လို့ပြောရင် မမှားပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူလူထုကို ကိုယ့်ဘက်ကိုပါလာအောင် ဘယ်လိုဆွဲဆောင်နိုင်သလဲဆိုတာကို ရိုးရိုးသားသားဝန်ခံပါရစေ၊ ကျွန်တော်ဉာဏ်မှီသလောက်စဉ်းစားကြည့်တဲ့အခါ ကျွန်တော်တို့က ဒေသဆိုင်ရာ ပကဖတွေနဲ့ ပူးပေါင်းပြီးတော့ ပကဖတွေကို ရပ်ကျေးတွေမှာ အင်းအား တိုးချဲ့ ဖွဲ့စည်းပြီးတော့ လက်နက်တပ်ဆင်ပေးနိုင်ရင် ပြဿနာရဲ့ အစိတ်အပိုင်းတော်တော်များများက ပြီးဆုံးသွားနိုင်မလားလို့ ကျွန်တော်အနေနဲ့ ယူဆပါတယ်။

အဲ့မှာတစ်ခု ပြောချင်တာက ဒီကနေ့ လက်ရှိတော်လှန်ရေးမှာ ဖြတ်သန်းနေကြတဲ့ မြေပြင်က ခေါင်းဆောင်များ၊ လက်ရှိမြေပြင်မှာရှိနေတဲ့ ပြည်သူလူထုများကတော့ ညံ့လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ သူတို့က ကျွန်တော်တို့ထက် ပိုပြီးတော်တဲ့အရာတွေရှိပါတယ်။ တချို့သောကိစ္စတွေဟာ ကျွန်တော်တို့က ထိုင်ပြီးစိုးရိမ်နေတာထက် သူတို့က ကျွန်တော်တို့ကို ပြန်ပြီးနှစ်သိမ့်နေတာတွေရှိပါတယ်။ ဘာမှမစိုးရိမ်ပါနဲ့၊ သူတို့
အချိတ်အဆက်တွေရှိပါတယ်။ ပြည်သူလူထုတွေနဲ့ သူတို့ဘယ်လို နီးနီးကပ်ကပ်ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေ သူတို့ ကြားသိနေရတာဖြစ်တဲ့အတွက် ကျွန်တော်ကဒီအပေါ်မှာ စိုးရိမ်စိတ်နည်းပါး ပါရစေ။

ပဲခူးတိုင်း ပြည်သူ့စစ်စုဆောင်းနေမှုမှာ အသွင်နှစ်ခုတွေ့ရပါတယ်။ တချို့သော မြို့နယ်တွေမှာ စစ်တပ်က တိုက်ရိုက်လုပ်ပါတယ်။ တချို့မြို့နယ်တွေမှာတော့ စစ်တပ်နဲ့ အိုးစားဘက် သူ့ရဲ့ လက်တွဲဖော် ဩဇာခံတွေက လုပ်ဆောင်ပါတယ်။

မေး။ လက်ရှိစစ်ကောင်စီတပ်က ပြည်သူ့စစ်စုဖွဲ့ဖို့လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ပြည်သူတွေသိရှိဖို့ သတိပြုသင့်တဲ့ သတင်းအချက်အလက်တွေ ဘယ်လိုမျိုး ကျယ်ကျယ်ပြန့်ပြန့် အသိပေးဖို့ လိုအပ်ပါသလဲ။

မမေသဲ (ဗဟိုဦးဆောင်ကော်မတီဝင်မင်္ဂလာတောင်ညွန့်မြို့နယ်သပိတ်ကော်မတီ)

အခု စစ်ကောင်စီက အကောင်အထည်ဖော်နေတဲ့ ပြည်သူတွေကို စစ်မှုထမ်းခိုင်းမယ့် ဥပဒေပေါ့နော်။ ပြည်သူ့စစ်မဟာဗျူဟာဆိုတဲ့ဟာက နအဖ ဥက္ကဌ သန်းရွှေလက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေကို လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကောင်အထည်ဖော်မယ်ဆိုပြီး ပြောနေတာရှိပါတယ်။ ဒီဥပဒေဆိုတာက တရားမဝင် စစ်အစိုးရက ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ ဒီဥပဒေမှာဆိုရင် အသက် ၁၈ နှစ် ကနေ ၃၅ နှစ် အထိ နိုင်ငံသားတွေကို ၂ နှစ် စစ်မှုထမ်းခိုင်းမယ်။ အရေးပေါ်အခြေအနေဖြစ်လာရင် ၅ နှစ်အထိ သတ်မှတ်မယ်လို့ ပြဌာန်းထားပါတယ်။ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကို ပျက်ကွက်ရင် ထောင်ဒဏ် ၅ နှစ်အထိ ကျခံနိုင်တယ် စသည်ဖြင့်ပေါ့ဆိုတော့ ပြည်သူလူထုတွေအနေနဲ့ အခုလိုမျိုး ပြည်သူ့စစ် စုဆောင်းခံရတဲ့အခါမှာ ဖက်စစ်စစ်တပ်ရဲ့ လက်တစ်လုံးခြားဥပဒေတွေကို ရှောင်ရှားငြင်းဆန်နိုင်ဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် လူငယ်တွေအနေနဲ့ အတင်းအဓမ္မဖိအားပေးပြီး စစ်သားစုဆောင်းခံရနိုင်မှုများပါတယ်။ တကယ်လည်းလုပ်နေပါပြီ။

ဒီနေရာမှာ သက်ဆိုင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ NUG၊ MOD တို့အနေနဲ့ စစ်မှုထမ်းဥပဒေမှာ ပါတဲ့အချက်တွေကို အကျိုးဆက်တွေက ဘာတွေလဲဆိုတာကို ပြည်သူလူထုသိအောင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဖို့လိုတယ်။ အဲ့ဒါအပြင် ဒီဟာတွေကို လုပ်နေတဲ့ စစ်ကောင်စီကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာ တိတိကျကျ ညွန်ကြားဖို့လိုပါတယ်။ ကျွန်မတို့ ပြည်သူတွေကတော့ အမြဲတမ်းတာဝန်ကျေပါတယ်။ ၂၀၂၁ အာဏာသိမ်းချိန်ကစပြီး ပြည်သူက သူလုပ်ရမယ့်တာဝန်ကို အမြဲတမ်း မပျက်မကွက် လုပ်ဆောင်ခဲ့ကြတယ်။ အခုလိုပြည်သူ့စစ် မတရားစုဆောင်းခံရတဲ့ဟာမှာလည်း သေချာတာကတော့ ပြည်သူတွေက တော်လှန်ရေးအင်အားစုတွေကို ထောက်ခံအား‌ပေးတဲ့သူတွေ ဖြစ်တယ်။ တော်လှန်ရေး အင်အားစုတွေဘက်ပဲ ရပ်တည်တဲ့ပြည်သူတွေဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ မတရားဖိအားပေးပြီး စုဆောင်းခံရတော့ စစ်ကောင်စီဘက်မှာ ပါဝင်လုပ်ဆောင်ချင်တဲ့ သူဆိုတာမရှိပါဘူး။

စစ်ကောင်စီရဲ့ လက်တစ်လုံးခြားဥပဒေတွေ၊ ဖိနှိပ်မှုတွေကြောင့် ပြည်သူတွေဟာ ဒီအထဲမှာ မဖြစ်မနေ ပါဝင်လာရတာရှိလာနိုင်ပါတယ်။ ဒီအခါ ဘာတွေလုပ်ဖို့လိုတယ်ဆိုတာကို သက်ဆိုင်တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေက ညွှန်ကြားချက်တွေ တိတိကျကျပေးရပါမယ်။ စတင်ပြီးစုဆောင်းခံရပြီဆိုရင် ဘာစလုပ်မလဲ။ သင်တန်းပေးတဲ့အချိန် ရောက်ပြီဆိုရင် ဘာလုပ်မလဲ။ မြေပြင်ကို တာဝန်ပေးပြီးလွှတ်ပြီဆိုရင် ဘာလုပ်မလဲ စတာတွေကို တိကျတဲ့ကာလအပိုင်းအခြားတွေ သတ်မှတ်ပြီးတော့ ဘာတွေက တော့ သတိပြုရမယ်။ ဘာတွေကတော့ လုပ်ကိုင်ဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့ဟာတွေ၊ ဒီလိုမျိုးလုပ်ခံရရင် ဘယ်သူတွေကို ဆက်သွယ်ပြီး ပြောဆိုလို့ရတယ်ဆိုတဲ့ဟာကို ပြည်နယ်၊ မြို့နယ်၊ တိုင်းအလိုက် ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးလုပ်ဆောင်ဖို့ လိုလာပါပြီ။ ပြည်သူကို ဒီအကြောင်းတွေ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေက ကျယ်ကျယ်ပြန့်ပြန့် အသိပေးဖို့ မဖြစ်မနေလိုနေပါပြီ။

ပြည်သူတွေက ကိုယ့်ရဲ့ သဘောထားမပါပဲနဲ့ အတင်းအဓမ္မ ဖိအားပေးခိုင်းစေတာတွေ ခံလာရနိုင်တယ်။ စစ်မှုထမ်းခြင်းကနေ ကာကွယ်ပေးတဲ့ နိုင်ငံတကာဥပဒေတွေရှိမယ်။ သဘောတူထားတဲ့အချက်တွေရှိမယ်။ ဒါတွေကို ပြည်သူလူထုကို သိအောင်ဖြန့်ဝေပေးဖို့ လိုအပ်တယ်။ ပြည်သူတွေအနေနဲ့ တရားဥပဒေဆိုင်ရာအခွင့်အရေးတွေအကြောင်းကို အသိပညာရှိနေဖို့လိုပါတယ်။ ဒါ့ကြောင့် ပညာပေးအစီအစဉ်တွေ အခုအချိန်မှာ မဖြစ်မနေ လုပ်ဖို့လိုလာပါပြီ။ ပြည်သူတွေအနေနဲ့ မိမိကိုယ်တိုင်မကဘဲ မိမိပတ်ဝန်းကျင်ကိုပါ ဒီလိုမျိုးစစ်သားစုဆောင်းခံရရင် တိုင်တန်းလို့ ဖြေရှင်းလို့ရမယ့် ယန္တရားတွေကို လေ့လာထားဖို့လိုအပ်ပါတယ်။ အသက်မပြည့်သေးပဲ ကလေးစစ်သားအဖြစ် စုဆောင်းခံရတာတွေ ဆိုရင် ကမ္ဘာ့ကြက်ခြေနီလို အဖွဲ့မျိုးတွေ၊ UNICEF လိုမျိုးအဖွဲ့တွေ၊ အကူအညီပေးနိုင်မယ့် NGO အဖွဲ့တွေကို ဆက်သွယ်တိုင်တန်းပြီး ဖြေရှင်းကြိုးစားသင့်တယ်။ ဒါမျိုးတွေဖြေရှင်းဖို့ ဆိုတာကို ပြည်သူတွေကို သိအောင်လို့ အသိပညာပေးဖို့လိုတယ်။ တော်လှန်ရေးမှာပါဝင်ပြီး ဦးဆောင်နေတဲ့သူတွေက ဒီလိုမျိုးလုပ်ခံရပြီဆိုရင် ဘယ်ကိုဆက်သွယ်ရမယ်။ ဒါတွေကို တိတိကျကျပြောထားဖို့လိုတယ်။
ကျွန်မတို့ပြည်သူတွေအားလုံးက တော်လှန်ရေးထဲမှာ စိတ်ဝင်တစားပါဝင်နေကြတဲ့သူတွေဖြစ်တယ်။ တော်လှန်ရေးနဲ့ပတ်သက်ပြီးအဆက်အသွယ်တွေလည်း ရှိကြတယ်။ ဆက်သွယ်ဖို့လည်း ကြိုးစားကြတယ်။ ဒါပေမယ့် ဘယ်ကိုဆက်သွယ်ရမှန်းမသိတာကိုက ဘာကိုဆက်သွယ်ရမယ်၊ ဘာလုပ်ရမယ်ဆိုတာက အခုအချိန်မှာ တိတိကျကျ ပြောဖို့လိုနေပါပြီ။ ပြီးတော့ မီဒီယာတွေကလည်း ဒီစစ်ကောင်စီရဲ့ စစ်မှုထမ်းခြင်းဆိုင်ရာဥပဒေတွေ၊ ကျင့်ထုံးတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ပြည်သူတွေကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့ မီဒီယာတွေရဲ့ အားကလည်း အရေးတကြီးကို လိုအပ်တယ်။ မီဒီယာတွေက ဒါတွေကို ပြည်သူတွေဆီရောက်အောင် ဖြန့်ဝေပေးဖို့လိုအပ်ပါတယ်။ ဒီဟာတွေကို ပြည်တွင်းမှာသာမကဘူး ပြည်ပနိုင်ငံတကာ မီဒီယာတွေကိုပါ ဒီစစ်မှုထမ်းခြင်းဆိုင်ရာဥပဒေတွေ နဲ့ ဆန့်ကျင်တဲ့ လူထုရဲ့အမြင်တွေ ကို စည်းရုံးတာတွေ၊ လှုံ့ဆော်တာတွေလုပ်ဖို့ လိုအပ်ပါတယ်။

နောက်ပြီး ကျွန်မမြင်တာက Social Media ပါပဲ။ ကျွန်မတို့နိုင်ငံမှာ Social Media ကအားကောင်းတဲ့အတွက် Social Media ကနေ လှုပ်ရှားမှုလည်း လိုနေပြီ။ ဒီအတင်းအဓမ္မ စုဆောင်းမှုတွေနဲ့ပတ်သက်ပြီး ဇာတ်လမ်းတွေ၊ ပုံတွေ ၊ သတင်းအချက်အလက်တွေ စသည်ဖြင့် အဲ့တာတွေကို Social Media ပလက်ဖောင်းတွေက နေပြီးတော့ အသိပညာတွေ မြှင့်တင်ပေးဖို့လိုအပ်တယ်။ ကျွန်မတို့ Social Media ကိုအသုံးပြုပြီးတော့ ပြည်သူကို ထိထိရောက်ရောက် အသိပညာ ပေးနိုင်မယ်လို့ထင်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြည်သူအချင်းချင်း ပံ့ပိုးကူညီမှုကလည်း အရေးကြီးပါတယ်။

အတင်းအဓမ္မ စစ်မှုထမ်းရတဲ့လူတွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ ကျွန်မတို့ကြားမှာ ဘယ်လိုကွန်ယက်တွေ ချိတ်ဆက်ကြမလဲ။ နယ်တွေမှာသာမက မြို့ပြတွေမှာပါ ဒါတွေက ဖြစ်လာနိုင်တယ်။ မဖြစ်သေးတဲ့နေရာတွေမှာလည်း ကျမတို့က ကွန်ယက်တွေ ချိတ်ဆက်ဆောင်ရွက်ကြမယ်။ လုံခြုံတဲ့နေရာတွေလည်း ဖြစ်ကောင်းဖြစ်မယ်၊ တရားရေးဆိုင်ရာ အကူအညီတွေယူတာ ဖြစ်ကောင်းဖြစ်မယ်။ ပြည်သူတွေအနေနဲ့ လုပ်နိုင်တာကဒါတွေပဲပေါ့နော်။ ကျမတို့ပြည်သူတွေက ကွန်ယက်တွေမှာ ချိတ်ဆက်ပြီး ဘယ်လိုမျိုး ကာကွယ်လုပ်ဆောင်ကြမလဲ။ ပြည်သူတွေအချင်းချင်း ဆက်သွယ်လှုံ့ဆော်မှုတွေလည်း လိုအပ်လာပါပြီ။

မေး။ စစ်ကောင်စီအတွက် ပြည်သူ့စစ်စုဆောင်းနေမှု လုပ်ရပ်တွေကနေ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံပြည်သူတွေ သတိပြုကာကွယ်ရမယ့်အချက်က ဘာတွေပါလဲ။ အတင်းအကျပ် စုဆောင်းခံရတဲ့ ပြည်သူ့စစ်တွေကို တော်လှန်ရေးမှာ အထောက်အကူဖြစ်လာအောင် ဘယ်လိုမျိုး ပြင်ဆင် လုပ်ဆောင်သင့်ပါသလဲ။ ပြီးခဲ့တဲ့ ၆ လအတွင်းမှာ အတင်းအကျပ် လူသစ်စုဆောင်းမှုတွေရှိလား။ အခုက တိုးလာပါသလား။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာဒီလိုမျိုး တွေက ဖြစ်လာတာပါလား။

ကိုဝင်းနိုင်စိုး (CDM ဗိုလ်ကြီး)

ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ကထောက်ပံ့တာတွေ မယူဖို့လိုတာပါတယ်။ ပြီးရင် ကျေးရွာအလိုက် ပြည်သူ့စစ်တာဝန်ထမ်းဆောင်ဖို့မရှိဘူး ဆိုတဲ့ဟာကို ကမ္ဘာကသိအောင် ဆန္ဒပြရပါမယ်။ အခုက အတင်းအကျပ်စုဆောင်းတာတွေလုပ်နေတဲ့ အဲ့ဒီဒေသကနေ ရှောင်ကြတယ်။ အကြမ်းဖက်စစ်တပ် လက်အောက်မှာတော့မနေဘူး။ တော်လှန်ရေးအဖွဲ့တွေနဲ့ပဲ လာပေါင်းမယ်ဆိုပြီး အင်အား လေးငါးခြောက်ဆယ်လောက် မြေပြင်မှာ လာပူးပေါင်းတဲ့အဖွဲ့တွေလည်း ရှိပါတယ်။ အကြမ်းဖက်စစ်သားတွေကတော့ သံသယစိတ်များတယ်။ ရပ်ရွာအခြေပြု ပြည်သူ့စစ်တွေနဲ့ ရောပြီး စစ်သားတွေက ရပ်ရွာထဲမှာ လာနေတာတွေ သတင်းစုံစမ်းတာတွေ ရှိလာနိုင်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေက ရွာအဝင်၊ အထွက် သွား/လာ စစ်ရေးလှုပ်ရှားမှုတွေကတော့ သတိထားဖို့ပေါ့နော်။ လှုပ်ရှားတဲ့အခါ အခြေပြုပြည်သူ့စစ်တွေ ဖွဲ့စည်းမှုကြောင့် ယခင်ကထက်ပို ပြီး နယ်မြေတွေကျဉ်းလာနိုင်တယ်။ တော်လှန်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေးကို အားပေးတဲ့ ပြည်သူ့စစ်တွေရှိမယ်ဆိုရင်တော့ သေချာလေးချိတ်ဆက် ဆောင်ရွက်ကြရင်တော့ ပိုပြီး အဆင်ပြေမယ်လို့ထင်ပါတယ်။

ပြည်သူ့စစ်ကိုပြန်ပြီးတော့ ဘက်ကူးပြောင်းနိုင်ဖို့ကိုလည်း ဖက်စစ်တပ်လက်အောက်မှာ မနေဘူးဆိုရင် ဘက်ကူးပြောင်းပြီးတော့ လာလို့ရမယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ပထမပိုင်းမှာ ကျွန်တော်တို့က စစ်တပ်ထဲမှာရှိနေခဲ့တယ်။ သူတို့ အဲဒီအခြေအနေမှာတည်းက သူတို့ရဲ့ ဖွဲ့စည်းပုံက ယိုင်နဲ့နဲ့ ဖြစ်နေပြီပေါ့နော်။ အခုနောက်ပိုင်းမှာ သူတို့စခန်းတွေကျတယ်။ တိုက်ပွဲတွေ ရှုံးနိမ့်တာတွေရှိတယ်။ နယ်မြေတွေအများကြီး ဆုံးရှုံးသွားတာတွေရှိတယ်။ ဒီလို အင်အားမလုံမလောက်ဖြစ်တဲ့ အခြေအနေမျိုးမှာ သူတို့က ပြည်သူ့စစ်မဟာဗျူဟာကို မဖြစ်မနေအကောင်အထည်ဖော်မယ်ဆို ပြီးတော့ ရှေ့ဆက်တိုးလာတာဖြစ်တယ်။ ဒီအပေါ်မှာ တော်လှန်ရေးအပေါ်ကို သစ္စာရှိပြီးတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းချိတ်ဆက်ဖို့ရှိရမယ်။ ဆက်သွယ်ရေးစနစ်လိုလာရင် ယခင်က အင်္ဂလိပ်နဲ့ တရုတ်နဲ့ဖြစ်တဲ့ စစ်ပွဲတွေ၊ ယခင့်ယခင်က တိုက်ပွဲတွေဆိုရင် သူတို့ တရုတ်တော်လှန်ရေးအဖွဲ့တွေက ပေါက်စီထဲကို စာလေးတွေညှပ်ပြီး တော်လှန်ရေးသမား အချင်းချင်းဆက်သွယ်ကြရတယ်။ အခုလို အိုင်တီခေတ်ကြီးမှာက Group ထဲထည့်လိုက်တာနဲ့ ကိုယ့်လူဖြစ်သွားတယ်။ အဲလိုဆက်သွယ်မှု စနစ်တွေအရမ်းကောင်းတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တော်လှန်ရေး တပ်ပေါင်းစုအဖွဲ့ရဲ့ ပြည်သူ့စစ်ဖြစ်နိူင်ပါတယ်လို့ ပြောချင်ပါတယ်။
ဒီ ၁၀၂၇ စစ်ဆင်ရေးကြီးမှာ အကြမ်းဖက်စစ်တပ်ဖက် ကျရှုံးသွားရတဲ့ အဓိကအချက်ကလည်း ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုမရှိလို့ပါပဲ။ ကျွန်တော်တို့ ရှေ့တန်းတုန်းကဆိုရင် ပြည်သူတွေက ရန်သူတွေလာပြီလို့ကို ပြောကြတာ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အားလုံးကို နားလည်အောင် ချပြထားတာဖြစ်ပါတယ်။ ဒီလို ပြည်သူရဲ့ အားပေးထောက်ခံမှု မရရှိရင် တိုက်ပွဲက သေချာတယ် ရှုံးမှာ။ ဒါကြောင့် သူတို့က တိုင်းရင်းသား ပြည်နယ်တွေမှာ ပြည်သူ့စစ်တွေရှိတာတောင်မှ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ပြည်သူ့စစ်ကလည်း တဖန်ပြန်ပြီးရှိနေတော့ သူတို့ကနယ်မြေတွေဆုံးရှူံးပြီး တိုက်ပွဲတွေ ရှုံးရတာဖြစ်ပါတယ်။

အခုလက်ရှိ ပြည်မထဲမှာ ပြည်သူ့စစ်တွေက ပြီးခဲ့တဲ့ ၆ လအတွင်းကလည်း ရှိခဲ့ပါတယ်။ စစ်ကိုင်းဘက်မှာလည်း ဝါသဝ ဦးဆောင်ပြီး ပြည်သူ့စစ်တွေ ဖွဲ့တာပဲ။ စစ်တပ်က အင်အားလိုတော့ စစ်ကြောင်းတွေထဲမှာ ပြည်သူ့စစ်တွေကို ထည့်ပြီး တိုက်ခိုင်းတယ်။ ပြည်သူ့စစ်တွေက လက်နက်နဲ့ လေ့ကျင့်ထားတာမရှိဘဲနဲ့ ရှေ့ကြည့် ညာညှိလောက်နဲ့ ရှေ့တန်းမှာ သွားတိုက်ရတဲ့အခါမှာ အစုလိုက်အပြုံလိုက် ကျဆုံးတာတွေလည်းရှိပါတယ်။ အခုနောက်ပိုင်းမှာ ပြည်သူ့စစ်တွေကို အဓိက ဖွဲ့နေတဲ့ အပိုင်းက သတင်းရဖို့က ပေါ့။ ဒုတိယက သူတို့အတွက် လိုအပ်တဲ့ အင်အား စစ်ကြောင်းတွေနေရာမှာ ဝင်ပြီးတော့ ဖြည့်သွားမှာပါ။

တိုက်ပွဲမှာ ကျဆုံးမှုတွေရှိလာရင် ဖွဲ့စည်းပုံတွေပါ ဂယောက်ဂယက်ဖြစ်ကုန်တာ။ တပ်ထဲမှာ လက်ရှိက ဖွဲ့စည်းပုံ တော်တော်ပျက်နေတာ၊ အင်အားက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့အချိန်မှာ ပြည်သူ့စစ်တွေကို ဖော်ဆောင်မယ်။ အရင်ဆုံး သတင်းတွေရပြီ၊ သူတို့လည်း ယုံကြည်မှုရှိပြီဆိုရင် စစ်ကြောင်းတွေထဲ ညှပ်ထည့်ပြီး တိုက်ခိုင်းမှာပါ။ အဲ့တော့ တိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်းမြှောက်ပေးသလို ပြည်သူအချင်းချင်း မြှောက်ပေးမှာဖြစ်ပါတယ်။ ရန်တိုက်ပေးမြှောက်ပေးတဲ့နေရာမှာ စစ်တပ်က နှစ်ယောက်မရှိဘူး။ ဒီတိုက်ပွဲက ရှင်းတယ်။ ပြည်သူတွေနဲ့ အာဏာရှင်၊ အာဏာရှင်ရဲ့ ဒေါက်တိုင်တွေကို အမြစ်ဖြတ်တဲ့ ပွဲဖြစ်ပါတယ်။ ပြည်သူအချင်းချင်းပြန်တိုက်စရာ အကြောင်းကတော့မရှိပါဘူး။

#PeoplesGoal
#ပြည်သူ့ပန်းတိုင်
#အတွေးအခေါ်လမ်းအစီအစဉ်
#ပြည်သူ့စစ်
Forwarded from AA Info Desk
Media is too big
VIEW IN TELEGRAM
အာရက္ခ (၁)
တေးရွီး - အောင်ဗန်းဝီ
ယနေ့ကျရောက်သော (၇၆) နှစ်မြောက် ကရင်အမျိုးသားနေ့အား လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီက ကြိုဆိုဂုဏ်ပြုပါသည်။
#GSCN #လူမျိုးပေါင်းစုံ #ကရင#Karen #KarenNationalDay #ကရင်အမျိုးသားနေ့