အဆိုတော်အီတိုး အပါအဝင် ဦးတေဇပိုင် ၉ မိုင်ခြံတွင်နေထိုင်သူတချို့ အဖမ်းခံရ
DVB
နိုင်ငံကျော်အဆိုတော် ဇော်ဝင်းထွဋ်ရဲ့သားဖြစ်သူ အဆိုတော်အီတိုးကို စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၈ ရက်နေ့ ညပိုင်းက ဖမ်းဆီးခဲ့ပါတယ်။ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မရမ်းကုန်းမြို့နယ် နဝဒေးလမ်း နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ ၉ မိုင်မှာရှိတဲ့ ဦးတေဇပိုင်ခြံဝန်းမှာနေထိုင်တဲ့ ကလေးငယ်တစ်ဦးအပါအဝင် လူငယ်တချို့ကိုလည်း ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ ဖမ်းဆီးခံရသူတွေကို ရေကြည်အိုင်စစ်ကြောရေးကို ခေါ်ဆောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အီတိုးရဲ့ မိသားစုဝင်တစ်ဦးကလည်း "အသက်အရွယ် တစ်ခုရောက်လာကြပြီဆိုတော့ တော်ရုံဆို သိပ်မတုန်လှုပ်ပဲ ခံနိုင်ရည်ရှိလာပြီလို့ ထင်ထားခဲ့ကြတာ… ခုနှစ်ပိုင်းတွေမှာ စိတ်ညစ်စရာ၊ စိတ်ရှုတ်စရာတွေ များလွန်းလို့ ဒီထက်တော့ ပိုမဆိုးနိုင်တော့ဘူးလို့လည်း ထင်ထားခဲ့ကြတာ… ဒီတစ်ကွက်တော့ အားလုံး အရှိုက်ကိုထိတယ်…အစစ အရာရာ အဆင်ပြေပြီး…အန္တရာယ်ကင်း ပါစေ"လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
#dvbtvnews #အီတိုး

“တော်လှန်လူထုရှိနေသရွေ့ တော်လှန်ရေးဆက်ရှိနေမယ်”
ဧပြီ ၁၄၊ ၂၀၂၃
#အတာ
နွေဦးတော်လှန်ရေးဟာ လူငယ်တွေအများစု ဦးဆောင်ခဲ့မှုကြောင့်သာ ယနေ့ထိတိုင် ရှေ့ဆက်နေဆဲဖြစ်တယ်ဆိုတာ အားလုံးမျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။ ပါဝင်တော်လှန်နေကြသူအားလုံးဟာ တစုံတဦး တစုတဖွဲ့ရဲ့ အတင်းအကြပ်စေခိုင်းခဲ့မှုကြောင့် ပါဝင်ခဲ့ကြတာမျိုးမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ရဲ့ မတရားမှုကို တွန်းလှန်လိုမှု၊ ဖိနှိပ်အကြမ်းဖက်မှုကို တော်လှန်လိုမှုစတဲ့ ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက် ရပ်တည်ချက်တွေနဲ့ ပါဝင်တော်လှန်ခဲ့ကြတာဖြစ်ပါတယ်။
ပါဝင်နေကြတဲ့တော်လှန်လူထုအားလုံးနီးပါး ကိုယ်စီကိုယ်စီ မိမိတို့ချစ်မြတ်နိုးကြတဲ့ တန်ဖိုးထား ပိုင်ဆိုင်ခဲ့ရတဲ့ လူပုဂ္ဂိုလ်ဖြစ်စေ၊ အရာဝတ္ထုပစ္စည်းကိုဖြစ်စေ စွန့်ပစ်ခွဲခွာခဲ့ရပြီး မိမိတို့ရဲ့ ကိုယ်ပိုင်ရပ်တည်ချက် ခံယူချက်တွေကိုပဲ ပြတ်သားစွာရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
တချို့ဆို မိဘတွေနဲ့တောင်အတိုက်အခံလုပ်ပြီး မိဘနဲ့အိမ်ကိုပစ်ကာ တော်လှန်ရေးကိုရွေးချယ်ခဲ့ကြသူတွေ၊ အကြမ်းဖက်စစ်အုပ်စုကြောင့် ကိုယ်လက်အင်္ဂါမစုံတော့တဲ့သူတွေ၊ ချစ်ရသူတွေနဲ့ ထာဝရခွဲခွာခဲ့ရသူတွေ၊ ရှာဖွေစုဆောင်းတန်ဖိုးထားရတဲ့ပစ္စည်းဥစ္စာဖျက်ဆီးခံခဲ့ရသူတွေ ဒုနဲ့ဒေးလိုလိုပါပဲ။
🔲ယခင်(NLD)အစိုးရအာဏာပြန်ရရေးသက်သက်မဟုတ်
ဆုံးရှူံးစရာဆိုလို့ အသက်တမျှပဲ ကျန်ကြတဲ့သူတွေတောင် စစ်အာဏာရှင်စနစ်အောက်မှာ အသက်ဆက်ရမှာကိုပဲ ပိုကြောက်ကြတာမို့ “အသက်သေရင်သေပါစေ စစ်အာဏာရှင်စနစ်ပြုတ်ကျရမယ်” ဆိုတဲ့ ပြတ်သားရဲရင့်တဲ့ စိတ်ပိုင်းဖြတ်ထားကြသူတွေပါ။
စစ်အုပ်စုရဲ့အကြမ်းဖက်ဖြိုခွင်းနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် (ပြည်ပအပါအဝင်) လူမျိုးစုတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအသီးသီးထံအရိပ်ခိုကာ စစ်ပညာသင်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးကိုရွေးချယ်ခဲ့ကြစဉ်တုန်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လည်း မပေါ်ပေါက်ခဲ့သေးသလို လက်နက်ကိုင်တော်လှန်ရေးကိုဝင်ရောက်ကြဖို့ နိုင်ငံရေးသမားတွေလော်ဘီတွေရဲ့ အတင်းအကြပ်စေခိုင်းမှုကြောင့်လည်းမဟုတ်ခဲ့ဘူးဆိုတာ တော်လှန်လူထုအားလုံးအသိပဲဖြစ်မှာပါ။
ဒါကြောင့်မို့ လက်ရှိသွားနေတဲ့တော်လှန်ရေးခရီးဟာ “ယခင်(NLD)အစိုးရ အာဏာပြန်ရရေးသက်သက်အတွက် အသက်ပေးစတေးနေတာမဟုတ်” သည့်အပြင် NLD ဖြစ်စေ၊ CRPH ဖြစ်စေ၊ NUG/NUCC ဖြစ်စေ ဘသူရှိရှိမရှိရှိ လူထုတော်လှန်ရေးဟာ “အာဏာရှင်စနစ်ဟူသမျှ အမြစ်ပြတ်သည်အထိ” ဆက်လက်ရှိနေမှာဖြစ်တယ်ဆိုတာ တော်လှန်ပြည်သူအားလုံးအသိပဲဖြစ်ပါတယ်။
ဒါကို စစ်အုပ်စုရဲ့ဝါဒဖြန့်လော်ဘီတွေမှာ အနီအစိမ်းနိုင်ငံရေးပြဿနာသဖွယ် NLD နဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျဆုံးရေးကိုသာ ဦးထိပ်ထားပြီး တော်လှန်ရေးသမားတွေကို အကြမ်းဖက်ဖိနှိပ်နေတာဟာ စစ်အုပ်စုရဲ့ “မဟာ့မဟာအမှားကြီး” တရပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း စစ်အုပ်စုဟာ ယနေ့ထိတိုင် လူထုတော်လှန်ရေးကို ဘယ်လိုမှအလဲမထိုးနိုင်ရခြင်း ဖြစ်ပါတယ်။
>>> ဆက်ရန်ရှိသည်...မျှော်