MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြီး (၈၈) ရက်မြောက်နေ့တွင် ရက္ခိုင်ဒေသတွင်း တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။ ရှမ်းမြောက်ဒေသ၌မူ မိမိတို့ဖက်မှ စတင်ထိုးစစ်ဆင်ခြင်းများ မရှိခဲ့သော်လည်း စစ်ကောင်စီသည် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းများအပြင် မြေပြင်မှလည်း အလစ်အငိုက်ထိုးစစ်များကိုပါ ပြုလုပ်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများသည် တအာင်းဒေသအတွင်း ဖြစ်ပွားခဲ့သည်။

ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ ထပ်မံဖြည့်တင်းလာသည့် စစ်အင်အားများနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသကဲ့သို့ ရက္ခိုင့်တပ်တော်၏ မဟာဗျူဟာကျစစ်ရေးလှုပ်ရှားရာ စစ်ကိုင်းတိုင်းတွင်လည်း တိုက်ပွဲများ ရှိနေခဲ့သည်။

(၁) ယနေ့၊ နေ့လယ် (၁) နာရီ (၁၀) မိနစ်အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား (၉) မိုင်နှင့် လွယ်ဆာကုန်ကျေးရွာအနီးတစ်ဝိုက်သို့ ဂျက်ဖိုက်တာဖြင့် (၁) ကြိမ်နှင့် ATR-42 လေယာဉ်ဖြင့် (၁) ကြိမ် လာရောက်၍ ဗုံး (၁၀) လုံးတိတိ ပစ်ချတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ကလည်း တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား (၈) မိုင်သို့ စစ်ကောင်စီဖက်မှ “ဟိုင်ဂင်သဘောတူညီမှု” ကို ချိုးဖောက်၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း ရန်သူ့လက်နက် (၄) လက်အား မိမိတို့မှ သိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီမှုများကို ကျိုးပျက်စေလိုသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ ရန်စမှုများကို ပြုလုပ်နေသော်လည်း မိမိတို့အနေဖြင့် သည်းခံနေ၍သာ တိုက်ပွဲများ ကျယ်ပြန့်မသွားခြင်းပင်ဖြစ်သည်။

(၂) ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ "ခမရ (၂၆၃) တပ်ရင်း” သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သပြေတောကျေးရွာအား တမင်တကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး (၁၀) လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤသို့အကြမ်းဖက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ဒေသခံအမျိူးသမီး (၁) ဦးအပါအဝင် အမျိုးသား (၂) ဦးတို့မှာ လက်နက်ကြီးကျည်စထိမှန်ခဲ့၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(၃) ယနေ့တွင် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ “ဓညဝတီရေတပ်ဌာနချုပ်စခန်း” အား ရက္ခိုင့်တပ်တော် (AA) မှ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။ (အထိအခိုက်အကျအဆုံးအရေအတွက်များနှင့် အပျက်အစီးများကို လောလောဆည် မသိရသေးပေ။)

(၄) ရက္ခိုင်ပြည်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်လျက်ရှိပြီး စစ်ရေးအရှိန်မြင့်တက်လျက်ရှိသည်။

အရှုံးနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ယနေ့တွင်လည်း ပေါက်တောမြို့အား မီးရှို့ဖျက်ဆီးခဲ့သည်။ အလားတူပင် မင်းပြားသို့ ရေကြောင်းမှ အင်အားဖြည့်တင်းလာသည့် ရန်သူ့နေဗီသင်္ဘောများမှလည်း မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများအား လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြပြန်သည်။

နောက်ဆက်တွဲတိုက်ပွဲသတင်းများအနေဖြင့်--

(၅) ရက္ခိုင့်တပ်တော် နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် ဒေသခံပူးပေါင်းတပ်များ၏ ဟန်ချက်ညီထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးကို ရှမ်းမြောက်ရှိ မိုးမိတ်မြို့နှင့် ထိစပ်နေသည့်"မဘိမ်းမြို့"တွင်ဖော်ဆောင်နိုင်ခဲ့သည်။ မဘိမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား မိမိတို့စုပေါင်းအဖွဲ့မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး မဘိမ်းမြို့အား ဇန်နဝါရီလ (၂၁) ရက်နေ့မှစတင်၍ မိမိတို့မှ အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

(၆) အလားတူပင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၌လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော်တို့ သည် ထီးချိုင့်ပတ်ဝန်းကျင်ရှိ ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးတွဲစစ်ဆင်ရေးကို အတူတကွစုပေါင်းပြီး ဟန်ချက်ညီ ထိုးစစ်အား ဆင်နွှဲလျက်ရှိနေသည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲတိုက်ပွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၉) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့၊ ည (၁၁:၁၅) အချိန်တွင် ထုတ်ပြန်သည်။

ရှမ်းမြောက်ဒေသမှ စတင်ခဲ့သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြီးသည် သုံးလပြည့်ခါနီးပြီဖြစ်သကဲ့သို့ လက်ရှိမှာ အခြေအနေအရ အရွေ့ပုံစံဖြင့် ဆက်လက်ချီတက်နေဆဲဖြစ်သည်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်သည့် ကိုးကန့်ဒေသတွင် မိမိတို့ အုပ်ချုပ်စီမံရေးယန္တရားဖြင့် လည်ပတ်သက်ဝင်စေရန်အတွက် စတင်ဆောင်ရွက်လျက်ရှိနေသည်။

တအာင်းဒေသအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက်လက်ရှိနေခဲ့ကာ အရပ်သားပြည်သူထိခိုက်သေဆုံးမှုများမှာလည်း ဆက်ရှိနေခဲ့သည်။

ထို့အပြင် ရက္ခိုင်ဒေသ၌ မြို့နယ်အချို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ ရက္ခိုင်ဒေသတွင်း စစ်ပန်း၍ စစ်ရေးမယှဉ်နိုင်သည့် စစ်ကောင်စီဖက်မှ ရေကြောင်း၊ လေကြောင်းဖြင့် ရက်ဆက်အင်အားဖြည့်တင်းခြင်းတို့ကို မပြတ်လုပ်ဆောင်နေသည့်အတွက် စစ်ဘောင်ကျယ်ပြန့်လာမည့်အသွင် ရှိနေသည်။

အလားတူပင် မိတ်ဖက်အဖွဲ့များနှင့် ရက္ခိုင့်တပ်တော်၏ ပူးတွဲစစ်ရေးလှုပ်ရှားရာ စစ်ကိုင်းတိုင်း အပါအဝင် တခြားဒေသအချို့တွင်လည်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ ရှိနေခဲ့သည်။

(၁) ယနေ့တွင်လည်း ရက္ခိုင်ပြည်၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များ၌ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲအချို့ရှိခဲ့သည်။ မင်းပြားမြို့ပေါ်သို့ ရန်သူ့နေဗီသင်္ဘောများမှ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ ချေမှုန်းနိုင်ခဲ့သည်။

(၂) ရက္ခိုင်ပြည်၊ မြောက်ဦးအခြေစိုက် စစ်ကောင်စီလက်အောက်ခံ “ခမရ (၃၇၇) တပ်ရင်း” မှ ယနေ့၊ ည (၇) နာရီ (၃၀) မိနစ်အချိန်ခန့်က အရပ်သားပြည်သူများနေထိုင်ရာ မြောက်ဦးမြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါလက်နက်ကြီးကျည်အချို့မှာ အောင်မင်္ဂလာရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နာရီဝက်ခန့်နီးပါး မီးလောင်ခဲ့ရကာ လူနေအိမ် (၆) လုံးမှာ ပြာကျပျက်စီးခဲ့ရသည်။

တစ်ဆက်တည်းမှာပင် ရမ်းဗြဲနှင့် အမ်းမြို့နယ်များတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေခဲ့သည်။


(၃) ရက္ခိုင်ပြည်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် မြေပုံမြို့နယ်များတွင်လည်း စစ်ကောင်စီဖက်မှ စစ်ရေးပြင်ဆင်မှုများနှင့် စစ်အင်အားတိုးချဲ့နေရာချထားမှုများအား ဆက်တိုက်လုပ်ဆောင်လာနေသည်ကို တွေ့ရသည်။

(၄) စစ်ရှိန်မြင့်တက်နေသည့် ရက္ခိုင်ဒေသအပါအဝင် ရှမ်းမြောက်နှင့် ထိစပ်နေသည့် နေရာအချို့တွင် စစ်ကောင်စီသည် ဆက်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြတ်တောက်ထားသည့်အတွက် အရပ်သားပြည်သူများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိသည်။

နောက်ဆက်တွဲတိုက်ပွဲသတင်းများအနေဖြင့်

(၅) ပလက်ဝဒေသတွင်းရှိ စစ်ကောင်စီစခန်းများအား ရက္ခိုင့်တပ်တော် (AA) မှ ချေမှုန်းသုတ်သင်ခဲ့စဉ် အိန္ဒိယနယ်စပ်သို့ ထွက်ပြေးလွတ်မြောက်သွားကြသည့် ရန်သူ့တပ်ဖွဲ့ဝင်အချို့အားလည်း စစ်ကောင်စီမှ ရက္ခိုင်ဒေသတွင်းရှိ စစ်မျက်နှာစာအသီးသီးတွင် နေရာချထားရန် စစ်ရေးပြင်ဆင်လျက်ရှိနေသည်။

ယခင်အင်အား (၄၀၀) ကျော်ခန့်သည်လည်း လက်ရှိရက္ခိုင်စစ်မျက်နှာပြင်အနှံ့တွင် ရက္ခိုင့်တပ်တော်နှင့် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီးဖြစ်သည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
ယနေ့တစ်ရက်တည်းတွင် ရန်သူသည် ရမ်းဗြဲမြို့ပေါ်ရပ်ကွက်နှင့် အနီးတစ်ဝိုက်နေရာများသို့ ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်များဖြင့် (၃၃) ကြိမ်ထက်မနည်း တရစပ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လေကြောင်းတိုက်ခိုက်မှု အများဆုံးနေ့တစ်နေ့ဖြစ်ခဲ့ရသည်။ ထိုသို့တိုက်ခိုက်မှုအတွင်း လူနေအိမ်၊ အဆောက်အအုံနှင့် ချောင်ကူးတံတားအချို့ ထိမှန်ပျက်စီးခဲ့ရသည်။ ထို့အပြင် ရမ်းဗြဲမြို့မရဲစခန်းနောက်ဘက်ရှိ ရမ္မာဝတီစျေးဆိုင်တန်းမှ ဆိုင်ခန်း (၆) ခန်းကျော်မှာ လည်း စစ်ကောင်စီ၏လက်နက်ကြီးထိမှန်ခဲ့၍ မီးလောင်ပျက်စီးခဲ့ရသည်။

(၅) ရက္ခိုင်ပြည်၊ မောင်တောအခြေစိုက် စစ်ကောင်စီ၏ “မောရဝတီဗျူဟာ” မှ ယနေ့၊ နံနက် (၉) နာရီ (၄၀) မိနစ်အချိန်ခန့်၌ အရပ်သားပြည်သူများနေထိုင်ရာ မြို့နှင့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် (၆) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက် ခဲ့ပြန်သည်။ အဆိုပါစခန်းသည် မိမိတို့ပြည်သူလူထုအား လက်နက်ကြီးအားကိုးဖြင့် နှစ်ရှည်လများ အနိုင်ကျင့် ဗိုလ်ကျနေ သည့် ရန်သူ့တပ်စခန်းကြီးပင်ဖြစ်သည်။

ထိုသို့အကြမ်းဖက်ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် (၁) လုံးမှာ မောင်တောမြို့နယ်၊ ဇော်မတက်အုပ်စု၊ ကိုင်းကြီး (မြို) ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် (၁၅) နှစ်အရွယ် ဒေသခံမိန်းကလေးငယ် (၁) ဦးအပါအဝင် (၁၀) နှစ်အရွယ်ယောကျာ်းလေး (၁) ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဤသို့ ပြည်သူလူထုကိုသတ်ဖြတ်နေသော စခန်းများ ကိုလည်း မိမိတို့မှ မနှေးအမြန် တိုက်ခိုက်သိမ်းယူသွားမည်ဖြစ်သည်။

ယမန်နေ့၊ နောက်ဆက်တွဲသတင်းများအနေဖြင့်

(၆) ရက္ခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ “စကခ (၁၅)” မှ ယမန်နေ့၊ ညနေ (၅) နာရီ (၂၀) မိနစ်အချိန်ခန့်က အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့တမင်တကာပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ မောင်နှမပုလဲတောင်ရွာကြီးမှ အရွယ်မ‌ရောက်သေးသော မွတ်ဆလင်ညီအစ်ကို (၃) ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်။ ထို့အပြင် ကလေးငယ် (၂) ဦး အပါအဝင် (၈) ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့၊ ည (၁၁:၄၀) အချိန်တွင် ထုတ်ပြန်သည်။

ညီနောင် (၃) ဖွဲ့ထဲမှ ကိုးကန့်နှင့် တအာင်းဒေသများ၌ စစ်ကောင်စီယန္တရားများတွင် မိမိတို့အုပ်ချုပ်စီမံရေးယန္တရားများဖြင့် အစားထိုးလည်ပတ်ရန် ကြိုးစားနေသော်လည်း ရက္ခိုင်ဒေသအတွင်း၌မူ တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။ အထူးသဖြင့် စစ်ကောင်စီသည် ရမ်းဗြဲမြို့တစ်မြို့လုံးအား ပျက်စီးသွားစေရန်ရည်ရွယ်ချက်ဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများကို ယမန်ရက်ကနည်းတူ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် လူနေအိမ်အချို့မှာ မီးလောင်ပျက်စီးမှုရှိခဲ့သည်။

စစ်ရှုံးစစ်ကောင်စီသည် ပေါက်တောမြို့တစ်မြို့လုံးနီးပါး ပျက်စီးအောင် ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုမျိုးဖြင့် ပြုလုပ်ခဲ့သည့်နည်းတူ ရမ်းဗြဲမြို့ကိုလည်း ပြုလုပ်လိုသည့်ပုံပေါက်နေသည်။ မိမိတို့အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ မပျက်စီးရလေအောင် မြို့တွင်းတိုက်ပွဲများကို အတတ်နိုင်ဆုံးရှောင်ရှား၍ တိုက်ပွဲဝင်လျက်ရှိသည်။

၁၀၂၇ စစ်ဆင်ရေးကြီးသည် (၉၁) ရက်မြောက်နေ့သို့ ရောက်ရှိလာကာ ဤနေ့တွင်လည်း စစ်ကောင်စီ၏ အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများမှ အရပ်သားပြည်သူ ထိခိုက်၊ သေဆုံးမှုများနှင့် နေအိမ်အဆောက်အအုံပျက်စီးမှုတို့မှာ ယခင်ရက်များနည်းတူ ဆက်လက်ရှိနေခဲ့သည်။

(၁) တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်မြို့နယ်၊ ပိန်ပြစ်ကျေးရွာသို့ ယနေ့၊ ညနေ (၅) နာရီ (၁၀) မိနစ်အချိန်ခန့်၌ စစ်ကောင်စီဖက်မှ စစ်ကား (၄) စီးဖြင့် ဝင်ရောက်လာပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ တစ်ဖက်သတ်ထိုးစစ်ဆင်မှုကြောင့် ရုတ်ချည်းရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရသည်။

(၂) ရက္ခိုင်ပြည်၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲအချို့ ဆက်လက်ရှိနေခဲ့သည်။ မင်းပြားတိုက်ပွဲ၌ ရန်သူ့ဘက်မှ ကြည်း၊ ရေ၊ လေ ထိုးစစ်ဖြင့် တစ်ပြိုင်နက်တည်း ခုခံကာကွယ်လျက်ရှိခဲ့သည်။ စစ်မြေပြင်အနေအထား၌ တစ်ပန်းသာနေသည့် ရက္ခိုင့်တပ်တော်မှ မင်းပြားသို့ စစ်ကူလာသည့် ရန်သူ့နေဗီသင်္ဘောများအား ဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်။

ရက္ခိုင့်စစ်မျက်နှာစာ၌ အရှုံးကို ထိပ်တိုက်ရင်ဆိုင်နေရသည့် စစ်ကောင်စီ၏ မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာအနီးတွင် ရပ်နားထားသည့် နေဗီသင်္ဘောသည် ယနေ့၊ နံနက် (၁၁) နာရီအချိန်ခန့်က အနီးဝန်းကျင်ကျေးရွာများအား လက်နက်ကြီးများဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ လက်နက်ကြီးကျည်များအထဲမှ အချို့သည် မင်းပြားမြို့နယ်၊ ဇီးပင်ကြီးကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် (၁၃) နှစ်အရွယ်မိန်းကလေးငယ် (၁) ဦးအပါအဝင် မိသားစုဝင် (၃) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

(၃) ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် မြေပြင်တိုက်ပွဲကြီးကြီးမားမားမရှိသော်လည်း အောက်တန်းကျ၍ ယုတ်မာသော စစ်ကောင်စီဖက်မှ Y-12 လေယာဉ်များဖြင့် ရမ်းဗြဲမြို့တွင်းသို့ လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချမှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို အဓိကပြုလုပ်ပြီး ရမ်းဗြဲမြို့ကိုသာ တစ်ဖက်သတ် အဓိကဦးတည်တိုက်ခိုက်လျက်ရှိသည်။

(၄) ရက္ခိုင့်တပ်တော် (AA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့မှ ‌ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးတွဲစစ်ဆင်ရေးလှုပ်ရှားနေသည့် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင်လည်း စစ်ကောင်စီသည် လေကြောင်းမှ အဓိကတိုက်ခိုက်ခြင်းမျိုးကိုသာ ပြုလုပ်နေရသည်။

ယမန်နေ့၊ နောက်ဆက်တွဲသတင်းများအနေဖြင့်

(၅) ယမန်နေ့၊ ညနေ (၆) နာရီအချိန်ခန့်က မင်းပြားမြို့နယ်၊ ကြပ်စင်မြစ်ထဲရှိ စစ်ကောင်စီ၏နေဗီသင်္ဘောမှ သဲတန်းကျေးရွာသို့ တမင်တကာရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၎င်းကျေးရွာမှ အသက် (၅၀) ကျော်အရွယ် ဒေသခံအမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၁) ဦးတို့မှာ သေဆုံးခဲ့ရသည်။ ထို့အပြင် ‌ဒေသခံ (၇) ဦးတို့သည် လည်း အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
အသက် (၂၃) နှစ်အရွယ် မွတ်ဆလင်အမျိုးသမီး (၁) ဦးသည် ဘယ်ဘက်ရင်အုံပွင့်ထွက်ခဲ့ကာ ပွဲချင်းပြီးသေဆုံးခဲ့ရသည်။ ထို့အပြင် ၎င်းကျေးရွာမှ ရွာသား (၇) ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၃) ရက်မြောက်နေ့ (သို့မဟုတ်) (၃) လပြည့်တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်မှ ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက် အထိ စစ်ဆင်ရေးသုံးလတာပြည့်သည့်တိုင် မိမိတို့၏စစ်ဆင်ရေးရည်မှန်းချက်များမှာ ပွိုင့်ဇီးရိုးဇီးရိုးဝမ်း (.001) မျှပင် လျော့နည်းသွားခြင်းမရှိဘဲ မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူရှိနေပါကြောင်း မိမိတို့ညီနောင်မဟာမိတ်(၃) ဖွဲ့၏ မြန်မာပြည်သူလူထု တစ်ရပ်လုံးအပေါ်ထားရှိသည့် မပြောင်းမလဲသော သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA


War News on Operation 1027 on its 93rd Day (Three-Month Anniversary)


Released Time: At 12:00 pm on Jan 27, 2024

Our military targets and determination have not deviated, not even by Point .001, since the initiation of Operation 1027 on October 27, 2023, up to today, January 27, 2024, marking its triumphant three-month anniversary. The Three Brotherhood Alliance earnestly declares that we stand unwaveringly with the people of Myanmar in their pursuit of eradicating the military dictatorship, the ultimate aspiration of the people.

We will provide ongoing real-time updates on battle reports.

The Three Brotherhood Alliance
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ရေး၊ နိုင်ငံ‌ရေး ရည်မှန်းချက်များသည် အတိုင်းအတာတစ်ခုထိ ပြည့်ဝခဲ့ပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးမှလည်း ဝမ်းသာပီတိဖြစ်ရသည်မှာ အမှန်ဖြစ်သော်လည်း မိမိတို့၏ အလုံးစုံသောဘုံရည်မှန်းချက်ပြည့်ဝရန်အတွက်မူ ဆက်လက်ချီတက်ရအုံးမည်ဖြစ်သည်။

ယနေ့တွင် ကိုးကန့်နှင့် တအာင်းဒေသများတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရသော်လည်း ရက္ခိုင်ဒေသ၌မူ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

(၁) ယခင်ရက်များနည်းတူ ရက္ခိုင်ပြည်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်‌‌တော် (AA) နှင့် စစ်ကောင်စီတို့ကြား ကြိုကြားကြိုကြားတိုက်ပွဲများ ရှိနေခဲ့သည်။

ယနေ့တွင် ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရက္ခိုင်ဒေသ၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ “ခမရ (၃၈၀) တပ်ရင်း” အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်။ ရန်သူသည် နေ့စဉ်ရက်ဆက် စခန်းတစ်ခုပြီးတစ်ခု စွန့်လွှတ်နေရသည့်အတွက် အဆိုပါတပ်ရင်းအား လေကြောင်းမှ ပစ်ကူပေးခြင်းနှင့် ရေကြောင်းမှ စစ်အင်အားဖြည့်တင်း ခြင်းတို့ဖြင့် အသည်းအသန်ခုခံခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ထိုးစစ်အောက်၌ တပ်ရင်းတစ်ခု ထပ်မံကျဆုံးခဲ့ရပြန် သည်။

(၂) ရက္ခိုင်ဒေသ၌ စစ်ရေးစစ်ရာတွင် လုံးဝယှဉ်ပြိုင်နိုင်ခြင်းမရှိတော့သည့် စစ်ကောင်စီသည် မြို့၊ ရပ်ရွာနှင့် ပြည်သူလူထုကိုသာ အဓိကဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ယခင်ကထက်ပိုမိုမိုက်ရူးရဲဆန်စွာ ပြုလုပ်လာလျက်ရှိသည်။ အထူးသဖြင့် ရှေးဟောင်းအမွေအနှစ် အထွတ်အမြတ်ထားရာ မြောက်ဦးမြို့အား ရန်သူသည် အငြိုးအတေးဖြင့် လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများကို ပြုလုပ်လျက်ရှိသည်။ ယမန်နေ့၊ ည (၁၀) နာရီဝန်းကျင်အချိန်ခန့်ကလည်း ရက္ခိုင်ပြည်၊ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၃၇၇) နှင့် (၅၄၀) တပ်ရင်း” အပါအဝင် “အမှတ် (၃၁) ရဲ တပ်ရင်း” တို့မှ မြောက်ဦးမြို့အား ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါပစ်ခတ်မှုကြောင့် အပြစ်မဲ့ဒေသခံအရပ်သား ပြည်သူ (၄) ဦး သေဆုံးခဲ့ရပြီး (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် မြို့ပေါ် ရပ်ကွက်မှ နေအိမ် (၂၀) ကျော်မှာလည်း မီးလောင်ပျက်စီးခဲ့ရသည်။

အလားတူပင် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား မြေပြင်ထိတွေ့တိုက်ပွဲ ကြီးကြီးမားမားဖြစ်ပွားခြင်းမရှိဘဲ မြို့ကိုပြိုပျက်စေရန် တမင်အကြမ်းဖက်၍ စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်မှာ ရက်သတ္တတစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်သည်။ စစ်ကောင်စီသည် လေ‌ကြောင်းမှ ဂျက်ဖိုက်တာများဖြင့် ဓာတုအဆိပ်ငွေ့သုံး၍ ကြဲချပစ်ခတ်တိုက်ခိုက်ခြင်းများထိပါ ပြုလုပ်လာလျက်ရှိသည်။ ထို့အပြင် ရမ်းဗြဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် တမင်တကာပစ်ခတ်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်နေဆဲဖြစ်သည်။

ယမန်နေ့၊ နောက်ဆက်တွဲသတင်းများအနေဖြင့်

(၃) ယမန်နေ့၊ နံနက် (၆) နာရီ (၄၀) မိနစ်အချိန်ခန့်မှစ၍ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် ၊ ကြာညိုပြင်တံတားစခန်းအနီးတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကာ ယနေ့တွင်လည်း တိုက်ပွဲမှာ ဆက်လက်ရှိနေခဲ့သည်။ ရန်သူ့ဖက်မှ အထိအခိုက်၊ အကျအဆုံးအချို့ရှိခဲ့သည်။

(၄) ရက္ခိုင်ပြည်၊ စစ်တွေအခြေစိုက် စစ်ကောင်စီ၏ “ခမရ (၂၃၂) နှင့် (၃၄၄) တပ်ရင်း” များမှ ယနေ့၊ နေ့လယ် (၂) နာရီ ဝန်းကျင်တွင် အရပ်သားပြည်သူများနေထိုင်ရာမြို့၊ ရပ်ရွာများသို့ လက်နက်ကြီးများဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။ ထိုသို့ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်အချို့သည် မင်းပြားမြို့နယ်၊ ငါးစင်ရိုင်းချောင်းအုပ်စု၊ ခွဆုံကျေးရွာနားရှိ လယ်ကွင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ ဥယျာဉ်လုပ်ကိုင် နေကြသည့် ဒေသခံအမျိုးသား (၃) ဦးတို့မှာ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။

အလားတူပင် ယမန်နေ့ ည (၈) နာရီခွဲအချိန်ခန့်၌လည်း စစ်ကောင်စီ ၏ Y 12 လေယာဉ်သည် ရက္ခိုင်ပြည်၊ ပေါက်တော မြို့နှင့် အနီးတစ်ဝိုက်အား ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၅) ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ အမ်းသားကျေးရွာသို့ မင်းပြားမြို့ထက်၊ ဥက္ကာပျံရပ်ကွက်မှ စစ်ဘေးလာရှောင်သည့် အသက် (၁၇) နှစ်အရွယ် လူငယ်တစ်ဦးသည် အမ်းသားကျေးရွာအနီးရှိ ဖားပြိုကျေးရွာ၊ သင်္ချိူင်းနားမှဖြတ်အသွား စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချခဲ့စဉ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းအား မတော်တဆတက်နင်းမိခဲ့သည်။ ထိုသို့မိုင်းနင်းမိခဲ့သဖြင့် ညာဖက်မျက်လုံးပွင့်ထွက်ခဲ့ပြီး ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ရသည်။

မိမိတို့၏ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၊ ည (၁၁:၄၅) အချိန်တွင် ထုတ်ပြန်သည်။

ပြည်သူ့အာဏာကို မတရားသဖြင့်ရယူထားသော အကြမ်းဖက် စစ်ကောင်စီ၏ အာဏာသိမ်းယူထားခဲ့သည့် (၃) နှစ်ပြည့်နေ့တွင် စစ်ကောင်စီအနေဖြင့် စစ်ရေးအရရှုံးနိမ့်နေမှုများကို ပြန်လည်အဖတ်ဆယ်ရန် ကြိုးစားနေသကဲ့သို့ နိုင်ငံရေးအရ နိုင်ငံတကာမှ လူကြားကောင်းစေရန်နှင့် နိုင်ငံရေးလူရာဝင်စေရန် နောက်ထပ်ခြောက်လသက်တမ်းတိုးသည့်လုပ်ရပ်မှာ အများထင်မှတ်ထားသောလုပ်ရပ်သာဖြစ်ခဲ့သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်နှင့် တရုတ်-မြန်မာနယ်စပ်တွင် ဆင်နွှဲခဲ့သော်လည်း မိမိတို့အနေဖြင့် ပြည်သူလူထုတစ်ယောက်ချင်းစီတိုင်း၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ထိခိုက်ပျက်စီးစေမည့် အရေးကို လုံးဝရှောင်ကြဉ်သည်။ ယခုလည်း တရုတ်နှစ်သစ်ကူးပွဲတော်သို့ ရောက်ရှိလာပြီဖြစ်၍ တရုတ်နှစ်သစ်ကူးကာလအတွင်း ပွဲတော်ကို မိသားစုများ အတူတကွဆင်နွှဲနိုင်ကြပါစေကြောင်း မိမိတို့မှ မျှော်လင့်မိပါသည်။

ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးကာလထက် နှစ်ပတ်ကျော်ကျော်နောက်ကျခဲ့ပြီးမှ စတင်ခဲ့ရသော ရက္ခိုင်ဒေသစစ်ဆင်ရေးသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် စတင်ခဲ့ပြီး ယနေ့အထိ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများမှာ တစ်ရက်ပြီးတစ်ရက် ပိုမိုအရှိန်မြင့်လာခဲ့သည်။ ရက္ခိုင့်တပ်တော်၏ထိုးစစ်နှင့် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့အကြား ရက္ခိုင်ဒေသတွင်း တိုက်ပွဲများသည် ရက္ခိုင်ဒေသ၏ နေရာအသစ်များ၌ ဖြစ်ပွားလျက်ရှိသည်။

ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့်အတူ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများ (တနည်း ၁၀၂၇ စစ်ဆင်ရေး၏ ၉၈ ရက်မြောက်) ရက်တွင်လည်းတိုက်ပွဲများမှာ ဆက်လက်ရှိနေခဲ့ပြီး တချို့နေရာများ၌ ပြင်းထန်နေခဲ့သည်။

(၁) မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲနှင့် ဘူးသီးတောင်မြို့နယ်များတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ထိတွေ့တိုက်ပွဲများမှာ ယခင်ရက်များနည်းတူ ယနေ့တွင်လည်း ဆက်လက်ရှိနေခဲ့သည်။ တစ်ဝက်တစ်ပျက်ကျန်ရှိနေသေးသော စစ်ကောင်စီ၏ တပ်စခန်းအချို့အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ယနေ့ ညနေပိုင်းတွင်လည်း ရမ်းဗြဲမြို့၊ သိမ်တောင်ကုန်း၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်ခစန်းမှ ရမ်းဗြဲမြို့ထဲသို့ လက်နက်ကြီးဖြင့် (၃) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၂) ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်တံတားအနီး၌ တပ်စွဲအခြေချထားသည့် စစ်ကောင်စီတပ်စခန်းနှင့် ရက္ခိုင့်တပ်တော်တို့ကြား ယနေ့တွင်လည်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။ ရန်သူသည် ၎င်း၏ဘူးသီးတောင်မြို့အခြေစိုက်တပ်ရင်းမှ လက်နက်ကြီးပစ်ကူများအပြင် ဂျက်ဖိုက်တာများဖြင့်ပါ လေကြောင်းပစ်ကူအမြောက်အမြား အသုံးပြုကာ ခုခံကာကွယ်လျက်ရှိသည်။

(၃) ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မလကျွန်း၊ ပြင်ရှည်ရွာသစ်အနီးရှိ ရေမျက်တွင် စစ်ကောင်စီ၏ အင်အား (၃၀) ခန့် ရှိသော စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော်တို့ကြား ရုတ်ချည်းနှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီ၏ ကျောက်ဖြူ၊ ဒိုးတန်းတောင်ရှိ “အမှတ် (၃၂) ရဲတပ်ရင်း” မှ လက်နက်ကြီးများဖြင့် ပစ်ကူ တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးအချို့ရှိခဲ့ပြီး အသေးစိတ်မသိရသေးပါ။

(၄) ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ “ဓညဝတီရေတပ်ဌာနချုပ်” မှ အရပ်သားပြည်သူများနေထိုင်ရာအနီးအနားကျေးရွာများသို့ စစ်ကောင်စီသည် နေ့လယ် (၂) နာရီခန့်အချိန်၌ လက်နက်ကြီးများဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါလက်နက်ကြီးကျည်များထဲမှ (၂) လုံးသည် ဂုံးချွိန်တိုက်နယ်၊ အူချေကျေးရွာတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သည်။ ထိုသို့လက်နက်ကြီးကျည်ပေါက်ကွဲခဲ့၍ ရွာခံပြည်သူ (၁) ဦးအပါအဝင် ဇင်ချောင်းမြို့မှ စျေးဝယ်၍ ပြန်လာသော အရပ်သားပြည်သူ (၅) ဦးအား လက်နက်ကြီးထိမှန်ခဲ့သည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
(၇) စစ်တွေ၊ ပါဒလိတ်ရှိ စစ်ကောင်စီ၏ “အမှတ် (၂၃၂) တပ်ရင်း” မှ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ခဲ့သဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာမှ ဒေသခံအမျိုးသမီး (၁) ဦးမှာ ဦးခေါင်းတွင် ကျည်စထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ရပြီးဖြစ်သည်။

(၈) ဇန်နဝါရီလ (၁၆) ရက်နေ့ကလည်း ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ Y12 ထောက်ပို့လေယာဉ်နှင့် ဂျက်ဖိုက်တာတို့ဖြင့် မြို့ပေါ်ရပ်ကွက်များအပြင် အနီးအနား‌ကျေးရွာများဖြစ်သည့် ဘာထလေ၊ ညောင်ပင်လှ၊ ပြားချောင်းကြီးနှင့် ကြိမ်သာကျေးရွာများသို့ လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ စစ်ကောင်စီ၏အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့ လူမဆန်စွာ ဖက်ဆစ်စိတ်ဓါတ်အပြည့်ဖြင့် တမင်တကာ တိုက်ခိုက်မှုများကြောင့် ရသေ့တောင်မြို့ပေါ်ဒေသခံများသည် မြို့မှစွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ဤသည်ကို အခွင့်ကောင်းယူ၍ သင်္ဘောတောင်နှင့် စည်ကားတောင်၌ တပ်စွဲအခြေချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရသေ့တောင်မြို့ပေါ်ရပ်ကွက်များမှ လူနေအိမ်များနှင့် မြို့မစျေးအတွင်းမှ ဆိုင်ခန်းပေါင်း (၇၅) ခန်းမှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူသွားခဲ့ကြသည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၂) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။

မိမိတို့ညီနောင် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး (၁၀၂) ရက်မြောက်နေ့တွင် ကိုးကန့်နှင့် တအာင်းဒေသများ၌ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်စီမံရေးကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ယနေ့တွင်လည်း ရက္ခိုင်ဒေသအတွင်း ယခင်ရက်များကဲ့သို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အကြမ်းဖက် စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုအပါအဝင် မြန်မာပြည်အနှံ့ရှိ ၎င်းတို့ကိုမကြိုက်၍ တော်လှန်နေကြသော ဒေသများ၌ ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

(၁) ရက္ခိုင်ပြည် မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့မှ လက်နက်ချအညံ့မခံသောစစ်ကောင်စီ၏ လက်ကျန်တပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။

ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ “ခမရ (၃၇၆) တပ်ရင်း” တစ်ရင်းလုံး အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့၊ နေ့လယ် (၂) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

ထို့အပြင် မြောက်ဦးမြို့ရှိ မိမိတို့၏ပြည်သူလူထုအား ဒုက္ခအမျိုးမျိုးပေးပြီး သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များကိုပါ ခိုးယူလုယက်ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းများထဲမှ တစ်ခုဖြစ်သော စကခ (၉) လက်အောက်ခံ “ခမရ (၃၇၈) တပ်ရင်း” တစ်ခုလုံးအားလည်း ယနေ့၊ ဖေဖော်ဝါရီလ (၅) ရက်၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။

(၂) ရက္ခိုင်ပြည်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် အမ်းမြို့ပတ်ဝန်းကျင်၌လည်း နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများမှာ များစွာမပြင်းထန်သော်လည်း စစ်ကောင်စီဖက်မှ လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများသည် ပုံမှန်အတိုင်း ဆက်လက်ရှိနေခဲ့သည်။

(၃) ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ယနေ့တွင်လည်း ဒုတိယနေ့အဖြစ် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

တောင်ပြို (လက်ဝဲ) စခန်းမှ ထွက်ပြေးလွတ်မြောက်နေကြသော ပြန့်ကြဲစစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိမိတို့မှ လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိသည်။ စစ်ကောင်စီ၏ထွက်ပြေးသွားသောသူများထဲမှ အချို့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း လက်နက်များဖြင့် ဝင်ရောက်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။ ဤကဲ့သို့သောဖြစ်ရပ်မှာ ယမန့်နေ့တွင်လည်း ဖြစ်ပျက်ခဲ့သကဲ့သို့ ယနေ့တွင်လည်း ထပ်မံဖြစ်ပျက်လျက်ရှိသည်။ ယမန်နေ့က (၆၀) ကျော်ဝင်ရောက်ခဲ့ပြီး ယနေ့တွင်လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့သူများမှာ ဆက်လက်ရှိနေသေးသည်။ (အရေအတွက် အသေးစိတ်အား အတိအကျမသိရသေးပေ။)

စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားရာ နယ်စပ်တစ်လျှောက်ကို လေကြောင်းမှ လာရောက်ပစ်ကူတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။ ထို့အတူ လက်နက်ကြီးကျည်များမှာ ဘင်္ဂလာနယ်စပ်ဖက်ခြမ်းရှိ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲလျက်ရှိ သည်။ ထိုသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဘင်္ဂလာ‌‌‌ဒေ့ရှ်မှ ဒေသခံအမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) တို့မှာ သေဆုံးခဲ့ရပြီး ကလေးငယ် (၁) ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(၄) စစ်ကောင်စီ၏ နေဗီစစ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ရမ်းဗြဲ၊ ပြင်ချောင်းကြီးကျေးရွာနှင့် အနီးအနားသို့ (၁၀) ကြိမ်အထက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၅) အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများ၊ စာသင်ကျောင်းနှင့် သာသနိကအဆောက်အအုံများအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်မှုများကို အဆုံးစွန်သော မိုက်ရူးရဲစိတ်အပြည့်ဖြင့် ယခင်ထက် ပိုမိုပြုလုပ်လာလျက်ရှိသည်။ ယနေ့၊ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန်ခန့်က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေး‌ရှောင်စခန်းအား စစ်ကောင်စီ၏ လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စာသင်ကြားနေသည့် အသက် (၁၁ မှ ၁၃) နှစ်ကြား ယောကျ်ားလေး (၄) ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြရသည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
(၆) ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်တွေ၊ ပါဒလိတ်အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၃၄၄) တပ်ရင်း” မှ ယမန်နေ့၊ နံနက် (၁၀) နာရီ (၄၀) မိနစ်အချိန်က ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာနှင့်အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ၎င်းလက်နက်ကြီးကျည်များထဲမှ (၂) လုံးသည် ကွမ်းတောင်ကျေးရွာ၏ လမ်းမထက်သို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ သုံးဘီးမောင်းနေသည့် အပြစ်မဲ့ဒေသခံအမျိုးသား (၁) ဦး၏ ဘယ်ဘက်မျက်စိအား ကျည်စထိမှန်ခဲ့ရသည်။

တစ်ဆက်တည်းမှာပင် နေ့လယ် (၁) နာရီဝန်းကျင်ကလည်း အဆိုပါအကြမ်းဖက်တပ်ရင်းသည် ပုဏ္ဏားကျွန်းမြို့နယ်၊ နွားရုံတန်း (အိုင်ဒင်) ကျေးရွာသို့လည်း လက်နက်ကြီးများဖြင့် (၄) ကြိမ်ထက်မက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

(၇) စစ်ကောင်စီ၏ အရပ်သားပြည်သူလူထု အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များအား ဦးတည်ပစ်မှတ်ထားသည့် အကြမ်းဖက်ဖိနှိပ်တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအနှံ့ရှိ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေကြသည့် နေရာအများအပြားတွင် အဖြစ်များလာလျက်ရှိသည်။ ဤသို့သော စစ်ကောင်စီ၏ တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သား ပြည်သူလူထုအား တမင်တကာရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်သတ်ဖြတ်နေမှုများသည် ဂျနီဗာကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသကဲ့သို့ ဖြစ်သည်။ ထို့အပြင် လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် စစ်ရာဇဝတ်မှု ဗြောင်ကျကျကျူးလွန်နေခြင်းပင်ဖြစ်သည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၇) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး (၁၀၇) ရက်မြောက်နေ့တွင် ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ ရေကြောင်း၊ လေကြောင်းမှ ခုခံစစ်များနှင့် ရက္ခိုင့်တပ်တော်၏ ထိုးစစ်တို့ကြား တိုက်ပွဲများသည် ပြင်းထန်နေခဲ့သည်။

ယ‌နေ့တွင်လည်း ရက္ခိုင်ပြည်၊ မြို့နယ်အချို့တွင် ထိတွေ့တိုက်ပွဲအချို့ရှိခဲ့သကဲ့သို့ စစ်ကောင်စီ၏ မြို့၊ ရွာများနှင့် အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်မှုများမှာလည်း ဆက်လက်ရှိနေဆဲဖြစ်သည်။

(၁) ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သော ရက္ခိုင်ပြည်၊ မင်းပြားမြို့အား ယနေ့တစ်ရက်လုံးတွင် စစ်ကောင်စီသည် ရေကြောင်း၊ လေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်၌ အခြေစိုက်ထားသည့် စစ်ရှုံးစစ်ကောင်စီ၏ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၂) ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်နေရာများသို့ ယနေ့၊ နံနက် (၈) နာရီ (၄၂) မိနစ်မှ နေ့လယ် (၁၂) နာရီ (၁၀) မိနစ်အချိန်ထိ စစ်ကောင်စီ၏ သိမ်တောင်ဘုရားကုန်းပေါ်တွင် အခြေချတပ်စွဲထားသည့် တပ်စခန်းမှ လက်နက်ကြီးများဖြင့် (၃၁) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တစ်ပြိုင်နက်တည်း၌ပင် ရန်သူ၏ “အမှတ် (၄၁) တိုက်ခိုက်ရေးနေဗီ” မှ လက်နက်ကြီးဖြင့် (၁၉) ကြိမ်နှင့် ကမ်းထိုးဇက်နေဗီမှ လက်နက်ကြီးများဖြင့် (၅) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ နေ့လယ် (၁) နာရီ (၂၂) မိနစ်အချိန်မှစ၌ ဂျက်ဖိုက်တာဖြင့် (၄) ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး Mi-17 ဖြင့်လည်း (၁) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြန်သည်။

ဤသို့ ရက္ခိုင်စစ်မြေပြင်တွင် အထိနာနေသောကြောင့် အငြိုးအတေးဖြင့် ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် ရမ်းဗြဲမြို့၊ အောင်ဓမ္မဗိမာန်ဓမ္မာရုံ၊ သမိုင်းဝင်ကိုယ်ရံတောင်စေတီ၏ တောင်ကုန်းအနီးဝန်းကျင်နှင့် ရမ်းဗြဲမြို့ပေါ်ရပ်ကွက် များထဲမှ အမှတ် (၅) နှင့် (၆) တို့မှာ လက်နက်ကြီးကျည်၊ ဗုံးစများ ကျရောက်ပေါက်ကွဲခဲ့သည်။

ယမန်နေ့ နောက်ဆက်တွဲသတင်းများအနေဖြင့်

(၃) အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲအခြေချခဲ့သည့် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေကျေးရွာအနီးရှိ ဂြင်းတပ်တောင်သို့ ယမန်နေ့၊ နံနက် (၆) နာရီအချိန်ခန့်က ဒေသခံသက်ကြီးပိုင်းအမျိုးသားတစ်ဦးသည် နွားကို စားကျက်လွှတ်ရန် နေအိမ်မှထွက်သွားခဲ့သည်။ အဆိုပါအမျိုးသားမှာ နေ့လယ်ထိ အိမ်ပြန်မရောက်လာသည့်အတွက် အသက် (၄၆) နှစ်အရွယ် သားမက်ဖြစ်သူသည် ဂြင်းတပ်တောင်တွင် လိုက်လံရှာဖွေခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၎င်းတို့အခြေချတပ်စွဲခဲ့စဉ် ထောင်ထားခဲ့သောမြေမြှုပ်မိုင်းအား နင်းမိ၍ ဘယ်ဘက်ခြေထောက်တစ်ချောင်းမှာ ဒူးအောက်ပိုင်းမှ ပြတ်ထွက်သွားခဲ့ရသည်။
မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး (၁၀၈) ရက်မြောက်နေ့၌ ရက္ခိုင်ဒေသရှိ နေရာအချို့တွင် ထိတွေ့တိုက်ပွဲတချို့နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်နေရာများကိုလည်း စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်းမှ တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုများလည်း ရှိနေခဲ့သည်။

ရက္ခိုင့်တပ်တော်ထိန်းချုပ်ထားရာ မင်းပြားမြို့သို့ စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်းဖြင့် အင်အားဖြည့်တင်း ကာ ပြန်လည်တိုက်ခိုက်မှုများသည် ယမန်နေ့ကရှိနေခဲ့သကဲ့သို့ ယနေ့တွင်လည်း ဆက်လက်ရှိနေခဲ့သည်။ ထို့အတူ ပလက်ဝမြို့အတွင်းသို့လည်း စစ်ကောင်စီသည် လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့မှုများ ပြုလုပ်ခဲ့သည်။

(၁) ရက္ခိုင်-ဘင်္ဂလာနယ်စပ်၊ ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ အောင်သပြေကျေးရွာအနီး၌ ယနေ့၊ နံနက် (၁၀) နာရီ (၁၀) မိနစ်အချိန်က ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား နှစ်ဘက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ (၇) ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ အဆိုပါတိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီ၏ “ခမောင်းဆိပ်ဗျူဟာ” မှ လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည်။

(၂) ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်ရှိကျေးရွာများအား ယနေ့၊ နံနက် (၁၀) နာရီ (၄၀) မိနစ်မှ (၁၁) နာရီ (၁၀) မိနစ်အချိန်ထိ ကလိန်တောင်မြစ် သလူချောင်းနှင့် ပြင်ချောင်းကြီး ချောင်းဝကြားတွင် ရပ်တန့်ထားသော စစ်ကောင်စီ၏ ကမ်းထိုးဇက်နေဗီမှ လက်နက်ကြီးများဖြင့် (၇) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ရမ်းဗြဲမြို့၊ သိမ်တောင်ဘုရား ကုန်းတွင်တပ်စွဲထားသော စစ်ကောင်စီ၏တပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ သည်။

(၃) ယနေ့ ညနေ (၄) နာရီ (၅၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင့်တပ်တော်မှ အလုံးစုံထိန်းချုပ်ထားပြီဖြစ်သည့် ပလက်ဝမြို့အား စစ်ရှုံးစစ်ကောင်စီသည် အငြိုးအတေးထားကာ ဂျက်ဖိုက်တာ (၁) စီးဖြင့် (၂) ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အပြင် လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း အသက် (၈) နှစ်အရွယ် အပြစ်မဲ့အရပ်သားကလေးငယ် (၁) ဦးအပါအဝင် ဒေသခံအရပ်သား (၂) ဦးတို့မှာ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ဒေသခံအရပ်သားပြည်သူ (၄) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သကဲ့သို့ စစ်သုံ့ပန်းဥပဒေအရ ရက္ခိုင့်တပ်တော်၏ ထိန်းသိမ်းစောင့်ရှောက်အောက်၌ ကျမ္မာရေးပြုစုစောင့်ရှောက်မှုများ ခံယူနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်း သေဆုံး၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြသည်။

(၄) ရက္ခိုင်ပြည်၊ သံတွဲမြို့၊ ဆင်ခေါင်း‌ကျေးရွာနှင့် ရေမိုင် (၁၀) မိုင်ခန့်အကွာအဝေးတွင်ရှိသည့် ပင်လယ်ပြင်ရှိ စစ်ကောင်စီ၏ နေဗီသင်္ဘောမှလည်း ယနေ့၊ နံနက် (၁၁) နာရီဝန်းကျင်က လက်နက်ကြီးများဖြင့် ဦးတည်ချက်မရှိဘဲ ရမ်းသန်းပစ်ခတ်မှုများကို အကြိမ် (၂၀) ထက်မနည်း ပြုလုပ်ခဲ့သည်။ အဆိုပါနေရာ၌ မည်သည့်တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိချေ။

(၅) ယနေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ်၌လည်း ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ အင်းဖောက်ကျေးရွာအနီးတွင် ရက္ခိုင့်တပ်‌‌‌တော်နှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

(၆) ရက္ခိုင်ပြည်၊ မြေပုံနှင့် အမ်းမြို့နယ်များအတွင်း၌လည်း စစ်ကောင်စီသည် ယနေ့၊ ညနေပိုင်း၌ လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သည်။
မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
(၈) စစ်ရှုံးစစ်ကောင်စီသည် ရက္ခိုင်ဒေသရှိ မြို့နယ်များနှင့် တပ်စခန်းများကို စစ်ဆင်ရေး (၂) လတာအတွင်း တစ်ပြိုင်နက်တည်း လက်လွှတ်ဆုံးရှုံးခဲ့ရသည့်အတွက် ရက္ခိုင့်တပ်တော်ထိန်းချုပ်ရာမြို့နယ်များအား လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက်မက ဆက်တိုက်ပြုလုပ်လာလျက်ရှိသည်။

ယမန်နေ့၊ ည (၁၀) နာရီကျော်အချိန်ခန့်ကလည်း ရက္ခိုင့်တပ်‌တော် အလုံးစုံထိန်းချုပ်ထားပြီဖြစ်သည့် ကျောက်တော်မြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများသို့ စစ်ကောင်စီ၏ ထောက်ပို့လေယာဉ်သည် လေကြောင်းမှ ညအချိန်မတော် တစ်ဖက်သတ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြန်သည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကျောက်တော်မြို့နယ်၊ ပိုက်သည် ရပ်ကွက်အတွင်းမှ အရပ်သားပြည်သူ (၇) ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး (၉) ဦးနီးပါးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ထို့အပြင် ၎င်းရပ်ကွက်အတွင်းရှိ နေအိမ် (၁) ဆောင်မှာလည်း လက်နက်ကြီးကျည်ပေါက်ကွဲခဲ့၍ မီးလောင်ခဲ့ရသည်။
မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၁၀) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည်။

ရက္ခိုင်ဒေသ၏ မြို့နယ်အချို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား ပြင်းထန်သောတိုက်ပွဲများသည် ဆက်လက် ရှိနေခဲ့ပြီး စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်နှင့်အတူ ထိုးစစ်-ခံစစ်တိုက်ပွဲများမှာလည်း ဆက်လက်ကျယ်ပြန့်လျက် ရှိသည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲမှ (၂) ဖွဲ့ဖြစ်သော ကိုးကန့်နှင့် တအာင်းဒေသများတွင် တိုက်ပွဲများမရှိသော်လည်း စစ်ကျန်လက်နက်၊ စစ်ကောင်စီ၏ စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းများကြောင့် အရပ်သားပြည်သူအချို့ သေဆုံးမှုများရှိခဲ့သည်။

ယနေ့သည် ၁၀၂၇ စစ်ဆင်ရေး (၁၁၀) ရက်ပြည့်မြောက်သောနေ့ဖြစ်သည်။

(၁) ရက္ခိုင်ဒေသတိုက်ပွဲများ၌ နေ့တိုင်းအရှုံးပေါ်နေသည့်စစ်ကောင်စီသည် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား အငြိုးကြီးစွာဖြင့် ကြည်း၊ ရေ၊ လေ တပြိုင်နက်တည်းပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး ယုတ်မာစွာဖြင့် မြို့အားဖျက်ဆီးလျက်ရှိသည်။ ဖေဖော်ဝါရီလ (၁၃) ရက်၊ ယနေ့တစ်ရက်တည်းတွင်ပင် စစ်ကောင်စီသည် ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်နေရာများသို့ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် (၇) ကြိမ်ထက်မနည်း၊ Y-12 ထောက်ပို့လေယာဉ်ဖြင့်လည်း (၃၇) ကြိမ်တိုင်လာရောက်၍ အကြိမ်ပေါင်း (၁၀၀) ကျော် အပြင်းအထန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သိမ်တောင်ဘုရားကုန်းထက်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှလည်း နံနက် (၆) နာရီ (၅၆) မိနစ်မှ စတင်၍ နေ့လယ် (၃) နာရီခန့်အချိန်ထိ လက်နက်ကြီးအရေအတွက် (၇၆) ကြိမ်ထက်မက ပစ်ခတ်တိုက်ခိုက်ခဲ့ပြန်သည်။

ထို့အပြင် ကလိန်တောင်မြစ်၊ တိန်ချောင်းဝနှင့် သလူချောင်းဝအကြားတွင် ရပ်နားထားသည့် စစ်ကောင်စီ၏ ဇက်သင်္ဘော ပေါ်မှ လက်နက်ကြီးများဖြင့် နံနက် (၁၀) နာရီကျော်မှစတင်ပြီး ညနေ (၃) နာရီခွဲကျော်ထိ ရာချီနီးပါးသော လက်နက်ကြီး အကြိမ်အရေအတွက်အား တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဤသို့ ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုများကြောင့် ယနေ့တွင်လည်း ရမ်းဗြဲမြို့ ကိုယ်ရံတောင်စေတီနှင့် အောင်ချမ်းသာစေတီ အနီးဝန်းကျင်များသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သကဲ့သို့ ရမ်းဗြဲမြို့ပေါ်ရပ်ကွက်အချို့မှ လူနေအိမ် အပါအဝင် အဆောက်အအုံတချို့မှာလည်း မီးလောင်ပျက်စီးခဲ့ရသည်။

(၂) အကြမ်းဖက်စစ်ရှုံးစစ်ကောင်စီ၏ Y-12 ထောက်ပို့လေယာဉ်တစ်စီးသည် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန် တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် အနီးဝန်းကျင်နေရာများသို့ လေကြောင်းမှ ဗုံးအလုံးပေါင်း (၃၀) ထက်မနည်း လာရောက်ပစ်ချတိုက်ခိုက်ခဲ့သည်။ အဆိုပါလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဂုံးချွိန်တိုက်နယ်၊ ကုလာဘာ ကျေးရွာ၊ အူချေထောင့်မှ အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ် (၄) လုံးမှာ ရန်သူ့ဗုံးစထိမှန်၍ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ယမန်နေ့ တိုက်ပွဲသတင်းများအနေဖြင့်

(၃) ရက္ခိုင်ပြည်၊ ပေါက်တောမြို့အား ယမန်နေ့၊ ည (၁၁) နာရီအချိန်တွင် ရှုံးမဲမဲနေသော စစ်ကောင်စီသည် Y-12 ထောက်ပို့ လေယာဉ်ဖြင့် ပေါက်တောမြို့နယ်၊ ကျောက်ပြင်ကျေးရွာနှင့် တောင်ဦးမော်ကျေးရွာသို့ တမင်တကာ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ဤသို့ညအချိန်မတော် လေကြောင်းမှ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်မပြည့်သေး သည့် ယောကျာ်းလေး (၂) ဦးအပါအဝင် ဒေသခံအရပ်သားပြည်သူ (၉) ဦးတို့လည်း လက်နက်ကြီးကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

(၄) ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဝက်မကျကျေးရွာမှ အသက် (၂၈) နှစ်အရွယ် မွတ်ဆလင်အမျိုးသားတစ်ဦးသည် တစ်ရွာတည်းနေအဖော်အမျိုးသား (၃) ဦးနှင့်အတူ ရသေ့တောင်မြို့နယ်၊ ထီးစွဲဖက်သို့ ငါးဖမ်းပိုက်ချရန် ယမန်နေ့၊ နံနက် (၉) နာရီအချိန်၌ ရွာမှထွက်ခွာလာခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချတပ်စွဲခဲ့သည့် ရသေ့တောင်၊ ထီးစွဲစခန်းသို့ ဝင်၍ ပစ္စည်းအဟောင်းများကို သွားယူနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ကျန်မိုင်းအား နင်းမိခဲ့ရာမှ မိုင်းပေါက်ကွဲခဲ့သဖြင့် အဆိုပါမွတ်ဆလင်အမျိုးသားသည် ခြေထောက်နှစ်ဘက်စလုံး၌ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်လည်း မိမိတို့၏ ပြည်သူလူထုအား တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများ၊ တိုက်ပွဲနှင့် ဆက်စပ်ဖူးသည့်နေရာများအား မဖြစ်မနေသွားလာရပါက စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များအား ကိုင်တွယ်၊ ထိတွေ့၊ ယူဆောင်ခြင်းများမပြုလုပ်ကြရန် အထူးသတိပေးမှာကြာထားပြီးဖြစ်သကဲ့သို့ မိမိတို့၏ မသိနားမလည်သေး သည့် ကလေးငယ်များအားလည်း စစ်အကြွင်းအကျန်ပစ္စည်းများအား ကိုင်တွယ်ဆော့ယူခြင်းမပြုအောင် အထူးဂရုစိုက် ကြရန်လည်း ထပ်မံမှာကြားလိုပါသည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၁၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲမှ ရက္ခိုင့်တပ်တော်၏ ရက္ခိုင်ဒေသအတွင်းတိုက်ပွဲများမှာ စစ်ဆင်ရေးစတင်သည့်နေ့မှ ယနေ့အထိ တစ်ရက်မှရပ်နားခြင်းမရှိဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်။ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနှင့် ပေါက်တောမြို့များရှိ စစ်ကောင်စီ၏တပ်စခန်းများကို ရက္ခိုင့်တပ်တော်မှ တစ်ခုမကျန်သိမ်းပိုက်ပြီးနောက်တွင် စစ်ကောင်စီသည် ရသေ့တောင်မြို့ပတ်ဝန်းကျင်သို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံစစ်အား စတင်လျက်ရှိသည်။

ထို့အပြင် ယနေ့တစ်ရက်တည်းတွင် ရမ်းဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်နေရာများသို့ စစ်ကောင်စီ၏ ဂျက်ဖိုက်တာသည် လေကြောင်းမှ (၁၀) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး Mi – 35 ရဟတ်ယာဉ်မှလည်း လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါအကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့၊ ကိုယ်ရံ‌တောင်ဘုရား အနီးဝန်းကျင်နှင့် အမှတ် (၅) လောင်းချောင်းရပ်ကွက်၊ တောင်ဥက္ကလာဘက်သို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့သကဲ့သို့ အမှတ် (၄) ရပ်ကွက်၊ ကင်းတဲနှင့် အောင်စေတီရှိ လူနေအိမ်အချို့မှာ မီးဟုန်းဟုန်းတောက်လောင် ပျက်စီးခဲ့ရသည်။ ယနေ့ နေ့လယ် (၁၂) နာရီကျော်ခန့်ကလည်း စစ်ကောင်စီ၏ Y12 ထောက်ပို့လေယာဉ်သည် ရိက္ခာဖြည့်တင်းမှု (၅) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။

ထို့အပြင် ရမ်းဗြဲမြို့၊ သိမ်တောင်ဘုရားကုန်းထက်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် (၁၀) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူ့ကမ်းထိုးဇက်နေဗီနှင့် အမှတ် (၄၁) တိုက်ခိုက်ရေးနေဗီတို့မှလည်း ယနေ့တစ်ရက်လုံးတွင် (၁၈) ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး ၏ (၁၁၁) ရက်မြောက်နေ့ဖြစ်သော ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄) ရက်နေ့တွင်
ရက္ခိုင်ဒေသတွင်း မြို့နယ်အချို့တွင် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်နှင့် ရက္ခိုင့်တပ်‌တော်၏ ထိုးစစ်တို့မှာ ဆက်လက်ရှိနေဆဲဖြစ် သည်။ ထို့အပြင် စစ်ကောင်စီ၏ အရပ်သားပြည်သူများ နေထိုင်ရာမြို့၊ ရပ်ရွာများအား တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှု များသည် ယနေ့တွင်လည်း ရှိနေခဲ့သည်။

(၁) ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်ကြသော ပြားချောင်းကြီး၊ ခနောင်းကြီး၊ သောင်းဒရား၊ ရွာသစ်ကေ၊ ကျောက်ဆုံ၊ ဇရပ်လှ၊ နွားတင်းကုတ်၊ လမုန်းတိုင်နှင့် လိုင်ဂွင်ကျေးရွာများ၏ အနီးပတ်ဝန်းကျင်များသို့ ယနေ့၊ ညနေ (၇) နာရီ (၁၅) မိနစ်မှစတင်၍ စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်များဖြင့် တစ်စီးပြီးတစ်စီး မရပ်မနား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့အတူ စစ်ကောင်စီသည် အတွဲလိုက်ဒုံးများဖြင့် ဘူးသီးတောင်ဘက်မှလည်းကောင်း၊ စစ်တွေ အမြင့်ကျွန်း ပါဒလိတ် ဘက်မှ လက်နက်ကြီးများဖြင့်လည်းကောင်း၊ စစ်တွေမြို့ပတ်ဝန်းကျင်ရှိ သင်္ဘောများပေါ်မှလည်းကောင်း လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ ယနေ့ညနေပိုင်းမှစတင်ကာ မရပ်မနားဆက်တိုက်ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး ရသေ့တောင်မြို့ရှိ ၎င်းတို့၏စခန်းများအား အသည်းအသန်ခုခံကာကွယ်လျက်ရှိသည်။

(၂) ယနေ့၊ နေ့လယ်အချိန်၌လည်း ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ လမုတိုက်နယ်ရှိ ကျောက်ဖြူချောင်းအနီးဝန်းကျင် နေရာများသို့ စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

(၃) အလားတူပင် ယနေ့၊ နေ့လယ် (၁၂) နာရီအချိန်မှ ညနေ (၅) နာရီ (၂၈) မိနစ်အချိန်ထိ ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် အခြေစိုက် “ခမရ (၅၄၂) ဗျူဟာကုန်း” နှင့် “အမှတ် (၃၂) ရဲတပ်ရင်း” တို့မှလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်နေရာများသို့ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း (၆၀) ထက်မနည်း အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဤသို့အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးကျည်များသည် ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် ကုလာဘာကျေးရွာ၊ အူချေထောင့်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့၍ လူနေအိမ်အချို့မှာ ထိခိုက်ပျက်စီးခဲ့ရသည်။

(၄) ယနေ့၊ နံနက် (၁၀) နာရီအချိန်ခန့်က ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ညောင်ချောင်းကျေးရွာမှ အသက် (၁၅) နှစ် အရွယ် မွတ်ဆလင်အမျိုးသားငယ်တစ်ဦးသည် ညောင်ချောင်းကျေးရွာမြောက်ဘက်ရှိ စစ်ကောင်စီ၏ မြို့သူကြီးအခြေစိုက် နခခ (၅) ခြံစည်းရိုးအနီး၌ စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းအား တက်နင်းမိခဲ့ရာမှ ညာဘက်ခြေထောက်၏ ဒူးဆစ်အောက်ပိုင်းသည် ပြတ်ထွက်သွားခဲ့ပြီး ဘယ်ဘက်ခြေ‌ထောက်နှင့် ကိုယ်ခန္ဓာအောက်ပိုင်းတစ်ခုလုံးမှာလည်း အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၁၃) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ရက္ခိုင်ဒေသအတွင်း အောက်ပါနေရာများ၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ မောင်တောဒေသရှိ “ဗောဓိကုန်းစခန်း” အား ယမန်နေ့၊ ဖေဖော်ဝါရီလ (၁၅) ရက်၊ နံနက် (၆) နာရီ (၂၀) မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထိုးစစ်ဆင်တိုက်ခိုက်ချိန် ၂၄ နာရီကျော်အကြာ ဖေဖော်ဝါရီလ (၁၆) ရက်၊ နံနက်(၆) နာရီအချိန်ခန့်တွင် အဆိုပါစခန်းတစ်ခုလုံးအား ရန်သူ၏ လေကြောင်း၊ လက်နက်ကြီး အမြောက်အမြားပစ်ခတ်တိုက်ခိုက်မှုများကြားမှ မိမိတို့ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရန်သူ့အလောင်း (၁၄) လောင်းအပါအဝင် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။ အချိန်တိုတိုအတွင်း အထိအခိုက်အနည်းဆုံး နှင့် စခန်းသိမ်းနိုင်ခဲ့သောတိုက်ပွဲဖြစ်သည်။

ဖေဖော်ဝါရီလ (၁၆) ရက်၊ နံနက် (၁၁) နာရီ (၁၅) မိနစ်အချိန်တွင်လည်း မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ဖက်မှ (၁၂) ဦးသေဆုံးခဲ့သည့်အပြင် ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။ မိမိတို့၏အဆိုပါထိုးစစ် တိုက်ပွဲအတွင်း၌လည်း ရန်သူ့လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလ (၁၆) ရက်၊ နေ့လည် (၁၂) နာရီ (၁၅) မိနစ်တွင်လည်းရသေ့တောင်မြို့နယ်၊ ခနောင်းကြီး‌ ကျေးရွာ၏ အရှေ့တောင်ဘက် (၁.၃) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင်လည်း စစ်ကောင်စီ၏ ခမရ (၅၃၆) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့သည် နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကနဦးသတင်းအရ ရန်သူ့ဖက်မှ မျက်မြင် (၄) ဦး သေဆုံး၍ ဒဏ်ရာရသူလည်း (၁၀) ဦးခန့်အထိရှိခဲ့သည်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ နောက်ဆုတ်သွားခဲ့ပြီး နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဝေးမှ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမျိုးဖြင့်သာ ဆက်လက်ရှိနေခဲ့သည်။ ဤတိုက်ပွဲအတွင်းသို့ စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆)၊ ခမရ (၅၃၇) ၊ ခမရ (၅၃၈) တပ်ရင်းသုံးရင်း စလုံးမှ လက်နက်ကြီးပစ်ကူများအပြင် ရေကြောင်း၊ လေကြောင်းမှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူ တိုက်ခိုက်ခဲ့သည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
ယမန်နေ့၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့၊ ည (၈) နာရီ (၅၀) မိနစ်အချိန်ခန့်က ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇူးကိုင်း‌ကျေးရွာ အရှေ့ဘက် မီတာ (၁၄၀၀) ကျော်အကွာအဝေးရှိ တောင်ကုန်း၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီ၏ “ခမရ (၅၄၃) တပ်ရင်း” မှ လက်နက်ကြီး (၂) လုံးဖြင့် မြေပုံမြို့နယ်၊ ကမ်းထောင်ကြီးမြို့သို့ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။ အဆိုပါလက်နက်ကြီးကျည် (၂) လုံး ကျရောက်ပေါက်ကွဲခဲ့သည့် ကမ်းထောင်းကြီးမြို့၊ င/နှောင်းပြင်ရပ်ကွက်မှ ဒေသခံအမျိုးသား (၁) ဦးနှင့် ရွာသာယာရပ်ကွက်မှ ‌အမျိုးသား (၁) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
ရက္ခိုင်ဒေသအတွင်း၌လည်း လက်နက်ချအညံ့မခံသော စခန်းများထဲမှ တစ်ခုဖြစ်သည့် မောင်တောမြို့နယ်၊ ပဲရွန်းတောင် (ပဲရမ်းတောင်) ရှိ စစ်ကောင်စီ၏စခန်းအား ရက္ခိုင့်တပ်တော်မှ ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ နံနက် (၇) နာရီခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၉) နာရီအကြာ ထိုးစစ်အပြီး ညနေ (၄) နာရီ (၃၀) မိနစ်တွင် ၎င်းစခန်း တစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဤတိုက်ပွဲအတွင်း ရန်သူသည် လေကြောင်းမှ ဂျက်တိုက် လေယာဉ်ဖြင့် (၃) ကြိမ်တိုင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူ့အလောင်း (၁၀) ကျော်အပါအဝင် လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသောရန်သူများ ကို လိုက်လံရှင်းလင်းလျက်ရှိသည်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်းမြို့နယ်များအတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရပြီး စစ်ကောင်စီအနေဖြင့် လက်နက်ကြီး၊ လေကြောင်းမှ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှု များကိုသာ ပြုလုပ်လျက်ရှိသည်။ ထိုကြောင့် အရပ်သားများထိခိုက်ဒဏ်ရာရခြင်း၊ ကျေးရွာနှင့် မြို့အတွင်းရှိ လူနေအိမ်များ မှာ လက်နက်ကြီးထိမှန်၍ မီးလောင်ခြင်း၊ ပျက်စီးခြင်းဖြစ်ပေါ်လျက်ရှိသည်။ ထို့အတူ အိမ်မွေးတိရစ္ဆာန်များနှင့် ကျွဲ၊ နွား တို့မှာလည်း သေဆုံးမှုများ ရှိခဲ့သည်။

ရက္ခိုင်ဒေသတွင်သာမက မြန်မာနိုင်ငံ၏ နေရာတိုင်းတွင်စစ်ရေးရှုံးနိမ့်ကာ နလံမထူနိုင်သည့် စစ်ရှုံးစစ်ကောင်စီသည် လက်ကျန်မြို့ကြီးအချို့ရှိ အပြစ်မဲ့အရပ်သားပြည်သူလူထုများအား မတရားစွပ်စွဲချက်များဖြင့် ဖမ်းဆီးခြင်းများ၊ လူ့အခွင့် အရေးချိုးဖောက်မှုများအား နေ့စဉ်ဆက်တိုက် ကျူးလွန်လျက်ရှိသည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
စစ်ကောင်စီသည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့များရှိ ၎င်းတို့၏တပ်စခန်းများမှနေ၍ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများသာ ပြုလုပ်နေခဲ့သည်။ စစ်ရှုံးစစ်ကောင်စီ၏ ပုဏ္ဏားကျွန်းမြို့နယ်၊ ကင်းတောင်ပေါ်တွင် အခြေချတပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ နံနက် (၁၁) နာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့အား မီးလောင်ပြာကျရန် အလယ်စုရပ်ကွက်ရှိ လူနေအိမ်များအား ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထို့ကြောင့် ပုဏ္ဏားကျွန်း၊ အလယ်စု ရပ်ကွက်တစ်ခုလုံးမှာ မီးလောင်ပျက်စီးခဲ့ရသည်။

နောက်ဆက်တွဲသတင်းများအနေဖြင့်--

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့၊ နံနက် (၉) နာရီအချိန်၌လည်း ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa