MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from Taunggyi NwayOo Channel
ရှမ်းဝန်ကြီးချုပ်အား ထောင်ဒဏ် ၁၆ နှစ်
ဝန်ကြီးဦးစိုးညွန့်လွင်လည်း ကျန်ရှိတဲ့၄မှု နဲ့ ထောင်ဒဏ်၁၆ နှစ်ထပ်တိုး အမှုအားလုံးပေါင်းထောင်ဒဏ် ၅၄နှစ်ပါ

ပြည်နယ်တရားသူကြီးမိန်းမလည်း လေဖြတ်သွားတာ တစ်လခန့်ရှိပါပြီ တရားသူကြီးလည်း မဟုတ်တဲ့အမိန့်တွေချရလွန်းလို့ ဘယ်နေ့အပင်းဆို့သေမလဲမသိ

#tginwayoochannel
Forwarded from Taunggyi NwayOo Channel
Breaking‼️ ဒီညနေက တောင်ကြီးမြို့တွင် မဝင်းပပ၊ ကျွဲရီးနှင့် ကိုသူရိန်ဝင်းတို့ကို ၎င်းရှောင်တိမ်းနေကြတဲ့အိမ်တွေဆီကို ဝင်ရောက်ဖမ်းဆီးခဲ့ကြပြီး ယခု 9:45PMမှာ ဟဲဟိုးနဲ့အောင်ပန်းက ဆက်စပ်သူတွေကို နာမည်စာရင်းနှင့်တကွ လိုက်ဖမ်းဖို့ဆင်းသွားတယ်လို့ သိထားရပါတယ်။

https://t.me/tgispringchannel

#3March2022 #Tgi #Taunggyi #တောင်ကြီး
#tginwayoochannel #တောင်ကြီးနွေဦးချန်နယ်
Forwarded from Taunggyi NwayOo Channel
PNO အမိန့်ပေးစေခိုင်းမှုကြောင့် PDF ကန့်ကွက်ပွဲကို တစ်အိမ်တစ်ယောက်နှုန်း လာရောက်ကြရ
***********************************************
မတ်၊၁၅ တောင်ကြီးနွေဦး။

စစ်ကောင်စီလက်အောက်ခံ ဦးအောင်ခမ်းထီ ခေါင်းဆောင်တဲ့ PNO လက်နက်ကိုင်တပ်ရဲ့ မတရားလုပ်ဆောင်မှုကြောင့် အလိုက်တသင့် ဆောင်ရွက်ခဲ့ရခြင်းသာဖြစ်ပြီး ပအိုဝ်းလူမျိုးတွေကို မမုန်းကြဖို့ ပအိုဝ်းတိုင်းရင်းသားတစ်ယောက်ကလည်း ပန်ကြားလာပါတယ်။

အဲဒီပွဲမှာ ပအိုဝ်းပြည်သူ ၃၀ နဲ့ ဘုန်းကြီး ၃ ပါးကို အစုအပြုံလိုက်သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ကို KNDF နဲ့ PDF တွေက ကျူးလွန်ခဲ့တာလို့ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) က ဝါဒဖြန့်ပြောကြားခဲ့တယ် လို့သိရပါတယ်။

#15Mar2023
#ပအိုဝ်း #တပေါင်းကွင်း #ဆန္ဒပြ #ကန့်ကွက် #PNO #Tgi #Taunggyi #တောင်ကြီး #tginwayoochannel #တောင်ကြီးနွေဦးချန်နယ်

https://youtu.be/9yHW3qfB5Zw
Forwarded from Taunggyi NwayOo Channel
ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာရှိ ဥတ္တရာရုံကျောင်းတိုက်က ဥူးပဇင်း ဦးတေဝိန္ဒကို စက်တင်ဘာ ၁၈ရက်နေ့ ညနေ ၄ နာရီခန့်မှာ ကျောင်းကိုအဝင်အထွက် လုပ်နေကြ စစ်ကောင်စီတွေက ခေါ်သွားပြီး နာရီပိုင်းခန့်ကြာမှ ဖမ်းဆီးလိုက်ကြောင်း ဆက်သွယ်လာတာလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အစတည်းက စကစ(စစ်ကောင်စီ)က ကျောင်းကို အဝင်အထွက် ရှိတယ်။ ခေါ်သွားတာလည်း သာမန်အနေထားနဲ့ပဲ ခေါ်သွားတဲ့ပုံပါ။ ပြီးမှ ဦးဇင်းကိုဖမ်းလိုက်ပီဆိုပီး ကျောင်းကို ဖုန်းဆက်ပြောတာ” လို့ သူကပြောပြပါတယ်။

ဦးဇင်း ဦးတေဝိန္ဒဟာ ကျောက်ဂူမြို့နယ်က မေတ္တာမွန် လူမှုကူညီရေး အသင်း ဦးဆောင်သူ ဖြစ်ပြီး အသင်းကားကို ကိုယ်တိုင်မောင်းပြီး ပရဟိတလုပ်ငန်းတွေ လုပ်နေတာကြောင့် ဒေသခံတွေက လေးစားခံရသူ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“အဲ့နေ့က အဖမ်းခံရပြီး ကတည်းက ဆက်သွယ်ခွင့် မရသေးဘူး။ စစ်သားက ဝင်ရိုက်လိုက်၊ ရဲကဝင်ရိုက်လိုက်နဲ့ တော်တော်ဆိုးဆိုး နှိပ်စက်ခံနေရတယ်လို့ ကျနော်တို့ ကြားတယ်” လို့ ရွာခံတစ်ဦးက တောင်ကြီးနွေဦးကို ပြောပြပါတယ်။

ဦ်းဇင်း ဦးတေဝိန္ဒကို ရပ်စောက်မြို့နယ်၊ ရဲစခန်းမှာ သင်္ကန်းဝတ်နဲ့ဘဲ ချုပ်ထားတယ်လို့ သိရပါတယ်။ ဘာကြောင့် ဖမ်းဆီးတယ် ဆိုတာကိုလည်း ရဲနဲ့စစ်တပ်က မပြောသလို ဖမ်းဆီးချိန်ကစပြီး လက်ရှိ တစ်လနီးပါး ကြာတဲ့ အချိန်ထိ စစ်သားနဲ့ ရဲတွေက ရိုက်နှက် နှိပ်စက် တာတွေလည်း ရှိတယ်လို့ သိရပေမယ့် တောင်ကြီးနွေဦး အနေနဲ့ သီးသန့်အတည်မပြုနိုင်သေးပါဘူး။


TNO001

#ကျောက်ဂူ
#ဥတ္တရာရုံကျောင်း
#စစ်ကောင်စီ
#ရ
#ဖမ်းဆီး
#tginwayoochannel
#တောင်ကြီးနွေဦးချန်နယ်
Forwarded from Taunggyi NwayOo Channel
ဒါ့အပြင် ၂၁ရက်နေ့မှာ ပအိုဝ်းပြည်သူ့စစ်(PNO)ရဲ့ ဗဟိုလုံခြုံရေး အထူးတပ်ရင်း တပ်ရင်းမှူးကို မူးယစ်ဆေးဝါးကိစ္စနဲ့ စစ်တပ်က ဖမ်းဆီးထားတဲ့အပေါ် PNOခေါင်းဆောင် ဦးအောင်ခမ်းထီနဲ့ သွားရောက်ဆွေးနွေးမှာ လို့သတင်းရင်းမြစ်တစ်ဦး ထံက သိရပါတယ်။

“ဦးအောင်ခမ်းထီနဲ့လာတွေ့မယ်။ ဦးအောင်ခမ်းထီသား အောင်ကျော်ရဲ့ လက်ရုံးကို စကစက ဆွဲစိထားလို့ အခြေအနေတွေတင်းမာနေကြတယ်။ အဲ့ကိစ္စနဲ့အဓိက လာတွေ့မှာပဲ” လို့ သူကပြောပါတယ်။

လက်ရှိ တောင်ကြီးမြို့တွင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းလမ်း(မိန်းလမ်း) တလျှောက် အောက်တိုဘာလ ၁၉ ရက်နေ့ကနေ ၂၃ရက်နေ့အထိ ကား၊ဆိုင်ကယ် ရပ်ခွင့်ပိတ်ထားပြီး ယာဥ်ထိန်းရဲတွေက စောင့်ကြည့်လျက်ရှိတယ်လို့ ဆိုပါတယ်။

မြို့ပတ်လမ်း ၂ လမ်းနဲ့ ကမ္ဘောဇလမ်းက ပလက်ဖောင်းနဲ့ လမ်းဘေးဝဲယာ ရောင်းချလျက်ရှိတဲ့ ပျံကျဈေးသည်နဲ့ ယာယီဆိုင်ခန်းတွေကိုပါ စစ်ခေါင်းဆောင်မလာခင် ၂ရက်အလို ကတည်းက ၄ ရက်တာ ရောင်းချခွင့် ပိတ်ထားတာဖြစ်ပါတယ်။

TNO001

ဓာတ်ပုံ - တောင်ကြီး မိန်းလမ်းပေါ်က လဒကုန်းဆိုင်ကယ်စတန်းကို ဒီနေ့ညနေတွေ့ရပုံ

#PNO
#ပအိုဝ်းပြည်သူ့စစ်
#စစ်ခေါင်းဆောင်
#မင်းအောင်လှိုင်
#ညောင်ရွှေ
#ဖောင်တော်ဦးဘုရားပွဲ
#တောင်ကြီး
#tginwayoochannel
#တောင်ကြီ#တောင်ကြီးနွေဦးချန်နယ်
Forwarded from Taunggyi NwayOo Channel
မှော်ဘုရင်စစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက”အဓိကကတော့ ကျွန်တော်တို့က မိုင်တဲရဲ့ အင်ဂျင်ပိုင်း စက်ပုံးကိုပဲဖောက်ခွဲခဲ့တာပါ။ စကစဘက်ကလည်း လုံခြုံရေးပိုင်းကိုသေချာစီစဥ်ထားတာဆိုတော့ ဖောက်ခွဲတဲ့နေရာမှာ အခက်အခဲတချို့တော့ရှိတယ်။ မိုင်တဲတာဝါဖျက်ဆီးရတဲ့ အကြောင်းရင်း ကတော့ စကစရဲ့စီးပွားရေး ထောက်တိုင်ကို ဖြိုချင်တာရယ် ပြီးတော့ အသံဖမ်းစက်တွေ ရှိနေတာ​ရယ် ကြောင့်ပါ။”လို့ ပြောပါတယ်။

အဲ့ဒီ မိုင်တဲတာဝါ ဖောက်ခွဲအပြီး နောက်နေ့မှာ စစ်ကောင်စီ အင်အား ၅၀ ခန့် ရောက်လာပြီးတော့ ဝေဟင်ကနေ ဂျက်ဖိုက်တာ ရဟတ်ယာဉ် တစ်စီးက လုံခြုံရေး ယူပေးနေတယ် လို့လည်း သူကပြောပါတယ်။

ရွာငံမြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာနိုင်လို့ စစ်ကောင်စီနဲ့ အနီးကပ် မနေဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့ မှော်ဘုရင် စစ်ကြောင်းက ဒီ လဆန်းပိုင်းက သတိပေးထားပါတယ်။

ရွာငံမြို့နယ် အခြေစိုက် မှော်ဘုရင် စစ်ကြောင်း (YMBY) ဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကတည်းက တခြား တော်လှန်ရေးတပ် နာမည် တစ်ခုနဲ့ စစ်ကောင်စီကို တော်လှန်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ မှော်ဘုရင် စစ်ကြောင်း အမည်နဲ့ ပြန်လည် လှုပ်ရှားလာတာ ဖြစ်ပါတယ်။

TNOCJ-003

#ရွာငံ
#မှော်ဘုရင်စစ်ကြောင်း
#၁၀၀၃တပ်ရင်း
#ဓနုဒေသ
#MYTEL
#စစ်ကောင်စီ
#ဂျက်ဖိုက်တာ
#တောင်ကြီးနွေဦးချန်နယ်
#tginwayoochannel
Forwarded from Taunggyi NwayOo Channel
“ စက်သင်တန်းနှင့် ကာယသင်တန်းပေးပြီး တခြားနေရာမှာ ဒီသင်တန်း ဆက်တက်ရမှာလို့ လာစည်းရုံးတာ။ ပေါ်တာဆွဲမှာပဲ တဖက်လှည့် လုပ်နေတာ။ ပြီးရင် သင်တန်းဆက်တက်ဖို့ သူတို့နဲ့ မြို့လိုက်ခဲ့ရမယ်ဆိုပြီး အနုနည်းနဲ့ ဆွဲနေတာ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့နေ့က အနီးနားဝန်ကျင်ရွာက ရွာသား ၂၀ ခန့်ကို ဘုန်းကြီးကျောင်းမှာ လာရောက်စုဝေးခိုင်းပြီး စက်ပြင်နှင့် ကာယသင်တန်းတက်ပြီး ၎င်းတို့နဲ့လိုက်ခဲ့ရမယ်လို့ ဖိအားပေးခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက စက်ပြင်သင်တန်း ပထမအဆင့် ရွာဘုန်းကြီးကျောင်းမှာပဲ တစ်လလောက်တက်ပြီးရင် နောက်တဆင့်တက်ဖို့ မြို့ကိုသွားရမယ်လို့ စည်းရုံးခဲ့တာလို့သိရပါတယ်။

ဒေသခံတွေက ၎င်းသင်တန်းအကြောင်းပြပြီး ပျူစောထီးအဖြစ် စစ်အင်အားစုဆောင်းမှာ စိုးရိမ်တဲ့အတွက် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပျူစောထီးရွာလို့ နာမည်ကြီးတဲ့ အုံအက်ရွာက ရွာသားအများစု အပါအဝင် ၁၇ ယောက် နှုတ်ထွက်သွားတာကြောင့် စစ်ကောင်စီက ကျန်တဲ့ တံတားကြီးရွာသား ၃ ယောက်ကိုပဲ စက်ပြင်သင်တန်း ဆက်ပေးနေရတယ်လို့ သိရပါတယ်။

ယခင်ကလည်း ဓနုဒေသက တခြားရွာတွေမှာ အခုလို သက်မွေးပညာသင်တန်းအမည်ခံပြီး ပျူစောထီးသင်တန်းတွေ ဖွင့်လှစ်ပြီး စစ်အင်အားစုဆောင်းဖူးတာ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

TNO001

ဓာတ်ပုံ - တောင်ကြီးနွေဦး

#ပင်းတယ
#ပျူစောထီး
#စစ်ကောင်စီ
#ဓနုဒေသ
#တောင်ကြီးနွေဦးချန်နယ်
#tginwayoochannel
Forwarded from Taunggyi NwayOo Channel
ဒါ့အပြင် စစ်ကောင်စီတပ်က တောင်ကြီးမြို့က အထက်တန်းကျောင်းတွေကို လာပြီး စာရွက်စာတမ်းအချို့ကို ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းက လာသိမ်းပြီးနောက် ဝန်ထမ်းတွေကို အထုပ်အပိုးတွေပြင်ထားဖို့ မှာသွားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“သူတို့ဆရာမတွေတောင် တခါမှမမြင်ဖူးတဲ့ စာရွက်စာတမ်းတွေလာသိမ်းတာတဲ့။ ပြီးတော့တခုခုဆို အထုပ်အပိုးတွေပြင်ထား ပြောတယ်တဲ့။ အရေးအကြောင်းဆို ကျောင်းကိုပြေးလာကြ ပြောတယ်ဆိုဘဲ။ အပြင်ကိုလည်း မပေါက်ကြားစေနဲ့ဆိုပြီး ပြောသွားတယ်တဲ့” လို့ တောင်ကြီးမြို့ အထက်တန်းကျောင်းတစ်ကျောင်းက ဆရာမတစ်ဦးနဲ့နီးစပ်သူတစ်ဦးက တောင်ကြီးနွေဦးကို ပြောပါတယ်။

တောင်ကြီးမြို့ပေါ်ရှိ အထက်တန်းကျောင်းတွေမှာ စစ်ရေးအခြေအနေပေါ်မူတည်ပြီး ကျောင်းလာပိတ်တော့မှာလို့ စစ်တပ်ကပြောကြောင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

CDM ဆရာမတစ်ဦးက “တောင်ကြီး အထက၂မှာ ဆရာမတွေကို ဆားဗစ်ဘုတ် (Service Book )တွေထုတ်ပေးတယ်။ နယ်ပြောင်းချင်ပြောင်းလို့ရအောင်လို့တဲ့။” လို့ ပြောပါတယ်။

ဆားဗစ်ဘုတ် (Service Book )ဟာ ဝန်ထမ်းတစ်ဦးစီရဲ့ အလုပ်ဝင်ချိန်ကစ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့အချိန်အတွင်း လစာနှုန်းထားတွေ၊နှစ်တိုးတွေ၊ အပြောင်းအရွှေ့မှတ်တမ်းတွေ ပြုလုပ်တဲ့မှတ်တမ်းစာအုပ်ဖြစ်ပြီး ဝန်ထမ်းရဲ့လက်ဝယ်သိမ်းထားခွင့်မရှိဘဲ မိမိတို့သက်ဆိုင်ရာ ပညာရေးမှူးရုံးမှာပဲ ထားရတာဖြစ်ပါတယ်။

တခြားဒေသကို ပြောင်းပြီးတာဝန်ထမ်းဆောင်ရတဲ့အခါ ပညာရေးရုံးကနေ ထုတ်ယူသွားစရာမလိုဘဲ မိမိသဘောနဲ့မိမိ ပြောင်းရွှေ့နိုင်အောင် အရေးပေါ်အခြေအနေအရ ထုတ်ပေးတာဖြစ်ပါတယ်။

တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးကျေးရွာ အထက်တန်းကျောင်းကတော့ ပြီးခဲ့တဲ့ သောကြာနေ့(ဇန်နဝါရီ ၂၆)​က စပြီး တပတ်တိတိကျောင်းပိတ်ထားတယ်လို့ သိရပါတယ်။

အခုလက်ရှိမှာ ဆီဆိုင်၊ ဟိုပုံးက ဝန်ထမ်းတွေလည်း ရုံးတွေပိတ်ထားရတာကြောင့် တောင်ကြီးက သက်ဆိုင်ရာရုံးတွေမှာ စုပြုံရောက်နေပြီး ဆီဆိုင်ရဲစခန်းက ရဲနဲ့မိသားစုတွေကို တောင်ကြီး ပလီလင်းဘုန်းကြီးကျောင်းက နေစရာပေးထားတယ်လို့လည်း သိရပါတယ်။

ဆီဆိုင်မြို့ကို ပအိုဝ်း အမျိုး သား လွတ်မြောက်ရေးတပ်မတော် PNLA နဲ့ မဟာမိတ်တပ်တွေက ဇန်နဝါရီလ ၂၆ ရက်နေ့မှာ အပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ခမရ ၄၂၄ တပ်ကို (PNLA)က သိမ်းပိုက်ခဲ့ပြီး လက် နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဆီဆိုင်မြို့ပေါ်မှာရှိတဲ့ ရဲစခန်း ၊ ထွေ/အုပ်ရုံး အပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း PNLA က ထုတ်ပြန်ထားပါတယ်။

TNOCJ-003

#တောင်ကြီး
#အထက်တန်းကျောင်း
#NonCDM
#ရှမ်းပြည်နယ်
#ကျောင်းပိတ်
#တောင်ကြီးနွေဦးချန်နယ်
#tginwayoochannel
Forwarded from Taunggyi NwayOo Channel
ရွာငံ PDF ၂ နှစ်ပြည့် တပ်မွေးနေ့အခမ်းအနားကျင်းပ

မတ်လ၊ ၇
တောင်ကြီးနွေဦးချန်နယ်

ရှမ်းပြည်နယ်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ Ywangan PDF ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ (JPRF) ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားကို ဒီနေ့ မတ်လ ၇ ရက်နေ့မှာ ကရင်နီဒေသတနေရာမှာ အကျဉ်းချုံး ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ၂ နှစ်ပြည့် အခမ်းအနားမှာ တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်(၇)ဦးကို အလေးပြု ရည်စူပြီး ဘုရားအမှုရှိတဲ့ သံဃာတော်တွေကို ဝတ္ထုငွေတွေ ကပ်လှူပူဇော်ခဲ့တယ်လို့ JPRF ဆီကသိရပါတယ်။

JPRF တာဝန်ရှိသူ K P က“အရင်တည်းက အခက်အခဲပေါင်းများစွာနဲ့ရပ်တည်လာတယ်။ ကြီးကြီးမားမား supporter( ထောက်ပို့) လည်းမရှိပါဘူး။ ကျွန်တော်ဆိုလည်း မြေကွက်တွေရောင်းပြီး အခုလိုမျိုး အဖွဲ့ကို ရပ်တည်နိုင်အောင်ကြိုးစားနေတာပါ။ ဒါ့ကြောင့် ကျနော်တို့အဖွဲ့ကို တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးဖို့ရယ် ကျွန်တော်တို့အဖွဲ့က အခု စည်းကမ်းတကျနဲ့ ဖွဲ့စည်းပုံကျကျလေး သွားနေတဲ့အဖွဲ့ဖြစ်တဲ့အတွက် လက်နက်တပ်ဆင်မှုအပိုင်းမှာလည်း အားဖြည့်ပေးကြဖို့အကူညီတောင်းချင်ပါတယ်”လို့ တောင်ကြီးနွေဦးကို ပြောပါတယ်။

အခမ်းအနားမှာ တော်လှန်ရေးညီနောင် မဟာမိတ် အဖွဲ့အစည်း အသီးသီးတို့လည်းတက်ရောက်ခဲ့ကြပြီး Ywangan PDF (JPRF)မှ တာဝန်ခံနဲ့ စခန်းတာဝန်ခံတို့က အသီးသီး မိန့်ခွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။

Ywangan PDF(JPRF) အဖွဲ့တည်ထောင်ထားတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအကြိမ်ပေါင်း မရေမတွက်မနိုင်အောင်များပြားခဲ့တယ်လို့လည်း တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

တိုက်ပွဲများစွာထဲက မဟာမိတ်ဖြစ်တဲ့ KNDF-UAV နဲ့အတူ စစ်ကောင်စီကို မြေပြင်ရော ဝေဟင်ကပါတိုက်ထုတ်တွန်းလှန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်က ပင်လောင်းမြို့နယ်ကတိုက်ပွဲမှာ အားအရဆုံးတိုက်ပွဲဖြစ်တယ်လို့ JPRF တာဝန်ရှိသူ K P ကပြောပါတယ်။

Ywangan PDF (JPRF)အနေနဲ့ ကရင်နီဘက်မှာ မဟာမိတ်တပ်တွေနဲ့အတူ စစ်ကောင်စီကို တော်လှန်
ရုံမက ရှမ်းတောင်၊ ရွာငံဒေသထဲမှာလည်း မိမိတို့တတ်နိုင်တဲ့မစ်ရှင်တွေ ပြန်လည်လုပ်ဆောင်နေပြီဖြစ်တယ်လို့ ပြောပါတယ်။

TNO_CJ_003

#ရွာငံPDF
#JPRF
#tginwayoochannel
#တောင်ကြီးနွေဦးချန်နယ်
Forwarded from Taunggyi NwayOo Channel
စစ်ကောင်စီထံ မဲမပေါက်မီ အမြန်ဆုံးဆက်သွယ်လာဖို့ DPLF ပြော

မတ်၊၁၉၊ တောင်ကြီးနွေဦးချန်နယ်

အာဏာသိမ်းစစ်တပ်က အတင်းအကြပ် အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသုံးပြုပြီး တပ်သားသစ်ခေါ်ဆောင်ဖို့အတွက် မတ်လ တတိယအပတ်ကစပြီး မဲနှိုက်ရွေးချယ်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။

ဒီအချိန်မှာပဲ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)က ၇ ကြိမ်မြောက်စစ်သင်တန်းကို မတ်လ ၁၇ ရက်နေ့က စဖွင့်တယ်လို့ ပြောပါတယ်။

DPLF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “လက်ရှိအချိန်မှာ ကြားနေ ထိုင်ကြည့်မရတဲ့ အခြေနေမို့ အကြမ်းဖက် စစ်ကောင်စီထံ မဲမပေါက်မီ အမြန်ဆုံးဆက်သွယ်လာကြဖို့ ​မှာချင်တယ်” လို့ ပြောပါတယ်။

အာဏာရှင်အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောင်ရေး၊ ဓနုပြည်နယ်ပေါ်ပေါက်ရေး ဆိုတဲ့ရည်ရွယ်ချက်နဲ့ စစ်သင်တန်းဖွင့်လှစ်တာပါလို့ DPLF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အခုအကြိမ်ဖွင့်လှစ်တဲ့ စစ်သင်တန်းတက်နေတဲ့ သင်တန်းသားတွေထဲမှာ ဓနု၊တောင်ရိုး၊ပအိုဝ်း၊ ဗမာ၊ ဂေါ်ရခါး၊ အစ္စလာမ် တိုင်းရင်းသားပေါင်းစုံ ပါ၀င်နေကြတယ်လို့ DPLF အဖွဲ့ထံက သိရပါတယ်။

သင်တန်းသားအများအပြားတက်ရောက်ပြီး အမျိုးသမီး အမြောက်အများပါဝင်နေတယ်လို့လည်း DPLF အဖွဲ့ထံကသိရပါတယ်။

အခု စစ်သင်တန်းရဲ့ ကြာချိန်နဲ့ သင်တန်းသားဦးရေကိုတော့ အကြောင်းတစုံတရာကြောင့် DPLF အဖွဲ့ထံက ထိန်ချန်ထားပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

TNOCJ_003

#tginwayoochannel
#တောင်ကြီးနွေဦးချန်နယ်
#DPLF
#စစ်ကောင်စီ
#စစ်မှုထမ်း